《My brother's girlfriend》part 35
Advertisement
ဒီနေ့ခင်ကလဲUSသွားရမည့်နေ့ဖြစ်ပြီးလီလီကလဲကြီးကြီးကအခြေအနေအရမ်းဆိုးလို့ဘားအံကိုပြန်ရမယ့်နေ့ဖြစ်သည်။မျက်နှာကြီးမှုန်ကုပ်ကုပ်နဲ့အထုတ်အပိုးပြင်နေတဲ့ကလေးကိုကြည့်ကာပါးကိုဆွဲနမ်းလိုက်ရုံသာမကပါးဖောင်းဖောင်းလေးကိုအသည်းယားလာကာတတိတိနဲ့ကိုက်ထားသေးသည်။ အစပိုင်းမှာငြိမ်နေပေမယ့်နာကျင်မှုတွေကိုမခံနိုင်တဲ့အဆုံးမှာတော့မမကိုတွန်းထုတ်ကာရင်ဘက်ကြီးကို၂ချက်လောက်ထုထောင်းခဲ့သည်။
ခင် : "ကလေး"
လီလီ: "သွား မခေါ်နဲ့။ ဒီမှာ ပါးကနီရဲနေတာပဲ ဈ"
ခင် : "အဲ့ဒါလေးကိုပဲချစ်နေရတာလေ"
ခင်လီလီ့ကိုအနောက်ကလေသိမ်းကြုံးဖက်လိုက်သည်။
လီလီ : "မ ဟိုကိုရောက်ရင် ရင်အုပ်ကြီးကြီး ၆ပတ်နဲ့လူကြီးတွေကိုမကြွေသွားနဲ့နော်"
ခင် : "မကြွေပါဘူး။ မကဒီအကောင်သေးသေးလေး အဆီခေါက်တွေနဲ့ကောင်မလေးကိုပဲကြွေတယ်။ အရမ်းကိုကြွေတာ"
လီလီ : "ဘယ်လိုပဲဖြစ်နေပါစေ မမသူများနဲ့လပ်ထပ်လို့မရဘူးနော်။ ဘယ်လောက်ပဲကြာပါစေ ကလေးနဲ့ပဲလက်ထက်ရမယ်။ "
ခင်: "ကလေး ဘာတွေစိတ်ပူနေတာလဲ။ မမမှာကလေးတစ်ယောက်ပဲရှိတာပါ။ ကလေးမနဲ့တူတူရင်ဆိုင်ရဲရင် မ အကုန်လုပ်ရဲတယ်"
လီလီ : "ဒါဆိုလဲပြီးရော "
ခင် : "ကြီးကြီးကိုသေချာစောင့်ရှောက်နော်။ အန်တီနဲ့အန်ကယ်ရော ကလေးရဲ့ကိုကြီးရော USကိုလိုက်လာမှာ "
လီလီ : " မ ကလေးကိုမလိမ်နဲ့။ ကျောင်းအုပ်ကြီးလဲပါတယ်ဆို။ မမတို့သွားလက်ထပ်ကြမှာမဟုတ်ဘူးလားလို့"
စကားလေးအဆုံးမှာOverthinkingဖြစ်တတ်တဲ့လီလီကမျက်ရည်အဝဲသားလေးနဲ့
ခင် : "ကလေး လေဟာဥ်ကွင်းကcaseတုန်းကအန်စာတုံးလေးတွေကိုသတိထားမိလား "
လီလီ : "ဟိုဘူးထဲကလား "
ခင် : "အင်း အဲ့ဒီကိစ္စကြောင့်မတို့သွားကြမှာ။ သူဘယ်လိုလုပ်အန်စာတုံးကိုရလာမှန်းတော့မသိပေမယ့်သူလုပ်ခဲ့တဲ့အပြစ်တွေအတွက်တော့သူခံရမယ်လေ။ ဒါတွေကကလေးသိဖို့မလိုသေးဘူး။ ကလေးကငယ်သေးတယ်။ ဒါလူကြီးကိစ္စမို့လို့"
📢 ပီ..........ပီ📢
ခင် : "ကလေးရဲ့သူငယ်ချင်းတွေတောင်ရောက်နေပြီ။ လာ အရေးအကြောင်းဆိုရင်မကိုဖုန်းခေါ်လိုက်။ ကလေးရဲ့အနားမှာတော့မရှိနိုင်ပေမယ့်ကလေးကိုကာကွယ်ပေးချင်တယ် "
လီလီ : "ကလေးအတွက်မလိုပါဘူး အဲ့တာတွေ "
ခင် : "လိုတာပေါ့ ကလေးရယ်။ ကလေးကမရဲ့မရှိမဖြစ်လေးပဲလေ "
မိစိုး : "တော်ကြပါတော့အမတို့ရယ် စော်ပစ်မလေးမခံစားနိုင်လို့ပါ"
ခင် : " ကလေးကိုသေချာဂရုစိုက်ပေးနော်။ ကလေးကအခုတလောအန္တရာယ်ရှိနေတယ်။ အဲ့ဒါကြောင့်ဒီကလူတွေထည့်ပေးလိုက်မယ်။ တစ်ခုခုဆိုသူတို့တွေကိုအရင်ပြော။ သူတို့ကအမရဲ့လူရင်းမို့လို့စိတ်ချရပါတယ်။ ပြီးတော့မရဲ့ကလေးလေး........ "
လီလီ : "ဟုတ်"
ခင်: " ကြီးကြီးကိုေသွးသားမေတာ်စပ်ဘူးဆိုပြီးမဆိုးနဲ့ဦး။ ကြီးကြီးကနေမကောင်းဘူး။ ဒါပေမယ့်သူ့တူမလေးကိုတော့သူချစ်ပါတယ်။ အဲ့ဒါကြောင့်အမုန်းတွေဘာတွေမထားပဲနဲ့သေချာလေးဂရုစိုက်နော်။ "
လီလီ : " ခနနေပါဦး။ မ အဲ့တာဘာကိုဆိုလို.........."
"မခင်လေး လေယာဉ်ချိန်နောက်ကျနေပါပြီး။ ပစ္စည်းတွေလဲအခုပဲေသချာစစ်ေဆးပြီးကားပေါ်တင်ပြီးပါပြီ။ ကျွန်တော်တို့ညီအစ်ကိုအကြောင်းသိတယ်မလား။ စိတ်ချလို့ရပါတယ်။ "
ခင် : " ဟုတ်ပါပြီ။ ငါလဲအားကိုးစရာဆိုလို့မင်းတို့ညီအစ်ကိုပဲရှိတယ်။ ကလေးလေးကိုသေချာဂရုစိုက်ပေးနော်။ တစ်ခုခု့ဖစ်သံကြားရင်မင်းတို့မလွယ်ဘူး။ ကလေးရေ သွားတော့မယ်နော် "
လီလီ : "နံနံခြားကေကာင်လေးတွေသွားမကြိုက်နဲ့နော် "
လီလီရဲ့အေဖြကိုအားရပါးရရီပြီးခေါင်းငြိမ့်ပြလိုက်ပေမယ့်မျက်မှောက်ကြုပ်သွားတဲ့ကလေးကြောင့်မှာထားတဲ့စည်းကမ်းကိုသတိရသွားကာရုပ်ကြီးကကျောက်ရုက်သကဲ့သို့ပြန်တည်သွားသည်။ ပြီးတော့ကားပေါ်တက်ကာရောက်ရင်ဖုန်းဆက်လိုက်မယ်ဟု ပါးစပ်လှုပ်ပြပြီးလက်သန်းနဲ့လက်မကိုထောင်ကာလှုပ်စိလှုပ်စိနဲ့အချက်ပြနေတော့သည်။ ခင်ရဲ့ကားလေးထွက်သွားတော့မှ
မိစိုး : "နင့်လူကြီးကချေလိုက်တာဟယ် ငါစနောက်တာတောင်မျက်နှာကခပ်တည်တည်နဲ့ ခုနကပြုံးနေတာတောင်ငါတို့ကိုတွေ့လို့အပြုံးလေးတောင်ပျက်သွားတယ်။ "
လီလီ : "ငါကသူ့ကိုသူများတွေနဲ့ဆိုမပြုံးရဘူးလို့မှာထားလို့။ သူကငါ့ကိုအထင်လွဲသွားသေးတယ်တဲ့ဘာကိစ္စမှန်းတော့မသိပေမယ့်ငါ့ကိုအားနာပြီးကတိေတွဇွတ်ပေးတော့တာပဲ။ ငါလဲအဲ့တာနဲ့သူများကိုမပြုံးပြနဲ့လို့ပြောလိုက်တယ်။ သူပြုံးရင်ချစ်စရာလေးလေ ဒါပေမယ့်သူ့ကိုငါကလွဲပြီးဘယ်သူမှချစ်လို့မရဘူး။ အဲ့တာကြောင့်မပြုံးခိုင်းတာ။ တွေ့တယ်မလား ငါ့လူကြီးကနင်တို့တွဲနေတဲ့အစစ်ကောင်တွေထက်ကတိတည်တယ် "
မိစိုး : "အင်း ဟုတ်ပါပြီ။ ငါ့ကောင်လေးထည့်မပြောနဲ့။ ပါးချပစ်မယ် "
လီလီ : "လုပ်လေ လုပ်လေ သတ္တိရှိရင်လုပ်လိုက်။ ငါ့မှာ bodyguardရှိတယ်ဟဲ့။ ငါ့မမစိတ်မချလို့ထည့်ပေးတာ တွေ့လား။ သူတို့ကိုကြည့်ပြီးငါ့ကိုလုပ်ရဲရင်လုပ်လိုက်"
လီလီသက်သက်လာစနေတာမို့မှတ်သွားေလာက်အောင်ပါးချချင်ပေမယ့်သူ့လူနှစ်ယောက်ကမိစိုးကိုကြောက်စရာကောင်းအောင်ကြည့်နေကြသည်။ အရင်ကလဲပါးချဖူးပေမယ့်အခုတော့...................ဟူးးးးး ကျောထောက်နောက်ခံကောင်းသည့်အားကိုးနှင့်လူများကိုမိစိုးမုန်းလှပါသည်။
မိစိုး : "နင့်မမအားကိုးနဲ့ဆိုတော့ပြောထားပေါ့။ နင့်မမသာမရှိရင်နင်ကငါအနိုင်ကျင့်နေကျစောက်ကလေးတစ်ကောင်ပဲဆိုတာနင်သိလား "
လီလီ : "ဟဲ့ ခွေးသား "
မိစိုး : "ကောင်မ ငါနင့်ထက်တစ်လကြီးတယ်ဟဲ့ "
လီလီ : " အဲ့ဒီတော့ "
မိစိုး : "ဝါးး အခုခေတ်ကလေးတွေတော်တော်ရိုင်း "
တစ်ဖက်တွင်ကားပေါ်တွင်စောင့်နေသောမိုးပြည့် ဖူးပွင့် လင်းရွှေတို့မှာ
မိုးပြည့်: "သူတို့၂ကောင်သားရန်ဖြစ်နေကြတာလား "
လင်းရွှေ : "ဖြစ်မှာပေါ့ တစ်ကောင်ကစော်နဲ့ တစ်ကောင်ကဘဲနဲ့ ငါတို့လို့ဆင်ဂနယ်ပဲကောင်းတယ် "
ဖူးပွင့် : "ငါကတော့ဆင်ဂနယ်မဟုတ်ပါဘူး
လင်းရွှေ : "ommလို့ပဲပြောတတ်တဲ့နင်ကဘဲရှိတယ်ဆိုပါတော့ "
ဖူးပွင့် : "ဘဲမရှိပါဘူး "
လင်းရွှေ : "အာ့ဆိုဘာလို့နင်ကဆင်ဂနယ်teamမှာမရှိတာလဲ"
ဖူးပွင့် : "မင်းဖေသွားမေး"
လင်းရွှေ : "ငါတို့ဆင်ဂနယ်teamလဲချဖို့လိုပြီးထင်တယ်"
မိုးပြည့် : "ချ ချ"
ဖူးပွင့် : "ဘဲမရှိဘူးဆိုစော်ရှိတာပေါ့ကောင်မရယ် "
မိုးပြည့် : "နင်ကပါဂေးနေတာလား ဝါး နင်က ငါတို့စကွက်မှာနင်က straightestလေ။ ဘယ်လိုဖြစ်တာတုန်း"
ဖူးပွင့် : "လီလီ့စော်ရဲ့သူငယ်ချင်းလေ သိတယ်မလား။ တွဲတာတော့မဟုတ်ပေမယ့်ဒီတိုင်းအခွင့်အရေးပေးကြည့်မလို့ "
လင်းရွှေ : "လိုက်ဖက်ပါပေတယ်။ လီလီကလဲခင်နဲ့ နင်ကလဲဖွေးနဲ့ဆိုတော့ ခင်ဖွေး။ ခင်ဖွေးဆိုတော့ခွေးဖင်"
ဖူးပွင့် : "ခွေးဖင်ကနင်လေ"
လင်းရွှေ : "နင်ကခွေးအီး "
မိုးပြည့် : "နင်တို့၂ကောင်ရော ဟို၂ကောင်ရောမပြီးကြသေးဘူးလား။ ငါမနက်စာတောင်မစားရသေးဘူးဟဲ့ "
မိုးပြည့်ကားမှန်ကိုချကာေလကိုဝအောင်ရှူပြီးခပ်လှမ်းလှမ်းကရန်ဖြစ်နေတဲ့မိစိုးနဲ့လီလီကိုအသံဇိုးကြီးဖြင့်အော်ခေါ်လိုက်သည်။
မိုးပြည့် : "ဟဲ့ကောင်မတွေ မြန်မြန်လာ ငါမနက်စာမစားရသေးဘူး!!!!"
မိုးပြည့်ရဲ့အားမာန်အပြည့်အော်ခေါ်သံကိုကြားမှရန်ပွဲလဲအပြီးသတ်သွားပြီးတစ်ယောက်ကိုတစ်ယောက်မျက်စောင်းထိုးကာကားပေါ်တက်လာကြသည်။ ကားစက်နှိုးတဲ့အထိတောင်သူတို့စကားမပြောကြသေးပါ။
မိုးပြည့်ရဲ့ဗိုက်ဖြည့်ရေးအတွက်အနီးအနားကလက်ဖက်ရည်ဆိုင်ရှာပေမယ့် မတွေ့တာကြောင့်ေတွေ့တဲ့ g&g ဆိုင်လေးဆီပြေးပြီးဗိုက်ဖြည့်ရတော့သည်။ ကားမောင်းသူဖြစ်တဲ့လင်းရွှေကသူတို့အနောက်ကနေမလွတ်စတမ်းလိုက်နေတဲ့ကားတစ်စီးကိုသတိထားမိသည်။ လင်းရွှေတို့ရပ်ထားတဲ့နေရာရဲ့အလှမ်းဝေးတဲ့နေရာတွင်ကားကိုရပ်ပြီးေနာက်လူကြီးနှစ်ယောက်ဆင်းလာသည်။ ကိုယ်လုံးကိုယ်ပေါက်ကဟိုတလောက လေဆိပ်မှာတွေ့ခဲ့တဲ့လူကြီးနဲ့ဆင်တာမို့လင်းရွှေထိတ်လန့်လာသည်။ ဗိုက်ဆာတာကမိုးပြည့်တစ်ယောက်ထဲဆိုပေမယ့်ဝယ်တာကတော့လေးယောက်လုံးဝယ်ကြသည်။ လင်းရွှေလဲအစကသူတို့နဲ့တူတူဆင်းမလို့ကြံသေးသည်။ ဒါပေမယ့်အဲ့ဒီကားကိုသတိထားရတာနဲ့သူမရဲ့ကားပါသွားမှာမည်စိုး၍မလိုက်ခဲ့ခြင်းဖြစ်သည်။ လူကြီးနှစ်ယောက်ထဲကတစ်ယောက်လင်းရွှေရဲ့ကားမှန်တံခါးကိုလာခေါက်ချိန်တွင်လင်းရွှေသူမသေချိန်စေ့ပီ့းလို့သာစိတ်ထဲမှတ်ပြီးကားမှန်ကိုချလိုက်တော့သည်။ ထိုအချိန်တွင်
"မမလေးလီလီကမုန့်သွားဝယ်တာလား "
လင်းရွှေ : "ရှင်"
"မမလေးလီလီကသူတို့နဲ့တူတူမုန့်သွားဝယ်တာလားလို့"
လင်းရွှေ : " ဟု......ဟုတ်"
အဲ့ဒီအချိန်မှာပဲလီလီကအထုတ်တစ်သိုက်နှင့်ဆိုင်ထဲကနေထွက်လာသည်။ လူကြီးနှစ်ယောက်ကလီလီရဲ့အထုတ်တွေဝိုင်းသယ်ပေးရင်း
" လမ်းမှာတစ်ခုဆင်းဝယ်စရာရှိရင်ကျွန်တော်တို့ကိုပဲခိုင်းလိုက်ပါတဲ့ မခင်ေလးကမှာလိုက်ပါတယ်။ လမ်းခရီးမှာကျွန်တော်တို့နှစ်ယောက်လုံးမမလေးကိုစောင့်ရှောက်ဖို့မျက်စိအောက်ကမကွာဖို့မမလေးကသေချာမှာလိုက်လို့ပါ "
လီလီ : "အင်း နောက်မှ။ အခုကဟိုကောင်မဆင်းလို့လိုက်ဆင်းတာ "
မိစိုး : "အဲ့လောက်စိတ်မချဖြစ်နေရင်ကိုယ့်ကားနဲ့ကိုယ်သွားလေ "
" မခင်လေးကကျွန်တော်တို့ကိုတောင်ေကာင်းေကာင်းစိတ်မချလို့ကားတစ်စီးသပ်သပ်ပေးပြီးတော့ကိုစီးခိုင်းတာပါ။ ပြီးတော့အရေးကြီးတဲ့အချိန်မဟုတ်ရင်မမလေးလီလီနဲ့ေခြလှမ်း5လှမ်းအကွာနေရမှာပါ။ အဲ့လောက်ထိမှာကြားထားတာပါ။ မခင်လေးအခုမှထုတ်တဲ့စည်းကမ်းတွေလဲရှိပါသေးတယ် "
မိစိုး : "စကားများလိုက်တာ။ စက်ရုပ်လိုပဲ "
Advertisement
"စကားပြောဆင်ခြင်ပေးပါ။ ကျွန်တော်တို့စည်းကမ်းထဲမှာမမလေးလီလီကိုပဲကာကွယ်ရမယ်ဆိုပြီးပါတာပါ။ တစ်ခြားသူတွေမပါဘူး။ အဲ့ဒါကြောင့်ကျွန်တော်တို့မမလေးလီလီကလွဲပြီးအခြားသူတွေကိုစိတ်ကြိုက်လုပ်ရတယ်ဆိုတာမမေ့ပါနဲ့။ ကျေးဇူးတင်ပါတယ်"
မိစိုး : "နောက်ခံအားကောင်းတဲ့လူတွေမုန်းတယ်။ လီးးးးပဲ "
ဒီတစ်ခါမိစိုးတကယ်ဒေါသထွက်သွားသည်။ မိစိုးကလီလီလိုငွေရေးကြေးရေးေြခသလုံးမွှေးလိုနေရသူမဟုတ်တဲ့အပြင်လီလီအဖေကထောက်ပံ့ထားသောကြောင့်သာရန်ကုန်အထိကျောင်းလာတက်နိုင်ချင်းဖြစ်သည်။ အမှန်တော့သူမသည်လီလီထက်တစ်လမကနှစ်နှစ်လောက်ကြီးသည်။ သို့သော်လီလီအဖေရဲ့ကျေးဇူးဖြင့်မွေးစာရင်းလိမ်ထားပြီးအေးဆေးကျောင်းတက်နေခြင်းဖြစ်သည်။ သူမသည်လိုရာဆန္ဒအလုံးစုံပြည့်ဝနေသောလီလီကိုအမြဲအားကျနေရတဲ့သူဖြစ်သည်။ သူမကကျောထောက်နောက်ခံကောင်းသည့်မိသားစုမရှိ၊ လီလီ့လိုချောမောလှပသောသူလဲမဖြစ်ခဲ့သောကြောင့်ပတ်ဝန်းကျင်ကလဲမိစိုးကိုရှိတယ်လို့တောင်မထင်ခဲ့ပေ။ လီလီကိုရည်းစားစာလာပေးတဲ့သူတ်ချို့ကမိစိုးကနေတဆင့်ပေးကြသည်။ မိစိုးကြိတ်သဘောကျတဲ့သူကပင်လီလီကိုရည်းစာလာပေးဖူးသည်။ ဒါတင်မကမိစိုးသည်လီလီနှစ်ယောက်ထဲဘယ်တော့မှကျောင်းမသွားပေ။ နှစ်ယောက်စလုံးအိမ်ကကျောင်းနှင့်နီသော်လည်း၊ လီလီကိုယ်တိုင်ကစက်ဘီးဖြင့်တူတူသွားရန်လာခေါ်သော်လည်း မိစိုးမသွားခဲ့ပါ။ သူမတို့နှစ်ယောက်ထဲဆိုလျှင်တွေ့သမျှလူတွေကသူမကိုလီလီနှိုင်းယှဉ်ကျသောအခါသူမရဲ့မျက်နှာကိုဘယ်နားထားရမလဲမသိ။
" ဟယ် လီလီ မတွေ့ရတာကြာပြီေနာ်။ ချောလာတယ်နော် သမီးလေး "
လီလီ : "ဟီးဟီး ကျေးဇူးပါ တီချယ်"
"ဪ သမီးလေးမိစိုးပါလား။ ဝလာလိုက်တာ။ ဝိတ်လေးဘာလေးလျော့ဦး။ ကြာလာရင်ရောဂါတွေဖြစ်လာမယ်"
မိစိုး : "ဟုတ် တီချယ် "
အမြဲဒီလိုပါပဲ။ နှစ်ယောက်တူတူသွားရင်တစ်ခါမှလီလီထက်အာရုံစိုက်မခံရဘူး။ အဲ့ဒါကြောင့်လီလီနဲ့ကျောင်းတူတူမသွားဖြစ်တော့တာ။ မိစိုးကိုယ့်ဘာသာကိုလဲမသိတော့ပါ။ သေချာတာတော့လီလီကိုအားကျတာမဟုတ်ပဲမနာလိုတာ သူ့နေရာကိုလိုချင်လာတာဖြစ်လိမ့်မည်။ သို့သော် လီလီရဲ့အဖေသည်သူမတို့မိသားစု၏ကျေးဇူးရှင်ဖြစ်သည်။ ယောကျားဖြစ်သူမယားငယ်ထားတာသိပြီးချင်းချင်းယောကျားဖြစ်သူကိုကပ်တွယ်မနေပဲကွာရှင်းစာချုပ်မှာလက်မှတ်ချက်ချင်းထိုးပေသည့်အမေသည်မိစိုးအတွက်အရမ်းစမတ်ကျလွန်းသည်။ ဘယ်လိုပဲဖြစ်ဖြစ်ယောကျားဖြစ်သူမရှိတော့ထောက်တိုင်တစ်တိုင်လျော့သွားသည်ကိုလက်ခံရမည်။ ငွေရှာမတတ်တဲ့မေမေကသူမရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့လီလီအဖေနဲ့တွေ့ရတော့မှအဆင်ပြေတော့သည်။ အစတုန်းကလီလီအဖေသည်မိစိုးအမေတို့နဲ့ဖောက်ပြန်နေတာလားထင်ပြီးမိစိုးမုန်းခဲ့ဖူးသည်။ နောက်မှသိလိုက်တာက မေမေတို့ငယ်ငယ်တုန်းကကစားနေတုန်းလီလီရဲ့အဖေကအမြဲမုန့်စားချင်ပေမယ့်ပိုက်ဆံမရှိသောကြောင့်မုန့်ဆိုင်ကိုငေးကြည့်ယုံပဲနေခဲ့ရပြီးအဲ့ဒါသိတဲ့မေမေကသူ့ကိုနေ့တိုင်းမုန့်ဖိုးတစ်ဝက်ထဲကမုန့်ဝယ်ကျွေးခဲ့သည်။ အဲ့ဒီကျေးဇူးကိုမမေ့တဲ့လီလီအဖေကဒီလောက်ကူညီခဲ့တာဖြစ်ကြောင်းရှင်းပြဖူးသည်။ နောက်တော့မိစိုးမိသားစုတွေနဲ့လီလီတို့မိသားစုပိုမိုရင်းနှိးလာကြပြီးလီလီတို့ကိုကျောင်းတူတူထားဖို့မိစိုးရဲ့မွေးစာရင်းကိုပါလုပ်ပေးခဲ့သည်။ မိစိုးရဲ့အမေအကူအညီလိုအပ်ချိန်တိုင်းလဲလီလီရဲ့မိသားစုတို့ကအမြဲကူညီပေးသည်။ ဤကဲ့သို့ လီလီတို့ကမိစိုးတို့ရဲ့မိသားစုအပေါ်များစွာကူညီခဲ့ဖူးသည်။ မွေးကတည်းကလိုချင်တာမှန်သမျှအကုန်ရတဲ့လီလီကိုအားမကျဘူးလို့ပြောရင်လိမ်နေတာသာဖြစ်လိမ့်မည်။ မိစိုးရဲ့ဘဝတစ်သက်လုံးလီလီကိုအားကျနေတာထက်ပိုပြီးမနာလိုတာကိုဝန်ခံရလိမ့်မည်။ ဘယ်လောက်ပင်ချစ်ကြတဲ့သူငယ်ချင်းဖြစ်ပါစေ ငွေကအရာအားလုံးကိုလုပ်နိုင်သည်မဟုတ်လား...........
မိစိုးကကားထဲေရာက်တာနဲ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး blacklistစာရင်းထည့်ထားတဲ့ph noကိုပြန်ရှာနေလိုက်သည်။ ဟော် တွေ့ပါပြီး contactမှာကျောင်းအုပ်ဆရာကြီးဆိုသောနာမည်ကိုဖုန်းခေါ်မလို့လုပ်ပေမယ့်ကားထဲကိုလင်းရွှေဝင်လာတော့massageပဲကပို့လိုက်သည်။
မိစိုး : "ကျွန်မလက်ခံတယ်။ ရှင်အရင်ကပြောခဲ့ကမ်းလှမ်းချက်ကိုလက်ခံတယ်။ အစီအစဉ်တွေမပြောင်းဘူးမလား "
Text : "ငါအခုမေဒီးကားရောက်နေပြီကို။ လက်ခံတာအရမ်းနောက်ကျတာပဲ"
မိစိုး : "ဟုတ်ပြီလေ နဂိုကတည်းသစ္စာဖောက်တဲ့လူမျိုးမဖြစ်ချင်လို့စိတ်ကတွေဝေနေတာ။ လုပ်လို့မရဘူးဆိုလဲမလုပ်ပါဘူး"
Text : "ဟိတ် ဟိတ် ခဏနေပါဦးမယ်မင်းကြီးမရယ်။ ဒါဆို ယုံကြည်ရတဲ့သူတွေနဲ့ချိတ်ပေးလိုက်မယ်။ သူတို့ပြောတဲ့အတိုင်းလုပ်။ နင်တို့သူငယ်ချင်းတစ်သိုက်လုံးငါ့ကိုဒုက္ခပေးမလို့များမွေးလာသလားပဲ"
မိစိုး : "ခဏနေပါဦး။ ပြောတော့အရင်ကအစီအစဉ်အတိုင်းပဲဆို "
Text : "အရင်ကplanတွေကိုအခုချိန်လုပ်လို့ဖြစ်မလား။ 2ဆပေးမယ်လလုပ်လိုက်"
မိစိုး : "မရဘူး 5ဆ။ 8နှစ်ကြာလောက်ရှိတဲ့friend shipကိုဖျက်ဆီးရမှာဆိုတော့8ဆ"
Text: "ဘာ 8ဆ? Friend ship? ဒီကလေးဟာသတွေပြောနေတာပဲ။ နင်တို့ကအစကတည်းကနေ enemy shipလေ။ အဲ့ဒါကြောင့် friend shipလိုဟန်ဆောင်နေတဲ့ enemy shipမို့လို့ ဖျက်ဆီးရအရမ်းလွယ်တာပေါ့။ ဘာဖြစ်လို့နင့်ကိုခိုင်းတာလို့ထင်လဲ။ လီလီကိုကြည့်တဲ့နင့်မျက်လုံးတွေထဲမှာငါ့ကိုယ်ငါပြန်မြင်လိုက်သလိုပဲ။ သူ့နေရာကိုလိုချင်နေတဲ့မျက်လုံးတွေပေါ့။ ပြီးတော့နင်နဲ့ငါနဲ့က ကျောထောက်နောက်ခံကောင်းတဲ့သသူတွေကိုမုန်းတာချင်းလဲတူတယ်။ ရှင်းရှင်းပြောရရင် နင်ကငါ့လိုပဲ။ နင်ကငါပဲဒါပေမယ့်မိန်းကလေးဗာရှင်း okey? "
မိစိုး : "ဘယ်သူမေးလဲ "
Text: "အခုခေတ်ကလေးတွေများ ရိုင်းလိုက်တာ။ လိုရင်းကိုပဲပြောရအောင် 5ဆပေးမယ် ဒေါ်လာနဲ့"
မိစိုး : "အိုခေလေ။ လူလွှတ်ရင်တစ်ခါတည်းငွေပါယူလာခိုင်းလိုက်။ ပိုက်ဆံမပါရင်လီးပဲထည့်ပေးလိုက်မယ် "
Text : "👌"
လင်းရွှေ : "ဘယ်သူနဲ့ပြောနေတာလဲ။ ကောင်လေးလား "
မိစိုး : "ဟမ် ဪ မဟုတ်ပါဘူး။ ဒီတိုင်း "
🎶🎶 တိန် တိန် တိန်🎶🎶
လင်းရွှေ : "အာရိုး notiတွေအရမ်းတက်နေတာပဲ။ စာပြန်လိုက်ပါဦး "
မိစိုးဖုန်းကိုခေတ္တမျှတစ်ချက်ကြည့်ပြီးကားနောက်မှန်ကိုတစ်ချက်ပြန်ကြည့်လိုက်သည်။ သေချာပြီးဆိုမှ လင်းရွှေကအနောက်ခုံရဲ့အလယ်မှာထိုင်နေသည်မို့လင်းရွှေနဲ့နေရာလဲထိုင်ကာ အရှေ့ကထိုင်ခုံနှစ်ဖက်ပေါ်လက်နှစ်ဖက်ကိုရုတ်တရပ်တင်ပြီး တက်ကြွနေတာကိုတစ်နည်းဖြင့်ဖော်ပြလိုက်သည်။
မိစိုး : "ဟဲ့ ငါတို့ဒီတိုင်းဘားအံကိုပြန်ရင်ပျင်းစရာကြီးလေ။ တစ်နေရာရာကိုဝင်ရအောင် "
မိုးပြည့်: "ဟဲ့ ရူးနေလား။ လီလီကိုအကြီးဆီပို့ပေးရဦးမှာလေ။ ပြောတော့ငါတို့အကြီးကိုရက်နည်းနည်းလောက်ဂရုစိုက်ပေးလိုက်ဦးမယ်ဆို။ အခုမှဘာထဖြစ်။ သွားချင်တယ်ဆိုရင်တောင်နောက်မှသွား
မိစိုး : "မြဝတီမှာgay barဖွင့်လို့ "
မိုးပြည့် : "ငါတို့ခဏလောက်barသွားထိုင်ရအောင်။ ခဏပါပဲ "
လီလီ : "မိုးပြည့် နင်ကပါ ဘယ်လိုဖြစ်နေတာလဲ။ နင်တို့သွားချင်ရင်တောင်ဘားအံကိုဖြတ်သွားမယ်ဆိုတော့ငါ့ကိုဘားအံမှာချထားခဲ့ "
မိစိုး : "ငါတို့ဆီမှာအပျော်အမက်ဆုံးကနင်ပဲလေ။ နင်မရှိရင်ပျော်စရာမကောင်းတော့ဘူးပေါ့"
လူငါးယောက်ပါတဲ့ကားတစ်စီလုံးခဏတော့ငြိမ်သက်သွားသည်။ မိစိုးဆိုတဲ့လူမျိုးသည်သူမစိတ်ဆိုးလျှင်လာမချော့လျှင်မည်မှပင်ကိစ္စသေးနေပါစေ လုံးဝအခေါ်အပြောမလုပ်ချေ။ ဒါပေမယ့်သူမအခု.........
လီလီ : "နင်တို့ပဲသွားပြီး ငါ့ကိုဘားအံမှာချခဲ့။ ဘားအံရဲ့ဘယ်နေရာပဲဖြစ်ဖြစ်ချခဲ့"
လီလီနဲ့မိစိုးကနေရာလဲထားသလိုပင်။ နှစ်ယောက်သားကသူတို့အရင်ကပုံစံနှင့်မတူ။ ရုတ်တရပ်ကြီးလီလီကမိစိုးရဲ့ပုံစံဖြစ်လာပြီး မိစိုးကလီလီကဲ့သို့ပြောင်းလဲလာသည်။
မိုးပြည့် : "ဒါ...ဒါဆို..ငါ..ငါကမြဝတီသွားရမလား။ ဘားအံသွားရမလား။ ငါအရှေ့တည်းတည့်သွားရင်မြဝတီကို3နာရီအတွင်းရောက်မယ်။ လီလီကိုဘားအံမှာချပြီးသွားမယ်ဆိုမြဝတီကိုည1နာရီ2နာရီလောက်မှရောက်မယ် "
လီလီ : "barထိုင်ရင် ညနက်လေပိုကောင်းလေပဲ။ ငါ့ကိုချန်ထားပြီးသွား "
မိစိုး : "မိုးပြည့်နင်ပဲအဆင်ပြေတဲ့လမ်းသွားလိုက်တော့။ နင်ပိုအဆင်ပြေမယ်လို့ထင်တဲ့လမ်း "
မိုးပြည့် : "ကျေးဇူးပြုပြီးငါမရွေးချယ်ချင်ဘူး။ မဲပေးရအောင် ဟိုကောင်မနှစ်ကောင်ရောဘယ်လိုလဲ "
လီလီ : "နင်တို့ဘာတွေဖြစ်နေကြတာလဲ။ ဘားထိုင်ဖို့အတွက်နဲ့ငါ့အကြီးကိုမထားခဲ့နိုင်ဘူး။ အခုငါ့အကြီးကသေရေးရှင်ရေးဖြစ်နေတဲ့အချိန်လို့ "
ဖူးပွင့် : "ဟုတ်တယ်လေ။ ငါတို့နောက်မှသွားလဲရတာပဲကိုး ဘာတွေ seriousဖြစ်နေကကတာလဲ။ လီလီကိုဘားအံမှာချထားခဲ့ရင်ငါပါဘားအံမှာဆင်းမယ်။ နင်ကရောလင်းရွှေ"
လင်းရွှေ : "ငါကတော့စဉ်းစားပြီးသားပဲအစကတည်းကနေ "
မိုးပြည့် : "ကျေးဇူးပြုပြီးဘားမထိုင်ပါနဲ့ "
လင်းရွှေ : "ဘားထိုင်မယ်။ ငါတို့ဘားထိုင်တယ်ဆိုတာလဲနင်သိတာပဲ။ အများဆုံးထိုင်နိုက်ရင်၂နာရီပေါ့။ ပြီးရင်ပြန်လာမယ်လေ "
မိုးပြည့် : "လီး"
မိစိုး : "ဒါဆိုမိုးပြည့်ပဲကျန်တာပဲ နင်ရဲ့လမ်းကိုရွေး "
မိုးပြည့်လမ်းကိုသာတည့်တည့်ကြည့်နေပြီးဘေးကိုယောင်လို့တောင်လှည့်မကြည့်ပါ။ အကြောင်းမှာလီလီသည်သူမအားမျက်တောင်မခတ်စိုက်ကြည့်နေသောကြောင့်ဖြစ်သည်။ ဒါပေမယ့်သူမရွေးချယ်မှုကသူမပိုင်တာပဲမလား။ ဘားအံသွားမယ့်လမ်းကိုယောင်လို့တောင်မကြည့်ပဲအရှေ့တည့်တည့်သာမောင်းသွားလိုက်သည်။
လီလီ : "ငါတောင်းဆိုနေတာပါ။ ငါကိုအခုဒိမှာပဲချထားလိုက်တော့။ အဆင်ပြေတဲ့ကားလိုက်စီးပြီးပြန်လိုက်မယ်။ "
မိုးပြည့် : " calm down calm down my daughter. ခဏလေးပဲသွားပြီးချက်ချင်းပြန်လာမှာ။ ဘာမှမဖြစ်ပါဘူး။ "
လီလီ : "ကားရပ်ပြီးတော့မြန်မြန်တံခါးဖွင့်။ လော့မချနဲ့။ "
မိုးပြည့် : "ဘာတွေ seriousဖြစ်........."
"ခွမ်း"
မိုးပြည့်ကားကိုရပ်လိုက်ရသည်။ အကြောင်းမှာ လီလီကားမှန်ကိုလက်ဗလာနှင့်ခွဲလိုက်သောကြောင့်.......
မိုးပြည့် : "ငါအခုနင့်ကိုအရမ်းထိုးချင်နေတာ။ နင်တို့ငါ့ကိုစနေလားတော့မသိပေမယ့်အဲ့ဒါနောက်ရမယ့်အရာလဲမဟုတ်ဘူး။ ဒီတစ်ခေါက်နောက်ဆုံးပြောတာ။ ငါ့ကိုဘားအံပြန်ပို့ပေး "
လက်မှသွေးတွေကျနေတဲ့လီလီရဲ့အကြည့်တွေကိုမိုးပြည့်မကြည့်နိုင်တော့ပဲကားကိုလှည့်ဖို့ပြင်နေတုန်း လီလီ bodyguardတစ်ယောက်ေသွးသံတရဲရဲနှင့်ရောက်လာပြီး
"မမလေးဒီနေရာနှင့်အဝေးဆုံးကိုပြေးပါတော့။ ဟိုကောင်မလေး မြန်မြန်မောင်းသွား။ ကျွန်တော်တို့ကျန်တဲ့ကိစ္စတွေရှင်းထားလိုက်ပါ့မယ်။ "
လီလီ : "ဘာဖြစ်လို့လဲ "
" ဟိုကောင်မလေးသွားတော့ "
မိုးပြည့်ကအလျင်အမြန်ပင်ဂီယာချိန်းကာမောင်းတော့သည်။
" ဒိုင်း "
လင်းရွှေ : "ဟဲ့ သေနတ်သံ....မလား။ မြန်မြန်မောင်း မြန်မြန်မောင်းလို့"
မိုးပြည့်: "ငါလဲမောင်းနေတာပဲ။ ဒီထက်ပိုမြန်ရင်ငါတို့ချောက်ထဲကျလိမ့်မယ်"
သေနတ်သံကြောင့်ကောင်မလေးတွေအားလုံးငြိမ်သက်သွားပေမယ့်တစ်ယောက်သောသူကတော့
" MISSION COMPLETE "
____________________________
Zawgyi
ခင် : "ကလေး"
လီလီ: "သွား မခေါ်နဲ့။ ဒီမှာ ပါးကနီရဲနေတာပဲ ဗြဲ"
လီလီ : "ဒါဆိုလဲပြီးရော "
စကားလေးအဆုံးမှာOverthinkingဖြစ်တဲ့လီလီကမျက်ရည်ဝဲနေပါပြီ
လီလီ : "ဟိုဘူးထဲကလား "
📢 ပီ..........ပီ📢
လီလီ : "ဟုတ်"
လီလီ : " ခနနေပါဦး။ မ အဲ့တာဘာကိုဆိုလို.........."
လီလီ : "နံနံခြားကကောင်လေးတွေသွားမကြိုက်နဲ့နော် "
Advertisement
- In Serial56 Chapters
The Best Man ✔
Olivia Davis reluctantly agrees to be her best friend and long term crush, Tristan Johnson's bestman at his weddingThe Best ManTeekay044aCopyright © 2020This is a work of fiction. Names, characters, businesses, places, events and incidents are either the products of the author's imagination or used in a fictitious manner. Any resemblance to actual persons, living or dead, or actual events is purely coincidental
8 270 - In Serial50 Chapters
Welcome to Hell Boys ✔
Highest rank - #1 in humor 28/9/2017Imagine this ~ You think that you are sleeping in your comfortable bed, next to your three-year-old brother, who's so cozy and warm, but you open your eyes to see three good-looking guys staring at you... but the worst part is that you are in a moving car, laying on their laps. ×××××Ariel O'Connor is a sassy, sarcastic, funny, caring, and confident 19-year-old. She loves to have fun, and she's witty. What will happen when she wakes up in the wrong place in an unusual situation? What will she do? Here's a tip: Watch your language, and do not eat her Oreos. #Book 2: You Are In Hell Boys#Book 3: We'll End up in Hell Boys ×××××DO NOT STEAL ANYTHING FROM THIS BOOK! All Rights Reserved2017
8 189 - In Serial45 Chapters
Thicker than Blood - Book One (Watty Awards 2012)
Book One in the Soul Seeker Series.At fifteen Amelia is forced to move in with her birthfather when her mother passes away. A man she's never met before in her life, stern and unfair, he is almost never at home and forces his family to move whenever his job calls for it.For three years Amelia has looked after herself and her younger brother Hayden but when she tranfers to Riverwood High everything changes. She finds herself friends there despite the efforts of her stepsister.One teacher in particular takes an interest in her, the 25 year old Nathaniel Flynn. The first time he laid eyes on her he knew, he just had to have her.At eighteen Amelia has to look after her baby brother, hold her own against a stepmother and mean stepsister and battle feelings she's never felt before. After all... Dating your teacher is forbidden, not that Nathaniel seems to care about that.Add into the equation that both her new found friends and teacher aren't who they say they are... Their diet consisting mainly of blood.
8 152 - In Serial35 Chapters
Manan-Magical lovestory2❤❤❤
This is the sequel to my first book!please do read!
8 129 - In Serial35 Chapters
Torturing The Billionaire Book 2
#2 in Romance 16/12/2016#2 ambivalent love series #2 romance12/12/2016Sequel to Tempting the Billionaire Book1 Sebastian has gotten the help he so badly needed and after two years of suffering without them, he is ready to win his girls back. He grew up in a broken home and wants the best for his family(and himself) But are they willing to accept back so quickly after all that had happened in the past?What happens when miss Luca formulates a plan of vengeance(revenge is sweet. Yea)?Will she be successful in Torturing the Billionaire without her innocent little heart becoming involved? Or will she end up falling right back in his arms and in his bed?After all first loves never die. Yea? (or so they say)Again there is a book1 Tempting the Billionaire Book1
8 133 - In Serial68 Chapters
stay down
"I was a boy when I met her and loving her taught me how to be a man."SEXUAL CONTENT.BOOK TWO ON @RE2RAW
8 198