《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》249
Advertisement
၂၄၉။ ယန်ကျင်းဟွာ ထပ်ပေါ်လာခြင်း
လျူကျွင်း၏အခန်းသည် ဟိုတယ်အနောက်ဘက်ခြမ်း ဖြစ်သဖြင့် သူမသည် အရှေ့ဘက်တွင် ဘာဖြစ်နေသလဲကို မမြင်ရသလို ဘယ်သူကမှလည်း အောက်ကနေ အခန်းကိုကြည့်မှာ မဟုတ်ပေ။
လင်းချင်းဆင်းလာသည့် ဝရံတာဘက်က အခန်းများသည် အရှေ့တွင်ဖြစ်ရာ ဟိုတယ်ရှေ့ခြမ်းက လူများသည် သူမကိုမြင်နိုင်မှာ ဖြစ်သည်။ သူမသည် ခုံပေါ်တွင် ထိုင်လိုက်ကာ ပြောသည်။
"နင်မှတ်ဉာဏ်တွေ ပြန်ရနေပြီဆိုတော့ ယန်ကျင်းဟွာက ဘယ်သူလဲဆိုတာကို သိနေပြီမလား? လင်းဖန်တို့ကို ကယ်တုန်းက သူတို့ပြောတာကို ငါကြားလိုက်တယ်။ ယန်ကျင်းဟွာက တစ်ခုခု တကယ်လုပ်ခဲ့ပြီးတော့ ငါကမမှတ်မိဖြစ်နေတာမလား?"
ထိုအခါ လျူကျွင်းသည် ခနတန့်သွားကာ အိပ်မောကျနေသည့် တုံတုံကို တစ်ချက်ကြည့်သည်။ ထို့နောက် ကုတင်ပေါ်မှထကာ လင်းချင်း၏ဘေးတွင် လာထိုင်ကာ သူမ၏သားကို ငေးကြည့်ရင်း အသံတိုးတိုးဖြင့်
"သေချာတော့ မသိဘူး။ ဘာဖြစ်လဲဆိုတာကို နင်လည်း အကြမ်းဖျင်းသိပြီးသား ထင်ပါတယ်။ နင့်အသက်ကို တကယ်ကယ်ပေးတာလား ဟန်ဆောင်ခဲ့တာလားကတော့ မေ့နေတဲ့ မှတ်ဉာဏ်တွေထဲက ကိုယ့်ဟာကိုယ် ပြန်ထုတ်ပေးရမယ်ထင်တယ်"
လင်းချင်းသည် မျက်မှောင်ကျုံ့ကာ ခေါင်းငုံ့သွား၍ အတွေးများသွားသည်။ ယန်ကျင်းဟွာသည် သူမအတွက် သူစိမ်းမဟုတ်ပေ။ လင်းဖန်တို့ဆီက သူမကြားသလောက်ဆိုလျှင် သူမသည် ခံရသူဖြစ်သည်။ သို့သော်လည်း တခြားသူအကြောင်းကို ကြားရသလို သူမအတွက် ဘာခံစားချက်မှ မရှိပေ။
လျူကျွင်းသည် သူမကို တအံ့တသြဖြင့်
"ရုတ်တရပ်ကြီး ဘာဖြစ်လို့ မေးနေတာလဲ? သူ့ကိုဘာလုပ်မယ်ဆိုတာ တွေးပြီးသွားလို့လား?"
လင်းချင်းသည် သူမကိုကြည့်ကာ
"သူပေါ်လာပြီ။ ငါတို့ဟိုတယ်နဲ့ မီတာတစ်ထောင်လောက်ဝေးတဲ့ ရှေ့ကအဆောက်အဦးထဲကနေ ငါတို့ကို စောင့်ကြည့်နေတာ"
ထိုအခါ လျူကျွင်း၏ မျက်နှာသည် ချက်ချင်းမည်းသွားကာ အေးစက်စွာဖြင့်
"ဘယ်လိုများ ပြန်လာရဲတာလဲ! အရင်က သူ့ကိုလီလီက မောင်းထုတ်ပေးထားတာမလား?"
လင်းချင်းသည် မေးပေါ်ကိုလက်တင်ကာ
"ငါ့အထင် သူဒီနေရာဝန်းကျင်က အမှောင်ထဲကနေ စောင့်ကြည့်နေပုံပဲ။ အစက ငါဒီမှာမရှိလို့။ အခုပြန်ရောက်တော့မှ ငါသတိထားမိတာ ဖြစ်မယ်။ နေ့လည်က လီလီထွက်သွားတာကို သူမြင်လိုက်လို့ ရဲလာတာ ဖြစ်မယ်။ လီလီပြန်မလာခင် သူတစ်ခုခုလုပ်လိမ့်မယ်။ မနက်ဖြန် မနက်ကျရင် ဘာဖြစ်မလဲ ကြည့်ကြတာပေါ့"
လျူကျွင်းသည် မျက်ခုံးများတွန့်ကွေးသွားကာ စိတ်ပူစွာဖြင့်
"ငါတို့ဘယ်လိုလုပ်ကြမလဲ? အပြင်မှာ သာမန်ဇွန်ဘီတွေက ရာချီနေအောင်ရှိနေပင်မယ့် အဆင့်၄အထက် စွမ်းအားရှင်တွေကို မခုခံနိုင်ဘူး။ ယန်ကျင်းဟွာကလည်း အဆင့်၆ဆိုပင်မယ့် အဆင့်၇ဖြစ်တော့မှာ"
"ဒါကိုမပူပါနဲ့"
လင်းချင်းက သိပ်အလေးမထားစွာဖြင့်
"သူ့ကိုငါတို့ မနိုင်ပင်မယ့် ပုန်းလို့မရလို့လား? ငါရှိနေသ၍ ဒါကိုပူစရာ မလိုပါဘူး"
သူမ၏စကားကြောင့် အားတက်သွားသည့် လျူကျွင်းသည် ခေါင်းငြိမ့်ပြကာ
"အာ ဟုတ်တယ်။ နင့်နယ်မြေထဲမှာ ငါတို့ပုန်းရတယ်။ မေ့နေတာ။ ဒါပင်မယ့် ယန်ကျင်းဟွာက လင်းဝမ်ဝမ်ကို ရဖို့အတွက် အရမ်းခေါင်းမာနေတာ ရွံ့ဖို့ကောင်းတယ်။ သူက လိင်တူလိင်ကွဲနှစ်မျိုးလုံး ကြိုက်တဲ့သူမလား?"
လင်းချင်းသည် လက်ဖြန့်ကာ
"ငါက ဘယ်လိုလုပ်သိမလဲ? ငါမှ သူ့ကိုမမှတ်မိတာ"
လျူကျွင်းသည် သူမကို အံ့သြစွာကြည့်ကာ
"ဘယ်လိုလုပ်ပြီး ကမ္ဘာပျက်သွားတဲ့ ငါးနှစ်ကိုပဲ ကွက်မေ့သွားရတာလဲ? အရင်ကဟာတွေ အကုန်လုံးကိုတော့ မှတ်မိနေတယ်မလား?"
"ငါနိုးလာတည်းက သူများကိုယ်ထဲကို ရောက်နေတာနဲ့တင် အတော်ထူးဆန်းနေနှင့်ပြီ"
လင်းချင်းက ပြောသည်။
"ဒီနှစ်လောက်ကို မေ့တာက ဘာမှမဖြစ်ပါဘူး။ အစက ငါငါးနှစ်လုံး အိပ်ပျော်နေခဲ့တယ်တောင် ထင်ခဲ့တာ။ အတိတ်မေ့နေမှန်းက နောက်မှသိရတာ"
လျူကျွင်းသည် သဘောတူစွာဖြင့် ခေါင်းငြိမ့်ကာ
"ဟုတ်တယ်။ တခြားသူရဲ့ကိုယ်မှာ နိုးလာတာက တကယ်အံ့သြစရာကြီး။ ဒီကိုယ်မှာရော ပင်လယ်မြို့တော်စခန်းမှာ အမျိုးမရှိဘူးလား?"
"တစ်ယောက်ရှိတယ်"
လင်းချင်းက ခေါင်းငြိမ့်ကာ
"လွန်ခဲ့တဲ့ရက်ကမှ ငါနဲ့တွေ့ခဲ့သေးတယ်"
"ဟင်?"
လျူကျွင်းသည် အံ့သြသွားကာ
"မဖြစ်နိုင်တာ ဟန်ကျိုးမြို့ထဲကို သွားနေတာမလား? အဲ့ဒီမှာ တွေ့တာလား?"
လင်းချင်းသည် ခေါင်းငြိမ့်ကာ
"ဟုတ်တယ်။ သူတို့အဖွဲ့က ဇွန်ဘီဘုရင်ရဲ့ အစာအဖြစ် အဖမ်းခံထားရတာ။ ငါလည်း ဖြတ်သွားရင်းကြုံလို့ ကယ်ပေးလိုက်တာ"
လင်းချင်းသည် လျူကျွင်းသည် စကားအနည်းငယ်ပြောပြီးနောက် သူမကို သတိထားကာ ဂရုစိုက်နေဖို့ မှာခဲ့သည်။ ထို့နောက် သူမသည် လျူကျွင်း၏အခန်းထဲမှ ထွက်ကာ ရှဲ့တုန်းအခန်းကို တံခါးခေါက်လိုက်သည်။ ရှဲ့တုန်းကို လျူကျွင်းတို့ သားအမိကို စောင့်ရှောက်ပေးဖို့ မျက်လုံးဖွင့်နားစွန့်နေပေးရန် သတိပေးထားလိုက်သည်။
ထို့နောက် လင်းဖန်တို့အခန်းသို့သွားသည်။ အခန်းထဲတွင် လူစုံနေလေရာ အရင်က တွေ့ရခဲ့သည့် သူမ၏မောင်လေး လင်းဟောင်ပါ ရှိနေသည်။ လင်းချင်းလာသည့်အခါ သူမကိုလူတိုင်းက လှည့်ကြည့်ကြသည်မှာ စောင့်နေကြောင်း သိသာသည်။
"ဘာဖြစ်လို့လဲ?"
လင်းဖန်က သူမကို ချက်ချင်းမေးသည်။
လင်းချင်းသည် ခေါင်းငြိမ့်ပြ၍ အခန်းထဲဝင်ကာ ခုံလွတ်တစ်ခုတွင်ထိုင်ရင်း
"အင်း ယန်ကျင်းဟွာက ငါတို့ကို စောင့်ကြည့်နေတာ"
ထိုသူ့နာမည်ကို ကြားသည်နှင့် လူတိုင်းသည် မျက်နှာများ မည်းကုန်ကြသည်။
"အဲ့ဒီကောင်က ပြန်လာရဲသေးတယ်!"
လင်းဝမ်ဝမ်က ချက်ချင်းပြောသည်။
"ချူးလီလီက သူ့ကိုချမှာကို မကြောက်ဘူးလား?"
Advertisement
လင်းဟောင်သည် သစ်ကိုင်း၏ထိပ်ကို ချိန်နေအောင် ဓားဖြင့်သွေးနေရင်း နားထောင်နေသည်။
"ငါလည်းသေချာမသိဘူး"
လင်းချင်းက အမှုအယာမဲ့စွာဖြင့်
"သူဘယ်တုန်းကမှ ထွက်မသွားသေးတာလား ပြန်လာတာလား မသေချာတာ။ ချူးလီလီက နေ့လည်က ထွက်သွားတာကို သူသိပုံရတယ်။ အဲ့ဒါကြောင့် အခုည အကွက်ကြီးရွေ့ဖို့ လုပ်နေတာဖြစ်မယ်။ ဒါကိုငါသတိထားမိလိုက်တာ"
"ထန်ရှင်းသာ ဒီမှာရှိရင် သူ့ကိုရင်ဆိုင်နိုင်သေးတယ်"
လင်းဖန်က ပြောသည်။
"အခုတော့ သူရော ချူးလီလီရော မရှိဘူး။ သူနဲ့ယှဉ်ဖို့ မရှိတော့ဘူး။ ချူးလီလီက ဘယ်သွားတာလဲ? သူပျောက်နေတာ အတော်ကြာပြီ"
"အမဲလိုက်ထွက်သွားတာ။ မကြာခင်ပြန်လာမယ်တော့ မထင်ဘူး"
လင်းချင်းက ပြောသည်။
"အမဲလိုက်တယ်? သူက ဇွန်ဘီဘုရင်မကိုမှ လူသားမစားဘူးမလား? ဘာကိုအမဲလိုက်တာလဲ?"
လင်းဝမ်ဝမ်က အံ့သြတကြီး မေးသည်။
လင်းဖန်သည် လင်းဝမ်ဝမ်ကို ကြည့်ကာ
"ဇွန်ဘီတွေကို နေမှာပေါ့"
ဒီလိုပြောပြီးနောက် လင်းချင်းကို သူလှည့်ကြည့်လေရာ လင်းချင်းက ခေါင်းငြိမ့်ပြရင်း
"ကျွင်းကျွင်း ဘာဖြစ်ခဲ့လဲကို နင်တို့မြင်ပြီးသားမလား။ လီလီကလည်း စကားပြောချင်နေတာ။ ဒါပင်မယ့် သူ့အဆင့်ကမြင့်တော့ လိုအပ်တဲ့စွမ်းအား ပမာဏကများတယ်။ အဲ့ဒါကြောင့် စွမ်းအားအရင်းအမြစ်လိုတာကို သွားရှာနေတာ"
အမျိုးသမီးလင်းက မျက်မှောင်ကျုံ့ကာ
"ဒါဆိုရင် ငါတို့ဘာလုပ်ကြမလဲ? လုမိန်းကလေး ယန်ကျင်းဟွာကို အနားမှာ မြင်လိုက်တာ သေချာလား? ဘာဖြစ်လို့ ငါတို့က ဘာမှမသိတာလဲ? လင်းဟောင် သားရော ဘာကိုမှ မခံစားမိဘူးလား?"
အမျိုးသမီးလင်းသည် လင်းဟောင်အား လှည့်၍မေးသည်။
လင်းဟောင်သည် ဓားကိုအိတ်ထဲသို့ထည့်ကာ သစ်ကိုင်းချွန်များကို ကိုင်ထားရင်း
"ဟင့်အင်း။ ကျွန်တော့အာရုံသိက မီတာငါးရာခြောက်ရာ အများဆုံးပဲ။ အပြင်က ဇွန်ဘီအုပ်အပြင် တခြားဟာကို မခံစားမိဘူး။ အဲ့ဒီခွေးကောင်က ဘယ်မှာလဲ?"
နောက်ဆုံးမေးခွန်းကို သူသည် ခုံတွင်ထိုင်ကာ လင်းချင်းအား မေးခြင်းဖြစ်သည်။
"မီတာ တစ်ထောင့်သုံးရာ အကွာက အဆောက်အဦးမှာ"
လင်းချင်းက ပြောသည်။
"အခု ငါတို့ကို တယ်လီစကုပ်နဲ့ ကြည့်နေတယ်"
တခြားသူများသည် လင်းချင်းအား အံ့သြစွာဖြင့်
"ဒီလောက်ဝေးတဲ့နေရာကဟာတွေကို အာရုံခံနိုင်တယ်လား?"
လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် ဒီထက်မက အာရုံခံနိုင်သေးသည်။ ပစ်မှတ်ကသာ သူတို့သဲလွန်စများကို ဖျက်မထားလျှင် သူမသည် နှစ်မိုင်သုံးမိုင်အတွင်းကို သိနိုင်သည်။ ထို့အပြင် သူမလည်း လေထဲကနေလည်း အနံ့ကိုခံကြည့်နိုင်သေးသည်။
Zawgyi Ver
၂၄၉။ ယန္က်င္းဟြာ ထပ္ေပၚလာျခင္း
လ်ဴကြၽင္း၏အခန္းသည္ ဟိုတယ္အေနာက္ဘက္ျခမ္း ျဖစ္သျဖင့္ သူမသည္ အေရွ႕ဘက္တြင္ ဘာျဖစ္ေနသလဲကို မျမင္ရသလို ဘယ္သူကမွလည္း ေအာက္ကေန အခန္းကိုၾကည့္မွာ မဟုတ္ေပ။
လင္းခ်င္းဆင္းလာသည့္ ဝရံတာဘက္က အခန္းမ်ားသည္ အေရွ႕တြင္ျဖစ္ရာ ဟိုတယ္ေရွ႕ျခမ္းက လူမ်ားသည္ သူမကိုျမင္နိုင္မွာ ျဖစ္သည္။ သူမသည္ ခုံေပၚတြင္ ထိုင္လိုက္ကာ ေျပာသည္။
"နင္မွတ္ဉာဏ္ေတြ ျပန္ရေနၿပီဆိုေတာ့ ယန္က်င္းဟြာက ဘယ္သူလဲဆိုတာကို သိေနၿပီမလား? လင္းဖန္တို႔ကို ကယ္တုန္းက သူတို႔ေျပာတာကို ငါၾကားလိုက္တယ္။ ယန္က်င္းဟြာက တစ္ခုခု တကယ္လုပ္ခဲ့ၿပီးေတာ့ ငါကမမွတ္မိျဖစ္ေနတာမလား?"
ထိုအခါ လ်ဴကြၽင္းသည္ ခနတန့္သြားကာ အိပ္ေမာက်ေနသည့္ တုံတုံကို တစ္ခ်က္ၾကည့္သည္။ ထို႔ေနာက္ ကုတင္ေပၚမွထကာ လင္းခ်င္း၏ေဘးတြင္ လာထိုင္ကာ သူမ၏သားကို ေငးၾကည့္ရင္း အသံတိုးတိုးျဖင့္
"ေသခ်ာေတာ့ မသိဘူး။ ဘာျဖစ္လဲဆိုတာကို နင္လည္း အၾကမ္းဖ်င္းသိၿပီးသား ထင္ပါတယ္။ နင့္အသက္ကို တကယ္ကယ္ေပးတာလား ဟန္ေဆာင္ခဲ့တာလားကေတာ့ ေမ့ေနတဲ့ မွတ္ဉာဏ္ေတြထဲက ကိုယ့္ဟာကိုယ္ ျပန္ထုတ္ေပးရမယ္ထင္တယ္"
လင္းခ်င္းသည္ မ်က္ေမွာင္က်ဳံ႕ကာ ေခါင္းငုံ႕သြား၍ အေတြးမ်ားသြားသည္။ ယန္က်င္းဟြာသည္ သူမအတြက္ သူစိမ္းမဟုတ္ေပ။ လင္းဖန္တို႔ဆီက သူမၾကားသေလာက္ဆိုလွ်င္ သူမသည္ ခံရသူျဖစ္သည္။ သို႔ေသာ္လည္း တျခားသူအေၾကာင္းကို ၾကားရသလို သူမအတြက္ ဘာခံစားခ်က္မွ မရွိေပ။
လ်ဴကြၽင္းသည္ သူမကို တအံ့တၾသျဖင့္
"႐ုတ္တရပ္ႀကီး ဘာျဖစ္လို႔ ေမးေနတာလဲ? သူ႕ကိုဘာလုပ္မယ္ဆိုတာ ေတြးၿပီးသြားလို႔လား?"
လင္းခ်င္းသည္ သူမကိုၾကည့္ကာ
"သူေပၚလာၿပီ။ ငါတို႔ဟိုတယ္နဲ႕ မီတာတစ္ေထာင္ေလာက္ေဝးတဲ့ ေရွ႕ကအေဆာက္အဦးထဲကေန ငါတို႔ကို ေစာင့္ၾကည့္ေနတာ"
ထိုအခါ လ်ဴကြၽင္း၏ မ်က္ႏွာသည္ ခ်က္ခ်င္းမည္းသြားကာ ေအးစက္စြာျဖင့္
"ဘယ္လိုမ်ား ျပန္လာရဲတာလဲ! အရင္က သူ႕ကိုလီလီက ေမာင္းထုတ္ေပးထားတာမလား?"
လင္းခ်င္းသည္ ေမးေပၚကိုလက္တင္ကာ
"ငါ့အထင္ သူဒီေနရာဝန္းက်င္က အေမွာင္ထဲကေန ေစာင့္ၾကည့္ေနပုံပဲ။ အစက ငါဒီမွာမရွိလို႔။ အခုျပန္ေရာက္ေတာ့မွ ငါသတိထားမိတာ ျဖစ္မယ္။ ေန႕လည္က လီလီထြက္သြားတာကို သူျမင္လိုက္လို႔ ရဲလာတာ ျဖစ္မယ္။ လီလီျပန္မလာခင္ သူတစ္ခုခုလုပ္လိမ့္မယ္။ မနက္ျဖန္ မနက္က်ရင္ ဘာျဖစ္မလဲ ၾကည့္ၾကတာေပါ့"
လ်ဴကြၽင္းသည္ မ်က္ခုံးမ်ားတြန့္ေကြးသြားကာ စိတ္ပူစြာျဖင့္
"ငါတို႔ဘယ္လိုလုပ္ၾကမလဲ? အျပင္မွာ သာမန္ဇြန္ဘီေတြက ရာခ်ီေနေအာင္ရွိေနပင္မယ့္ အဆင့္၄အထက္ စြမ္းအားရွင္ေတြကို မခုခံနိုင္ဘူး။ ယန္က်င္းဟြာကလည္း အဆင့္၆ဆိုပင္မယ့္ အဆင့္၇ျဖစ္ေတာ့မွာ"
"ဒါကိုမပူပါနဲ႕"
လင္းခ်င္းက သိပ္အေလးမထားစြာျဖင့္
"သူ႕ကိုငါတို႔ မနိုင္ပင္မယ့္ ပုန္းလို႔မရလို႔လား? ငါရွိေနသ၍ ဒါကိုပူစရာ မလိုပါဘူး"
သူမ၏စကားေၾကာင့္ အားတက္သြားသည့္ လ်ဴကြၽင္းသည္ ေခါင္းၿငိမ့္ျပကာ
Advertisement
"အာ ဟုတ္တယ္။ နင့္နယ္ေျမထဲမွာ ငါတို႔ပုန္းရတယ္။ ေမ့ေနတာ။ ဒါပင္မယ့္ ယန္က်င္းဟြာက လင္းဝမ္ဝမ္ကို ရဖို႔အတြက္ အရမ္းေခါင္းမာေနတာ ႐ြံ႕ဖို႔ေကာင္းတယ္။ သူက လိင္တူလိင္ကြဲႏွစ္မ်ိဳးလုံး ႀကိဳက္တဲ့သူမလား?"
လင္းခ်င္းသည္ လက္ျဖန့္ကာ
"ငါက ဘယ္လိုလုပ္သိမလဲ? ငါမွ သူ႕ကိုမမွတ္မိတာ"
လ်ဴကြၽင္းသည္ သူမကို အံ့ၾသစြာၾကည့္ကာ
"ဘယ္လိုလုပ္ၿပီး ကမာၻပ်က္သြားတဲ့ ငါးႏွစ္ကိုပဲ ကြက္ေမ့သြားရတာလဲ? အရင္ကဟာေတြ အကုန္လုံးကိုေတာ့ မွတ္မိေနတယ္မလား?"
"ငါနိုးလာတည္းက သူမ်ားကိုယ္ထဲကို ေရာက္ေနတာနဲ႕တင္ အေတာ္ထူးဆန္းေနႏွင့္ၿပီ"
လင္းခ်င္းက ေျပာသည္။
"ဒီႏွစ္ေလာက္ကို ေမ့တာက ဘာမွမျဖစ္ပါဘူး။ အစက ငါငါးႏွစ္လုံး အိပ္ေပ်ာ္ေနခဲ့တယ္ေတာင္ ထင္ခဲ့တာ။ အတိတ္ေမ့ေနမွန္းက ေနာက္မွသိရတာ"
လ်ဴကြၽင္းသည္ သေဘာတူစြာျဖင့္ ေခါင္းၿငိမ့္ကာ
"ဟုတ္တယ္။ တျခားသူရဲ႕ကိုယ္မွာ နိုးလာတာက တကယ္အံ့ၾသစရာႀကီး။ ဒီကိုယ္မွာေရာ ပင္လယ္ၿမိဳ႕ေတာ္စခန္းမွာ အမ်ိဳးမရွိဘူးလား?"
"တစ္ေယာက္ရွိတယ္"
လင္းခ်င္းက ေခါင္းၿငိမ့္ကာ
"လြန္ခဲ့တဲ့ရက္ကမွ ငါနဲ႕ေတြ႕ခဲ့ေသးတယ္"
"ဟင္?"
လ်ဴကြၽင္းသည္ အံ့ၾသသြားကာ
"မျဖစ္နိုင္တာ ဟန္က်ိဳးၿမိဳ႕ထဲကို သြားေနတာမလား? အဲ့ဒီမွာ ေတြ႕တာလား?"
လင္းခ်င္းသည္ ေခါင္းၿငိမ့္ကာ
"ဟုတ္တယ္။ သူတို႔အဖြဲ႕က ဇြန္ဘီဘုရင္ရဲ႕ အစာအျဖစ္ အဖမ္းခံထားရတာ။ ငါလည္း ျဖတ္သြားရင္းႀကဳံလို႔ ကယ္ေပးလိုက္တာ"
လင္းခ်င္းသည္ လ်ဴကြၽင္းသည္ စကားအနည္းငယ္ေျပာၿပီးေနာက္ သူမကို သတိထားကာ ဂ႐ုစိုက္ေနဖို႔ မွာခဲ့သည္။ ထို႔ေနာက္ သူမသည္ လ်ဴကြၽင္း၏အခန္းထဲမွ ထြက္ကာ ရွဲ႕တုန္းအခန္းကို တံခါးေခါက္လိုက္သည္။ ရွဲ႕တုန္းကို လ်ဴကြၽင္းတို႔ သားအမိကို ေစာင့္ေရွာက္ေပးဖို႔ မ်က္လုံးဖြင့္နားစြန့္ေနေပးရန္ သတိေပးထားလိုက္သည္။
ထို႔ေနာက္ လင္းဖန္တို႔အခန္းသို႔သြားသည္။ အခန္းထဲတြင္ လူစုံေနေလရာ အရင္က ေတြ႕ရခဲ့သည့္ သူမ၏ေမာင္ေလး လင္းေဟာင္ပါ ရွိေနသည္။ လင္းခ်င္းလာသည့္အခါ သူမကိုလူတိုင္းက လွည့္ၾကည့္ၾကသည္မွာ ေစာင့္ေနေၾကာင္း သိသာသည္။
"ဘာျဖစ္လို႔လဲ?"
လင္းဖန္က သူမကို ခ်က္ခ်င္းေမးသည္။
လင္းခ်င္းသည္ ေခါင္းၿငိမ့္ျပ၍ အခန္းထဲဝင္ကာ ခုံလြတ္တစ္ခုတြင္ထိုင္ရင္း
"အင္း ယန္က်င္းဟြာက ငါတို႔ကို ေစာင့္ၾကည့္ေနတာ"
ထိုသူ႕နာမည္ကို ၾကားသည္ႏွင့္ လူတိုင္းသည္ မ်က္ႏွာမ်ား မည္းကုန္ၾကသည္။
"အဲ့ဒီေကာင္က ျပန္လာရဲေသးတယ္!"
လင္းဝမ္ဝမ္က ခ်က္ခ်င္းေျပာသည္။
"ခ်ဴးလီလီက သူ႕ကိုခ်မွာကို မေၾကာက္ဘူးလား?"
လင္းေဟာင္သည္ သစ္ကိုင္း၏ထိပ္ကို ခ်ိန္ေနေအာင္ ဓားျဖင့္ေသြးေနရင္း နားေထာင္ေနသည္။
"ငါလည္းေသခ်ာမသိဘူး"
လင္းခ်င္းက အမႈအယာမဲ့စြာျဖင့္
"သူဘယ္တုန္းကမွ ထြက္မသြားေသးတာလား ျပန္လာတာလား မေသခ်ာတာ။ ခ်ဴးလီလီက ေန႕လည္က ထြက္သြားတာကို သူသိပုံရတယ္။ အဲ့ဒါေၾကာင့္ အခုည အကြက္ႀကီးေ႐ြ႕ဖို႔ လုပ္ေနတာျဖစ္မယ္။ ဒါကိုငါသတိထားမိလိုက္တာ"
"ထန္ရွင္းသာ ဒီမွာရွိရင္ သူ႕ကိုရင္ဆိုင္နိုင္ေသးတယ္"
လင္းဖန္က ေျပာသည္။
"အခုေတာ့ သူေရာ ခ်ဴးလီလီေရာ မရွိဘူး။ သူနဲ႕ယွဥ္ဖို႔ မရွိေတာ့ဘူး။ ခ်ဴးလီလီက ဘယ္သြားတာလဲ? သူေပ်ာက္ေနတာ အေတာ္ၾကာၿပီ"
"အမဲလိုက္ထြက္သြားတာ။ မၾကာခင္ျပန္လာမယ္ေတာ့ မထင္ဘူး"
လင္းခ်င္းက ေျပာသည္။
"အမဲလိုက္တယ္? သူက ဇြန္ဘီဘုရင္မကိုမွ လူသားမစားဘူးမလား? ဘာကိုအမဲလိုက္တာလဲ?"
လင္းဝမ္ဝမ္က အံ့ၾသတႀကီး ေမးသည္။
လင္းဖန္သည္ လင္းဝမ္ဝမ္ကို ၾကည့္ကာ
"ဇြန္ဘီေတြကို ေနမွာေပါ့"
ဒီလိုေျပာၿပီးေနာက္ လင္းခ်င္းကို သူလွည့္ၾကည့္ေလရာ လင္းခ်င္းက ေခါင္းၿငိမ့္ျပရင္း
"ကြၽင္းကြၽင္း ဘာျဖစ္ခဲ့လဲကို နင္တို႔ျမင္ၿပီးသားမလား။ လီလီကလည္း စကားေျပာခ်င္ေနတာ။ ဒါပင္မယ့္ သူ႕အဆင့္ကျမင့္ေတာ့ လိုအပ္တဲ့စြမ္းအား ပမာဏကမ်ားတယ္။ အဲ့ဒါေၾကာင့္ စြမ္းအားအရင္းအျမစ္လိုတာကို သြားရွာေနတာ"
အမ်ိဳးသမီးလင္းက မ်က္ေမွာင္က်ဳံ႕ကာ
"ဒါဆိုရင္ ငါတို႔ဘာလုပ္ၾကမလဲ? လုမိန္းကေလး ယန္က်င္းဟြာကို အနားမွာ ျမင္လိုက္တာ ေသခ်ာလား? ဘာျဖစ္လို႔ ငါတို႔က ဘာမွမသိတာလဲ? လင္းေဟာင္ သားေရာ ဘာကိုမွ မခံစားမိဘူးလား?"
အမ်ိဳးသမီးလင္းသည္ လင္းေဟာင္အား လွည့္၍ေမးသည္။
လင္းေဟာင္သည္ ဓားကိုအိတ္ထဲသို႔ထည့္ကာ သစ္ကိုင္းခြၽန္မ်ားကို ကိုင္ထားရင္း
"ဟင့္အင္း။ ကြၽန္ေတာ့အာ႐ုံသိက မီတာငါးရာေျခာက္ရာ အမ်ားဆုံးပဲ။ အျပင္က ဇြန္ဘီအုပ္အျပင္ တျခားဟာကို မခံစားမိဘူး။ အဲ့ဒီေခြးေကာင္က ဘယ္မွာလဲ?"
ေနာက္ဆုံးေမးခြန္းကို သူသည္ ခုံတြင္ထိုင္ကာ လင္းခ်င္းအား ေမးျခင္းျဖစ္သည္။
"မီတာ တစ္ေထာင့္သုံးရာ အကြာက အေဆာက္အဦးမွာ"
လင္းခ်င္းက ေျပာသည္။
"အခု ငါတို႔ကို တယ္လီစကုပ္နဲ႕ ၾကည့္ေနတယ္"
တျခားသူမ်ားသည္ လင္းခ်င္းအား အံ့ၾသစြာျဖင့္
"ဒီေလာက္ေဝးတဲ့ေနရာကဟာေတြကို အာ႐ုံခံနိုင္တယ္လား?"
လင္းခ်င္းသည္ ေခါင္းၿငိမ့္ျပလိုက္သည္။ သူမသည္ ဒီထက္မက အာ႐ုံခံနိုင္ေသးသည္။ ပစ္မွတ္ကသာ သူတို႔သဲလြန္စမ်ားကို ဖ်က္မထားလွ်င္ သူမသည္ ႏွစ္မိုင္သုံးမိုင္အတြင္းကို သိနိုင္သည္။ ထို႔အျပင္ သူမလည္း ေလထဲကေနလည္း အနံ႕ကိုခံၾကည့္နိုင္ေသးသည္။
Advertisement
- In Serial125 Chapters
Magical Tournament: Rise Of The Black Swan
Once, the CEO of Schwan Enterprises, Alan Deere, said: "A world totally in peace... Isn't it boring?" ; thus 20 years ago he created the ultimate sport to bring fun to this peaceful world.Every year, people from all over the world between late 14 and late 16 are chosen to participate in the legendary tournament held by Schwan Enterprise; The Rise of the Black Swan. With the aid of the newborn "Magic & Skills", the challengers every year pursue their desires. With certain limitations and rules, the "Participants" are free to roam as they wish.The Siblings Engel and Brunnhildr Falsch, neglected by their newlywed father and living a life of trust in each other, decided to register in the Rise of the Black Swan Tournament to pursue their dream of an independent life. Both being sellected as participants, decide to aim for the top and win the Tournament... But they never expected their adventure to become an impressive race in other world.PS: The [Prologue] is a little bit strange, please bear it and read the next chapter. PS II: In certain parts, it may become cringeworthy so bear them too. 'tis my first fic after all.PS III: There's a little part about incest, be warned.
8 281 - In Serial11 Chapters
Starlight Assassin
Set in the city of Valeris, the Starlight Assassin is a fantasy adventure following a young man and his adventures with strange occurrences and people in the city. Dark things lurk around every corner; not everyone is strong enough to survive unscathed. Edit: Short Permanent hiatus. Author's note: Traumatizing content tag exists for creative freedom in future chapters and because I don't know exactly what content is traumatizing. Blood and swearing will be present. No sexual content whatsoever. I really have no idea how to sum up everything properly, and even if I could, I feel I would rather have you dive in without any expectations.
8 159 - In Serial9 Chapters
Astral Imperialization
Paused------ Admiral Drake has left for a classified operation with an entire crew dedicated to investigating a planet. Empire’s psychics had spotted an unusual energy signature coming from this planet. Unluckily, asteroid-kun destroyed parts of the ISS Pulsar, thus nearly killing everyone. Fortunately, Drake got promoted thanks to this accident. He’s now the new Imperial Governor of this new planet, Loanose. His new major target? Merely taking control of Loanose and make it a proud example of the Empire’s might. With the help of Alyn, a state-of-the-art AI, and Sylviane, the best political science graduate, they will reform the entire planet's way of life. They will develop a new country using interplanetary logistics, a space station and a good deal of strength. No problem resists a robots’ army and a warmonger psychic. Will Sylviane temper the impatient Drake? There is only one rule left. Abide by the Imperial Regulation and will be considered as an imperial citizen. You will be protected and we’ll offer you means to earn your living. If you threaten the imperial citizens, nobody will save you from the Empire’s wrath! Hope that Drake doesn’t find you before the military arrest you.
8 205 - In Serial11 Chapters
THE JOURNEY
Hello my name is Brandon Simonds this is the story of how I made it back home or at least I thought so… It's my first story any comment is good ok.
8 158 - In Serial31 Chapters
Accidentally Adopted by iBallisticSquid
I could slowly feel the cold going deeper and deeper into my body. In a few minutes there would be no warmth left. But then I saw two people, one of them I was sure was Flo and the other I strangely recognised even though I was sure I had never actually met him. I saw him bend down and pick me up. I looked up at his face. And it dawned on me who it was and why I recognised him. "Squid".Izzy and Flo are two runaway care kids looking for a new home. When iBallisticSquid finds them one night, their lives could be changed for ever. But with fires, enemies and a bad past standing in the way of getting adopted, will they ever get what they want?SEQUEL COMPLETED!!!
8 179 - In Serial20 Chapters
Railgun Online, Book 5. Alicization Running
Mikoto, Sinon and Kirito have been living in the Underworld for 2 years now. Both Kirito and Mikoto, along with Eugeo, have become Elite Sword Masters each with their own Valet. Kirito has obtained his sword from the Gigas Cedar, the Night Sky Sword, while Mikoto has obtained the River Spirit Sword and dual wields it along with her Master Sword. Sinon in the meantime, has joined the Archery Corps. When Mikoto's Valet, Stella, discovers a dark secret that nearly costs her life, Mikoto and Sinon decide to head out to investigate..In the process they discover an entire armada of Viros swarming out of a strange portal near the goblin territories. Meanwhile, in the real world, Accelerator and Asuna find themselves in a massive battle against the forces of God's Right Seat and secret forces from the Japanese Government, all of whom seem to be interested in Kazuto, Mikoto, and Shino..And even stranger still, a dark figure seeks to find the Brain Burst Program, and develop something with it..The world of Railgun Online is becoming larger still, and there's no telling where it might lead
8 181

