《My brother's girlfriend》part 32
Advertisement
စာမေးပွဲနီးလာသောကြောင့်လီလီစာကိုပဲပိုဖိလုပ်ဖြစ်သည်။ အခုဟာကအရင်ကလို့ပေါ့ပေါ့သေးသေးမဟုတ်ပဲဘ၀ကိုဆုံးဖြတ်ပေးမယ့်စာမေးပွဲဖြစ်သည်။ လီလီပြောတဲ့ဘ၀ဆိုတာကလည်း
ခင် : "ကလေး ဟိုဆောက်လက်စအဆောက်အဦးကြီးကိုတွေ့လား "
လီလီ : "အင်း။ အာ ........ကလေးမှတ်မိတယ်။ ကိုကြီးကြောင့်နဲ့ပြဿနာဖြစ်တောကကလေးပုန်းခဲ့တဲ့ဟိုတယ်လေမလား။ အခုတိုးချဲ့နေတာလား"
ခင် : "အင်း။ မကလေးကိုပြောစရာရှိတယ်။ ဒီမှာလာ"
လီလီ : "အေရးကြီးလို့လား။ စားပြီးမှပြော"
ခင် : "ကလေးလဲလေ စားနေရင်းနားထောင်လ်ို့ရတာပဲ။ မ ပြောချင်တာက ကလေးကစာမေးပွဲနီးနေပြီးနော်။ ဘယ်လောက်အရေးကြီးလဲကလေးသိတယ်မလား။ မမကတော့ဂုဏ်ထူးမှတ်ပါစေချင်တယ်နော်"
လီလီ : "မ!!! ကလေးက်ိုအထင်သေးတာလား။ ကလေးရဲ့ result မှာ 80% အောက်ဖြစ်သွားတာရှိလို့လား "
ခင် : "မ သိပါတယ်။ မ ပြောချင်တာကဒါမဟုတ်သေးဘူး။ အဲ့ဒီဟိုတယ်ကအင်ဂျင်နီယာတွေက်ိုတွေ့တယ်မလား"
လီလီ : "အင်း "
ခင် : "သူတို့တွေကသူတို့တာ၀န်ယူတဲ့အဆောက်အဦးအတွက်သိန်း၁၀၀ကအနည်းဆုံး၀င်ငွေပဲ။ သူတို့အရည်အချင်းပိုရှိလေ ၀င်ငွေကပိုများလေ။ ဒီအင်ဂျင်နီယာတွေမကဘူး။ တံတားတွေဆောက်တဲ့အင်ဂျင်နီယာတွေဆိုလဲ၀င်ငွေက ကလေးထင်ထားတာထက်များတယ်။ အရင်ခေတ်ကလိုအစိုးရက၁၀သိန်းပဲပေးပြီး၅သိန်းတန်ဆောက်ခိုင်းတာမျိုးမဟုတ်တော့ဘူး။အခုခေတ်ကကလေးမှာရှိတဲ့ပညာအရည်အချင်းတစ်ခုဆီအတွက်လစာသောက်သောက်လဲရတဲ့ခေတ်ပဲ။ အထက်ကလူတွေသာအမြတ်မစားဘူးဆိုရင်ပေါ့ "
လီလီ : "မမကဘာကိုဆိုလိုချင်တာလဲ။ မမတုန်းကလဲဆေးမှတ်မှီတာပဲကိုဆရာ၀န်မလုပ်ပဲဒီမှာမန်နေဂျာလာဖြစ်နေတဲ့ဟာ "
ခင် : "ဟားဟား ကလေးကအဲ့ဒါကိုဗွေယူနေတာလား။ မမကမန်နေဂျာပဲဆိုပေမယ့်မမပိုင်တဲ့အဆောက်အဦးတွေရေတွက်လို့တောင်မနိုင်ဘူး။ အဲ့တာကြောင့်စီးပွားရေးလုပ်ဖို့ပဲမမဆုံးဖြတ်ခဲ့တာ "
လီလီ : "ဪ စကားပြောနေရင်း၀င်ကြွားလိုက်တာပဲ။ ဒါနဲ့လေကလေးနားမလည်နိုင်ဘူး။ ဖေဖေပြောတော့မမရဲ့လစာကရောင်းအားပေါ်မူတည်တယ်ဆို ဒီလမမကားတစ်စီးမှရောင်းမထွက်ဖြစ်ရင်ရော"
ခင် : "ဟာ ကလေး။ ဒီအရွယ်တောင်ရောက်နေပြီ။ အဲ့တာတွေနားမလည်သေးဘူးလား။ တစ်လလုံးကားတစ်စီးမှရောင်းမထွက်ဘူးဆိုတာမရှိဘူးကလေးရဲ့။ ဒါပေမယ့်အဲ့လိုလဲဖြစ်နိုင်တယ်။ အဲ့တာကြောင့် အမြဲideaတွေကဆန်းသစ်နေရပြီး လူကြိုက်များတဲ့အရာမျိုးကိုလုပ်ရတယ်။ အဲ့ဒီအချိန်ကျရင်တော့ပညာအရည်အချင်းကအရေးပါသွားပြီ။ မမတို့ဆီမှာကလေးရဲ့ဖေဖေထက်၀င်ငွေများတဲ့သူရှိတယ် "
လီလီ : "ဘယ်လ်ိုလုပ်ပြီးတော့.........."
🎶🎶 Bitch Im solo. Im going sololololo 🎶🎶
ခင် : "ဖုန်းကမမအရှေ့မှာပြောလဲရပါတယ်"
လီလီ : "မပြောဘူး "
ခင်ကိုအော်ပြောပြီးတော့ခပ် ေ၀းေ၀းမှာတစ်ယောက်ထဲဖုန်းပြောနေလေရဲ့။ အမှန်တိုင်းပြောရရင်ခင်လဲမအားပါ။ ရုံးခန်းထဲရောက်တာနဲ့စောင့်နေတဲ့စာရွက်စာတမ်းတွေကိုတွေးပြီးခေါင်းပါကိုက်တယ်။ ဒါပေမယ့်ကလေးနဲ့တူတူမလည်ဖြစ်တာလဲကြာပြီမို့လို့ကလေးဆန္ဒအတိုင်းလျောက်လည်ဖို့ဆုံးဖြတ်လိုက်တာ။ တကယ်တမ်းတော့ကလေးကိုသံသယတွေအပြည့်နဲ့ရယ်။ ဘာဖြစ်လို့လဲဆိုတော့ကလေးကနောက်ကွယ်မှာမထင်ထားတွေလုပ်နေတာတဲ့....................
လွန်ခဲ့သော၁ပတ်က
"ဒေါက်......ဒေါက်......ဒေါက် "
တံခါးခေါက်သံမကြားခင်ခြေသံကြားကတည်းကဘယ်သူမှန်းခင်သိပါတယ်။ အခုချိန်မှာသူနဲ့လဲမတွေ့ချင်တာမို့ဒီနေ့တော့စောစောပြန်မှပဲ။
ကိုကျော် : "ခင်လေး "
ခင် : "ဪ ကျော်ကြီး ဘာကိစ္စရှိလို့လဲ။ အရေးကြီးလို့လား။ ငါဒီနေ့အစောကြီးပြန်မှဖြစ်မှ။ အရေးကြီးကိစ္စရှိလို့ "
ကိုကျော် : "အေးအရေးကြီးတယ်။ နင့်မိသားစု မဟုတ်သေးဘူး နင့်ညီမနဲ့ဆိုင်တဲ့ကိစ္စ"
မိသားစုကိစ္စဆိုရင်တောင်ခင်ငြင်းဦးမလို့ပဲ။ ဒါပေမယ့်ခင်အရမ်းချစ်ရတဲ့ခင့်ရဲ့ညီမလေး
ခင် : "ပြော "
ကိုကျော် : "အခုငါဘာရှာတွေ့ထားတယ်လို့ထင်လဲ"
ခင် : "အချိန်မရှိဘူး။ လိုရင်းကိုပဲပြော "
ကိုကျော် : "လီလီနဲ့လမ်းခွဲလ်ိုက်။ သူ့နဲ့အေ၀းဆုံးမှာနေ "
ခင် : "ကျော်ကြီး နင်စကားပြောတိုင်းဒီဘူတာပဲဆိုက်တာပဲနော် "
ကိုကျော် : "ခနနေဦးခင်လေး။ ငါရှင်းပြတာနားထောင်ကြည့် "
ခင် : "တော်တော့........"
ကိုကျော် : "သူကနင့်ညီမလေးကိုသတ်ဖို့လုပ်နေတာ "
ခင် : "ဘာဆိုင်လို့လဲ"
ကိုကျော် : "အဲ့တာကြောင့်ငါပြောတာနားထောင်လို့ ။ ငါမှာလဲဒီနေ့တစ်ရက်ပဲအချိန်ရတာ။ နောက်ကျရင်နင်တွေ့ချင်တာတောင်တွေ့ရမှာမဟုတ်ဘူး။ အသက်တောင်ရှင်ပါ့မလားမသိဘူး"
ခင် : "အဲ့ဒီလောက်ဖြစ်နေတယ်ဆိုရင်လဲပြောပါ။ ဒါပေမယ့်ယုတ္တိတော့ရှိပါစေ "
ကိုကျော် : "တစ်ဆင့်ချင်းဆီနားထောင်။ ပထမအချက်အခုနင်တို့ရဲ့ကားရောင်း၀ယ်ရေးcompany ကလီလီအဖေပိုင်တာ။ ဦးအောင်ပိုင်တာမဟုတ်ဘူး "
(ဦီးအောင်ကလီလီအဖေပါ။ ဇာတ်လမ်းတွေကနည်းနည်းရှုပ်လိမ့်မယ်သေချာဖတ်ပါ။ )
ခင် : "ဘာတွေပြောနေတာလဲ။ ဦးအောင်ကလီလီ့အဖေလေ။ ဦီးအောင်ကကCompanyရဲ့ ဦးစီးနေတာနှစ်တွေဘယ်လောက်တောင်ကြာနေပြီပဲ။ အခုမှလူလုံးထွက်ပြတာမို့လို့နင်အဲ့လိုထင်နေတာ "
ကိုကျော်: " ငါထင်နေတာမဟုတ်ဘူး။ ဒီမှာကြည့်......တွေ့လား။ ဦီးအောင်တို့မိသားစု၀င်အားလုံးမှာဦးအောင်နဲ့DNAတူတာဆိုလို့
ကိုစောပဲရှိတယ်။ ကိုစောနဲ့လီလီအမေနဲ့တောင်DNAမတူဘူး။ company နောက်ကြောင်းမှာတောင်ပိုင်ရှင်ကဦးအောင်လို့မရေးပဲနဲ့လီလီအဖေလို့ပဲရေးထားတာနော် "
ကိုကျော်ပေးတဲ့DNAစာရွက်ကိုကြည့်ကာငြိမ်သက်နေသည်။ Company ရဲ့ infoကတော့ခင်ခဏခဏမြင်ဖူးပါတယ်။ လီလီအဖေလို့ရေးထားတာဟာလီလီလေးကိုသူ့အဖေအရမ်းချစ်လို့ ဟုထင်ခဲ့သည်။ ဒါပေမယ့်
ကိုကျော်ပြောတာတွေက...........
ကိုကျော် : "လီလီအမေကကရင်လူမျိုးနဲ့လက်ထပ်ခဲ့ပေမယ့်ဦးအောင်နာမည်မှာဘာလို့ စော မပါပါလိမ့်။ အမှန်ဆို ဦးစောအောင်ဖြစ်ရမှာကို။ ဒါလဲမထူးဆန်းဘူးလား "
ခင် : "ဟုတ်ပါပြီ။ သူတို့ကသွေးသားအရင်းတွေမဟုတ်ဘူး။ အဲ့တော့ငါတော့ဘာလုပ်ရမှာလဲ။ ငါလိုချင်တာက ဦးအောင်လဲမဟုတ်ဘူး။ ကိုစောလဲမဟုတ်ဘူး။ လီလီကိုအဲ့တာတွေနဲ့ဘာမှမဆိုင်ဘူး။ "
ကိုကျော် : "နင်ပဲစဥ်းစားကြည့်ကွာ။ ကားရောင်း၀ယ်ရေးလုပ်ငန်းမှာပိုက်ဆံ၀င်ပေါက်ဆိုလို့ကားရောင်းမယ့်နေရာမှာပဲရှိရမှာလေ။ ကားလည်းရောင်းမထွက်တဲ့နေရာကနေဘာလို့၀င်ငွေရနေပါလိမ့်။ နောက်တစ်ခုထူးဆန်းတာကလေ သူတို့ company ရဲ့ ဘဏ်အကောင့်မှာငွေမဲတွေ၀င်နေတာကို အဲ့ဒီဘဏ်အကောင့်ကိုတာ၀န်ယူထားတဲ့နင်ကဘာမှမသိဘူးလေ "
ခင် : "ကိုကျော် ရှင်တော်တော်စော်ကားလွန်းနေပြီနော် "
ကိုကျော် : "မလိမ်ပါနဲ့။ အဲ့ဒီကိစ္စကိုနင်သတိထားမိတယ်မလား။ "
ခင် : " နင်အဲ့တာတွေပဲပြောတော့မယ်ဆိုရင်ငါသွားတော့မယ် "
ကိုကျော်ကသူ့ဖုန်းကိုထုတ်လိုက်ပြီးအသံဖိုင်တစ်ခုကိုနှိပ်လိုက်ကာ..............
"သူ့အမေ????အင်း။ သူ့မိသားစုအားလုံးကငါ့ပစ်မှတ်ပဲ။ သူကတော့ငါဆီမှာမျောပါနေပြီလေ။ သူကတော့ရပါပြီး။ သူ့အမေရယ်သူအဖေရယ်သူညီမလေး.......အင်း။အခန်းတစ်ခန်းထဲကိုသူတို့သုံးယောက်ကိုစုခေါ်လိုက်မယ်။ ပြီးရင်........ဖောင်း......ဟားဟား။ ချိန်ကိုက်ဗုံးလေးပဲလိုတယ်။ ဈေးတော်တဲ့ဟာလေးပဲဝယ်လိုက်။ ပြီးရင်အစီအစဉ်စကြတာပေါ့"
ခင်ဲ့ခြေလှမ်းများကရပ်တန့်သွားပြီးအသံဖိုင်ကအသံလေးကိုနားထောင်နေမိသည်။ တစ်ယောက်ယောက်ရဲ့အသံနဲ့များတူလားဆိုတော့ခင်အရမ်းချစ်ရတဲ့ကလေးရဲ့အသံလေး။ သေချာနားထောင်ကြည့်ရင်လဲမဟုတ်တော့သလိုပဲ။ ကြည့်ရတာ ခင်တော့ကလေးရဲ့ချွဲချွဲပစ်ပစ်အသံလေးကိုပဲနားထဲစွဲနေလို့ကလေးရဲ့လေသံမာလေးနဲ့မရင်းနှီတဲ့ပုံပါပဲ
ကိုကျော် : "နင်နားထောင်ဖူးတယ်မလား။ ဒီအသံပိုင်ရှင်ကိုတော့ငါမသိရင်တောင်နင်သိပါတယ် "
ခင် : "ကျော်ကြီး နင်ဘာကိုလိုချင်တာလဲ"
ကိုကျော် : "ငါအမှန်တရားတစ်ခုကို
မထင်မှတ်ပဲသိသွားလို့သေရမယ့်နေကဒီနေ့လားမနက်ဖြန်လားပဲ။ သေမှာချင်းတူတူအမှန်တရားကိုတော့ပြောပြလိုက်မှာပေါ့။ နင်သိပါတယ်။ ငါနင့်ကိုဘယ်လောက်ချစ်လဲဆိုတာ။ သူ့ဘာသာသူ
ဘယ်သူ့ကိုသတ်သတ်ဘာပဲလုပ်လုပ်ငါစိတ်မ၀င်စားဘူး။ ဒါပေမယ့်အခုဟာကြီးကမတရားဘူး။ သူတို့ဖြစ်ချင်တာဖြစ်ဖို့အတွက်နင့်ကိုအသုံးချကြမှာ "
ခင် : "ငါက သက်သေမပါရင်မယုံတတ်ဘူး။"
ကိုကျော်ကမိသားစုဓာတ်ပုံတစ်ပုံကိုခင့်အရှေ့မှာချပြလိုက်ပြီး
ကိုကျော် : "ဒါကလီလီရဲ့အဖေအရင်း ဦးစောဖိုးခွားမူးတဲ့။ ကြည့်ပါဦး။ လီလီနဲ့မတူဘူးလား။ သူကသမီးလေးပဲလိုချင်လို့လီလီကတစ်ဦးတည်းသောသမီးလေးဖြစ်နေတာ။ ပညာအရည်အချင်းက၈တန်းပဲအောင်တယ်။ ဒါပေမယ့်သူ့သမီးကိုတော့ဘွဲ့ရပညာတတ်ဖြစ်ရမယ်ဆိုပြီးနိုင်ငံခြားမှာအလုပ်သွားလုပ်တယ်။ ထိုင်းလိုလဲပြောတတ်သလိုEngလိုလဲကောင်းကောင်းပြောတတ်တယ်။ သူ့အလုပ်လုပ်နေတဲ့သူဌေးရဲ့ကောင်းမှုကြောင့် London က BMW ကားရောင်း၀ယ်ရေးလုပ်ငန်းရဲ့အရောင်းမန်နေဂျာဖြစ်သွားတယ်။အဲ့ဒီအချိန်ကမြန်မာနိုင်ငံမှာကားတွေရှိတယ်ဆိုပေမယ့် ပင်မရုံးခွဲမရှိဘူး။ အစိုးရကငါဒီမှာရောင်းတယ် ဒီမှာလာ၀ယ်ဆိုတဲ့စနစ်နဲ့မို့လို့မြန်မာနိုင်ငံကကားတိုင်းက၁၀ဆလောက်စျေးကြီးတာကိုသူသတိထားမိတယ်။ အဲ့ဒါကြောင့်ပင်မရုံးခွဲဖွင့်ဖို့သူကြိုးစားတယ်။ Germany က မူရင်းCompanyကြီးနဲ့ချိတ်ဆက်ပြီးနေမအိပ်ညမအိပ်ကြိုးစားတာတောင်အစိုးရကခွင့်မပြုခဲ့ဘူး။ ဒါပေမယ့်သူထပ်ကြိုးစားတယ်။ ခွင့်မပြုသေးဘူး။ သူကြိုးစားခဲ့တာဘယ်နှကြိမ်မြောက်လဲတော့မမှတ်မိတော့ဘူး။ မြန်မာနိုင်ငံမှာ ပင်မရုံးခွဲအရမ်းဖွင့်ချင်နေတဲ့သူကြောင့် germanyက မူရင်းCompanyကတောင်အစိုးရဆီကခွင့်ပြုချက်တောင်းခဲ့တယ်။ အဲ့ဒီအချိန်ကျမှအစိုးရကခွင့်ပြုခဲ့တယ်။ သူကပင်မရုံးခွဲဖွင့်ဖို့ရေကုန်ရေခမ်းကြိုးစားခဲ့လို့ မူရင်းcompanyကစစ်ဆေးရေးအရာရှိတွေကသူ့ကCEOဖြစ်သင့်တယ်လို့စာတင်လို့CEO ဖြစ်သွားတာ။ အဲ့ဒီတောကလီလီလေးကတစ်နှစ်ခွဲသမီးလေးပဲရှိသေးတယ်။ စာတွေရေးနေပြီ။ CEOအဖြစ်လုပ်ဆောင်ဖို့သဘောတူညီကြောင်းစာချုပ်မှာ သူ့နာမည်ထည့်မယ်အစားသူ့သမီးကိုယ်တိုင်ရေးတဲ့လီလီ့အဖေဆိုတာလေးကိုပဲထည့်ခဲ့တာ။ သူ့သမီးလေးကိုတော့အရမ်းချစ်တဲ့ပုံပဲ။ မြေကွက်တွေလဲ၀ယ်ပြီးပြီး။ ဒီဇိုင်းတွေဘာတွေလဲဆွဲပြီးပြီး။ ဖုန်းလေးဆက်လိုက်ယုံနဲ့ကားတွေထောင်နဲ့ချီပြီးရောက်လာလိမ့်မယ်။ နောက်၁လ၂လလောက်ဆိုဆိုင်ဖွင့်ပွဲလုပ်ပြီး ဖဲကြိုးလေးဖြတ်မယ်။ အလုပ်တွေလျော့လုပ်ပြီးသူ့သမီးလေးကိုလဲအချိန်ပေးမယ်။ သူရှာသမျှပိုက်ဆံတွေကသူ့သမီးလေးအတွက်ပဲဖြစ်ရမယ်။ သူ့သမီးလေးမျက်နှာမငယ်ရအောင်ထားမယ်။ သူဘယ်နေ့သေမလဲမပြောနိုင်လို့သူ့သေတမ်းစာထဲမှာသူ့သမီးလေးကိုသူ့အမွေဆက်ခံပါစေဆိုပြီးCEOနေရာကိုလဲပြောင်းပေးထားတယ်။ ဒီလိုမျိုးသမီးအတွက်အစီအစဥ်ကြိုချထားတဲ့အဖေကရုံးခွဲဖွင့်ဖို့၁လအလိုမှာပျောက်သွားပြီးတော့ဆိုင်ဖွင့်ပွဲလုပ်ဖို့၁ရက်အကြာမှာပြန်လာခဲ့တယ်။ လီလီ့အဖေတော့မဟုတ်ဘူး။ ဦးအောင်ဖြစ်နေတယ်။ အဲ့ဒါကိုသတိထမိတဲ့ရှယ်ယာရှင်တွေကသူတို့ငွေရှုံးမှာဆိုလို့ပါးစပ်တောင်မဟရဲဘူး။ အခုတော့သူတို့ကိုယ်တိုင်လီလီအဖေကိုရှာနေကြပြီ။ companyကအကြွေးတွေပြည့်နေပြီလေ "
Advertisement
ခင် : "ဘာ? မဖြစ်နိုင်တာ "
ကိုကျော် : "နင်အဲ့ဒီလောက်မပိန်းစမ်းပါနဲ့ဟာ။ ၁၀တန်းတောင်မပြီးသေးတဲ့ဟာမလေးကနင်လိုလုပ်ငန်းရှင်ကြီးကိုတောင်လိမ်စားနိုင်တယ်လို့ကွာ။ နင်မသိပေမယ့်ငါသိတယ် "
ခင် : "ကိုကျော် ရှင်ကျွန်မကလေးကိုစော်ကားတာများနေပြီနော် "
ကိုကျော် : "ခင်လေးရယ် ခင်အဲ့လိုပြောတိုင်းကိုယ်ဘယ်လောက်ရင်နာရလဲခင်သိလား။ ကိုယ်ကခင့်ကိုကာကွယ်ဖို့လုပ်နေတာ။ ခင်ကသူ့ကိုပဲကာကွယ်ပေးနေတယ်။ ခင်ရယ် မြင်အောင်သေချာကြည့်ပါ။ အရိပ်ပြတာမမြင်သေးဘူးဆိုအကောင်လိုက်ထွက်လာဖို့ကိုယ်လုပ်ပြမယ်။ အဲ့ဒီအချိန်ကျရင်ကိုယ်ရှိချင်မှရှိမယ်။ ဒါပေမယ့်ခင်လေးကိုယ့်အချစ်တွေမြင်ပါစေနော်။ ခနေနေကျရင်e mailကနေစာပို့လိုက်မယ်။ ပြီးတော့ခင်လေးရဲ့ပါးပါးနဲ့ဆက်သွယ်လိုက်ဦး "
ရုတ်တရပ်ကြီးခင်လေးခင်လေးနဲ့ဖြစ်သွားတဲ့ကိုကျော်ကိုကြည့်ရင်းခင်သက်ပြင်းချမိသည်။ မကြာခင်မှာပဲခင်ထံသို့မတူညီသော emailအကောင့်များထဲမှာစာတစ်စောင်ဆီရောက်လာသည်။ ကြည့်လိုက်တာနဲ့အကောင့်တုတွေမှန်းသိသာပေမယ့်ခင်၀င်ကြည့်လိုက်သည်။ နောက်ပြီးတော့ကိုကျော်ပြောသလိုဖုန်းမဆက်ရတာကြာပြီဖြစ်တဲ့ပါးပါးနဲ့လဲဖုန်းပြောလိုက်သည်။
ခင်ရဲ့အဖေ : "ဟယ်လို စိစစ်ရေးဌာနကလူတွေရောက်ခါနီးဆိုပြောနော်။ ငါ့ဆီမှာ code အတုတွေရှိတယ်။ ပျောက်သွားတဲ့ဟာတွေကိုအဲ့ဒါပဲအစားထိုးကြမယ်"
ခင် : "ပါး သမီးကြီးလေ။ ပါးပါးအဆင်ပြေရဲ့လား "
ခင်ရဲ့အဖေ : "ဪ သမီးကြီးလား။ ပါးပါးမသိလိုက်ဘူးကွယ်။ ဘာကိစ္စရှိလို့ဖုန်းဆက်တာတုန်း "
ခင် : "ဘာရယ်မဟုတ်ပါဘူး။ လွမ်းလို့ကိုယ့်အဖေနဲ့ကိုယ်စကားပြောချင်တာပေါ့။ ဒါပေမယ့်ပါးပါး အဆင်မပြေတာရှိရင်သမီးကိုပြောလေ။ ရပါတယ်"
ခင်ရဲ့အဖေ : "ဟူးးး သမီးရယ်"
ခင် : "ပြောပါ "
ခင်ရဲ့အဖေ : " သမီးရေ ပါးရဲ့လုပ်ငန်းမှာပါးပါးရဲ့ရာထူးကဘာလဲသမီးသိလား "
ခင် : " hmmmm Security လို့ခေါ်ရမလား။ ကျောက်မြတ်ရတနာတွေကိုထိန်းသိမ်းပြီးတော့ပြန်ရောင်းတာဆိုတော့....... အရောင်းကိုယ်စားလှယ်လား။ ဒါကြီးတော့မဟုတ်ပါဘူး။
ခင်ရဲ့အဖေ : "ဒီသမီးကြီးကတော့လေ........ကဲထားပါ။ အခု ပါးပါးတို့ပြသာနာဖြစ်နေတယ်။ "
ခင် : "ပြသာနာကြီးလို့လား ပါး။ ပါးကိုထိခိုက်နိုင်လား "
ခင်ရဲ့အဖေ : "ကြီးလည်းကြီးသလိုပါးပါးကိုတော်တော်လေးကိုထိခိုက်နိုင်တာ။ ထောင်ပါကျသွားနိုင်တယ်။ "
ခင် : "ဟာ ပါးပါး။ ဘာလို့အစကမပြောတာတုန်း။ သမီး၀ိုင်ရှင်းပေးမှာပေါ့။ ဘယ်လိုဖြစ်တာလဲပြောပါဦး "
ခင့်ရဲ့အဖေ : "ပါးတို့ကျောက်တွေသိမ်းထားတဲ့ခိုထောင်က အဆင်မြင့်lockတွေသုံးထားတာ။ lock numberကိုရိုက်ထည့်ရတာလဲမဟုတ်ဘူး။ လက်ဗွေရာတွေလဲမဟုတ်ဘူး။ lock numberပါတဲ့ကုဗတုံးလေးကိုထည့်ရတာ။ ပြီးတော့အဲ့ဒီနည်းကိုလဲပါးပါးအပါအ၀င်၃ယောက်ပဲသိတယ်။ ပြီးတော့အဲ့ဒီကုဗတုံးလေးကပါးပါးကြောင့်ပျောက်သွားတယ်။ ခိုးသွားတဲ့သူကဘယ်လိုသုံးရလဲသိချင်မှသိမှာ။ ဒါပေမယ့်ပါးပါးတို့ကအခုဖွင့်လို့မရတော့............................ အထဲကကျောက်တွေရဲ့တန်ဖိုးကပါးပါးတို့ပြန်ဆပ်လို့နိုင်မှာမဟုတ်ဘူးသမီးရယ် "
ခင် : "....................."
ခင်ရဲ့အဖေ : "တောင်းပန်ပါတယ်သမီးရယ်"
ပါးပါးရဲ့ငိုသံကိုခင်ပထမဆုံးအကြိမ်ကြားဖူးခြင်းဖစ်သည်။ ပါးပါးကခံစားချက်တွေကိုထုတ်ပြသူမဟုတ်တာကြောင့်ပါးပါးဘာဖြစ်နေလဲဆိုတာသိဖို့ခဲယဥ်းပေမယ့်အခုလိုပြောပုံထောက်ရင်သူ့အရမ်းပင်ပန်းနေမှန်းခင်သိပါသည်။ အစကခင့်ကိုဂရုမစိုက်လို့ပစ်ထားတယ်လို့ပဲထင်ခဲ့တာ။ တကယ်တမ်းကျသူတို့သမီးစိတ်ညစ်မှာစိုးလို့ပြသာနာကိုကိုယ်တိုင်ဖြေရှင်းနေကြတယ်။
အာ ကျလာပြန်ပြီ။ မျက်ရည်တွေ ခင်သိပါတယ်။ ကုဗတုံးလေးဘယ်နားရောက်နေလဲဆိုတာ....................
ပါးပါးဖုန်းကိုချလိုက်ကာလီလီဖုန်းကိုဆက်လိုက်ပြီး
ခင် : "ကလေးရေ မတို့မနက်ဖြန်လျောက်လည်ရအောင် "
____________________________
Zawgyi
လီလီ : "အရေးကြီးလို့လား။ စားပြီးမှပြော"
လီလီ : "အင်း "
လီလီ : "ဘယ်လိုလုပ်ပြီးတော့.........."
လီလီ : "မပြောဘူး "
လွန်ခဲ့သော၁ပတ်က
"ဒေါက်......ဒေါက်......ဒေါက် "
ကိုကျော် : "ခင်လေး "
ခင် : "ပြော "
ခင် : "အချိန်မရှိဘူး။ လိုရင်းကိုပဲပြော "
ကိုကျော် : "လီလီနဲ့လမ်းခွဲလိုက်။ သူ့နဲ့အဝေးဆုံးမှာနေ "
ခင် : "တော်တော့........"
ခင် : "ဘာဆိုင်လို့လဲ"
ကိုကျော်ပြောတာတွေက...........
Advertisement
- In Serial304 Chapters
The Satan CEO’s Woman: He Unexpectedly Fell In Love With Her
She was the daughter of the leader of the League of Mercenaries. She was an S-Class Level Assassin and was on a league of her own.
8 1697 - In Serial221 Chapters
Sister, Will You Be Pregnant With My Husband's Child
"Will you sleep with my husband until you are pregnant and give birth to his child?"
8 4241 - In Serial63 Chapters
Instrumental
Anne was happily ignorant of boys, and girls, until a comment from her sister got under her skin. Now she's just confused. - a lesbian love story, a bit fluffy This novel is complete.
8 214 - In Serial47 Chapters
Sparks Reignited
[Includes Story Branches.)After a car accident leaves Riley Perez in a coma, she wakes up in the hospital a year later. With the absence of the memories of her loved ones, she continues to live her life, but nothing is ever the same again, especially with a gaping void in her heart.To start her life afresh, she enrols into a new school. What happens when her locker ends up right next to a cold-hearted guy's, one who claims that he is her ex-boyfriend? What happens when she finds out there's something more to her past than it lets on?Copyright © 2019-2022 by Kim_Knights===========================================Highest rankings:#11 in Teen Fiction#6 in ChickLit===========================================Completed: 30/9/2021(Current word count: 70,000 - 80,000 )
8 258 - In Serial67 Chapters
❥Kadhal Kanave
The story of two separated hearts!What if a college romance moved away from eachother and came back after years?That's what exactly happened in Arjun & Thara's life.Arjun Prathap,A popular,talented and charming Kollywood Artist infront of the media but hiding all his sorrows behind the screens.He once lost his lady love who came into his life.One day she came back to him,but not ready to believe him.Thara Vishwanathan,A fashion designer and trying to open a fancy restaurant by her own.She met her College sweetheart after years but she doesn't want to go back to him.The destiny made them to meet again!Arjun and Thara met eachother after years but a truth behind their seperation was the not the same they know,its different!What is the reason for their seperation?Did destiny re-united them?Did she accepted him?Let's see what setting has kadavul done for them 💫!
8 141 - In Serial13 Chapters
At His Command
I'm Sienna Amato, the author of exactly one erotic novel. It hit the bestseller lists and I made millions. Too bad my publishing company screwed me over.Now I'm destitute. To make matters worse, I'm suffering from writer's block and my mom's in an expensive nursing home. I need money, fast. When I apply for a position at a publishing company as a secretary, I'm hoping for a simple nine-to-five job.But the publishing company's CEO has other plans. Tristan Black wants me to write a book that he's sure will be a bestseller. It involves sexual games. Between the two of us.Did I mention that I'm a virgin?
8 203