《Sour Candy》part 21💔
Advertisement
*Unicode*
တစ်ဖွဲဖွဲကျနေတဲ့ နှင်းနဲ့အတူ အလွမ်းရဲ့ဒဏ်ဟာလည်း အေးခဲသွားခြင်းမရှိပဲအသက်ရှူလိုက်တိုင်း ကူးရဲ့အငွေ့အသက်တို့အား တောင်းတနေသည့်ရင်ဘတ်ကအောင့်သက်သက်။
မကျက်သေးတဲ့ ဒဏ်ရာရယ်အေးစက်လွန်းတဲ့ ဒီဇင်ဘာရယ်...နှလုံးသားအနာဟာ ပျောက်ကင်းဖို့လမ်းစမမြင် မျှော်လင့်ချက်မဲ့လို့နေသည်။
နှင်းမှုန်တွေမြင်တိုင်း ဖြူစင်တဲ့မင်းအပြုံးတေွကကိုယ့်ကို ခြောက်လှန့်နေတယ်...တစ်ရက်တစ်ရက် မသောက်ချင်ပဲသောက်နေရတဲ့ ဆေးခါးတေွ...ထိတွေ့မိတိုင်းပျောက်ကွယ်သွားတဲ့ နှလုံးသားငယ်။
ခပ်နွေးနွေးဖောင်းကစ်ကစ်ခန္ဓာအစား အေးစက်စက်လေဟာပြင်အား မင်းအမှတ်နဲ့ ရူးကြောင်ကြောင်ထွေးပိုက်တဲ့အချိန်တွေ...
သူတို့ကပြောနေကြတယ် ကူးရဲ့... Darling ကိုအရူးတဲ့ ရူးသွားပြီတဲ့လေ။ လွမ်းနေရံု ဟင့်အင်း ဒီကလူ ရင်ကွဲမတက် မင်းကိုတောင်းတနေရံု။
"ထွက်ပြေးပြီးရင်လည်း Darling စီ ပြန်လာပါတော့ကွာ...ကူးကို ချစ်ရေးဆို ဦးမယ်...ဟင့်...Darling မင်းကို မင်းကိုဘယ်လောက်ချစ်ကြောင်းပြော ပြောပြမှာမို့ လာနားထောင်ပါဦးကိုယ့်ရဲ့ကူး...."
ပါးတစ်လျှောက်လိမ့်ဆင်းသွားသော မျက်ရည်စီးကြောင်းဟာ ခပ်နွေးနွေးရယ်။
ဟဟ သုတ်ပေးမဲ့မင်းမရှိတော့မှ မျက်ရည်တေွကကျကျလာတယ်...မင်းကြည့်နေလား ဒီလူရင်ကွဲနာကျပြီး စိတ္တဇအထူးကုဆေးရုံကြီးမှာ အရူးတစ်ယောက်လို ဆက်ဆံခံနေရတာမင်းမြင်ရဲ့လား။
"ထယ်ယောင်း...ပြန်ကြရအောင်"
"ကူးကစိတ်ကောက်ပြေလို့ပြန်ခေါ်ခိုင်းပြီပေါ့...ငါကူးကိုအများကြီးလွမ်းနေတာ..."
ဆွေးရိပ်သမ်းနေသောမျက်ဝန်း၌ မျက်ရည်တစ်ပိုင်းတစ်စ...အားတင်းပြုံးနေသော ထယ်ယောင်းစကားတွေအား ဂျီမင်ခေါင်းငြိမ့်ကာထောက်ခံရံုမှအပ ဘာမှမလုပ်ပေးနိုင်။
အခုရက်ပိုင်း အခြေအနေကောင်းလာသည့် ထယ်ယောင်းစိတ်ကြောင့် ဂျွန့်ရဲ့တစ်လပြည့်မှာအပြင်ထွက်ရန္ ဆရာဝန်တွေအား ခွင့်တောင်းထားခြင်း။
သောက်ဆေး၊ထိုးဆေးတွေနဲ့ အခန်းကျဥ်းထဲပိတ်လှောင်ထားသလို ဖြစ်နေတဲ့ ထယ်ယောင်းကိုပြင်ပလေနဲ့ထိတွေ့ပေးခြင်းလို့ဆိုပိုမှန်လိမ့်မည်။ ချစ်ရသူဆံုးရှုံးရလို့ ပူလောင်နေသူကို ဒီနည်းတေွနဲ့ကုသခြင်းက သိပ်မွန်းကြပ်စေသည်လေ။
သို့ပေမဲ့ ထယ်ယောင်း...ထယ်ယောင်းက ဂျွန်ငယ်ကသူ့ကို စောင့်နေခိုင်းပါတယ်ဆိုပြီး မညီးမငြူနေရှာသည်။
"အနွေးထည်ထူထူဝတ်ခဲ့နော် အပြင်မှာနှင်းကျလို့တော်တော်အေးနေပြီ"
"ဒါ...ဒါလေးက ကူး ကူးလက်နဲ့သေချာထိုးထားပေးတာ...အဲ့တုန်းက သွေးချေဥသွားတဲ့လက်ချောင်းလေးတေွကို ငါမျက်ကွယ်ပြု ပြုခဲ့ပြီး..စိတ်ပျက်စရာလို့ပါမြင်ခဲ့သေးတာ ငါကလေမုန်းပစ်ဖို့ကောင်းတဲ့ ကောင်ပဲမဟုတ်လား...ဟင့်"
အညိုရောင်မာဖလာအား ရင်မှာပိုက်ကာလှုိင်တက်လာသော စို့နင့်မှုက အသက်ရှူခက်ခဲသည်အထိ မွန်းကြပ်သွားစေသည်။
မျက်ရည်ငွေ့နွေးနွေးတို့ကြောင့် ဝေဝါးလာသောမျက်ဝန်းထဲ အစီအရီပေါ်လာသော အရင်နှစ်အတိတ်က ပံုရိပ်တွေဟာ ဒီကောင့်အားခြောက်လှန့်၍လာသည်။
"Darling...ဟီး ငါမင်းကိုပေးစရာရှိတယ်"
"အွန်း"
ပြုံးစစနှင့်အနားရောက်လာသည့် ကူးက သိုးမွေးအနွေးထည်ထူထူကြားမြုပ်နေကာ လက်နောက်ပစ်၍တစ်ခုခုအားဖွက်ထားဟန်။
"ဘာလေးလို့ထင်လဲ..."
"ကျစ်..ကိုယ်ကဘယ်သိမလဲ"
"Darling ကလည်း နည်းနည်းလောက်မှန်းကြည့်လေနော်..."
"ဂျွန်ဂျောင်ဂု! သောက်အရေးမပါတာတေွမလုပ်စမ်းနဲ့!!"
Darling အင်္ကျီအောက်နားစအားကိုင်ကာ ပြောနေသည့်ဂျွန်ကို စိတ်ရှုပ်ဟန်အော်လာသည့်အခါ ဝမ်းမနည်းသွားပါဘူးလို့ပြောရင် လိမ်ရာကြမည်။
နွေးထွေးတဲ့ဆက်ဆံရေးတည်ဆောက်ချင်ရံု ဆန္ဒသာရှိတဲ့ ကလေးငယ်ကို သူအေးစက်ခြင်းတွေသာပေးခဲ့တာ။
"ငါ ငါတောင်းပန်ပါတယ် Darling...စိတ်မပျက်လိုက်ပါနဲ့နော်..."
ပြာပြာသလဲတောင်းပန်သူအား လျစ်လျူရှုကာ ဖုန်းကိုသာ သဲကြီးမဲကြီးအာရုံစိုက်နေခဲ့သည်။ မှတ်မှတ်ရရအဲ့အချိန်က ဒေစီမွေးနေ့စီစဉ်ပေးဖို႔လုပ်နေခဲ့တာ။
ဖုန်းနှင့်မျက်နှာအကြား ရောက်လာသည့်မာဖလာအညိုလေးတစ်ထည်။ မျက်လံုးအသာလန်ကာ ကူးအားကြည့်လိုက်တော့ စိုးရိမ်မှုမြင့်တက်နေသည့် မျက်ဝန်းရွဲကြီးနှင့်စံုသည်။
"ဟို...Darling အတွက်ငါကိုယ်တိုင်ထိုး ထိုးထားတာ လက်ခံမယ်မဟုတ်လားဟင်"
အညိုချည်းပဲမဟုတ် အဖျားခတ်နား၌အဖြူရောင်စင်းကြောင်းနှင့် အစိမ်းရင့်ရောင်စင်းကြောင်းလေးကလည်း သေသေသပ်သပ်။
သဘောကျရဲ့လား ဆိုသောအမေးအစား လက်ခံပေးမယ်မဟုတ်လား ဆိုသည့်စကားကြောင့် အဲ့ဒီနေ့က ထယ်ယောင်းပြုံးခဲ့မိပါသေးသည်။
"ဒီနှစ်ဆောင်းကအတော်အေးတယ်လေ...Darling နဲ့အညိုကသိပ်လိုက်တာမို့ ငါမနေ့က တစ်နေလံုးနဲ့တစ်ညလံုးထိုင်ထိုးထားတာ..."
အောက်နှုတ်ခမ်းအား ကိုက်ထားပြီး လက်နှစ်ဖက်အားပွတ်ကာ စိတ်လှုပ်ရှားနေသည့်ပံုရိပ်က တစ်မျိုးတစ်ဖံုချစ်စရာသိပ်ကောင်းသည်။ ဖွေးဥလွန်းသည့်အသားအရေကြောင့် ရဲတွတ်၍အနည်းငယ်ပေါက်ပြဲနေသော လက်ထိပ်လေးတွေက ထင်း၍...။
"လက်က..."
"အာ...ချည်ထိုးလေ့မရှိဘဲထိုးလို့ နည်းနည်းခိုက်မိရံုပါ...ဟီး ကူးမနာပါဘူး Darling ရဲ့။ "
"အွန်း"
"Darling...မင်းကိုအများကြီးချစ်တယ်"
"အွန်း"
"ကူး ထိုးပေးထားတာ သဘောကျတယ်မဟုတ်လား...ဟင်"
မျှော်လင့်တစ်ကြီး မေးလာသည့်မျက်ဝန်းတွေက ကြွေဆင်းနေသော နှင်းတွေနဲ့အပြိုင်လှရက်သည်။ ခေါင်းတစ်ချက်အငြိမ့်မှာ သူလေးက ပျော်သွားသည်ထင် မျက်ဝန်းလှလှလေးမှေးဆင်းသွားသည်အထိ ပြုံးလာသည်။
"နောက်နေ့ကြရင် Darling လည်တိုင်မှာပတ်ခဲ့နော်..."
ထယ်ယောင်းဘေးဝင်ထိုင်၍ လက်မောင်းပေါ်ခေါင်းမှီကာ ချွဲလာသည့်ကလေးက လူသိပ်ကြိုက်တာ...မဟုတ်သေးဘူး အဖက်မလုပ်ပါဘူး ဆိုတဲ့ ထယ်ယောင်းကိုမှသိပ်ကပ်ချင်တာ။
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူဘေးတီတီတာတာပြောရင်း ကပ်ချွဲချင်ကြတာဘဲမဟုတ်လား...။
"Darling ဒီမှာကြည့် ကူးလက်ကို..."
နုထွေးထေွးလက်ဖဝါးနှစ်ဘက်ဖြန့်ပြကာ နှာခေါင်းလေးရှုံ့ရင်း ရံဖန်ရန်ခါအသဲယားစရာလုပ်ပြတက်သေးသည်။
"ပြောတော့မနာဘူးဆို"
"အဲ့တာကူးက Darling ဆူမှာဆိုးလို့လျှောက်လျှောက်ပြောတာ "
"ဟဟ ဟုတ်ပါပြီ...အခုတိတ်တိတ်ငြိမ်ငြိမ်ထိုင်နေနော် ကိုယ်ဒေစီမွေးနေ့အတွက်အလုပ်ရှုပ်နေတယ်...အာရုံမစားနဲ့ ကူး"
"Ye.. Yes, Darling..."
ထစ်ထစ်ငါ့ငါ့စကားသံတိုးတိုးက အဖျားခတ်၌ သိသိသာသာတိမ်ဝင်သွားသည်။
ရည်းစားကိုဘေးမှာထားပြီး မိန်းကလေးတစ်ဦးရဲ့ မွေးနေ့အတွက်ပြင်ဆင်ပေးခြင်းနဲ့ ကူးကိုနာကျင်မှုတွေလိုလိုလားလားပေးခဲ့ဖူးသည်။
*ဂျွန္ကြိုးကြိုးစားစား သူ့အတွက်ရည်ရွယ်ပြီးထိုးထားတဲ့ မာဖလာကိုဖြန့်မကြည့်ဘူး...သည်းခံခဲ့ပါတယ်လေ Darling အလုပ်များနေလို့ပဲကို နားလည်ရမှာပေါ့...ဂျွန်ပြောတဲ့စကားတွေကို အလေးအနက်ထားခြင်းမရှိ ခေါင်းငြိမ့်ခေါင်းခါနဲ့ အွန်းတစ်လံုးသာ စိတ်မပါလက်မပါတံု့ပြန်ပြီး ဖုန်းကိုသာ အာရုံအပြည့်စိုက်နေသည့် Darling ပံုရိပ်က ဝမ်းနည်းချင်စရာကောင်းလောက်အောင် သိပ်ချောတာပဲ...
မှီထားတဲ့ဂျွန့်ကို တွန်းဖယ်ကာစကားလံုးချိုချိုနဲ့ အသဲကိုဓားနဲ့မွှန်းပြန်သည်...သူမ နဲ့ပုခံုးခြင်းမယှဥ်ဝံ့ပါဘူး Darling ကသူမဘက်မှာပဲကို။ ဝမ်းနည်းစိတ်တွေက မြိုသိ်ပ်မထားနိုင်တဲ့အခါ မျက်ရည်အဖြစ်ဆင်းသက်လာတက်သည်တဲ့လေ။
ပြိုပြိုပျက်ပျက်မျက်ရည်တွေက တာကျိုးသည့်အလား...။
"ကျစ်! ဂျွန်ဂျောင်ဂု အားနေမျက်ရည်ပဲကျတက်တာလား...စိတ်ပျက်တယ် တကယ်!!"
Advertisement
"မဟုတ် မဟုတ်ဘူး...နာလို့ လက်ကနာလို့ပါ Darling ရဲ့...စိတ် ဟင့် စိတ်မပျက်လိုက်ပါနဲ့နော် ငါ ငါတိတ်တိတ်လေးနေပါ့မယ်..."
အထူးတလည်စိတ်ပူမပြခဲ့သလို ဆေးလိမ်းဖို့သတိပေးရန်လည်း သူ မလုပ်မိခဲ့။
အရမ်းနာနေခဲ့မှာ...ကူးရဲ့လက်ချောင်းထွေးထွေးလေးတေွ အများကြီးနာနေခဲ့မှာ...အချိန်တွေနောက်ပြန်ဆုတ်လို့ရရင် လက်ချောင်းလေးတွေကိုဆေးသေချာလိမ်းပေးပြီး ကူးအမှုန်အမွှားလေးကအစထိခိုက်လို့မဖြစ်ဘူးလေလို့ ရင်ခွင်ထဲထည့်ပြီးတဖွဖွပြောနေခဲ့မှာ။
ထားသွားမယ်မှန်းကြိုသိခဲ့ရင် အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးမယ္ မင်းကိုအများကြီးအလိုလိုက်ခဲ့မှာ...မင်းရဲ့နှုတ်ခမ်းကချစ်တယ် ပြောလာတိုင်း ကိုယ်လည်းချစ်တာပေါ့ ဆိုပြီး အနူးညံ့ဆံုးအနမ်းတွေပုံဖော်ရင်း မင်းရဲ့မျက်နှာအစိတ်အပိုင်းတွေအလွတ်မှတ်မိတဲ့အထိ တစ်စိမ့်စိမ့်ကြည့်နေမည်။
အခု အရာအားလုံးက ပြန်လှည့်လို့မရအောင်နောက်ကျနေပြီမဟုတ်လား...။
တစ်ချိန်ကပစ္ပယ်ထားခဲ့တဲ့ မာဖလာလေးကိုလည်တိုင်ထက် တန်ဖိုးကြီးပစ္စည်းပမာ မြတ်မြတ်နိုးနိုးပတ်ပြီး ဂျီမင်ခေါ်ဆောင်ရာသို့လိုက်ပါလာခဲ့သည်။
ခေါ်လာသည့်နေရာကကူးရဲ့ Condo ရှေ့ကပန်းခြံထဲပေမို့ စိမ်းသက်၍မနေ။ အလွမ်းရဲ့အငွေ့အသက်အပြည့် လွှမ်းခြုံနေတဲ့ဒီပန်းခြံလေးထဲ နှင်းမှုန်တို့အရည်ပျော်မှုကြောင့် သစ်ရွက်ဖျားတို့၌ ရေစက်တို့တွဲခိုလျက်။
ချိတ်ပိတ်မည့် ထို Condo အား ထယ်ယောင်းပြန်ဝယ်ပြီး ဂျွန်ဂျောင်ဂုရှိတုန်းကအတိုင်း ဘာမှမပြောင်းမလဲ ထားစေသည်။ ကူးအငွေ့အသက်တေွက အဖိုးတန်လွန်းတယ်။ Condo သို့လှမ်းမြင်နိုင်သည့်ခံုတန်း၌ နေရာယူထိုင်ကာ အနွေးထည်ထူထူဖြင့် လံုးလံုးလေးဖြစ်နေရှာသည့်ကလေးများ ဆော့ကစားနေခြင်းကို တွေတွေလေးငေးနေမိပြန်သည်။
"ဂျီမင်...ဟိုမှာ"
နှင်းလံုးတို့ပစ်ပေါက်ကာ ကစားနေသည့်ကလေးတွေအား ထယ်ယောင်းလက်ညိုးထိုးပြလိုက်ရာ ဂျီမင်လိုက်ကြည့်မိသည်။
"ကူးက နှင်းတွေနဲ့ကစားရတာသိပ်ကြိုက်တာ...ကလေးတွေနဲ့ဆော့ကစားရတာမျိုးဆို ယုန်သွားတွေထင်းနေအောင်ရယ်နေတက်တာ...."
"ကင်မ်ထယ်..."
တစ်ချက်ခေါင်းငံုကာ ဂျီမင်မမြင်အောင်မျက်ရည်တို့ခိုးသုတ်လိုက်ပြီး Condo သို့ခပ်ဆေွးဆွေးမျက်ဝန်းတို့ဖြင့် လှမ်းကြည့်ရင်း...
"ဂျီမင်...ကူးကိုသွားခေါ်ချည် ကလေးတွေနဲ့နှင်းပေါက်တိုင်းကစားကြမယ်လို့...ငါ့ကိုစိတ်ကောက်နေတော့ ကူးကငါသွားခေါ်ရင်ပုန်းနေမှာ မင်းပဲသွား သွားခေါ်ပေးနော်..."
"ဂျွန်မရှိတော့ဘူးလေ ထယ်ယောင်း..."
"အကူအညီတောင်းတာပါ ဂျီမင်ရာ...ငါ ငါသွားခေါ်လို့အဆင်မပြေလို့ပါကွာ ငါ့ကို..ငါ့ကိုကူးမြင်ရင် စိတ်ရှုပ်သွားလိမ့်မယ်"
"နားလည်ပါတော့ထယ်ယောင်း...ဂျွန်မရှိတော့ဘူး !!"
"ဟူးးးတော်တော်အေးတာပဲ...ကူးကိုအနွေးထည်ထူထူလေးဝတ်ခိုင်းပြီးမှ ခေါ်လာနော်...ဦးထုတ်ပါဆောင်းခိုင်းခဲ့ အော် လက်အိတ်ရော ခြေအိတ်ရော သေချာဝတ်ခိုင်းလိုက်နော်...ကူးကအအေးကြောက်တယ်"
လက်နှစ်ဖက်အားပွတ်ကာ အာငွေ့ပေးရင်း အေးအေးလူလူသာဖြေလာသည်ကြောင့် အားမလိုအားမရအော်ပြောနေသည့် ဂျီမင်မှာ ထယ်ယောင်းပံုစံအား မကြည့်ရက်တော့သည်အမှန်။
Condo ဘက်ကမျက်ဝန်းမခွာပဲ ပြုံးရိပ်သမ်းကာ ငြိမ်ငြိမ်လေးထိုင်နေသည့် ထယ်ယောင်းက အကောင်းပကတိအတိုင်းပေမဲ့ အတွင်းစိတ်၌ ကူးစိတ်ဆိုးနေတယ် ဆိုသောအတွေးကစွဲထင်နေကာ နှလုံးသားက ကူးမရှိတော့ဘူးဆိုတဲ့အသိကြောင့် နင့်သည်းစွာ ရင်ပေါက်ကွဲမတက် တင်းကြပ်ကြပ်နဲ့ တစ်ဆစ်ဆစ်...ဝေသနာဟာကြီးလေးလွန်းပါရဲ့။
ဟော...ဟိုမှာ Darling ရဲ့ကူး။
ပြတင်းပေါက်အနားမှာရပ်နေသော အရိပ်ငယ်ငယ်လေး...။ ဂျီမင်တို့ကအလိမ်သိပ်ကောင်းတာပဲ...Darling ကကူးရှိတယ်လို့ပြောနေတာကို မရှိတော့ဘူးပဲပြောနေကြတာ။
ဒီတစ်ခါတော့ မျက်ရည်စီးကြောင်းအားခိုးမသုတ်တော့...ကူးမြင်ရင် လာသုတ်ပေးအောင်ဆိုတဲ့ ကလေးသာသာအတွေးဖြင့် ပါးထက်ဖြတ်သန်းစီးဆင်းခွင့်ပြုလိုက်သည်။
တစ်ယောက်လောက်ဖြစ်ဖြစ် ထယ်ယောင်းကိုပြောပေးကြပါ...ကူးမရှိပါဘူးလို့ ပိတ်ထားတဲ့ပြတင်းပေါက်က ဘယ်လိုမှပွင့်မလာနိုင်ကြောင်း ပြောပေးကြပါ။
"ဟုတ်ပြီ...ငါသွားခေါ်မှာမို့ မင်းကငြိမ်ငြိမ်လေးပဲဒီမှာထိုင်နေနော်"
"ငါက ကလေးမှမဟုတ်တာကို..."
"ကလေးမှမဟုတ်လို့မှာနေရတာ မင်းဖြစ်နေလို့မှာနေရတာ...ကတိပေး ဒီကနေဘယ်မှမသွားပါဘူးလို့"
"အွန်း အွန်း ပေးတယ္..."
"ဂျွန်မင်းကိုမြင်ရင်စိတ်ရှုပ်မှာဆိုးလို့ ဒီဘက်မခေါ်ခဲ့တော့ဘူး...ဂျွန့်ကိုကလေးတွေနဲ့ဆော့ခိုင်းပြီးတာနဲ့ ပြန်ပို့ပြီး ငါပြန်လာခဲ့မယ်...ဘယ်သူမှမသွားနဲ့နော်"
ထယ်ယောင်းစိတ်ချမ်းသာအောင် ပြောပြီး ပန်းခြံအပြင်ဘက်ကိုဂျီမင်ထွက်လာခဲ့သည်။ သေလူကိုမည်သို့သွားခေါ်လို့ရမည်လည်း...ထယ်ယောင်းဟာ ရူးပြီ ဂျွန်ဂျောင်ဂုစိတ်နဲ့ရူးပြီထင်ပါရဲ့။
အချစ်စစ်မှန်ရင် မည်မျှခက်ခဲပါစေ ပေါင်းဖက်ရမည် ဆိုတဲ့စကားက ကင်မ်ထယ်ယောင်းနဲ့ ဂျွန်ဂျောင်ဂုအတွက် စကားပံုတစ်ခုသာသာပါပဲလား...။
နောက်နားစီမှ အက်ရှရှစကားသံအား ထွက်သွားသောဂျီမင်မကြားမိလိုက်။
"ကူးက ကိုယ့်ကိုမမြင်ချင်လောက်အောင် မုန်းသွားတာလားဟင်...ဒါဆို စိတ်ကောက်နေတဲ့မင်းကို ကိုယ်ဘယ်လိုချော့ရမှာလဲ ကူး....."
လုံးဝ Darling စတိုင်ပဲ
ကူးလေး
အပေါ်နှစ်ပံုကDarling နဲ့ ကူးရဲ့ vibe မိမယ်ထင်ပါရဲ့...
Thanks for your vote 🌟
Love you all ❤
***************
*Zawgyi*
တစ္ဖြဲဖြဲက်ေနတဲ့ ႏွင္းနဲ႕အတူ အလြမ္းရဲ႕ဒဏ္ဟာလည္း ေအးခဲသြားျခင္းမရွိပဲအသက္ရႉလိုက္တိုင္း ကူးရဲ႕အေငြ႕အသက္တို႔အား ေတာင္းတေနသည့္ရင္ဘတ္ကေအာင့္သက္သက္။
မက်က္ေသးတဲ့ ဒဏ္ရာရယ္ေအးစက္လြန္းတဲ့ ဒီဇင္ဘာရယ္...ႏွလုံးသားအနာဟာ ေပ်ာက္ကင္းဖို႔လမ္းစမျမင္ ေမွ်ာ္လင့္ခ်က္မဲ့လို႔ေနသည္။
ႏွင္းမႈန္ေတြျမင္တိုင္း ဖြူစင်တဲ့မင်းအပြုံးတေွကကိုယ့်ကို ေျခာက္လွန့္ေနတယ္...တစ္ရက္တစ္ရက္ မေသာက္ခ်င္ပဲေသာက္ေနရတဲ့ ဆေးခါးတေွ...ထိေတြ႕မိတိုင္းေပ်ာက္ကြယ္သြားတဲ့ ႏွလုံးသားငယ္။
ခပ္ႏြေးႏြေးေဖာင္းကစ္ကစ္ခႏၶာအစား ေအးစက္စက္ေလဟာျပင္အား မင္းအမွတ္နဲ႕ ႐ူးေၾကာင္ေၾကာင္ေထြးပိုက္တဲ့အခ်ိန္ေတြ...
သူတို႔ကေျပာေနၾကတယ္ ကူးရဲ႕... Darling ကိုအ႐ူးတဲ့ ႐ူးသြားၿပီတဲ့ေလ။ လွမ်းနေရံု ဟင့္အင္း ဒီကလူ ရင္ကြဲမတက္ မင်းကိုတောင်းတနေရံု။
"ထြက္ေျပးၿပီးရင္လည္း Darling စီ ျပန္လာပါေတာ့ကြာ...ကူးကို ခ်စ္ေရးဆို ဦးမယ္...ဟင့္...Darling မင္းကို မင္းကိုဘယ္ေလာက္ခ်စ္ေၾကာင္းေျပာ ေျပာျပမွာမို႔ လာနားေထာင္ပါဦးကိုယ့္ရဲ႕ကူး...."
ပါးတစ္ေလွ်ာက္လိမ့္ဆင္းသြားေသာ မ်က္ရည္စီးေၾကာင္းဟာ ခပ္ႏြေးႏြေးရယ္။
ဟဟ သုတ္ေပးမဲ့မင္းမရွိေတာ့မွ မျက်ရည်တေွကကျကျလာတယ်...မင္းၾကည့္ေနလား ဒီလူရင္ကြဲနာက်ၿပီး စိတၱဇအထူးကုေဆး႐ုံႀကီးမွာ အ႐ူးတစ္ေယာက္လို ဆက္ဆံခံေနရတာမင္းျမင္ရဲ႕လား။
"ထယ္ေယာင္း...ျပန္ၾကရေအာင္"
"ကူးကစိတ္ေကာက္ေျပလို႔ျပန္ေခၚခိုင္းၿပီေပါ့...ငါကူးကိုအမ်ားႀကီးလြမ္းေနတာ..."
ေဆြးရိပ္သမ္းေနေသာမ်က္ဝန္း၌ မ်က္ရည္တစ္ပိုင္းတစ္စ...အားတင္းၿပဳံးေနေသာ ထယ္ေယာင္းစကားေတြအား ဂျီမင်ခေါင်းငြိမ့်ကာထောက်ခံရံုမှအပ ဘာမွမလုပ္ေပးနိုင္။
အခုရက္ပိုင္း အေျခအေနေကာင္းလာသည့္ ထယ္ေယာင္းစိတ္ေၾကာင့္ ဂျွန့်ရဲ့တစ်လပြည့်မှာအပြင်ထွက်ရန္ ဆရာဝန္ေတြအား ခြင့္ေတာင္းထားျခင္း။
Advertisement
ေသာက္ေဆး၊ထိုးေဆးေတြနဲ႕ အခန္းက်ဥ္းထဲပိတ္ေလွာင္ထားသလို ျဖစ္ေနတဲ့ ထယ္ေယာင္းကိုျပင္ပေလနဲ႕ထိေတြ႕ေပးျခင္းလို႔ဆိုပိုမွန္လိမ့္မည္။ ချစ်ရသူဆံုးရှုံးရလို့ ပူေလာင္ေနသူကို ဒီနည်းတေွနဲ့ကုသခြင်းက သိပ္မြန္းၾကပ္ေစသည္ေလ။
သို႔ေပမဲ့ ထယ္ေယာင္း...ထယ္ေယာင္းက ဂြၽန္ငယ္ကသူ႕ကို ေစာင့္ေနခိုင္းပါတယ္ဆိုၿပီး မညီးမျငဴေနရွာသည္။
"အႏြေးထည္ထူထူဝတ္ခဲ့ေနာ္ အျပင္မွာႏွင္းက်လိဳ႕ေတာ္ေတာ္ေအးေနၿပီ"
"ဒါ...ဒါေလးက ကူး ကူးလက္နဲ႕ေသခ်ာထိုးထားေပးတာ...အဲ့တုန္းက သွေးချေဥသွားတဲ့လက်ချောင်းလေးတေွကို ငါမ်က္ကြယ္ျပဳ ျပဳခဲ့ၿပီး..စိတ္ပ်က္စရာလို႔ပါျမင္ခဲ့ေသးတာ ငါကေလမုန္းပစ္ဖို႔ေကာင္းတဲ့ ေကာင္ပဲမဟုတ္လား...ဟင့္"
အညိုေရာင္မာဖလာအား ရင်မှာပိုက်ကာလှုိင်တက်လာသော စို႔နင့္မႈက အသက္ရႉခက္ခဲသည္အထိ မြန္းၾကပ္သြားေစသည္။
မ်က္ရည္ေငြ႕ႏြေးႏြေးတို႔ေၾကာင့္ ေဝဝါးလာေသာမ်က္ဝန္းထဲ အစီအရီေပၚလာေသာ အရင္ႏွစ္အတိတ္က ပံုရိပ်တွေဟာ ဒီေကာင့္အားေျခာက္လွန့္၍လာသည္။
"Darling...ဟီး ငါမင္းကိုေပးစရာရွိတယ္"
"အြန္း"
ၿပဳံးစစႏွင့္အနားေရာက္လာသည့္ ကူးက သိုးေမြးအႏြေးထည္ထူထူၾကားျမဳပ္ေနကာ လက္ေနာက္ပစ္၍တစ္ခုခုအားဖြက္ထားဟန္။
"ဘာေလးလို႔ထင္လဲ..."
"က်စ္..ကိုယ္ကဘယ္သိမလဲ"
"Darling ကလည္း နည္းနည္းေလာက္မွန္းၾကည့္ေလေနာ္..."
"ဂြၽန္ေဂ်ာင္ဂု! သောက်အရေးမပါတာတေွမလုပ်စမ်းနဲ့!!"
Darling အကၤ်ီေအာက္နားစအားကိုင္ကာ ေျပာေနသည့္ဂြၽန္ကို စိတ္ရႈပ္ဟန္ေအာ္လာသည့္အခါ ဝမ္းမနည္းသြားပါဘူးလို႔ေျပာရင္ လိမ္ရာၾကမည္။
နွေးထွေးတဲ့ဆက်ဆံရေးတည်ဆောက်ချင်ရံု ဆႏၵသာရွိတဲ့ ကေလးငယ္ကို သူေအးစက္ျခင္းေတြသာေပးခဲ့တာ။
"ငါ ငါေတာင္းပန္ပါတယ္ Darling...စိတ္မပ်က္လိုက္ပါနဲ႕ေနာ္..."
ျပာျပာသလဲေတာင္းပန္သူအား လ်စ္လ်ဴရႈကာ ဖုန္းကိုသာ သဲႀကီးမဲႀကီးအာ႐ုံစိုက္ေနခဲ့သည္။ မွတ္မွတ္ရရအဲ့အခ်ိန္က ဒေစီမွေးနေ့စီစဉ်ပေးဖို႔လုပ်နေခဲ့တာ။
ဖုန္းႏွင့္မ်က္ႏွာအၾကား ေရာက္လာသည့္မာဖလာအညိုေလးတစ္ထည္။ မျက်လံုးအသာလန်ကာ ကူးအားၾကည့္လိုက္ေတာ့ စိုးရိမ္မႈျမင့္တက္ေနသည့္ မျက်ဝန်းရွဲကြီးနှင့်စံုသည်။
"ဟို...Darling အတြက္ငါကိုယ္တိုင္ထိုး ထိုးထားတာ လက္ခံမယ္မဟုတ္လားဟင္"
အညိုခ်ည္းပဲမဟုတ္ အဖ်ားခတ္နား၌အျဖဴေရာင္စင္းေၾကာင္းႏွင့္ အစိမ္းရင့္ေရာင္စင္းေၾကာင္းေလးကလည္း ေသေသသပ္သပ္။
သေဘာက်ရဲ႕လား ဆိုေသာအေမးအစား လက္ခံေပးမယ္မဟုတ္လား ဆိုသည့္စကားေၾကာင့္ အဲ့ဒီေန႕က ထယ္ေယာင္းၿပဳံးခဲ့မိပါေသးသည္။
"ဒီႏွစ္ေဆာင္းကအေတာ္ေအးတယ္ေလ...Darling နဲ႕အညိုကသိပ္လိုက္တာမို႔ ငါမေန႕က တစ်နေလံုးနဲ့တစ်ညလံုးထိုင်ထိုးထားတာ..."
ေအာက္ႏႈတ္ခမ္းအား ကိုက္ထားၿပီး လက္ႏွစ္ဖက္အားပြတ္ကာ စိတ်လှုပ်ရှားနေသည့်ပံုရိပ်က တစ်မျိုးတစ်ဖံုချစ်စရာသိပ်ကောင်းသည်။ ေဖြးဥလြန္းသည့္အသားအေရေၾကာင့္ ရဲတြတ္၍အနည္းငယ္ေပါက္ၿပဲေနေသာ လက္ထိပ္ေလးေတြက ထင္း၍...။
"လက္က..."
"အာ...ခ်ည္ထိုးေလ့မရွိဘဲထိုးလို႔ နည်းနည်းခိုက်မိရံုပါ...ဟီး ကူးမနာပါဘူး Darling ရဲ႕။ "
"အြန္း"
"Darling...မင္းကိုအမ်ားႀကီးခ်စ္တယ္"
"အြန္း"
"ကူး ထိုးေပးထားတာ သေဘာက်တယ္မဟုတ္လား...ဟင္"
ေမွ်ာ္လင့္တစ္ႀကီး ေမးလာသည့္မ်က္ဝန္းေတြက ေႂကြဆင္းေနေသာ ႏွင္းေတြနဲ႕အၿပိဳင္လွရက္သည္။ ေခါင္းတစ္ခ်က္အၿငိမ့္မွာ သူေလးက ေပ်ာ္သြားသည္ထင္ မ်က္ဝန္းလွလွေလးေမွးဆင္းသြားသည္အထိ ၿပဳံးလာသည္။
"ေနာက္ေန႕ၾကရင္ Darling လည္တိုင္မွာပတ္ခဲ့ေနာ္..."
ထယ္ေယာင္းေဘးဝင္ထိုင္၍ လက္ေမာင္းေပၚေခါင္းမွီကာ ခြၽဲလာသည့္ကေလးက လူသိပ္ႀကိဳက္တာ...မဟုတ္ေသးဘူး အဖက္မလုပ္ပါဘူး ဆိုတဲ့ ထယ္ေယာင္းကိုမွသိပ္ကပ္ခ်င္တာ။
ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူေဘးတီတီတာတာေျပာရင္း ကပ္ခြၽဲခ်င္ၾကတာဘဲမဟုတ္လား...။
"Darling ဒီမွာၾကည့္ ကူးလက္ကို..."
နုထွေးထေွးလက်ဖဝါးနှစ်ဘက်ဖြန့်ပြကာ ႏွာေခါင္းေလးရႈံ႕ရင္း ရံဖန္ရန္ခါအသဲယားစရာလုပ္ျပတက္ေသးသည္။
"ေျပာေတာ့မနာဘူးဆို"
"အဲ့တာကူးက Darling ဆူမွာဆိုးလို႔ေလွ်ာက္ေလွ်ာက္ေျပာတာ "
"ဟဟ ဟုတ္ပါၿပီ...အခုတိတ္တိတ္ၿငိမ္ၿငိမ္ထိုင္ေနေနာ္ ကိုယ္ေဒစီေမြးေန႕အတြက္အလုပ္ရႈပ္ေနတယ္...အာ႐ုံမစားနဲ႕ ကူး"
"Ye.. Yes, Darling..."
ထစ္ထစ္ငါ့ငါ့စကားသံတိုးတိုးက အဖ်ားခတ္၌ သိသိသာသာတိမ္ဝင္သြားသည္။
ရည္းစားကိုေဘးမွာထားၿပီး မိန္းကေလးတစ္ဦးရဲ႕ ေမြးေန႕အတြက္ျပင္ဆင္ေပးျခင္းနဲ႕ ကူးကိုနာက်င္မႈေတြလိုလိုလားလားေပးခဲ့ဖူးသည္။
*ဂြၽႏၠျိုးႀကိဳးစားစား သူ႕အတြက္ရည္႐ြယ္ၿပီးထိုးထားတဲ့ မာဖလာကိုျဖန့္မၾကည့္ဘူး...သည္းခံခဲ့ပါတယ္ေလ Darling အလုပ္မ်ားေနလို႔ပဲကို နားလည္ရမွာေပါ့...ဂြၽန္ေျပာတဲ့စကားေတြကို အေလးအနက္ထားျခင္းမရွိ ေခါင္းၿငိမ့္ေခါင္းခါနဲ႕ အွန်းတစ်လံုးသာ စိတ်မပါလက်မပါတံု့ပြန်ပြီး ဖုန္းကိုသာ အာ႐ုံအျပည့္စိုက္ေနသည့္ Darling ပံုရိပ်က ဝမ္းနည္းခ်င္စရာေကာင္းေလာက္ေအာင္ သိပ္ေခ်ာတာပဲ...
မွီထားတဲ့ဂြၽန့္ကို တွန်းဖယ်ကာစကားလံုးချိုချိုနဲ့ အသဲကိုဓားနဲ႕မႊန္းျပန္သည္...သူမ နဲ့ပုခံုးခြင်းမယှဥ်ဝံ့ပါဘူး Darling ကသူမဘက္မွာပဲကို။ ဝမ္းနည္းစိတ္ေတြက ၿမိဳသိ္ပ္မထားနိုင္တဲ့အခါ မ်က္ရည္အျဖစ္ဆင္းသက္လာတက္သည္တဲ့ေလ။
ၿပိဳၿပိဳပ်က္ပ်က္မ်က္ရည္ေတြက တာက်ိဳးသည့္အလား...။
"က်စ္! ဂြၽန္ေဂ်ာင္ဂု အားေနမ်က္ရည္ပဲက်တက္တာလား...စိတ္ပ်က္တယ္ တကယ္!!"
"မဟုတ္ မဟုတ္ဘူး...နာလို႔ လက္ကနာလို႔ပါ Darling ရဲ႕...စိတ္ ဟင့္ စိတ္မပ်က္လိုက္ပါနဲ႕ေနာ္ ငါ ငါတိတ္တိတ္ေလးေနပါ့မယ္..."
အထူးတလည္စိတ္ပူမျပခဲ့သလို ေဆးလိမ္းဖို႔သတိေပးရန္လည္း သူ မလုပ္မိခဲ့။
အရမ္းနာေနခဲ့မွာ...ကူးရဲ့လက်ချောင်းထွေးထွေးလေးတေွ အမ်ားႀကီးနာေနခဲ့မွာ...အခ်ိန္ေတြေနာက္ျပန္ဆုတ္လို႔ရရင္ လက္ေခ်ာင္းေလးေတြကိုေဆးေသခ်ာလိမ္းေပးၿပီး ကူးအမႈန္အမႊားေလးကအစထိခိုက္လို႔မျဖစ္ဘူးေလလို႔ ရင္ခြင္ထဲထည့္ၿပီးတဖြဖြေျပာေနခဲ့မွာ။
ထားသြားမယ္မွန္းႀကိဳသိခဲ့ရင္ အရိပ်တကြည့်ကြည့်ဂရုစိုက်ပေးမယ္ မင္းကိုအမ်ားႀကီးအလိုလိုက္ခဲ့မွာ...မင္းရဲ႕ႏႈတ္ခမ္းကခ်စ္တယ္ ေျပာလာတိုင္း ကိုယ္လည္းခ်စ္တာေပါ့ ဆိုၿပီး အနူးညံ့ဆံုးအနမ်းတွေပုံဖော်ရင်း မင္းရဲ႕မ်က္ႏွာအစိတ္အပိုင္းေတြအလြတ္မွတ္မိတဲ့အထိ တစ္စိမ့္စိမ့္ၾကည့္ေနမည္။
အခု အရာအားလုံးက ျပန္လွည့္လို႔မရေအာင္ေနာက္က်ေနၿပီမဟုတ္လား...။
တစ္ခ်ိန္ကပစၸယ္ထားခဲ့တဲ့ မာဖလာေလးကိုလည္တိုင္ထက္ တန္ဖိုးႀကီးပစၥည္းပမာ ျမတ္ျမတ္နိုးနိုးပတ္ၿပီး ဂ်ီမင္ေခၚေဆာင္ရာသို႔လိုက္ပါလာခဲ့သည္။
ေခၚလာသည့္ေနရာကကူးရဲ႕ Condo ေရွ႕ကပန္းၿခံထဲေပမို႔ စိမ္းသက္၍မေန။ အလြမ္းရဲ႕အေငြ႕အသက္အျပည့္ လႊမ္းၿခဳံေနတဲ့ဒီပန္းၿခံေလးထဲ ႏွင္းမႈန္တို႔အရည္ေပ်ာ္မႈေၾကာင့္ သစ္႐ြက္ဖ်ားတို႔၌ ေရစက္တို႔တြဲခိုလ်က္။
ခ်ိတ္ပိတ္မည့္ ထို Condo အား ထယ္ေယာင္းျပန္ဝယ္ၿပီး ဂြၽန္ေဂ်ာင္ဂုရွိတုန္းကအတိုင္း ဘာမွမေျပာင္းမလဲ ထားေစသည္။ ကူးအငွေ့အသက်တေွက အဖိုးတန္လြန္းတယ္။ Condo သို့လှမ်းမြင်နိုင်သည့်ခံုတန်း၌ ေနရာယူထိုင္ကာ အႏြေးထည္ထူထူျဖင့္ လံုးလံုးလေးဖြစ်နေရှာသည့်ကလေးများ ေဆာ့ကစားေနျခင္းကို ေတြေတြေလးေငးေနမိျပန္သည္။
"ဂ်ီမင္...ဟိုမွာ"
နှင်းလံုးတို့ပစ်ပေါက်ကာ ကစားေနသည့္ကေလးေတြအား ထယ္ေယာင္းလက္ညိုးထိုးျပလိုက္ရာ ဂ်ီမင္လိုက္ၾကည့္မိသည္။
"ကူးက ႏွင္းေတြနဲ႕ကစားရတာသိပ္ႀကိဳက္တာ...ကေလးေတြနဲ႕ေဆာ့ကစားရတာမ်ိဳးဆို ယုန္သြားေတြထင္းေနေအာင္ရယ္ေနတက္တာ...."
"ကင္မ္ထယ္..."
တစ်ချက်ခေါင်းငံုကာ ဂ်ီမင္မျမင္ေအာင္မ်က္ရည္တို႔ခိုးသုတ္လိုက္ၿပီး Condo သို့ခပ်ဆေွးဆွေးမျက်ဝန်းတို့ဖြင့် လွမ္းၾကည့္ရင္း...
"ဂ်ီမင္...ကူးကိုသြားေခၚခ်ည္ ကေလးေတြနဲ႕ႏွင္းေပါက္တိုင္းကစားၾကမယ္လို႔...ငါ့ကိုစိတ္ေကာက္ေနေတာ့ ကူးကငါသြားေခၚရင္ပုန္းေနမွာ မင္းပဲသြား သြားေခၚေပးေနာ္..."
"ဂြၽန္မရွိေတာ့ဘူးေလ ထယ္ေယာင္း..."
"အကူအညီေတာင္းတာပါ ဂ်ီမင္ရာ...ငါ ငါသြားေခၚလို႔အဆင္မေျပလို႔ပါကြာ ငါ့ကို..ငါ့ကိုကူးျမင္ရင္ စိတ္ရႈပ္သြားလိမ့္မယ္"
"နားလည္ပါေတာ့ထယ္ေယာင္း...ဂြၽန္မရွိေတာ့ဘူး !!"
"ဟူးးးေတာ္ေတာ္ေအးတာပဲ...ကူးကိုအႏြေးထည္ထူထူေလးဝတ္ခိုင္းၿပီးမွ ေခၚလာေနာ္...ဦးထုတ္ပါေဆာင္းခိုင္းခဲ့ ေအာ္ လက္အိတ္ေရာ ေျခအိတ္ေရာ ေသခ်ာဝတ္ခိုင္းလိုက္ေနာ္...ကူးကအေအးေၾကာက္တယ္"
လက္ႏွစ္ဖက္အားပြတ္ကာ အာေငြ႕ေပးရင္း ေအးေအးလူလူသာေျဖလာသည္ေၾကာင့္ အားမလိုအားမရေအာ္ေျပာေနသည့္ ဂ်ီမင္မွာ ထယ်ယောင်းပံုစံအား မၾကည့္ရက္ေတာ့သည္အမွန္။
Condo ဘက္ကမ်က္ဝန္းမခြာပဲ ၿပဳံးရိပ္သမ္းကာ ၿငိမ္ၿငိမ္ေလးထိုင္ေနသည့္ ထယ္ေယာင္းက အေကာင္းပကတိအတိုင္းေပမဲ့ အတြင္းစိတ္၌ ကူးစိတ္ဆိုးေနတယ္ ဆိုေသာအေတြးကစြဲထင္ေနကာ ႏွလုံးသားက ကူးမရွိေတာ့ဘူးဆိုတဲ့အသိေၾကာင့္ နင့္သည္းစြာ ရင္ေပါက္ကြဲမတက္ တင္းၾကပ္ၾကပ္နဲ႕ တစ္ဆစ္ဆစ္...ေဝသနာဟာႀကီးေလးလြန္းပါရဲ႕။
ေဟာ...ဟိုမွာ Darling ရဲ႕ကူး။
ျပတင္းေပါက္အနားမွာရပ္ေနေသာ အရိပ္ငယ္ငယ္ေလး...။ ဂ်ီမင္တို႔ကအလိမ္သိပ္ေကာင္းတာပဲ...Darling ကကူးရွိတယ္လို႔ေျပာေနတာကို မရွိေတာ့ဘူးပဲေျပာေနၾကတာ။
Advertisement
- In Serial14 Chapters
Morph Genome
A scientist couple go to extremes to protect their child in the face of an apocalyptic event. Will their tears, sweat and blood pay off? Or is it all for nothing? Falling Star Of Evolution - Rewritten
8 106 - In Serial22 Chapters
A Magical Journey
This is a story about princesses and princes. Magic and dragon. Fighters and bookworms.Follow Maya, Lee, Lou and Vi in their journey to find theirselves and save a chivalrous prince!
8 389 - In Serial16 Chapters
Sentinel : Book 2.5
Book two. the Continuation of broken. This is a kinda filler but still has content I consider realavant but it's not super important. I'll also be posting what is meame to be book two but will just be called book three soon. This book is just kinda more intro and story background on how things end up later. But yeah expect me just bleasting chapers at random or almost always Friday and sorry for the big wait my Bros computer died so I couldn't update but yeah back at it again.
8 226 - In Serial26 Chapters
A Matter of Time || Dreamnotfound
Dream has lived a long, Fae life- he's still living it. A couple centuries old, but still young, Dream is notorious for his line of work. He was once foolish and rebellious, but now, he knows better than to make mistakes. You can call him an assassin, a mercenary, a hitman, whichever one, it doesn't matter. What matters is that Dream does his job and he's good at it. When a certain mortal stumbles across his path, will Dream change his ways? Cover artist: sanek_molodes (on Instagram)Possible TWs:SwearingBloodDeathViolenceAbuseGoreAngstSad warning- but also bunch of fluff too, so ya know, keep your head up :)9/2/2021 - #9 in shipping!!
8 230 - In Serial300 Chapters
Teenager Posts
Just a fun little book I made. NOT MINE! Enjoy, xx
8 150 - In Serial4 Chapters
You are the reason
Date Started: 12/13/21
8 170

