《My brother's girlfriend》part 36
Advertisement
မိုးပြည့်ကြောက်အားလန့်အားဖြင့်မောင်းလာခဲ့သည်မှာမြဝတီမြို့လယ်တောင်ရောက်နေပြီဖြစ်သည်။ လုံခြုံမှာပါဆိုတဲ့အတွေးတဲ့တွေ့တဲ့ဟိုတယ်မှာအခန်းငှားလိုက်ကြသည်။ 2ယောက်အိပ်တစ်ခန်းနှင့်3ယောက်အိပ်တစ်ခန်းကိုမိစိုးနဲ့ဖူးပွင့်က2ယောက်အိပ်အခန်းယူပီ့းကျန်တဲ့သူတွေက3ယောက်ခန်းကိုယူလိုက်သည်။ အခုမိစိုးတို့အခန်းတွင်5ယောက်လုံးခေါင်းချင်ဆိုင်ကာစဥ်းစားနေကြသည်။
မိုးပြည့် : "လီလီရဲ့ဟိုလူကြီးတွေလဲအဆင်ပြေလောက်မှာပါနော် "
မိစိုး : "ငါတို့ဆီလာတုန်းကတောင်သွေးသံတရဲရဲနဲ့အခုချိန်ဆိုသေပြီပေါ့ "
လင်းရွှေ : "ငါတို့ဘာလုပ်မိလို့သူတို့တွေလိုက်နေကြတာလဲ"
မိစိုး : "အမှန်ဆိုငါတို့လုပ်တာမဟုတ်ပဲနဲ့အဲ့ဒီလူကြီးတွေကိုမကေျနပ်တဲ့သူတွေကငါတို့လုပ်တာမဟုတ်ဘူးလား "
ဖူးပွင့် : "မိစိုး အဲ့ဒါနင့်ကြောင့်မဟုတ်လား "
မိစိုး : "ဟမ် "
သူကဘယ်လိုလုပ်သိနေတာလဲ။ ကားပေါ်မှာဆရာနဲ့စာပို့တုန်းကအရင်ဝင်လာတဲ့သူကလင်းရွှေလေ။ အရင်တွေ့မယ်ဆိုသူကအရင်ဆုံးတွေ့ရမှာပေါ့။ ငါါဘေးနားထိုင်တဲ့သူကလဲလင်းရွှေပဲ။ လင်းေရွှပြီးမှဖူးပွင့်ေလ ခဏ.....ကားမှန်။ ဟုတ်တယ်။ ကားမှန်နဲ့ဆိုရောင်ပြန်တာနဲ့ငါ့စာတွေသူအကုန်မြင်မှာ။ သွားပါပြီ။ စတောင်မစရသေးဘူးကွာ
မိစိုး : "ငါ....ရှင်း.."
ဖူးပွင့် : "နင် BGFကအကောင်တစ်ကောင်ကိုငြင်းလိုက်တယ်ဆို။ သူကအကြီးအကဲရဲ့သားတွေဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ အဲ့လိုမဟုတ်ဘူးဆိုရင်တောင်သူ့တပ်ဖွဲ့တစ်ဖွဲ့နဲ့ငါတို့ဒီလိုလုပ်တာလဲဖြစ်နိုင်တာပဲ "
မိစိုး : " ဟမ်? "
လင်းရွှေ : "အဲ့ဒီခွေးသားတွေစောက်ကျင့်မကောင်းတာသိလျက်သားနဲ့နင့်မို့လို့ငြင်းရဲတယ် "
မိစိုးတောင်နားမလည်သေးခင်ပြသာနာကသူ့အလိုလိုရှင်းသွားသည်။
မိစိုး : "ဪ ဒါဆိုငါကမချစ်တဲ့သူနဲ့အောင့်အီးပြီးနမ်းရမှာပေါ့။ နင်တို့ကိုယ့်ဘက်ကိုပဲကြည့်နေတာပဲ "
လင်းရွှေ : "ငါပြောတာအဲ့လိုသဘောလဲမဟုတ်ပါဘူး"
မိစိုးကသရုပ်ဆောင်တဲ့နေရာမှာအရမ်းတော်တာလေ။ ဟန်မဆောင်တတ်သလိုဟန်ဆောင်တာကလဲမိစိုးရဲ့talent ပေါ့။
မိစိုး : "တကယ်ပဲစိတ်ပျက်ဖို့ကောင်းလိုက်တာ ကျစ် "
အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပြီးမိစိုးကလဲစကားဝိုင်းမှာမပါသည့်လီလီကိုသတိထားမိသည်။ ဘယ်ဘက်လက်မှာပက်တီးနှင့်ညာဘက်လက်မှာတော့တစ်စုံတစ်ယောက်ကသူ့ကိုဖုန်းခေါ်နေသည်။ ဒါကိုမကိုင်ပဲနဲ့စိုက်ကြည့်နေကာဖုန်းကျခါနီးတော့ကိုင်မယ်လိုလိုနှင့်မကိုင်ပေ။
မပြောင်းလဲတဲ့ဖုန်းနံပါတ်နဲ့ထိုသူသည်လီ့လိ့ကိုဆက်တိုက်ဖုန်းခေါ်နေသည်။ မမခင်ပဲဖြစ်ရမည်။ အကျိုးအကြောင်းတွေအကုန်သိပြီးစိတ်ပူလို့ခေါ်တာဖြစ်လိမ့်မယ်။ ဒါကိုလီလီကဘာလို့မကိုင်ချင်တာပါလိမ့်။ အဲ့ဒီမယားရှုးနေတဲ့ကောင်မကသူ့မယားဖုန်းကိုမကိုင်ဘူးတဲ့လေ
ခဏနေတော့လီလီအထုတ်တွေပြင်ကာအပြင်သွားဖို့ပြင်တော့သည်။
မိုးပြည့် : "ဟဲ့ဘယ်သွားမလို့လဲ"
လီလီ : "ငါဒီတိုင်းပဲကြုံတဲ့ကားနဲ့ဘားအံကိုသွားတော့မယ်။ 9နာရီမထိုးသေးဘူး။ အခုချိန်လောက်ဆိုကားတွေရှိဦးမှာပဲ။ ဖူးပွင့်ပြောသလိုမျိုးငါတို့နောက်ကိုအဲ့ဒီကောင်တွေလိုက်တာဖြစ်နိုင်တယ်။ အဲ့တာကဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ငါကတော့အခုအကကီးဆီပြန်ဖို့လိုတယ်။ လိုက်ချင်ရင်အခုလိုက်ခဲ့။ ည9နာရီနောက်ပိုင်းလာတဲ့လမ်းကြုံကားတွေနဲ့မသွားနဲ့။ ပြီးတော့နင်တို့ဘားထိုင်ချင်တယ်ဆို။ သိပ်မဝေးဘူး။ ဒီမှာပဲရှိတယ်။ ငါကတစ်ယောက်ထဲလဲအဆင်ပြေတာမို့စိတ်မပူနဲ့။ ဒါဆိုသွားတော့မယ် "
ဖူးပွင့် : "ခဏ ငါလဲ လိုက်မယ်။ "
မိစိုး : "နင်တို့ဒီအခန်းထဲကသွားရင်ငါတို့သူငယ်ချင်းဆက်ဆံရေးပျက်ပြီး"
ဖူးပွင့် : " ဘာ! "
မိစိုး : "8နှစ်ကြာသူငယ်ချင်းဆက်ဆံရေးကိုအကုန်ဖျက်လိုက်မယ်လို့"
လီလီ : "ဘာဆိုင်လို့လဲ"
မိစိုး : "နင်တို့ငါကြောင့်လို့ထင်နေကြတယ်လေ။ အဲ့တာကိုတူတူရင်မဆိုင်ပဲရှောင်ထွက်သွားမယ်ဆိုတော့ငါ့ကိုအစကတည်းကနေမခင်ခဲ့တာပဲပေါ့။ အဲ့ဒီတော့ငါကလဲနင်တို့လိုကိုယ်လွတ်ရုန်းတဲ့သူတွေကိုဘာလို့ပေါင်းရမှာလဲ "
လီလီ : "ဒီမှာမိစိုး ငါကိုယ်လွတ်ရုန်းတာမဟုတ်ဘူး။ နင်လိုက်ခဲ့ချင်ရင်လိုက်ခဲ့လို့ရတယ်။ အခုငါ့အကြီးကပိုအရေးကြီးနေလို့ငါအရမ်းသွားချင်နေတာ။ ငါ့အိမ်မှာနင်ရှိနေလို့BGFမကလို့ဘယ်သူရောက်လာရောက်လာငါဂရုမစိုက်ဘူး။ ငါဂရုစိုက်တာကငါ့အကြီးရဲ့နောက်ဆုံးအချိန်မှာငါမရှိမှာကိုပဲ။ "
မိစိုးရဲ့စကားကိုတောင်ဆက်နားမထောင်တော့ပဲပြောပြီးထွက်လာလိုက်သည်။ မြဝတီမှာလဲအသိကားသမားတွေရှိတာမို့ဖုန်းဆက်ပြီးအကူအညီတောင်းမလို့ကလဲဖုန်းဘေလ်ကချေးထားတာတောင်ပြန်မဆပ်ရသေး။ အခုချိန်တွင်လူသိပ်မရှိတာမို့အနီးအနားရှိကွမ်းယာဆိုင်ပဲအရင်သွားလိုက်သည်။
လီလီ: "ဟို အဒေါ် ဖုန်းတစ်ချက်လောက်ဆက်ချင်လို့ငှားလို့ရမလား"
"ဖုန်းဘေလ်ရှိပါ့မလားမသိသမီးရယ် အရင်ဆက်ကြည့်ပါဦး "
လီလီ : "ဟုတ် "
ကံကောင်းထောက်မစွာနဲ့ထိုကားဆရာကလဲဖုန်းကိုင်သည်။ ကားဆရာနဲ့ဖုန်းပြောနေတုန်းလီလီ့ဖုန်းမှဖူးပွင့်ကဖုန်းခေါ်နေသည်။ လီလီကားဆရာနဲ့စကားပြောပြီးချိန်တွင်ဖူးပွင့်ဖုန်းကောလ်လဲကျသွားသည်။ သူကလဲပြန်မဆက်လာတဲ့အပြင်ဘေလ်လဲမရှိတော့တာမို့ကားဆရာအလာကိုပဲစောင့်နေလိုက်သည်။
ဟိုတယ်နဲ့ကွမ်းယာဆိုင်ကအနည်းငယ်ပဲဝေးတာမို့ဟိုတယ်ကနေကွမ်းယာဆိုင်ထိုင်နေသည့်လီလီ့ကိုတန်းမြင်နိုင်ပါသည်။ အရေးကြီးကိစ္စဆိုလျှင်သူတို့မြင်မှာပဲဟုမှတ်ကာလီလီကကားဆရာကိုသာစောင့်နေသည်။
နာရီဝက်ေကျာ်ကျော်လောက်မှကားဆရာရောက်လာသည်။ သူ့ကားတွင်ခရီးသည်မရှိပေ။ လီလီသိလိုက်တာကလီလီကသူ့ရဲ့နားရက်မှာကားငှားလိုက်ချင်သည်။ အားနာစရာကောင်းပေမယ့်ဘားအံနဲ့မြဝတီကအရမ်းကြီးမဝေးပါ။ ကွမ်းယာဆိုင်ကအဒေါ်ရဲ့လက်ထဲကို5ထောင်တန်အတင်းထိုးထည့်လိုက်ပြီးတော့ကားပေါ်တက်လာခဲ့သည်။ နားကြပ်တပ်ပြီးအိပ်မလို့ကြံနေတုန်းကားဆရာကမေးခွန်းတွေဆက်တိုက်မေးလာသည်။ ထိုအရာသည်လီလီအမုန်းဆုံးအရာဖြစ်သည်။
ကားဆရာ : "သမီးရဲ့အဖေရန်ကုန်မှာလုပ်ငန်းသစ်ထူထောင်နေပြီဆို။ ကြားတာတော့အရင်ကလိုမီးခိုးငွေ့တွေမွန်နေတဲ့ဂိုထောင်ကြီးပဲမဟုတ်တော့ဘူးတဲ့။ ကိုစောတို့အမျိုးကတော့ဘာစားကြလဲမသိဘူး။ ကကီးပွားရင်ကြီးပွားနေကြတာပဲ။ ဒါနဲ့သမီးအကြီးနေမကောင်းဘူးဆို "
လီလီ : "ဟုတ်တယ်။ အဲ့တာကြောင့်ဘားအံကိုပြန်လာတာပေါ့။ "
ကားဆရာ : "ဟာ မဟုတ်ပါဘူး။ သမီးရဲ့အဖေကသူ့သမီးကိုတစ်ယောက်ထဲလွတ်မယ့်လူမျိုးမဟုတ်တာတော့သေချာတယ်။ သူ့သမီးအငယ်ဆုံးကိုတုန်နေအောင်ချစ်တာလေ "
လီလီ : "ဒီတိုင်းပါပဲ"
လီလီရဲ့တိုတောင်းတဲ့အဖြေကိုသူသဘောမကျပါ။ လီလီကလဲသိလျက်နဲ့စောက်ဂရုမစိုက်ပါ။ အိမ်ရောက်တဲ့အထိကားတစ်စီးလုံးတိတ်ဆိတ်ပြီးကားစက်သံတောင်မကြားတော့ပါ။ လီလီတို့အိမ်ကလဲအရင်ကလောက်မဆူညံတော့။ အကြီးအိပ်ရင်းယောင်နေတာကိုအပြင်ကနေပါလှမ်းကြားရသည်။ ကားခက၁သောင်းလောက်ပဲကျမှာဆိုပေမယ့်သူ့ရဲ့နားရက်ကိုခိုင်းမိတာမို့လို့၁သောင်းတန်အရွက်၂၀လောက်ကိုအရှေ့ခုံမှာချထားပေကာအိမ်ထဲဝင်လိုက်သည်။
လီလီတို့အိမ်က password numberနဲ့ဝင်တာမို့လို့အခက်အခဲမရှိဝင်နိုင်သည်။ ဆိုဖာမှာအိပ်နေသောအိမ်ဖော်သည် ခုံပေါ်ကသူစားထားတဲ့အသင့်စားခေါက်ဆွဲထုတ်တွေ ဝက်သားတုတ်ထိုးတွေကိုမရှင်းထားသောကြောင့်မပိတ်ထားတဲ့ပြတင်းပေါက်နေကြောင်တွေလာစားနေကြသည်။ ဒီအခြေအနေကိုကြည့်ပြီးဈေးကြီးပေးငှားထားတဲ့အိမ်ဖော််ကဒီလိုတွေလားဆိုပြီးအရမ်းစိတ်ပျက်မိသည်။ ရုတ်တရပ်အကြီးက
ထယောင်သဖြင့်လီလီစိုးရိမ်တကြီးနှင့်အပေါ်ထပ်တပ်သွားသည်။ အိမ်မောကျနေတဲ့အိမ်ဖော်ကတော့နှိုးတောင်မနှိုးချေ.....
လီလီ : "ကြီးကြီးရေ သမီးဒီမှာရှိတယ်လေ။ ဘာမှမဖြစ်ပါဘူး "
ကြီးကြီးရဲ့ကုတင်ဘေးမှာဒူထောက်ထိုင်လိုက်ပြီးတစ်ဖက်မီးကိုဖွင့်လိုက်ကာကြီးကြီးရဲ့လက်ကိုလဲတင်းတင်းကိုင်ထားသည်။ ကြီးကြီးသည်လီလိ့ရဲ့အမေထက်ကြီးသော်လဲနုပျိုနေသောသူဖြစ်သည်။ ဒါပေမယ့်ကြီးကြီးနဲ့မတွေ့ရတဲ့၂နှစ်အတွင်း အလွန်ပိန်သွားကာရုပ်လဲအနည်းငယ်ကျသွားသည်။ နောက်ပြီးအိပ်ချိန်မှန်တဲ့ကြီးကြီးရဲ့မျက်ကွင်းညိုတာကိုအခုမှပထမဆုံးအချိန်မြင်တွေ့ဖူးခြင်းဖြစ်သည်။ ကျန်းမာရေးလိုက်စားသောကြီးကြီးကိုရောဂါကြီးကြီးမားမားဖြစ်မယ်လို့မထင်ပဲအပျော်တွေမက်နေခဲ့တဲ့ကိုယ့်ကိုကိုသာအပြစ်တင်မိပါသည်။ အခုချိန်ကိုအရမ်းနောက်ကျနေပြီလို့ပြောလို့မရပေမယ့်လီလီလာတာနောက်ကျနေခဲ့တာကိုငြင်းလို့မရပါဘူး.......
အကြီး : "မေရီ...မေရီ......မေရီ့ကိုဘာမှမလုပ်ကြပါနဲ့။ သူကျွန်မရဲ့အဖြေကိုစောင့်နေတာပါ။ သူမှာဘာအပြစ်မှမရှိပါဘူး။ မေရီ.. မေရီ "
လီလီ : "ကြီးကြီး ......ကြီးရေ။ သမီးဒီမှာရှိတယ်လေ။ ကြီးကြီး "
ကြီးကြီးအိမ်မက်ကယောင်ပြီးလန့်နိုးလာသည်။ ချွေးတွေလဲစိုရွဲနေတဲ့အပြင်သူ့တူမလေးကိုကြည့်ပြီးအသက်ကိုပြင်းပြင်းရူနေသည်။
လီလီ : "ကြီးကြီး ဘာဖြစ်လို့လဲ။ အိမ်မက်ဆိုးမက်လို့လား။ "
ကြီးကြီး : "ohh Marry. I've been missing u"
အကြီးကလီလီ့ကိုရင်ခွင်ထဲဆွဲသွင်းကာထပ်ပြီမထွက်သားနိုင်ေအာင်တင်းကြပ်စွာဖက်လိုက်သည်။ ကြီးကြီးကကျောင်းတစ်ခါမှမတက်ရတဲ့အပြင်မေမေ့ထက်အသက်15နှစ်ကွာတာမို့လို့မေမေကျောင်းတက်ဖို့ကိုတောင်အလုပ်လုပ်ပေးရသူဖြစ်သည်။ ဒါပေမယ့်ကြီးကြီးရဲ့english လိုပြောတဲ့လေသံကအနောက်တိုင်းသူတစ်ယောက်ထက်ကိုပီသလွန်းသည်။ ပြီးတော့မေရီ......သူမဆီမေရီဆိုတဲ့နာမည်ကိုခဏခဏကြားရသည်။ လန့်သွားအောင်စေနာက်ရင်လဲကြီးကြီးကဘုရားတတာမဟုတ်ပဲအောင်မယ်လေးမေရီရေ ဆိုပြီးလန့်တတ်လို့လီလီတို့မောင်နှမကမေရီဆိုတာဘယ်သူလဲလို့မေးရင်လဲသူကမဖြေ
အတန်ကြာမှသတိရသွားဟန်ဖြင့်ကြီးကြီးသည်လက်တွေကိုဖြေလျော့လိုက်ပြီး လီလီ့ရဲ့မျက်နှာကိုစေ့စေ့ကြည့်ကာသက်ပြင်းချသည်။
ကြီးကြီး : "သမီးလေးကိုး။ ဘယ်တုန်းကပြန်ရောက်နေတာလဲ"
လီလီ : "ခုနကပဲ။ ကြီးကြီးအဆင်ပြေရဲ့လား။ အိမ်မက်ဆိုးတွေမက်နေတယ်မလား။ မေရီဆိုတဲ့တစ်ယောက်ကြီးကြီးသမီးကိုပြောပြမှဖြစ်တော့မယ်"
ကြီးကြီး : " သမီးလဲကြီးလာတော့မေရီနဲ့အရမ်းတူတာပဲ။ သမီးပြောတဲ့မေရီကတော့ကြီးကြီးကိုကြည့်ပြီးရီနေဦးမယ် ဟားဟား
မေရီပြောထားတဲ့အတိုင်းတကယ်ဖြစ်လာတာပဲ။ အဘွားလဲနိုးလာတာမျက်စိကြောင်ပြီးပြန်အိပ်လို့ရမှာမဟုတ်ဘူးဆိုတော့story time တော့မဟုတ်ပေမယ့်သမီးလေးဒီလောက်သိချင်ရင်ပြောပြမယ်လေ "
ကြီးကြီးကခေါင်းကိုဖွဖွလေးပုတ်ပြီးပါးလေးကိုပွတ်ကာထလာသည်။ ဘွားဘွားရေနွေးကြမ်းလိုမှန်းသိလို့ရေနွေးကြမ်းကိုခွက်ကြီးနဲ့ယူလာပြီးခေါင်မိုးထပ်ကိုသွားကြသည်။ အိမ်ရဲ့ခေါင်မိုးထပ်တွင်ရေတိုင်ကီကလွဲပြီးဘာမှမရှိ။ လီလီ၁၄နှစ်လောက်ကမေမေအတင်းအိပ်ခိုင်းလို့ခေါင်မိုးထပ်တွင်အမြဲဖုန်းခိုးဆော့သည်။ အဲ့ဒီတုန်းကညနက်ကြီးအပေါ်တက်လာတဲ့ကြီးကြီးကိုသရဲလို့ထင်ကာမျက်လုံးလုံးဝမဖွင့်ပဲအော်ငိုခဲ့ဖူးသည်။ အရင်ကအကြောင်းတွေပြန်စဉ်းစားမိပြီးတစ်ချက်ရယ်ပြီးတော့ကြီးကြီးကလဲသိနေဟန်ဖြင့်ပြုံးပြသည်။
ကြီးကြီး : "သမီးအရင်ကဒီမှာဖုန်းဆော့နေကြလေ။ မှတ်မိလား။ ကြီးကြီးကိုသရဲလို့ဇွတ်ပြောနေတာလေ "
လီလီ : "ကြီးကြီးကလဲ ထပ်မပြောပါနဲ့။ ရှက်စရာကြီး "
ကြီးကြီး : "ဟားဟား ဒီကလေးတစ်ကောင်မျက်စိရှေ့တင်အရမ်းထွားလာတာပဲ။ သမီးမွေးတုန်းကဆိုသမီးအဖေကအလုပ်ရှုပ်နေလို့သမီးကိုအရင်တွေ့ခွင့်ရတဲ့သူကကြီးကြီးဖြစ်နေခဲ့တာလေ။ အမှန်ဆိုအဲ့တာမျိုးမကောင်းဘူး။ ကလေးကမွေးပြီးတာနဲ့အမေဒါမှမဟုတ်အဖေနဲ့ပဲထိတွေ့မှုရှိရမှာ။ ကြီးကြီးကအဲ့တာကိုတောင်မေ့ပြီးတော့သမီးလေးကိုဆရာဝန်တွေထက်တောင်အရင်ဆုံးချီခွင့်ရတဲ့သူဖြစ်ခဲ့တာ "
လီလီ : "ကြီးကြီး အဲ့တာကလဲဘာဖြစ်လို့လဲ။ သမီးလေတစ်ခါဖြစ်ဖူးတယ်။ အသိကိုယ်ဝန်သည်ကိုဆေးရုံပို့ပေးပြီးတော့သူ့ဘေးနားမှာနေပြီးအားပေးနေတာ။ မွေးပြီးတော့ကလေးကတစ်ခုခုဖြစ်လို့လားမသိဘူး။ ဆရာဝန်ကအခုပဲဓာတ်ကင်ရမယ်လို့ချီမလို့ကလေးအဖေကဆရာဝန်ကိုပေးမချီဘူးလေ။ သူပဲချီမယ်ဆိုပြီးသူများတွေဝင်လို့မရတဲ့အခန်းထဲထိကိုဝင်ပီ့းတော့ဆရာဝန်တွေကိုအသားလေးတောင်ပေးမထိဘူးတဲ့။ အဲ့တာဘာတွေလုပ်ကြတာလဲ "
ကြီးကြီး : "အကြီးလဲေသချာမသိဘူးရယ် ။ အရမ်းတုံးအလွန်းတဲ့ရှေးဟောင်းအယူအဆလို့ပဲပြောရမှာပေါ့။ သမီးအမေတောင်မှသမီးကိုအရင်ချီလိုက်လို့ကြီးကြီးကိုအရမ်းစိတ်ဆိုးခဲ့တာ။ တကယ်ဆိုသမီးရဲ့အမေမမှားပါဘူး။ သူအတန်တန်မှာခဲ့တာသမီးကိုမချီဖို့ကိုလေ။ ဒါပေမယ့်သမီးမွေးတာအရေးပေါ်လူနာတင်ကားပေါ်မှာပဲမွေးတာ။ ကံဆိုးချင်တော့အဲ့ဒီကားထဲကပရဟိတလုပ်အားပေးလေးကအရေးပေါ်လုပ်နည်းတွေဘာမှမသိတဲ့အသစ်ကလေးလေ။ သူကလဲစိတ်တွေလှုပ်ရှားပြီးတော့သူ့ရဲ့စာအုပ်ထဲကအရေးပေါ်ကုသနည်းတွေကိုတောင်မဖတ်နိုင်ဘူး။ အဲ့ဒါကြောင့်ကြီးကြီးပဲမင်းကိုအရင်ချီခဲ့ရတာပေါ့ "
လီလီ : "ကြီးကြီးကလဲ ကြီးကြီးသမီးကိုအရင်ချီခွင့်ရခဲ့တဲ့အကြောင်းတွေပြောနေတာအခေါက်တွေများနေပြီ။ မေရီအကြောင်းပြောပြတော့ "
ကြီးကြီးကလီလီ့ရဲ့ပါးလေးကိုအသည်းယားစွာဖြင့်အသာလေးညစ်လိုက်ကာ
Advertisement
ကြီးကြီး : "ပထမဆုံးအနေနဲ့ကြီးကြီးကသမီးကိုcome outလုပ်ရမှာပေါ့။ ကြီးကြီးကလိင်တူချင်းကြိုက်တဲ့သူတစ်ယောက်ပဲ။ ပြီးတော့မေရီကလဲကြီးကြီးရဲ့ပထမဆုံးအချစ်နဲ့နောက်ဆုံးအချစ် "
လီလီ : " အယ် "
ကြီးကြီး : "ဟူး သမီးအနေနဲ့တစ်မျိုးဖြစ်နေမယ်ဆိုတာတော့ကြီးကြီးသိပြီးသားပါ။ ဒါပေမယ့်ကြီးကြီးမကြောက်နေတော့ဘူး။ မေရီနဲ့ချစ်ကြိုက်တုန်းကပတ်ဝန်းကျင်အပြောကိုကြောက်လို့ဆိုပြီးမေရီ့ကိုဆုံးရှုံးလိုက်ရတယ်။ "
လီလီ: "သမီးလဲအမျိုးသမီးတွေကိုအရမ်းကြိုက်နှစ်သက်နေလို့ "
ကြီးကြီး : " ဟမ် "
လီလီ : " သမီးအခုအဲ့ဒီအကြောင်းတွေမပြောချင်သေးဘူး။ ကြီးကြီးနဲ့မေရီကိုပဲဆက်ပြော "
ကြီးကြီး : " ဟမ် ဪ အင်း ဘယ်ကနေစပြောရမလဲ "
လီလီ : " ကြည့်ရတာမေရီကအနောက်တိုင်းသူလေးဖြစ်မယ်။ ကြီးကြီးတို့ဘယ်လိုစတွေ့ခဲ့တာလဲ "
ကြီးကြီး : "အင်းး အဲ့ဒီအချိန်တုန်းကကြီးကြီးကအသက်၁၆ ၁၇လောက်ပဲရှိဦးမယ်။ ဈေးထဲမှာသမီးရဲ့အဘွားနဲ့တူတူပိတ်စတွေလိုက်ရောင်းတာ။ အဲ့ဒီတုန်းကထိုင်းနယ်စပ်မှာပိုရောင်းရလို့စစ်ပွဲတွေဖြစ်နေမှန်းတောင်မသိပဲနဲ့သွားရောင်းရတာလေ။ သမီးသိလား။ မေရီသာမရှိခဲ့ရင်ကြီးကြီးအဲ့ဒီအချိန်ကမိုင်းနင်းမိလို့သေနေလောက်ပြီ။ ကံကောင်းချင်းတော့အဲ့ဒီအချိန်ကစစ်ဘေးဒုက္ခသည်တွေကိုUSကိုပို့နေတဲ့အချိန်
ကြီးကြီးနဲ့အဘွားကလဲတောထဲမှာလမ်းပျောက်နေတဲ့အချိန်ပေါ့"
လီလီ : " ကြီးကြီးဒီမှာရှိေနတာမေရီကိုပဲကျေးဇူးတင်ရမယ်။ မိသားစုထဲမှာသမီးကိုအနွေးထွေးဆုံးဆက်ဆံပေးတာကြီးကြီးရယ်ဖေဖေရယ်ပဲရှိတယ်။ "
ကြီးကြီး : " အဲ့လိုမပြောရဘူးလေ။ သမီးကိုကိုရောမေမေရောကသမီးကိုချစ်ကြပါတယ်။ သူတို့မချစ်ပြတတ်လို့သာ "
လီလီ : "ကိုကြီး အင်းး ဟုတ်တာပဲ။ သူလဲရှိသေးတယ်။ ဟင် ဟိုမှာဘယ်သူလဲကြီးကြီး"
"ဒေါ်လေး ဒေါ်လေး"
ကြီးကြီးနဲ့လီလီတို့ကလသာဆောင်မှလသာနေလို့သာသူမကိုတွေ့ရခြင်းဖြစ်သည်။ သူမသည်လသာလွန်း၍အရိပ်ကျသောသစ်ပင်အရိပ်တွင်ပုန်းနေသောကြောင့်ကြီးကြီးမမြင်ဘူးလို့ထင်ပေမယ့်
ကြီးကြီး: "မခိုင်? ညကြီးမိုးချုပ်ဘာကိစ္စရှိလို့လဲ"
မိစိုးအမေ: "ဒေါ်လေးရှင်းပြဖို့အချိန်သိပ်မရှိဘူး။ သမီးလေးလီလီအဒေါ်ဆီကိုလာ။ ခဏနေကျရင်ပြသာနာတွေကားနဲ့လာလိမ့်မယ်ဒေါ်လေး။ သူများတွေမေးရင်လီလီဒီကိုမရောက်လာဘူးလို့ပဲဖြေနော် "
ကြီးကြီး : " သမီးဒီကနေပဲအောက်ဆင်း။ လှေကားရှိတယ်။ နည်းနည်းတော့ဆွေးနေပေမယ့်သမီးကိုယ်လုံးနဲ့ရတယ်။ ကြီးကြီးလဲမကောင်းတဲ့ကိစ္စတွေဖြစ်မယ်လို့ထင်တယ်။ ကဲ သွားတော့"
လီလီ : "ခဏနေပါဦး။ သမီးအခုအခြေအနေကိုနားမလည်ဘူးဖြစ်နေတယ်။ "
ကြီးကြီး : "နားမလည်စရာမလိုဘူး။ ဪ ဒီမှာ ရေဘူးယူသွား။ အရင်အောက်ဆင်းလိုက်။ ကြီးကြီးအပေါ်ကပစ်ချပေးမယ်"
ဆွေးနေတဲ့သစ်သားလှေကားကိုမယုံကြည်တာမို့ကိုယ်ကိုဖော့ အသက်ကိုအောင့်ပြီးအောက်သို့ဖြည်းဖြည်းချင်းဆင်းလိုက်သည်။ ကြီးကြီးရေဘူးပစ်ချပြီးတဲ့အချိန်တွင်အိမ်ရှေ့တွေကားရပ်သံများကိုကြားလိုက်သည်။
မိစိုးအမေ : "လာ သမီးလာ။ အခုတောင်ရောက်နေပြီထင်တယ်။ အဒေါ်အိမ်မှာဆိုမလုံခြုံလောက်ဘူး။ သမီးဒီပုံလေးခဏလောက်ဝင်နေလိုက်။ လျှော်ရမယ့်အဝတ်တွေမို့လို့နည်းနည်းတော့နံမယ်နော်သမီး "
လီလီ : "ရပါတယ်အဒေါ်ရဲ့။ ဒါပေမယ့်အခုဘာဖြစ်နေလဲဆိုတာလေးပြောပြပါလား "
မိစိုးအမေ : "အဒေါ်အဝတ်တွေနဲ့ဖုံးလိုက်တော့မယ်နော် "
မိစိုးရဲ့အမေမှာပြန်ဖြေချိန်တောင်မယူပဲအဝတ်တွေကိုသာသိမ်းကြုံးထည့်နေသည်။ အဝတ်ေတွကအရမ်းမများပေမယ့်ပုံကြီးထဲမှာပိတ်လှောင်နေသလိုဖြစ်၍အသက်ရှုရကြပ်လာသည်။ ထိုစဉ်မိစိုးနဲ့မိစိုးအေမတို့ရဲ့ရန်ဖြစ်သံကိုရုတ်တရပ်ကြားလိုက်သည်။
မိစိုး : "အမေ လီလီကိုတွေ့လိုက်တယ်မလား။ သူဘယ်ကိုသွားလဲ "
မိစိုးအမေ : "ဘာတွေလုပ်နေတာလဲသမီးရယ်
။ လီလီတို့မိသားစုကအမေတို့အပေါ်ဘယ်လောက်တောင်ကောင်းခဲ့လဲ။ မင်းကိုဒီလိုမျိုးကျောင်းထားနိုင်အောင် အမေအိမ်မှာအေးဆေးနေရအောင် ဘာမှမမလုပ်တတ်တဲ့မင်းရဲ့အစ်မကိုတဣသိုလ်တက်ဖို့ေရာ အလုပ်ရအောင်ေရာလုပ်ပေးထားတာလေ။ ဒင်းဒီလိုကျေးဇူးကန်းလို့မဖြစ်ဘူး"
မိစိုး : "အမေ့ကိုလီလီဘယ်သွားလဲဆိုတာပဲမေးတာ။ အဲ့တာပဲဖြေ။ အရှေ့မှာသူငယ်ချင်းတွေစောင့်နေတယ်။ "
မိစိုးအမေ : "မင်းအဖေဆီကလူတွေခေါ်ထားမှန်းအမေသိတယ်။ ခုနကပဲမင်းအဖေဖုန်းဆက်လာတာ။ မင်းဘာတွေလုပ်နေတာလဲ။ သူအမေတို့ကိုဘာတွေလုပ်ထားခဲ့တယ်ဆိုမေ့သွားပြီလား။ မိမိစိုး မင်းဘယ်လိုဖြစ်နေတာလဲ။ ငါတို့ကိုဒုက္ခတွေပေးထားတဲ့သူဆီကနေငါတို့အေပါ်ကျေးဇူးရှိတဲ့သူတွေကိုသတ်ဖို့လူငှားတာတဲ့လား "
မိစိုး : "သူများတွေကြားမှာမျက်နှာငယ်ရတဲ့ခံစားချက်ကိုအေမသိလား။ မိစိုးလေးကလီလီတို့မိသားစုကြောင့်အဆင်ပြေလာတာလေလို့ပြောကြတာကိုအမေလဲကြားတယ်မလား။ ကိုယ့်ဘာသာကိုအရည်အချင်းရှိရင်တောင်လီလီကြောင့်ပိုတော်သွားတာ။ အားလံုးကကလီလီကြောင့် လီလီေကြာင့်လို့ပဲပြောနေတာ။ အဲ့တာတွေအမေသိလား "
သူမရဲ့အမေကိုလှမ်းတွန်းလိုက်သောကြောင့်လီလီပုန်းနေတဲ့အဝတ်ပုံးကိုတစ်ချက်တိုက်သွားသည်။ လီလီမှာတော့အသက်တောင်မရှုရဲ။ နောက်တော့မိစိုးအပြင်ထွက်သွားတဲ့ခြေသံများကြားပြီနောက်အဒေါ်ကအဝတ်တွေထုတ်ကာလီလီ့ကိုအပြင်ထုတ်ကာ
မိစိုးအမေ : "သူကတော့အိမ်မှာတောင်မအိပ်ပဲသွားပြီ။ သူ့လူတွေကျန်ခဲ့တယ်။ သမီးကိုအန်တီ့ကိုသမီးကြီးဆီသွားထားမယ်။ ကြည့်ရတာသူ့လူတွေကိုသမီးတို့အိမ်ကိုစောင့်ကြည့်ထားဖို့ပြောထားတဲ့ပုံပဲ။ အန်တီလိုက်ပို့ပေးမယ် လာ "
လီလီ : "အန်တီလိုက်ပို့ရင်သူတို့လူတွေသမီးကိုတွေ့သွားလိမ့်မယ်။ မတွေ့ရင်တောင်လမ်းကcctvတွေကိုကြည့်ပြီးသမီးကိုမိသွားလိမ့်မယ်။ အခုကြီးကြီးရောအဆင်ပြေရဲ့လားမသိဘူး။ သူတို့တွေခြိမ်းခြောက်နေမလားမပြောတတ်ဘူးအန်တီရယ်။ ကြီးကြီးကိုပဲဂရုစိုက်ပေးပါ။ အန်တီ့သမီးကြီးကရောစိတ်ချရပါ့မလား "
မိစိုးအမေ : "တကယ်တော့လေမိစိုးသူ့အဖေဆီကလူခေါ်ထားမှန်းကိုသူ့ဆီကသိတာ။ မိစိုးရဲ့အဖေရဲ့ဖုန်းနံပါတ်အန်တီ့ဆီမှာတောင်မရှိဘူး။ အဲ့တာတွေအရေးမကြီးပါဘူးကွယ်။ သမီးကြီးကမော်လမြိုင်က Oceanမှာ အတွင်းရေးမှူးလုပ်နေတာ။ သူနေတဲ့တိုက်ခန်းကလေ အဲ့ဒီကုန်တိုက်နားမှာပဲ ဟို Englishစာလုံးတွေနဲ့ပဲ အန်တီမမှတ်မိတော့ဘူးကွယ်။ သမီးကြီးရဲ့ဖုန်းနံပါတ်ပဲယူလိုက်တော့သမီးရယ်။ဖုန်းနံပါတ်ကလေ 097 "
မိစိုး : "အမေ မေရေ ဘယ်ရောက်သွားလဲ"
မိစိုးအမေ: "ဟယ် သူဘယ်လိုလုပ်ပြန်ရောက်နေတာပါလိမ့်။ သမီးဆိုင်ကယ်မောင်းတတ်တယ်မလား။ မော်လမြိုင်ကိုအရင်သွားနှင့်လိုက်။ အန်တီသူ့ကိုဖုန်းဆက်ထားလိုက်မယ်။ သွားတော့ အမေအနောက်မှာသမီးရေ"
လီလီမှာပြန်တောင်မဖြေတော့ပဲစက်နှိုးကာမော်လမြိုင်ဘက်ခြမ်းသို့မောင်းတော့သည်။ သူတို့တွေ့သွားလားတော့မသိပေမယ့်ကားတွေလဲမရှိတော့တာကြောင့်အရှိန်တင်ကာမောင်းလာခဲ့လိုက်သည်။ လီလီကိုကိုကြီးကဆိုင်ကယ်စီးသင်ဖူးပေမယ့်ကြာနေပြီးဖြစ်သောကြောင့်ဆိုင်ကယ်ကိုကြည့်ယုံနှင့်လီလီကအခုမှစမောင်းဖူးသည့်ပုံပေါက်နေပါသည်။ အရင်ကတော့သူများတွေကိုလိုက်ပို့ဖူး၍ဝေးဝေးလံလံသွားဖူးသော်လဲမော်လမြိုင်လောက်အထိတော့မသွားဖူးပေ။ ဆိုင်းဘုတ်တွေကိုသာအကူညီယူကာမြို့တစ်မြို့အထိသွားရတော့မည်ဖြစ်သည်။ မော်လမြိုင်ကအရမ်းမဝေးဘူးလို့ကြားပေမယ့်လီလီအရမ်းတုန်လှုက်ခြောက်ခြားလျက်ရှိသည်။ အိန္ဒုလမ်းစုံသို့ရောက်သောအခါလမ်းပြဆိုင်းဘုတ်ကိုကြည့်ရန်တစ်ချက်ရပ်လိုက်ပြီးဖုန်းကဒ်နှင့်ခြေရာခံလို့ရသောကြောင့်ဖုန်းကဒ်ကိုထုတ်ဖို့စဉ်းစားလိုက်သည်။ အကျီတွေစာရွက်စာတမ်းတွေထည့်လာတဲ့ကျောပိုးအိတ်ကြီးသည်အိမ်မှာကျန်ခဲ့ပြီးလီလီရဲ့ဘေးဆွဲလွယ်တဲ့ပိုက်ဆံအိတ်မှာတော့ဖုန်းရယ်ပိုက်ဆံအနည်းငယ်ပါသည်။ ကြီးကြီးပေးသည့်ရေဘူးပါကောက်ထည့်ထားသည်။ အိမ်ပြန်လာကတည်းကနေမချွတ်သေးရတာကံကောင်းသည်ဟုတွေးနေတုန်းပင်
လီလီ : "ဟာ ဖုန်းဘယ်ရောက်သွားလဲ"
သူမဖုန်းဘေလ်မရှိသဖြင့်ကွမ်းယာဆိုင်ကအဒေါ်တစ်ယောက်ရဲ့ဖုန်းဖြင့်ဖုန်းဆက်ခဲ့သည်။ အခုမှမှတ်မိလိုက်သည်ကသူမဖုန်းကထုံးဘူးနားမှာတင်ထားခဲ့ပြီးလွယ်အိတ်ထဲပြန်မထည့်လိုက်ရသည်ကိုပင်။ ဖုန်းတစ်လုံးပျောက်တာကကိစ္စမရှိပေမယ့်မိစိုးရဲ့အစ်မကိုဘယ်လိုဖုန်းခေါ်ရမည်နည်း။ မမကိုဖုန်းခေါ်ဖို့ကလဲဖုန်းနံပါတ်လဲမမှတ်မိ။ ပြီးတော့လီလီ့ရဲ့wave payထဲတွင်ပိုက်ဆံ3သိန်းလောက်ရှိသည်။ အပြင်မှာတော့အနည်းပဲထုတ်ထားကာကွမ်းယာဆိုင်ကအဒေါ်ကိုပေးလိုက်သည်နှင့်5ထောင်သာကျန်တော့သည်။ ကံသည်ဆိုးပြန်တော့လဲသတ်သေချင်စိတ်ပေါက်အောင်တော်တော်ဆိုးသည်။
တစ်ဖက်တွင်
မိစိုး : "သူ့ဖုန်းကိုခြေရာခံလို့မရသေးဘူးလား"
" သူ့ဖုန်းကနင်တို့တည်းခဲ့တဲ့မြဝတီကဟိုတယ်နားမှာပဲရှိနေတာ။ ဘယ်နှခေါက်စစ်စစ်အဲ့ဒီကနေမရွှေ့ဘူး"
မိစိုး : "အဲ့ဒီကိုလူတွေလွတ်လိုက်လေ "
" လွတ်ပြီးပြီး။ အခြေအနေကိုထည့်စောင့်ကြည့်ရဦးမယ် "
မိစိုး : " ဘာ စောင့်ရဦးမှာလား။ ဒါလူတစ်ယောက်ထွက်ပြေးဖို့လုံလောက်တဲ့အချိန်တွေပဲ။အဲ့လိုအချိန်ဖြန်းနေမယ့်အစား သူ့အိမ်မှာcctvရှိတာပဲလေ။ မြဝတီကနေဘားအံလမ်းတစ်လျှောက်cctvေတွလိုက်စစ်ပါလား "
"ဒီမှာ ဆရာကမင်းကိုလိုအပ်မှသုံးဖို့ပြောထားတာ။ အဲ့ဒါကြောင့်မလိုအပ်တဲ့ကိစ္စတွေမှာစောက်ပါးစပ်ပိတ်ထား။ မင်းထက်ငါတို့ကပိုလုပ်တတ်တယ်"
မိစိုး: "ကိုယ့်ဘာသာကိုအစီအစဉ်ရှိရင်ဘာလို့ငါ့ကိုခေါ်နေသေးလဲ "
" ပြောပြီးသားပဲ။ လိုအပ်မှသုံးဖို့ဆိုနေ "
မိစိုးသူ့ကိုပါးရိုက်ဖို့လက်ရွယ်လိုက်စဉ် ခေါင်းနောက်ကသေနတ်ထောက်ထားတဲ့ခံစားမှုကြောင့်လက်ကိုပြချလိုက်ရသည်။
" ပိုက်ဆံလဲပေးထားမို့လို့ရုတ်ရုတ်မလုပ်ပဲနဲ့ငါတို့မေးတာပဲဖြေ "
မိစိုးအခုမှနောင်တရချင်သလိုဖြစ်သွားသည်။ ပြန်နောက်ဆုတ်လို့မရသည့်လမ်းကိုရွေးခံတာမို့လို့အဆုံးထိလျှောက်သွားဖို့ပဲဆုံးဖြတ်လိုက်သည်။
-
-
-
-
-
-
-
-
ကိုကျော် : " ငါအဲ့ဒီလူကိုမသိဘူး။ အမြဲတမ်းမျက်နှာဖုံးဝတ်လာတာ။ သူငါ့ကိုလာပေးတာ။ ငါကဘာမှန်းတောင်မသိဘူး။ ဒါပေမယ့ဒါကိုအကျိုးရှိရှိသုံးတတ်ရင်နင့်ကိုပိုင်ဆိုင်ရလိမ့်မယ်လို့ပြောလို့ "
ခင် : "ငါတကယ်အဲ့ကောင်ကိုစိတ်မရှည်တော့ဘူး။ "
ခင်ရဲ့အဖေ : "အစကတည်းကရဲလက်ထဲအပ်ဖို့မစဉ်းစားထားပေမယ့်အခုရဲလက်ထဲအပ်လိုက်တော့မယ်။ လူကြီးပိုင်းကိစ္စကအဖေဖြေရှင်းလို့ရမယ်လို့ထင်တယ်။ အဓိကကသော့တွေပြန်ရောက်လာပြီလေ "
ကုဗတုံးတွေကိုကြိုးဖြင့်ချိတ်ပြီးတစ်ချွင်ချွင်မြည်နေသောသော့ကုဗတုံးတွေကိုလှုပ်ရမ်းကာပြောလာသည်။
ခင် : "အဖေ့ကိစ္စပြီးပြီးဆိုသွားပါတော့။ သမီးတို့ကိစ္စရှင်းစရာရှိတယ်။ "
ခင့်အဖေ : " hold on sweetie. အဖေရဲ့ယောက္ခမတွေပါလာတယ်လို့ကြားတယ်။ နှုတ်ဆက်ရမှာပေါ့။ အဖေတို့စားနေကျဆိုင်မှာညစာစားဖို့ပြောလိုက်မယ်။ နာရီဝက်လောက်ေပြာပြီးရင်လာခဲ့တော့"
ခင်မျက်မှောက်ကြုတ်ကာကိုေစာခဲကိုကြည့်လိုက်သည်။ ကိုကြီးကပြောပြထားတယ်နှင့်တူသည်။ သို့သော်လဲမမှားပေမယ့်။ လီလီ့ကိုလက်ထပ်ယူရင်လဲဘယ်လိုပဲဖြစ်ဖြစ်အဖေအတွက်ယောက္ခမဖြစ်ရမယ့်သူတွေပဲမဟုတ်ပါလား။
ခင် : "သမီးလဲမကြာပါဘူး။ see ya there"
ခင့်ရဲ့အဖေထွက်သွားတာနဲ့ခင်ကိုကျော်ရဲ့လည်ပင်းကိုလက်တစ်ဖက်နှင့်အတင်းညစ်ကာမေးလိုက်သည်။
ခင် : " ငါ့ရဲ့ကလေး ဘယ်နားမှာလဲ"
ကိုကျော် : "ခင်လေး လွတ်။ ငါအသက်ရှုလို့မရဘူး။ "
ကိုကျော်ခဗျာမျက်နှာများနီရဲပြီးအေကြာများေထာင်လာကာသူ့လက်နှစ်ဖက်နှင့်ခင်ရဲ့လက်တစ်ဖက်ကိုတွန်းထုတ်နေသော်လည်းမရပေ။ ခင်ကgymတွေသွားဖြစ်တယ်ဆိုတာထက်အေဖဘက်မျိုးရိုးလိုက်ေသာေကြာင့်သူမရဲ့လက်ကကျန်တဲ့နေရာတွေထက်အလွန်အားသန်သည်။ အထူးသဖြင့်ဒေါသထွက်နေလျှင်သူမကိုဘယ်လိုမှတားလို့မရ။ သူမဆံပင်ချီထားတဲ့ခေါင်စည်းကြိုးလေးကရုတ်တရပ်ပျက်သွားသောကြောင့်သူမရဲ့ဆံပင်ကဖြာကျလာပြီးပျက်သွားတဲ့ခေါင်းစည်းကြိုးကကြမ်းပြင်ပေါ်ကိုရောက်သွားတာကိုကြည့်မိပြီးသတိလွတ်သွားတာကြောင့်ကိုကျော်ကခင့်လက်ကေနရုန်းထွက်ကာအသက်ကိုလုရှုနေသည်။ ခင်ကပြုတ်ကျတဲ့ခေါင်းစည်းကြိုးကိုယူပြီးအိတ်ကပ်ထဲပြန်ထည့်ကာကိုကျော်ကိုလှမ်းကြည့်လိုက်သည်။
ခင် : "ငါ အဲ့ဒီအန်ဇာတုံးတွေလဲစိတ်မဝင်စားဘူး။ နင်စိတ်ပူနေတဲ့ကိုစော်ခဲကိုလဲစိတ်မဝင်စားဘူး။ ငါ့ရဲ့ကလေးအခုဘယ်မှာရှိနေလဲဆိုတာပဲသိချင်တယ်။ ကျော်ကြီး ငါနင့်ကိုသတ်ဖို့ဝန်မလေးဘူး "
ကိုကျော် : " ဘာလို့သူတို့မိသားစုကိုမပြောတာလဲ။ သူတို့သမီးအငယ်ဆုံးလေပျောက်နေတာသိရင်သူတို့ဘာသာသူတို့ရှာပါစေလေ။ နင်နဲ့ရော ငါနဲ့ရောဆိုင်လို့လား "
ခင်ခုနကအတိုင်းလည်ပင်းကိုညစ်ကာ
ခင် : "စကားလမ်းကြောင်းမလွဲနဲ့ခွေးသားလေး။ လီလီဘယ်နားမှာလဲ!!"
သူ့လည်ပင်းရှိခင့်လက်များကိုအားပိုထည့်ကာမေးသောကြောင့်အသံကအလွန်ကျယ်သွားပြီးအပြင်ကလူပါတစ်ချက်တစ်ချက်ကြားသည်။
Advertisement
- In Serial45 Chapters
Last Turn Home
Carly Atwood always remembered the man that used to live in the loft above the barn when she was a little girl. John was her childhood crush, he was the guy she wrote about in her diary, and when he left her in his army greens, he was the first man she ever cried for. Nine years later, Carly isn't the eleven year-old girl John left behind. She grew up and moved on with her life, taking over the Atwood Ranch following her father's death. John isn't the man he used to be either; physically and emotionally scarred following his last deployment in Afghanistan, John is returning to the only place he ever called home, back to the loft above the barn and to the pretty blonde girl that's been holding onto his dog tags for all these years.-----Title inspired by the song of the same name by Tim McGraw.
8 127 - In Serial18 Chapters
The One Called Everfrost (Hiatus)
. A 19 years old found himself reincarnated into a noble family in a fantasy world. At the age of 7, he discovered he have water attribute with S+ rank during the coming of age ceremony... however, unfortunately the Bloodfallen are a family with greatest Fire mage ancestry in the Kingdom, no - in the whole continent. Cassius who can't use fire magic was thrown into an underground space surrounded by cages, abandoned as a disappointment by his new family. Before Reading Know that: BL/YAOI MC IS GAY. MC AND HIS LOVE INTERESTS WILL DO STH ROMANTIC GAYFULLY
8 172 - In Serial60 Chapters
Speak (Bakugou Katsuki x Reader)
[Soulmate!AU-In which the first words your soulmate ever speaks to you are written on your body]Your admittance to U.A seemed like a blessing from above, but you find yourself having conflicted feelings when you discover that your soulmate is violent, cruel, and seemingly incapable of love.
8 231 - In Serial52 Chapters
Darkling
Clara is restarting life. Unwillingly, when her father decides to move from good old New York City to isolated Ilea.Clara is EtherealIlea is a kingdom.And 'Arcane High' is her new school.Except... that school isn't quite for humans. It has some students that are supernatural.Then comes Callum.The mystery no one has been able to solve. The boy with multiple powers yet nothing to go by. Because no one knows what he is.Callum is a DarklingBeing drawn to someone or something can be extremely dangerous. Because curiosity killed the cat. But what do they say?Satisfaction brought it back......ALL RIGHTS RESERVEDDON'T STEAL MY BOOK ISTG I'LL SUE YOU
8 250 - In Serial51 Chapters
Books, Tattoos & Other Inky Things
When aspiring writer Nella has a wild night, her hook-up with the sexy and tattooed Baz turns into a wild goose chase when she realizes she lent her only handwritten copy of her first novel to him - and it's gone missing. ******Grad student Nella has always been overly cautious, but after meeting the charismatic tattoo artist Baz, she can't resist hopping into bed with him for a night of passion. The next morning, she's shocked to remember she loaned him the manuscript of her first novel, forcing them to reconnect so she can get it back. There's just one problem: Baz tells her the manuscript has gone missing. Forced to team up with Baz to investigate who took it, she soon finds herself catching feels instead of culprits. Can Nella trust the mysterious Baz, who remains guarded about his past? Will they be able to recover what was lost, and turn their tension into something more? Or is she living in a fantasy just as magical as her manuscript?2021 Wattys Winner--RomanceContent warning: This story contains mature sexual content and themes of alcohol abuse and emotionally manipulative relationships.
8 556 - In Serial44 Chapters
| His Secretary | KTH ✔️
She is a little childishness to his maturity.He is a little stability to her randomness.••••••••••••••••••••••••••••••••••••••••••••••••••••••She is a whole gallon of gossips.He is a whole statue of calmness.••••••••••••••••••••••••••••••••••••••••••••••••••••••He hates chaotic people until it's Miss Lee y/n.She despise rude people until it's Mr Kim Taehyung.••••••••••••••••••••••••••••••••••••••••••••••••••••••Together, they are the missing piece of puzzle in each others life.••••••••••••••••••••••••••••••••••••••••••••••••••••••..I hope you all will like this story 💜❤️
8 188

