《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》250
Advertisement
၂၅၀။ မနိုင်ရင်ပြေး
အမျိုးသမီးလင်းသည် သက်ပြင်းချကာ မျက်နှာမဲ့သွားသည်။ ယန်ကျင်းဟွာကိုတွေးတိုင်း သူမစိတ်ပင်ပန်းရသည်။
"ငါတို့ ဘယ်လိုလုပ်ကြမလဲ? လင်းဖန်က ယန်ကျင်းဟွာကို ယှဉ်နိုင်တာ မဟုတ်ဘူး"
လင်းချင်းသည် သူမကို သက်သောင့်သက်သာဖြစ်စေမည့် အပြုံးဖြင့် ပြုံးပြကာ
"ကျွန်မမှာ နယ်မြေမရှိလို့လား? သူ့ကိုမနိုင်ပင်မယ့် ပုန်းလို့မရတာကြလို့? သူဘာလုပ်မလဲဆိုတာပဲ တကယ်သိချင်တာ"
လင်းဝမ်ဝမ်သည် မည်းသည်းနေသည့် မျက်နှာဖြင့် အေးစက်စွာ
"သူ့ကိုငါမမြင်ချင်ဘူး။ ရွံ့ဖို့ကောင်းတယ်!"
အမျိုးသမီးလင်းသည် ခေါင်းငြိမ့်ကာ
"ဟုတ်တယ်။ သူ့ကိုထပ်မြင်ရရင် ငါ့မျက်လုံးတွေ ကန်းမလိုပဲ!"
လင်းချင်းသည် ထရပ်ကာ
"ဒီလိုဆိုရင်ရော? နယ်မြေထဲကို သွားနေနှင့်ကြ။ သူဘာလုပ်မလဲ ဆိုတာကို မြင်ချင်သေးတယ်။ သူမသွားဘူးဆိုရင် လီလီပြန်လာမှ ရှင်းခိုင်းလိုက်မယ်။ စိတ်မပူနဲ့"
လင်းဟောင်သည် လက်ထဲက သစ်ကိုင်းချွန်ကို တင်းတင်းဆုပ်ကာ အံကြိတ်၍
"သူ့ကိုသတ်ချင်တာ အခုမသတ်နိုင်သေးပင်မယ့် သူအသက်ရှင်နေသေးသ၍ တနေ့တော့ ငါ့လက်နဲ့သေရမယ်"
လင်းဖန်သည် အခြားသူများကိုကြည့်ကာ
"အမေ၊ မင်း၊ ဝမ်ဝမ်၊ ရှောင်လုနဲ့ ဝမ်ရှုတို့ အခုသူ့နယ်မြေထဲကို ဝင်လိုက်ကြ။ ငါတို့က အပြင်မှာကျန်ခဲ့ပြီးတော့ ဘာဖြစ်မလဲ စောင့်ကြည့်ဦးမယ်။ အန္တရာယ်တစ်ခုခုရှိလာရင် လုမိန်းကလေးက ငါ့ကိုနယ်မြေထဲကို ခေါ်လာပေးလိမ့်မယ်"
အမျိုးသမီးလင်းက ခေါင်းငြိမ့်သည်။ ချန်ဝမ်ရှုက သူ့သမီးကိုချီထားရင်း လင်းဖန်ကို ဆိတ်ဆိတ်ကြည့်သည်။ လင်းချင်းသည် အမျိုးသမီးလင်း၏ လက်ကိုအရင်ကိုင်လိုက်ကာ နှစ်ယောက်လုံးပျောက်သွားသည်။ ထို့နောက် လင်းချင်းသည် ပြန်ပေါ်လာကာ ချန်းဝမ်ရှုနှင့် လင်းရှောင်လုကို နယ်မြေထဲသို့ ခေါ်သည်။ ထို့နောက် လင်းဝမ်ဝမ်အပြင် စွမ်းအားမရှိသည့် တပ်သားနှစ်ယောက်ကို နယ်မြေထဲသို့ ထည့်လိုက်သည်။ လင်းဟောင်၊ လုံချင်းယင်နှင့် သန်မာသူ အချို့ကတော့ လင်းဖန်နှင့်အတူ ကျန်ခဲ့သည်။
ဒီလိုလူနည်းနည်းလေးက ထွက်ပြေးဖို့ ပိုလွယ်သည်။ အနည်းဆုံးတော့ အရေးပေါ်ပြေးလျှင် လေးဖင့်အောင် လုပ်မည့်သူ တစ်ယောက်မှ မရှိပေ။
လင်းချင်းသည် လျူကျွင်း၏ အခန်းသို့ ပြန်သည်။ ထိုအချိန်တွင် လျူကျွင်းသည် အိပ်ပျော်နေသည့် တုံတုံကိုပွေ့ထားသည်။ ရှဲ့တုန်းက အခန်းနံရံကိုမှီ၍ လက်ကိုပိုက်လျှက် ရပ်စောင့်ပေးနေသည်။
လင်းချင်းလာသည့်အခါ လျူကျွင်းက သူမအား
"ယန်ကျင်းဟွာက လူဘယ်နှစ်ယောက်လောက် ခေါ်လာတာလဲ?"
လင်းချင်းက ခေါင်းခါကာ ဖြေသည်။
"မသေချာဘူး။ ဒါပင်မယ့် သူ့အနားက စွမ်းအားရှင်တချို့ကတော့ အဆင့်ငါးတွေနဲ့ သူ့အမိန့်နာခံတဲ့လူတချို့ရှိသေးတယ်"
"တကယ်တော့"
လျူကျွင်းက
"သူ့စွမ်းအားအပြင် သူတို့ရဲ့ လက်နက်အပြည့်ဆင်ထားတဲ့ ကားတွေကလည်း အန္တရာယ်များတယ်။ လီလီနဲ့တိုက်တုန်းက သူတို့က ကားကလက်နက်တွေကို မသုံးခဲ့ဘူး။ ကြီးကြီးမားမားသုံးစရာအတွက် ချန်ထားသလားပဲ"
လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။ လျူကျွင်းနှင့် တုံတုံကို နယ်မြေထဲပို့ပြီးနောက် ရှဲ့တုန်းနှင့်အတူ အခန်းထဲမှ ထွက်လာသည်။ လင်းဖန်၏အခန်းသို့ ရောက်သည့်အခါ သူတို့အား
"နင်တို့က ဒီမှာစောင့်ကြည့်နေ။ ယန်ကျင်းဟွာက ဘာလုပ်နေလဲကို ငါသွားကြည့်လိုက်ဦးမယ်။ ငါ့သတင်းကိုစောင့်"
ဒီလိုပြောပြီးနောက် သူမသည် ပြတင်းပေါက်ကနေ မမြင်ရနိုင်သည့် အခန်းတံခါးဆီသို့ သွားသည်။ ပြီးမှ ကိုယ်ဖျောက်လိုက်ကာ ပြတင်းပေါက်နေ ခုန်ဆင်းသွားသည်။
အခန်းထဲတွင် ကျန်ခဲ့သည့်သူ လေးယောက်သည် ခုံတွင်ထိုင်လိုက်ကြသည်။ လင်းဖန်က ရှဲ့တုန်းကို ကြည့်ကာ
"မင်းကို ငါတစ်ခုမေးလို့ရမလား?"
ရှဲ့တုန်းသည် သူ့ကိုကြည့်သည်။ လင်းဖန်က သူ့ကိုမေးသည်က သေချာမှ ဇဝေဇဝါဖြင့် ခေါင်းငြိမ့်ပြသည်။
"ရိုင်းသလိုဖြစ်ရင်ဖြစ်နေမှာ"
လင်းဖန်က ပြောသည်။
"စိတ်ထဲမထားပါနဲ့။ မင်းစကားပြောတာ ငါတို့မကြားဖူးတော့ မင်းအသံပျောက်နေတာ အတော်ကြာပြီလား?"
ရှဲ့တုန်းသည် ခေါင်းငြိမ့်ပြလိုက်သည်။
"ဪ တကယ်အားနာပါတယ်"
လင်းဖန်က ဆက်ပြောသည်။
"ဒါပင်မယ့် မင်းနဲ့ လုထန်ယုက ပင်လယ်မြို့တော်စခန်းကမလား? ဘာဖြစ်လို့ သူနဲ့အတူရှိနေတာလဲ? မကြောက်ဖူးလား?"
လင်းဖန်သိချင်သည်မှာ ရှဲ့တုန်းသည် ဇွန်ဘီဖြစ်သည့် လုထန်ယုကို မကြောက်ဘဲ ဘယ်လိုသတ္တိဖြင့် သူမ၏အနောက်သို့ လိုက်နေသလဲပင်။
ရှဲ့တုန်းသည် ခါးတွင်ပတ်ထားသည့်အိတ်မှ စာအုပ်ကိုထုတ်ကာ ရေးပြသည်။
'သူက မကောင်းတဲ့ဇွန်ဘီ မဟုတ်ပါဘူး။ သူသာငါ့ကို ထိခိုက်စေချင်ရင် ဘယ်ကယ်ပါ့မလဲ'
"မင်းကိုကယ်တယ်လား?"
လင်းဖန်သည် အံ့သြစွာပြောသည်။ ထို့နောက် လုံချင်းယင်ကို တစ်ချက်ကြည့်ကာ
"ငါ့အထင် ကယ်ဆယ်ရေးလုပ်ရတာကို သူကသဘောကျပုံပဲ"
'ကယ်ဆယ်ရေးကိုကြိုက်တယ်လား?'
ရှဲ့တုန်းသည် ခနတွေးကြည့်သည်။ သူအပါအဝင် လင်းချင်းကယ်သူများမှ တုံတုံတို့ သားအမိ၊ လုထန်ရိတို့အဖွဲ့၊ မင်းသမီးလေး၊ လုံချင်းယင်နှင့်တူယွမ်ရှင်းတို့ ဖြစ်သည်။ မိသားစုမှတစ်ပါး ကျန်သည့်သူများက သူမနှင့်မဆိုင်သည့်သူများဖြစ်သည်။
ထို့ကြောင့် လင်းချင်းက ကယ်ဆယ်ရေးလုပ်ရသည်ကို တကယ်သဘောကျသည်ဟု သူပါခံစားလာရသည်။ သူသည် တပ်သားဟောင်းဖြစ်ခဲ့သောကြောင့် တာဝန်စိတ်ဖြင့် လူများကို ကယ်တက်သည်။ ထို့ကြောင့် လင်းချင်းမှာလည်း ကယ်တင်ရမည်ကို သူမလုပ်သင့်တာတစ်ခုဟု ထင်နေပုံရသည်။
သို့သော်လည်း ကမ္ဘာပျက်ခေတ်တွင် တစ်စုံတစ်ယောက်က အကူအညီလိုသူများကို ကယ်တင်လျှင် ကျေးဇူးကန်းသည့်သူများနှင့် တွေ့ရလိမ့်မည်။ အသက်ရှင်သန်ဖို့အတွက် ဒီခေတ်ကလူများသည် လူ့ကျင့်ဝတ်များမရှိတော့ပေ။ ထို့ကြောင့် လူသားစားဓားပြများ ရှိနေတာဖြစ်သည်။ သူ့အဖွဲ့တွင်လည်း အတွင်းပြဿနာများက တစ်ချိန်လုံးရှိခဲ့ကာ နောက်ဆုံးတော့ သူ့ကိုသစ္စာဖောက်သွားကြသည်။ သို့သော်လည်း တပ်သားဟောင်းများသည်တောင် ဒီလိုတာဝန်သိစိတ်မျိုးသည် တဖြည်းဖြည်းပျောက်လာကာ အားကြီးသူကိုသာ လေးစားရမည်ဆိုသည့်စိတ်များသာ ရှိကြတော့သည်။
Advertisement
"အရင်က ဒီလိုပဲလား?"
လင်းဖန်က မေးသည်။
ရှဲ့တုန်းသည် ဒီမေးခွန်းကြောင့် ပဟေဠိဖြစ်သွားသည်။ လင်းဖန်ကို ဇဝေဇဝါဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ ခေါင်းခါပြသည်။ လင်းဖန်သည် ထပ်မမေးတော့ဘဲ ပြတင်းပေါက်အပြင်ကိုသာ ငေးနေတော့သည်။
"ဟိုခွေးကောင်ကို သူတကယ်တွေ့တာလား? မှားတာမဖြစ်နိုင်ဘူးမလား?"
ဘာကိုမှ အာရုံမခံမိသဖြင့် လင်းချင်း၏စကားကို အကုန်မယုံနိုင်သည့် လင်းဟောင်က ပြောသည်။
လင်းဖန်သည် သူ့ကိုတစ်ချက်ကြည့်ကာ
"ငါလည်းမသေချာဘူး။ ဒါပင်မယ့် အခုသူ့ကိုယုံတာက မမှားပါဘူး။ ဖြစ်နိုင်ချေသေးသေးလေးဆိုတောင်မှ ငါတို့သတိနဲ့နေရမယ်။ ပေါ့လို့မဖြစ်ဘူး"
လင်းဟောင်သည် ပြတင်းပေါက်ကိုကြည့်သည်။ အပြင်တွင် မှောင်နေသဖြင့် သူဘာမှမမြင်ရပေ။ ထိုအချိန်တွင် လင်းချင်းသည် အမိုးတစ်ခုနှင့်တစ်ခုကူးနေသည်။ အမှောင်ထဲတွင် ဘယ်သူကမှ သူမကို အာရုံမခံနိုင်ပေ။
မီတာတစ်ထောင့်သုံးရာသည် သူမအတွက်တော့ ခနလေးသာ။ သူမသည် လမ်းမီးတိုင်ပေါ်တွင် ထိုင်ချကာ ဆယ်မီတာလောက်ဝေးသည့်နေရာမှ အဆောက်အဦး၏ အပေါ်ဆုံးထပ်ကို ကြည့်နေသည်။ ထိုအရာသည့် လူနေခဲ့သည့် အဆောက်အဦး၇ခု၈ခုဖြစ်ပြီး တစ်ခုတွင် အထပ်၂၀မှ ၃၀အထိ ပါဝင်သည်။
ယန်ကျင်းဟွာသည် သူ့လူများသည် အလယ်မှ အဆောက်အဦးတွင် ရှိနေတာဖြစ်သည်။ ဒီအဆောက်အဦးမှ သူတို့သည် လင်းဖန်တို့နေသည့် ဟိုတယ်ကို လှမ်းမြင်နေရသည်။ လင်းချင်းသည် ယန်ကျင်းဟွာတို့အား ခေါင်းမော့ကြည့်ပြီးနောက် အောက်ကိုငုံ့ကြည့်လေရာ သူတို့ကားတစ်စီးမှ မတွေ့ပေ။ သို့သော်လည်း မြေအောက်ကားပါကင်သည် ဒီနေရာနားတွင်ရှိသည်ကို သတိထားမိသဖြင့် ထိုနေရာတွင်း ကားထားလောက်မည်ဟု သိလိုက်သည်။
လင်းချင်းသည် သူမ၏ အာရုံခံနိုင်စွမ်းကို အသုံးပြုသည့်အခါ ယန်ကျင်းဟွာသည် တစ်ယောက်တည်းရှိနေကာ သူ့လက်အောက်က အဆင့်ငါးစွမ်းအားရှင်အချို့နှင့် အချို့အဆင့်သုံး အဆင့်လေးများကတော့ အပေါ်ထပ်၏ အခန်းတစ်ခုထဲတွင် စုနေကြသည်။
လင်းချင်းသည် လမ်းမီးတိုင်ပေါ်မှ ခုန်ဆင်းကာ ထိုအဆောက်အဦးများ အနားသို့ ကပ်သွားသည်။ လင်းချင်းသည် သူတို့ရှိရာ အဆောက်အဦးထံသို့ အရင်မဝင်ဘဲ အနားက မြေအောက်ကားပါကင်ဆီသို့သွားသည်။
အထဲတွင် လုံးဝကို မှောင်ပိန်းနေသော်လည်း သူမကတော့ အကုန်လုံးကို ရှင်းလင်းစွာ မြင်နိုင်သည်။ သူမသည် အထဲသို့ဆင်းလာသည့်အခါ ထင်သလိုပင် လက်နက်ကြီးများ တပ်ဆင်ထားသည့် ယန်ကျင်းဟွာတို့ကားများက နံရံနားတွင် ထိုးရပ်ထားသည်ကို တွေ့လိုက်ရသည်။
လင်းချင်းသည် လက်များကို အကြောလျှော့ကာ ထိုကားများထံသို့ လျှောက်သွားသည်။
Zawgyi Ver
၂၅၀။ မနိုင္ရင္ေျပး
အမ်ိဳးသမီးလင္းသည္ သက္ျပင္းခ်ကာ မ်က္ႏွာမဲ့သြားသည္။ ယန္က်င္းဟြာကိုေတြးတိုင္း သူမစိတ္ပင္ပန္းရသည္။
"ငါတို႔ ဘယ္လိုလုပ္ၾကမလဲ? လင္းဖန္က ယန္က်င္းဟြာကို ယွဥ္နိုင္တာ မဟုတ္ဘူး"
လင္းခ်င္းသည္ သူမကို သက္ေသာင့္သက္သာျဖစ္ေစမည့္ အၿပဳံးျဖင့္ ၿပဳံးျပကာ
"ကြၽန္မမွာ နယ္ေျမမရွိလို႔လား? သူ႕ကိုမနိုင္ပင္မယ့္ ပုန္းလို႔မရတာၾကလို႔? သူဘာလုပ္မလဲဆိုတာပဲ တကယ္သိခ်င္တာ"
လင္းဝမ္ဝမ္သည္ မည္းသည္းေနသည့္ မ်က္ႏွာျဖင့္ ေအးစက္စြာ
"သူ႕ကိုငါမျမင္ခ်င္ဘူး။ ႐ြံ႕ဖို႔ေကာင္းတယ္!"
အမ်ိဳးသမီးလင္းသည္ ေခါင္းၿငိမ့္ကာ
"ဟုတ္တယ္။ သူ႕ကိုထပ္ျမင္ရရင္ ငါ့မ်က္လုံးေတြ ကန္းမလိုပဲ!"
လင္းခ်င္းသည္ ထရပ္ကာ
"ဒီလိုဆိုရင္ေရာ? နယ္ေျမထဲကို သြားေနႏွင့္ၾက။ သူဘာလုပ္မလဲ ဆိုတာကို ျမင္ခ်င္ေသးတယ္။ သူမသြားဘူးဆိုရင္ လီလီျပန္လာမွ ရွင္းခိုင္းလိုက္မယ္။ စိတ္မပူနဲ႕"
လင္းေဟာင္သည္ လက္ထဲက သစ္ကိုင္းခြၽန္ကို တင္းတင္းဆုပ္ကာ အံႀကိတ္၍
"သူ႕ကိုသတ္ခ်င္တာ အခုမသတ္နိုင္ေသးပင္မယ့္ သူအသက္ရွင္ေနေသးသ၍ တေန႕ေတာ့ ငါ့လက္နဲ႕ေသရမယ္"
လင္းဖန္သည္ အျခားသူမ်ားကိုၾကည့္ကာ
"အေမ၊ မင္း၊ ဝမ္ဝမ္၊ ေရွာင္လုနဲ႕ ဝမ္ရႈတို႔ အခုသူ႕နယ္ေျမထဲကို ဝင္လိုက္ၾက။ ငါတို႔က အျပင္မွာက်န္ခဲ့ၿပီးေတာ့ ဘာျဖစ္မလဲ ေစာင့္ၾကည့္ဦးမယ္။ အႏၲရာယ္တစ္ခုခုရွိလာရင္ လုမိန္းကေလးက ငါ့ကိုနယ္ေျမထဲကို ေခၚလာေပးလိမ့္မယ္"
အမ်ိဳးသမီးလင္းက ေခါင္းၿငိမ့္သည္။ ခ်န္ဝမ္ရႈက သူ႕သမီးကိုခ်ီထားရင္း လင္းဖန္ကို ဆိတ္ဆိတ္ၾကည့္သည္။ လင္းခ်င္းသည္ အမ်ိဳးသမီးလင္း၏ လက္ကိုအရင္ကိုင္လိုက္ကာ ႏွစ္ေယာက္လုံးေပ်ာက္သြားသည္။ ထို႔ေနာက္ လင္းခ်င္းသည္ ျပန္ေပၚလာကာ ခ်န္းဝမ္ရႈႏွင့္ လင္းေရွာင္လုကို နယ္ေျမထဲသို႔ ေခၚသည္။ ထို႔ေနာက္ လင္းဝမ္ဝမ္အျပင္ စြမ္းအားမရွိသည့္ တပ္သားႏွစ္ေယာက္ကို နယ္ေျမထဲသို႔ ထည့္လိုက္သည္။ လင္းေဟာင္၊ လုံခ်င္းယင္ႏွင့္ သန္မာသူ အခ်ိဳ႕ကေတာ့ လင္းဖန္ႏွင့္အတူ က်န္ခဲ့သည္။
ဒီလိုလူနည္းနည္းေလးက ထြက္ေျပးဖို႔ ပိုလြယ္သည္။ အနည္းဆုံးေတာ့ အေရးေပၚေျပးလွ်င္ ေလးဖင့္ေအာင္ လုပ္မည့္သူ တစ္ေယာက္မွ မရွိေပ။
လင္းခ်င္းသည္ လ်ဴကြၽင္း၏ အခန္းသို႔ ျပန္သည္။ ထိုအခ်ိန္တြင္ လ်ဴကြၽင္းသည္ အိပ္ေပ်ာ္ေနသည့္ တုံတုံကိုေပြ႕ထားသည္။ ရွဲ႕တုန္းက အခန္းနံရံကိုမွီ၍ လက္ကိုပိုက္လွ်က္ ရပ္ေစာင့္ေပးေနသည္။
လင္းခ်င္းလာသည့္အခါ လ်ဴကြၽင္းက သူမအား
"ယန္က်င္းဟြာက လူဘယ္ႏွစ္ေယာက္ေလာက္ ေခၚလာတာလဲ?"
လင္းခ်င္းက ေခါင္းခါကာ ေျဖသည္။
"မေသခ်ာဘူး။ ဒါပင္မယ့္ သူ႕အနားက စြမ္းအားရွင္တခ်ိဳ႕ကေတာ့ အဆင့္ငါးေတြနဲ႕ သူ႕အမိန့္နာခံတဲ့လူတခ်ိဳ႕ရွိေသးတယ္"
"တကယ္ေတာ့"
လ်ဴကြၽင္းက
"သူ႕စြမ္းအားအျပင္ သူတို႔ရဲ႕ လက္နက္အျပည့္ဆင္ထားတဲ့ ကားေတြကလည္း အႏၲရာယ္မ်ားတယ္။ လီလီနဲ႕တိုက္တုန္းက သူတို႔က ကားကလက္နက္ေတြကို မသုံးခဲ့ဘူး။ ႀကီးႀကီးမားမားသုံးစရာအတြက္ ခ်န္ထားသလားပဲ"
လင္းခ်င္းသည္ ေခါင္းၿငိမ့္ျပသည္။ လ်ဴကြၽင္းႏွင့္ တုံတုံကို နယ္ေျမထဲပို႔ၿပီးေနာက္ ရွဲ႕တုန္းႏွင့္အတူ အခန္းထဲမွ ထြက္လာသည္။ လင္းဖန္၏အခန္းသို႔ ေရာက္သည့္အခါ သူတို႔အား
Advertisement
"နင္တို႔က ဒီမွာေစာင့္ၾကည့္ေန။ ယန္က်င္းဟြာက ဘာလုပ္ေနလဲကို ငါသြားၾကည့္လိုက္ဦးမယ္။ ငါ့သတင္းကိုေစာင့္"
ဒီလိုေျပာၿပီးေနာက္ သူမသည္ ျပတင္းေပါက္ကေန မျမင္ရနိုင္သည့္ အခန္းတံခါးဆီသို႔ သြားသည္။ ၿပီးမွ ကိုယ္ေဖ်ာက္လိုက္ကာ ျပတင္းေပါက္ေန ခုန္ဆင္းသြားသည္။
အခန္းထဲတြင္ က်န္ခဲ့သည့္သူ ေလးေယာက္သည္ ခုံတြင္ထိုင္လိုက္ၾကသည္။ လင္းဖန္က ရွဲ႕တုန္းကို ၾကည့္ကာ
"မင္းကို ငါတစ္ခုေမးလို႔ရမလား?"
ရွဲ႕တုန္းသည္ သူ႕ကိုၾကည့္သည္။ လင္းဖန္က သူ႕ကိုေမးသည္က ေသခ်ာမွ ဇေဝဇဝါျဖင့္ ေခါင္းၿငိမ့္ျပသည္။
"ရိုင္းသလိုျဖစ္ရင္ျဖစ္ေနမွာ"
လင္းဖန္က ေျပာသည္။
"စိတ္ထဲမထားပါနဲ႕။ မင္းစကားေျပာတာ ငါတို႔မၾကားဖူးေတာ့ မင္းအသံေပ်ာက္ေနတာ အေတာ္ၾကာၿပီလား?"
ရွဲ႕တုန္းသည္ ေခါင္းၿငိမ့္ျပလိုက္သည္။
"ဪ တကယ္အားနာပါတယ္"
လင္းဖန္က ဆက္ေျပာသည္။
"ဒါပင္မယ့္ မင္းနဲ႕ လုထန္ယုက ပင္လယ္ၿမိဳ႕ေတာ္စခန္းကမလား? ဘာျဖစ္လို႔ သူနဲ႕အတူရွိေနတာလဲ? မေၾကာက္ဖူးလား?"
လင္းဖန္သိခ်င္သည္မွာ ရွဲ႕တုန္းသည္ ဇြန္ဘီျဖစ္သည့္ လုထန္ယုကို မေၾကာက္ဘဲ ဘယ္လိုသတၱိျဖင့္ သူမ၏အေနာက္သို႔ လိုက္ေနသလဲပင္။
ရွဲ႕တုန္းသည္ ခါးတြင္ပတ္ထားသည့္အိတ္မွ စာအုပ္ကိုထုတ္ကာ ေရးျပသည္။
'သူက မေကာင္းတဲ့ဇြန္ဘီ မဟုတ္ပါဘူး။ သူသာငါ့ကို ထိခိုက္ေစခ်င္ရင္ ဘယ္ကယ္ပါ့မလဲ'
"မင္းကိုကယ္တယ္လား?"
လင္းဖန္သည္ အံ့ၾသစြာေျပာသည္။ ထို႔ေနာက္ လုံခ်င္းယင္ကို တစ္ခ်က္ၾကည့္ကာ
"ငါ့အထင္ ကယ္ဆယ္ေရးလုပ္ရတာကို သူကသေဘာက်ပဳံပဲ"
'ကယ္ဆယ္ေရးကိုႀကိဳက္တယ္လား?'
ရွဲ႕တုန္းသည္ ခနေတြးၾကည့္သည္။ သူအပါအဝင္ လင္းခ်င္းကယ္သူမ်ားမွ တုံတုံတို႔ သားအမိ၊ လုထန္ရိတို႔အဖြဲ႕၊ မင္းသမီးေလး၊ လုံခ်င္းယင္ႏွင့္တူယြမ္ရွင္းတို႔ ျဖစ္သည္။ မိသားစုမွတစ္ပါး က်န္သည့္သူမ်ားက သူမႏွင့္မဆိုင္သည့္သူမ်ားျဖစ္သည္။
ထို႔ေၾကာင့္ လင္းခ်င္းက ကယ္ဆယ္ေရးလုပ္ရသည္ကို တကယ္သေဘာက်သည္ဟု သူပါခံစားလာရသည္။ သူသည္ တပ္သားေဟာင္းျဖစ္ခဲ့ေသာေၾကာင့္ တာဝန္စိတ္ျဖင့္ လူမ်ားကို ကယ္တက္သည္။ ထို႔ေၾကာင့္ လင္းခ်င္းမွာလည္း ကယ္တင္ရမည္ကို သူမလုပ္သင့္တာတစ္ခုဟု ထင္ေနပုံရသည္။
သို႔ေသာ္လည္း ကမာၻပ်က္ေခတ္တြင္ တစ္စုံတစ္ေယာက္က အကူအညီလိုသူမ်ားကို ကယ္တင္လွ်င္ ေက်းဇူးကန္းသည့္သူမ်ားႏွင့္ ေတြ႕ရလိမ့္မည္။ အသက္ရွင္သန္ဖို႔အတြက္ ဒီေခတ္ကလူမ်ားသည္ လူ႕က်င့္ဝတ္မ်ားမရွိေတာ့ေပ။ ထို႔ေၾကာင့္ လူသားစားဓားျပမ်ား ရွိေနတာျဖစ္သည္။ သူ႕အဖြဲ႕တြင္လည္း အတြင္းျပႆနာမ်ားက တစ္ခ်ိန္လုံးရွိခဲ့ကာ ေနာက္ဆုံးေတာ့ သူ႕ကိုသစၥာေဖာက္သြားၾကသည္။ သို႔ေသာ္လည္း တပ္သားေဟာင္းမ်ားသည္ေတာင္ ဒီလိုတာဝန္သိစိတ္မ်ိဳးသည္ တျဖည္းျဖည္းေပ်ာက္လာကာ အားႀကီးသူကိုသာ ေလးစားရမည္ဆိုသည့္စိတ္မ်ားသာ ရွိၾကေတာ့သည္။
"အရင္က ဒီလိုပဲလား?"
လင္းဖန္က ေမးသည္။
ရွဲ႕တုန္းသည္ ဒီေမးခြန္းေၾကာင့္ ပေဟဠိျဖစ္သြားသည္။ လင္းဖန္ကို ဇေဝဇဝါျဖင့္ တစ္ခ်က္ၾကည့္လိုက္ၿပီးမွ ေခါင္းခါျပသည္။ လင္းဖန္သည္ ထပ္မေမးေတာ့ဘဲ ျပတင္းေပါက္အျပင္ကိုသာ ေငးေနေတာ့သည္။
"ဟိုေခြးေကာင္ကို သူတကယ္ေတြ႕တာလား? မွားတာမျဖစ္နိုင္ဘူးမလား?"
ဘာကိုမွ အာ႐ုံမခံမိသျဖင့္ လင္းခ်င္း၏စကားကို အကုန္မယုံနိုင္သည့္ လင္းေဟာင္က ေျပာသည္။
လင္းဖန္သည္ သူ႕ကိုတစ္ခ်က္ၾကည့္ကာ
"ငါလည္းမေသခ်ာဘူး။ ဒါပင္မယ့္ အခုသူ႕ကိုယုံတာက မမွားပါဘူး။ ျဖစ္နိုင္ေခ်ေသးေသးေလးဆိုေတာင္မွ ငါတို႔သတိနဲ႕ေနရမယ္။ ေပါ့လို႔မျဖစ္ဘူး"
လင္းေဟာင္သည္ ျပတင္းေပါက္ကိုၾကည့္သည္။ အျပင္တြင္ ေမွာင္ေနသျဖင့္ သူဘာမွမျမင္ရေပ။ ထိုအခ်ိန္တြင္ လင္းခ်င္းသည္ အမိုးတစ္ခုႏွင့္တစ္ခုကူးေနသည္။ အေမွာင္ထဲတြင္ ဘယ္သူကမွ သူမကို အာ႐ုံမခံနိုင္ေပ။
မီတာတစ္ေထာင့္သုံးရာသည္ သူမအတြက္ေတာ့ ခနေလးသာ။ သူမသည္ လမ္းမီးတိုင္ေပၚတြင္ ထိုင္ခ်ကာ ဆယ္မီတာေလာက္ေဝးသည့္ေနရာမွ အေဆာက္အဦး၏ အေပၚဆုံးထပ္ကို ၾကည့္ေနသည္။ ထိုအရာသည့္ လူေနခဲ့သည့္ အေဆာက္အဦး၇ခု၈ခုျဖစ္ၿပီး တစ္ခုတြင္ အထပ္၂၀မွ ၃၀အထိ ပါဝင္သည္။
ယန္က်င္းဟြာသည္ သူ႕လူမ်ားသည္ အလယ္မွ အေဆာက္အဦးတြင္ ရွိေနတာျဖစ္သည္။ ဒီအေဆာက္အဦးမွ သူတို႔သည္ လင္းဖန္တို႔ေနသည့္ ဟိုတယ္ကို လွမ္းျမင္ေနရသည္။ လင္းခ်င္းသည္ ယန္က်င္းဟြာတို႔အား ေခါင္းေမာ့ၾကည့္ၿပီးေနာက္ ေအာက္ကိုငုံ႕ၾကည့္ေလရာ သူတို႔ကားတစ္စီးမွ မေတြ႕ေပ။ သို႔ေသာ္လည္း ေျမေအာက္ကားပါကင္သည္ ဒီေနရာနားတြင္ရွိသည္ကို သတိထားမိသျဖင့္ ထိုေနရာတြင္း ကားထားေလာက္မည္ဟု သိလိုက္သည္။
လင္းခ်င္းသည္ သူမ၏ အာ႐ုံခံနိုင္စြမ္းကို အသုံးျပဳသည့္အခါ ယန္က်င္းဟြာသည္ တစ္ေယာက္တည္းရွိေနကာ သူ႕လက္ေအာက္က အဆင့္ငါးစြမ္းအားရွင္အခ်ိဳ႕ႏွင့္ အခ်ိဳ႕အဆင့္သုံး အဆင့္ေလးမ်ားကေတာ့ အေပၚထပ္၏ အခန္းတစ္ခုထဲတြင္ စုေနၾကသည္။
လင္းခ်င္းသည္ လမ္းမီးတိုင္ေပၚမွ ခုန္ဆင္းကာ ထိုအေဆာက္အဦးမ်ား အနားသို႔ ကပ္သြားသည္။ လင္းခ်င္းသည္ သူတို႔ရွိရာ အေဆာက္အဦးထံသို႔ အရင္မဝင္ဘဲ အနားက ေျမေအာက္ကားပါကင္ဆီသို႔သြားသည္။
အထဲတြင္ လုံးဝကို ေမွာင္ပိန္းေနေသာ္လည္း သူမကေတာ့ အကုန္လုံးကို ရွင္းလင္းစြာ ျမင္နိုင္သည္။ သူမသည္ အထဲသို႔ဆင္းလာသည့္အခါ ထင္သလိုပင္ လက္နက္ႀကီးမ်ား တပ္ဆင္ထားသည့္ ယန္က်င္းဟြာတို႔ကားမ်ားက နံရံနားတြင္ ထိုးရပ္ထားသည္ကို ေတြ႕လိုက္ရသည္။
လင္းခ်င္းသည္ လက္မ်ားကို အေၾကာေလွ်ာ့ကာ ထိုကားမ်ားထံသို႔ ေလွ်ာက္သြားသည္။
Advertisement
- In Serial57 Chapters
Villager Three
Kira Hawthorne was just another teenage girl until the day a 'god' told the world their 'realm' was getting assimilated, since they lost some War no one on Earth even knew about. A System is installed on the whim of a very old and capricious god. Kira immediately gets trapped in a pocket dimension, and emerges to find a once familiar world turned foreign... And very hostile.
8 224 - In Serial82 Chapters
Dungeon Core/Realm Heart
Dao Lord Brandr has cheated death many times over the millennia, enough to know that this time he should have died. There was just no surviving what had happened to him. Fortunately or unfortunately, he did. Well... that depends on what you call surviving really. His body is gone and so is pretty much all of his mighty cultivation base. To add to this, he has suffered severe damage to his soul and as if that wasn't bad enough he's lost, far away from any world he knows and maybe even his universe. Now, he's just learned from a being called a sprite that he's some sort of sentient mystic realm called a dungeon and that just for the crime of existing, there would be legions of enemies planning to pillage and destroy him. It's okay though. Apparently, he can make legions of his own. Seeing what he has to work with, Brandr decides that perhaps, all is not lost after all...
8 331 - In Serial14 Chapters
The Seven Helpful Sins
A young man, living a hopeless life, accidentally discovers a cursed book. Upon opening it, he meets the seven deadly sins. Inadvertently freeing them from the book, he begs for their help. As thanks, they agree to his request and proceed to aid him with improving his life. Whether this was a wise decision remains open for debate. Author Note: I'm generally trying to include viewer interaction so that the audience decides the order of events and how frequently and/or which characters are the focus alongside the MC.
8 149 - In Serial9 Chapters
Golden Glow: Curses from this High One
After being Convinced to buy a new Vr game by his Best friend, Guy becomes intrigued with a Debuffing support class named Hexigation. After waiting a year for its release he starts playing from Day 1 with his Best friend and two others. Although the class itself is not that strong after creating his character he resolves himself to have what fun he can in the cruel world that is the Game.
8 111 - In Serial27 Chapters
The Dungeon King
Travelling through the void, escaping Earth's destruction, I carry within me, a hope for humanity. Landing in the wilderness, I have two missions, survive and complete my mission. Will I be King or Pauper? No, I will become the King! Alex is a survivor, that escaped from a ruined earth. He was given a mission by the gods, carrying the hope of his friends and companions to a new world. However when he arrives, he finds himself on the verge of death, in a new land. He is quickly put to the test, he has to learn how to fight, struggle resist with all his might against strong foes and tribulations besetting him from all directions. And he has to keep in the back of his mind, the mission he was entrusted with. Join him on this adventure where he discovers a new world full of wonder and whimsy, danger and oppurtunity. Join him as he drags himself from nothing to fighting against the entire world. Note: The story starts out quite light-heartedly to allow myself to ease readers into the story, allowing me to world-build and put the system in place first. Hopefully after that, I will be able to mix both light-hearted fair with a gritty undertone to tell a good story
8 126 - In Serial60 Chapters
Short Poems
A mix of mixed emotions in a poetical way.
8 248

