《My Jewel [ Complete ]》Part 6
Advertisement
စားေသာက္ဆိုင္၏ ၾကမ္းျပင္ေပၚသို႔ေမ့လဲက်သြားသည့္ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔မွာအလြန္အပင္ထိတ္လန္႔သြားရကာ အေျပးသြားကာဒူးေထာက္လိုက္ၿပီး ဝမ္ရိေပၚအားရင္ခြင္ထဲသို႔ဆြဲမယူလိုက္ေလသည္။
"ရိေပၚ! ရိေပၚ သတိထားဦးေလ!"
"ကယ္ၾကပါဦး ရိေပၚကိုေခၚမရေတာ့ဘူး ေဆးရံုကား ေက်းဇူးျပဳၿပီး ေဆးရံုကားေခၚေပးၾကပါ"
ပါးျပင္သို႔အသာအယာပုတ္ကာႏိႈးေနေသာ္လည္း တုန္႔ျပန္မႈမေပးလာသည့္ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔၏မ်က္ဝန္းအိမ္မွ မ်က္ရည္မ်ားမွာ ဆက္တိုက္ဆိုသလို က်ဆင္းလာၿပီး ေျခမကိုင္မိလက္မကိုင္မိျဖင့္ ပတ္ဝန္းက်င္႐ွိလူမ်ားကို လွမ္းၾကည့္ကာ အကူအညီေတာင္းေနေတာ့သည္။
ထိုအခါမွ ခုနက႐ုန္းရင္းဆန္ခတ္အေျခအေနကို ဒီအတိုင္းရပ္ကာၾကည့္ေနခဲ့ၾကသည့္သူမ်ားမွာလည္း လႈပ္လႈပ္႐ွား႐ွားျဖစ္လာၾကၿပီး အေရးေပၚကားေခၚၾကရေတာ့ေလသည္။
-------------------------
လူနာတင္ယာဥ္ေပၚတြင္ ဝမ္ရိေပၚ၏လက္ကိုတစ္ခ်ိန္လံုးကိုင္ထားခဲ့သည့္ ေ႐ွာင္းက်န္႔က အငိုလည္းမရပ္တန္႔ခဲ့ေပ။
ေဆးရံုေရာက္သည့္အခါ ဆရာဝန္ေတြစစ္ေဆးေနခ်ိန္ ေ႐ွာင္းက်န္႔မွာအခန္းအျပင္ဘက္တြင္ ဂဏာမၿငိမ္ျဖင့္ေစာင့္ေနခဲ့သည္။ ခဏအၾကာတြင္ မင္းသား Sean Xiao တစ္ေယာက္ေဆးရံုသို႔ေရာက္လာသည္ဟူသည့္သတင္းမွာ ပ်ံ႕ႏွံ႔သြားသည့္အခါ ေ႐ွာင္းက်န္႔႐ွိရာသို႔ ေဆးရံုထဲမွ လူအမ်ားစုျပံဳေရာက္လာၾကသျဖင့္ သက္ေတာ္ေစာင့္မ်ားလည္းပါမလာသျဖင့္ ေနာက္ဆံုးေတာ့ ဝမ္ရိေပၚကိုကူသမႈလုပ္ေနသည့္အခန္းထဲသို႔သာ ဆရာဝန္မ်ားမွာ ေ႐ွာင္းက်န္႔ကိုထည့္ထားလိုက္ရသည္။
လိုအပ္သည့္စမ္းသပ္စစ္ေဆးမႈမ်ားလုပ္ၿပီးသည္အခါ အခန္းထဲမွ ဆရာဝန္ျပန္ထြက္မသြားခင္ ေ႐ွာင္းက်န္႔တစ္ေယာက္သိခ်င္သည္မ်ားကိုေမးေတာ့သည္။
"ဆရာ ရိေပၚက ဘာျဖစ္တာလဲဟင္? စိုးရိမ္ရလားဆရာ? ဘယ္ေတာ့သတိျပန္ရမလဲမသိဘူး"
"လူနာက သတိမလစ္ခင္ ေဒါသေတြႀကီးေနခဲ့တယ္လို႔ေျပာခဲ့တယ္ေနာ္"
"ဟုတ္ပါတယ္ ဆရာ"
"တကယ္ေတာ့ လူနာက shock ရသြားတာပါ"
"shock..shock ရတယ္ဟုတ္လား?"
"ဟုတ္တယ္။ တစ္ခါတစ္ေလ လူေတြက ထင္မွတ္မထားတဲ့အရာမ်ိဳးကိုၾကံဳလိုက္ရခ်ိန္ ဒါမွမဟုတ္ လက္ေတြ႔အေျခအေနတစ္ခုကို သူတို႔စိတ္ကလံုးဝလက္မခံႏိုင္ဘဲ အျပင္းအထန္ဆန္႔က်င္ခ်င္ေနတဲ့အခါမ်ိဳးေတြမွာ အခုလိုပဲ shock ရတတ္ပါတယ္"
ဆရာဝန္၏စကားေၾကာင့္ ေ႐ွာင္းက်န္႔တစ္ေယာက္အရမ္းကို႐ႈပ္ေထြးမိသြားရတယ္။
သံုးႏွစ္ေတာင္ေပ်ာက္ေနၿပီးမွ ႐ုတ္တရက္ျပန္ေရာက္လာတဲ့ ရိေပၚကဘာကို shock ရသြားတာလဲ?
ဒါေပမယ့္ ဆက္မေတြးေတာ့ဘဲ ေမးစရာ႐ွိတာကိုထပ္ေမးလုိက္တယ္။
"ဒါဆိုအခုသူ႔အေျခအေနက စိုးရိမ္ရလားဆရာ"
"သိပ္လည္းစိတ္မပူပါနဲ႔။ ကြၽန္ေတာ္တို႔သူ႔ကုိစိတ္ၿငိမ္ေဆးထိုးေပးထားတာမို႔လို႔ စိတ္ပူစရာမွ႐ွိေတာ့ပါဘူး"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဆရာ"
"ဒါေပမယ့္လူနာက အားအရမ္းနည္းေနတယ္။ ၾကည့္ရတာသူရက္ဆက္အိပ္ေရးပ်က္ထားသလို အစားလည္းေကာင္းေကာင္းမစားဘူးထင္တယ္"
"ရိေပၚကေလ အားနည္းေနတယ္ဟုတ္လား?"
"အဲဒါေၾကာင့္ အားေဆးနဲ႔အိပ္ေဆးလည္းထိုးေပးထားတာမလို႔ တစ္ရက္အတြင္း သူသတိမရလာႏိုင္ဘူး။ သူကအခုျပည့္ျပည့္ဝဝ အနားယူဖို႔လိုအပ္ေနတယ္"
"ဟုတ္ကဲ့ပါ"
"အဲဒါဆုိ ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး"
"ဟုတ္ကဲ့"
"ဪ..ဒါနဲ႔ လူနာက ဒီအတိုင္းအိပ္ပဲအိပ္ေနမွာဆိုေတာ့ အနားမွာတကူးတက ထိုင္ေစာင့္မေနလည္းရတယ္"
"ဟုတ္ နားလည္ပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္ေသခ်ာေပါက္ ေစာင့္မွျဖစ္မယ္"
"အဲဒါကေတာ့ လူနာ႐ွင္ရဲ႕သေဘာပါပဲ"
အခန္းထဲမွဆရာဝန္ထြက္သြားသည့္အခါ ေ႐ွာင္းက်န္႔မွာ ဝမ္ရိေပၚလွဲေနရာ ကုတင္ေဘးတြင္ဝင္ထိုင္လိုက္ၿပီး လက္ဖဝါးႀကီးတစ္ဖက္အား အသာအယာေလးဆုပ္ကိုင္လိုက္ေလသည္။
ဒီလက္ဖဝါးျပင္က်ယ္ႀကီးက ဘဝတစ္သက္စာ သူဖမ္းဆုပ္ထားခ်င္တဲ့လက္တစ္ဖက္ဆိုတာ ကာကယံ႐ွင္ကေတာ့သိႏိုင္မည္မထင္။
က်န္လက္ျဖင့္အိပ္ေပ်ာ္ေနသည့္ မ်က္ႏွာထက္ပြတ္သတ္ေပးေနသည္မွာ ႏူးညံ့ျငင္သာလြန္းေနခဲ့သည္။
တကယ္ပဲဘာျဖစ္လို႔ အဲဒီေလာက္ေတာင္ေဒါသႀကီးခဲ့ရတာလဲ ရိေပၚရယ္။
အခုမွသူေသခ်ာသတိထားမိတယ္။ ရိေပၚကအရင္ေလာက္အသားမျဖဴေတာ့ဘဲ ပိန္လည္းေတာ္ေတာ္ပိန္သြားတာပဲ။ ဒီအေတာအတြင္း ဘယ္ေတြေရာက္ၿပီး ဘာေတြလုပ္ေနခဲ့လို႔ အခုလိုပံုျဖစ္ေနရတာလဲဆိုတာ ေ႐ွာင္းက်န္႔တကယ္ပဲမေတြးတတ္ေတာ့ဘူး။
ဒီလုိပံုကိုျမင္ေနရတာ သူရင္ေတြနာလုိက္တာ...
ခဏအၾကာတြင္ေတာ့ ေ႐ွာင္းက်န္႔၏မန္ေနဂ်ာႏွင့္ သက္ေတာ္ေစာင္ျမ်ားမွာ ေဆးရံုသို႔ေရာက္႐ွိလာၾကေတာ့သည္။
"ဘယ္လိုျဖစ္တာလဲ က်န္႔က်န္႔ေရ စိတ္ပူလိုက္ရတာ။ ခ်က္ခ်င္းလိုက္လာမလို႔ေပမယ့္ ႐ိုက္ကူးေရးကအပ်က္အစီးေတြေၾကာင့္ ၾကာသြားရတာ။ ဒါနဲ႔ သူကဘယ္သူလဲ ဘာလုိ႔မင္းကို လူၾကားထဲမွာအတင္းဆြဲနမ္းရတာလဲ? ေနာက္ၿပီး က်န္႔က်န္႔ကေရာ ႐ိုက္ကူးေရးကိုေတာင္ျပစ္ၿပီး ဘာလုိ႔သူ႔ကိုအဲဒီေလာက္ဂ႐ုစိုက္ေနရတာလဲ?"
အခန္းထဲသို႔ဝင္လာသည္ႏွင့္ မန္ေနဂ်ာက်ီေဟာက္မွာ ဆက္တိုက္ဆုိသလို ေမးခြန္းေတြေမးလာေတာ့သည္။
"ကြၽန္ေတာ့္အမ်ိဳးသား"
"အမ်ိဳးသားဆိုေတာ့ ဝမ္..ဝမ္ရိေပၚလား?"
"အင္း"
မ်က္လံုးျပဴးကာေမးလာသည့္ မန္ေနဂ်ာျဖစ္သူကို ေ႐ွာင္းက်န္႔ေခါင္းၿငိမ့္ျပလိုက္မိသည္။
သူ႔ထက္အသက္ဆယ္ႏွစ္ေက်ာ္ႀကီးတဲ့ အကိုက်ီေဟာက္က သူအႏုပညာေလာကထဲ စမဝင္ခင္အခ်ိန္ကတည္းက ဝမ္ပါးခန္႔ေပးထားတဲ့သူတစ္ေယာက္ျဖစ္ၿပီး သူ႔အေပၚမွာအကိုတစ္ေယာက္လိုပဲေစာင့္ေ႐ွာက္ေပးခဲ့သလို သူနဲ႔ရိေပၚအေၾကာင္းကိုလည္း အကုန္သိထားသူတစ္ေယာက္ျဖစ္သည္။
"ေနာက္ဆံုးေတာ့ ျပန္ေရာက္လာၿပီေပါ့။ ဒါေပမယ့္ေနပါဦး အေၾကာင္းမၾကားဘာမၾကားနဲ႔ အခုလိုႀကီးေရာက္ခ်လာၿပီး ႐ိုက္ကြင္းမွာဘာလို႔ေသာင္းက်န္းေနရတာလဲ?"
"ကြၽန္ေတာ္လည္းမသိေတာ့ပါဘူး ေကာရယ္ အရင္ကေျပာဖူးသလိုပဲ ရိေပၚစိတ္ကိုေတာ္ယံုလူမခန္႔မွန္းႏိုင္ပါဘူးဆို"
"ငါ့အျမင္ေျပာရရင္ေတာ့ မင္းေယာက္်ားရဲ႕ခုနပံုက မင္းသ႐ုပ္ေဆာင္လုပ္ေနတာကိုမႀကိဳက္ဘူးထင္တယ္"
သူ႔စကားကို ေခါင္းတစ္ခ်က္ခ်င္းၿငိမ့္ကာနားေထာင္ေနတဲ့ က်ီေဟာက္ေကာက ေတြးေတြးစစပံုနဲ႔ေျပာလာတာမို႔ ေ႐ွာင္းက်န္႔ဝမ္းနည္းမိသြားတယ္။ တကယ္ပဲသူဒီအလုပ္လုပ္မိတာ မွားသြားၿပီလားမသိဘူး။
"ေနာက္ၿပီး စားေသာက္ဆိုင္မွာတုန္းကေတြ႔လိုက္ရတဲ့ သူ႔အၾကည့္ေတြက ေတာ္ေတာ္မနာလိုျဖစ္ေနပံုရတယ္"
"ရိေပၚက မနာလိုျဖစ္တယ္ ဟုတ္လား? မျဖစ္ႏိုင္ဘူး။ ရိေပၚကဒီေလာက္ျပည့္စံုၿပီးသားကို ဘာလုိ႔ကြၽန္ေတာ့္ကိုမနာလိုရမွာလဲ?"
"က်စ္! က်န္႔က်န္႔ရာ မင္းကလည္းတံုးျပန္ၿပီ။ ေကာေျပာတာက သူကမင္းကိုတျခားသူနဲ႔တြဲေတြ႔ရတာကို မနာလိုျဖစ္ေနတယ္လို႔ေျပာတာ"
"ဟုတ္..ဟုတ္ပါ့မလား ေကာရယ္"
"မဟုတ္ရင္ လူၾကားထဲမွာမင္းကိုဆြဲနမ္းပါ့မလား? အဲဒီလိုလုပ္ျပတာက သူကမင္းအပိုင္ဆိုတဲ့သေဘာကို အားလံုးကိုျပခ်င္တာမဟုတ္ဘူးလား?"
က်ီေဟာက္၏စကားမ်ားကို ေ႐ွာင္းက်န္႔တစ္ေယာက္ မ်က္ေတာင္တျဖတ္ျဖတ္ခတ္ရင္း နားေထာင္ေနသည့္ပံုမွာ လြန္စြာစိတ္လႈပ္႐ွားေနမွန္းသိသာေနသည္။
"က်န္႔က်န္႔ေကာကိုေျပာျပဖူးတာေတြကို ေသခ်ာျပန္စဥ္းစားၾကည့္လိုက္ေတာ့ ဝမ္ရိေပၚလိုအားလံုးျပည့္စံုေနတဲ့သူက က်န္႔က်န္႔ကိုတစ္ခ်က္ေတာင္မျငင္းဘဲ လက္ထပ္ခဲ့တယ္ဆိုကတည္းက ထူးဆန္းတယ္လို႔မထင္ဘူးလား?"
အမွန္ေတာ့ က်ီေဟာက္ေမးသလိုမ်ိဳး ထူးဆန္းတယ္လို႔ေတာ့ ေ႐ွာင္းက်န္႔ကထင္ခဲ့ဖူးတယ္။ ဒါေပမယ့္လည္း ဘာကထူးဆန္းေနတာလဲဆိုတာက် သူေသခ်ာမသိျပန္ဘူး။
"ေနာက္ၿပီး မင္းတို႔ႏွစ္ေယာက္က လင္မယားအရာလည္းေျမာက္ၿပီးၾကၿပီဆို"
ခပ္တိုးတိုးအနားကပ္ေျပာလာတဲ့ က်ီေဟာက္၏စကားေၾကာင့္ ေ႐ွာင္းက်န္႔၏နားရြက္ဖ်ားေလးေတြမွာ သိသိသာသာရဲတက္လာခဲ့ေလသည္။
သူကရိေပၚနဲ႔သူ႔အေၾကာင္းေတြရယ္ သူရိေပၚကိုခ်စ္ခဲ့တာေတြရယ္ကို က်ီေဟာက္ေကာကို ရင္ဖြင့္ခဲ့ဖူးတာမို႔ ေကာကအခုလိုအကုန္သိေနရျခင္းျဖစ္တယ္။
"ဘယ္သူကကိုယ္မခ်စ္တဲ့သူနဲ႔ ပိုဆိုးတာကအဲဒါကလည္း ေယာက္်ားေလးဆိုရင္ အဲဒီလိုအတူေနမလဲ?"
က်ီေဟာက္ေကာရဲ႕စကားေတြကို စိတ္ထဲကအမွန္ျဖစ္ေစခ်င္ေပမယ့္လည္း ေ႐ွာင္းက်န္႔ကအရင္ကသူ႔ပံုစံကုိျပန္ျမင္ေယာင္လာသည့္အခါ မျဖစ္ႏိုင္ဟုသာထင္မိေလသည္။
"မျဖစ္ႏိုင္ပါဘူး ေကာရယ္။ ရိေပၚက မိဘေတြဆႏၵကို မျငင္းဆန္ခ်င္လို႔သာ ကြၽန္ေတာ္နဲ႔လက္ထပ္ခဲ့ရတာပါ။ ေနာက္ၿပီး သူ႔ပံုစံကအျမဲတမ္း ေအးစက္စက္နဲ႔ စကားေတာင္ေသခ်ာေျပာတာမဟုတ္ဘူး"
"အင္း အဲဒါဆိုရင္ေတာ့ ေကာလည္းမသိေတာ့ဘူး။"
ေ႐ွာင္းက်န္႔အေျပာေၾကာင့္ က်ီေဟာက္တစ္ေယာက္ မေရရာေတာ့သည့္ဟန္ေျပာလာေတာ့သည္။
Advertisement
"တစ္ခုေတာ့ေကာေျပာခ်င္တယ္။ ဒီအတိုင္းမပြင့္မလင္းနဲ႔ မ်ိဳသိပ္မေနဘဲ က်န္႔က်န္႔ကသူႏိုးလာရင္ေမးၾကည့္လိုက္ပါလား?"
"ေမးမေနနဲ႔ ေရာ့ ဒီစာအုပ္ကုိသာဖတ္ၾကည့္လိုက္ သားက်န္႔သိခ်င္တာမွန္သမ်ွသိရလိမ့္မယ္"
"ပါးေရာက္လာတယ္"
ေဆးရံုခန္းထဲသို႔ဝင္လာကာ လက္ထဲသို႔စာအုပ္ႏွစ္အုပ္ကိုလာထည့္ေနသည့္ ဝမ္ပါးေၾကာင့္ေ႐ွာင္းက်န္႔ေမးလိုက္မိတာျဖစ္တယ္။
"ဟုတ္တယ္ ရိေပၚကအိမ္ေရာက္ေတာ့သားကိုမေတြ႕လို႔ ကုမၼဏီမွာလာေသာင္းက်န္းသြားေသးတယ္။ ပါးကအေရးႀကီးအစည္းအေဝး႐ွိေနလို႔ သူ႔ကို႐ိုက္ကြင္းေနရာပဲေျပာျပလိုက္တာကို အခုမွအာဖရိက,ကျပန္ေရာက္လာတဲ့သူက မနားဘဲခ်က္ခ်င္းကို ငါးနာရီၾကာတဲ့ေလယာဥ္ကိုထပ္စီးၿပီး သားေနာက္ကိုလိုက္လာေတာ့တာပဲေလ"
ဟုတ္တယ္ ေ႐ွာင္းက်န္႔အခုေရာက္ေနတဲ့ေနရာက ႐ွန္းဟိုင္းကေနငါးနာရီေက်ာ္ေလယာဥ္စီးၿပီးလာမွ ေရာက္တဲ့ ကမ္းေျခတစ္ခုုျဖစ္တယ္။
တကယ္ပဲရိေပၚက ဘာေတြလုပ္ေနတာလဲဆိုတာ ေ႐ွာင္းက်န္႔မသိေတာ့ဘူး။
ဝမ္မင္ရန္မွာေတာ့ ကုတင္ေပၚမွာလဲေနတဲ့ သူ႔သားကိုတစ္ခ်က္ၾကည့္လို႔ သက္ျပင္းခ်တယ္။
သူ႔သားအက်င့္နဲ႔သာဆို ေ႐ွာင္းက်န္႔ကဘာမွသိမွာမဟုတ္ဘူး။ ရိေပၚဒီေလာက္အထိျဖစ္သြားလိမ့္မယ္မထင္မိခဲ့တဲ့သူက အခုေတာ့ဒီကေလးႏွစ္ေယာက္ကို အခ်ိန္ၾကာခြဲထားခဲ့မိသလိုျဖစ္သြားတာကို နည္းနည္းေတာင္ ေနာင္တရမိသြားတယ္။
_______________________________
(16 Nov 2021)
စားသောက်ဆိုင်၏ ကြမ်းပြင်ပေါ်သို့မေ့လဲကျသွားသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာအလွန်အပင်ထိတ်လန့်သွားရကာ အပြေးသွားကာဒူးထောက်လိုက်ပြီး ဝမ်ရိပေါ်အားရင်ခွင်ထဲသို့ဆွဲမယူလိုက်လေသည်။
"ရိပေါ်! ရိပေါ် သတိထားဦးလေ!"
"ကယ်ကြပါဦး ရိပေါ်ကိုခေါ်မရတော့ဘူး ဆေးရုံကား ကျေးဇူးပြုပြီး ဆေးရုံကားခေါ်ပေးကြပါ"
ပါးပြင်သို့အသာအယာပုတ်ကာနှိုးနေသော်လည်း တုန့်ပြန်မှုမပေးလာသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်၏မျက်ဝန်းအိမ်မှ မျက်ရည်များမှာ ဆက္တိုက္ဆိုသလို ကျဆင်းလာပြီး ခြေမကိုင်မိလက်မကိုင်မိဖြင့် ပတ်ဝန်းကျင်ရှိလူများကို လှမ်းကြည့်ကာ အကူအညီတောင်းနေတော့သည်။
ထိုအခါမွ ခုနကရုန်းရင်းဆန်ခတ်အခြေအနေကို ဒီအတိုင်းရပ်ကာကြည့်နေခဲ့ကြသည့်သူများမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး အရေးပေါ်ကားခေါ်ကြရတော့လေသည်။
-------------------------
လူနာတင်ယာဉ်ပေါ်တွင် ဝမ်ရိပေါ်၏လက်ကိုတစ်ချိန်လုံးကိုင်ထားခဲ့သည့် ရှောင်းကျန့်က အငိုလည်းမရပ်တန့်ခဲ့ပေ။
ဆေးရုံရောက်သည့်အခါ ဆရာဝန်တွေစစ်ဆေးနေချိန် ရှောင်းကျန့်မှာအခန်းအပြင်ဘက်တွင် ဂဏာမငြိမ်ဖြင့်စောင့်နေခဲ့သည်။ ခဏအကြာတွင် မင်းသား Sean Xiao တစ်ယောက်ဆေးရုံသို့ရောက်လာသည်ဟူသည့်သတင်းမှာ ပျံ့နှံ့သွားသည့်အခါ ရှောင်းကျန့်ရှိရာသို့ ဆေးရုံထဲမှ လူအများစုပြုံရောက်လာကြသဖြင့် သက်တော်စောင့်များလည်းပါမလာသဖြင့် နောက်ဆုံးတော့ ဝမ်ရိပေါ်ကိုကူသမှုလုပ်နေသည့်အခန်းထဲသို့သာ ဆရာဝန္မ်ားမွာ ရှောင်းကျန့်ကိုထည့်ထားလိုက်ရသည်။
လိုအပ်သည့်စမ်းသပ်စစ်ဆေးမှုများလုပ်ပြီးသည်အခါ အခန်းထဲမှ ဆရာဝန်ပြန်ထွက်မသွားခင် ရှောင်းကျန့်တစ်ယောက်သိချင်သည်များကိုမေးတော့သည်။
"ဆရာ ရိပေါ်က ဘာဖြစ်တာလဲဟင်? စိုးရိမ်ရလားဆရာ? ဘယ်တော့သတိပြန်ရမလဲမသိဘူး"
"လူနာက သတိမလစ်ခင် ဒေါသတွေကြီးနေခဲ့တယ်လို့ပြောခဲ့တယ်နော်"
"ဟုတ်ပါတယ် ဆရာ"
"တကယ်တော့ လူနာက shock ရသြားတာပါ"
"shock..shock ရတယ်ဟုတ်လား?"
"ဟုတ်တယ်။ တစ်ခါတစ်လေ လူတွေက ထင်မှတ်မထားတဲ့အရာမျိုးကိုကြုံလိုက်ရချိန် ဒါမှမဟုတ် လက်တွေ့အခြေအနေတစ်ခုကို သူတို့စိတ်ကလုံးဝလက်မခံနိုင်ဘဲ အပြင်းအထန်ဆန့်ကျင်ချင်နေတဲ့အခါမျိုးတွေမှာ အခုလိုပဲ shock ရတတ်ပါတယ်"
ဆရာဝန်၏စကားကြောင့် ရှောင်းကျန့်တစ်ယောက်အရမ်းကိုရှုပ်ထွေးမိသွားရတယ်။
သုံးနှစ်တောင်ပျောက်နေပြီးမှ ရုတ်တရက်ပြန်ရောက်လာတဲ့ ရိပေါ်ကဘာကို shock ရသြားတာလဲ?
ဒါပေမယ့် ဆက်မတွေးတော့ဘဲ မေးစရာရှိတာကိုထပ်မေးလိုက်တယ်။
"ဒါဆိုအခုသူ့အခြေအနေက စိုးရိမ်ရလားဆရာ"
"သိပ်လည်းစိတ်မပူပါနဲ့။ ကျွန်တော်တို့သူ့ကိုစိတ်ငြိမ်ဆေးထိုးပေးထားတာမို့လို့ စိတ်ပူစရာမှရှိတော့ပါဘူး"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ"
"ဒါပေမယ့်လူနာက အားအရမ်းနည်းနေတယ်။ ကြည့်ရတာသူရက်ဆက်အိပ်ရေးပျက်ထားသလို အစားလည်းကောင်းကောင်းမစားဘူးထင်တယ်"
"ရိပေါ်ကလေ အားနည်းနေတယ်ဟုတ်လား?"
"အဲဒါကြောင့် အားဆေးနဲ့အိပ်ဆေးလည်းထိုးပေးထားတာမလို့ တစ်ရက်အတွင်း သူသတိမရလာနိုင်ဘူး။ သူကအခုပြည့်ပြည့်ဝဝ အနားယူဖို့လိုအပ်နေတယ်"
"ဟုတ်ကဲ့ပါ"
"အဲဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
"ဪ..ဒါနဲ့ လူနာက ဒီအတိုင်းအိပ်ပဲအိပ်နေမှာဆိုတော့ အနားမွာတကူးတက ထိုင်စောင့်မနေလည်းရတယ်"
"ဟုတ် နားလည်ပါပြီ။ ဒါပေမယ့် ကျွန်တော်သေချာပေါက် စောင့်မှဖြစ်မယ်"
"အဲဒါကေတာ့ လူနာရှင်ရဲ့သဘောပါပဲ"
အခန်းထဲမှဆရာဝန်ထွက်သွားသည့်အခါ ရှောင်းကျန့်မှာ ဝမ်ရိပေါ်လှဲနေရာ ကုတင်ဘေးတွင်ဝင်ထိုင်လိုက်ပြီး လက်ဖဝါးကြီးတစ်ဖက်အား အသာအယာလေးဆုပ်ကိုင်လိုက်လေသည်။
ဒီလက်ဖဝါးပြင်ကျယ်ကြီးက ဘဝတစ္သက္စာ သူဖမ်းဆုပ်ထားချင်တဲ့လက်တစ်ဖက်ဆိုတာ ကာကယံရှင်ကတော့သိနိုင်မည်မထင်။
ကျန်လက်ဖြင့်အိပ်ပျော်နေသည့် မျက်နှာထက်ပွတ်သတ်ပေးနေသည်မှာ နူးညံ့ငြင်သာလွန်းနေခဲ့သည်။
တကယ်ပဲဘာဖြစ်လို့ အဲဒီလောက်တောင်ဒေါသကြီးခဲ့ရတာလဲ ရိပေါ်ရယ်။
အခုမှသူသေချာသတိထားမိတယ်။ ရိပေါ်ကအရင်လောက်အသားမဖြူတော့ဘဲ ပိန်လည်းတော်တော်ပိန်သွားတာပဲ။ ဒီအတောအတွင်း ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေခဲ့လို့ အခုလိုပုံဖြစ်နေရတာလဲဆိုတာ ရှောင်းကျန့်တကယ်ပဲမတွေးတတ်တော့ဘူး။
ဒီလိုပုံကိုမြင်နေရတာ သူရင်တွေနာလိုက်တာ...
ခဏအကြာတွင်တော့ ရှောင်းကျန့်၏မန်နေဂျာနှင့် သက်တော်စောင်မြျားမှာ ဆေးရုံသို့ရောက်ရှိလာကြတော့သည်။
"ဘယ်လိုဖြစ်တာလဲ ကျန့်ကျန့်ရေ စိတ်ပူလိုက်ရတာ။ ချက်ချင်းလိုက်လာမလို့ပေမယ့် ရိုက်ကူးရေးကအပျက်အစီးတွေကြောင့် ကြာသွားရတာ။ ဒါနဲ့ သူကဘယ္သူလဲ ဘာလို့မင်းကို လူကြားထဲမှာအတင်းဆွဲနမ်းရတာလဲ? နောက်ပြီး ကျန့်ကျန့်ကရော ရိုက်ကူးရေးကိုတောင်ပြစ်ပြီး ဘာလို့သူ့ကိုအဲဒီလောက်ဂရုစိုက်နေရတာလဲ?"
အခန်းထဲသို့ဝင်လာသည်နှင့် မန်နေဂျာကျီဟောက်မှာ ဆက်တိုက်ဆိုသလို မေးခွန်းတွေမေးလာတော့သည်။
"ကျွန်တော့်အမျိုးသား"
"အမျိုးသားဆိုတော့ ဝမ်..ဝမ်ရိပေါ်လား?"
"အင်း"
မျက်လုံးပြူးကာမေးလာသည့် မန်နေဂျာဖြစ်သူကို ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်မိသည်။
သူ့ထက်အသက်ဆယ်နှစ်ကျော်ကြီးတဲ့ အကိုကျီဟောက်က သူအနုပညာလောကထဲ စမဝင်ခင်အချိန်ကတည်းက ဝမ်ပါးခန့်ပေးထားတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့အပေါ်မှာအကိုတစ်ယောက်လိုပဲစောင့်ရှောက်ပေးခဲ့သလို သူနဲ့ရိပေါ်အကြောင်းကိုလည်း အကုန်သိထားသူတစ်ယောက်ဖြစ်သည်။
"နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့။ ဒါပေမယ့်နေပါဦး အကြောင်းမကြားဘာမကြားနဲ့ အခုလိုကြီးရောက်ချလာပြီး ရိုက်ကွင်းမှာဘာလို့သောင်းကျန်းနေရတာလဲ?"
"ကျွန်တော်လည်းမသိတော့ပါဘူး ကောရယ် အရင်ကပြောဖူးသလိုပဲ ရိပေါ်စိတ်ကိုတော်ယုံလူမခန့်မှန်းနိုင်ပါဘူးဆို"
"ငါ့အမြင်ပြောရရင်တော့ မင်းယောက်ျားရဲ့ခုနပုံက မင်းသရုပ်ဆောင်လုပ်နေတာကိုမကြိုက်ဘူးထင်တယ်"
သူ့စကားကို ခေါင်းတစ်ချက်ချင်းငြိမ့်ကာနားထောင်နေတဲ့ ကျီဟောက်ကောက တွေးတွေးစစပုံနဲ့ပြောလာတာမို့ ရှောင်းကျန့်ဝမ်းနည်းမိသွားတယ်။ တကယ်ပဲသူဒီအလုပ်လုပ်မိတာ မှားသွားပြီလားမသိဘူး။
"နောက်ပြီး စားသောက်ဆိုင်မှာတုန်းကတွေ့လိုက်ရတဲ့ သူ့အကြည့်တွေက တော်တော်မနာလိုဖြစ်နေပုံရတယ်"
"ရိပေါ်က မနာလိုဖြစ်တယ် ဟုတ္လား? မဖြစ်နိုင်ဘူး။ ရိပေါ်ကဒီလောက်ပြည့်စုံပြီးသားကို ဘာလို့ကျွန်တော့်ကိုမနာလိုရမှာလဲ?"
"ကျစ်! ကျန့်ကျန့်ရာ မင်းကလည်းတုံးပြန်ပြီ။ ကောပြောတာက သူကမင်းကိုတခြားသူနဲ့တွဲတွေ့ရတာကို မနာလိုဖြစ်နေတယ်လို့ပြောတာ"
"ဟုတ်..ဟုတ်ပါ့မလား ကောရယ်"
"မဟုတ်ရင် လူကြားထဲမှာမင်းကိုဆွဲနမ်းပါ့မလား? အဲဒီလိုလုပ်ပြတာက သူကမင်းအပိုင်ဆိုတဲ့သဘောကို အားလုံးကိုပြချင်တာမဟုတ်ဘူးလား?"
ကျီဟောက်၏စကားများကို ရှောင်းကျန့်တစ်ယောက် မျက်တောင်တဖြတ်ဖြတ်ခတ်ရင်း နားထောင်နေသည့်ပုံမှာ လွန်စွာစိတ်လှုပ်ရှားနေမှန်းသိသာနေသည်။
"ကျန့်ကျန့်ကောကိုပြောပြဖူးတာတွေကို သေချာပြန်စဉ်းစားကြည့်လိုက်တော့ ဝမ်ရိပေါ်လိုအားလုံးပြည့်စုံနေတဲ့သူက ကျန့်ကျန့်ကိုတစ်ချက်တောင်မငြင်းဘဲ လက်ထပ်ခဲ့တယ်ဆိုကတည်းက ထူးဆန်းတယ်လို့မထင်ဘူးလား?"
အမှန်တော့ ကျီဟောက်မေးသလိုမျိုး ထူးဆန်းတယ်လို့တော့ ရှောင်းကျန့်ကထင်ခဲ့ဖူးတယ်။ ဒါပေမယ့်လည်း ဘာကထူးဆန်းနေတာလဲဆိုတာကျ သူသေချာမသိပြန်ဘူး။
"နောက်ပြီး မင်းတို့နှစ်ယောက်က လင်မယားအရာလည်းမြောက်ပြီးကြပြီဆို"
ခပ်တိုးတိုးအနားကပ်ပြောလာတဲ့ ကျီဟောက်၏စကားကြောင့် ရှောင်းကျန့်၏နားရွက်ဖျားလေးတွေမှာ သိသိသာသာရဲတက္လာခဲ့လေသည်။
သူကရိပေါ်နဲ့သူ့အကြောင်းတွေရယ် သူရိပေါ်ကိုချစ်ခဲ့တာတွေရယ်ကို ကျီဟောက်ကောကို ရင်ဖွင့်ခဲ့ဖူးတာမို့ ကောကအခုလိုအကုန်သိနေရခြင်းဖြစ်တယ်။
"ဘယ်သူကကိုယ်မချစ်တဲ့သူနဲ့ ပိုဆိုးတာကအဲဒါကလည်း ယောက်ျားလေးဆိုရင် အဲဒီလိုအတူနေမလဲ?"
ကျီဟောက်ကောရဲ့စကားတွေကို စိတ်ထဲကအမှန်ဖြစ်စေချင်ပေမယ့်လည်း ရှောင်းကျန့်ကအရင်ကသူ့ပုံစံကိုပြန်မြင်ယောင်လာသည့်အခါ မဖြစ်နိုင်ဟုသာထင်မိလေသည်။
"မဖြစ်နိုင်ပါဘူး ကောရယ်။ ရိပေါ်က မိဘတွေဆန္ဒကို မငြင်းဆန်ချင်လို့သာ ကျွန်တော်နဲ့လက်ထပ်ခဲ့ရတာပါ။ နောက်ပြီး သူ့ပုံစံကအမြဲတမ်း အေးစက်စက်နဲ့ စကားတောင်သေချာပြောတာမဟုတ်ဘူး"
"အင်း အဲဒါဆိုရင်တော့ ကောလည်းမသိတော့ဘူး။"
ရှောင်းကျန့်အပြောကြောင့် ကျီဟောက်တစ်ယောက် မရေရာတော့သည့်ဟန်ပြောလာတော့သည်။
"တစ်ခုတော့ကောပြောချင်တယ်။ ဒီအတိုင်းမပွင့်မလင်းနဲ့ မျိုသိပ်မနေဘဲ ကျန့်ကျန့်ကသူနိုးလာရင်မေးကြည့်လိုက်ပါလား?"
"မေးမနေနဲ့ ရော့ ဒီစာအုပ်ကိုသာဖတ်ကြည့်လိုက် သားကျန့်သိချင်တာမှန်သမျှသိရလိမ့်မယ်"
"ပါးရောက်လာတယ်"
ဆေးရုံခန်းထဲသို့ဝင်လာကာ လက်ထဲသို့စာအုပ်နှစ်အုပ်ကိုလာထည့်နေသည့် ဝမ်ပါးကြောင့်ရှောင်းကျန့်မေးလိုက်မိတာဖြစ်တယ်။
"ဟုတ်တယ် ရိပေါ်ကအိမ်ရောက်တော့သားကိုမတွေ့လို့ ကုမ္မဏီမှာလာသောင်းကျန်းသွားသေးတယ်။ ပါးကအရေးကြီးအစည်းအဝေးရှိနေလို့ သူ့ကိုရိုက်ကွင်းနေရာပဲပြောပြလိုက်တာကို အခုမွအာဖရိက,ကပြန်ရောက်လာတဲ့သူက မနားဘဲချက်ချင်းကို ငါးနာရီကြာတဲ့လေယာဉ်ကိုထပ်စီးပြီး သားနောက်ကိုလိုက်လာတော့တာပဲလေ"
ဟုတ်တယ် ရှောင်းကျန့်အခုရောက်နေတဲ့နေရာက ရှန်းဟိုင်းကနေငါးနာရီကျော်လေယာဉ်စီးပြီးလာမှ ရောက်တဲ့ ကမ်းခြေတစ်ခုဖြစ်တယ်။
တကယ်ပဲရိပေါ်က ဘာတွေလုပ်နေတာလဲဆိုတာ ရှောင်းကျန့်မသိတော့ဘူး။
ဝမ်မင်ရန်မှာတော့ ကုတင်ပေါ်မှာလဲနေတဲ့ သူ့သားကိုတစ်ချက်ကြည့်လို့ သက်ပြင်းချတယ်။
သူ့သားအကျင့်နဲ့သာဆို ရှောင်းကျန့်ကဘာမှသိမှာမဟုတ်ဘူး။ ရိပေါ်ဒီလောက်အထိဖြစ်သွားလိမ့်မယ်မထင်မိခဲ့တဲ့သူက အခုတော့ဒီကလေးနှစ်ယောက်ကို အချိန်ကြာခွဲထားခဲ့မိသလိုဖြစ်သွားတာကို နည်းနည်းတောင် နောင်တရမိသွားတယ်။
_______________________________
(16 Nov 2021)
Advertisement
- In Serial14 Chapters
Nameless Hypocrite
"Bastard, surrender yourself!" "You think you can escape our encirclement?!" "An omnicidal fiend like you can only atone in death!" Despite his precarious situation, a young man ignored the union's provocations. His violet robe was in tatters, showing the incredible number of attacks he received, yet there was no sign of injury. Noticing the light smile tugging at his lips, the pursuing heroes warily watched him, cautious of a final attack. It was only by working together that they could corner a monster like him. An arrow pierced the air, beelining towards the young man. A malicious gleam revealed itself in his eyes; he unsheathed his sword, a long, curved blade, and deflected the projectile, spiking it into the ground. The archer's eyes widened before being split in two. He died suddenly and indignantly. The group backed away; their former confidence diminished greatly by the invisible counter. It was then that the young man sighed, his voice full of lament and self-pity. "Being a saint truly is difficult, even the world cannot understand my righteous actions." The expressions of the surrounding heroes turned ugly. Such blatant hypocrisy! Yes, the protagonist is a villain. We don't do morals here. New chaps when I write them
8 181 - In Serial24 Chapters
Shadow: Sovereign of Kings
Shadow. It's not a human. It's a black mist-created by mysteries of the universe. Watch as Shadow gained sentience and embarked on the path of cultivation.
8 201 - In Serial8 Chapters
Milky Way (Wuxia/Si-Fi/Space)
-Code08 you were frozen in critical condition in 2016year. As of now its 4078, the world you know no longer exist. The fact that we were able to find you was a miracle, old systems like earth are impossible to reach. The reason for our contact is simple, all planets in Milky Way numbered over 450miliards stars, are cut off from all other Galactic’s surrendering it, reason is unknown.-And you want us to solve this problem?-Hmm it would be good to do so but it’s not really necessary to humanity existences. After 3000y a.d. nearly 99,99%of humanity forsaken Milk Way completely mowing to galaxies filled with reaches many times exceeding these off “Old World”.-So what is a reason?!-For entertainment of course! In every survivor of old world we planted implants inside your skull that will allow us to see using your eyes, and scans of implant will allow us to recreate your surroundings. -And what is so entertaining in observing someone so boring like me? And when did humanity became so cruel as to use each other for entertainment?-I’m sorry you mistaken our intentions. To be more clear, the price of saving you make it impossible for us to help you. The implants that are inside every single Code Barrier are advanced even in our New World, each of them is equal to low class space ship. Normally nobody would help any of you and you would die one day because of life sustaining gears error caused by time corroding capsule you were sleeping in. You should be thankful for luck that make you our test subject.-I see, so what should I do?
8 213 - In Serial117 Chapters
Rise of the Keeper
A regular boring day is turned upside down by powers beyond Joshua Hale's perception. He's found himself in the possession of a strange crystal and now monsters are being thrown at him. He will have to figure out this strange new world of stats and skills quickly if he wants to adapt to survive. On the way he will make some interesting friends and might just rise to become someone that can take on these challenges forced upon him. This fiction is a fun pet project I've always wanted to try.(I'll try to mark the explicit chapters.) A massive shout out and thanks to my pal Silberfrost for making the amazing cover art! Chapter updates should be on Sundays at 9pm AST
8 177 - In Serial26 Chapters
Changed
One day, Izuku Midoriya sees his boyfriend, Shoto Todoroki, cheating on him with his bully, Katsuki Bakugou. Heartbroken, he's presented with the opportunity to go to America with his mom for her new job, he immediately accepts, needing some time to sort through his feelings. Class 1-A, well, most of it, is devastated to find out that their precious cinnamon roll was moving away, but was happy when Izuku told them that he would come to visit when he was ready. Two years later, he finally returns with a new crew, a new boyfriend, and a new life.Will he still be a sweet innocent cinnamon roll?Will he still be the same Izuku that they knew?Or has he changed?(Sorry! I have 5 OCs in this book, so sorry to anyone who doesn't like OCs. I'm also doing an IzukuxOC ship and boyxboy and girlxgirl. So, click off if you don't like this stuff or aren't comfortable with it.)
8 145 - In Serial16 Chapters
START | ANTONIO DAWSON
"You Gave Me A New Purpose In Life."
8 127

