《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၁၄) : သုံးပွင့်ဆိုင်ဆက်ဆံမှု
Advertisement
(Unicode) အပိုင်း(၁၄) : သုံးပွင့်ဆိုင်ဆက်ဆံမှု
"အစ်ကို့ မလုပ်နဲ့တော့ ညီလေး နာတယ် .. အား .. နာတယ် လို့ဆို ."
"ဟော ခုတော့ နာပြီတဲ့လား ပြောတော့ ညီပဲ အစ်ကို့ ကိုချစ်တယ်ဆို .."
ကျွန်တော်က အပေါ်ကနေရင်း ဘုန်းပိုင်ရဲ့ ပါးလေးကို နမ်းရင်းပြောလိုက်သည်။
"ကဲ အဲဒါဆို .. တကယ်ကြီး ဆက်မလုပ်ရတော့ဘူးလား ပြော"
"အာ .. အစ်ကိုကလည်း ..."
ကျွန်တော်က ဘုန်းပိုင်မျက်နှာလေးကိုကြည့်ပြီး အူယားလွန်းလှသဖြင့် သူ့မျက်နှာပေါ်မှာ အနမ်းမိုးတွေ ရွာချလိုက်သည်။ ပြီးနောက်တွင်တော့ ဘုန်းပိုင်ရဲ့ တင်ပါးလေးကို လက်ကလေးနဲ့ ဖျစ်ညှစ်လိုက်ရင်းပြောလိုက်သည်။
"ကဲ ညီ နာတယ် ဆိုလည်း အစ်ကို ဆက်မလုပ်တော့ဘူးနော် .. "
"ဟီးဟီး အဲဒါကြောင့် အစ်ကို့ကိုချစ်တာ .. "
ဘုန်းပိုင်က ပြောပြောဆိုဆိုနှင့် သူ့ပေါ်မှာ ရှိနေသော ကျွန်တော့်ကို ကုတင်ပေါ်မှာတွန်းလှဲချလိုက်ပြီး သူက အပေါ်ကို တက်သွားရင်း အပေါ်ကနေ ကျွန်တော့်နှုတ်ခမ်းကို ရွှပ်ခနဲ တစ်ချက်နမ်းလိုက်ပြီးတော့ ပြောလိုက်သည်။
"ညီလေးနာလို့ အစ်ကိုပဲ အနာခံလိုက်တော့နော် .. လုပ်မယ်နော် ရတယ်မလား ဟဲဟဲ"
ဘုန်းပိုင်က ကျွန်တော့်အပေါ်ကနေတက်ပြီး စပ်ဖြီးဖြီးပြောတဲ့ ပုံစံလေးက ချစ်ဖို့ပင်ကောင်းလှသည်။ ဘုန်းပိုင် အောက်ပိုင်းနေရာတစ်ခုကို သေချာကိုင်ပြီး စတင်ဖို့ ပြင်ဆင်တုန်းမှာပဲ ကျွန်တော်တစ်စုံတစ်ခုကို သတိရသွားပြီး လှမ်းပြောလိုက်သည်။
"ညီ လုပ်လို့ရပါတယ် ... ဒါပေမယ့်.."
ကျွန်တော့်စကားတောင်ဆုံးအောင်နားမထောင်ပဲ ဘုန်းပိုင်က ပြန်ပြောသည်။
"ဘာလဲ အစ်ကိုက ဟိုလူကြီး ခန့်ထည်နဲ့ ဖြစ်ပြီးသားဆိုတာ ပြောမလို့မလား .. ညီလေး သိပြီးသားပါ အစ်ကိုရ .. ဟိဟိ .. ညီလေးရဲ့လူပျိုစင် first time လေးကို အစ်ကိုနဲ့ ဖြိုလိုက်တော့မယ်"
ဘုန်းပိုင်က ပြောရင်းဆိုရင်းနှင့် သူ့ညီလေးကိုသေချာကိုင်ကာ ကျွန်တော့်ထဲကို ထည့်ဖို့ ဆက်ကြိုးစားလိုက်သည်။
ဘုန်းပိုင်ပြောလိုက်တဲ့စကားထဲက "ဟိုလူကြီး ခန့်ထည်" ဆိုသောအသံက ကျွန်တော့်အာရုံထဲမှာ ပဲ့တင်ရိုက်သွားပြီး ခေါင်းထဲမှာ ကြေးစည်ထုခံရသလို မူးနောက်သွားကာ မျက်စိများ ပြာဝေလို့လာသည်။
ကျွန်တော့်အမြင်အာရုံများမှာလည်း လုံး၀ကို ဝေဝါးလို့သွားပြီး ကျွန်တော့်အပေါ်မှာ လွန့်လူးနေသော ဘုန်းပိုင်ကိုပင်သေချာမမြင်ရတော့။
ဘီလူးစီးခံရသည့်နှယ် ကျွန်တော့်တစ်ကိုယ်လုံး လှုပ်မရတော့ပဲ အမြင်အာရုံထဲမှာ မီးခိုးရောင်အခိုးအငွေ့များက ရစ်သိုင်းလာပြီး ကျွန်တော့်အပေါ်မှာရှိနေသောဘုန်းပိုင်ကို ခန့်ထည်အဖြစ်ပြောင်းလဲမြင်ယောင်လာမိပါတော့သည်။
အမှန်စင်စစ်တွင် ဘုန်းပိုင်သည် ကျွန်တော့်ကို အပေါ်မှနေ၍ ညှင်သာစွာဆက်ဆံနေသော်လည်း ကျွန်တော့်အမြင်အာရုံထဲတွင် မြင်နေရသည့် ခန့်ထည်ပုံရိပ်သည် ကျွန်တော့်ကိုအပေါ်မှတစ်ဆင့် ဒေါနှင့်မောနှင့် ဆက်ဆံရင်း -
"ငါကတော့ ဟိုမိန်းမနဲ့တောင်ကွာရှင်းပေးခဲ့တာကို မင်းကအခုဖောက်ပြန်တယ် မင်းကဖောက်ပြန်တဲ့ကောင်ပဲ .. ဖောက်ပြန်ချင်ဦးကွာ ဖောက်ပြန်ချင်ဦး"
ဟုပြောကာ ကျွန်တော့်ခန္ဓာကိုယ်ကို ဆောင့်ဆောင့်ချနေပြီး ရုတ်တရက်ဆိုသလို တစ်ချက်တစ်ချက်မှာ အလွန်အောင့်လှသည်။
"ညီဖောက်ပြန်တာမဟုတ်ဘူးလေ .. ကိုကို မိန်းမယူသွားလို့ ညီအသစ်ထားတာလေ .. ညီမှားလို့လား .."
ကျွန်တော်စိတ်ထဲကပြောလိုက်သော်လည်း ကျွန်တော့်အာရုံထဲက ခန့်ထည်က ကြားပြီး -
"ငါ အဲ့မိန်းမနဲ့ ဆက်တောင်မဆက်ဆံရသေးတာကို မင်းတို့ကအခု ဆက်ဆံနေကြပြီလေ .. ဖောက်ပြန်တဲ့ကောင် ရော့ ရော့"
ဟုပြောတာ ဆက်လုပ်နေပြန်သည်။
ကျွန်တော့်မျက်လုံးများကို မှိတ်ထားသော်လည်း ခန့်ထည်ရဲ့ ခပ်ကြမ်းကြမ်းဆောင့်ချက်တွေကြောင့် မျက်ရည်များပင်ကျလာသည်။ အခု ကျွန်တော့်ကို ဆက်ဆံနေသည်မှာ ဘုန်းပိုင်ကော ဟုတ်ရဲ့လားဆိုတာတောင် သံသယ၀င်လာမိသည်။
ပိုဆိုးသည်က တစ်ချက်ဆောင့်ခံလိုက်ရတိုင်း ဆောင့်ခံလိုက်ရတိုင်းတွင် ဟို ခါးပြတ်နေသောလူကြီးပုံရိပ်က တစ်ချက်တစ်ချက်ပေါ်လာပြီး ခါးပြတ်နေသောလူကြီးက ကျွန်တော့်ကို သွားကြီးဖြီးပြနေသည်။ ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်တာကြောင့် ပြုံးပြနေတာလားဆိုသည်ကိုတော့ သေချာမသိ။
ခန့်ထည်ရဲ့ ဆောင့်ချက်တွေကြောင့် အတန်ကြာနာကျင်ပြီးနောက်မှာ အရာအားလုံးငြိမ်ကျသွားသည်။ ကျွန်တော်လည်း ပြန်လှုပ်လို့ရပြီဖြစ်ပြီး အမြင်အာရုံများလည်းပြန်ကြည်လင်လာသည်။
ကျွန်တော့်အပေါ်မှာ ဘုန်းပိုင်ကိုပဲ ပြန်မြင်လာရပြီး ဘုန်းပိုင်ကလည်း ကျွန်တော့်ကိုကြည့်ကာ ပြုံးပြနေသည်။
"အစ်ကိုကလည်းနော် ညီလေးလုပ်တာ မကောင်းလို့လား ငြိမ်ငြိမ်ကြီးနေနေတာ .."
"အာ မဟုတ်ပါဘူး .. ကောင်းလွန်းလို့ အရာအားလုံးကိုတောင်မေ့သွားတာပါ ညီရ"
"အယ်"
ရုတ်တရက်ဆိုသလို ဘုန်းပိုင်မျက်နှာ ပျက်သွားတာကို သတိထားမိလိုက်သဖြင့် ကျွန်တော်မေးလိုက်သည်။
"ဟင် ဘာဖြစ်တာလဲ ညီ..."
"အနက်ရောင်တွေ.. "
"ဘယ်လို..."
"Sperm ကအနက်ရောင်တွေထွက်လာတာ"
ကျွန်တော် ရုတ်တရက် လန့်သွားပြီး ထကြည့်လိုက်တော့ ဘုန်းပိုင်ရဲ့ sperm တွေက တကယ့်ကို မည်းနက်လို့နေသည်။
ထိုအခိုက်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် မီးများက မှိတ်တုပ်မှိတ်တုပ်ပင်ဖြစ်လာပြီး နောက်ဆုံးတွင် မီးများအားလုံးပိတ်သွားကာ အရာအားလုံး မှောင်အတိကျသွားသည်။
"ဟည်းဟည်း .. ဟည်းဟည်း..."
အခန်းတစ်နေရာကနေ ညည်းသံတစ်သံက ရုတ်တရက်ထွက်လာပြီး တစ်စုံတစ်ခု တရွတ်ဆွဲလာသောအသံကြီး ထွက်ပေါ်လာသည်။
"အစ်ကို အဲဒါ သရဲလား .."
"မကြောက်နဲ့နော် ဘာမှမဖြစ်ဘူး"
ဘုန်းပိုင်လန့်နေမှာစိုးသဖြင့် ဘုန်းပိုင်ကို ကျွန်တော့်ရင်ခွင်ထဲကို ဆွဲထည့်ထားလိုက်သည်။
"သူများရည်းစားကြားမှာ ကြာခိုတဲ့ကောင် .. မင်း သူနဲ့ဆက်ပြီး ရှိနေလို့မရဘူး .. "
ထိုအသံကြီးမှာရုတ်တရက်ထွက်လာပြီးနောက် ဘုန်းပိုင်တစ်ကိုယ်လုံးကို တစ်စုံတစ်ခုက တွန်းလိုက်သလိုဖြစ်သွားပြီး ကုတင်မှလွင့်စင်သွားကာ နံရံနှင့်သွားတိုက်သည်။
"အစ်ကို့ .. အစ်ကို့.."
ဘုန်းပိုင်က ကျွန်တော့်ကိုလှမ်းအော်တော့ ကျွန်တော်လည်း ဖုန်း flash မီးကိုဖွင့်ရင်း ဘုန်းပိုင်ရှိရာသို့ ကြည့်မိရာ ဘုန်းပိုင်ခေါင်းတစ်ခုလုံးမှာ သွေးများရွှဲစိုလျက်ရှိတာကိုမြင်လိုက်တောပ ဒေါသက ထောင်းခနဲထသွားသည်။
Advertisement
ဒါပေမယ့် သရဲထက် ဘုန်းပိုင်ဒဏ်ရာက ကျွန်တော့်အတွက် ပိုအရေးကြီးတာကြောင့် ကျွန်တော်ချက်ချင်းပင်ထပြီး ဆေးနှင့်ပက်တီးလိပ်များကို ယူကာ ဘုန်းပိုင်ကို ဘုရားခန်းထဲသို့ခေါ်သွားပြီးမှ ဒဏ်ရာကိုဆေးထည့်ပြီး ပတ်တီးစည်းပေးလိုက်သည်။ ပြီးနောက် flash မီးဖွင့်ထားသော ဖုန်းကို ဘုန်းပိုင်ကို ပေးလိုက်သည်။
"ရော့ ညီ ယူထားလိုက်..."
"ဟင် အစ်ကို ဘာဖြစ်လို့လဲ"
"အဲဒီ သရဲကောင်နဲ့ အစ်ကိုထိပ်တိုက်ရှင်းမှရမှာ .. အစ်ကို့ကိုခဏခဏ ခြောက်လှန့်နေတာသူပဲ .."
"ဘယ်လို အစ်ကို ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုဖြစ်နေတာတော့ ညီလေး သိတယ် .. ဒီလိုကြီးတော့ မထင်ထားမိဘူး.. သရဲက တကယ်ရှိတာလား.."
"အစ်ကိုနောက်မှ ပြောမယ် .. ဂရုစိုက်နေနော်"
လို့သာပြောပြီး ကျွန်တော် ဟိုသရဲရှိတဲ့အိပ်ခန်းကို ဒေါနှင့်မောနှင့် လျှောက်သွားလိုက်သည်။
ထိုအခန်းထဲမှာ တစ်ခုခုတရွတ်ဆွဲနေသော အသံကြီးက အတိုင်းသားပင်ကြားနေရသည်။
ကျွန်တော့်အနေနှင့် ထိုအရာကြီးက ဘယ်နားရှိနေမှန်းမသိပေမယ့် အခန်းထဲမှာ ရှိနေတာသေချာတာကြောင့် စကားစပြောလိုက်သည်။
"ခင်ဗျား ဘယ်သူလဲ .. ဘာကောင်လဲ ..
ဘာကောင်ပဲဖြစ်နေနေ ကျုပ်နဲ့ ဘုန်းပိုင်ကြားမှာ ကြား၀င်ရှုပ်ဖို့ ဘာစောက်ကြောင်းမှ မရှိတာနော် .. ခင်ဗျားကအနေသာကြီး .. ဘာလဲအမျှလိုချင်တာလား.."
ခါးပြတ်နေသော ဝိညာဉ်က ဘာမှပြန်မပြောပဲ အခန်းထဲမှာသာ ဒရွတ်တိုက်သွားနေလေသည်။
"ခင်ဗျားပြန်မဖြေသေးဘူးလား .. ကျုပ်ခင်ဗျားကိုတည့်ရှင်းနေတယ်လေ ..."
ထိုအခိုက် ရုတ်တရက် အခန်းမှာ လေများပြင်းထန်စွာ တိုက်လာပြီး -
"ငါ ကျွတ်လွတ်ဖို့ အဲ့ကောင်ကို သတ်မှရမယ်"
ဆိုသော အသံကျယ်ကြီးတစ်ခုပေါ်လာသည်။
"ဘယ်လို ဘယ်လို .. အမျှဝေရင် ခင်ဗျား ကျွတ်လွတ်မှာမလား .. ဘာလို့ သူကိုသတ်မှလည်း"
"ငါသေရတာ အဲ့ကောင်ကြောင့် ... ငါသေရတာအဲ့ကောင်ကြောင့်"
ထိုဝိညာဉ်ရဲ့ အော်သံကြီးကအလွန်ကျယ်လွန်းလှသလို အခန်းထဲရှိအရာအားလုံးမှာလည်း လွင့်စင်လို့ကျသွားသည်။
"ဘယ်လို ခင်ဗျားကို သူသတ်တာလား .. ပြီးတော့ ခင်ဗျား ကိုခန့်ထည်နဲ့သိနေတယ်မလား .. သူနဲ့ ဘယ်လိုပတ်သတ်တာလဲ"
ထို ဝိညာဉ်က ဘာမှပြန်မပြောတော့။ အခန်းကြမ်းပြင်ပေါ်မှာ ခါးပြတ်ကြီး ဒရွတ်တိုက်နေသောအသံကိုသာ ကြားနေရသည်။ တိတိကျကျပြောရလျှင် ထိုအသံသည် ကျွန်တော့်အနောက်နေရာမှ လာနေခြင်းဖြစ်သည်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ရုတ်တရက်ဆိုသလို လှုပ်မရတော့။ ခါးပြတ်ကြီးသည် ကျွန်တော်ရှိရာဆီသို့ အနောက်ကျောဆီမှ တဖြည်းဖြည်းချင်း တရွတ်တိုက်ဆွဲကာလာနေပြီးနောက် နောက်ဆုံးတွင် အေးစက်စက် လက်ကြီးတစ်ဖက်က ကျွန်တော့်ခြေထောက်ကို "ဘတ်" ခနဲ လှမ်းကိုင်လိုက်ပါတော့သည်။
အပိုင်း(၁၅) ဆက်ရန်။
Own Feeling @ 2022 by
Auro Karshine
(Zawgyi)
"အာ .. အစ်ကိုကလည်း ..."
Advertisement
"အယ်"
"ဟင် ဘာဖြစ်တာလဲ ညီ..."
"အနက်ရောင်တွေ.. "
"ဘယ်လို..."
"ဟည်းဟည်း .. ဟည်းဟည်း..."
"အစ်ကို အဲဒါ သရဲလား .."
"အစ်ကို့ .. အစ်ကို့.."
"ရော့ ညီ ယူထားလိုက်..."
အပိုင်း(၁၅) ဆက်ရန်။
Own Feeling @ 2022 by
Auro Karshine
Advertisement
- In Serial30 Chapters
Psychotic
"Psychos can't fall in love" "Then you obviously havent met me"
8 170 - In Serial23 Chapters
Whirl
a flower shop worker and an infamous CEOcollide livesin a whirl wind romanceCopyright © 2021 The Queen Slushie
8 148 - In Serial56 Chapters
The Bone Cutter
Inanis Messor is The Bone Cutter. He's America's most fierce and cursed celebrity. He's America's modern prophet. He's America's very own murderous darling. Inanis's job is to broadcast a live death on public television once a month, as a sacrifice to the public. Every month on the 15th, Inanis steps on a large, vibrant stage, in front of dozens of cameras, and executes a living political individual as repentance for the sins of America's government. It keeps the public satisfied. It keeps the government from having to own up to their mistakes.Mirea Dhalmi is the daughter of a famous state governor; a man who involves himself in every political discussion the media has to offer. But when he's chosen to be Inanis's next victim, Mirea desperately pleads with The Bone Cutter to spare his life. Inanis agrees, but at a price. Mirea must now become his bride, his public display. She becomes The Bone Harvester, the woman who stands beside The Bone Cutter on the bloody stage that is broadcasted throughout public television.The unfortunate woman who stands beside the celebrity who kills in front of the nation.
8 217 - In Serial26 Chapters
Punching the Gang leader
My jaw is firmly grabbed and my head is lifted to where I'm forced to look up into McDemons eyes. "Too bad" he says a evil smirk taking place on his plump lips "you're mine". I raise an eyebrow and give him a sweet smile as I say "I'm my own bitch, bitch". The smile is wiped from my face as I slam my forehead forwards. Stella was just walking on a sidewalk that was dangerously close to the road. Paying no mind to the sound of a car engine that needed to be checked. When she was-literally-picked up by four hot guys. McHottie-Damian Whitehouse McSteamy-Luca unknown McDevil-Ace Dagger McUgly-Maxxer And McDevil-*cough*- er sorry Ace has plans for our precious Stella. *THIS BOOK IS BEING SLOWLY EDITED**This book is just for sh!ts and giggles, the events that take place in this book would not happen in real life. Again, this is just a fun book made for me n my friends who read way to many gang leader wattpad books.*Book #1
8 177 - In Serial54 Chapters
Accidentally Kidnapped
When 17 year old November Jones accidentally burns off her left eyebrow in a freak accident, she brushes it off. Nothing a bit of makeup can't fix, right? But when she finds herself shoved into the backseat of her own car as a couple of very big, very bad, and very dangerous-looking men drive off with it, things can't be so easily fixed...especially since it's not just her missing eyebrow that needs to be covered, it's also the fact that one of the most wanted criminal organizations in the country accidentally kidnapped a teenage girl while trying to escape a drug deal gone wrong. Could things get any worse?Well, with a girl like November in the mix, the answer is yes.
8 85 - In Serial22 Chapters
Just One Night (MC Romance)
Cover made by wecouldbefreeHighest Ranking #13 in General Fiction 9/14COMPLETEDUNEDITEDWhen Nineteen year old Madelyn Jones goes to a club for her birthday with her best friend Katie, she doesn't expect to meet anyone. She is just there because her friend forced her to go. She planned on going to the club for a couple hours, having a few drinks and maybe dancing a little, and then heading home to finish off her night by watching 'The Vampire Diaries' on Netflix, that was her idea of a perfect night.That isn't how her night ended though. She actually ended up going home with Jude, a hot, bad boy biker, not just any biker, the president of Mesa Highway MC, one of the biggest, most feared motorcycle clubs in Southern California.What happens when Maddie finds out that she is pregnant?Read to find out.
8 82

