《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၈) : အချစ်သစ်မွေးဖွားခြင်း
Advertisement
(Unicode)
အပိုင်း(၈) : အချစ်သစ်မွေးဖွားခြင်း
ထိုကောင်လေးပေါ်သို့ ကျွန်တော့်တစ်ကိုယ်လုံး ပြိုလဲကျသွားပြီး ထိုကောင်လေးနှင့် ကျွန်တော်တို့ မျက်နှာချင်းနီးကပ်သွားသည်။ ထိုကောင်လေး၏ ဖြူဖွေးနေသော မျက်နှာလေးကို ကျွန်တော်အနီးကပ်မြင်နေရပြီး မျက်နှာမှာရှိသော မွေးညှင်းလေးတွေကစ နူးနူးညံ့ညံ့လေးတွေဖြစ်ကြောင်း ကျွန်တော်သတိထားမိသည်။ အရမ်းနီရဲနေသော သူ့နှုတ်ခမ်းစိုစိုရဲရဲကြီးတွေကို ကျွန်တော် တအံ့တဩနှင့်ငေးကြည့်နေမိပြီး ဖြစ်နိုင်လျှင် နမ်းပင်ကြည့်လိုက်ချင်သည်။ ကျွန်တော် တံတွေးတံချက် ဂလုခနဲ မြိုချမိလိုက်သည်။ ထိုကောင်လေးက ကျွန်တော့်ပုခုံးနှစ်ဖက်ကို သူ့လက်နှင့်လှမ်းကိုင်လိုက်သည်။ ကျွန်တော့်ရင်များမှာ တဒိတ်ဒိတ်နှင့်အရမ်းခုန်လာသည်။ သူ့ရဲ့လက်ချောင်းလေးတွေက နူးနူးညံ့ညံ့နဲ့ နွေးနွေးလေးဖြစ်နေတာကိုလည်း သတိထားမိသည်။ ထိုကောင်လေးက ကျွန်တော့်ပုခုံးကို ကိုင်၍ ဘေးသို့ ကျွန်တော့်ကို ဖယ်ကာလှဲချလိုက်သည်။
"အစ်ကို ခြေထောက်မကောင်းဘူးလေ ကျွန်တော့်ကားနဲ့ တိုက်မိလိုက်တာပါလို့ဆို"
"ညီလေးက အစ်ကို့ကို ကားနဲ့တိုက်တယ်ဟုတ်လား"
"ဟုတ်တယ်လေ .. တကယ်တမ်းက အစ်ကိုမှားတာ .. အစ်ကိုက ကျွန်တော့်ကားရှေ့ကို တည့်တည့်ကြီးကို ပြေး၀င်လာတာ ပတ်၀န်းကျင်လည်း မကြည့်ဘူးလားမသိဘူး .. ဟွန်း . ဘယ်လိုမှန်းကိုမသိဘူး.."
ထိုကောင်လေးက နှုတ်ခမ်းလေးကို ဆူပြီးပြောလိုက်ခြင်းပင်ဖြစ်သည်။ အတော်ချစ်စရာကောင်းသောပုံစံလေး။ သူပြောတဲ့ထဲ ရယ်စရာမပါပေမယ့် သူစကားပြောတဲ့ပုံစံလေးကို ကြည့်ပြီး ကျွန်တော်ရယ်လိုက်မိသည်။
"ဟားဟား အေးပါ .. ဟုတ်ပါတယ် အစ်ကို့နာမည်က သော်က ပါ .. ညီလေးနာမည်ကကော "
"ကျွန်တော့်နာမည်က ဘုန်းပိုင် .. ကျွန်တော် ဒီတစ်ယောက်တည်းနေတာ အစ်ကိုနေကောင်းတဲ့ထိ ဒီမှာအေးဆေးနေလို့ရတယ် .. "
"မဖြစ်ပါဘူးကွာ .. အစ်ကိုက သူများအိမ်မှာ အဲ့လောက်အကြာကြီး မနေတတ်ပါဘူး.."
"အစ်ကို့ခြေထောက်ကောင်းတဲ့အထိနေပေါ့ .. ဒါနဲ့ အစ်ကိုရေချိုးလိုက်ပါလား .. အစ်ကို့ ခြေထောက်က ဘာမှန်းမသိတာနဲ့ ကျွန်တော်လည်း ရေပေးမထိရဲတာ"
"ကျိုးသွားတာလား အစ်ကို့ခြေထောက်က"
"ကျိုးသွားတာမဟုတ်ပါဘူး .. ညီသေချာကြည့်ပြီးပြီ အစ်ကို"
"ရေတော့ချိုးချင်တယ် အ၀တ်စားအပိုမှမပါတာ.."
"ရတယ် အင်္ကျီသွားယူပေးမယ် ခဏနော်"
ပြောပြောဆိုဆိုနှင့် ဘုန်းပိုင်ဆိုသော ကောင်လေးက အခန်းထဲမှ ထွက်သွားတော့သည်။ သူထွက်သွားမှ အခန်းလေးကို သေချာသတိထားပြီး လှည့်ပတ်ကြည့်ရှုမိတော့ တစ်ယောက်တည်းနေသော ယောက်ျားလေးအခန်းဖြစ်ပေမယ့် အခန်းလေးမှာ အတော်ကလေးကို သပ်သပ်ရပ်ရပ်ရှိလှသည်။
ခဏနေတော့ အင်္ကျီတစ်စုံကို လက်မှာကိုင်ပြီး ထိုကောင်လေး၀င်လာသည်။
"ရော့ အစ်ကို ဒီမှာ ညီလေးအင်္ကျီလဲလိုက် ချိုးပြီးရင် .. လာလာ ညီလဲပေးမယ် .."
ဘုန်းပိုင်က ပြောပြောဆိုဆိုနှင့် ကျွန်တော့်ကိုအင်္ကျီလဲ ပေးဖို့ ကျွန်တော့် အင်္ကျီကြယ်သီးလေးတွေကို တစ်လုံးချင်းဆွဲဖြုတ်လိုက်သည်။ ကျွန်တော်က ရှပ်အင်္ကျီအောက်မှာ စွပ်ကျယ်ခံ၀တ်တတ်တာကြောင့် သူ့လက် နူးနူးညံ့ညံ့နွေးနွေးလေးတွေက ကြယ်သီးတစ်ခါဖြုတ်တိုင်း ကျွန်တော့်ရင်ဘက်နဲ့ အသားချင်းလာထိနေတော့ ရင်ထဲမှာ နွေးခနဲ နွေးခနဲဖြစ်သွားသည်။ ကျွန်တော့်ရင်ထဲမှာ တကယ့်ကို တဒိန်းဒိန်းပင်ခုန်နေမိပြီး ဘုန်းပိုင်ရဲ့ ဆံပင်မွှေးလေးတွေကိုပင် လှမ်းကိုင်နေမိသည်။
ဘုန်းပိုင်ရဲ့လက်က ကျွန်တော့်ပုဆိုးကိုပါလက်လေးနှင့် ညှင်ညှင်သာသာဖြည်လိုက်သည်။ ကျွန်တော့်ရင်တစ်ချက် ဒိန်းကနဲဖြစ်သွားပြီး သူ့လက်ကို ကျွန်တော်လှမ်းကိုင်လိုက်တယ်။
"ပုဆိုးတော့ အစ်ကို့ဘာသာ ရေချိုးခန်းထဲရောက်မှ ချွတ်လဲတော့မယ်ညီလေးရယ် ... မလုပ်ပါနဲ့ "
"အစ်ကိုကလည်း ယောက်ျားချင်းကို လာရှက်နေသေးတယ် ... အစ်ကို့ကို ကိုက်လည်းမစားပါဘူး"
"ရေချိုးခန်းက ဒီအခန်းမလား ရေချိုးခန်းထဲတော့ အစ်ကို့ကို တွဲပို့ဦး ..."
ထိုကောင်လေးက ကျွန်တော့်ကို တွဲကာ ထ ထူပေးလိုက်သည်။ ကျွန်တော့်ပုဆိုးက ခုန သူကိုင်လိုက်လို့ လျော့တိလျော့ရဲဖြစ်နေတာကြောင့် ပုဆိုးကို သေချာလေးထိန်းကိုင်ရင်း ကျန်လက်တစ်ဖက်က သူ့ကို ဆွဲကာ ဖြည်းဖြည်းချင်းလျှောက်လိုက်သည်။
"ဟိုမှာ အစ်ကိုထိုင်ချိုးလို့ရတယ်နော် .. အ၀တ်တွေ အဲ့ထဲမှာပဲလဲလိုက်တော့ .. အစ်ကို ရှက်နေတယ်မလား အဟင်းဟင်းဟင်း .. အစ်ကိုထိုင်မယ့်ခုံအမြင့်နဲ့ ရေပန်းအဖွင့်ပိတ်ခလုတ်က သိပ်မကွာတော့ အစ်ကိုဖွင့်ရပိတ်ရလွယ်မှာပါ အစ်ကိုရေချိုးပြီးလို့ အ၀တ်လဲပြီးရင်ပြော .. ညီလေးလာခေါ်လိုက်မယ်"
ဘုန်းပိုင်က ပြောပြောဆိုဆိုနှင့် ကျွန်တော့်ကို ရေချိုးခန်းထဲကထိုင်ခုံပေါ်တင်ပေးပြီး တံခါးကို အပြင်မှပိတ်ကာထွက်သွားသည်။ ဘုန်းပိုင်မရှိတော့မှ ကျွန်တော်တစ်ယောက်တည်း တစ်ကိုယ်လုံးချွတ်လိုက်ပြီး လွတ်လွတ်လပ်လပ်နှင့်ရေချိုးနေမိသည်။
ရေချိုးရင်းနှင့် ကိုကိုခန့်ထည်နှင့် သူ့မိန်းမယွန်း၀တီအကြောင်းတွေ စဉ်းစားမိရင်း နာကြည်းစွာပင် ငိုချမိလိုက်သည်။
ကျွန်တော့်ရဲ့ လက်ထဲက စွမ်းအင်တွေကြောင့် ယွန်း၀တီမျက်လုံးထဲမှာ သွေးတွေထွက်ကျလာပုံများကိုလည်း ရှင်းရှင်းလင်းလင်းကြီးကို ပြန်မြင်ယောင်မိသည်။ ယွန်း၀တီနဲ့ ကိုကိုကော ခုချိန် ဘယ်လိုကျန်ခဲ့ပြီး ဘာဖြစ်နေကြလောက်ပြီလဲ။
××××××
ခန့်ထည်က ဆေးရုံသွားမယ်ဟု ပြောကာ ယွန်း၀တီကို ကားပေါ်ကို တင်ကာ ကားထဲမှာ ခန့်ထည်အဖေက ဆေးရုံကိုမောင်းသွားသည်။ ယွန်း၀တီမျက်လုံးထဲမှာ သွေးများက အဆက်မပြတ်ထွက်ကျနေဆဲ။ ခန့်ထည်က ယွန်း၀တီမျက်လုံးမှ သွေးများကို သုတ်ကာမေးလိုက်သည်။
"နာနေလားဟင်"
"မနာဘူး ရှင့်အဖေက ဆေးရုံကိုဘာလို့မောင်းပို့နေတာလဲ ကျွန်မက မသေနိုင်တဲ့လူဖြစ်နေတယ်ဆိုတာကို သူသိနေတာကို"
ထိုစကားကိုကြားတော့ ကားမောင်းနေတဲ့ ခန့်ထည်အဖေက ခန့်ထည်တို့ကိုလှည့်ကြည့်ကာ -
"လူမြင်ကောင်းအောင်လို့ ကားကို ဆေးရုံဘက်လှည့်တာဟေ့ ကဲ ပြန်ကြမယ် . . သမီးက ဘာမှဖြစ်တာမဟုတ်ဘူး ... သမီးရုပ်နဲ့ ပေါင်းစပ်ထားတဲ့ မျက်လုံးဟောက်ပက်မိန်းမရဲ့ ဝိညာဉ်ခန္ဓာက ဟိုကောင့်ကြောင့် ရုတ်တရက်ထွက်ပေါ်လာလို့"
ဟုပြောလိုက်သည်။
"ဒါဆိုသမီးနဲ့ နာမ်ချင်းချိတ်ထားတဲ့ မျက်လုံးဟောက်ပက်မိန်းမဝိညာဉ်က သမီးဆီကနေတော့ ခွာမသွားလောက်ပါဘူးနော်.."
ယွန်း၀တီစကားကြောင့် ခန့်ထည်အဖေက သွေးအေးစွာပင်ရယ်လိုက်သည်။
"ဟားဟား စိတ်မပူပါနဲ့ ဟိုဝိညာဉ်ထွက်သွားလည်း နောက်ထပ်လူတစ်ယောက်ကို အစိမ်းသေဖြစ်အောင် ညှင်းပန်းနှိပ်စက်သတ်ပြီး သူ့ဝိညာဉ်ကိုပါ ထပ်ပေါင်းလိုက်ရင် သမီးမသေနိုင်ပါဘူး .. သမီးက လူတစ်ပိုင်းဝိညာဉ်တစ်ပိုင်းဘ၀မကြာသေးလို့ အသားမကျသေးတာပါ .. ဒီမှာ ဦးတို့ဖြင့်နေလာတာ အသက် ၇၀၀ ကျော်နေပြီ ဘာမှမဖြစ်ဘူး စိတ်ချနော်"
Advertisement
"ဖေဖေ သူ့ကို သားလူငွေ့ရှုခိုင်းလိုက်မယ်နော် အဲဒါမှ သူအမြန်သက်သာလာမှာ .. ကားကို ဒီမှာပဲ ရပ်လိုက် ဟိုရှေ့မှာ ကောင်လေးတစ်ယောက်ကိုတွေ့တယ် လူပြတ်တာနဲ့အတော်ပဲ"
ခန့်ထည်အဖေက ကားကို ထိုးရပ်လိုက်ရာ ခန့်ထည်က ကားပေါ်မှဆင်းပြီး အဝေးမှ လမ်းလျှောက်လာသော ကောင်လေးတစ်ယောက်ရှိရာကို လက်ဖြင့်ဝှေ့ယမ်းလိုက်ရင်း ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ရာ ထိုကောင်လေးသည် သတိလစ်သကဲ့သို့ နေရာမှာတင် လဲကျသွားပါတော့သည်။
အပိုင်း(၉) ဆက်ရန်။
Own 2021 by
Auro Karshine
(Zawgyi)
အပိုင္း(၈) : အခ်စ္သစ္ေမြးဖြားျခင္း
ထိုေကာင္ေလးေပၚသို႔ ကြၽန္ေတာ့္တစ္ကိုယ္လုံး ၿပိဳလဲက်သြားၿပီး ထိုေကာင္ေလးႏွင့္ ကြၽန္ေတာ္တို႔ မ်က္ႏွာခ်င္းနီးကပ္သြားသည္။ ထိုေကာင္ေလး၏ ျဖဴေဖြးေနေသာ မ်က္ႏွာေလးကို ကြၽန္ေတာ္အနီးကပ္ျမင္ေနရၿပီး မ်က္ႏွာမွာရွိေသာ ေမြးညႇင္းေလးေတြကစ ႏူးႏူးညံ့ညံ့ေလးေတြျဖစ္ေၾကာင္း ကြၽန္ေတာ္သတိထားမိသည္။ အရမ္းနီရဲေနေသာ သူ႔ႏႈတ္ခမ္းစိုစိုရဲရဲႀကီးေတြကို ကြၽန္ေတာ္ တအံ့တဩႏွင့္ေငးၾကည့္ေနမိၿပီး ျဖစ္ႏိုင္လွ်င္ နမ္းပင္ၾကည့္လိုက္ခ်င္သည္။ ကြၽန္ေတာ္ တံေတြးတံခ်က္ ဂလုခနဲ ၿမိဳခ်မိလိုက္သည္။ ထိုေကာင္ေလးက ကြၽန္ေတာ့္ပုခုံးႏွစ္ဖက္ကို သူ႔လက္ႏွင့္လွမ္းကိုင္လိုက္သည္။ ကြၽန္ေတာ့္ရင္မ်ားမွာ တဒိတ္ဒိတ္ႏွင့္အရမ္းခုန္လာသည္။ သူ႔ရဲ႕လက္ေခ်ာင္းေလးေတြက ႏူးႏူးညံ့ညံ့နဲ႔ ေႏြးေႏြးေလးျဖစ္ေနတာကိုလည္း သတိထားမိသည္။ ထိုေကာင္ေလးက ကြၽန္ေတာ့္ပုခုံးကို ကိုင္၍ ေဘးသို႔ ကြၽန္ေတာ့္ကို ဖယ္ကာလွဲခ်လိုက္သည္။
"အစ္ကို ေျခေထာက္မေကာင္းဘူးေလ ကြၽန္ေတာ့္ကားနဲ႔ တိုက္မိလိုက္တာပါလို႔ဆို"
"ညီေလးက အစ္ကို႔ကို ကားနဲ႔တိုက္တယ္ဟုတ္လား"
"ဟုတ္တယ္ေလ .. တကယ္တမ္းက အစ္ကိုမွားတာ .. အစ္ကိုက ကြၽန္ေတာ့္ကားေရွ႕ကို တည့္တည့္ႀကီးကို ေျပး၀င္လာတာ ပတ္၀န္းက်င္လည္း မၾကည့္ဘူးလားမသိဘူး .. ဟြန္း . ဘယ္လိုမွန္းကိုမသိဘူး.."
ထိုေကာင္ေလးက ႏႈတ္ခမ္းေလးကို ဆူၿပီးေျပာလိုက္ျခင္းပင္ျဖစ္သည္။ အေတာ္ခ်စ္စရာေကာင္းေသာပုံစံေလး။ သူေျပာတဲ့ထဲ ရယ္စရာမပါေပမယ့္ သူစကားေျပာတဲ့ပုံစံေလးကို ၾကည့္ၿပီး ကြၽန္ေတာ္ရယ္လိုက္မိသည္။
"ဟားဟား ေအးပါ .. ဟုတ္ပါတယ္ အစ္ကို႔နာမည္က ေသာ္က ပါ .. ညီေလးနာမည္ကေကာ "
"ကြၽန္ေတာ့္နာမည္က ဘုန္းပိုင္ .. ကြၽန္ေတာ္ ဒီတစ္ေယာက္တည္းေနတာ အစ္ကိုေနေကာင္းတဲ့ထိ ဒီမွာေအးေဆးေနလို႔ရတယ္ .. "
"မျဖစ္ပါဘူးကြာ .. အစ္ကိုက သူမ်ားအိမ္မွာ အဲ့ေလာက္အၾကာႀကီး မေနတတ္ပါဘူး.."
"အစ္ကို႔ေျခေထာက္ေကာင္းတဲ့အထိေနေပါ့ .. ဒါနဲ႔ အစ္ကိုေရခ်ိဳးလိုက္ပါလား .. အစ္ကို႔ ေျခေထာက္က ဘာမွန္းမသိတာနဲ႔ ကြၽန္ေတာ္လည္း ေရေပးမထိရဲတာ"
"က်ိဳးသြားတာလား အစ္ကို႔ေျခေထာက္က"
"က်ိဳးသြားတာမဟုတ္ပါဘူး .. ညီေသခ်ာၾကည့္ၿပီးၿပီ အစ္ကို"
"ေရေတာ့ခ်ိဳးခ်င္တယ္ အ၀တ္စားအပိုမွမပါတာ.."
"ရတယ္ အက်ႌသြားယူေပးမယ္ ခဏေနာ္"
ေျပာေျပာဆိုဆိုႏွင့္ ဘုန္းပိုင္ဆိုေသာ ေကာင္ေလးက အခန္းထဲမွ ထြက္သြားေတာ့သည္။ သူထြက္သြားမွ အခန္းေလးကို ေသခ်ာသတိထားၿပီး လွည့္ပတ္ၾကည့္ရႈမိေတာ့ တစ္ေယာက္တည္းေနေသာ ေယာက္်ားေလးအခန္းျဖစ္ေပမယ့္ အခန္းေလးမွာ အေတာ္ကေလးကို သပ္သပ္ရပ္ရပ္ရွိလွသည္။
ခဏေနေတာ့ အက်ႌတစ္စုံကို လက္မွာကိုင္ၿပီး ထိုေကာင္ေလး၀င္လာသည္။
"ေရာ့ အစ္ကို ဒီမွာ ညီေလးအက်ႌလဲလိုက္ ခ်ိဳးၿပီးရင္ .. လာလာ ညီလဲေပးမယ္ .."
ဘုန္းပိုင္က ေျပာေျပာဆိုဆိုႏွင့္ ကြၽန္ေတာ့္ကိုအက်ႌလဲ ေပးဖို႔ ကြၽန္ေတာ့္ အက်ႌၾကယ္သီးေလးေတြကို တစ္လုံးခ်င္းဆြဲျဖဳတ္လိုက္သည္။ ကြၽန္ေတာ္က ရွပ္အက်ႌေအာက္မွာ စြပ္က်ယ္ခံ၀တ္တတ္တာေၾကာင့္ သူ႔လက္ ႏူးႏူးညံ့ညံ့ေႏြးေႏြးေလးေတြက ၾကယ္သီးတစ္ခါျဖဳတ္တိုင္း ကြၽန္ေတာ့္ရင္ဘက္နဲ႔ အသားခ်င္းလာထိေနေတာ့ ရင္ထဲမွာ ေႏြးခနဲ ေႏြးခနဲျဖစ္သြားသည္။ ကြၽန္ေတာ့္ရင္ထဲမွာ တကယ့္ကို တဒိန္းဒိန္းပင္ခုန္ေနမိၿပီး ဘုန္းပိုင္ရဲ႕ ဆံပင္ေမႊးေလးေတြကိုပင္ လွမ္းကိုင္ေနမိသည္။
ဘုန္းပိုင္ရဲ႕လက္က ကြၽန္ေတာ့္ပုဆိုးကိုပါလက္ေလးႏွင့္ ညႇင္ညႇင္သာသာျဖည္လိုက္သည္။ ကြၽန္ေတာ့္ရင္တစ္ခ်က္ ဒိန္းကနဲျဖစ္သြားၿပီး သူ႔လက္ကို ကြၽန္ေတာ္လွမ္းကိုင္လိုက္တယ္။
"ပုဆိုးေတာ့ အစ္ကို႔ဘာသာ ေရခ်ိဳးခန္းထဲေရာက္မွ ခြၽတ္လဲေတာ့မယ္ညီေလးရယ္ ... မလုပ္ပါနဲ႔ "
"အစ္ကိုကလည္း ေယာက္်ားခ်င္းကို လာရွက္ေနေသးတယ္ ... အစ္ကို႔ကို ကိုက္လည္းမစားပါဘူး"
"ေရခ်ိဳးခန္းက ဒီအခန္းမလား ေရခ်ိဳးခန္းထဲေတာ့ အစ္ကို႔ကို တြဲပို႔ဦး ..."
ထိုေကာင္ေလးက ကြၽန္ေတာ့္ကို တြဲကာ ထ ထူေပးလိုက္သည္။ ကြၽန္ေတာ့္ပုဆိုးက ခုန သူကိုင္လိုက္လို႔ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတာေၾကာင့္ ပုဆိုးကို ေသခ်ာေလးထိန္းကိုင္ရင္း က်န္လက္တစ္ဖက္က သူ႔ကို ဆြဲကာ ျဖည္းျဖည္းခ်င္းေလွ်ာက္လိုက္သည္။
"ဟိုမွာ အစ္ကိုထိုင္ခ်ိဳးလို႔ရတယ္ေနာ္ .. အ၀တ္ေတြ အဲ့ထဲမွာပဲလဲလိုက္ေတာ့ .. အစ္ကို ရွက္ေနတယ္မလား အဟင္းဟင္းဟင္း .. အစ္ကိုထိုင္မယ့္ခုံအျမင့္နဲ႔ ေရပန္းအဖြင့္ပိတ္ခလုတ္က သိပ္မကြာေတာ့ အစ္ကိုဖြင့္ရပိတ္ရလြယ္မွာပါ အစ္ကိုေရခ်ိဳးၿပီးလို႔ အ၀တ္လဲၿပီးရင္ေျပာ .. ညီေလးလာေခၚလိုက္မယ္"
ဘုန္းပိုင္က ေျပာေျပာဆိုဆိုႏွင့္ ကြၽန္ေတာ့္ကို ေရခ်ိဳးခန္းထဲကထိုင္ခုံေပၚတင္ေပးၿပီး တံခါးကို အျပင္မွပိတ္ကာထြက္သြားသည္။ ဘုန္းပိုင္မရွိေတာ့မွ ကြၽန္ေတာ္တစ္ေယာက္တည္း တစ္ကိုယ္လုံးခြၽတ္လိုက္ၿပီး လြတ္လြတ္လပ္လပ္ႏွင့္ေရခ်ိဳးေနမိသည္။
ေရခ်ိဳးရင္းႏွင့္ ကိုကိုခန႔္ထည္ႏွင့္ သူ႔မိန္းမယြန္း၀တီအေၾကာင္းေတြ စဥ္းစားမိရင္း နာၾကည္းစြာပင္ ငိုခ်မိလိုက္သည္။
ကြၽန္ေတာ့္ရဲ႕ လက္ထဲက စြမ္းအင္ေတြေၾကာင့္ ယြန္း၀တီမ်က္လုံးထဲမွာ ေသြးေတြထြက္က်လာပုံမ်ားကိုလည္း ရွင္းရွင္းလင္းလင္းႀကီးကို ျပန္ျမင္ေယာင္မိသည္။ ယြန္း၀တီနဲ႔ ကိုကိုေကာ ခုခ်ိန္ ဘယ္လိုက်န္ခဲ့ၿပီး ဘာျဖစ္ေနၾကေလာက္ၿပီလဲ။
××××××
ခန႔္ထည္က ေဆး႐ုံသြားမယ္ဟု ေျပာကာ ယြန္း၀တီကို ကားေပၚကို တင္ကာ ကားထဲမွာ ခန႔္ထည္အေဖက ေဆး႐ုံကိုေမာင္းသြားသည္။ ယြန္း၀တီမ်က္လုံးထဲမွာ ေသြးမ်ားက အဆက္မျပတ္ထြက္က်ေနဆဲ။ ခန႔္ထည္က ယြန္း၀တီမ်က္လုံးမွ ေသြးမ်ားကို သုတ္ကာေမးလိုက္သည္။
"နာေနလားဟင္"
"မနာဘူး ရွင့္အေဖက ေဆး႐ုံကိုဘာလို႔ေမာင္းပို႔ေနတာလဲ ကြၽန္မက မေသႏိုင္တဲ့လူျဖစ္ေနတယ္ဆိုတာကို သူသိေနတာကို"
ထိုစကားကိုၾကားေတာ့ ကားေမာင္းေနတဲ့ ခန႔္ထည္အေဖက ခန႔္ထည္တို႔ကိုလွည့္ၾကည့္ကာ -
"လူျမင္ေကာင္းေအာင္လို႔ ကားကို ေဆး႐ုံဘက္လွည့္တာေဟ့ ကဲ ျပန္ၾကမယ္ . . သမီးက ဘာမွျဖစ္တာမဟုတ္ဘူး ... သမီး႐ုပ္နဲ႔ ေပါင္းစပ္ထားတဲ့ မ်က္လုံးေဟာက္ပက္မိန္းမရဲ႕ ဝိညာဥ္ခႏၶာက ဟိုေကာင့္ေၾကာင့္ ႐ုတ္တရက္ထြက္ေပၚလာလို႔"
ဟုေျပာလိုက္သည္။
"ဒါဆိုသမီးနဲ႔ နာမ္ခ်င္းခ်ိတ္ထားတဲ့ မ်က္လုံးေဟာက္ပက္မိန္းမဝိညာဥ္က သမီးဆီကေနေတာ့ ခြာမသြားေလာက္ပါဘူးေနာ္.."
ယြန္း၀တီစကားေၾကာင့္ ခန႔္ထည္အေဖက ေသြးေအးစြာပင္ရယ္လိုက္သည္။
"ဟားဟား စိတ္မပူပါနဲ႔ ဟိုဝိညာဥ္ထြက္သြားလည္း ေနာက္ထပ္လူတစ္ေယာက္ကို အစိမ္းေသျဖစ္ေအာင္ ညႇင္းပန္းႏွိပ္စက္သတ္ၿပီး သူ႔ဝိညာဥ္ကိုပါ ထပ္ေပါင္းလိုက္ရင္ သမီးမေသႏိုင္ပါဘူး .. သမီးက လူတစ္ပိုင္းဝိညာဥ္တစ္ပိုင္းဘ၀မၾကာေသးလို႔ အသားမက်ေသးတာပါ .. ဒီမွာ ဦးတို႔ျဖင့္ေနလာတာ အသက္ ၇၀၀ ေက်ာ္ေနၿပီ ဘာမွမျဖစ္ဘူး စိတ္ခ်ေနာ္"
"ေဖေဖ သူ႔ကို သားလူေငြ႕ရႈခိုင္းလိုက္မယ္ေနာ္ အဲဒါမွ သူအျမန္သက္သာလာမွာ .. ကားကို ဒီမွာပဲ ရပ္လိုက္ ဟိုေရွ႕မွာ ေကာင္ေလးတစ္ေယာက္ကိုေတြ႕တယ္ လူျပတ္တာနဲ႔အေတာ္ပဲ"
ခန႔္ထည္အေဖက ကားကို ထိုးရပ္လိုက္ရာ ခန႔္ထည္က ကားေပၚမွဆင္းၿပီး အေဝးမွ လမ္းေလွ်ာက္လာေသာ ေကာင္ေလးတစ္ေယာက္ရွိရာကို လက္ျဖင့္ေဝွ႔ယမ္းလိုက္ရင္း ဂါထာတစ္ပုဒ္ကို ႐ြတ္ဆိုလိုက္ရာ ထိုေကာင္ေလးသည္ သတိလစ္သကဲ့သို႔ ေနရာမွာတင္ လဲက်သြားပါေတာ့သည္။
အပိုင္း(၉) ဆက္ရန္။
Own 2021 by
Auro Karshine
Advertisement
- In Serial1534 Chapters
Beauty and the Beasts
As soon as she fell into the world of beastmen, a leopard forcibly took her back to his home. Indeed, Bai Qingqing is at a complete and utter loss. The males in this world are all handsome beyond compare, while the women are all so horrid that even the gods shudder at their sight. As a first-rate girl from the modern world (she’s also a quarter Russian), Bai Qingqing finds herself sitting at the center of a harem filled with beautiful men — at the very peak of existence.
8 473 - In Serial58 Chapters
Loveless Marriage
He did not love her. It was a loveless marriage to him. In his eyes, she is just a burden who cooks food for him. And in return, he will earn money and place it in her bank account. But she fell for him the moment she had laid eyes on him. It was love at first sight. She would lovingly cook him breakfast, but he would not even glance at her in the morning. In attempts to get him to glance at her, she fooled and embarrassed herself in front of him. She was close to giving up. A small part of her had hoped someday he would change the way he views her. But the fragment of hope diminishes very quickly. Little did she know that one simple action will cause everything to change. That one day he going to start feeling something for her, when her heart is broken. That he is going to start feeling something for her, with a dark past.Will she have to continue to wonder whether it will always be a loveless marriage or a new journey where they fall in love with each other together instead of one-sided love. Will he be able to love her like she loves him?
8 333 - In Serial143 Chapters
The Villainess Wants to Make Her Husband Slim Down
A Count's Daughter who lost in the running to become the Second Prince's fianceé, Camilla. The Prince chose a Baron's daughter as his fianceé, and the world blessed the two's love as fated. On the other hand, Camilla who was tailored and elevated as the love's villain, in the end, as punished she was made to marry a terribly fat and ugly man――called『Toad of the Swamp』from his appearance, a lord of a remote region named Alois.As an ugly toad-man's plaything, the noble villainess girl walks along the road of her wretched last days――as if I'll let that happen! I won't just get married meekly like this. I'll definitely make him diet and polish him into a good man and show them good――!A romance story between a girl who isn't discouraged and an intellectual man who's different from his appearance, a diet and their meals, coaxing the other yet sometimes being played themselves.Book: Not MineAuthor: HaiakaBook Cover Artist: KurodekoTags: Completed!
8 171 - In Serial61 Chapters
A Crown of Bones
A teen monster will stop at nothing to get power, even if that means eating the forbidden fruit that will forever bind her to the keeper of death itself. *****After rejecting the Wolf King and refusing to be his docile, powerless bride, Korin escapes into the mountains in search of forbidden fruit. And while the legends say that anyone who eats the fruit will be enslaved to the keeper of death itself, Korin is confident she can become something more. Because the power that comes with being queen of the underworld is everything she craves, as she'll finally be able to destroy the society that ripped her werewolf identity from her soul.[[word count: 60,000-70,000 words]]
8 149 - In Serial65 Chapters
Deja Vu: The Healer
I marked her and I didn't even know her name.--Going to her best friend's wedding in a forest lodge, Caroline can't help but feel like she's been there before. Beta William is angry that the Alpha is allowing the wedding to continue with the nasty werecreature disease that is filling up his dungeon. Their lives are about to get entwined together. Will she remember her childhood? Will she realize she has the power to heal the werewolves? Will she realize she's actually talking with that handsome Beta in her mind and not just crazy? Complete: word count 130,000#1 in Werewolf 9/22---Mate.We stared at each other and I felt like a bubble built up around us. The world didn't matter, it was like we were in a completely bleached room. His eyes bore into mine, unblinking and breathtaking.My hand moved on its own and I touched his chest, my fingers skimming over where his heart pounded in time with mine. HeartThen my fingers glided to his neck.Wordand then to his temple Thoughtand finally, down his chin through the spikes of his facial hair. All the while, our eyes connected. His cobalt color started shifting and gold pierced through. My breath left me in an audible long sound, clearing my lungs. It was at that that my head tilted slightly, and I bent my chin to my shoulder, my hand again doing what it wanted and pulling the collar away from my neck.Suddenly pain was at my shoulder and teeth were being bit into me!
8 391 - In Serial50 Chapters
My Sisters Boyfriend | Yeonbin | Completed
**NO TRANSLATIONS ALLOWED** "..I cheated on your sister with you.. I'm.. I'm the worst.." He started crying. Tears rolling down his cheeks as he tried to breathe in between his bawling."And I feel even worse because.. I-I'd do it again!" Started: January 11, 2020 (Officially published on the 18th)Ended: April 6, 2020#1 TomorrowxTogether#1 Txt#1 Yeonbin#1 Taegyu#2 Yeonbin#19 Taegyu#28 Soft
8 146

