《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၁၃) : အန္တရာယ်အစ
Advertisement
(Unicode)
အပိုင်း(၁၃) : အန္တရာယ်အစ
မြို့ပြင်ရှိရွာတစ်ခုတွင်ရှိသော တောကျောင်းလေးတွင်ဖြစ်သည်။
သန်းခေါင်ယံအချိန်တွင် ဘုန်းကြီးတစ်ပါးက ကျောင်းထဲတွင် တစ်ပါးတည်း တရားကျင့်လျက်ရှိနေသည်။
ထိုအခိုက်တွင် ကျောင်းအပြင်မှ တစ်စုံတစ်ခုက ခန္ဓာကိုယ် တရွတ်တိုက်ဆွဲရင်း သွားနေသည်ကို ထို ဘုန်းကြီးက သတိပြုမိလိုက်သည်။
ဘုန်းကြီးသည် တရားထိုင်နေရင်းမှ သူ၏မျက်လုံးကို ဆတ်ကနဲဖွင့်လိုက်ပြီး -
"ဟိတ် ဘုန်းကြီးကျောင်းနားထိ ဘာလို့ကပ်လာတာလဲ ... အတင့်ရဲလှချည်လား ..
ဒေါသတွေများနေပုံထောက်ရင်တော့ အမျှလိုချင်လို့မဟုတ်လောက်ဘူး.."
ဟု ပြောလိုက်သည်။
အပြင်ဘက်မှ ထိုအရာကြီးက ကျောင်းအနီးနားသို့ ရောက်သည်ထိပင် ပြတ်နေသာ သူ၏ ခါးကြီးကို တရွတ်တိုက်ဆွဲလာသည်။ ထိုခါးတစ်ပိုင်းပြတ် ဝိညာဉ်က ဘုန်းကြီးကျောင်းရှိရာနေရာကို မျက်နှာမူလိုက်ပြီး -
"ဘုန်းကြီးက ဘုန်းကြီးနေရာမှာပဲနေ .. ဘာအမျှအတန်းမှ မလိုချင်ဘူး .. သော်က ကို ဘုန်းကြီးစောင့်ရှောက်နေလို့ ကျုပ်တို့ ဘာအလုပ်မှ လုပ်လို့မရဘူး .. သော်က ဟာ မကြာခင် မသေမျိုးဖြစ်လာတော့မှာ .. ဘုန်းကြီးခုလိုနှောင့်ယှက်နေရင် ဘုန်းကြီးက ကျုပ်တို့အတွက်၀န်ထုပ်၀န်ပိုးဖြစ်နေရင် ဘုန်းကြီး အသက်အန္တရာယ်ကို အာမ မခံနိုင်ဘူးနော်"
ဟုပြောလိုက်သည်။
"အမယ် .. ငါ့ကျောင်း၀င်းတစ်လက်မကိုတောင် ခြေမချနိုင်တဲ့ ပရလောက သားကများ ငါ့ကို ခြိမ်းခြောက်နေတာပဲ .. လောကကြီးမှာ အရာအားလုံးက ဖြစ်ပျက်သဘောအတိုင်းတည်ရှိနေတာကို ဘာကြောင့် မသေမျိုးဖြစ်ချင်နေကြတာလဲ .. အသက်ရှည်ရုံကလွဲရင် အမြဲတည်ရှိနိုင်မှာလဲမဟုတ်ပဲနဲ့ .."
ဘုန်းကြီးက အပြင်သို့သာ လှမ်းပြောလိုက်သော်လည်း ထိုခါးတစ်ပိုင်းပြတ်ဝိညာဉ်ကြီး ဘုန်းကြီးကျောင်းရှေ့မှာရှိနေသည့်အတွက် အေးစိမ့်းစိမ့် လေအေးတို့က ပြင်းထန်စွာပင် ကျောင်းထဲကို တိုးဝှေ့တိုက်ခတ်လာသည်။
ဘုန်းကြီးက ကျောင်းပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်မိတော့ ခါးတစ်ပိုင်းပြတ်နေသော ပုံရိပ်ကြီးက သူ့ကို မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်နေသည်ကိုတွေ့ရသည်။ ထိုခါးတစ်ပိုင်းပြတ်ဝိညာဉ်ကြီးသည် ဘုန်းကြီးကို မြင်သော် စေ့စေ့ပင်မျက်လုံးချင်းဆိုင်ကာ ကြည့်လိုက်ပြီး -
"ကျုပ်တို့သိပ်မကြာခင် သော်က ကို မသေမျိုး မဖြစ်ဖြစ်အောင်ပြောင်းမှာမို့ လာမနှောင့်ယှက်ဖို့ သတိပေးတာပါ .. အဲဒါကိုမှ ဘုန်းကြီးက ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင် ဒီကျောင်းနဲ့ ဘုန်းကြီးရဲ့ လုံခြုံရေးကို အာမ မခံဘူး .."
ဟုပြောတာ ခါးကို တရွတ်တိုက်ဆွဲပြီး အဝေးသို့သာ တရွေ့ရွေ့ထွက်သွားပါတော့သည်။
ဘုန်းကြီးသည် ထို ဝိညာဉ်အဝေးသို့ တဖြည်းဖြည်းချင်း တရွေ့ရွေ့ပျောက်ကွယ်သွားသည်အထိ လှမ်းမျှော်ကာကြည့်ပြီးနောက်တွင်တော့ သက်ပြင်းကိုသာ တွင်တွင်ချရင်း -
"ဟူး .. ပြဿနာတွေက ထင်ထားတာထက်ပိုပြီး ရှုပ်ထွေးလာတော့မှာပဲ ဒကာလေး သော်က ကို မနက်မှဖုန်းဆက်ပြီး သတိပေးရတော့မယ်"
ဟုသာ တစ်ကိုယ်တည်း တီးတိုးရေရွတ်ကာ ကျောင်းတွင်းသို့သာ ပြန်လည်၀င်ရောက်သွားပါတော့သည်။
×××××
ကျွန်တော့်ပတ်၀န်းကျင်တစ်ခုလုံးမှာ အမှောင်ထုက ကြီးစိုးနေပြီး ကျွန်တော်ရပ်နေသော မြေကြီးကိုပင် ကျွန်တော်မမြင်ရ။
ကျွန်တော်ကပဲ မျက်စိမမြင်ရတော့တာလား။ အရာအားလုံးကပဲ မှောင်မိုက်နေတာလားဆိုသည်ကိုပင် မသည်းကွဲတော့။
ကျွန်တော့်အနောက်တွင် ရုတ်တရက်ဆိုသလို ခါးတစ်ပိုင်းပြတ်ကြီး တရွတ်တိုက်ဆွဲလာသော အသံကြီး ကြားလိုက်ရပြီး ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထသွားသည်။
"သော်က ... မင်းက ဖောက်ပြန်တဲ့ကောင်
မင်းကိုငါ ဒဏ်ခတ်ရမယ် ... "
ထိုအသံကြီးကို ရုတ်တရက်ကြားပြီးနောက် ကျွန်တော့်မသိစိတ်က ကျွန်တော့်ကို "ပြေး" ဆိုပြီး သတိပေးလိုက်ပြီး ကျွန်တော်အမှောင်ထဲမှာ ထွက်ပြေးနေမိသည်။
အနောက်တွင် ခါးပြတ်ကြီး တရွတ်တိုက်လာသံများကို အဆက်မပြတ်ကြားနေရသောကြောင့် ခါးပြတ်ဝိညာဉ်ကြီးက ကျွန်တော့်နောက်ကို ထပ်ကြပ်မကွာလိုက်နေသည်ကို သတိထားမိလိုက်သည်။
ပြေးသာပြေးနေရသော်လည်း ပတ်၀န်းကျင်တစ်ခုလုံးက မှောင်မည်းနေသဖြင့် စမ်းတဝါးဝါးနှင့် ပြေးနေရသလိုသာရှိသည်။
တတ်နိုင်သမျှ အမြန်ပြေးနေမိသော်လည်း ခါးပြတ်ကြီးတရွတ်တိုက်သံများက ကျွန်တော်ရှိရာဆီသို့ နီးသထက်ပင် နီးလို့လာသည်။ လူသည် မောလွန်းလှသော်လည်း ပြေးရင်းနှင့်
"ငါမဖောက်ပြန်ဘူး .. ကိုကို ဖောက်ပြန်တာ ..
ငါမဖောက်ပြန်ဘူး .. ကိုကို ဖောက်ပြန်တာ .."
ဟုသာ ဆက်တိုက်ရွတ်ဆိုနေမိသည်။ တကယ်တမ်းအရင်ဖောက်ပြန်တာက ကိုကို ဆိုပေမယ့် ဟိုနေ့က ကျွန်တော်နဲ့ ဘုန်းပိုင် လိင်ဆက်ဆံမိလုနီးနီးဖြစ်ခဲ့သဖြင့် ကိုယ့်ကိုယ်ကိုတော့ လိပ်ပြာမလုံမိပါ။ ထိုနေ့က ပရလောက အနှောင့်အယှက်သာ မရောက်လာခဲ့ရင် ကျွန်တော်နဲ့ဘုန်းပိုင်တို့နှစ်ဦးသား လိင်ကိစ္စများ အဆုံးစွန်ထိပင်ရောက်နိုင်သည်။ ထိုအခိုက်တွင် အလွန်ကျယ်လောင်သော အသံကြီးတစ်ခုကို ပဲ့တင်ထပ်အောင်ကြားလာရသည်။
"အစ်ကို .. အစ်ကို့.. အဆင်ပြေရဲ့လား"
ထို အသံမှာ ဘုန်းပိုင်၏အသံပင်ဖြစ်သော်လည်း အရာအားလုံးက မှောင်မိုက်နေသဖြင့် ဘာဆိုဘာမှ မမြင်ရ။
"ဘုန်းပိုင် ... ညီလေး .. အစ်ကို့ကို ကယ်ပါ .. အစ်ကိုကြောက်တယ် .. အစ်ကိုကြောက်တယ်"
အသံကြားရာဆီသို့မှန်းဆကာ အကူအညီတောင်းမိသော်လည်း လူကိုတော့မတွေ့ရ။
ဘယ်နားမှန်းလဲမသိ။
ဘုန်းပိုင်၏ အသံတို့က ကောင်းကင်ယံမှလာနေခြင်းဖြစ်သည်။
ထိုအခိုက်တွင် ခါးပြတ်တရွတ်တိုက်သံကြီးက ကျွန်တော်နှင့် အရမ်းပင်နီးကပ်လာကာ ကျွန်တော့်ခြေထောက်ကို လက်အေးအေးကြီးတစ်ခုက ဖတ်ခနဲ ဆုပ်ကိုင်လိုက်သည်ကို ခံစားမိလိုက်ပါတော့သည်။
ကျွန်တော်အသိစိတ်ပြန်၀င်လာတော့ ပတ်၀န်းကျင်တစ်ခုလုံးအလင်းရောင်များ ပြန်ပေါ်လာသည်။
ကျွန်တော်အိပ်မက်မက်နေခြင်းဖြစ်ပြီး ဘုန်းပိုင်၏အခန်းထဲတွင် ရောက်နေခြင်းဖြစ်သည်။ ကျွန်တော့်တစ်ကိုယ်လုံး ချွေးစေးများရွှဲစိုနေကာ ဘုန်းပိုင်က စိတ်ပူနေသော မျက်လုံးများနဲ့ ကျွန်တော့်ကို စိုက်ကြည့်လိုက် ချွေးသုတ်ပေးလိုက်နဲ့လုပ်နေသည်။
ကျွန်တော်နိုးလာတာမြင်တော့ သူ့ရဲ့စိတ်ပူနေတဲ့မျက်နှာလေး သိသိသာသာ တက်ကြွလာသလိုဖြစ်လာတာကို သတိထားမိလိုက်သည်။
ဘုန်းပိုင်က အလိုက်တသိပင် ရေတစ်ခွက်ကို အမြန်ခပ်လာပေးသဖြင့် ကျွန်တော်ရေကိုယူသောက်လိုက်သည်။ ဘုန်းပိုင်က tissue စက္ကူလေးဖြင့် ကျွန်တော့်မျက်နှာကို သုတ်ပေးနေရင်းပြောသည်။
Advertisement
"အစ်ကို ဟိုအိပ်မက်တွေမက်နေပြန်ပြီလား .. ညီလေး အစ်ကို့ကိုစိတ်ပူတယ်.. "
"ဟူး .. ဟုတ်တယ် မက်နေကျ အိပ်မက်လိုကိုပဲ ထပ်တလဲလဲဖြစ်နေတာ . အစကတော့ စိတ်ဖိစီးလို့ ထင်ယောင်ထင်မှားဖြစ်နေတယ်လို့ ထင်မိပေမယ့် အခုက တိုက်ဆိုင်တာတွေများတော့ သံသယရှိနေပြီ"
ဘုန်းပိုင်က ကျွန်တော့်လက်မောင်းလေးကို သူ့လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဆုပ်ကိုင်လိုက်ပြီး -
"အစ်ကို .. မကြောက်နဲ့နော် .. အစ်ကိုက ဘာကြီးပဲဖြစ်နေဖြစ်နေ .. ညီလေး အစ်ကို့အနားမှာ အမြဲရှိနေပေးမယ်."
ဟုသာပြောရင်း အားပေးရှာသည်။
ထိုအခိုက်တွင် ရုတ်တရက်ဆိုသလို ဖုန်း၀င်လာသဖြင့် ဖုန်း ringtone သံကြောင့် ကျွန်တော့်တစ်ကိုယ်လုံးတုန်ခနဲတက်သွားသည်။
ဘုန်းပိုင်က အလိုက်တသိပင် ဖုန်းကိုယူလာပြီး ပြသည်။
"အစ်ကို ဖုန်းလာနေတယ် ကိုင်မှာလား .. မောနေရင် မနက်မှကိုင်ချင်ကိုင်လိုက်လေ"
ဖုန်းနံပါတ်ကို ကျွန်တော်ကြည့်လိုက်တော့ ဆရာတော်ဆီကနံပါတ်ဖြစ်နေသဖြင့် ကျွန်တော်ကိုင်လိုက်သည်။
"တင်ပါ့ဘုရား ဒီအချိန်ကြီး ဘာကိစ္စရှိလို့ပါလဲဘုရား"
"ဒကာလေးကိုယ်တိုင်က ပိုသိမယ်ထင်တယ် .. ဒကာလေး အတိုက်အခိုက်ခံနေရတာအတော်ဆိုးတယ် .. ဟိုတစ်ခါ ဘုန်းဘုန်း ဒကာလေးကို အကာအကွယ်လုပ်ပေးခဲ့တယ်လေ.."
"တပည့်တော်ကို အကာအကွယ်လုပ်ပေးထားတာ တပည့်တော် သိတောင်မသိလိုက်ရပါလား ဘုရား.."
"ဟိုတစ်ခါ ဒကာလေးကို ဝိညာဉ်ခြောက်လှန့်ကတည်းက ဘုန်းဘုန်း အကာကွယ်လုပ်ပေးခဲ့သေးတယ် .. ဒကာလေး မင်္ဂလာဆောင်သွားတုန်းကတောင် အမျိုးသမီးတစ်ဦး သွေးတွေအလိုလိုကျလာတယ်ဆို.."
"တင်ပါ့ .. ဟုတ်တယ်ဘုရား .. တပည့်တော်မှတ်မိပြီ အဲ့တုန်းက ဘာလို့ဖြစ်တာလဲဆိုတာကို နားမလည်နိုင်ရှိနေတာ .. ဘုန်းဘုန်းရဲ့ အကာအကွယ်အစီအမံကြောင့်လား ဘုရား .."
"အိမ်း .. ဟုတ်တယ် .. လောကီအရေးကိစ္စတွေ ဘုန်းဘုန်းအရင်က ၀င်မပါတတ်ပေမယ့် ဘုန်းဘုန်း တီဗီသတင်းတွေမှာ အဲဒီမင်္ဂလာပွဲအကြောင်းနဲ့ ဒကာလေးက အဲဒီ ဒကာကြီးခန့်ထည်နဲ့က ချစ်သူတွေလိုမျိုး တွဲခဲ့ကြတယ်ဆိုတာ ကြည့်ခဲ့ရတယ် .. ဒကာလေးကို အဓိက တိုက်ခိုက်နေတာ သူပဲလို့ ဘုန်းကြီးထင်တယ် ဒကာလေး .."
"ဘယ်လို .. ကိုကိုက အဲလေ ကိုခန့်ထည်က တပည့်တော်ကို အတိုက်အခိုက်လုပ်တယ် .. ဟုတ်လား .. ဘာကြောင့်မို့ အဲလိုပြောနိုင်ရတာလဲ.."
"ဒကာလေးကို အခု ခါးပြတ်နေတဲ့ ဝိညာဉ်က ဖောက်ပြန်နေပါတယ်ဆိုပြီး စွပ်စွဲနေတယ်မဟုတ်လား .. သူနဲ့မပတ်သတ်တာကောင်းပါတယ် ဒကာလေး .. "
"တင်ပါ့... တပည့်တော်လည်း ကိုခန့်ထည်က မှော်ဆရာဆိုတဲ့ စကားသံမျိုးကို ဟိုးအရင်က မီးခိုးရောင်အခိုးအငွေ့တွေ မြင်မိတုန်းက တစ်ခါကြားရဖူးတယ် ဘုရား .."
"ဘုန်းဘုန်း လောကီအရေးတွေမှာတော့ ၀င်မပါချင်ပါဘူး .. ဒါပေမယ့် ဘုန်းဘုန်းက ဒကာလေးတို့ကိစ္စကို ကူညီပေးရင် ဟိုပရလောကသားက ဘုန်းဘုန်းကို တစ်ခုခုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ တစ်ခုခု အခြေနေဆိုးတာတွေ ဖြစ်လာမစိုးလို့ သတိပေးတာပါ .. "
"တင်ပါ့"
"ကဲ ဘုန်းဘုန်း ကျိန်းတော့မယ် ဒကာကြီး .. ဖုန်းချပြီနော်"
ဆရာတော်က ဒီစကားများကိုပြောပြီး ဖုန်းချသွားသည်။ ဘေးမှ ဘုန်းပိုင်ကလည်း အံ့ဩနေသလို မျက်လုံးအဝိုင်းသားနဲ့ ကျွန်တော့်ကို ထိုင်ကြည့်နေရင်း စိတ်ပူနေသည့် ပုံစံလေးနှင့်လှမ်းပြောသည်။ ဘုန်းပိုင်စကားသံတို့က ကတုန်ကယင်ဖြစ်နေသဖြင့် သူစိတ်ပူနေသည်မှာ သိသာလှသည်။
"အစ်ကို အဆင်ပြေရဲ့လားဟင် .. တစ်ခုခုဖြစ်နေတယ်မဟုတ်လား.."
"ဟာ.. မဟုတ်တာ .. ညီကလည်း အစ်ကို အဆင်ပြေပါတယ်.."
ဘုန်းပိုင်စိတ်ပူမှာစိုးသဖြင့် ကျွန်တော်ကညာပြောလိုက်သည်။ ဘုန်းပိုင်က မကျေနပ်သေးပဲ ကျွန်တော့်လက်ကလေးကို ဆုပ်ကိုင်ရင်း ကျွန်တော့်မျက်လုံးတွေကို စေ့စေ့ကြည့်ကာဆက်ပြောသည်။
"အစ်ကိုမလိမ်နဲ့ အစ်ကိုလိမ်နေတယ်ဆိုတာ ညီလေးသိတယ် .. ခုန အစ်ကိုဖုန်းပြောနေတုန်းက အတိုက်အခိုက်ဆိုတဲ့အသံ ညီကြားလိုက်တယ် ...
ညီလေးနဲ့အစ်ကို ... တွဲကြရအောင်လေ .. အစ်ကိုဘာအခက်အခဲပဲရှိရှိ ဘာအတိုက်အခိုက်ပဲရှိရှိ ညီလေးတို့ အတူလက်တွဲပြီး ဖြေရှင်းရအောင်လေ .."
"ညီ ဒါ ဒါပေမယ့် ... အစ်ကိုအသည်းကွဲထားတာ မကြာသေးတော့ ထပ်ချစ်ဖို့က ..."
ကျွန်တော့်စကားမဆုံးခင်မှာပဲ ဘုန်းပိုင်က သူ့ရဲ့ နှုတ်ခမ်းဖူးရဲရဲလေးများနှင့် ကျွန်တော့်နှုတ်ခမ်းကို ပိတ်နမ်းလိုက်သည်။ ဘုန်းပိုင်ရဲ့ နူးညံ့သောနှုတ်ခမ်းအထိအတွေ့နှင့် အနမ်းများကြားမှာ ကျွန်တော့်စိတ်တွေ မထိန်းနိုင်တော့ပဲ ဘုန်းပိုင်၏ အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေး ပြန်နမ်းပေးလိုက်ရင်း နှုတ်ခမ်းချင်းခွာကာ ဘုန်းပိုင်၏ပါးလေးကို အကြောင်းပြချက်မရှိ ပွတ်သပ်ပေးနေမိပြီး ပြုံးပြမိသည်။
ပွင့်ပွင့်လင်းလင်း၀န်ခံရရင်တော့ ဘုန်းပိုင်နှင့်နမ်းလိုက်သော တခဏလေးအတွင်းမှာပင် ရင်ထဲကအပူအပင်တွေ အကုန်လွင့်စင်သွားသလိုပင်။ ကျွန်တော်က ဘုန်းပိုင်ရဲ့ ပါးလေးကို ဖွဖွလေးကိုင်ထားရင်း မျက်နှာချင်းဆိုင်ပြုံးပြနေမိဆဲဖြစ်သလို ဘုန်းပိုင်က သူ့ပါးကို ဆုပ်ကိုင်ထားသော ကျွန်တော့်လက်လေးကို ပြန်ကိုင်လိုက်ပြီး -
"ရဲရဲကြီးပြောချလိုက်ပါ အစ်ကို .. ညီလေးကို ချစ်တယ်ဆိုတာ .. အစ်ကို့ပါးစပ်က ချစ်တယ်ဆိုတာ မပြောပေမယ့် အစ်ကို့အနမ်းတွေက မညာတတ်ဘူး .. အစ်ကို ညီ့ကို ချစ်တယ်ဆိုတာကို ဖော်ပြနေတယ်.."
"ဘယ်လို .. ဘာလဲ ညီ့မှာက တစ်ချက်အနမ်းခံလိုက်တိုင်း တကယ်ချစ်မချစ်သိနိုင်စွမ်းရှိတာလား .. အစ်ကိုက ညီ့ကို ချစ်လို့မဟုတ်ပဲ တဏှာစိတ်နဲ့ ပြန်နမ်းတာကော မဖြစ်နိုင်ဘူးလား.."
"ဘယ်လိုသိလဲ သိချင်လား .. အစ်ကိုညီ့ကို ပြန်နမ်းကြည့်"
"ဘယ်လို .. ဘာလဲ လူလည်ကြီးလုပ်တာလား..အစ်ကို့အနမ်းတွေကို ထပ်သိမ်းပိုက်ဦးမလို့လား"
"နမ်းကြည့်ပါဆို .. ထပ်နမ်းပြရင် ညီဘယ်လိုသိသလဲ ပြန်ပြောပြမယ် ..."
"ဂျင်းမထည့်ရဘူးနော် .. တကယ်ပြောပြရမှာနော်..."
"အော် .. တကယ်ပါဆို .."
"ကတိ.."
Advertisement
"အင်း .. ကတိ"
ဒီတစ်ခါလည်း ခုနလိုပဲ ကျွန်တော် ဘုန်းပိုင်ရဲ့ အောက်နှုတ်ခမ်းလေးကို ဖွဖွလေးမထိတထိလေးနမ်းလိုက်ကာ နှုတ်ခမ်းသားချင်းလေး ဘေးတိုက်လေး ပွတ်သပ်ပေးလိုက်ပြန်သည်။
"ဟုတ်တယ် .. အနမ်းတွေက ပြောနေတယ် .. အစ်ကိုက ညီလေးကိုချစ်ပါတယ်တဲ့.."
"ဟ .. သေချာလှချည်လား.. ကတိအတိုင်းပြောပြ ဘာလို့ထင်လဲဆိုတာ..."
"အစ်ကို့အနမ်းတွေက ရမ္မက်မဆန်ဘူး .. လူတစ်ယောက်က ကြောင်လေးတစ်ကောင်ကို နမ်းသလိုအနမ်းမျိုးလေး .. ရမ္မက်တွေဆန်ပြီး ကမူးရှူးထိုးအနမ်းပုံစံမျိုးမဟုတ်ဘူး .. အဲ့ကတည်းကိုက အစ်ကို ညီလေးအပေါ် ရမ္မက်ကြောင့်နမ်းတာမဟုတ်ဘူးဆိုတာ သိတာ ...
ဒုတိယအချက်ကတော့ အစ်ကို့နှုတ်ခမ်းကို ညီလေး နှုတ်ခမ်းနဲ့ ရိုးရိုးလေးပိတ်လိုက်တာကို အစ်ကိုက ညီလေးကို ပြန်နမ်းတယ်လေ .. အဲဒါက ညီလေး ဆွဲဆောင်မှုမှာ အစ်ကို ရုန်းမရဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ ဟဲဟဲ...
ဘယ်လိုလဲ ချစ်တာကို ၀န်ခံပြီလား .."
"ဟို ... ဟို"
"အစ်ကိုကလည်း ရှက်မနေပါနဲ့ .. အခု အစ်ကိုစိတ်ညစ်နေတာတွေအကုန်တောင် ညီလေးနမ်းလိုက်တာ ဘာမှစိတ်ညစ်စရာမရှိတော့သလိုဖြစ်သွားတယ်မလား .. ညီလေး အစ်ကို့ကို ကာကွယ်ပေးသွားမှာပါ အစ်ကိုရဲ့ .. ဘယ်လိုပြဿနာဖြစ်ဖြစ်၊ ဘယ်လိုအခက်အခဲဖြစ်ဖြစ် ညီလေး အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး အမြဲမားမားမတ်မတ်ရှိနေမှာ ညီလေး ကတိပေးတယ်..."
အမှန်တိုင်း၀န်ခံရရင်တော့ ကျွန်တော်လည်း ဘုန်းပိုင်ကို သံယောဇဉ်ဖြစ်နေမိပြီဖြစ်သည်။ ချစ်နေသည်လားတော့ ခွဲခြားမရ။ နောက်ပြီး ကိုကိုခန့်ထည်ကို ချစ်ခဲ့သည့်စိတ်ထက် ကြောက်သည့်စိတ်က ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။ ကြောက်စရာ ပရလောကသားများ၊ အတိုက်အခိုက်များမှ ကာကွယ်ရန် ကိုခန့်ထည်ထံမှ တတ်နိုင်သလောက်ဝေးဝေးနေပြီး မေ့ပစ်ရမည်ဖြစ်သည်။
ခုလိုမျိုးလေးမပျော်ရတာပင် အတော်အတန်ကြာနေပြီဖြစ်ပြီး ဘုန်းပိုင်ရဲ့ အနမ်းတွေ အထိတွေ့တွေကြားမှ ကျွန်တော်ပျော်မွေ့လာခြင်းဖြစ်သောကြောင့် ဘုန်းပိုင်ကိုသာ တစ်သက်လုံးလက်တွဲရန် ဆုံးဖြတ်လိုက်ပါတော့သည်။
"အင်း .. အ့ဆို အစ်ကိုလည်း ချစ်တယ် ညီ .. နောက်မိန်းမယူတာတွေ ထားသွားတာတွေ မလုပ်ရဘူးနော် .. အစ်ကိုက အရမ်းသ၀န်တိုတတ်တာ"
"ဒါဆို ညီတို့ ခုပဲ လက်ထပ်ကြမလား"
"ဘယ်လို .. ဒီမှာ LGBT မှ လက်ထပ်လို့မရသေးတာ.."
"ဟုတ်ဘူး ညီလေးပြောချင်တာက လက်ထပ်တယ်ဆိုတာက ဟိုဒင်းဟိုဟာ .. ဟိုလိုလေ..."
"ဘာလဲ ညီက အစ်ကိုနဲ့ အခုကို အတူနေပစ်ချင်ပြီလား .."
"ဟုတ် .. အစ်ကို့အတွက်တော့ ဒါက first time မဟုတ်ပေမယ့် ညီ့အတွက်တော့ first time မို့ လက်ထပ်တယ်လို့ သုံးတာပါ .. ညီ့ခန္ဓာက အစ်ကိုတစ်ယောက်တည်း အပိုင်ပါ .. အစ်ကို ညီလေးကို ကြိုက်သလိုလုပ်ပါ .. ကြိုက်သလို သုံးဆောင်ပါဗျ..."
ဘုန်းပိုင်က ပြောရင်းဆိုရင်း သူ့မျက်လုံးလေးကို မှိတ်ထားရင်းနှုတ်ခမ်းလေးဆူပြထားရာ ကျွန်တော်လည်း အူယားလွန်းသဖြင့် ဘုန်းပိုင် တစ်ကိုယ်လုံးပေါ်သို့ အနမ်းမိုးများရွာရင်း ချစ်စကားများ သင်စရာပင်မလိုပဲ ဆက်တိုက်ပင်ပြောလာမိပါတော့သည်။
"ဒီကလေးတော့ အစ်ကို့ဆီကနေ အမှတ်တွေယူနေပြန်ပြီ .. ကဲ ချွတ်.. ချွတ် ... ချွတ်လို့..."
ကျွန်တော်က မီးပိတ်လိုက်ပြီး ကျွန်တော်တို့နှစ်ဦးသား ကုတင်ပေါ်မှာ လုံးထွေးသွားပါတော့သည်။
ထိုညတွင် ကျွန်တော်အရမ်းပျော်ရွှင်ခဲ့ရပြီး နောက်ဘာပြဿနာများ ထပ်ဖြစ်လာနိုင်မည်လဲဆိုသည်ကိုပင် မေ့လျော့နေမိပါတော့သည်။
အပိုင်း(၁၄)ဆက်ရန်
Own Feeling @ 2022 by
Auro Karshine
(Zawgyi)
အပိုင္း(၁၃) : အႏၲရာယ္အစ
ၿမိဳ႕ျပင္ရွိ႐ြာတစ္ခုတြင္ရွိေသာ ေတာေက်ာင္းေလးတြင္ျဖစ္သည္။
သန္းေခါင္ယံအခ်ိန္တြင္ ဘုန္းႀကီးတစ္ပါးက ေက်ာင္းထဲတြင္ တစ္ပါးတည္း တရားက်င့္လ်က္ရွိေနသည္။
ထိုအခိုက္တြင္ ေက်ာင္းအျပင္မွ တစ္စုံတစ္ခုက ခႏၶာကိုယ္ တ႐ြတ္တိုက္ဆြဲရင္း သြားေနသည္ကို ထို ဘုန္းႀကီးက သတိျပဳမိလိုက္သည္။
ဘုန္းႀကီးသည္ တရားထိုင္ေနရင္းမွ သူ၏မ်က္လုံးကို ဆတ္ကနဲဖြင့္လိုက္ၿပီး -
"ဟိတ္ ဘုန္းႀကီးေက်ာင္းနားထိ ဘာလို႔ကပ္လာတာလဲ ... အတင့္ရဲလွခ်ည္လား ..
ေဒါသေတြမ်ားေနပုံေထာက္ရင္ေတာ့ အမွ်လိုခ်င္လို႔မဟုတ္ေလာက္ဘူး.."
ဟု ေျပာလိုက္သည္။
အျပင္ဘက္မွ ထိုအရာႀကီးက ေက်ာင္းအနီးနားသို႔ ေရာက္သည္ထိပင္ ျပတ္ေနသာ သူ၏ ခါးႀကီးကို တ႐ြတ္တိုက္ဆြဲလာသည္။ ထိုခါးတစ္ပိုင္းျပတ္ ဝိညာဥ္က ဘုန္းႀကီးေက်ာင္းရွိရာေနရာကို မ်က္ႏွာမူလိုက္ၿပီး -
"ဘုန္းႀကီးက ဘုန္းႀကီးေနရာမွာပဲေန .. ဘာအမွ်အတန္းမွ မလိုခ်င္ဘူး .. ေသာ္က ကို ဘုန္းႀကီးေစာင့္ေရွာက္ေနလို႔ က်ဳပ္တို႔ ဘာအလုပ္မွ လုပ္လို႔မရဘူး .. ေသာ္က ဟာ မၾကာခင္ မေသမ်ိဳးျဖစ္လာေတာ့မွာ .. ဘုန္းႀကီးခုလိုေႏွာင့္ယွက္ေနရင္ ဘုန္းႀကီးက က်ဳပ္တို႔အတြက္၀န္ထုပ္၀န္ပိုးျဖစ္ေနရင္ ဘုန္းႀကီး အသက္အႏၲရာယ္ကို အာမ မခံႏိုင္ဘူးေနာ္"
ဟုေျပာလိုက္သည္။
"အမယ္ .. ငါ့ေက်ာင္း၀င္းတစ္လက္မကိုေတာင္ ေျခမခ်ႏိုင္တဲ့ ပရေလာက သားကမ်ား ငါ့ကို ၿခိမ္းေျခာက္ေနတာပဲ .. ေလာကႀကီးမွာ အရာအားလုံးက ျဖစ္ပ်က္သေဘာအတိုင္းတည္ရွိေနတာကို ဘာေၾကာင့္ မေသမ်ိဳးျဖစ္ခ်င္ေနၾကတာလဲ .. အသက္ရွည္႐ုံကလြဲရင္ အၿမဲတည္ရွိႏိုင္မွာလဲမဟုတ္ပဲနဲ႔ .."
ဘုန္းႀကီးက အျပင္သို႔သာ လွမ္းေျပာလိုက္ေသာ္လည္း ထိုခါးတစ္ပိုင္းျပတ္ဝိညာဥ္ႀကီး ဘုန္းႀကီးေက်ာင္းေရွ႕မွာရွိေနသည့္အတြက္ ေအးစိမ့္းစိမ့္ ေလေအးတို႔က ျပင္းထန္စြာပင္ ေက်ာင္းထဲကို တိုးေဝွ႔တိုက္ခတ္လာသည္။
ဘုန္းႀကီးက ေက်ာင္းျပတင္းေပါက္ကေန အျပင္ကို လွမ္းေမွ်ာ္ၾကည့္မိေတာ့ ခါးတစ္ပိုင္းျပတ္ေနေသာ ပုံရိပ္ႀကီးက သူ႔ကို မ်က္ေထာင့္နီႀကီးႏွင့္ စိုက္ၾကည့္ေနသည္ကိုေတြ႕ရသည္။ ထိုခါးတစ္ပိုင္းျပတ္ဝိညာဥ္ႀကီးသည္ ဘုန္းႀကီးကို ျမင္ေသာ္ ေစ့ေစ့ပင္မ်က္လုံးခ်င္းဆိုင္ကာ ၾကည့္လိုက္ၿပီး -
"က်ဳပ္တို႔သိပ္မၾကာခင္ ေသာ္က ကို မေသမ်ိဳး မျဖစ္ျဖစ္ေအာင္ေျပာင္းမွာမို႔ လာမေႏွာင့္ယွက္ဖို႔ သတိေပးတာပါ .. အဲဒါကိုမွ ဘုန္းႀကီးက ဆက္ၿပီး ေႏွာင့္ယွက္ေနမယ္ဆိုရင္ ဒီေက်ာင္းနဲ႔ ဘုန္းႀကီးရဲ႕ လုံၿခဳံေရးကို အာမ မခံဘူး .."
ဟုေျပာတာ ခါးကို တ႐ြတ္တိုက္ဆြဲၿပီး အေဝးသို႔သာ တေ႐ြ႕ေ႐ြ႕ထြက္သြားပါေတာ့သည္။
ဘုန္းႀကီးသည္ ထို ဝိညာဥ္အေဝးသို႔ တျဖည္းျဖည္းခ်င္း တေ႐ြ႕ေ႐ြ႕ေပ်ာက္ကြယ္သြားသည္အထိ လွမ္းေမွ်ာ္ကာၾကည့္ၿပီးေနာက္တြင္ေတာ့ သက္ျပင္းကိုသာ တြင္တြင္ခ်ရင္း -
"ဟူး .. ျပႆနာေတြက ထင္ထားတာထက္ပိုၿပီး ရႈပ္ေထြးလာေတာ့မွာပဲ ဒကာေလး ေသာ္က ကို မနက္မွဖုန္းဆက္ၿပီး သတိေပးရေတာ့မယ္"
ဟုသာ တစ္ကိုယ္တည္း တီးတိုးေရ႐ြတ္ကာ ေက်ာင္းတြင္းသို႔သာ ျပန္လည္၀င္ေရာက္သြားပါေတာ့သည္။
×××××
ကြၽန္ေတာ့္ပတ္၀န္းက်င္တစ္ခုလုံးမွာ အေမွာင္ထုက ႀကီးစိုးေနၿပီး ကြၽန္ေတာ္ရပ္ေနေသာ ေျမႀကီးကိုပင္ ကြၽန္ေတာ္မျမင္ရ။
ကြၽန္ေတာ္ကပဲ မ်က္စိမျမင္ရေတာ့တာလား။ အရာအားလုံးကပဲ ေမွာင္မိုက္ေနတာလားဆိုသည္ကိုပင္ မသည္းကြဲေတာ့။
ကြၽန္ေတာ့္အေနာက္တြင္ ႐ုတ္တရက္ဆိုသလို ခါးတစ္ပိုင္းျပတ္ႀကီး တ႐ြတ္တိုက္ဆြဲလာေသာ အသံႀကီး ၾကားလိုက္ရၿပီး ကြၽန္ေတာ့္ တစ္ကိုယ္လုံး ၾကက္သီးေမြးညႇင္းမ်ားထသြားသည္။
"ေသာ္က ... မင္းက ေဖာက္ျပန္တဲ့ေကာင္
မင္းကိုငါ ဒဏ္ခတ္ရမယ္ ... "
ထိုအသံႀကီးကို ႐ုတ္တရက္ၾကားၿပီးေနာက္ ကြၽန္ေတာ့္မသိစိတ္က ကြၽန္ေတာ့္ကို "ေျပး" ဆိုၿပီး သတိေပးလိုက္ၿပီး ကြၽန္ေတာ္အေမွာင္ထဲမွာ ထြက္ေျပးေနမိသည္။
အေနာက္တြင္ ခါးျပတ္ႀကီး တ႐ြတ္တိုက္လာသံမ်ားကို အဆက္မျပတ္ၾကားေနရေသာေၾကာင့္ ခါးျပတ္ဝိညာဥ္ႀကီးက ကြၽန္ေတာ့္ေနာက္ကို ထပ္ၾကပ္မကြာလိုက္ေနသည္ကို သတိထားမိလိုက္သည္။
ေျပးသာေျပးေနရေသာ္လည္း ပတ္၀န္းက်င္တစ္ခုလုံးက ေမွာင္မည္းေနသျဖင့္ စမ္းတဝါးဝါးႏွင့္ ေျပးေနရသလိုသာရွိသည္။
တတ္ႏိုင္သမွ် အျမန္ေျပးေနမိေသာ္လည္း ခါးျပတ္ႀကီးတ႐ြတ္တိုက္သံမ်ားက ကြၽန္ေတာ္ရွိရာဆီသို႔ နီးသထက္ပင္ နီးလို႔လာသည္။ လူသည္ ေမာလြန္းလွေသာ္လည္း ေျပးရင္းႏွင့္
"ငါမေဖာက္ျပန္ဘူး .. ကိုကို ေဖာက္ျပန္တာ ..
ငါမေဖာက္ျပန္ဘူး .. ကိုကို ေဖာက္ျပန္တာ .."
ဟုသာ ဆက္တိုက္႐ြတ္ဆိုေနမိသည္။ တကယ္တမ္းအရင္ေဖာက္ျပန္တာက ကိုကို ဆိုေပမယ့္ ဟိုေန႔က ကြၽန္ေတာ္နဲ႔ ဘုန္းပိုင္ လိင္ဆက္ဆံမိလုနီးနီးျဖစ္ခဲ့သျဖင့္ ကိုယ့္ကိုယ္ကိုေတာ့ လိပ္ျပာမလုံမိပါ။ ထိုေန႔က ပရေလာက အေႏွာင့္အယွက္သာ မေရာက္လာခဲ့ရင္ ကြၽန္ေတာ္နဲ႔ဘုန္းပိုင္တို႔ႏွစ္ဦးသား လိင္ကိစၥမ်ား အဆုံးစြန္ထိပင္ေရာက္ႏိုင္သည္။ ထိုအခိုက္တြင္ အလြန္က်ယ္ေလာင္ေသာ အသံႀကီးတစ္ခုကို ပဲ့တင္ထပ္ေအာင္ၾကားလာရသည္။
"အစ္ကို .. အစ္ကို႔.. အဆင္ေျပရဲ႕လား"
ထို အသံမွာ ဘုန္းပိုင္၏အသံပင္ျဖစ္ေသာ္လည္း အရာအားလုံးက ေမွာင္မိုက္ေနသျဖင့္ ဘာဆိုဘာမွ မျမင္ရ။
"ဘုန္းပိုင္ ... ညီေလး .. အစ္ကို႔ကို ကယ္ပါ .. အစ္ကိုေၾကာက္တယ္ .. အစ္ကိုေၾကာက္တယ္"
အသံၾကားရာဆီသို႔မွန္းဆကာ အကူအညီေတာင္းမိေသာ္လည္း လူကိုေတာ့မေတြ႕ရ။
ဘယ္နားမွန္းလဲမသိ။
ဘုန္းပိုင္၏ အသံတို႔က ေကာင္းကင္ယံမွလာေနျခင္းျဖစ္သည္။
ထိုအခိုက္တြင္ ခါးျပတ္တ႐ြတ္တိုက္သံႀကီးက ကြၽန္ေတာ္ႏွင့္ အရမ္းပင္နီးကပ္လာကာ ကြၽန္ေတာ့္ေျခေထာက္ကို လက္ေအးေအးႀကီးတစ္ခုက ဖတ္ခနဲ ဆုပ္ကိုင္လိုက္သည္ကို ခံစားမိလိုက္ပါေတာ့သည္။
ကြၽန္ေတာ္အသိစိတ္ျပန္၀င္လာေတာ့ ပတ္၀န္းက်င္တစ္ခုလုံးအလင္းေရာင္မ်ား ျပန္ေပၚလာသည္။
ကြၽန္ေတာ္အိပ္မက္မက္ေနျခင္းျဖစ္ၿပီး ဘုန္းပိုင္၏အခန္းထဲတြင္ ေရာက္ေနျခင္းျဖစ္သည္။ ကြၽန္ေတာ့္တစ္ကိုယ္လုံး ေခြၽးေစးမ်ား႐ႊဲစိုေနကာ ဘုန္းပိုင္က စိတ္ပူေနေသာ မ်က္လုံးမ်ားနဲ႔ ကြၽန္ေတာ့္ကို စိုက္ၾကည့္လိုက္ ေခြၽးသုတ္ေပးလိုက္နဲ႔လုပ္ေနသည္။
ကြၽန္ေတာ္ႏိုးလာတာျမင္ေတာ့ သူ႔ရဲ႕စိတ္ပူေနတဲ့မ်က္ႏွာေလး သိသိသာသာ တက္ႂကြလာသလိုျဖစ္လာတာကို သတိထားမိလိုက္သည္။
ဘုန္းပိုင္က အလိုက္တသိပင္ ေရတစ္ခြက္ကို အျမန္ခပ္လာေပးသျဖင့္ ကြၽန္ေတာ္ေရကိုယူေသာက္လိုက္သည္။ ဘုန္းပိုင္က tissue စကၠဴေလးျဖင့္ ကြၽန္ေတာ့္မ်က္ႏွာကို သုတ္ေပးေနရင္းေျပာသည္။
"အစ္ကို ဟိုအိပ္မက္ေတြမက္ေနျပန္ၿပီလား .. ညီေလး အစ္ကို႔ကိုစိတ္ပူတယ္.. "
"ဟူး .. ဟုတ္တယ္ မက္ေနက် အိပ္မက္လိုကိုပဲ ထပ္တလဲလဲျဖစ္ေနတာ . အစကေတာ့ စိတ္ဖိစီးလို႔ ထင္ေယာင္ထင္မွားျဖစ္ေနတယ္လို႔ ထင္မိေပမယ့္ အခုက တိုက္ဆိုင္တာေတြမ်ားေတာ့ သံသယရွိေနၿပီ"
ဘုန္းပိုင္က ကြၽန္ေတာ့္လက္ေမာင္းေလးကို သူ႔လက္ေခ်ာင္းသြယ္သြယ္ေလးေတြနဲ႔ ဆုပ္ကိုင္လိုက္ၿပီး -
"အစ္ကို .. မေၾကာက္နဲ႔ေနာ္ .. အစ္ကိုက ဘာႀကီးပဲျဖစ္ေနျဖစ္ေန .. ညီေလး အစ္ကို႔အနားမွာ အၿမဲရွိေနေပးမယ္."
ဟုသာေျပာရင္း အားေပးရွာသည္။
ထိုအခိုက္တြင္ ႐ုတ္တရက္ဆိုသလို ဖုန္း၀င္လာသျဖင့္ ဖုန္း ringtone သံေၾကာင့္ ကြၽန္ေတာ့္တစ္ကိုယ္လုံးတုန္ခနဲတက္သြားသည္။
ဘုန္းပိုင္က အလိုက္တသိပင္ ဖုန္းကိုယူလာၿပီး ျပသည္။
"အစ္ကို ဖုန္းလာေနတယ္ ကိုင္မွာလား .. ေမာေနရင္ မနက္မွကိုင္ခ်င္ကိုင္လိုက္ေလ"
ဖုန္းနံပါတ္ကို ကြၽန္ေတာ္ၾကည့္လိုက္ေတာ့ ဆရာေတာ္ဆီကနံပါတ္ျဖစ္ေနသျဖင့္ ကြၽန္ေတာ္ကိုင္လိုက္သည္။
"တင္ပါ့ဘုရား ဒီအခ်ိန္ႀကီး ဘာကိစၥရွိလို႔ပါလဲဘုရား"
"ဒကာေလးကိုယ္တိုင္က ပိုသိမယ္ထင္တယ္ .. ဒကာေလး အတိုက္အခိုက္ခံေနရတာအေတာ္ဆိုးတယ္ .. ဟိုတစ္ခါ ဘုန္းဘုန္း ဒကာေလးကို အကာအကြယ္လုပ္ေပးခဲ့တယ္ေလ.."
"တပည့္ေတာ္ကို အကာအကြယ္လုပ္ေပးထားတာ တပည့္ေတာ္ သိေတာင္မသိလိုက္ရပါလား ဘုရား.."
"ဟိုတစ္ခါ ဒကာေလးကို ဝိညာဥ္ေျခာက္လွန႔္ကတည္းက ဘုန္းဘုန္း အကာကြယ္လုပ္ေပးခဲ့ေသးတယ္ .. ဒကာေလး မဂၤလာေဆာင္သြားတုန္းကေတာင္ အမ်ိဳးသမီးတစ္ဦး ေသြးေတြအလိုလိုက်လာတယ္ဆို.."
"တင္ပါ့ .. ဟုတ္တယ္ဘုရား .. တပည့္ေတာ္မွတ္မိၿပီ အဲ့တုန္းက ဘာလို႔ျဖစ္တာလဲဆိုတာကို နားမလည္ႏိုင္ရွိေနတာ .. ဘုန္းဘုန္းရဲ႕ အကာအကြယ္အစီအမံေၾကာင့္လား ဘုရား .."
"အိမ္း .. ဟုတ္တယ္ .. ေလာကီအေရးကိစၥေတြ ဘုန္းဘုန္းအရင္က ၀င္မပါတတ္ေပမယ့္ ဘုန္းဘုန္း တီဗီသတင္းေတြမွာ အဲဒီမဂၤလာပြဲအေၾကာင္းနဲ႔ ဒကာေလးက အဲဒီ ဒကာႀကီးခန႔္ထည္နဲ႔က ခ်စ္သူေတြလိုမ်ိဳး တြဲခဲ့ၾကတယ္ဆိုတာ ၾကည့္ခဲ့ရတယ္ .. ဒကာေလးကို အဓိက တိုက္ခိုက္ေနတာ သူပဲလို႔ ဘုန္းႀကီးထင္တယ္ ဒကာေလး .."
"ဘယ္လို .. ကိုကိုက အဲေလ ကိုခန႔္ထည္က တပည့္ေတာ္ကို အတိုက္အခိုက္လုပ္တယ္ .. ဟုတ္လား .. ဘာေၾကာင့္မို႔ အဲလိုေျပာႏိုင္ရတာလဲ.."
"ဒကာေလးကို အခု ခါးျပတ္ေနတဲ့ ဝိညာဥ္က ေဖာက္ျပန္ေနပါတယ္ဆိုၿပီး စြပ္စြဲေနတယ္မဟုတ္လား .. သူနဲ႔မပတ္သတ္တာေကာင္းပါတယ္ ဒကာေလး .. "
"တင္ပါ့... တပည့္ေတာ္လည္း ကိုခန႔္ထည္က ေမွာ္ဆရာဆိုတဲ့ စကားသံမ်ိဳးကို ဟိုးအရင္က မီးခိုးေရာင္အခိုးအေငြ႕ေတြ ျမင္မိတုန္းက တစ္ခါၾကားရဖူးတယ္ ဘုရား .."
"ဘုန္းဘုန္း ေလာကီအေရးေတြမွာေတာ့ ၀င္မပါခ်င္ပါဘူး .. ဒါေပမယ့္ ဘုန္းဘုန္းက ဒကာေလးတို႔ကိစၥကို ကူညီေပးရင္ ဟိုပရေလာကသားက ဘုန္းဘုန္းကို တစ္ခုခုလုပ္မယ္ဆိုၿပီး ၿခိမ္းေျခာက္လို႔ တစ္ခုခု အေျခေနဆိုးတာေတြ ျဖစ္လာမစိုးလို႔ သတိေပးတာပါ .. "
"တင္ပါ့"
Advertisement
- In Serial526 Chapters
Eternal Melody
“I will do anything to reach the truth.”
8 539 - In Serial48 Chapters
Bonded | Kylo Ren x Reader |
Read Warnings: Ever since Luke Skywalker took you to train at his Jedi Temple, you have become close to a particular young man by the name of Ben Solo. One night, tragedy strikes and you are thrown into an unknown world all alone. That is, until the Force bonds you to a masked stranger. Warnings:LanguageHeavy/Intense SmutViolenceSexual SituationsThe rest is TBD
8 665 - In Serial26 Chapters
Beautiful ➳ Neil Perry.
based on the 1989 film 'dead poets society', a neil perry love story.
8 205 - In Serial22 Chapters
Just another exploration video (Solby)
"I want to notify all of you who watched this video, in no way was this faked, or-or just a joke! I-I wish it was a joke! But after what we saw there, I'm sorry, but I am never EVER making another 3am challenge video nor am I EVER doing any more exploring videos, and lastly, don't ever go to this place! I repeat, never go there, for your own safety... Watch this video with the full knowledge that this is real, thank you".
8 143 - In Serial20 Chapters
Dark Saviour ✔
★BOOK #6 in the DARK SERIES★Zero was the most formidable alpha who dominated the world by using her intelligent skills and strong heart. Anyone that thought they could overrule her word was mistaken. No one and nothing stood in this alpha's way. No one told her what to do... No one ever dared. She was a force to be reckoned with and the whole world knew that, especially her enemies. Zero was her own leader and her own law. She wasn't any myth like some believed... the legend amongst wolves was real and undeniably dangerous. So, this begs the question of who stood a chance to mark Zero as their mate? Severin Salvatore, the son of a powerful businessman laid his eyes on Zero at a party and he knew that he had to have her. However, she wasn't going to come to him easily like everything always did. Severin realized quickly that his good looks, prestigious status or even his charming smile had no effect on her, he'd have to use different methods to win her heart. The influence he had on others was nothing compared to what she carried herself with. Although, that didn't scare him. He was ready to face the challenge and make the world's infamous hero his mate.However, an enemy that stayed hidden in the shadows for decades finally decided to emerge. Reaper has come to New York with a vendetta and it's to kill Zero. How will Zero face this enemy? Will she be able to save the city from Reaper's wrath? Or does a sacrifice need to happen, in order to, stop the madness in Reaper? But as an enemy appears, so does a new comrade for Zero. What will happen to them now?
8 159 - In Serial9 Chapters
For Your Sake (Complete)
Two star-crossed lovers and one ugly secret. The battle of wills, where one is hell-bent on letting go and another is determined to stick together in the face of adversities. A story of love, tears, and hope.
8 113

