《Me, Myself & Bad Romance •||• JINKOOK》【19】
Advertisement
⟨ Unicode Version ⟩
Me, Myself & Bad romance
အပိုင်း ၁၉
ခန်းဆီးကန့်လန့်ကာတွေကို ဆွဲဖွင့်လိုက်တော့ အိပ်ပျော်နေတဲ့ကောင်ငယ်လေး လူးလွန့်လာသည်။ နေရောင်နုနုက မှန်ပြတင်းကနေ ဝင်ဖြတ်လာတော့မှ ထိုကောင်လေး မျက်လုံးတွေကို ပွတ်သပ်ကာ သူ့ကို ကြည့်သည်။ နေရောင်ထိုးနေတာမို့ မြင်ရမယ်လို့တော့ သူမထင်။
" နိုးပြီလား ~~ ကိုယ်လက်သန့်စင်ပြီး မနက်စာစားလိုက်ဦး ... ပြီးရင် ဟိုအပေါ်မှာ ထုတ်ထားပေးတဲ့အဝတ် ဝတ်ပြီး ဆင်းလာခဲ့ "
မချိုသာနိုင်သေးတဲ့စကားလုံးတွေကို ရေရွတ်တော့ ထိုကောင်ငယ်လေးက နားမလည်သလို ကြည့်ကာ ဖြည်းဖြည်းချင်းထထိုင်ဖို့ ကြိုးစားသည်။ အဲ့ဒီတော့မှ သူ့ကိုမြင်သွားပုံပေါ်သည်။ အိပ်ရာနိုးနိုးချင်း ပြူးတူးပြဲတဲနဲ့ ဘာဖြစ်ခဲ့လဲ ပြန်စဉ်းစားနေပုံရသည်မို့ သူ စိတ်မရှည်စွာ ကုတင်ပေါ် ထိုင်ချရင်း ဂျောင်ဂုလက်တွေကို ဆွဲယူရှင်းပြမိသည်။
" ... အခု အိမ်ကြီးဆီပြန်ရောက်နေတာ ... မင်းကို ဂရုစိုက်ပေးတာမျိုး လိုချင်နေတာမလား ... အပြည့်အဝဂရုစိုက်ပေးလို့ရပြီး နေမကောင်းဖြစ်တာမျိုး ထပ်မဖြစ်ရအောင် ဒီနေ့ကစပြီး ဒီမှာပဲနေမယ် ... ပြီးတော့ ဒါငါ့အခန်း ~~ "
သူပြောမိတော့မှပဲ မျက်မှောင်ပိုကြုတ်ကာ သူဆုပ်ကိုင်ထားမိတဲ့လက်ကို ပြန်ဆွဲယူလေတော့ သူအလွှတ်မပေးဘဲ တင်းတင်းကျပ်ကျပ်ပြန်ဖမ်းဆွဲလိုက်မိသည်။
" ဒါ အစ်ကို့အခန်းဆိုတော့ ကျွန်တော်က ထွက်သွားပေးရမယ့်ပုံပဲ ... "
ထိုစကားကြောင့် ဆော့ဂျင် ဂျောင်ဂု နဖူးကို လက်ညှိုးလေးနဲ့ တောက်လိုက်မိသည်။
" အ့! "
" ဘယ်ကို ထွက်သွားချင်နေပြန်ပြီလဲ ... ငါ့အခန်းပါဆို ~~ သေချာကြည့်! "
အဲ့ဒီ့တော့မှ ဂျောင်ဂုက အခန်းဝန်းကျင်တွေကို ဝေ့ဝိုက်ကြည့်တော့ မျက်ဝန်းတွေ အရောင်ပြောင်းသွားတာ သတိထားမိလိုက်သည်။
" အာ~~ ကိုကို့အခန်းကိုး ... အရင်ကနဲ့မတူတော့ဘူးပဲ ..."
တစ်ယောက်တည်းပြောနေသလို ရေရွတ်လာတော့ မျက်မှောင်ကြုတ်ရမယ့်သူက ကင်ဆော့ဂျင်ဆိုတဲ့သူဖြစ်သွားပြန်သည်။
" ...မင်းဟာလေ ~~ ငါ ငြိမ်းချမ်းရေး ခဏယူဖို့ စဉ်းစားထားတဲ့အချိန်ဆို ဖြစ်ပြီ ... ဂျောင်ဂု! ငါတို့ ရန်မဖြစ်ဘဲ နေကြရအောင် ~~ ငါ မင်းကို မုန်းနေသေးတယ်ဆိုပေမယ့် ငါရန်မဖြစ်ချင်ဘူး ပြီးတော့ မနေ့ကလိုမျိုး ငါ မဖြစ်ချင်ဘူး ..."
သူ့စကားကြောင့် ဂျောင်ဂုလုံးလေးက မကျေမနပ်ကြည့်လာသည်။
" ဘာလဲ !! အချိုလာသပ်နေတာလား ... အစ်ကို့မှာရှိနေလျက်သားနဲ့ ဘာလို့ ကျွန်တော့်ကိုလက်ထပ်ထားရတာလဲ ... ကိုကို့မှာ မနေ့ကလူကြီးရှိနေလျက်သားနဲ့ ကျွန်တော့်ကို အနိုင်ယူဖို့အတွက် လက်ထပ်ထားတယ်ဆိုရင် ကိုကို နိုင်နေပြီးသားပါ ... ကျွန်တော့်ကို မနင်းချေလို့ရမလား ကိုကို "
မခေါ်နဲ့လို့ ပြောထားတဲ့စကားကိုတောင် ရဲရဲဝံ့ဝံ့ခေါ်ကာ ခြေမဆောင့်ရုံတမယ် ပြောနေတာမို့ ဆော့ဂျင် ရယ်လိုက်မိသည်။ တစ်ခါတလေ ဂျောင်ဂုက သူ့ကို ကြောက်နေသလိုဖြစ်ပေမယ့် တစ်ခါတလေ ဟိုးအရင်ကလိုမျိုး သူ့အပေါ်ဆိုးနေတုန်းပင်။
" .... ဘယ်သူက နင်းချေနေလို့လဲ ကိုယ့်ဟာကိုယ် အနင်းခံနေတာမဟုတ်လား ... ပြီးတော့ ငါပြောပြမယ် ... မနေ့က မင်းမြင်ခဲ့တာအကုန်အမှန်ပဲ ... ဒါပေမဲ့ သူက ငါ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်း ... အဲ့ဒီတော့ ငါလည်း သူ့ကို ချစ်တယ် ... ဒီလောက်ပဲ ... ငါ ပြောထားပြီးသားပါ ... ငါ မင်းကို မုန်းလည်းမုန်းသလို ချစ်လည်း ချစ်တယ်ဆိုတာလေ ... ငါ့ဘက်ကရှင်းတယ်ဂျောင်ဂု ! "
ကိုကို့စကားကြောင့် သူ မျက်နှာလွှဲရင်း သက်ပြင်းယဲ့ယဲ့ချမိသည်။ ကိုကို့ဆီက ဒီလိုရှင်းပြတာမျိုး ကြားရတဲ့အတွက် ဝမ်းသာသွားပေမယ့် အပြည့်အဝကြီးမဟုတ်။ ကိုကို့ရဲ့ မုန်းလည်း မုန်းတယ်၊ ချစ်လည်းချစ်တယ်ဆိုတဲ့ခံစားချက်ကြီးကို သူ လိုက်မမှီနိုင်တာဖြစ်သည်။
" ကျွန်တော့်ဘက်ကလည်း ရှင်းပါတယ်နော် ... ကျွန်တော့်မှာလည်း ခူရိုကလွဲလို့ ဘယ်သူမှမရှိဘူး ... ပြီးတော့ ကျွန်တော်နဲ့ ခူရိုက ~~~ "
" တော်တော့ ... မကြားချင်ဘူး ... ငြိမ်းချမ်းရေး မပျက်ပြားချင်ဘူးဆိုရင် ရှင်းခူရိုနဲ့အတိတ်အကြောင်းလာမပြောနဲ့ .. "
သူ့စကားမဆုံးသေး ဆူငေါက်လာတဲ့ ကိုကို့ကို သူ မျက်စောင်းသာ ထိုးလိုက်မိသည်။
" ဘာပြောစရာရှိသေးလဲ ... ကြည့်ရတာ တစ်ခုခုကျန်နေသေးပုံပဲ "
သူ့လက်ကို မလွှတ်တမ်းဖမ်းဆုပ်ရင်း မေးခွန်းထုတ်လာတဲ့ ကိုကို့ကြောင့် ကိုကို့မျက်ဝန်းကို သူပြန်ကြည့်မိသည်။ ဒီနေ့ ကိုကို့မျက်ဝန်းဟာ သိပ်ကို နူးညံ့သည်။ စကားပြောတာက မာထန်နေပေမယ့် မျက်ဝန်းတွေကတော့ သူ့နှလုံးသားကို ဆွဲခါနိုင်လောက်အောင် နူးညံ့လွန်းသည်။ ပြောရရင် အချစ်တွေအပြည့်နဲ့ သူ့ကို ကြင်ကြင်နာနာလေး ကြည့်တတ်တဲ့ ကိုကို့ကို ပြန်မြင်နေရသလိုပင်။ ဒီအချိန်မှာ ကိုကို့မျက်ဝန်းကြောင့် သူကိုယ်တိုင်ပါ နူးညံ့လာရင်း ကိုကို့ကို သူ နမ်းချင်လာမိသည်။ သို့ပေမယ့် ကိုကိုက ခွင့်မပြုထားဘူးလေ ...။ ပြန်စဉ်းစားမိပြန်ရင်လည်း ညက ~~ ညက ~~ တစ်ခုခုရှိခဲ့ပုံပင်။
" .. ညက ... "
" အင်း ... "
" ညကလိုမျိုး … မဟုတ်သေးဘူး ... "
" ....ညကလိုမျိုး ဘာဖြစ်လဲ ... "
" ... ညက .. ကျွန်တော့်ကို ဘာလုပ် ~~ အာ ... မသိတော့ဘူး ... ဖြစ်ချင်ရာဖြစ် ... "
တစ်ယောက်တည်း ရေရွတ်ရင်း ယောက်ယက်ခတ်နေတဲ့ကောင်ငယ်လေးကို ကြည့်နေရင်းမှာပဲ ရုတ်တရက် သူ့လည်တိုင်ကို ဆွဲချခံရကာ သူ့နှုတ်ခမ်းတွေ အပ်ုင်သိမ်းခံလိုက်ရသည်။ ဂျောင်ဂု သူ့ကို နမ်းလိုက်ခြင်းပင်။
ရုတ်တရက်ဆန်လွန်းသည်မို့ ဂျောင်ဂုကို ဆွဲခွာချကာ ကြည့်မိတော့ ဂျောင်ဂုမျက်ဝန်းတွေက ပြိုကျတော့မယ့်အလား ~~ ။
" ဆောရီး အစ်ကို ~~ အစ်ကို့ကို နမ်းဖို့ ခွင့်မပြုတာ သိပေမယ့် ... ကျွန်တော်က ~~ ကျွန်တော်က စိတ်မထိန်း .... "
Advertisement
အပြစ်ရှိသလို လုပ်လာပြန်တဲ့မျက်နှာဘေးကြောင့် သူ ဂျောင်ဂုနှုတ်ခမ်းကို ဆွဲကပ်နမ်းလိုက်မိသည်။ ခဏတာဖိကပ်ခြင်းအဆုံးမှာ သူ နဖူးချင်းကပ်ကာ ဂျောင်ဂုကို မေးခွန်းထုတ်လိုက်မိသည်။
" .... ‘ညကလိုမျိုး’ ဆိုတာ ... ဒီတစ်ခုလား ..."
သူ့မေးခွန်းကြောင့် ဂျောင်ဂုက အသက်ရှူသံပြင်းပြင်းကြားကနေ ခေါင်းခါသည်။
" ... ဒီ.. ဒီထက်ပိုခဲ့တယ် မဟုတ်လား ..."
စကားအဆုံးမှာတော့ ဂျောင်ဂုကိုယ်လေး အိပ်ယာပေါ် ကျသွားကာ သူ ငုံ့်မိုးလိုက်သည်။ အဲ့ဒီ့နောက် လက်ဖျားတွေကို ဂျောင်ဂုအင်္ကျီအောက် လျှိုဝင်ကာ ဆော့ကစားမိတော့ ဂျောင်ဂုရင်ဘတ်တွေ မောဟိုက်လာပုံရသည်။
" ဒီတစ်ခုလား ..."
သူမေးခွန်းထုတ်မိတော့ ဂျောင်ဂုက ခေါင်းခါသည်။ သူလည်း အဆင့်တက်ကာ အင်္ကျီကြယ်သီးတွေ ဖြုတ်ချရင်း ဂျောင်ဂု လည်တိုင်ကို အနမ်းခြွေမိသည်။ တုန်တက်သွားတဲ့ ခန္ဓာကိုယ်လေးက အပြစ်ကင်းသယောင်ရှိနေပေမယ့် ဂျောင်ဂု နှုတ်ခမ်းသားတွေကို နောက်တစ်ကြိမ်ထိကပ်လိုက်တဲ့အချိန်မှာတော့ ဂျောင်ဂုလက်တွေက သူ့ရှပ်အင်္ကျီကို အလောတကြီး ချွတ်သည်။ အဲ့ဒီ့နောက် ဂျောင်ဂု ဗိုက်သားပြင်ကို ခပ်ဖွဖွလေး အနမ်းပေးကာ ညအိပ်ဘောင်းဘီကိုဆွဲချွတ်ပြီး အလိုရှိရာ ဦးတည်လိုက်မိတော့သည်။
ပထမဦးဆုံးအနေနဲ့ နှစ်ယောက်လုံး ကြည်ကြည်ဖြူဖြူ ပြီးဆုံးသွားတဲ့အချိန်မှာတော့ ဂျောင်ဂုက သူ့ကိုယ်ကနေ မခွာ။ ရုံးသွားဖို့အတွက် အဝတ်တွေပြန်လဲဖို့ အိပ်ယာပေါ်ကနေ ထတာတောင် ဂျောင်ဂုဂီက သူ့ကျောပေါ်ကုပ်တွယ်ထားသေးသည်။
" ဂျောင်ဂုရား ~~ ဆင်းလို့ရပြီ ... မင်းလည်း လိုက်ရမှာကို မဆိုးနဲ့ ..."
သူ့ကို ကုပ်တွယ်ထားတာမို့ ဂျောင်ဂုတင်ပါးကို ပုတ်ကာ ပြောလိုက်ပေမယ့် ဂျောင်ဂုကတော့ မမှု။ သူ့ကိုပဲ ကပ်တွယ်သည်ထက် ပိုကပ်တွယ်ကာ သူ့လည်တိုင်တွေကို နှုတ်ခမ်းနှစ်လွှာနဲ့ ခပ်ဖွဖွလေး ငုံထွေးထားသည်။
" ကျွန်တော် အသက် ၃၀ပြည့်ရင် ပြန်ချီပေးမယ် အခုလိုမျိုး ~~ "
မပွင့်တပွင့်နဲ့ပြောလာတဲ့ဂျောင်ဂုအပြောကို သူသဘောကျစွာနဲ့ ရေချိုးခန်းထဲ ဝင်လာခဲ့ရသည်။ မိုးလင်းကတည်းက ရေတောင်မချိုးရသေးတဲ့ဂျောင်ဂုကို သူ bathtub ထဲ ချပေးမိတော့ ကြောင်ကလေးကို ရေထဲချတဲ့အတိုင်း ရုန်းကန်ရင်း သူ့လက်ကို လှမ်းဆွဲသည်။ ထို့ကြောင့် bathtub ပေါ်ထိုင်ရင်း လက်ထောက်ကာ ဂျောင်ဂုကို ကြည့်မိသည်။ ဂျောင်ဂုကတော့ သူ့ကို မော့ကြည့်ကာ လက်တွေက သူ့ပါးတွေဆီ လှမ်းလာသည်။မဝံ့မရဲဖြစ်နေပုံရသည်မို့ သူကပဲ ဆွဲယူကာ ပါးပြင်နဲ့ကပ်လိုက်မိတော့ ဂျောင်ဂုက ပြုံးသည်။ တကယ့်နှစ်လိုဖွယ် အပြုံးမို့လို့ သူ ကြောင်တောင်တောင်လေး ငေးနေစဉ်ခဏမှာပဲ ဂျောင်ဂုက ကိုယ်ဟန်ကို မြင့်ကာ သူ့နဖူးဆီ အနမ်းတစ်ပွင့်ခြွေသည်။ အဲ့ဒီ့နောက် သူ့ကိုပြောတာလား ... ဒီအတိုင်းလေး ရေရွတ်လိုက်တာလား မသဲကွဲတဲ့စကားလေး တစ်ခွန်းကို ကြားလိုက်ရသည်။
“ ... ကိုကို့ကို သားသား သိပ်လွမ်းတယ် ...” တဲ့ ...။
ဂျောင်ဂုရဲ့အပြုအမူကြောင့် သူ ရင်တစ်အုံလုံး ဆူပူထကြွလာရပေမယ့် ထိန်းသိမ်းရင်း သူ ဂျောင်ဂုကို ကြည့်လိုက်မိသည်။
" ရပြီ ကျွန်တော် ရေချိုးလိုက်တော့မယ် အစ်ကို ... အပြင်ကပဲ စောင့်ပေးတော့ ..."
စိတ်မပါတဲ့ ဂျောင်ဂုစကားကို သူကြားလိုက်ရတော့ အပြင်ထွက်ချင်စိတ်မရှိတော့။ ဂျောင်ဂုထုတ်မပြောပေမယ့် သူ့ကို အပြင် မထွက်စေချင်ဘူးဆိုတာ သူ သိသည်။ ထုတ်မပြောလဲ သိနေတဲ့ အသိမျိုး ...။
" ဘာလို့ မင်းပြောတဲ့အတိုင်း ငါက လိုက်လုပ်ရမှာလဲ ... အတူတူ ချိုးရအောင် "
ပြောရင်းဆိုရင်း သူပါ bathtub ထဲဝင်မိတော့ ဂျောင်ဂု မျက်ဝန်းတွေ တောက်ပသွားသည်။ သို့ပေမယ့် ...
" ဟ !! အစ်ကိုနော် ဖယ် !! ရုံးသွားရမယ်မလား ... သွားတော့ ကျွန်တော့်ကို လာမနှောင့်ယှက်နေနဲ့ "
ငြင်းဆန်ဟန်ပြုနေတဲ့ကောင်လေးကို သူ ရင်ခွင်ထဲ ဆွဲသွင်းရင်း ပါးပြင်ကို ခပ်ကျဲကျဲနမ်းတော့ တော်တော်ကြာပျောက်ရှနေတဲ့ အဖြူလုံးလေးရဲ့ အပြုံးတွေ ပြန်လည်အသက်ဝင်လာသည်။ သေးသေးလေးဆိုပေမယ့် အားသန်လွန်းတဲ့ဒီကလေးကို သူ ခြေထောက်တွေပါ ချုပ်ရင်း တရှုံ့ရှုံ့နဲ့ နမ်းနေခဲ့မိတော့သည်။
တစ်ယောက်ကို တစ်ယောက် အကန်စကားတွေမပြောဘဲ အခုလိုအလိုက်တသိနဲ့ ပျော်စရာအခိုက်အတန့်လေးတွေကို အမြဲဖန်တီးပေးမယ် မဟုတ်လားဟင် ~~~
💠💠💠
" ဂွမ်ယူမီ ၊ ဟီဆောင်ဂျွန်၊ ဂျန်အူယောင်း၊ မင်ဂျယ်ဂီ !! အားလုံး ထွက်စာတင်လိုက်ပါ ... ကျွန်တော်တို့ ရုံးခွဲက ခင်ဗျားတို့ကို အလိုမရှိတော့ဘူး "
သူ့အသံကြောင့် ဂျောင်ဂုက လန့်ပြီး သူ့ကို မော့ကြည့်သလို အားလုံးက အထိတ်တလန့်လန့် မျက်ပြူးတွေဖြစ်ကုန်ကြသည်။
" ဘာ ~~ ဘာအမှားလုပ်မိလို့လဲ ဒါရိုက်တာကင် ~~"
" မနေ့ကတည်းက ကျွန်တော် သေချာပြောခဲ့ပါတယ် ကိုယ့်အလုပ်တွေကို ကိုယ်တိုင်လုပ်ပါ ... ဆိုပြီးတော့လေ ... လေ့လာမိရသလောက် ဒီဘက်ရုံးခန်းကို ရောက်လာတဲ့အချိန်ကစပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အလုပ်သင်တွေအပေါ် အကုန်ပုံချတာခဲ့တာလေ ... ဂျန်အူယောင်း၊ ဟီဆောင်ဂျွန် ... ကျွန်တော်ပြောတာမှားလား ... သက်သေအနေနဲ့ မနေ့ကအလုပ်ထုတ်ခံရတဲ့ ဂျွန်ဂျောင်ဂုရှိတယ် ... ဘာငြင်းချင်သေးလဲ .."
ကြည်လင်ပြတ်သားနေတဲ့ ကိုကို့အသံကြောင့် သူ ကိုကို့ကို မဝံ့မရဲကြည့်မိသည်။ ကိုကို သူ့ကို ဒီအတိုင်း ခေါ်ထုတ်လာတယ်ထင်နေတာ ... ရောက်မှ ရုံးကို ရောက်နေတယ်ဆိုတာ သူသိခဲ့ရသည်။ ပြန်မယ်လို့ ပြောလည်းမရ။ ခြေဦးမလှည့်ချင်ဆုံး ဒီနေရာကို ပြန်ရောက်လာလို့ မနေ့က ကိုကိုအလုပ်ထုတ်ခဲ့တာကို သူ ပြန်သတိရနေတာဖြစ်သည်။ အခုတော့ အလုပ်ထုတ်ခံထားရတဲ့ရုံးခန်းကိုပဲ ပြန်ရောက်လာလေလျှင် သူခေါင်းငုံ့ထားမိသည်။ အဲ့လိုအချိန်မှာပဲ ကိုကို့ဆီက ဒီလို စကားသံတွေကြားလိုက်ရတော့ သူအလုပ်များ ပြန်ရလေမလား မျှော်လင့်ချက်ရောင်ခြည် နည်းနည်းလေး သန်းလာရသည်။ သူဟာ အလုပ်နဲ့ပတ်သက်ရင် ထူးချွန်ထက်မြက်တဲ့သူ မဟုတ်ပေမယ့် လူတစ်ယောက်ဖြစ်နေသည်မို့ အလုပ်တစ်ခုခုတော့ သူလုပ်ချင်သည်။
Advertisement
" အာ~~ ဒါရိုက်တာကင် မဟုတ်ပါဘူး ဂျောင်ဂုက ဂျောင်ဂုက ကူညီပေးမယ်ဆိုလို့ပါ ... ပြီးတော့ ဂျောင်ဂုက အလုပ်ထုတ်ခံထားရပြီးသားလေ ဂျောင်ဂုစကားကို ဒါရိုက်တာကင်က ယုံတာလား ..."
" ဟင်အင်း .. သူ ငါ့ကို ဘာတစ်ခွန်းမှ မပြောဘူး ... ငါ က ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ရတာတွေ အကုန်ယုံတယ် ... သက်သေပြပေးရမလား ဟိုးနားက စီစီတီဗွီမှတ်တမ်းတွေလေ ...."
" ... "
" နောက်တစ်ခုက ယူမီ ဂျန်အူယောင်း ... သူများစာတမ်းကို ခိုးယူပြီး ကိုယ့်နာမည်ကိုယ်ပြောင်းခဲ့တဲ့အပြင် ပိုင်ရှင်အစစ်ကိုပါ စွပ်စွဲခဲ့တယ် ... အဲ့ဒီ့အတွက် လုံးဝသက်ညှာပေးမှာ မဟုတ်ဘူး ... ကုမ္ပဏီဘက်က အနေနဲ့ရော ... ဂျွန်ဂျောင်ဂုရဲ့ အုပ်ထိန်းသူအနေနဲ့ရော ... ငါ မင်းတို့နှစ်ယောက်ကို တရားစွဲထားပါတယ် ကိုယ်ပိုင်ရှေ့နေ့ ငှားခွင့်ရှိတယ် .."
ကိုကို့အသံကြောင့် ဌာနထဲကလူတွေ အားလုံး ကိုကို့နောက်က သူ့ကို ကွက်ကြည့်ကွက်ကြည့် ကြည့်သည်။
" ... ဒီလောက်တောင် ကာကွယ်ပေးနေတာ သူ ဒါရိုက်တာကင်နဲ့ အိပ်လိုက်လို့လား ..."
နောက်ဆုံးနားလေးက နှစ်ယောက် တီးတိုး တီးတိုးလုပ်တာကိုတော့ သူအပါအဝင် အကုန်လုံးက ကြားလိုက်မည်ထင်သည်။ ကိုကိုကတော့ တစ်ခုခုတုံ့ပြန်ဖို့ စကားပြင်ပြီးမှ ယူမီ့အသံကြောင့် စကားဦးတည်ချက်ပြောင်းသွားသည်။
" ခိုးယူတယ်လို့ သက်သေရှိလို့လား ဒါရိုက်တာကင်! ဒါရိုက်တာကင်ပဲ မနေ့က ဂျောင်ဂုကို အလုပ်ဖြုတ်ခဲ့ပြီး ဒီနေ့မှ နောက်တစ်မျိုး လာပြောတာက အရမ်းသိသာလွန်းပါတယ် ... ကုမ္ပဏီမှာ ပျံ့နေတဲ့ကောလဟာလကို ကိုယ်တိုင်အတည်ပြုလိုက်တာလား ... ဒါမျိုး ယူမီ လက်မခံနိုင်ပါဘူး ... "
ယူမီ့စကားအဆုံး ကိုကို သက်ပြင်းချလိုက်သည်။
" မပြောတော့ဘူး လုပ်ထားပေမယ့် အသိပေးရတော့မယ်ထင်တယ် .."
ခပ်နောက်နောက်ရေရွတ်ကာ ကိုကို့နောက်မှာရှိနေတဲ့သူ့ကို ကိုကိုက လှည့်ကြည့်သည်။ သူကလည်း ဘာလုပ်ဖို့လဲ ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်မိတော့ အရှေ့မှာယှက်သွယ်ထားမိတဲ့သူ့လက်နှစ်ဖက်ကထဲက လက်စွပ်ဝတ်ထားတဲ့လက်ကို ကိုကိုက ဆွဲယူပြီး အားလုံးရှေ့မှာ ဆုပ်ကိုင်သည်။
" ... မနေ့က ဂျောင်ဂုကို အလုပ်ဖြုတ်ခဲ့တယ် ! ဟုတ်တယ် ... ဘာကြောင့်လဲဆိုတော့ ... ကုမ္ပဏီကို တစ်ဝက်လောက်ပိုင်နေတဲ့သူ့ကို ဒီရာထူးနဲ့ ဘာလုပ်ဖို့ သုံးလွှာမှာထားမလဲ ... သူ့အဆင့်အတန်းက ဟိုးထိပ်က အလွှာမှာလေ ... ပြီးတော့ ဂျောင်ဂုက ကျွန်တော့်ရဲ့တစ်ဦးတည်းသော အမျိုးသားပါ ... "
ကိုကို့စကားအဆုံး သူ့မျက်ဝန်းတွေ ဝိုင်းစက်ကာ ဘာတွေပြောနေလဲဆိုတဲ့အကြည့်နဲ့ သူမော့ကြည့်မိသည်။ ကိုကိုကတော့ သူ့လက်ကို ကိုင်ထားရာကနေ သူ့ခါးကို တင်းကျပ်နေအောင် ပွေ့ဖက်သည်။ ဒါ ငါ့အပိုင် မင်းတို့ ထိချင်တိုင်း ထိလို့ရတာမျိုး မဟုတ်ဘူး ဆိုတဲ့သဘော ... သူ့ပင်ကိုယ်စရိုက်က နည်းနည်းတော့ရှက်တတ်ပေမယ့် အခုလို ကိုကိုက လူရှေ့သူရှေ့ချပြတဲ့အခါ သူ အရမ်းပျော်ရွှင်မိသည်။ ဒီကိစ္စက သူ မမျှော်လင့်ထားတဲ့ကိစ္စလေ။ သူကိုကို့ကို ကြည့်နေတုန်းမှာပဲ ကိုကို့ဆီက စကားသံ ထပ်ထွက်လာသည်။
“ ... ကျွန်တော့်ရဲ့အသုံးမကျမှုကြောင့် အမျိုးသားကို သုံးလွှာမှာ ထားခဲ့ရတဲ့အတွက် တစ်နေ့မှ စိတ်မချမ်းသာပါဘူး ... ဂျောင်ဂုက စိတ်အရမ်းကောင်းလွန်းတာမို့ သူများတွေ အနိုင်ကျင့်မှာ စိုးရိမ်ခဲ့တယ် ... အဲ့ဒီ့အတွက် သူ့အမျိုးသားအနေနဲ့ စောင့်ကြည့်ကင်မရာတပ်ထားမိခဲ့ပါတယ် ... ထင်တဲ့အတိုင်း တကယ်လည်း အနိုင်ကျင့်ခံခဲ့ရတာမို့လို့ ဆက်မထားနိုင်တော့ဘဲ အလုပ်ဖြုတ်လိုက်တာပါ ... အခုတော့ ကင်မရာမှတ်တမ်းအရ ပါဝင်သူအားလုံးကို အရေးယူသွားမှာပါ ... ကျန်တာကို တာဝန်ရှိသူက ဆက်ပြောပါမယ် ..."
သူ့စကားဆုံးတာနဲ့ ဂျောင်ဂု ခါးကို ဖက်ကာ ခပ်တည်တည်ပဲ သူပြန်ထွက်လာမိသည်။ အဲ့ဒီ့နောက် အစည်းအဝေးမစသေးတာမို့ နားနေခန်းထဲ ခေါ်သွားမိတော့ ဂျောင်ဂုက တွန့်ဆုတ် တွန့်ဆုတ် လိုက်ပါလာသည်။
အေးလေ မနေ့က သူ ယွန်ဂီကို ပွေ့ဖက်မိတဲ့အချိန် ဒီကောင်လေးက အတင်းဇွတ်ဝင်လာတာ မဟုတ်လား ... အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း တော်တော်လေး ဝမ်းနည်းသွားပုံပေါက်သည်မို့ အခု သူ ဂျောင်ဂုလေးကို အလိုလိုက်နေမိတာဖြစ်သည်။
အခန်းထဲရောက်တာနဲ့ ဂျောင်ဂုက ဆိုဖာရှေ့ထိရောက်အောင် လျှောက်သွားပေမယ့် သူကတော့ တံခါးပိတ်ပြီး အဝကနေပဲ လက်ဆန့်တန်းလိုက်မိသည်။
" ... ဂျောင်ဂု-ah .... ”
ရုတ်တရက် လက်ဆန့်တန်းပြီး မျက်ဝန်းတွေပိတ်ကာ အပြုံးကြီး ပြုံးလာပါတဲ့ ကိုကို့ကြောင့် သူမျက်မှောင်ကြုတ်မိသွားသည်။
ဒါ ဘာလုပ်မလို့တုန်း ...
ကိုကို ဒီနေ့ တော်တော်လေး ထူးဆန်းနေတာ သူ ကျောချမ်းလာပြီဖြစ်သည်။
" ... တော်တယ်မလား ဂျောင်ဂု-ah ..."
ဆော့ဂျင် ပြောရင်း ဂျောင်ဂုကို ကြည့်မိတော့ ဂျောင်ဂုက နားမလည်သလို ခေါင်းလေးစောင်းကာ ငဲ့ကြည့်သည်။ ဂျောင်ဂုမျက်ဝန်းတွေကတော့ 'ကိုကို ဘာတွေပြောနေလဲ' ပေါ့။
အူတူတူအတတဖြစ်နေတဲ့ကောင်ငယ်လေးကို သူ အစိုးမရနိုင်တော့ဘဲ လက်ဆန့်တန်းလျက်သား ခြေလှမ်းကျဲနဲ့လျှောက်ကာ ဦးတည်လိုက်မိသည်။
" ... ဖက်ထားပေးပါဦး ... ခုနက အရမ်းတော်ခဲ့လို့လေ ..."
ပြောပြောဆိုဆို ဂျောင်ဂုကို သူပွေ့ဖက်ကာ ဂျောင်ဂုပခုံးပေါ် သူ့မျက်နှာအပ်ရင်း ခန္ဓာကိုယ်ကို ဖျော့ချမိတော့ ဂျောင်ဂု နားလည်သွားပုံပေါ်သည်။ ဂျောင်ဂုလက်တွေက သူ့ကို ပြန်ပွေ့ဖက်ပြီး နောက်ပြန်မယိုင်ကျသွားအောင် သူ့ကိုယ်ကို ပွေ့ပိုက်သည်။ ဘာရယ်မဟုတ်တဲ့ ပွေ့ဖက်မှုလေးဆိုပေမယ့် အမြဲတမ်းအထီးကျန်နေခဲ့ရတဲ့နှလုံးသားကတော့ အရမ်းတောင့်တခဲ့လို့လားတော့မသိ၊ ဂျောင်ဂုဆီက ပွေ့ဖက်ပေးထားတာနဲ့တင် ပျော်ရွှင်မှုတွေ လှိုက်တက်ပြီး မျက်ဝန်းအိမ်က စိုစိစိလေး ဖြစ်လာသည်။
" ... ဒီနေ့ကစပြီး မင်းကို ကာကွယ်ပေးမယ် ... ဘယ်သူမှ အနိုင်မကျင့်စေရဘူး ... အနိုင်ကျင့်မယ်ဆိုရင်တောင် ငါပဲ ဖြစ်စေရမယ် ဂျောင်ဂု-ah ... "
မပွင့်တပွင့်ရေရွတ်ရင်း ပွေ့ဖက်ထားမိတော့ ဂျောင်ဂုက လက်ကို အားထည့်လိုက်ပုံပေါ်သည်။ သူ့ကို တင်းကျပ်နေအောင် ဖက်လာသည်။
" ... CCTV တပ်ထားတယ် ... မင်းအလုပ်စဝင်တဲ့အချိန်ကတည်းက ငါ မင်းကို အချိန်တိုင်း ကြည့်မိခဲ့တာ ... ဘာလုပ်နေမလဲဆိုပြီးတော့လေ ... အဲ့ဒါကြောင့် စာတမ်းဖိုင်က အခိုးခံရတယ်ဆိုတာ သိပြီး အခုလို အပြစ်ပေးနိုင်ခဲ့တာ ... ပြီးတော့ မင်းကို အနိုင်ကျင့်တဲ့သူတွေကို တစ်ယောက်ချင်းစီ ငါမှတ်ထားတယ် ဂျောင်ဂု-ah ... "
သူရှင်းပြမိတော့ ဂျောင်ဂုက အသံတစ်စက်လေးတောင် မထွက်လာ။ သို့ပေမယ့် တရှုံ့ရှုံ့ဖြစ်လာတာမို့ သူ မျက်မှောင်ကြုတ်လိုက်သည်။ ရင်ခွင်ထဲက ဆွဲထုတ်ပြီး ဂျောင်ဂုမျက်နှာကို ကြည့်ဖို့ ကြိုးစားမိတော့ ဂျောင်ဂုက လက်မခံ။ သူ့ကိုသာ တင်းကျပ်နေအောင် ပွေ့ဖက်သည်။
" ... ဒါဆို ... မနေ့က အဲ့လူကြီးကို ဖက်ထားတာကရော ... ချစ်တယ်လို့တောင် ပြောခဲ့တယ်လေ ... ကိုကို သားသားကို မုန်းနေသေးတယ်ဆိုရင်တောင် တခြားတစ်ယောက်ကို ချစ်တယ်လို့ ပြောလို့မှ မရတာ ... အဲ့လိုဆို ဟိုအနိုင်ကျင့်တဲ့သူတွေနဲ့ ကိုကိုက ဘာကွာသေးလို့လဲ "
မပွင့်တပွင့်အသံသေးသေးနဲ့ နှစ်ကိုယ်ကြားပြောလာလေတော့ ဆော့ဂျင် မျက်ခုံးတွေ မြင့်တက်သွားသည်။ ရဲရဲဝံ့ဝံ့ကြီး သားသားလို့ သုံးလိုက်တာက ဆော့ဂျင်နှုတ်ခမ်းတွေကို ပိတ်မရအောင် လုပ်ပစ်လိုက်သည့်ပုံပင်။ ထိန်းမနိုင် သိမ်းမနိုင် အပြုံးကြီး ပြုံးလိုက်မိသည်။ လမ်းခွဲပြီးကတည်းက သားသား ဆိုတဲ့နာမ်စားလေး ပျောက်ရှသွားခဲ့တာဖြစ်သည်။ ဘယ်တော့မှ မကြားရတော့ဘူးထင်တယ် ဒီအခေါ်အဝေါ်လေး အခုတော့ ပြန်သုံးနှုန်းလာတယ်ဆိုရင်ဖြင့် ဆော့ဂျင် ရင်ထဲ ကြည်နူးသွားမိသည်။ ဂျောင်ဂုက သူ့ဆီကို စိတ်ပြန်လည်လာတယ်လို့ ဆိုလိုချင်တာ မဟုတ်လား။ ဒီအချိန်မှာ ဂျောင်ဂုက ကြယ်လိုချင်တယ်ပြောပြော၊ လမင်းကြီးလိုချင်တယ်ပြောပြော သူ အကုန်ခူးဆွတ်ပေးဖို့ ဆန္ဒရှိသည်။
" ... အဲ့ဒီ့တော့ သားသားက ကိုကို့ကို သဝန်တိုနေတာလား ..."
ပခုံးပေါ်မျက်နှာအပ်ထားရာကနေ ဂျောင်ဂုနားရွက်ဖျားလေးကို ဆွဲစုပ်ကာမေးမိတော့ ဂျောင်ဂုက သူ့ရင်ခွင်ကနေ ရုန်းကာ သူ့မျက်နှာကို မော့ကြည့်လာသည်။ သို့ပေမယ့် တစ်ယောက်ကို တစ်ယောက် ဖက်တွယ်ထားတာကတော့ ပုံစံမပျက်သေး။ သူရော ဂျောင်ဂုရော ဖက်ထားတာကို လွှတ်လိုက်မိရင်ပဲ ကမ္ဘာပျက်မလို ခံစားနေရပုံပေါ်သည်။
" ... တိုတာပေါ့ ... ကိုကို့ကို ဘယ်သူနဲ့မှ တွဲမမြင်ချင်ဘူး ... သားသားမှ ကိုကို့ကို မရရင်လည်း ကိုကို့ကို မမြင်နိုင်တဲ့နေရာမှာပဲ နေပစ်တော့မှာ !! "
ကလေးလေး စကားကြောင့် ဆော့ဂျင်ရယ်လိုက်မိရင်း နှာဖျားထိပ်လေးနဲ့ ဂျောင်ဂု နှာခေါင်းလုံးလုံးလေးကို ကျီစယ်လိုက်မိသည်။
" ... ဘယ်သူက မင်းကို ကိုကိုလို့ ခေါ်ခွင့်ပြုပြီလို့လဲ ... အတင့်ရဲပြီး အပြစ်ပေးခံချင်လို့ ကိုကိုလို့ ခေါ်နေတာလား ..."
" ... "
ဒီတစ်ခါတော့ သူကျီစယ်တာကို အတည်ထင်သွားပုံပေါ်သည်။ ဘာသံမှ ထွက်မလာတော့ဘဲ နှုတ်ခမ်းတွေကို သွားနဲ့ကိုက်သည်။ ဒီပုံစံက ဂျောင်ဂု အကြံအိုက်ရင် လုပ်တတ်တဲ့ ပုံစံမျိုး။ ကြည့်ရတာ ဘယ်လိုတုံ့ပြန်ရင်ကောင်းမလဲ စဉ်းစားနေပုံပင်။ ထို့ကြောင့် သူ ရုတ်တရက် ခပ်ဆတ်ဆတ်လေး ခေါ်လိုက်မိသည်။
" ဂျောင်ဂု! "
" ဟင်! "
သူ့အသံကြောင့် အလန့်တကြားမော့ကြည့်လာတဲ့ ဂျောင်ဂုကိုတော့ သူ ခေါင်းကနေ ထိန်းကိုင်ရင်း အစကတည်းက အသည်းယားအောင်လုပ်နေတဲ့ ပါးလျလျနှုတ်ခမ်းကွေးကွေးလေးကို ငုံထွေးလိုက်မိသည်။ ရုတ်တရက်မို့ အံ့ဩသွားပုံပေါ်ပေမယ့် ပြန်လည်တုံ့ပြန်လာတဲ့ ဂျောင်ဂုကြောင့် ဂျောင်ဂု လိုက်မမှီနိုင်အောင် ပိုပြီးတိုးဝင်မိသည်။ ဒါကိုပဲ ဂျောင်ဂုက သဘောကျစွာနဲ့ ခြေထောက်နှစ်ချောင်းကို သူ့ခါးထက် ခွင်ကာ သူ့ကိုယ်ပေါ်ခုန်တက်လာတော့ သူ ထိန်းကိုင်လိုက်မိသည်။ တော်တော်ဆိုးလာတဲ့အဆိုးလေးကို သူထိန်းမနိုင်စွာ ပြုံးရင်း ဆိုဖာထက်ကို ဖြည်းဖြည်းလေး ထိုင်ချမိတော့ ဂျောင်ဂုက အားမလိုအားမရ သူ့ကုတ်ကို ဆွဲဆုပ်ကိုင်သည်။ အဲ့ဒီ့နောက် ပါးလျလျနဲ့ သိပ်ချစ်ရပါတဲ့နှုတ်ခမ်းသားလေးကို သွားချွန်ချွန်နဲ့ တိကနဲ့ ကိုက်ချမိတော့ ဂျောင်ဂုက သူ့ရင်ဘတ်ကို ထုရိုက်ကာ ရုန်းလာသည်။
" ( အင့် ) "
" !!! "
သူကလည်း နည်းနည်းလေးတောင် အလွတ်မပေးဘဲ ကိုက်မိတဲ့နေရာကိုပဲ လျှာနဲ့ သပ်မိတော့ အသည်းနက်နက်ထဲ အအေးလှိုင်းတွေ တစ်ကိုယ်လုံးကို ရစ်ပတ်ဖွဲ့ခြုံသည်။ ထိန်းမနိုင်တော့ပြီမို့ ဂျောင်ဂုကရှပ်ထဲ လက်ထည့်ဖိ့ ကြိုးစားမိတော့
" ... ဆော့ဂျင် အဆင်သင့်ဖြစ်~~ "
ရုတ်တရက် အခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ အဖေဖြစ်သူကြောင့် အရှိန်သတ်လိုက်ရတော့သည်။
" အဟမ်း ..."
အဖေ့အသံအကြောင့် ဂျောင်ဂုက သူ့ကိုယ်ပေါ်ကနေ ချက်ချင်းထကာ ရှက်စရာကြီး ဆိုတဲ့ မျက်နှာဘေးနဲ့ အဖေ့ကို ဦးညွတ်နှုတ်ဆက်သည်။ သူကတော့ မျက်ခုံးနှစ်ဖက်ပင့်ကာ အဖေ့ကို ကြည့်ရင်း ဂျောင်ဂုလက်ကို ပြန်ဆွဲချကာ သူ့အနားမှာ ပြန်ထိုင်စေသည်။ အဖေကတော့ ခပ်တည်တည်ပင် သူ့အရှေ့ဆိုဖာမှာ ဝင်ထိုင်ရင်း သူ့ကို ခနဲ့တဲ့တဲ့ပြုံးသည်။
" ဆက်လုပ်ကြလေ .. ပြီးတဲ့အထိစောင့်ပေးမယ်ဆော့ဂျင် "
" ဟ! အဖေ! "
ထုံးစံအတိုင်း အဖေက သူ့ကို စနောက်တော့မှာမို့ သူမျက်မှောင်ကြုတ်လိုက်မိရင်း ဂျောင်ဂုကို ကြည့်မိသည်။ ဂျောင်ဂုကတော့ သွားတွေ ပေါ်အောင် ပြုံးရင်း အဖေ့ကို မျက်နှာချိုသွေးနေပုံပင်။
" ဘာလို့ နားနေခန်းထဲမှာလဲ ... ရုံးခန်းထဲဆို ပိုမကောင်းဘူးလား View လှတယ်လေ ... ဆိုးလ်တစ်မြို့လုံးကို မြင်နိုင်သလိုမျိုး ဟန်မြစ်ကိုပါ မြင်နိုင်တယ်လေ.."
" အဖေ! မစပါနဲ့တော့ ... သားသား ရှက်နေပြီ ..."
သူပြောမိတော့ အဖေက ကျေနပ်သလိုမျိုး အားရပါးရယ်သည်။
" ဟား ... ဟား...ဆော့ဂျင်! ဆော့ဂျင်! ... မချစ်လို့ ဒီလောက်နော် ... ချစ်များ ချစ်ရင်တော့ မတွေးရဲစရာပဲ ... ငါတို့ သားသားကို မြင်နိုင်ပါဦးမလား ..."
ထိုစကားကြောင့် ဂျောင်ဂုကို ကြည့်မိတော့ ဂျောင်ဂုက လည်ဂုတ်ကို ပွတ်ကာ ပြုံးနေပြန်သည်။ နှုတ်ခမ်းမှာတော့ သူကိုက်ထားလို့ သွေးစို့နေတဲ့အရာလေးက ခပ်ရဲရဲ။
လှလိုက်တာ ဂျွန်ဂျောင်ဂု! ရုတ်တရက်ကြီး ဖွက်ထားချင်ရလောက်တဲ့အထိ ခံစားချက်တွေ တအားမြင့်နေတာ ... မင်းတာဝန်ယူပေးမှ ရတော့မယ် ထင်တယ် ...
ဆော့ဂျင် ဂျောင်ဂုနှုတ်ခမ်းဆီကနေ အကြည့်လွှဲကာ အဖေ့ဘက်ကို ပြန်လှည့်လိုက်မိသည်။
" ထားပါတော့ အဖေ! ... ဒီလောက်ဆို အဖေ့သားဂျောင်ဂုကို ကျွန်တော်နဲ့ စိတ်ချလိုက်တော့ "
" ဟုတ်ပြီ ကဲ အဆင်သင့်ဖြစ်ပြီဆိုရင် အစည်းအဝေးခန်းထဲသွားကြရအောင် ... အင်္ကျီတွေ ဘာတွေ နည်းနည်းပါးပါးပြင်ခဲ့ .."
အဖေ့ရဲ့မထိတထိအသိပေးသံကို သူပြုံးရင်းနဲ့ပဲ ကျေနပ်စွာ ဂျောင်ဂုအင်္ကျီစတွေကို ဘောင်းဘီထဲ သေချာပြန်ထည့်ပေးရင်း ပြင်ဆင်ပေးလိုက်မိသည်။ အဖေကတော့ သူတို့နှစ်ယောက်ကို မကြည့်နေသလိုလိုမျိုးနဲ့ ခိုးကြည့်ပြီး ပြုံးနေမှာကိုတော့ သူ သေချာသိပါသည်။ အဲ့ဒီ့နောက် ဂျောင်ဂုဟာ သူနဲ့အတူ ဆက်ခံသူဖြစ်ကြောင်း ကြေညာဖို့အတွက် အစည်းအဝေးခန်းထဲ ဦးတည်သွားမိတော့သည်။ ကုမ္ပဏီအတွင်းပိုင်း လုပ်ရိုးလုပ်စဉ်တွေ ပြီးတဲ့အခါ သူ မီဒီယာတွေအရှေ့ ပြန်သွားရင်း ဂျောင်ဂုကိုပါ ချပြဖို့ သူရည်ရွယ်ပါသည်။ Idol Jinအနေနဲ့ မဟုတ်တော့ပေမယ့် Businessman Jin အနေနဲ့ ဂျောင်ဂုဟာ သူ့အပိုင်ဆိုတာ တစ်နိုင်ငံလုံးသိစေဖို့ သူရည်ရွယ်ပါသည်။ ဟိုးအရင်ကတည်းက သူလုပ်ချင်ခဲ့တဲ့အရာတစ်ခုပဲလေ။
💠💠💠
" မပြီးသေးဘူးလား အိမ်ပြန်ချင်နေပြီ အိမ်ပြန်ချင်ပြီလို့!! "
Advertisement
- In Serial74 Chapters
Paladin
When the first derelict alien spacecraft fell to Earth, humanity took what was found in it and propelled themselves to new heights. In their new Golden Age, humanity developed technology that they had only dreamed about. The following years saw hundreds more ships crash into the planet, spurring even greater technological leaps. An unassuming spacecraft, one of the dozens that fell yearly, descended on Siberia in 2021. The world took no particular notice of it. However, this one contained something beyond the miraculous technology that had made humans so prosperous. Three years later, in a top-secret underground facility in eastern Colorado, the automated construction of an army of Paladin Mobile Infantry Suits was underway. With this new, state-of-the-art weaponry, the military would turn the tide against the alien incursion that was consuming the planet. Humanity fell before that could happen. Sam was an engineer responsible for overseeing the facility. Now alone, he lives in utter boredom and near insanity, his only company the base’s pseudo AI and an army of empty Paladins. With the world gone to hell around him, and the things that caused it still living above, he decides that he is much better off staying exactly where he is. Unfortunately for him, that is no longer an option. This is the first novel I've written. The first fifteen or so chapters are going to be a little slower. I want there to be time to get to know the characters before they start blowing stuff up. Also, though the MC will be strong relative to the world, he won't be OP, and won't win every fight. Not every fight will be physical either. Currently, I'm aiming for something like 5 fairly short chapters a week, after the introduction part is done, but we'll see how that goes. Thanks for reading, and please let me know if I've made mistakes!
8 63 - In Serial55 Chapters
FABLE
The lone survivor of a terrible tragedy, sixteen-year-old Ashling Shields is living like she’s already dead. But when a chance encounter with an irresistibly wicked teen rock star goes awry, she’s pulled into a world of fallen angels and seductive vampires. A world of dark pleasures, enchantments and secrets deep in the midnight forest. Ashling must unravel the mystery of her past before the dark force hunting her catches up. It's a second chance to follow her dreams... if her nightmares don't kill her first.
8 195 - In Serial8 Chapters
Twenty
A young woman runs away from her secluded childhood only to find that her new life may be coming to a hellish end.
8 137 - In Serial37 Chapters
Sensus Wrought
Three millennia past, Gods descended and gave the world sensus. With their gifts came their primordial clash of notions, and so began the wars. Once, there was a place war dared not touch. Once, Evergreen was a haven for all the miscellaneous souls who did not care for the glory of their divine rulers. Once, for when Merkusian, Emporer of Evergreen, was slain, his empire fell into the hands of his widow and children, and thus morphed into the very thing he sought to protect his denizens from, twisting into a warmongering empire the likes of which had never been seen. Aki is stuck. Stuck in and as a Mud. He knows that'll change. Death or power will bring him rescue. Until then, he'll have to survive the road his ambition has chosen for him. It is a perilous path fraught with danger. Some might say it's an impossible path. He’d disagree. Knite is stuck. Stuck in a mask of his own creation. He knows that'll change. Time and opportunity will come and then he'll be free. Free to seek the revenge he so craves. He's never wanted anything more. His family introduced him to pain. He didn't much like their meeting—at first. His kin would rue that day, for he's made pain a friend.
8 169 - In Serial18 Chapters
The Wandering Merchant [Discontinued]
A dying realm, where ruins of a bygone age decorated the wilds, was great and unknown powers reign supreme. Where the gods had been slain by the mortals ten thousand years ago, and their remnants wrought havoc. Yet they are being resurrected and beloved in the age of ruin brought forth by mortal pride. A world where faith is both vague and absolute. A world governed by Classes, Skills, and Levels. Governed by a System that gives power for great ambitions.This is one of this world's stories.A boy from another world landed within a city in the middle of the night. An unfamiliar city plagued with monsters. With his memories lost, he roamed the cobblestone streets bare under his hemp robe. For now, he tries to survive the night.Yet, unbeknownst to him, the day ahead is brighter than he expected.
8 171 - In Serial112 Chapters
"Hate And Shame" -Poems of a mentally ill person-
"All of the words left unsaid,The messages left unsent,The letters burned and ashes buried six feet deep, for I could never tell a soul what I really feel."All of these poems are mine, please do NOT edit, re-publish or re-upload them without my permission.Almost all of the poems that I wrote will be published in this book.I truly put my heart and soul in these poems, so please try to be nice.If I die, show the world my work.♡111 poems published so far.
8 179

