《မီးခိုးရောင်အပိုင်းအစများ [18 plus] Zawgyi and Unicode》အပိုင်း(၁၆) : ခေါ်စာ
Advertisement
(Unicode)
အပိုင်း(၁၆) : ခေါ်စာ
"ညီ သော်ကရေ .. ကိုကိုနဲ့ ညီ ပြန်တွေ့ရအောင် .. အပြင်မှာ စကားအေးဆေးပြောကြမယ် .. အစ်ကိုတို့ အနာဂတ်အကြောင်းတွေ အတူစဉ်းစားကြမယ် .. အစ်ကိုတို့ ပြန်တွဲဖို့ ညှိကြမယ်လေနော် ဘာပဲလုပ်ရလုပ်ရပါ .. မနက်ဖြန် နေ့လည်ခင်း Junction Square က Secret Garden မှာတွေ့ကြမယ် .. ကိုကို ညီ့ကိုအရမ်းချစ်တယ်"
SMS ၀င်လာသော ဖုန်း notification အသံကြောင့် ကျွန်တော်ဖုန်းကို ဖွင့်ကြည့်လိုက်ရာ အထက်ပါအတိုင်း စာ၀င်လာသည်ကို တွေ့လိုက်ရသည်။ အချိန်ကိုကြည့်လိုက်တော့ မနက်မှာ အစောကြီးပင်ရှိနေသေးသည်။
ကျွန်တော့်အထင် ကိုခန့်ထည်က ကျွန်တော့်ဆီကို ပြန်လာပြီး ချစ်စကားဆို တောင်းပန်တော့မည်ဟုထင်မိသည်။
သို့သော်လည်း အမှန်တိုင်း၀န်ခံရလျင်မူ ကျွန်တော့်အနေဖြင့် ဘုန်းပိုင်ကို အရမ်းချစ်နေမိပြီဖြစ်သည်။
ကျွန်တော့်အနေဖြင့် ကိုခန့်ထည်ကို အရမ်းချစ်မိခဲ့သော်လည်း ဘုန်းပိုင်ကို သူ ခါးပြတ်သရဲဖြင့် ဒုက္ခပေးခဲ့သောကြောင့် အရမ်းစိတ်နာနေမိပြီပင်ဖြစ်သည်။ သို့သော်လည်း ကျွန်တော့်အနေဖြင့် -
"ဟုတ် ညီ လာခဲ့မယ်နော် စောင့်နေပါ"
ဟူ၍သာ စာပြန်ပို့လိုက်ပါတော့သည်။
တရေးနိုးစာထပို့ရသည်မို့ ပြန်အိပ်ပျော်သွားသည်။ ဘယ်ချိန်ထိ ကျွန်တော်အိပ်ပျော်နေမိမှန်းမသိ။ ဘုန်းပိုင် ကျွန်တော့်ကို လှုပ်နှိုးတော့မှ ကျွန်တော်နိုးလာသည်။
"အစ်ကို .. အစ်ကို .. ထပါဦး .. ဒီ တီဗီသတင်းကိုကြည့်ကြည့်.."
ကျွန်တော်လည်း အိပ်ချင်မူးတူးနှင့် တီဗီကို ကြည့်လိုက်သည်။ တီဗီမှာ Good Morning Myanmar အစီအစဉ်ကို ထုတ်လွှင့်နေပြီး သတင်းတစ်ပုဒ်ကိုပြနေသည်။
"လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ၁၀ ဘီးကားကြီး တစ်စီးက လူတစ်ဦး ခါးကို ထက်ပိုင်းပြတ်အောင် တက်ကြိတ်လိုက်မှုဟာ လုပ်ကြံသတ်ဖြတ်မှုတစ်ခုသာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှတ်ချက်ပြုထားပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ တိုက်သွားတဲ့ကားရဲ့ မူရင်း driver ကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီ driver ရဲ့ ထွက်ဆိုချက်အရ မျက်နှာမှာ mask တပ်ထားတဲ့ လူတစ်ယောက်ဟာ ၎င်းရဲ့ ကားကို တစ်ညတာ စီးနင်းရန်အတွက် သိန်း ၂၀ ပေး၍ ငှားရမ်းခဲ့ကြောင်း သိရှိရပြီး ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးကြောင်းနဲ့ ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားရာအနီး CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါတယ်ရှင် .. အခင်းဖြစ်ပွားမှုကြောင့် ဦးမြင့်ဆွေ အသက် (၄၈) နှစ်သည် အခင်းဖြစ်ပွားရာနေရာမှာတင် ခါးတစ်ပိုင်းပြားကပ်ကာ ခန္ဓာကိုယ်နှစ်ပိုင်းပြတ်ထွက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်ရှင် .. အခုဆက်လက်ဖော်ပြမည့် အခင်းဖြစ်ပွားရာနေရာမှ ရုပ်ပုံများသည် ကလေးငယ်များ၊ အသက်မပြည့်သူများနှင့်၊ နှလုံးရောဂါရှိသူများ ကြည့်ရှုရန်မသင့်တော်ကြောင်း ကြိုတင်သတိပေးလိုက်ပါတယ်ရှင်.."
တီဗီတွင် အခင်းဖြစ်ပွားရာနေရာမှ ရုပ်ပုံများကို တစ်ပုံပြီး တစ်ပုံဖွင့်ပြလျက်ရှိရာ ထိုမှတ်တမ်းများကို ကျွန်တော့်အနေဖြင့် ဖုန်းထုတ်ကာ တီဗီမှတစ်ဆင့် ပြန်ရိုက်နေမိသည်။
ပိုပြီး ထူးဆန်းနေသည်မှာ ထိုခါးပြတ်ပြီး သေဆုံးနေသော ဦးမြင့်ဆွေ ဆိုသူ၏ ရုပ်ရည်သွင်ပြင်၊ ပြတ်နေသောခါးနှင့် ပွင့်ထွက်သွားသဖြင့် တွဲလောင်းကျနေသော အူပြတ်များသည် ကျွန်တော့်ထံသို့ မကြာခဏ လာရောက်ခြောက်လှန့်နေသည့် ခါးပြတ်သရဲနှင့် တစ်ပုံစံတည်းပင်ဖြစ်နေလေတော့သည်။
ကျွန်တော်သည် ထိုပုံရိပ်များကိုဖုန်းဖြင့်ရိုက်ကူးရင်း ဖုန်းကင်မရာကိုင်ထားသော ကျွန်တော့်လက်များသည် တဆတ်ဆတ်ပင် တုန်ခါလာလျက်ရှိနေတော့သည်။ ဘုန်းပိုင်က တီဗီကို ကြည့်ရင်း အရမ်းအံ့အားသင့်နေသော ပုံစံဖြင့် ကျွန်တော့်ကို လှမ်း၍ ပြောရှာသည်။
"အစ်ကို .. အဲဒါက မနေ့ညက ညီလေးတို့ဆီလာတဲ့ သရဲမဟုတ်လား.. ဟုတ်တယ်မလား .."
"အင်း .. ဟုတ်တယ် .. သူ့ရဲ့ သေဆုံးပုံနဲ့ ဟိုသရဲရဲ့ ခါးပြတ်ပုံနဲ့က ချွတ်စွပ်ပဲ .."
"အဲဒါဆို အဲဒီကိစ္စကို ညီလေး ရဲစခန်းကို သွားအကြောင်းကြားလိုက်မယ် .. သူအမှန်တရားကိုလိုချင်လို့ ညီလေးတို့ကို ခြောက်လှန့်နေတာဖြစ်နိုင်လောက်မလား"
"မဟုတ်ဘူး .. ညီ .. ဒီကိစ္စက အစ်ကိုနဲ့ဆိုင်လိမ့်မယ် .. အဲဒီသရဲလာတိုင်း အစ်ကို့ကို ဖောက်ပြန်တဲ့ကောင်ဆိုပြီး အမြဲစွပ်စွဲတယ် .. ဒါမှမဟုတ် သေချာတာက ဟို ခန့်ထည်ဆိုတဲ့သူနဲ့ ပတ်သတ်နေမယ်ထင်တယ်.. ပြီးတော့ ရဲစခန်းကိုသွားပြီး အကြောင်းကြားရင်ကော ပရလောက ကိစ္စတွေကို ရဲက ယုံမယ်ထင်လို့လား"
"ဒါဆို သူ့ကို အဲဒီ ခန့်ထည်က သတ်လိုက်တာကော မဖြစ်နိုင်ဘူးလား .. "
"အင်း သံသယတော့ရှိစရာကောင်းနေတယ် .. ဒါပေမယ့် ဒီလိုထင်နေတာကို ဘယ်သူ့မှမသိစေနဲ့ဦး .. ကိုခန့်ထည်က ထင်ထားတာထက်ပို အန္တရာယ်များပြီး ကြောက်ဖို့ကောင်းတာမို့ .."
"ဘာပဲဖြစ်ဖြစ် ရဲစခန်းကိုတော့ အကြောင်းကြားထားလိုက်မယ် .. ခန့်ထည်ကိစ္စကိုပါပြောထားလိုက်မယ် .."
ကျွန်တော်က တီဗီကို ပြန်ကြည့်မိတော့ တိုက်တိုက်ဆိုင်ဆိုင် ကိုခန့်ထည်တို့ entertainment နှင့် ပတ်သတ်သော အင်တာဗျူးက လာနေပြန်သည်။
"ဒါက Netflix နဲ့ ပူးပေါင်းတဲ့ မြန်မာ့ပထမဆုံး ဇာတ်လမ်းတွဲဖြစ်လာမှာဆိုတော့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်ဗျ .. ကျွန်တော်တို့အနေနဲ့ မကြာခင်ပြသမယ့် လူ၀င်စား ဆိုတဲ့ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်တွေကို ခေါ်ယူသွားဖို့လည်းရှိပါတယ် .."
"လီး.."
ကျွန်တော်က တီဗီက ကိုခန့်ထည်ပုံရိပ်ကိုကြည့်ကာ တစ်ချက်ဆဲရင်း တီဗီကိုသာ ပိတ်ချလိုက်သည်။ ဘုန်းပိုင်က ကျွန်တော့်ကို မျက်လုံးအပြူးသားလေးနဲ့ကြည့်ကာပြောသည်။
"အစ်ကို သူ့ကို အ့လောက်ထိတောင်မုန်းနေပြီလား . ညီလေးထင်တာက အစ်ကိုသူ့ကို အရမ်းချစ်တယ်လို့ ထင်နေတာ .. "
"အရမ်းချစ်ခဲ့တဲ့သူမို့လို့ အရမ်းမုန်းမိတာပါ .. ညီအရမ်းချစ်ဖူးတဲ့အခါ ညီဒါတွေသိလာရမှာပေါ့ .."
"အာ .. အစ်ကိုကလည်း ညီလေးက အစ်ကို့ကို အခုလည်း အရမ်းချစ်တဲ့ဟာကို .."
ကျွန်တော်က ဘုန်းပိုင်ကိုပြုံးပြလိုက်ပြီး -
"ကဲ အရမ်းချစ်တယ်ဆိုရင် နေ့ခင်းကျ အစ်ကိုနဲ့လိုက်ခဲ့ .. ခန့်ထည်ရှေ့မှာ သွား ro ပြကြရအောင် .."
Advertisement
ဟုပြောလိုက်ရာ -
"ဟာ . အစ်ကို တကယ်နော် .. ညီလေးလေ အ့လူကြီးကို အမြင်ကတ်နေတာ အတော်ကြာပြီ.. ဟိဟိ ဒီလိုအခွင့်အရေးကို စောင့်နေတာ .. သူ့ရှေ့မှာ သူကြည့်လို့မရအောင်ကို ro ပစ်မယ် ဟွန်းဟွန်း .."
ဟုပြောရင်း နှစ်ယောက်လုံး ရယ်ရယ်မောမောနှင့် လက်ဝါးချင်းရိုက်လိုက်ပါတော့သည်။
××××
Junction Square ရှိ Secret Garden ...။
ကျွန်တော်နှင့်ဘုန်းပိုင်တို့ လက်ချင်းတွဲလိုက် ကလူကျီစယ်လိုက်နှင့် ကိုခန့်ထည်နှင့်ချိန်းထားသော ဆိုင်သို့ရောက်နှင့်နေသည်။
ခဏနေတော့ ဟိုအဝေးတစ်နေရာကနေ ခန့်ထည်လမ်းလျှောက်လာတာကို နှစ်ယောက်လုံးတွေ့မိလိုက်တော့ ဘုန်းပိုင်က ကျွန်တော့်ကို ပြောလိုက်သည်။
"အစ်ကို့ စမယ် .. စမယ် .. သူလာနေပြီ"
ပြောရင်းဆိုရင်းနှင့် ဘုန်းပိုင်က ကျွန်တော့်နှုတ်ခမ်းကို ရုတ်တရက်ဆိုသလို ကပ်ပြီး နမ်းလိုက်သည်။ ဆိုင်မှာလည်း လူရှင်းနေသောကြောင့် ကျွန်တော်လည်း ဘုန်းပိုင်ရဲ့ ဆံပင်လေးတွေကို ကိုင်ကာ ပြန်နမ်းနေလိုက်သည်။ ခဏနေတော့ ခန့်ထည်က ကျွန်တော်တို့ဝိုင်းမှာလာထိုင်ပြီး အဟမ်း အဟမ်းဆိုပြီး ချောင်းဟန့်လိုက်တော့မှ ကျွန်တော်တို့ မျက်နှာချင်းခွာလိုက်သည်။ ကျွန်တော်က ကိုခန့်ထည်မျက်နှာကို ကြည့်မိတော့ ကျွန်တော်တို့နမ်းနေတာတွေကိုမြင်ပြီး အတော်ကလေးမျက်နှာပျက်ပြီး စိတ်သက်တောင့်သက်သာ မရှိတော့ဟန်တူသည်။ ကျွန်တော်ကတော့ ကိုခန့်ထည်ကို အေးအေးဆေးဆေးပင် ပြုံးပြလိုက်ပြီး -
"အော် ... အစ်ကို ရောက်လာပြီလား .. ဆောရီးနော် .. ညီ့ ကောင်လေးကလေ အ့လိုပဲ အခုမှတွဲကာစမို့ကော ညီ့ကို သူအရမ်းချစ်တာကြောင့်မို့ကော .. ဟဲဟဲ .."
ဟုပြောလိုက်သည်။ ခန့်ထည်က သူ့လက်ကို ခုံအောက်ကို ထည့်လိုက်ပြီး ဒေါသထွက်လွန်းသဖြင့် လက်သီးကို ဆုပ်ထားလိုက်သည်။
ကိုခန့်ထည် လက်သီးဆုပ်လိုက်တာကို ကျွန်တော်က မြင်မိပေမယ့် မသိချင်ယောင်ဆောင်ပြီးပဲ ပြုံးမြဲပြုံးရင်း ဆက်ပြောလိုက်သည်။
"ဒါနဲ့ အစ်ကို့ကို မိတ်ဆက်ပေးရဦးမယ် .. သူက ကျွန်တော့်ချစ်သူ အသစ်စက်စက်လေး ဘုန်းပိုင်တဲ့.. သူက ကျွန်တော့်ကိုအရမ်းချစ်တာနော် သိလား .. တစ်ခါလေးမှတောင် မျက်ရည်တောင်မကျမခံဘူး. .. ကဲ ဘုန်းပိုင် ဒါက အစ်ကိုပြောနေကျ ကိုခန့်ထည်ဆိုတာလေ .. ညီက သိပြီးသားဖြစ်မှာပါ .. ဘာလို့လဲဆိုတော့ သူက Paragon Entertainment ရဲ့ CEO ဆိုတော့ မသိသူမရှိဘူးလေ .. အခုလည်း Netflix နဲ့ Collab လုပ်နေတာကြောင့် တစ်နိုင်ငံလုံးကအနုပညာလောကက အကုန်သူ့ကို သိကြတယ် ..."
ဘုန်းပိုင်က ချက်ချင်းပင် ခန့်ထည်ဆီသို့ လက်ဆွဲနှုတ်ဆက်ရန် လက်ကိုပေးလိုက်ပြီး ထပြောလိုက်သည်။
"ဝိုး .. ကျွန်တော်က အစ်ကို့သတင်းတွေကြားဖူးတာကြာပြီ .. တော်တော် တော်တာပဲနော် .. ဒီအရွယ်လေးနဲ့ international ထိပေါက်တယ်ဆိုတာ .. အစ်ကို့လို လူကိုတော့ တကယ်အားကျတယ်ဗျာ .. အစ်ကိုက လုပ်ငန်းပိုင်းမှာတကယ်အောင်မြင်တာဆိုတော့ ကြိုက်တဲ့သူတွေ ချစ်တဲ့သူတွေတော့ ဝိုင်းဝိုင်းလည်နေမှာပဲ .. သေချာတာက အစ်ကို ချစ်တဲ့သူရှိရင်လည်း အစ်ကို့ကို ပြန်ချစ်လောက်မှာနေမယ် .. ဟုတ်တယ်နော် အစ်ကို ဟဲဟဲ ..
တွေ့ရတာ၀မ်းသာပါတယ်ဗျ ကျွန်တော်က ဘုန်းပိုင်ပါ .. ကိုသော်က ရဲ့ချစ်သူပါ"
ဘုန်းပိုင်က ပြုံးပြုံးလေး လက်ကမ်းပြီးပြောလိုက်တော့ ခန့်ထည်ကပါ မပြုံးချင်ပြုံးချင်နဲ့ ထပြီး လက်ချင်းဆွဲကာ နှုတ်ဆက်လိုက်ပြီး ခန့်ထည်က ဘုန်းပိုင်ရဲ့ လက်ကို ညှစ်ထားလိုက်ရင်း ပြန်နှုတ်ဆက်သည်။
"အင်း .. တွေ့ရတာ ၀မ်းသာပါတယ် ညီလေး .. အချစ်ရေးကတော့ လိုအပ်ချက်တွေရှိတုန်းပါ .. ရည်းစားမရှိပေမယ့် အစ်ကို့ကို လျှော့တွက်လို့တော့မရဘူးနော် .."
ခန့်ထည်က ထိုသို့ပြောကာ ဘုန်းပိုင်ကို ရန်လိုသောအကြည့်နှင့် ကြည့်လိုက်ပြီးမှ ပြန်ထိုင်လိုက်သည်။ ပြီးနောက် သူ့အိတ်ထဲမှ ဖိတ်စာကတ်တစ်ခုကို ထုတ်ကာ ကျွန်တော့်ကိုပေးလိုက်သည်။
"ရော့"
"ဟင် .. ဒါက ဘာလဲဟင်.."
"အစ်ကိုတို့နဲ့ Netflix Collab လုပ်ကြမယ့် ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရွေးပွဲ .. ညီ့ကို လာပြိုင်စေချင်တယ်.. ဒီ ဇာတ်ကောင်က ညီနဲ့ ကိုက်မယ်ဆိုတာ အစ်ကို သေချာပြောရဲတယ် .."
"ဘယ်လို ညီကမှ သရုပ်မဆောင်မတတ်တာ .. ပြီးတော့ အဲဒါက Boy Love ဇာတ်လမ်းတွဲလို့လည်း ကြားထားလို့ ကျွန်တော့်ကောင်လေး ဘုန်းပိုင်က ကျွန်တော့်ကို ရိုက်ခွင့်ပေးမှာမဟုတ်လောက်ဘူး .. နော် .."
ကျွန်တော်က ဘုန်းပိုင်နဲ့ ပုခုံးချင်းတိုက်လိုက်ပြီး သူ့ဆီကနေ တပ်ကူခေါ်လိုက်သည်။
"ဒါပေါ့ .. ကျွန်တော်က သိပ်သ၀န်တိုတာ .. Kiss Scene ပဲပါမယ့် ဇာတ်လမ်းတွဲမျိုးဆိုရင်တောင် ကျွန်တော်က ပေးရိုက်မှာမဟုတ်ဘူး .. ကိုသော်က နှုတ်ခမ်းက ကျွန်တော်နမ်းဖို့အတွက်ပဲကို . ဟုတ်တယ်နော် ..."
ဘုန်းပိုင်က ပြောရင်းဆိုရင်းနှင့် ကိုခန့်ထည်ရှေ့မှာ ကျွန်တော့်နှုတ်ခမ်းကို နောက်တစ်ခေါက် ထပ်နမ်းလိုက်ပြန်သည်။
ဒီတစ်ခါတော့ ကိုခန့်ထည်က ဝုန်းကနဲဆိုပြီး ထရပ်လိုက်တော့ ကျွန်တော်က မသိမသာလေး "အဟက်" ဆိုပြီး ခပ်တိုးတိုးလေးရယ်ပြီး မေးလိုက်သည်။
"ဟင် အစ်ကို့ .. ဘာဖြစ်တာလဲ"
"ဘာ .. ဘာမှမဖြစ်ပါဘူး . အောက်က ခြေထောက်ကို အကောင်ကိုက်တာလားမသိလို့ .."
"အဟား .. ဟုတ်ပါပြီဗျာ .. ကျွန်တော် ဒီဖိတ်စာယူပြီး လာပြိုင်လည်း ကျွန်တော့်ရုပ်ရည် သရုပ်ဆောင်ညံ့ချက်နဲ့ဆို ရွေးခံရမှာမဟုတ်ဘူးလေ .."
"အစ်ကိုက ဒီ entertainment ရဲ့ CEO ပါ .. Judge တွေကို တစ်ချက်ပြောလိုက်တာနဲ့ အစ်ကို့စကားတစ်ခွန်းပဲ .. "
"ဟား တကယ်နော် .. တကယ်လို့ အဲဒီဇာတ်လမ်းတွဲရဲ့ အဓိက အတွဲနေရာမှာ ကျွန်တော်နဲ့ ဘုန်းပိုင် ၂ ယောက်လုံးကို ၀င်သရုပ်ဆောင်ခိုင်းမယ်ဆိုရင်တော့ .. Sex scene တွေပါလည်းရတယ်နော် .. လုံး၀ တကယ့်ကို သဘာ၀ကျပြီး ပီပြင်စေရမယ် အဟင်းဟင်းဟင်း"
Advertisement
ကိုခန့်ထည်က ဒုတိယအကြိမ်ဝုန်းခနဲ ထရပ်လိုက်ပြီး -
"အစ်ကို ညီ့ကို ဖိတ်စာပဲလာပေးတာ .. အင်တာဗျူးလေး ရှိလို့ သွားလိုက်ဦးမယ်နော် .. ဒါနဲ့ ဟိုညီလေး ဘုန်းပိုင် .. အစ်ကိုတို့ entertainment မှာ ညီ့ဇာတ်ရုပ်နဲ့ လိုက်မယ့် ဇာတ်လမ်းရှိရင် ညီ့ကိုအကြောင်းကြားပေးပါ့မယ် .. အစ်ကိုတို့ လူသတ်ကားတွေ ထက်ရိုက်ဖို့ရှိသေးလို့ .. အားလုံးနောက်မှတွေ့မယ်နော် .."
ဟုပြောကာ ထွက်သွားပါတော့သည်။
ကျွန်တော်နဲ့ ဘုန်းပိုင်တို့ နှစ်ယောက်လုံး ကိုခန့်ထည် အတော်ဝေးဝေးကို ထွက်သွားတာမြင်ရတော့မှ တစ်ယောက်လက်ဝါးတစ်ယောက်ရိုက်ပြီး အပြန်အလှန်ရယ်ရင်း ကိုခန့်ထည်ပေးထားသော ဖိတ်စာကို ဖြဲဆုတ်ခဲ့ကာ စက္ကူအပိုင်းအစများကို ကြဲခဲ့ပြီး ပြန်လာခဲ့ပါတော့သည်။
ကျွန်တော်တို့ထွက်သွားသည်ကို ကားပါကင်အကွယ်မှ ကိုခန့်ထည်က စောင့်ကြည့်နေရင်း လက်သီးကို ဆုပ်ကာ အောက်ပါအတိုင်း ကျုံးဝါးလိုက်ပါတော့သည်။
"ဘုန်းပိုင် .. ဘုန်းပိုင် အစက ငါမင်းကို ကြားလူဆိုပြီး ဘာမှမလုပ်ဖို့စဉ်းစားထားတာကို ..
အခုတော့ မင်းကိုငါသတ်မှရတော့မယ် .. အစိမ်းသေမသေရခင် ၂ ရက်လောက်တော့ ပျော်ထားဦးပေါ့ ..
Don't... fuck.. with... me .."
အပိုင်း(၁၇) ဆက်ရန်
Own Feeling @ 2022 by
Auro Karshine
(Zawgyi)
အပိုင်း(၁၆) : ခေါ်စာ
"လီး.."
ဟုပြောလိုက်ရာ -
××××
"ရော့"
"ဟင် .. ဒါက ဘာလဲဟင်.."
Advertisement
- In Serial150 Chapters
The Genius Mage
"The head of the London Association of Mages, the most powerful Saint Archmage in the world, Audrey Davis, accidentally transmigrated to another world due to a magic accident. She was an 18-year-old human girl.
8 264 - In Serial9 Chapters
This Time, Her Turn
A bittersweet story of a couple in the modern day. While the man fell in love long ago, his partner seemed to think she could do without love. One incident changed that. Ramit knew it was time to give up and willed his rarely stubborn self to let her go, or if the need be, push her away. Only, Geetha's efforts to save their marriage would begin. This story offers angst etched in their untimely grovel, hurt/comfort and mini misunderstandings, and some light humour amid the grand plot of love.
8 317 - In Serial78 Chapters
The Emperor's Rose
Aiko is an extremely poor girl. She has less than nothing. She lives in the Empire of Shintokanai, in a world where men rule. She is forced to work day and night for her Uncle and Sisters. Until one day, she gets kicked out. Without power, money or status, Aiko's fleeting moment of joy withers into despair and gloom as she realizes she is doomed to die, hungry and cold on the streets. She will luckily be saved by Eriko, the head maid of the Emperor's palace. Aiko will be forced to become a maid. What other choices does she have? Starve or serve. She has just started and she already hates her job. But what happens, when she catches the Emperor's cold and brutal eye? The Emperor is known for his cruel ways. Deaths are common in the palace, and they stain every corner. He is a horrible man. He is loves spilling blood. Life in the palace is not easy. It is like a never ending maze. Whatever path you will take, can elevate you, or destroy you completely and thoroughly. Finding a honest person in the mess is hard. What will Aiko find in the Emperor's soul?
8 138 - In Serial10 Chapters
Ten Envelopes
One note, two note, three note and more notes from anonymous.*A/N: This story is pretty cheesy! Be warned lol* Amazing cover by @mara_cleia
8 64 - In Serial50 Chapters
Love Me Again
Elizabeth Bell can't escape her past. No matter what she does: changing her name or her looks. It's her handsome ex-husbands face on a magazine that haunts her every day. The nightmares of her past continue to torment her, and it gets worse when she comes face to face with the devil himself.--------------------"You don't have a girlfriend right now.""That's right," Blake said sounding bored."Everyone is wondering if that's because you aren't over your ex-wife, Elizabeth Bell."When he said that I froze. The last thing I wanted from this interview was for him to bring up my past life. Although I changed my name to Rose Matthews, I still freeze every time someone mentions that name. I try so hard to forget my past before I was Rose but when you have so many people constantly bringing it up you can't escape it.Blake's answer brought me back to the present."No! Honestly, I was glad to be out of that marriage. It was a burden, constantly having to be married to her. I don't have a girlfriend because I want to be able to enjoy the single life for a while. Since I was tied to someone for so long, I just want to have some freedom in my life." He said honestly.I felt France and Jay each grab my hand. I felt my heart break again. I didn't think that was possible. My heart is already broken into a million pieces and somehow he was able to break it even more...----------------------Can Elizabeth and Blake learn to love each other again? Or will their past catch up to them?
8 238 - In Serial23 Chapters
You're the best, Secretary Andrew! (MxM)
From hating his boss to fake dating him. What could go wrong?Secretary Andrew is the perfect secretary. Intelligent, resourceful, and beloved by the employees. While his boss, Sir Allen-the CEO's son, is cold, anti-social, and has the emotional capacity of a potato. Until one night, Allen offered Andrew the deal of his life: Pretend to be his trashy boyfriend in exchange for a filthy sum of money. He just needed to act stupid, slutty, and an overall disappointment. Just enough for Allen's family to disown him.Andrew wants the money, so he can finally leave his boss.Allen wants to be the black sheep, so he can leave his family's business.The line between boss and employee blurs as they close the distance to prepare for a barrage of explosive family dinners, aggressive socialites, fake romantic dates, and complex caught-in-the-act situations.Will they both get what they want?__________Best Ranking: 🏅 #3 Comedy 🏅 #1 boyslove🏅 #4 comedy-romance🏅 #5 fakerelationship
8 202