《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၁၂) : ဒုတိယအစီအစဉ်
Advertisement
(Unicode)
အပိုင်း(၁၂) : ဒုတိယအစီအစဉ်
"ငါ့ကောင်လေးကို ငါပိုင်တယ် .. ငါ့ကောင်လေးအသားကိုဘယ်သူမှထပ်မထိစေရဘူး .. ငါ့ကောင်လေးကို ငါပဲချစ်ရမယ်"
ခန့်ထည်က လက်သီးကို ဆုပ်ကာ ကြုံးဝါးလိုက်သည်။ ထိုအခိုက် မြေအောက်ခန်းတံခါးပွင့်လာပြီး ခန့်ထည်အဖေဆင်းလာကာ ခန့်ထည်တစ်ကိုယ်လုံးတွင် ငွေမှုန်ဆားရည်များကြောင့် မီးလောင်သလိုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ခန့်ထည်အဖေဆင်းလာလို့ ဟိုလူကြီးရဲ့ ဝိညာဉ် ရုတ်တရက်ပျောက်ကွယ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမည်။
"ဟာ .. သား .. ဘယ်လိုဖြစ်တာလဲ"
"သား ကားနဲ့ကြိတ်သတ်ခဲ့တဲ့လူရဲ့ ဝိညာဉ်က သားအလစ်မှာ သားကို ပြန်တိုက်ခိုက်လို့ပါ အဖေ.. သားကိုယ်ပေါ်က ငွေမှုန်ဆားရည်တွေကို သန့်ရှင်းပေးပါဦး"
ခန့်ထည်အဖေက မြေအောက်ခန်းရှိ ရေခဲသေတ္တာထဲမှာရေခဲသေတ္တာထဲမှ နိုက်ထရိုဂျင်အရည် (Liquid Nitrogen) ကို ယူလိုက်ပြီး ခန့်ထည်ရဲ့ ကိုယ်အနှံ့ကို ပက်ဖြန်းလိုက်ရာ ခန့်ထည်ရဲ့ ခန္ဓာကိုယ်ရှိမီးလောင်ဖုများသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး နိုက်ထရိုဂျင်အရည်ကြောင့် သတ္တုတည်ဆောက်ပုံပြိုကွဲသွားသဖြင့် ငွေမှုန်ဆားရည် အာနိသင်ပျောက်သွားကာ ပူလောင်ခြင်းမရှိတော့ပါ။
ခန့်ထည်က ပြန်ထ လိုက်ပြီး သူ့အဖေကို ကြည့်ကာ ပြောလိုက်သည်။
"သူ ဖောက်ပြန်နေပြီ အဖေ.."
"ဘယ်လို .. ဘယ်သူလဲ .. သားကောင်လေးလား"
"ဟုတ်တယ် အဖေ .. ဟိုဝိညာဉ်ကလာပြောပြတယ် .. သားကောင်လေးက အခြားကောင်နဲ့ လိင်ဆက်ဆံနေတယ်တဲ့.. သား သူ့ကို မသေမျိုးဖြစ်အောင် ကြိုးစားမိတာ မှားပြီထင်တယ် အဖေ .. သူအခု သားကို စိတ်နာပြီး နောက်တစ်ယောက်တွဲနေပြီ .."
"ဟာ ဒါကောင်းတာပေါ့"
"ဘာ .. ဘယ်လိုပြောလိုက်တာလဲ အဖေ .. သားကောင်လေးတစ်ယောက်လုံး နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာက ဘယ်လိုလုပ် အခြေအနေကောင်းနိုင်မှာလဲ"
"သား သူတို့နှစ်ယောက်ကိုခွဲရမယ်"
"ဟင် .. အဲ့လိုကျ သူသားကိုပိုစိတ်နာ သွားမှာပေါ့ အဖေရ ..."
"အဓိက က သူလိပ်ပြာငယ်ဖို့လေ .. သား သူတို့နှစ်ယောက်ကို ခွဲလိုက်ရင် သော်က က စိတ်ဆင်းရဲပြီလေ အ့လိုအချိန်မှာ သားက ကြားထဲကနေ သူ့ကို ပြန်ဂရုစိုက်ပြလိုက် .. ပြီးရင်တစ်ခါတည်းမသေမျိုးပြောင်းပေးလိုက် .. ပြီးမှ ပြန်ရှင်းပြလိုက်ပေါ့ သားရဲ့ .. ဒါပေမယ့် သူ့ဟိုကောင်လေးနဲ့ခွဲတဲ့ကိစ္စတော့ မပြောလိုက်နဲ့ပေါ့ .."
"ဟာ ဟုတ်သားပဲ ဒါဆို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ထိမှာပေါ့ .. ဒါပေမယ့် သော်ကရဲ့ ကောင်လေးအသစ်ကိုကျ ဘယ်လိုလုပ်ရမလဲ"
"လွယ်ပါတယ် သားရဲ့ .. သား သူ့ကို ရှင်းလိုက်ရုံပဲလေ.. သားတတ်ထားတဲ့ မှော်အစွမ်းတွေသုံးပြီး..."
"ဘယ်လို.."
"ဟုတ်တယ် .. သား ဟိုကောင်လေးကိုတော့ သတ်ရမယ် .."
"ဟုတ် .. သတ်ဆိုလည်း သတ်တာပေါ့ .. သော်ကနဲ့ သားနဲ့ တစ်သက်လုံးမသေတော့ပဲ ထာ၀ရပေါင်းဖို့ လူနည်းနည်းလောက်သတ်ရတာတော့ သားလည်းသတ်နိုင်ပါတယ် .. ဒါပေမယ့် ဒါပြီးရင်တော့ သားဘယ်သူ့ကိုမှ ထပ်မသတ်ချင်တော့ဘူးနော်.."
"ငါ့သားလည်း ၀ဋ်ကြွေးတွေနဲ့တူပါတယ် .. နောက်ဘ၀မကူးရတော့ ဟိုးအရင်က၀ဋ်ကြွေးတွေ ခုထိ ပြန်လာခံနေရတာနေမှာပါ ..."
ခန့်ထည်နှင့် သူ့အဖေတို့သည် စကားစမြည်ပြောဆိုကြပြီးနောက် မြေအောက်ခန်းတံခါးကိုပိတ်ကာအပေါ်ထပ်သို့ပြန်ကာတက်သွားကြပါတော့သည်။
×××××
"သော်က ... မင်းကဖောက်ပြန်တဲ့ကောင် ..
မင်းကဖောက်ပြန်တဲ့ကောင် ..
မင်းကဖောက်ပြန်တဲ့ကောင်"
ခါးတစ်ပိုင်းပြတ်နေသောလူကြီးသည် သူ့အစဉ်အလာမပျက်ပင် ကျွန်တော့်ကို ခြောက်လှန့်မြဲခြောက်လှန့်နေသည်။ ခြောက်လှန့်ပုံများမှာ ဆင်တူဖြစ်သော်လည်း ထိုအမှောင်ထုထဲသို့ ရောက်သွားတိုင်း ကြက်သီးများအမြဲတမ်းထလာပြီး ကြောက်လန့်နေမိသည်။
ခါးတစ်ပိုင်းပြတ်လူကြီးကို မက်သောအိပ်မက်ကြောင့် ကျွန်တော်လန့်နိုးလာသည်။
နာရီကို ကြည့်လိုက်တော့ အချိန်က မနက် ၆ နာရီ ၅၃ မိနစ်သို့ရောက်ရှိနေပြီဖြစ်သည်။ ဘုန်းပိုင်ကတော့ ကြိုနိုးနှင့်နေပြီး အိပ်ယာထဲက ကျွန်တော့်ဘေးမှာ ဖုန်းသုံးလျက်ရှိသည်။ ကျွန်တော်လန့်နိုးလာတာကို မြင်တော့ ဘုန်းပိုင်က သုံးလက်စဖုန်းကို ဘေးချကာ အိပ်ယာဘေးမှ တစ်သျှူးကိုယူပြီး ကျွန်တော့်မျက်နှာမှာ ပေနေသည့် ချွေးစေးများကို သုတ်ပေးရင်းပြောလိုက်သည်။
"အစ်ကို အိပ်မက်တွေမကောင်းဘူးလား .. အစ်ကို အလန့်တကြားအိပ်မက်တွေ ယောင်နေလို့ ညီလေးပါ နိုးလာတာ"
"အင်း .. ဟုတ်တယ် .. မက်နေကျ အိပ်မက်ဆိုးတွေပါ.."
"ဘာအိပ်မက်လဲ အစ်ကို ... ဟိုမကောင်းတဲ့အကောင် ခန့်ထည်အကြောင်းလား..."
"မဟုတ်ပါဘူး .. ခန့်ထည်ကိုတော့ အ့လိုမပြောလိုက်ပါနဲ့ ညီရယ် ... သူလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့ ..."
"အစ်ကို ..."
"အင်း ပြောလေ..."
"ညီလေး လေ အစ်ကိုနဲ့တွဲချင်တယ်..."
ဘုန်းပိုင်၏စကားကြောင့် ကျွန်တော် သိပ်တော့ မအံ့ဩသွားပါ။ ဘုန်းပိုင်က အရင်နေ့က ကျွန်တော့်ကို နမ်းဖို့ ကြိုးစားကတည်းက တစ်နေ့ဒီလိုပြောလာမယ်ဆိုတာ ကြိုတွက်ပြီးသားကြောင့်မို့ဖြစ်သည်။ ကျွန်တော်ကတော့ ပြုံးပြကာ ဘုန်းပိုင်ရဲ့ ဆံပင်လေးတွေကို ပွတ်ပေးရင်း ပြောလိုက်သည်။
"အစ်ကိုနဲ့ ညီက တွေ့တာမှ သိပ်တောင်မကြာသေးတာ .. ညီက အခု အစ်ကို့ကို ချစ်တယ်ဆိုတော့ ဟုတ်ပါ့မလား..."
"ညီလေး အချစ်ကို အစ်ကိုမယုံဘူးဆိုတာတော့ ညီလေးသိပါတယ် .. ညီလေးက အစ်ကို့ကို တွဲရအောင်လို့ပဲ ပြောတာပါ .. အစ်ကို့ကိုချစ်တယ်လို့ပြောတာမဟုတ်ပါဘူး... ညီလေးနဲ့တွဲရင်းနဲ့မှ ညီလေးအချစ်ကို အစ်ကို သိလာမှာပေါ့ ...
အစ်ကို့ရင်ထဲကအပူတွေကို ညီလေး ငြိမ်းသတ်ပေးပြီး အစ်ကို့ကို ပျော်ရွှင်အောင်ထားချင်တယ် အစ်ကို"
ဘုန်းပိုင်က မျှော်လင့်ချက်တွေဝေ့ဝဲနေသော မျက်လုံးအဝိုင်းသားလေးဖြင့် ကျွန်တော့်ကို ကြည့်ကာ ပြောရှာသည်။ ကျွန်တော်က ဘုန်းပိုင်ရဲ့ ခေါင်းလေးကို ကျွန်တော့်ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး ဘုန်းပိုင်ရဲ့ နဖူးလေးကိုနမ်းလိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
Advertisement
"အစ်ကို့စိတ်တွေက ဒွိဟဖြစ်နေတယ် ညီ .. အစ်ကို ဟိုတစ်ယောက်ဆီ စိတ်ပြန်လည်သွားရင် ညီပဲ စိတ်ဆင်းရဲရမှာ ..."
"ဟင့်အင်း .. အစ်ကို ဟိုတစ်ယောက်ဆီ ပြန်သွားလည်း ညီလေးက အစ်ကို့ကို ကြည်ဖြူစွာနဲ့ပဲ လွှတ်ပေးမှာပါ .. ညီလေးပြောတာက တွဲရအောင်လို့ပဲပြောတာလေ .. ချစ်သူတွေဖြစ်ရအောင်လို့ပြောတာမဟုတ်ဘူး .. အစ်ကို သဘောကျမှ ချစ်သူတွေဖြစ်ကြရအောင်လေနော် ..."
ကျွန်တော်က သက်ပြင်းတစ်ချက်ကိုသာချလိုက်ကာ
"အစ်ကို စဉ်းစားပါရစေဦး" ဟုပြောရင်း TV ကိုဖွင့်လိုက်သည်။ မနက် ၇ နာရီ ၂ မိနစ်လောက်ရှိပြီမို့ TV မှာ Good Morning Myanmar အစီအစဉ်လာနေသည်။
"မင်္ဂလာပါရှင် Good Morning Myanmar အစီအစဉ်ကနေပြီးတော့မှ ကြိုဆိုလိုက်ပါတယ်ရှင့် .. အခုပထမဆုံးပြောပြမယ့်သတင်းကတော့ Paragon Entertainment ရဲ့ CEO ဖြစ်သူခန့်ထည်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ လက်ထပ်ထားတဲ့ သူ့ရဲ့ ဇနီးမယားဖြစ်တဲ့ မယွန်း၀တီနဲ့ တရား၀င်ကွာရှင်းလိုက်ပြီလို့ သိရပါတယ်.. ဒီကိစ္စနဲ့ပတ်သတ်ပြီး ပရိသတ်တွေကတော့ မင်္ဂလာပွဲကို ဖျက်ခဲ့တဲ့ ကောင်လေးနဲ့ သက်ဆိုင်နေမယ်လို့ ထင်ကြေးပေးနေကြပေမယ့် ကိုခန့်ထည်ကို အင်တာဗျူးကြည့်တဲ့အခါမှာတော့ သူဟာ အဲဒီကိစ္စကြောင့်မဟုတ်ပဲ မယွန်း၀တီနဲ့ သူတို့ နှစ်ယောက်သားရှေ့ဆက်ဖို့မဖြစ်နိုင်ကြောင်းနဲ့ လတ်တလောအနေနဲ့ဆိုရင် Paragon Entertainment ကနေပြီးတော့ "လူ၀င်စား" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကြီးကို နိုင်ငံတကာက ရိုက်ကူးထုတ်လုပ်သူများနဲ့ ရိုက်ကူးလျက်ရှိတာကြောင့်မို့ သိပ်ပြီး မအားလပ်ကြောင်းနဲ့ ဒီ"လူ၀င်စား" ဆိုတဲ့ ဇာတ်လမ်းတွဲက ကမ္ဘာကျော် Netflix streaming platform နဲ့ မြန်မာပြည်တွင်း entertainment company တစ်ခု တို့ ပထမဆုံးပူးပေါင်းပြီး ရိုက်ကူးတဲ့ project တစ်ခုဖြစ်လို့ ပြည်သူအများစိတ်၀င်စားမှု မြင့်မားနေကြောင်းလည်း သိရပါတယ်ရှင့် ...
နောက်ထပ်တင်ဆက်ပေးမယ့် သတင်းတစ်ပုဒ်ကတော့ နိုင်ငံရေးပြဿနာများ ပဋိပက္ခများနဲ့ စစ်မက်များဖြစ်ပွားပြီးချိန် ပြန်လည်ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကပဲ မဲဆန္ဒနယ်မြေ ကိုးဆယ်ရာခိုင်နှုန်းအထက်နဲ့ ထပ်မံအနိုင်ရရှိထားတဲ့သတင်း..."
ကျွန်တော့်စိတ်ထဲမှာ အာရုံတွေ ထွေပြားလာသဖြင့် ဖွင့်ထားတဲ့ တီဗီကို ပြန်ပြီး ပိတ်လိုက်သည်။
"အစ်ကို ... ညီလေးနဲ့ တွဲမယ်မလားဟင် ..."
"ဒါပေမယ့် ခန့်ထည် အစ်ကို့ဆီပြန်လာတော့မယ် .. အစ်ကို ကောင်းကောင်းကြီးသိနေတယ် .. "
"ခန့်ထည်ပြန်လာရင် ညီလေး အစ်ကို့နားကနေ ပျောက်ကွယ်သွားပေးမှာပါ .. ညီလေး ကတိပေးပါတယ်..."
"အစ်ကိုလည်း ခြေထောက်ကောင်းတာနဲ့ အိမ်ပြန်တော့မှာ ညီ .. အဲဒီခါကျရင် အစ်ကိုနဲ့ ညီနဲ့က ရေစက်ကုန်တာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ အစ်ကို ရေချိုးတော့မယ် .."
ကျွန်တော်ကတော့ ဒါပဲပြောကာ စိတ်ဓာတ်ကျ မှုန်ဝေနေသော မျက်နှာထားနှင့် ရေချိုးခန်းထဲသို့သာ ၀င်သွားပါတော့သည်။
"ခန့်ထည် .. ခင်ဗျားက ဘယ်လိုကောင်မို့လို့ အစ်ကို့ကို ဆက်တိုက်ဒုက္ခပေးနေရတာလဲ.. ခင်ဗျား ဘယ်လိုကောင်ပဲဖြစ်ဖြစ် CEO ပဲဖြစ်ဖြစ် ခင်ဗျား အစ်ကို့ကို ထပ်ပြီး ဒုက္ခမပေးစေရဘူး .. ကျုပ်ရအောင်တားမယ်"
ကျွန်တော် ရေချိုးခန်းထဲ၀င်သွားတော့ ဘုန်းပိုင်က လက်သီးကို ဆုပ်ပြီး ကျွန်တော်မကြားအောင် တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်ပါ
တော့သည်။
အပိုင်း(၁၃) ဆက်ရန်
Own Feeling @ 2021 by
Auro Karshine
(Zawgyi)
အပိုင္း(၁၂) : ဒုတိယအစီအစဥ္
"ငါ့ေကာင္ေလးကို ငါပိုင္တယ္ .. ငါ့ေကာင္ေလးအသားကိုဘယ္သူမွထပ္မထိေစရဘူး .. ငါ့ေကာင္ေလးကို ငါပဲခ်စ္ရမယ္"
ခန႔္ထည္က လက္သီးကို ဆုပ္ကာ ႀကဳံးဝါးလိုက္သည္။ ထိုအခိုက္ ေျမေအာက္ခန္းတံခါးပြင့္လာၿပီး ခန႔္ထည္အေဖဆင္းလာကာ ခန႔္ထည္တစ္ကိုယ္လုံးတြင္ ေငြမႈန္ဆားရည္မ်ားေၾကာင့္ မီးေလာင္သလိုျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။ ခန႔္ထည္အေဖဆင္းလာလို႔ ဟိုလူႀကီးရဲ႕ ဝိညာဥ္ ႐ုတ္တရက္ေပ်ာက္ကြယ္သြားတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ေပမည္။
"ဟာ .. သား .. ဘယ္လိုျဖစ္တာလဲ"
"သား ကားနဲ႔ႀကိတ္သတ္ခဲ့တဲ့လူရဲ႕ ဝိညာဥ္က သားအလစ္မွာ သားကို ျပန္တိုက္ခိုက္လို႔ပါ အေဖ.. သားကိုယ္ေပၚက ေငြမႈန္ဆားရည္ေတြကို သန႔္ရွင္းေပးပါဦး"
ခန႔္ထည္အေဖက ေျမေအာက္ခန္းရွိ ေရခဲေသတၱာထဲမွာေရခဲေသတၱာထဲမွ ႏိုက္ထ႐ိုဂ်င္အရည္ (Liquid Nitrogen) ကို ယူလိုက္ၿပီး ခန႔္ထည္ရဲ႕ ကိုယ္အႏွံ႔ကို ပက္ျဖန္းလိုက္ရာ ခန႔္ထည္ရဲ႕ ခႏၶာကိုယ္ရွိမီးေလာင္ဖုမ်ားသည္ ပုံမွန္အတိုင္းျပန္ျဖစ္သြားၿပီး ႏိုက္ထ႐ိုဂ်င္အရည္ေၾကာင့္ သတၱဳတည္ေဆာက္ပုံၿပိဳကြဲသြားသျဖင့္ ေငြမႈန္ဆားရည္ အာနိသင္ေပ်ာက္သြားကာ ပူေလာင္ျခင္းမရွိေတာ့ပါ။
ခန႔္ထည္က ျပန္ထ လိုက္ၿပီး သူ႔အေဖကို ၾကည့္ကာ ေျပာလိုက္သည္။
"သူ ေဖာက္ျပန္ေနၿပီ အေဖ.."
"ဘယ္လို .. ဘယ္သူလဲ .. သားေကာင္ေလးလား"
"ဟုတ္တယ္ အေဖ .. ဟိုဝိညာဥ္ကလာေျပာျပတယ္ .. သားေကာင္ေလးက အျခားေကာင္နဲ႔ လိင္ဆက္ဆံေနတယ္တဲ့.. သား သူ႔ကို မေသမ်ိဳးျဖစ္ေအာင္ ႀကိဳးစားမိတာ မွားၿပီထင္တယ္ အေဖ .. သူအခု သားကို စိတ္နာၿပီး ေနာက္တစ္ေယာက္တြဲေနၿပီ .."
"ဟာ ဒါေကာင္းတာေပါ့"
"ဘာ .. ဘယ္လိုေျပာလိုက္တာလဲ အေဖ .. သားေကာင္ေလးတစ္ေယာက္လုံး ေနာက္တစ္ေယာက္နဲ႔ ေဖာက္ျပန္ေနတာက ဘယ္လိုလုပ္ အေျခအေနေကာင္းႏိုင္မွာလဲ"
"သား သူတို႔ႏွစ္ေယာက္ကိုခြဲရမယ္"
"ဟင္ .. အဲ့လိုက် သူသားကိုပိုစိတ္နာ သြားမွာေပါ့ အေဖရ ..."
Advertisement
"အဓိက က သူလိပ္ျပာငယ္ဖို႔ေလ .. သား သူတို႔ႏွစ္ေယာက္ကို ခြဲလိုက္ရင္ ေသာ္က က စိတ္ဆင္းရဲၿပီေလ အ့လိုအခ်ိန္မွာ သားက ၾကားထဲကေန သူ႔ကို ျပန္ဂ႐ုစိုက္ျပလိုက္ .. ၿပီးရင္တစ္ခါတည္းမေသမ်ိဳးေျပာင္းေပးလိုက္ .. ၿပီးမွ ျပန္ရွင္းျပလိုက္ေပါ့ သားရဲ႕ .. ဒါေပမယ့္ သူ႔ဟိုေကာင္ေလးနဲ႔ခြဲတဲ့ကိစၥေတာ့ မေျပာလိုက္နဲ႔ေပါ့ .."
"ဟာ ဟုတ္သားပဲ ဒါဆို ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ထိမွာေပါ့ .. ဒါေပမယ့္ ေသာ္ကရဲ႕ ေကာင္ေလးအသစ္ကိုက် ဘယ္လိုလုပ္ရမလဲ"
"လြယ္ပါတယ္ သားရဲ႕ .. သား သူ႔ကို ရွင္းလိုက္႐ုံပဲေလ.. သားတတ္ထားတဲ့ ေမွာ္အစြမ္းေတြသုံးၿပီး..."
"ဘယ္လို.."
"ဟုတ္တယ္ .. သား ဟိုေကာင္ေလးကိုေတာ့ သတ္ရမယ္ .."
"ဟုတ္ .. သတ္ဆိုလည္း သတ္တာေပါ့ .. ေသာ္ကနဲ႔ သားနဲ႔ တစ္သက္လုံးမေသေတာ့ပဲ ထာ၀ရေပါင္းဖို႔ လူနည္းနည္းေလာက္သတ္ရတာေတာ့ သားလည္းသတ္ႏိုင္ပါတယ္ .. ဒါေပမယ့္ ဒါၿပီးရင္ေတာ့ သားဘယ္သူ႔ကိုမွ ထပ္မသတ္ခ်င္ေတာ့ဘူးေနာ္.."
"ငါ့သားလည္း ၀ဋ္ေႂကြးေတြနဲ႔တူပါတယ္ .. ေနာက္ဘ၀မကူးရေတာ့ ဟိုးအရင္က၀ဋ္ေႂကြးေတြ ခုထိ ျပန္လာခံေနရတာေနမွာပါ ..."
ခန႔္ထည္ႏွင့္ သူ႔အေဖတို႔သည္ စကားစျမည္ေျပာဆိုၾကၿပီးေနာက္ ေျမေအာက္ခန္းတံခါးကိုပိတ္ကာအေပၚထပ္သို႔ျပန္ကာတက္သြားၾကပါေတာ့သည္။
×××××
"ေသာ္က ... မင္းကေဖာက္ျပန္တဲ့ေကာင္ ..
မင္းကေဖာက္ျပန္တဲ့ေကာင္ ..
မင္းကေဖာက္ျပန္တဲ့ေကာင္"
ခါးတစ္ပိုင္းျပတ္ေနေသာလူႀကီးသည္ သူ႔အစဥ္အလာမပ်က္ပင္ ကြၽန္ေတာ့္ကို ေျခာက္လွန႔္ၿမဲေျခာက္လွန႔္ေနသည္။ ေျခာက္လွန႔္ပုံမ်ားမွာ ဆင္တူျဖစ္ေသာ္လည္း ထိုအေမွာင္ထုထဲသို႔ ေရာက္သြားတိုင္း ၾကက္သီးမ်ားအၿမဲတမ္းထလာၿပီး ေၾကာက္လန႔္ေနမိသည္။
ခါးတစ္ပိုင္းျပတ္လူႀကီးကို မက္ေသာအိပ္မက္ေၾကာင့္ ကြၽန္ေတာ္လန႔္ႏိုးလာသည္။
နာရီကို ၾကည့္လိုက္ေတာ့ အခ်ိန္က မနက္ ၆ နာရီ ၅၃ မိနစ္သို႔ေရာက္ရွိေနၿပီျဖစ္သည္။ ဘုန္းပိုင္ကေတာ့ ႀကိဳႏိုးႏွင့္ေနၿပီး အိပ္ယာထဲက ကြၽန္ေတာ့္ေဘးမွာ ဖုန္းသုံးလ်က္ရွိသည္။ ကြၽန္ေတာ္လန႔္ႏိုးလာတာကို ျမင္ေတာ့ ဘုန္းပိုင္က သုံးလက္စဖုန္းကို ေဘးခ်ကာ အိပ္ယာေဘးမွ တစ္သွ်ဴးကိုယူၿပီး ကြၽန္ေတာ့္မ်က္ႏွာမွာ ေပေနသည့္ ေခြၽးေစးမ်ားကို သုတ္ေပးရင္းေျပာလိုက္သည္။
"အစ္ကို အိပ္မက္ေတြမေကာင္းဘူးလား .. အစ္ကို အလန႔္တၾကားအိပ္မက္ေတြ ေယာင္ေနလို႔ ညီေလးပါ ႏိုးလာတာ"
"အင္း .. ဟုတ္တယ္ .. မက္ေနက် အိပ္မက္ဆိုးေတြပါ.."
"ဘာအိပ္မက္လဲ အစ္ကို ... ဟိုမေကာင္းတဲ့အေကာင္ ခန႔္ထည္အေၾကာင္းလား..."
"မဟုတ္ပါဘူး .. ခန႔္ထည္ကိုေတာ့ အ့လိုမေျပာလိုက္ပါနဲ႔ ညီရယ္ ... သူလည္း သူ႔အေၾကာင္းနဲ႔သူရွိမွာေပါ့ ..."
"အစ္ကို ..."
"အင္း ေျပာေလ..."
"ညီေလး ေလ အစ္ကိုနဲ႔တြဲခ်င္တယ္..."
ဘုန္းပိုင္၏စကားေၾကာင့္ ကြၽန္ေတာ္ သိပ္ေတာ့ မအံ့ဩသြားပါ။ ဘုန္းပိုင္က အရင္ေန႔က ကြၽန္ေတာ့္ကို နမ္းဖို႔ ႀကိဳးစားကတည္းက တစ္ေန႔ဒီလိုေျပာလာမယ္ဆိုတာ ႀကိဳတြက္ၿပီးသားေၾကာင့္မို႔ျဖစ္သည္။ ကြၽန္ေတာ္ကေတာ့ ၿပဳံးျပကာ ဘုန္းပိုင္ရဲ႕ ဆံပင္ေလးေတြကို ပြတ္ေပးရင္း ေျပာလိုက္သည္။
"အစ္ကိုနဲ႔ ညီက ေတြ႕တာမွ သိပ္ေတာင္မၾကာေသးတာ .. ညီက အခု အစ္ကို႔ကို ခ်စ္တယ္ဆိုေတာ့ ဟုတ္ပါ့မလား..."
"ညီေလး အခ်စ္ကို အစ္ကိုမယုံဘူးဆိုတာေတာ့ ညီေလးသိပါတယ္ .. ညီေလးက အစ္ကို႔ကို တြဲရေအာင္လို႔ပဲ ေျပာတာပါ .. အစ္ကို႔ကိုခ်စ္တယ္လို႔ေျပာတာမဟုတ္ပါဘူး... ညီေလးနဲ႔တြဲရင္းနဲ႔မွ ညီေလးအခ်စ္ကို အစ္ကို သိလာမွာေပါ့ ...
အစ္ကို႔ရင္ထဲကအပူေတြကို ညီေလး ၿငိမ္းသတ္ေပးၿပီး အစ္ကို႔ကို ေပ်ာ္႐ႊင္ေအာင္ထားခ်င္တယ္ အစ္ကို"
ဘုန္းပိုင္က ေမွ်ာ္လင့္ခ်က္ေတြေဝ့ဝဲေနေသာ မ်က္လုံးအဝိုင္းသားေလးျဖင့္ ကြၽန္ေတာ့္ကို ၾကည့္ကာ ေျပာရွာသည္။ ကြၽန္ေတာ္က ဘုန္းပိုင္ရဲ႕ ေခါင္းေလးကို ကြၽန္ေတာ့္ရင္ခြင္ထဲ ဆြဲထည့္လိုက္ၿပီး ဘုန္းပိုင္ရဲ႕ နဖူးေလးကိုနမ္းလိုက္ကာ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
"အစ္ကို႔စိတ္ေတြက ဒြိဟျဖစ္ေနတယ္ ညီ .. အစ္ကို ဟိုတစ္ေယာက္ဆီ စိတ္ျပန္လည္သြားရင္ ညီပဲ စိတ္ဆင္းရဲရမွာ ..."
"ဟင့္အင္း .. အစ္ကို ဟိုတစ္ေယာက္ဆီ ျပန္သြားလည္း ညီေလးက အစ္ကို႔ကို ၾကည္ျဖဴစြာနဲ႔ပဲ လႊတ္ေပးမွာပါ .. ညီေလးေျပာတာက တြဲရေအာင္လို႔ပဲေျပာတာေလ .. ခ်စ္သူေတြျဖစ္ရေအာင္လို႔ေျပာတာမဟုတ္ဘူး .. အစ္ကို သေဘာက်မွ ခ်စ္သူေတြျဖစ္ၾကရေအာင္ေလေနာ္ ..."
ကြၽန္ေတာ္က သက္ျပင္းတစ္ခ်က္ကိုသာခ်လိုက္ကာ
"အစ္ကို စဥ္းစားပါရေစဦး" ဟုေျပာရင္း TV ကိုဖြင့္လိုက္သည္။ မနက္ ၇ နာရီ ၂ မိနစ္ေလာက္ရွိၿပီမို႔ TV မွာ Good Morning Myanmar အစီအစဥ္လာေနသည္။
"မဂၤလာပါရွင္ Good Morning Myanmar အစီအစဥ္ကေနၿပီးေတာ့မွ ႀကိဳဆိုလိုက္ပါတယ္ရွင့္ .. အခုပထမဆုံးေျပာျပမယ့္သတင္းကေတာ့ Paragon Entertainment ရဲ႕ CEO ျဖစ္သူခန႔္ထည္ဟာ လြန္ခဲ့တဲ့ ရက္ပိုင္းကမွ လက္ထပ္ထားတဲ့ သူ႔ရဲ႕ ဇနီးမယားျဖစ္တဲ့ မယြန္း၀တီနဲ႔ တရား၀င္ကြာရွင္းလိုက္ၿပီလို႔ သိရပါတယ္.. ဒီကိစၥနဲ႔ပတ္သတ္ၿပီး ပရိသတ္ေတြကေတာ့ မဂၤလာပြဲကို ဖ်က္ခဲ့တဲ့ ေကာင္ေလးနဲ႔ သက္ဆိုင္ေနမယ္လို႔ ထင္ေၾကးေပးေနၾကေပမယ့္ ကိုခန႔္ထည္ကို အင္တာဗ်ဴးၾကည့္တဲ့အခါမွာေတာ့ သူဟာ အဲဒီကိစၥေၾကာင့္မဟုတ္ပဲ မယြန္း၀တီနဲ႔ သူတို႔ ႏွစ္ေယာက္သားေရွ႕ဆက္ဖို႔မျဖစ္ႏိုင္ေၾကာင္းနဲ႔ လတ္တေလာအေနနဲ႔ဆိုရင္ Paragon Entertainment ကေနၿပီးေတာ့ "လူ၀င္စား" ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲႀကီးကို ႏိုင္ငံတကာက ႐ိုက္ကူးထုတ္လုပ္သူမ်ားနဲ႔ ႐ိုက္ကူးလ်က္ရွိတာေၾကာင့္မို႔ သိပ္ၿပီး မအားလပ္ေၾကာင္းနဲ႔ ဒီ"လူ၀င္စား" ဆိုတဲ့ ဇာတ္လမ္းတြဲက ကမာၻေက်ာ္ Netflix streaming platform နဲ႔ ျမန္မာျပည္တြင္း entertainment company တစ္ခု တို႔ ပထမဆုံးပူးေပါင္းၿပီး ႐ိုက္ကူးတဲ့ project တစ္ခုျဖစ္လို႔ ျပည္သူအမ်ားစိတ္၀င္စားမႈ ျမင့္မားေနေၾကာင္းလည္း သိရပါတယ္ရွင့္ ...
ေနာက္ထပ္တင္ဆက္ေပးမယ့္ သတင္းတစ္ပုဒ္ကေတာ့ ႏိုင္ငံေရးျပႆနာမ်ား ပဋိပကၡမ်ားနဲ႔ စစ္မက္မ်ားျဖစ္ပြားၿပီးခ်ိန္ ျပန္လည္က်င္းပတဲ့ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီကပဲ မဲဆႏၵနယ္ေျမ ကိုးဆယ္ရာခိုင္ႏႈန္းအထက္နဲ႔ ထပ္မံအႏိုင္ရရွိထားတဲ့သတင္း..."
ကြၽန္ေတာ့္စိတ္ထဲမွာ အာ႐ုံေတြ ေထြျပားလာသျဖင့္ ဖြင့္ထားတဲ့ တီဗီကို ျပန္ၿပီး ပိတ္လိုက္သည္။
"အစ္ကို ... ညီေလးနဲ႔ တြဲမယ္မလားဟင္ ..."
"ဒါေပမယ့္ ခန႔္ထည္ အစ္ကို႔ဆီျပန္လာေတာ့မယ္ .. အစ္ကို ေကာင္းေကာင္းႀကီးသိေနတယ္ .. "
"ခန႔္ထည္ျပန္လာရင္ ညီေလး အစ္ကို႔နားကေန ေပ်ာက္ကြယ္သြားေပးမွာပါ .. ညီေလး ကတိေပးပါတယ္..."
"အစ္ကိုလည္း ေျခေထာက္ေကာင္းတာနဲ႔ အိမ္ျပန္ေတာ့မွာ ညီ .. အဲဒီခါက်ရင္ အစ္ကိုနဲ႔ ညီနဲ႔က ေရစက္ကုန္တာလည္း ျဖစ္ခ်င္ျဖစ္ႏိုင္တာပဲ အစ္ကို ေရခ်ိဳးေတာ့မယ္ .."
ကြၽန္ေတာ္ကေတာ့ ဒါပဲေျပာကာ စိတ္ဓာတ္က် မႈန္ေဝေနေသာ မ်က္ႏွာထားႏွင့္ ေရခ်ိဳးခန္းထဲသို႔သာ ၀င္သြားပါေတာ့သည္။
"ခန႔္ထည္ .. ခင္ဗ်ားက ဘယ္လိုေကာင္မို႔လို႔ အစ္ကို႔ကို ဆက္တိုက္ဒုကၡေပးေနရတာလဲ.. ခင္ဗ်ား ဘယ္လိုေကာင္ပဲျဖစ္ျဖစ္ CEO ပဲျဖစ္ျဖစ္ ခင္ဗ်ား အစ္ကို႔ကို ထပ္ၿပီး ဒုကၡမေပးေစရဘူး .. က်ဳပ္ရေအာင္တားမယ္"
ကြၽန္ေတာ္ ေရခ်ိဳးခန္းထဲ၀င္သြားေတာ့ ဘုန္းပိုင္က လက္သီးကို ဆုပ္ၿပီး ကြၽန္ေတာ္မၾကားေအာင္ တစ္ေယာက္တည္းတီးတိုးေရ႐ြတ္လိုက္ပါ
ေတာ့သည္။
အပိုင္း(၁၃)ဆက္ရန္
Own Feeling @ 2021 by
Auro Karshine
Advertisement
- In Serial34 Chapters
When I Quit Being A Wicked Mother-in-law, Everyone Became Obsessed With Me
A wicked woman who is feared by her husband and her son.
8 503 - In Serial28 Chapters
The Alpha is My Mate
Paisley Darkwood has been dreaming about one thing her whole life...finding her mate. Oh yeah! I forgot to mention, Paisley is a werewolf. But she's not just any female wolf, she's the daughter of Alarik Darkwood, one of the most powerful Alphas in the world who is very protective of his family and pack.Paisley is hoping her mate will be kind, smart, caring, and brave. Little did she know the person she hates most will be the person she's destined to love.
8 185 - In Serial25 Chapters
My Time (Jungkook Ambw)
"Oh, I can't call ya, oh I can't hold ya, oh yes you know, oh yes you do."
8 87 - In Serial22 Chapters
Rejecting the Rejected
Kim Drake was a loner - someone most people didn't even knew existed, or cared to recognize her existence. This included her town's local bad boy, Carter, despite knowing that they were mates. Did she forget to mention she was a werewolf? Life was already had enough as a high schooler, not to mention being a teenage werewolf dealing with rejection from the one person who is supposed to accept and love her above everyone else.
8 306 - In Serial200 Chapters
My Boyfriend Is A Dragon [B1]
A young boy named Bai Wu was saved and adopted by a thirty-something police sergeant named Xu Lan. It was love at first sight for Bai Wu, and once he started getting older, his heart yearned for a taste of the forbidden fruit - the romantic love of his adoptive father. The question is, will Xu Lan ever reciprocate? With deranged serial killers, parallel dimensions, time warps, dragons, and a bit of ancient black magic, Bai Wu and Xu Lan are caught in a series of crazy adventures while discovering what they truly mean to each other. This is a story of lust and madness! Source : https://boxnovel.com/novel/my-boyfriend-is-a-dragon/ For offline purpose only! Chapter : 272 (Completed)
8 219 - In Serial26 Chapters
Quit Touching Me Under the Table : CBxTS (boy×boy) Wattys 2016
We Could Only Keep It Up For A Little While...DISCLAIMER : IF YOU DO NOT CONDONE SAME SEX RELATIONSHIP, SEXUAL CONTENT ,OR ANYTHING OF THAT MANNER, DO NOT READ THIS. I AM AWARE THAT NO CHARACTERS IN THIS STORY ARE ACTUALLY DEPICTED AS THEY ARE IN REAL LIFE. THIS STORY IS FICTION AND STRICTLY FICTIONAL. PLEASE DO NOT LEAVE ANY NEGATIVE COMMENTS OR REMARKS. I WOULD KINDLY ASK OF YOU TO SIMPLY NOT READ IT OR ADD IT TO YOU LIBRARIES AND/OR READING LISTS. THANK YOU.Started: August 23,2015 Ended: April 18,2016
8 198

