《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၇) : ထူးဆန်းသောစွမ်းအင်များ
Advertisement
(Unicode)
အပိုင်း(၇): ထူးဆန်းသောစွမ်းအင်များ
"...."
Sex video ထဲမှ အသံကြီးက မိုက်ခရိုဖုန်းမှတစ်ဆင့် ခန်းမကြီးတစ်ခုလုံး ပြန့်နှံ့လာပြီး မင်္ဂလာခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ယွန်း၀တီနှင့် ခန့်ထည်တို့နှစ်ယောက်လုံး စင်ပေါ်ပြေးတက်သွားပြီး ယွန်း၀တီက ကျွန်တော့်လက်က sex video ဖွင့်ထားသည့် ဖုန်းကို ရိုက်ချလိုက်သည်။
"နင်အတော်အောက်တန်းကျတာပါလား .. ဟမ် .. ရုပ်လေးက သနားကမားနဲ့ ဒီလောက်ထိအောက်တန်းကျမယ်တောင်မထင်မိဘူး"
ကျွန်တော်က ကျသွားသောဖုန်းကိုပြန်ကောက်ရင်း ယွန်း၀တီကိုကြည့်လိုက်သည်။
"ဘယ်လိုပြောလိုက်တယ် ... အောက်တန်းကျတယ် ဟုတ်လား
အစ်မရယ်..
အစ်မက ကျွန်တော့်ချစ်သူကို ကြားထဲကနေ၀င်ပြီး ဖြတ်ခုတ်တာကကော အောက်တန်းမကျဘူးလား."
"ငါက ကြားထဲကနေ ဖြတ်ခုတ်တာမဟုတ်ဘူးလေ .. ငါတို့က မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ လက်ထပ်စာချုပ်မှာ တရား၀င်လက်မှတ်ထိုးပြီး လက်ထပ်ထားကြတာ ..
နင်တို့အရင်ကတည်းက သိပ်ချစ်နေကြရင် ရုံးတက်ပြီး တရား၀င်ဖြစ်အောင် လက်ထပ်လိုက်ကြပါလား .."
"ခင်ဗျား ... ခင်ဗျား အရမ်းလွန်လာပြီနော်"
ယွန်း၀တီပြောသောစကားများကြောင့် ကျွန်တော့်အသားများ တဆတ်ဆတ်ပင်တုန်လာအောင် ဒေါသများထွက်လာသည်။ သို့သော်လည်း ယွန်း၀တီက ပြောမြဲအတိုင်းပင်ဆက်ပြောလျက်ရှိနေသည်။
"တကယ်ချစ်နေကြရင် နင်တို့အရင်ကတည်းက လက်မှတ်ထိုးနိုင်ကြရမှာလေ .. နိုင်ငံတော်ကတောင် နင်တို့ကို တရား၀င်အသိအမှတ်မပြုတာ .. အောက်တန်းစား ... ငါ့မင်္ဂလာစင်မြင့်ထက်က ခုဆင်းစမ်း. .. ပွဲကျက်သရေယုတ်တယ်"
ကျွန်တော့်ဒေါသများသည် အထွတ်အထိပ်သို့ရောက်သွားပြီး ယွန်း၀တီ၏မျက်နှာကို လက်ဖြင့်ချိန်ရွယ်လိုက်ရာ ခန့်ထည်က ကျွန်တော့်လက်ကို ဖမ်းဆုပ်လိုက်သည်။
"ဟေ့ကောင် .. မင်း ငါ့မိန်းမကို ဘာမှလက်နဲ့ရွယ်စရာအကြောင်းမရှိဘူး .. ခုချက်ချင်းခန်းမထဲကထွက်သွားလိုက်"
ကျွန်တော့်ရဲ့ ဒေါသထွက်သော မျက်၀န်းအစုံတို့သည် ကိုကို့စကားသံကြောင့် ၀မ်းနည်းသည့်အသွင်သို့ ပြောင်းသွားပြီး ကိုကို့ကို ကြည့်လိုက်သည်။ ကိုကိုက အခုကျ မိန်းမတစ်ယောက်အတွက်နဲ့ ဒီလိုစကားတွေတောင်ပြောထွက်နိုင်နေပြီတဲ့လား။
"ဟင် ကိုကို့ .."
ကျွန်တော့်မျက်၀န်းအစုံက သတို့သား၀တ်စုံ၀တ်ထားသော ကိုကို့ကို ကြည့်ရင်း မျက်ရည်တို့က ကျလာသည်။ ကိုကို့လက်က ယွန်း၀တီကို ရိုက်ဖို့ရွယ်ထားသော ကျွန်တော့်လက်ကို ကိုင်ထားဆဲပင်ဖြစ်သည်။ ကျွန်တော့်မျက်လုံးတွေက ယွန်း၀တီဆီကို ကြည့်နေမိလိုက်သည်။ ကျွန်တော့်ဒေါသများက တဆစ်ဆစ်နှင့်တက်လာပြီး ဒေါသအဟုန်ကြောင့် စိတ်ခွန်အားများရလာပြီး ခန့်ထည်ချုပ်ထားသော ကျွန်တော့်လင်ကို အားနှင့်ရုန်းလိုက်သည်။
ထိုအခိုက်တွင် ခန်းမအတွင်းမှာရှိသော ပစ္စည်းများကလည်း ရုတ်တရက် တုန်ခါလှုပ်ရှားလာကြသည်။
"ခင်ဗျားကို ကျွန်တော်သတ်မယ်"
ဟု ကြိမ်းဝါးလိုက်ပြီး ယွန်း၀တီရှိရာကို လက်ဖြင့်ရွယ်လိုက်ရာ ကျွန်တော့်လက်က ယွန်း၀တီကို မထိခင်မှာပဲ ယွန်း၀တီထံမှ ငယ်သံပါအောင်အော်သံကြီးကို ကြားလိုက်ရသည်။
"အားးး"
ကျွန်တော့်လက်ကို မရိုက်ပဲ ပြန်ချလိုက်ပြီး ယွန်း၀တီကိုကြည့်လိုက်တော့ ယွန်း၀တီ၏ မျက်လုံးများထဲမှ သွေးများကျဆင်းနေသည်ကို တွေ့ရသည်။
"ကျွန်မမျက်လုံးတွေ .. အားး ကယ်ကြပါဦး .. ကန်းပြီထင်တယ် ... ကယ်ကြပါ ... ကယ်ကြပါ.."
"ဟင် ငါ .. ငါ ဘာမှမလုပ်ရသေးဘူးနော်"
ကျွန်တော်ထိုသို့သာပြောလိုက်ရသော်လည်း ကျွန်တော့်လက်ဖဝါးများကို ကိုယ့်ဘာသာပြန်ကြည့်နေမိသည်။
ကျွန်တော့်လက်ဖဝါးများသည် ထင်မှတ်မထားလောက်အောင်ပင် တုန်ယင်လို့နေပြီး အခိုးအငွေ့များက ထွက်လျက်ရှိသည်။ ကျွန်တော်လက်နဲ့ပဲရွယ်မိလိုက်သည်ကို အားလုံးက သတိထားမိကြသောကြောင့် လူတွေက ကျွန်တော့်ကိုတော့ အပြစ်မတင်ကြပဲ ယွန်း၀တီရှိရာသို့ ပြေးကာ ကြည့်နေကြသည်။
ကျွန်တော် မင်္ဂလာစင်မြင့်ထက်မှာ အောက်သို့အမြန်ဆင်းလိုက်ပြီး စင်မြင့်ထက်ကို ပြန်ကြည့်လိုက်မိတော့ လူအုပ်ကြီးက ယွန်း၀တီကို ဂရုစိုက်နေကြသော်လည်း ကိုကိုက ကျွန်တော့်ကို ဂရုဏာသက်သော မျက်လုံးများနှင့် ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
ကျွန်တော် ကိုကိုနှင့်ပတ်သတ်ပြီးလည်း နားမလည်ချင်တော့ ဘာကိုမှနားမလည်နိုင်တော့။
ကျွန်တော်နဲ့ ကိုကို့ရဲ့ ဇာတ်လမ်းက ဒီမှာပြီးပြီဟု စိတ်ထဲမှာ ခံယူလိုက်ပြီး ကိုကို့ကို နာကျည်းသော မျက်လုံးများနှင့်သာ ကြည့်နေလိုက်မိတော့သည်။
"ကိုကို့ကို မုန်းတယ်.."
ကျွန်တော် တီးတိုးလေး ပါးစပ်လှုပ်ရုံလောက်လေးပြောပြီးနောက် မင်္ဂလာခန်းမအတွင်းကနေ ပြေးထွက်လာမိလိုက်သည်။
ကိုကိုကတော့ သူ့ဇနီးလောင်းလေးနှင့်အတူသာ အနောက်မှာကျန်ခဲ့ရှာတော့သည်။
ကျွန်တော့်စိတ်တွေ တောင်စဉ်ရေမရဖြစ်ပြီး ရုတ်တရက်ပြေးထွက်လာရင်း တစ်နေရာအရောက်တွင်
"တီ .. တီ"
ဟူသော ကားဟွန်းတီးသံ အကျယ်ကြီးကို ကြားလိုက်ရပြီးနောက် ကားတစ်စီးက ကျွန်တော့်ခန္ဓာကိုယ်ကို ၀င်တိုက်လိုက်ပြီး ကျွန်တော့်တစ်ကိုယ်လုံး ကားလမ်းမထက်တွင် ပုံလဲကျသွားတော့သည်။
×××××
ကျွန်တော်သတိလစ်သွားဟန်တူသည်။ ကျွန်တော့်အိပ်မက်ထဲမှာတော့ ခါးတစ်ပိုင်းပြတ်နေသည့်လူကြီးက ကျွန်တော့်ကို "ကယ်ပါ" ဟု အကူအညီတောင်းနေသည်ကိုလည်း တွေ့နေရသည်။ အခုတော့ ထိုလူကြီးသည် အရင်တစ်ခါ အာရုံထဲမှာ မြင်ရသလိုမျိုးပင် လမ်းကို တဖြည်းဖြည်းချင်းဖြတ်ကူးနေသည်။ သို့သော် အရင်တစ်ခါကလို ကျွန်တော် ရှေ့မတိုးရဲတော့။ ခဏနေတော့ အရင်က ဖြစ်ခဲ့ဖူးသည့်အတိုင်း ကားကြီးတစ်စီးက ထိုလူကြီး၏ ခါးကို တက်ကြိတ်သွားသည်။ ခါးကြီး ပြားချပ်နေသည့်ကြားမှပင် လမ်းတစ်ဖက်ကို ဒရွတ်တိုက်ကြီး ဖြတ်ကူးနေပြန်သည်။ ထိုလူကြီး၏ ခါးသည် ဒရွတ်တိုက်နေရင်း ပြတ်ထွက်သွားပြီးနောက် ထိုလူကြီး၏မျက်နှာကြီးက ကျွန်တော့်ဘက်သို့ လှည့်လာပြန်လေသည်။
ကျွန်တော်အရင်ကဖြစ်ခဲ့ဖူးသည့်အတိုင်းပင် ဘုရားစာဆိုလိုက်တော့ အလင်းရောင်ပြန်၀င်လာပြီး ကျွန်တော့်အသိစိတ်ပြန်၀င်လာတော့သည်။
××××
ကျွန်တော့်မျက်လုံးကို ဖွင့်ကြည့်မိလိုက်တော့ ကျွန်တော်ရင်းနှီးသိကျွမ်းခြင်းမရှိသော မျက်နှာကျက်ကို အရင်ဆုံးမြင်လိုက်ရသည်။ ကျွန်တော့်ခြေထောက်မှာ ပတ်တီးများစည်းထားသည်ကိုလည်း သတိထားမိလိုက်ပြန်သည်။ ကျွန်တော်က ဘေးပတ်၀န်းကျင်ကို ပြန်ကြည့်မိလိုက်တော့ ကျွန်တော်က သူစိမ်းတစ်ယောက်ရဲ့ အိမ်က ကုတင်ပေါ်မှာ ရောက်နေတာဖြစ်ပြီး ကျွန်တော့်ဘေးမှာတော့ အသက် ၁၈ ၁၉ လောက်သာရှိဦးမည့် ကောင်လေးတစ်ယောက်က အိပ်မောကျလို့နေသည်။ ထိုကောင်လေး၏ပုံစံသည် ခပ်ပိန်ပိန် အသားနည်းနည်းဖြူပြီး နှုတ်ခမ်းလေးများကရဲနေကာ ဂျပန် anime ကာတွန်းကားများထဲမှ ရုပ်မျိုးလေးဖြစ်သည်။ ထိုကောင်လေးကတော့ ကျွန်တော်နိုးလာသည်ကိုမသိ။ အိပ်မောကျလို့နေသည်။ ကျွန်တော် သိချင်စိတ်တွေများလာသဖြင့် ထိုကောင်လေးကိုနှိုးလိုက်မိသည်။
Advertisement
"ညီလေး .. ညီလေး..."
ထိုကောင်လေးက အိပ်မူးတူးနှင့် အပျင်းကြောလေးများ နည်းနည်းဆန့်ပြီးနောက်ထလာသည်။
"ဟင် အစ်ကို နိုးလာပြီလား .. "
"အင်း ဒါဘယ်ရောက်နေတာလဲ"
"အစ်ကို့ကို ကျွန်တော့်ကားနဲ့တိုက်မိတာ"
"ဟင် ဘယ်လို .. အား .. ကျွတ်ကျွတ် ရေဆာလိုက်တာ"
ကျွန်တော်က ခြေထောက်မှာ ပတ်တီးများစည်းထားသည်ကို သတိမရပဲ ရုတ်တရက်ထလိုက်ရာ ခြေထောက်မှာ ထောက်လို့မရပဲ ထိုကောင်လေးပေါ်သို့ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ပြိုလဲကျသွားပြီး သူ့နှုတ်ခမ်းဖူး နီနီစိုစိုလေးများနှင့် ကျွန်တော့်နှုတ်ခမ်းတို့က အလွန်ပင်နီးကပ်သွားပြီး သူ့ရဲ့ နှာခေါင်းက ရှုထုတ်လိုက်သော လေနွေးများသည်ပင်လျှင် ကျွန်တော့်မျက်နှာသို့ နွေးထွေးစွာကျရောက်လာပြီး ကျွန်တော့်နှလုံးသားများ ရန်ခုန်မြန်လာပါတော့သည်။
အပိုင်း(၈)ဆက်ရန်
Own Feeling @ 2021 by
Auro Karshine
(Zawgyi)
"...."
×××××
××××
Own Feeling @ 2021 by
Auro Karshine
Advertisement
- In Serial13 Chapters
God of The Criminal's world
We don't need a new world order. We don't need one world government. What we need to do is act like a family, one family of mankind, help one another, bring the most disadvantaged into health and wellbeing. P.S*cover not mine, google on web.
8 192 - In Serial6 Chapters
Like Oil and Water - Love and Hate at the Same Time
A man and a woman of opposite character and values fall in passionate love badly. In their head, they know it's not going to be easy but they just can't resist.
8 197 - In Serial22 Chapters
The quiet felon/ BWWM
"What's in your pocket? Your wallet?" She asked him as she tried to get comfortable while sitting on his lap. Why would his wallet be so weirdly shaped?"My pockets are empty, Muffin." He whispered lowly in her ear as he held her hips still because she kept wiggling. She blushed hardly as he smirked. ~~~~~~~~~~~~~~~~~~(This is a Mafia book)This story is about two people. {bwwm} {wmbw}The first is Ace Hardwick he's a man that has just gotten out of prison for a crime he didn't commit. He went into the system when he was 16. He was at the wrong place at the wrong time. He's been in prison for 8 years and he just got out 2 weeks ago. He went from talk of the party to anti social. He just got a job at a local coffee shop. He's just trying to make a living as a wrongfully convicted felon.The second person is Teagan Travis she's a woman that's making it somewhat some where in life. She's had a trouble childhood that she likes to think she forgot about. She has a nine to five job working as a IT girl at a big company. She is a person that lives by routine. She wakes up at a certain time eats and sleeps at a certain time. What happens when Ace comes and turn her life upside down, but maybe in a good way?This book is definitely not edited!Started August 17, 2020. Ended November 26,2021.
8 191 - In Serial11 Chapters
My Soulmate (Merthur)
1370 years. Merlin waited, waited and waited. For his Prince, for his King to return.And one day?He does.Mostly fluff, with some smut but there'll be warnings. Hope you guys enjoy and please like and comment x I love knowing what you guys think.
8 168 - In Serial27 Chapters
The Gang Leader
"What are you doing on my territory?!" He snarled in my face in anger."I don't see your name anywhere" I say looking around.------------------------------------------- Cecilia Adams Was walking down the dark streets of London, after that long, hard shift at Sainsbury's, meeting Reece Dennings was the last thing on her mind. All she wanted was to go home, and sleep. But nooooooo she had to run into the gang leader of one of London's biggest gang. One encounter leads to another.9th in teen fiction (highest rank)BE WARNED THIS BOOK IS REALLY CHEESY!!!!Cover By : LUCIJA1409
8 211 - In Serial248 Chapters
I Became Friends with the Second Cutest Girl in My Class (WN)
I, Maehara Maki, someone who couldn’t make any acquaintances or friends in high school, finally had someone to hang out with outside of school. A girl. Her name was Asanagi-san. The boys in my class called her ‘The class’ second cutest girl’ behind her back. On Fridays, she would refuse her best friend, Amami, ‘the cutest girl in class’ invitation just to hang out in my house with me. Together, we played games, watched some movies, read some manga while eating junk foods like pizza and hamburgers, and chugging cola without a care in the world. To others, we may seem sloppy, but it was a precious, secret time together for Asanagi-san and myself. Thank you for reading I Became Friends with the Second Cutest Girl in My Class (WN) novel @ ReadWebNovels.net Read Daily Updated Light Novel, Web Novel, Chinese Novel, Japanese And Korean Novel Online.
8 160

