《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(16) စင်မြင့်ပေါ်ကအိမ်မက်⚠
Advertisement
.....မြောက်ဘက်။
မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ၏ စိတ်အပြောင်းအလဲများကို လုံးဝသတိမထားမိဘဲ ဆက်ပြောနေသည်။ “ဒါအမှန်လားတော့ မသိဘူး....ရှစ်ရှုန်း ဖုန်းတောင်ခေါင်းဆောင်က လိမ်နေတယ်လို့ထင်လား?"
ရွှီရှင်းကျီက တာဝန်ယူကာ သူ့အား ဒီအချက်အလက်တွေကမှန်တယ်၊ ဘာလို့ဆို လောင်ဇီက ဒီဝတ္ထုကိုရေးထားတာမို့လို့ လို့စိတ်ထဲမှာသာပြောလိုက်သည်။
ရွှီရှင်းကျီ၏ မျက်နှာပေါ်ရှိ အပြုံးအတုသည် တင်းမာနေလျက် "မင်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်လား?"
မုန့်ချုံ့ကွမ်းက ပြုံးပြီး တုံ့ပြန်ခဲ့သည်– “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူ့ဒုက္ခတောထဲက ဖယ်ထုတ်ပေးတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်က စကားသက်သက်ပဲ၊ သူ့ကို အသက်ရှင်လျက်ထားတာက အသုံးဝင်အုံးမှာပါ”
.....ရွှီရှင်းကျီဟာ တစ်နေ့မှာ သူ့ရဲ့အထောက်အထားကို ကံမကောင်းစွာဖြင့် ထုတ်ဖော်ခဲ့မိမယ်ဆိုရင် သူ့လည်ပင်းကို ဓားမြှောင်နဲ့ ချက်ခြင်းလှီးဖြတ်ဖို့ဆုံးဖြတ်လိုက်တော့သည်။ အဲ့ဒါဆို မုန့်ချုံ့ကွမ်းဆိုသည့် နတ်ဆိုး၏ မသေမရှင် ညှင်းပန်းနှိပ်စက်မှုကို ခံရမှာမဟုတ်တော့ပေ။
မကြာခင်မှာပဲ ကြောင်တစ်ကောင်ဖြစ်နိုင်တဲ့ ဒီဝါရင့်နတ်ဆိုးကြီးဟာ သူ့ရဲ့လက်မောင်းအောက်မှာ အိပ်ပျော်သွားခဲ့သည်။ မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ၏ဒူးများကို ပွေ့ဖက်ထားပြီး ကြောင်လေးကဲ့သို့ နှစ်ခြိုက်စွာ အိပ်မောကျနေကာ သူ၏ ပျော့ပျောင်းသောဆံပင်များက ၎င်းတို့အပေါ်တွင် ဖြန့်ကျက်နေသည်။
ရွှီရှင်းကျီ၏ ညာလက်က သူ့ဆံပင်ကို အထပ်ထပ်အခါခါ ပွတ်သပ်နေပြီး ဘယ်ဘက်လက်က ဓားမြှောင်လက်ကိုင်ကို ဆုပ်ကိုင်ကာ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
မုန့်ချုံ့ကွမ်းသည် နောက်ထပ်သော့အပိုင်းအစ၏ နေရာကို ရှာဖွေနေပြီဖြစ်သည်။ သူ့ကိုသတ်ဖို့အချိန်တန်ပြီမဟုတ်လား?
ဓားမြှောင်၏အစွန်အဖျားသည် မုန့်ချုံ့ကွမ်း ၏နဖူးအလယ်ဗဟိုသို့ ဦးတည်နေသည်။
အစောပိုင်းက သူ၏ ပြင်းထန်သော စိတ်ခံစားမှုများကြောင့် နီမြန်းသော နတ်ဆိုးအမှတ်အသားသည် ထိုနေရာတွင် ပေါ်လာသည့်အတွက် ရွှီရှင်းကျီသည် အမှတ်အသား၏တည်နေရာကို အလွယ်တကူရှာဖွေနိုင်ခဲ့သည်။
မုန့်ချုံ့ကွမ်းသည် လုံးဝသတိမထားပဲ အိပ်ပျော်နေသည်။ သူ၏ နက်မှောင်သောဆံပင်အောက်တွင် ဖုံးကွယ်ထားသည်မှာ အပြစ်ကင်းစင်ပြီး အန္တရာယ်ကင်းသည့် မျက်နှာတစ်ခုဖြစ်ပြီး၊ လက်ရှိတွင် သူငြိမ်းချမ်းစွာ အိပ်စက်နေသည့်နေရာသည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံးနေရာဖြစ်နေသလို။
ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်း၏ နဖူးကို အကြိမ်အနည်းငယ် တို့လိုက်သော်လည်း သူ မတုန့်ပြန်ဘဲ “ရှစ်ရှုန်း၊ ရှစ်ရှုန်း” ဟုသာ ရေရွတ်နေသည်။
သူ ထပ်ခါထပ်ခါ ဒီနာမည်ကို ရွတ်ဆိုလိုက်ရုံနဲ့ လေထုထဲက အတိုင်းအဆမရှိ ပျော်ရွှင်မှုကို လှုံ့ဆော်ပေးလိုက်သလို ရူးမိုက်စွာ ပြုံးစပြုလာသည်။
.....ရွှီရှင်းကျီသည် နောက်ဆုံးတွင် ဓားမြှောင်ကို ဘေးဖယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုယ်သူ နောက်ပြန်လှဲချလိုက်ပြီး လက်ကို နဖူးပေါ်တင်လိုက်သည်။
F*ck ထားလိုက်ပါတော့။
သူသည် လူကြီးလူကောင်းတစ်ယောက်မဟုတ်သော်လည်း ထိုကဲ့သို့ မျက်နှာပြောင်တိုက်နေသော မုန့်ချုံ့ကွမ်းအား သံသယကင်းစွာ မတိုက်ခိုက်နိုင်ခဲ့ပေ။
အကယ်၍ သူဒီလိုလုပ်ခဲ့မယ်ဆိုရင် သူ့မူလကမ္ဘာကိုပြန်သွားရင်တောင် မုန့်ချုံ့ကွမ်းရဲ့မျက်နှာက သူ့အိပ်မက်ထဲမှာ ခြောက်လန့်နေလိမ့်မည်။
အဲဒီအစား သူ့(ရွှီရှင်းကျီ)လည်ပင်းကိုသာ ဒီအချိန်ဒီနေရာမှာ လှီးဖြတ်ပစ်လိုက်ချင်သည်။
ဟုတ်တာပေါ့, "ဂုဏ်သိက္ခာရှိစွာနဲ့သေတာထက် အရှက်မဲ့စွာနေထိုင်တာက ပိုကောင်းပါတယ်" ဆိုတဲ့ အယူအဆကို အမြဲလိုက်နာခဲ့တဲ့ ရွှီရှင်းကျီဟာ လွယ်လွယ်နဲ့ သေဖို့ကို ဘယ်တော့မှ အရှုံးမပေးပါဘူး။
ဓားမြှောင်ကို ဖယ်ထုတ်ပြီးနောက် ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းကို ကုတင်ပေါ်သို့ ရွှေ့ရန် မမောမပန်း လုပ်ဆောင်ခဲ့သည်။
ဒီနေ့ရန်သူကို တိုက်တဲ့အခါ စွမ်းအင်တွေ အများကြီး သုံးစွဲထားတာကြောင့် အနားယူသင့်ပေသည်။
ချိုမြိန်စွာ အိပ်မောကျနေတာကို မြင်လိုက်ရတော့ ရွှီရှင်းကျီ အနည်းငယ် မနာလိုသလိုတောင် ခံစားရပြီး မုန့်ချုံ့ကွမ်း၏ ဆွဲဆောင်မှုရှိကာ ဖြောင့်စင်းနေသော နှာတံတလျှောက် လက်တစ်ချောင်းဖြင့် ပွတ်တိုက်လိုက်သည်။ ".....မင်းက တကယ်ပဲ ငါ့ဖြစ်တည်မှုရဲ့ ပြဿနာလေးပဲ"
တိုးတိုးလေးပြောပြီးတာနဲ့ အေးအေးဆေးဆေး လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူအိပ်ယာမှထကာ ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်သည်နှင့် မုန့်ချုံ့ကွမ်းသည် “အမ်း” အသံနိမ့်ဖြင့် ညီးတွားမည်ဟု မည်သူကထင်မည်နည်း? သူ့အသံသည် ခပ်သြသြနှင့် သံလိုက်ဓာတ်ပါသောကြောင့် ရွှီရှင်းကျီ၏နှလုံးသားများ ယိမ်းယိုင်သွားကာ အထိန်းအကွပ်မရှိ ပြန်ကြည့်လိုက်သည်။
-မုန့်ချုံ့ကွမ်း၏ မျက်ခုံးများမှာတွန့်နေပြီး သူ၏နှင်းဆီလို နှုတ်ခမ်းသားများမှာ စေ့စေ့ပိတ်နေသည်။
ရွှီရှင်းကျီ သူ၏မျက်ခုံးများအား ဖြေလျှော့ပေးရန် ကြိုးစားလိုက်သည်။
သူ့လက်ချောင်းထိပ်များ မုန့်ချုံ့ကွမ်းနှင့်ထိလိုက်သည်နှင့် သူ့အမူအရာမှာ သက်သောင့်သက်သာဖြစ်သွားတော့သည်။
ရွှီရှင်းကျီက ကူကယ်ရာမဲ့ပြုံးလိုက်ပြီး ထွက်သွားရန်အတွေးကို ဖယ်ထုတ်လိုက်သည်။ သူလည်း ကုတင်ပေါ်တက်ကာ သူ့(မုန့်ချုံ့ကွမ်း)ဘေးနား ဝင်လှဲပြီး မျက်လုံးများပိတ်လိုက်သည်။
......မုန့်ချုံ့ကွမ်းသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး သူကိုယ်တိုင် အဖော်ပြုပေးမှသာ ကောင်းကောင်း အနားယူနိုင်မည်ဟု ထင်ရသည်။
ယင်းကို ပြောရလျှင် မူလပိုင်ရှင်သည် မုန့်ချုံ့ကွမ်းအား ကလေးငယ်အဖြစ် သတ်မှတ်ထားသောကြောင့် မူလပိုင်ရှင်အပေါ် ၎င်း၏သဘောထားသည် အဖေ ဒါမှမဟုတ် ညီအစ်ကိုအပေါ် ထားရှိသည့် ခံစားချက်ထက် မနည်းလှကြောင်းမှာ အံ့သြစရာမဟုတ်ပေ။
ဘာအရေးတကြီးကိစ္စမှမရှိတာကိုတွေ့လိုက်ရတော့ ရွှီရှင်းကျီက သူ့ခေါင်းကို ညာလက်နဲ့အုံးပြီး ကုတင်ပေါ်ကခေါင်မိုးကို စိုက်ကြည့်ကာ စောစောက သားရဲလူရဲ့ သူ့ကို နာကျင်စေခဲ့တဲ့ စကားတွေကို ပြန်သတိရသွားသည်။
"ဘယ်သူလဲကြည့်ပါအုံး၊ ဖြောင့်မတ်တဲ့လမ်းစဉ်ကို သစ္စာဖောက်ခဲ့တဲ့ ရွှီရှင်းကျီပါလား!"
“...ရိုင်းစိုင်းယုတ်မာတဲ့ အကြံအစည်တွေ အပြည့်နဲ့ အကျင့်ပျက်ပြီး နှလုံးသားမဲ့ မင်းရဲ့လေးစားထိုက်တဲ့ဆရာကို အရင်ဆုံး သတ်ပစ်ခဲ့တယ်...”
ရွှီရှင်းကျီက သူ့ဆရာကို သတ်လိုက်သည်ဟု ကမ္ဘာပေါ်ရှိလူတိုင်းက ထင်မြင်နေကြသော်လည်း မူလပိုင်ရှင်၏ မှတ်ဉာဏ်များမှ မုန့်ချုံ့ကွမ်းကသာ ပုန်ကန်ပြီး နတ်ဘုရားပစ္စည်းများကို ခိုးယူရန် သူ့ဆရာကို သတ်ပစ်လိုက်ကာ နောက်ဆုံးတွင် သူ့အားအပြစ်ဖို့သွားသည်ကို ပြောပြခဲ့သည်။
Advertisement
သို့သော်လည်း၊ ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်း၏ မကြာသေးမီက လုပ်ဆောင်ချက်များကို ပိုင်းခြားသိမြင်ခဲ့ရာမှ၊ သူ(မုန့်ချုံ့ကွမ်း)သည် ချစ်ခြင်းမေတ္တာများနှင့် လူသားတို့၏ ဆက်ဆံရေးကို အလွန်အလေးထားပုံရသည်။ သူ့ဘာသူ ဘယ်လိုပဲဖြစ်ဖြစ်၊ ဉာဏ်နီဉာဏ်နက်များကာ လောကစည်းစိမ်ဥစ္စာများကို ရယူလိုသည့် သူမျိုးနှင့် မတူပါ။
ရွှီရှင်းကျီ တွေးမိတာက နတ်ဘုရားပစ္စည်းတွေက အဖိုးတန်လွန်းတာကြောင့် သူ့စိတ်က ခဏတာစွဲလန်းသွားတာများလား?
သူသည် မုန့်ချုံ့ကွမ်းအား ကျောပေးလှည့်လိုက်ကာ နားမလည်နိုင်စွာ အသက်ရှူကြပ်သွားသည်။
.....မူလပိုင်ရှင်၏ ဆရာ၏ဘွဲ့အမည်မှာ"ချင်းကျင့်အရှင်" ဖြစ်ပုံရသည်။
ဒီနာမည်က သူ့စိတ်ထဲ တဒိန်းဒိန်းပျံတက်သွားပြီး မအီမသာ ခံစားရကာ အန်ထုတ်ပစ်ချင်လာသည်အထိ လှည့်ပတ်နေခဲ့သည်။
သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ဝက်ကို မှီထားလိုက်ပြီး ကုတင်အောက်နားကို မျက်နှာမူကာ အော့အန်ချင်သော်လည်း မတတ်နိုင်ပေ။
ရွှီရှင်းကျီသည် သူ့ရင်ဘတ်ကို နှစ်ကြိမ်ထုလိုက်ပြီး နောက်တစ်ကြိမ် လှဲချလိုက်ပြီးမှသာ ရင်ဘတ်ထဲတွင် ပိတ်မိနေသော နာကျင်ကိုက်ခဲမှုနှင့် စိတ်ဓာတ်ကျသော ခံစားချက်များ အနည်းငယ် ပေါ့ပါးသွားခဲ့သည်။
ရွှီရှင်းကျီသည် ဤခံစားချက်များ၏ မူလဇစ်မြစ်ကို မပြောနိုင်ပေ။ မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို အသုံးပြုနေရသောကြောင့် သူ့ကိုယ်သူ နှစ်သိမ့်နိုင်ရုံသာရှိသည်၊ မူလပိုင်ရှင်သည် သူ့ဆရာကို အလွန်ချစ်ခင်မြတ်နိုးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူ့ဆရာကွယ်လွန်သွားပြီဖြစ်ကြောင်း ပြန်သတိရတိုင်း ဤအရာက အဓိပ္ပါယ်မရှိသော စိတ်ဓာတ်ကျမှုကို ခံစားရစေသည်။
တစ်ညတာအိပ်စက်ခြင်းဟာ ထောင်ပေါင်းများစွာသော ဝမ်းနည်းမှုတွေကို ဖြေရှင်းပေးနိုင်မည်ဆိုသည့် နိယာမအရ ရွှီရှင်းကျီဟာ သူ့မျက်နှာကို ဖုံးအုပ်ကာ အိပ်မက်ထဲ ရောက်သွားခဲ့သည်။
သူ၏ အသက်ရှုသံ တဖြည်းဖြည်း တည်ငြိမ်လာသောအခါ မုန့်ချုံ့ကွမ်းမှ သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူက နောက်ပြန်လှည့်ကာ ရွှီရှင်းကျီ၏လက်နှစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ရွှီရှင်းကျီ ၏ရင်ဘတ်ကို လက်ဖြင့် အုပ်ထားလိုက်သည်။
အောက်မှနှလုံးခုန်သံသည် အားကောင်းလှပြီး ခုန်သံတစ်ခုစီသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီ၏အနောက်မှ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နားထဲသို့ တိုးတိုးလေးပြောလိုက်သည် "ရှစ်ရှုန်း၊ ဝမ်းမနည်းပါနဲ့။ ကျွန်တော့်ကိုသတ်ချင်ရင်တောင် ပြန်မတိုက်ပါဘူး။ ရှစ်ရှုန်းပျော်နေသရွေ့..."
ထိုကြေငြာချက်နှင့်အတူ သူသည် ရွှီရှင်းကျီ၏နားရွက်ကို ခွေးကလေးတစ်ကောင်ကဲ့သို့ ခဏတာ ရှူရှိုက်ကာ ပါးစပ်ကိုဖွင့်လိုက်ပြီးနောက် ၎င်း၏အစွယ်များဖြင့် ညင်သာစွာ ကိုက်ဝါးနေသည်။
ရွှီရှင်းကျီသည် မျက်မှောင်ကြုတ်ကာ တစ်ကြိမ်သာ ညည်းတွားသော်လည်း မနိုးလာပေ။
ထိုညတွင် ရွှီရှင်းကျီ ထူးထူးခြားခြား အိပ်မက်တစ်ခု မက်ခဲ့သည်။
ဤအချိန်၊ သူမျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူသည် အထပ်မြင့်အဆောက်အအုံတစ်ခု၏ လက်ရာမြောက်စွာ ထွင်းထုထားသည့် ကျောက်စိမ်းလှေကားထစ်ပေါ်တွင် ဝါးလိပ်တစ်ခုကို လက်ထဲတွင် ကိုင်ဆောင်ကာ သပ်သပ်ရပ်ရပ်အဝတ်အစားများ ၀တ်ဆင်ထားပြီး ကျင့်ကြံရေးဆိုင်ရာ ဟောပြောပွဲအတွက် ပြင်ဆင်နေပုံရသည်။
တပည့်များသည် မြင့်မားသောပလက်ဖောင်းအောက်တွင် စုရုံးကြပြီး သူတို့ကြားတွင် ရင်းနှီးသောမျက်နှာတစ်ခု၊ မဟုတ် နှစ်ခုကို တွေ့လိုက်ရသည်။ မုန့်ချုံ့ကွမ်းနှင့် ကျို့ကျစ်သမ်းတို့သည် ကလေးကဲ့သို့ အသွင်အပြင်ပျောက်ကွယ်သွားပြီး ချောမောသော လူငယ်များ ဖြစ်လာခဲ့သည်။ သူတို့သည် အခင်းပေါ်တွင် ဒူးထောက်ကာ ဟောပြောချက်ကို စောင့်ဆိုင်းနေချိန်တွင် အာရုံစိုက်နေကြသော်လည်း နှစ်ယောက်သား၏ မျက်လုံးတစ်စုံက သူ့ကိုမျက်တောင်မခတ် စိုက်ကြည့်နေကြသည်။
မုန့်ချုံ့ကွမ်းသည် မြင့်သောပလက်ဖောင်းပေါ်တွင်ရှိနေသည့် ရွှီရှင်းကျီကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်နေလိုက်ပြီး အခြားတပည့်များအားလုံးသည်တော့ သူတို့နေရာ၌ရပ်ကာ တခြားနေရာကိုသာ ကြည့်နေကြသည်။
တိုးလျှကာနှင့် ခင်မင်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်- "ရှင်းကျီ၊ စလို့ရပြီ"
ဒီအသံကိုကြားတော့ ရွှီရှင်းကျီ အေးခဲသွားသည်။
ဤနေရာသည် လုဝမ့်ပွဲကြည့်စင်နှင့် လုံးဝကွဲပြားပါသည်။ အောက်ရှိ တပည့်များ၏ အဝတ်အစားများသည် သပ်ရပ်ပြီး ယူနီဖောင်းများမှာ တိမ်ပုံများဖြင့် အဖြူရောင် ၀တ်စုံများဖြစ်ပြီး ဆံပင်ကို ချည်နှောင်ရန် ဖဲကြိုးပါးပါးများ ၀တ်ဆင်ထားကြသည်။
.....ဤနေရာသည် ဖုန်းလင်တောင်ဖြစ်လောက်သည်။
ပြီးတော့ အကြီးတန်းတပည့် ရွှီရှင်းကျီကို ညွှန်ကြားပေးနိုင်သည့်လူက "ချင်းကျင့်အရှင်" များလား?
ရွှီရှင်းကျီ လှည့်ကြည့်ချင်သော်လည်း သူ့ခန္ဓာကိုယ်က နာခံရန် ငြင်းဆန်နေသည်။ သူသည် ဝါးလိပ်ကိုဖြန့်ကာ ခက်ခဲပြီး မရင်းနှီးသော ရှေးအက္ခရာများကို စာလုံးတစ်လုံးနှင့်တစ်လုံး ချွတ်ယွင်းချက်မရှိ ကျယ်လောင်စွာ ဖတ်ရှုကာ သင်ကြားပေးခဲ့သည်။
ရွှီရှင်းကျီသည် ဤမြင်ကွင်းမှာ အလွန်လက်တွေ့ကျသောကြောင့်၊ စေးပျစ်ပြီး ထူထဲသောစပျစ်နွယ်ပင်တစ်ပင်က သူ၏ဝတ်ရုံအောက်သို့ တိတ်တဆိတ် တိုးဝင်သွားသည့်တိုင်အောင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များထဲမှ တစ်ခုဖြစ်သည်ဟု တွေးမိခဲ့သည်။
ရွှီရှင်းကျီသည် သူ့အောက်ရှိ တခဏတာ ပျော့ပျောင်းသောလျှောဝင်လာမှုကိုသာ ခံစားခဲ့ရပြီး အာရုံပြန်မရနိုင်သေးသည့်အချိန်တွင် ဝါးလိပ်ကိုကိုင်ထားသည့်လက်များ တင်းကြပ်သွားကာ အာမေဋိတ်သံတစ်ခု နှုတ်ခမ်းစွန်းများဆီသို့ တိုးဝင်လာသောကြောင့် အတင်းအကြပ် ပြန်မျိုချလိုက်ရသည်။
ရွှီရှင်းကျီမှ ခုခံရန် သို့မဟုတ် မအော်ရဲကြောင်း စပျစ်နွယ်ပင်ထိပ်ဖျားက မြင်သောအခါ၊ ၎င်းသည် ပို၍ရဲတင်းလာပြီး ပို၍ အထိန်းအကွပ်မဲ့လာသည်။ ရွှီရှင်းကျီ၏ ခြေထောက်ကြားသို့ဝင်သွားကာ ရေကူးနေသော ငါးတစ်ကောင်လို၊ ရေဆာနေတဲ့ သမင်တစ်ကောင်လို ကျီစားနေသည်။
ရွှီရှင်းကျီ ထိတ်လန့်တကြား မော့ကြည့်လိုက်သော်လည်း သူ့အနီးနားရှိ အခြားမည်သူမှ သူ့မူမမှန်မှုကို သတိမထားမိကြပေ။
အောက်က တပည့်တွေအားလုံးက သူ့ကို မော့ကြည့်ကြပြီး ကြည်ညိုလေးစားမှုအပြည့်ရှိတဲ့ မျက်လုံးတွေနဲ့ မုန့်ချုံ့ကွမ်းသည်လည်း ၎င်းတို့ကြားထဲမှာ ရောထွေးနေပြီး သူ့ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ပြင်းပြစွာ စိုက်ကြည့်နေသည်။
ရွှီရှင်းကျီသည် သူ့သွေးပြန်ကြောများ ဖောင်းပွလာသည်အထိ သည်းခံပြီး သူ့လက်ချောင်းများ အကြိမ်ကြိမ် တင်းကျပ်ပြီး ဖြေလျော့ထားရသည်။ နဖူးပေါ်မှ ချွေးထွက်လာသည်အထိ ခါးသီးစွာ သည်းခံခဲ့သည် "...ကောင်းကင်သည်ယန်ဖြစ်ပြီး မြေကြီးသည်ယင်၊ နွေသည်ယင်း၊ ဆောင်းသည်ယင်း၊ နွေသည်ယန်၊ ဆောင်းသည်ယင်၊ နေ့သည်ယန်၊ ညသည် ယင်ဖြစ်သည်....ဝူး!!!"
Advertisement
.....ဝင်....တကယ်ကြီးဝင်သွားပြီ...
....နေရာတွေအများကြီးထဲကမှ။
ရွှီရှင်းကျီ၏ လက်ကောက်ဝတ်တွင် ချည်ထားသော ခေါင်းလောင်းများသည် သူ့ခန္ဓာကိုယ်၏ တင်းမာမှုကို တုံ့ပြန်သည့်အနေဖြင့် အေးစက်စက်မြည်လာသည်။ အချိန်အတော်ကြာတော့ သူ့တစ်ကိုယ်လုံး ထုံကျင်ပြီး တုန်ယင်လာတော့သည်။ သူသည် ထိတ်လန့်တုန်လှုပ်ကာ ဒေါသဖြစ်ပြီး ကျမ်းဂန်စာသားများအား လည်ချောင်းထဲတွင် တွယ်ကပ်နေသော်လည်း မျိုမချနိုင်သလို ထုတ်လည်းမပြောနိုင်။
အောက်မှ တပည့်အချို့သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိကာ ရွှီရှင်းကျီကို မျှော်ကြည့်နေပြီဖြစ်သည်။
ရွှီရှင်းကျီ၏နောက်ကွယ်မှ စုံစမ်းလိုသည့်အသံတစ်ခု ထွက်ပေါ်လာသည်- "ရှင်းကျီ၊ မင်းနေမကောင်းဘူးလား?"
“ဆရာ့ကို ပြန်ဖြေပါတယ်၊ လုံးဝ...မဟုတ်ပါဘူး"
ရွှီရှင်းကျီ၏ ခန္ဓာကိုယ်ထက်ဝက်သည် အေးစက်သော ချွေးများဖြင့် ရွှဲနစ်နေပြီး နောက်တစ်ကြိမ် ပြန်ပြောနိုင်ရန်အတွက် တင်းခံထားရသော်လည်း သူ့အသံမှာ အနည်းငယ် တုန်လှုပ်သွားသည်။ "....အပေါ်....အပေါ်ကယန်၊ အောက်ကယင်။ ယောကျာ်းကယန်၊ မိန်းမကယင်။ အဖေကယန်၊ သားကယင်။ အကိုကယန်၊ ညီကယင်။ အရွယ်ရောက်သူကယန်၊ လူငယ်ကယင်..."
ရပ်ပါတော့လို့ အော်ဟစ်ချင်သော်လည်း ဘယ်သူ့ကို အသနားခံရမလဲ မသေချာကာ ထိုလေးနက်သော ကျင့်ကြံရေး အက္ခရာအလုံး800ကိုလည်း ရွတ်ဆိုရသေးသည်။ ထိုသို့သော နှိုးဆော်မှုအောက်တွင်၊ သူ၏ခန္ဓာကိုယ်သည် ပျော့ပျောင်းသော ငွေကြိုးများကို ထွေးထုတ်လိုက်သည့် ပင့်ကူတစ်ကောင်ကဲ့သို့ ပိုပူလာပြီး၊ စပျစ်နွယ်ပင်များသည်လည်း ဤအခွင့်အရေးကို ရယူကာ ရွှီရှင်းကျီ၏ ခန္ဓာကိုယ်မှ ခွန်အားအားလုံးကို ဖယ်ရှားပစ်လိုက်သည်။
(T/N: ဆိုလိုတာက ပြီးသွားတာပါ...)
သူ့အမြင်အာရုံတွေ တခဏတာ တောက်ပသွားကာ နောက်တခဏတွင် အမှောင်ထဲမှာ ရွှေရောင်ကြယ်တွေမြင်လိုက်ရတာကြောင့် ဒူးထောက်ထိုင်လိုက်တာ အကောင်းဆုံးပါပဲ။ နောက်ဆုံးတော့ သူ ဆက်မထိန်းနိုင်တော့ဘဲ တစ်ဖက်သို့ ညင်သာစွာ လှဲချလိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက်။
မုန့်ချုံ့ကွမ်းသည် အသံအနည်းငယ်ညဉ်းနေကာ စိတ်ကောင်းဝင်နေပုံဖြင့် အခန်းမှထွက်သွားကာ မျှော်စင်ကိုဖြတ်၍ စီးဆင်းနေသော ရေစီးကြောင်းမှ သူ့မျက်နှာနှင့် လက်များကို ဆေးကြောလိုက်သည်။
ကျိုးဝမ့်သည် လုယွီကျို့၏အခန်းထဲမှထွက်လာပြီး သူ့ကိုနှုတ်ဆက်လိုက်သည်။ "မုန့်သာ့ကော နိုးလာပြီလား?"
မုန့်ချုံ့ကွမ်းက အပြုံးဖြင့် ပြန်ဖြေလိုက်ပြီး သူ့မျက်လုံးများသည် လခြမ်းလို ကွေးတက်သွားသည်- "ဟုတ်တယ်အာ"
ပြန်ဖြေပြီးနောက် သူ့လက်ပေါ်ရှိ ရေစက်များကိုခါကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူ၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရတော့ ကျိုးဝမ့် ခဏမျှ အံ့အားသင့်သွားသည်။ ကျိုးပိုင်နန် သူမနောက်မှ လွင့်ပျံလာသောအခါမှပင် သူမ သက်ပြင်းချမိတော့သည်။ "ဦးလေး၊ ကျွန်မ တောရိုင်းတောထဲမှာ နှစ်အတော်ကြာနေခဲ့တာတောင် မုန့်သာ့ကောရဲ့ ဒီလိုအပြုံးမျိုးကို တစ်ခါမှ မမြင်ဖူးဘူး"
ကျိုးပိုင်နန်က တင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့ တံခါးကို တစ်ချက်ကြည့်လိုက်ပြီး “အဲဒါအရင်တုန်းက သူဘယ်လိုနေလဲဆိုတာ မင်းမမြင်ဖူးလို့။ တစ်နေကုန် ထွက်သွားဖို့ ငြင်းဆန်ပြီး သူ့ရှစ်ရှုန်းကိုပဲ နေကြာပန်းလို ပြုံးပြနေတာ"
ကျိုးဝမ့် သိချင်မိသည်– “ရွှီရှစ်ရှုန်း မြေရိုင်းကို ရောက်လာတတည်းက သူတို့နှစ်ယောက် အခန်းထဲမှာပဲ နေ့တိုင်း အတူတူနေကြတယ်။ သူတို့ဘာတွေလုပ်နေကြတာလဲ? ဝင်ကြည့်ချင်လိုက်တာ"
"ချီ" ကျိုးပိုင်နန်က မျက်ခုံးတွန့်ကာ "မိန်းကလေးတစ်ယောက်အနေနဲ့ မင်းဘာလို့သူများကိစ္စထဲ နှာခေါင်းတိုးဝင်ချင်နေတာလဲ?"
ကျိုးဝမ့်က “အရင်တုန်းက ဓားရေးသင်ပေးတုန်းကကျ မိန်းကလေးလို မဆက်ဆံပဲနဲ့”
ကျိုးပိုင်နန်သည် သူ၏ တစ္ဆေလှံကိုဆွဲကာ ကျိုးဝမ့် ခေါင်းကိုရိုက်ရန် ကြံစည်ခဲ့သော်လည်း ကျိုးဝမ့်သည် လျင်မြန်စွာ ခြေလှမ်းအနည်းငယ်ဖြင့် ရှောင်တိမ်းနိုင်ခဲ့သည်- "ဦးလေးရဲ့ စံနှုန်းတွေကလည်းများလိုက်တာ။ ဘယ်လိုလုပ် ကိုယ့်ကိုကိုယ် တရားမျှတကြောင်းပြမှာလဲ? ရွှီရှစ်ရှုန်းလည်း ကျွန်မကို မိန်းကလေးက မိန်းကလေးလို ပြုမူသင့်တယ်လို့ ပြောခဲ့တယ်"
ကျိုးပိုင်နန်သည် "ရွှီရှစ်ရှုန်း" စကားသုံးလုံးကိုကြားလိုက်သောအခါ မျက်လုံးလှိမ့်လိုက်သည်။ "ရွှီရှင်ရှုန်းတဲ့၊ ရွှီရှစ်ရှုန်းသာ ဘယ်လိုသင်ပေးရမလဲသိရင်၊ သူ့အုပ်ထိန်းမှုအောက်မှာ ဝတ်ရုံလက်ပြတ်ရှစ်သိနှစ်ကောင်နဲ့ ဘယ်လိုလုပ်အဆုံးသတ်သွားမှာလဲ....”
သူ့မှတ်ချက်များ၏ တစ်ဝက်တစ်ပျက်လောက်တွင် သူစကားပြောမှားသွားမှန်း သိလိုက်သောကြောင့် သူ့ကိုယ်သူထိန်းလိုက်ပြီး ဆက်မပြောတော့။
သို့သော် ကျိုးဝမ့်က အံ့အားသင့်သွားသည်- "ဦးလေး၊ ဝတ်ရုံလက်ပြတ်ကဘာကြီးလဲ?"
ကျိုးပိုင်နန်သည် အနည်းငယ် နီရဲသွားပြီး သူ့ဝတ်ရုံလက်များကို လှန်လိုက်ကာ မကြားချင်ယောင်ဆောင်ကာ ထွက်သွားလေသည်။
ဤတစ်ကြိမ်တွင် ရွှီရှင်းကျီသည် အိပ်မက်ထဲတွင် ပြင်းထန်စွာ နှောင့်ယှက်ခံခဲ့ရသည်။ တစ်နေကုန် အိပ်မောကျပြီး နိုးလာသောအခါတွင် ခြေဖဝါးကို မြေကြီးပေါ်တွင်ပင် မချနိုင်တော့ပေ။ သူထပြီး လမ်းလျှောက်လို့မရခင်အထိ နှစ်ရက်လောက် သူ့ခြေထောက်တွေ အားနည်းသွားခဲ့သည်။
နောက်ရက်များတွင် မုန့်ချုံ့ကွမ်းသည် အပိုင်းအစကို သိမ်းယူရန် ဟူထျောင်လျှိုမြောင်သို့သွားသည်ကို မပြောတော့ပါ။ ရွှီရှင်းကျီသည် အရှုပ်အထွေးထဲတွင် ပိတ်မိနေခဲ့သည်။ သူသည် တောရိုင်းတောကြီးထဲတွင် တစ်နေ့တာလုံး ဤလူများနှင့်ရောနှောကာ စကားစမြည်ပြောရင်း အရက်သောက်၊ အိုးပစ်ဂိမ်းဆော့၊ ရယ်မောပျော်ရွှင်နေကြကာ လက်တွေ့ကမ္ဘာရှိ သူ၏နေထိုင်မှုပုံစံနှင့် မကွာခြားလှပေ။
......ဤအပန်းဖြေမှုများကြားတွင်၊ ရွှီရှင်းကျီသည် အူတိုင်ထဲအထိ တုန်လှုပ်သွားစေသည့်အရာတစ်ခုအကြောင်းလည်း သိလိုက်ရသည်။
.....နောက်ဆုံးတွင် သူသည် ထောင်ရှန်း၏ ထူးခြားချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
...ထောင်ရှန်းသည် အမှန်တကယ်တော့ ဝိညာဉ်စွမ်းအားများ နှုတ်ယူခံထားရသော သေမျိုးတစ်ယောက်သာ ဖြစ်သည်။
ထောင်ရှန်းသည် စကားနည်းကာ အသိဉာဏ်မရှိသည့် ချွီချီနှင့် အချိန်ဖြုန်းနေသော်လည်း မငြီးငွေ့ပေ။ အခြားသူများနှင့် စကားအနည်းငယ်ထက်ပို၍ ဖလှယ်ပါက သူသည် ရှက်ရွံ့ပြီး စကားထစ်သွားမည်ဖြစ်ပြီး အနီးနားတွင် မြင်ရခဲလှသည်။ ထို့ကြောင့်၊ သူသည် သေမျိုးဖြစ်သည်ဟူသောအချက်သည် ရွှီရှင်းကျီအား ကျိုးဝမ့်မှ ဖွင့်ပြောခဲ့သောအရာဖြစ်သည်။
ထိုနှစ်တွင် ကျိုးပိုင်နန်သည် တောရိုင်းထဲသို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး အမည်မသိအကြောင်းပြချက်ဖြင့် ဝမ်းနည်းစွာသေဆုံးသွားခဲ့ပြီး ကျိုးဝမ့်၏မိခင်သည်လည်း သူမကိုမွေးဖွားပြီးနောက် သွေးထွက်လွန်ကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်။ ချွီချီနှင့် ထောင်ရှန်းနှစ်ယောက်စလုံးသည် တောထဲတောင်ထဲ ပစ်ချခံခဲ့ရပြီးနောက် အထီးကျန်ကာ ကျယ်လောင်စွာ ငိုကြွေးနေသော ကျိုးဝမ့်ကို တွေ့ခဲ့ရသည်။ ဒါနဲ့ သူတို့နှစ်ယောက်က သူမအမေရဲ့ အလောင်းကို သင်္ဂြိုဟ်ပြီး သူမကိုချီကာ ခေါ်သွားခဲ့ကြသည်။
လုယွီကျို့သာ ကွဲလွင့်သွားတော့မယ့် ကျိုးပိုင်နန်ရဲ့ ဝိညာဉ်ကို မမြင်လိုက်ရရင်၊ ကျိုးပိုင်နန်ဟာ တောကြီးထဲက မီးခိုးလုံးကြီး ဖြစ်သွားတော့မှာပင်။
ထိုအချိန်မှစပြီး ကျိုးဝမ့်သည် ချွီချီနှင့် ထောင်ရှန်းတို့ကို နတ်ဘုရားများအဖြစ် အသိအမှတ်ပြုခဲ့သည်။
သူမစကားအရ သူမခေါင်းကိုင်အမေ ထောင်ရှန်းဟာ အလွန်အားနည်းကာ ကြက်တစ်ကောင်ကိုပင် မချည်နှောင်နိုင်သည့် သေမျိုးပင်။ 13နှစ်ပြည့်အောင် မြေရိုင်းထဲတွင် သူရှင်သန်နိုင်ခဲ့သည့်တစ်ခုတည်းသော အကြောင်းအရင်းမှာ ချွီချီ၏ အကြွင်းမဲ့ စေ့စေ့စပ်စပ် အကာအကွယ်ပေးမှုကြောင့် ဖြစ်သည်။
ရွှီရှင်းကျီ ဒီစကားကိုကြားတော့ တော်တော်အံ့သြသွားသည်။ ဧရာမမျှော်စင်ကြီးထဲမှာ ထောင်ရှန်းနှင့် တွေ့သောအခါ ဒီကိစ္စနဲ့ တ်သက်ပြီး သူနဲ့စကားတချို့ ပြောခဲ့ကြသေးသည်။
ထောင်ရှန်းသည် ရှက်ကိုးရှက်ကန်းဖြင့် သူ့အင်္ကျီထောင့်ကို လိမ်လိုက်သည်။ "....အဲဒါအမှန်ပါပဲ။ ကျွန်တော်အစက ချွီရှစ်ရှုန်းကို ဂရုစိုက်ပေးဖို့ စွန့်ပစ်မြေထဲကို ဝင်ခဲ့ပေမဲ့ အခုတော့ ချွီရှစ်ရှုန်းရဲ့ ဂရုစိုက်မှုနဲ့ အကာအကွယ်ကို လိုအပ်နေတယ်"
ရွှီရှင်းကျီက မနေနိုင်ဘဲ မေးလိုက်သည်။ "ဒါဆို မင်းအရင်က ဘာလုပ်တာလဲ?"
ထောင်ရှန်းက တိုးလျသော အသံဖြင့် မေးလိုက်သည် "ရွှီရှစ်ရှုန်း တကယ် မမှတ်မိဘူးလား? ကျွန်တော် ပြဇာတ်တွေမှာ ဖျော်ဖြေဖူးတယ်လေ” သူထပ်ဖြည့်ပြောလိုက်သည်။ ".....ဟွာတန်"
ရှစ်ရှုန်း (ညည်းတွား) : ဒါမင်းရဲ့ အဖေလို အကိုလိုလူကို ဆက်ဆံတဲ့နည်းလား?
ချုံ့ကွမ်း: ပါးးး! ဖက်ပါအုံး!
ရှစ်ရှုန်း: ....လစ်။
(T/N: ဒီတစ်ပိုင်း ရှစ်ရှုန်းဘာဖြစ်လဲ သိကြတယ်မလား ဟင်းဟင်းး)
_________
Advertisement
- In Serial106 Chapters
Exterminator Dungeon
A factory super-A.I. core wakes up to find itself in a fantasy world. It doesn’t have any other motive other than to finish its only instruction: Produce anti-mana. With nothing but a few metal puppets to its disposal, Custodian will have to adapt to change; whether for peace or for total extermination of every organic being to achieve its goal.
8 225 - In Serial19 Chapters
The Injured
Survival ain’t easy even in the best of times. These are not the best of times. Alexander lived because he had to. He really didn’t have another choice.
8 207 - In Serial21 Chapters
A Villains Bright Side (IzukuxOchaco)
"I've never met someone like you, but i'm glad I did""Pray you'll have a quirk in your next life, and take a swan dive off the roof." And so Izuku did, but instead of dying he got saved by the villains. Izuku is now known to the public as Deku. And for the past 2 years Deku has been the worlds most dangerous and violent villain. But will one little kidnapping of a certain gravity quirk girl change his mind?---------------------------------------------------------------------This is my first story and it is a izuocha story and for some reason I like Villain deku x hero ochako sorry if there is some spelling mistakes or errors in the story ooorrrrrrrr if the story is trash, please give meh feed back
8 219 - In Serial16 Chapters
Lunar Arrows - Deliveryshipping
Sun Taiyono is a spy who has made revenge on the people who killed his parents. For three years and four months, he's been working as a spy and wants to quit.But before he can, he has to complete one final mission.Moon Lumanlan.
8 182 - In Serial67 Chapters
Bound To The Tyrant Prince
A fearless modern girl decided to ignore the real history and go with her own flow.Becoming a proper young lady who is abandoned by her own family was indeed hard. However, the worst has yet to come. Until one day, she was summon to go back to her family manor. ㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤ•••His presence alone exudes dignified air of a noble. Wearing a masks caused people's fear.Her fearless actions impressed him, at the same time he draw a line between them.𝙒𝙞𝙡𝙡 𝙨𝙝𝙚 𝙗𝙚 𝙖𝙗𝙡𝙚 𝙩𝙤 𝙡𝙞𝙫𝙚 𝙥𝙚𝙖𝙘𝙚𝙛𝙪𝙡𝙡𝙮 𝙞𝙣 𝙩𝙝𝙚 𝙖𝙣𝙘𝙞𝙚𝙣𝙩 𝙚𝙧𝙖?
8 170 - In Serial31 Chapters
absolution.
When Tommy dies, he expects to see Wilbur. Or Schlatt. Hell, even Mexican Dream. After all, that'd mean that there was at least an afterlife in the DreamSMP. What he doesn't expect is to wake up to another world, one that his communicator tells him isn't exactly a server. He can't seem to find any other servers, this one doesn't have a whitelist, and... there's no admin. No Dream. Instead, there are heroes. Heroes, villains, vigilantes, and civilians. There are powers called quirks, and they don't come from hybrid traits--they're natural. There's an entirely different society, one that doesn't have records of discs, mistakes, and the Blood God in its history for its base. There are schools that teach hero-wannabes how to soar to the top, and there are villains capable of flipping the world over its very roots. There were no heroes in his past life. Tommy himself is far from one.Yet maybe, in this life, he can at least try to be there for those who need it.===or; in which Tommy Innit "Theseus" Craft becomes a vigilante, a cafe barista, and then a somewhat-hero, wrecking BnHA canon in the processor, a dsmp x bnha crossover because i'm in love with the idea===(WARNING: this fic will depict lots, and i mean Lots, of sensitive themes, including but not limited to: violence, trauma, suicide themes, etc. due to the dsmp in general as well as how i'm making this realistic as i can. if you are triggered by some of these sensitive topics or what c!tommy goes through, DO NOT READ THIS. PLEASE.)also, please read in dark mode!!===#1 in mcytxbnha 4/28/22
8 157

