《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(17) လျှို့ဝှက်လေ့လာခြင်း
Advertisement
မှန်းဆချက်များ၊ လျှာချော်မှု၊ ဝိညာဥ်ကြည့်မှန်
ထောင်ရှန်းသည် အမှန်ပင် ရှက်တတ်သူဖြစ်ပြီး၊ သူသည် ရွှီရှင်းကျီနှင့် စာကြောင်းနှစ်ကြောင်းထက်ပို၍ မဖလှယ်ခင် အာရုံပျက်လာတော့သည်။
ရွှီရှင်းကျီက သူ့အတွက် ခက်ခဲအောင်မလုပ်ခဲ့။ "ချွီချီက အ-ဝမ့်နဲ့ အပြင်မှာ ကစားနေတယ်။ မင်းသူ့ကိုရှာနေတာလား?"
ထောင်ရှန်းသည် မဝံ့မရဲ ပြုံးကာ အပြင်သို့ အမြန်မထွက်မီ သူ့ကို ကျေးဇူးတင်ကြောင်း ဦးညွှတ်လိုက်သည်။
ရွှီရှင်းကျီ မျှော်စင်ထဲကနေ သူ့နောက် လိုက်သွားခဲ့သည်။
မနေ့က မိုးရေတွေရွာခဲ့ပြီး မျှော်စင်ရှေ့မှာ ကြည်လင်တဲ့ စမ်းချောင်းလေးရဲ့ တဝဲလည်လည် အသံကိုကြားလိုက်ရသည်။
ရွှီရှင်းကျီ မြေပြင်ပေါ် ခြေချနိုင်သည့်နေ့တွင် ရွှံ့စွတ်စိုနေသော ရွှံ့နွံကို ရွှံ့အိုးပုံသွင်းကာ မုန့်ချုံ့ကွမ်းအား ဝိညာဉ်စွမ်းအားဖြင့် အခြောက်ခံကာ ခိုင်ခံ့သော မြေအိုးဖြစ်အောင် ပြုလုပ်ခိုင်းခဲ့သည်။
မုန့်ချုံ့ကွမ်းသည် ထိုတာဝန်ကို ပျော်ရွှင်စွာ ပြီးမြောက်ခဲ့သည် သို့မဟုတ် တစ်နည်းအားဖြင့် ရွှီရှင်းကျီ ခိုင်းသမျှကို အမြဲတမ်း စိတ်အားထက်သန်နေတယ်လို့ ပြောနိုင်မလား?
အိုးအဆင်သင့်ဖြစ်ပြီးနောက် ရွှီရှင်းကျီသည် ကျိုးဝမ့်ကို ကွင်းအိုးဂိမ်းကစားနည်း စတင်သင်ကြားပေးခဲ့သည်။ သူမသည် ဤကဲ့သို့သော ဂိမ်းမျိုးကို တစ်ခါမှ မကစားဖူးသောကြောင့် မကြာမီပင် စွဲလန်းသွားခဲ့သည်။ သို့သော်လည်း 50kgရှိသောဓားကို လွယ်လွယ်ကူကူ လွှဲနိုင်သော သူမ၏လက်များသည် ၎င်းတို့၏ ခွန်အားကို ကောင်းစွာ မထိန်းနိုင်ဘဲ မကြာခဏ အိုးကို ကွဲကြေစေတတ်သည်။
သို့တိုင် ရွှီရှင်းကျီသည် အလွန်စိတ်ရှည်နေသေးပြီး အထူးသဖြင့် သူမအတွက် အပိုအိုး17လုံး- 18လုံးကို သူမစိတ်အလိုကျခွဲစေရန် မနေ့တနေ့ကမှ ပြုလုပ်ခဲ့သည်။
ရွှီရှင်းကျီ မျှော်စင်မှ ထွက်လာသောအခါ ကျိုးဝမ့်သည် ကစားခြင်းမှ ပင်ပန်းနေပြီဖြစ်ပြီး ချွီချီကို မှီကာ အနားယူနေလေသည်။
ချွီချီသည် သကြားလုံးစားခြင်းကို အလွန်နှစ်သက်ပုံရသည်။ ကျိုးဝမ့် သူ့ရင်ခွင်ထဲသို့ ရောက်ရှိလာသောအခါ အသစ်တွေ့ရှိသော ကျောက်စရစ်ခဲတစ်လုံးကို ထုတ်ယူကာ ပေးလိုက်သည်။ "....စား"
သူမသည် ၎င်းကို အမှုမဲ့အမှတ်မဲ့လက်ခံပြီး အလေးအနက်မြည်းစမ်းရင်း ပါးစပ်ထဲထည့်လိုက်သည်- "တော်တော်ချိုတာပဲ၊ ကျေးဇူးပဲ ခေါင်းကိုင်အဖေ"
ချွီချီသည် အလွန်နွေးထွေးစွာ ပြုံးပြီး သူမ၏ဆံပင်များကို ပွတ်သပ်ရန် လက်ကို ဆန့်တန်းလိုက်သည်။
ကျိုးဝမ့်သည် သူ့ဘက်သို့ ခေါင်းလှည့်ကာ နှစ်သက်သလို လုပ်ခွင့်ပေးထားသော်လည်း သူမ၏ အမူအရာမှာ အကြီးဆုံးကလေးက အငယ်လေးများကို ပျော်ရွှင်စေရန် မသိနားမလည်သလို ဟန်ဆောင်ထားသလိုပင်။
ရွှီရှင်းကျီသည် တံခါးပေါက်မှ နံရံကိုမှီ၍ နှစ်ယောက်သား၏ အပြန်အလှန် တုံ့ပြန်မှုကို ကြည့်ရင်း မရယ်မောဘဲမနေနိုင်။
ချွီချီ၏ အသက်အမှန်ကို မသိရသေးသော်လည်း လက်ရှိတွင် သူသည် ကလေးတစ်ယောက်နှင့် တူညီသောစိတ်ရှိသည်။ ကျိုးဝမ့်သည် သူနှင့် အလွန်လိုက်ဖက်ညီစွာ ဆက်ဆံနေသဖြင့် အဖေနှင့်သမီးထက် တုံးအသော မောင်လေးကို ကျွေးမွေးနေရသည့် အမမြင်ကွင်းနှင့် ပိုတူသည်။
ထောင်ရှန်းက သူတို့အနားကို ကိုင်းညွတ်ပြီး တစ်စုံတစ်ခုမေးပြီးနောက် သူ့ဝတ်ရုံပေါ်မှ လျှော်ပင်အဝတ်ကို ချွီချီပေါ် ပတ်ပေးလိုက်သည်။ “အအေးမမိစေနဲ့”
ချွီချီသည် ထောင်ရှန်းကို ၎င်းတို့နှင့်အတူ ထိုင်ရန် ဆွဲလိုက်ပြီး သူ၏ "သကြားလုံး" ကို မြည်းစမ်းရန် ခေါင်းမာစွာ တွန်းအားပေးနေသည်။ "သကြားလုံး၊ မင်းအတွက်"
ထောင်ရှန်းက သူ့ကို အလေးအနက်ကြည့်ပြီး “ချွီရှစ်ရှုန်း သကြားလုံးတွေ အလွန်အကျွံစားရင် သွားတွေကို ထိခိုက်လိမ့်မယ်”
ချွီချီက သူ့ပါးပြင်တွေကို ဖွဖွလေးကိုင်ကာ အံသြသွားသည်။ "ဘာလို့လဲ?"
ထောင်ရှန်းက သူ့ကို ချော့မော့ပြီး "ကျွန်တော်တို့ အနာဂတ်မှာ ထွက်သွားနိုင်ရင် သကြားလုံးမျိုးစုံ ကျွေးမယ်လေ၊ ဇီးသီးသကြားလုံး စားဖို့တောင် ဖိတ်လိုက်မယ်လေ"
ချွီချီ၏ စပ်စုချင်စိတ်က လှုပ်ရှားသွားသည်- "ဇီးသီးသကြားလုံးက ဘာလဲ?"
ထောင်ရှန်းက စိတ်ရှည်ရှည်နဲ့ အရိပ်အယောင်ပြပြီး “ဒါကလေးတွေ စားရတာ ကြိုက်တဲ့ဟာ။ ချဉ်ချဉ်စပ်စပ် ဇီးသီးနဲ့ လုပ်ထားတာမို့ ရှစ်ရှုန်းကြိုက်မှာ သေချာတယ်”
ချွီချီက သူ့အိတ်ကပ်ထဲက ကျောက်စရစ်ခဲ လက်တစ်ဆုပ်စာလောက်ကိုယူပြီး သူ့ကိုယ်သူ ရေရွတ်နေသည်။ "ချိုတယ်" ဆိုတာဘာလဲ ငါသိတယ် ဒီအရသာပဲ။ ဒါပေမယ့် 'အချဉ်' ကဘာလဲ?"
ကျိုးဝမ့်သည်လည်း ဘေးမှ စိတ်ဝင်တစား နားထောင်နေသောကြောင့် ထောင်ရှန်းတစ်ယောက် ရယ်ရမလား ငိုရမလား မသိ။
သူမသည် စွန့်ပစ်မြေတွင် မွေးဖွားခဲ့ပြီး အချဉ်၊ အချိုနှင့် အစပ်အရသာများကို မသိခဲ့ပါ။
ရွှီရှင်းကျီသည် သူတို့၏ ကလေးဆန်သော စကားဝိုင်းကို ခဏတာ နားထောင်ပြီးနောက် မော့ကြည့်လိုက်သည်။
လုယွီကျို့သည် မျှော်စင်၏ တတိယထပ်အမိုးတွင် ခြေထောက်တစ်ဖက်ချကာ ထိုင်နေသည်။ သူ့ဘေးမှာ သစ်သားနဲ့လုပ်ထားတဲ့ ပုလွေတွဲတစ်ခုရှိသည်။
ကျိုးပိုင်နန်သည် သူ၏တစ်ဆင့်အမြင့်တွင် ထိုင်နေပြီး သူ၏လှံကို မြေကြီးပေါ်ပစ်လိုက် သူ့ဝိညာဥ်စွမ်းအားနဲ့ ပြန်လာအောင်လုပ်လိုက်နဲ့ ကစားနေသည်။
သူသည် သေချာပေါက် ကျွမ်းကျင်သော အဝေးပစ်သမားတစ်ယောက်ပင်။ 10မီတာ ကွာဝေးသောအဝေးမှ သူလှံပစ်လိုက်တိုင်း တစ်နေရာထဲကိုပဲ ခဏခဏထိမှန်သည်။
အရိုးစုမိန်းကလေးသည် အနီးနားရှိ စမ်းချောင်းတစ်ခုတွင် ရှိနေပြီး ၎င်းတို့ကို ကျောပေးကာ အဝတ်လျှော်နေသည်။
Advertisement
သူမကို ဒီလိုအရိုးဗလာနဲ့ ကွဲအက်နေတဲ့ အနေအထားမှာ မကြာခဏတွေ့ရတော့ သူမဟာ သဘာဝအတိုင်း ကြောက်စရာကောင်းပုံ မပေါ်တော့ပေ။ ထို့အပြင် သူမသည် အဝတ်လျှော်နေစဉ် သီချင်းညဥ်းနေသောကြောင့် တေးဂီတကို အလွန်နှစ်သက်သူတစ်ဦးနှင့်တူသည်။ သီချင်းရဲ့ သံစဉ်ကလည်း မရိုးစင်းဘဲ ဆန့်ကျင်ဘက်အနေနဲ့ အတော်ပင် ကြည်နူးစရာကောင်းသည်။
လုယွီကျို့သည် ပုလွေတွဲကို ကောက်ယူပြီး သူမနှင့် လိုက်လျောညီထွေ တီးမှုတ်လာသည်။
ထိုသို့သောမြင်ကွင်းများကို မြင်လိုက်ရသဖြင့် ရွှီရှင်းကျီသည် သူ့နှလုံးသားထဲတွင် မကြုံစဖူး ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။
ပထမသုံးရက်တွင် သူသည် စွန့်ပစ်မြေသို့ ရောက်ခဲ့သည်၊ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ သယ်ဆောင်လာသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အိပ်မက်ဆိုးများနှင့် ကြည်နူးစရာ နွေဦးအိပ်မက်များက နေ့စဉ်နေ့တိုင်း သူ့ထံ ရောက်ရှိလာသည်။ သူနိုးလာတိုင်း တကိုယ်လုံး နာကျင်ခံစားရပြီး တတိယအကြိမ်မြောက် နိုးလာတဲ့အခါ အဖျားတောင် တက်သွားခဲ့သည်။
ယွမ်ရူကျိုးနှင့် တွေ့တဲ့အခါ ထူးဆန်းတဲ့ အိပ်မက်တွေ အများကြီးရှိတာကြောင့်လို့ မပြောနိုင်ဘဲ အချိန်အတော်ကြာအောင် အအေးမိသွားတယ်လို့ပဲ ပြောနိုင်သည်။
ရက်အနည်းငယ်ကြာအောင် ပြုစုခံရပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းပြီး စွန့်ပစ်မြေထဲသို့ ဝင်ကတည်းက စုစည်းခွင့်မရှိခဲ့သော သူ၏ အတွေးအမြင်များကို ဂရုတစိုက် ခွဲထုတ်လိုက်သည်။
.....ပထမ၊ သူ ဒီလောကထဲ ဝင်ရောက်လာတဲ့အခါ ဘာလို့ မသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသေးတာလဲ?
“လောကအသိဉာဏ်” သည် ဆယ်နှစ်ကျော် မသန်မစွမ်းဖြစ်ခဲ့ရသည့်အချက်ကို ထည့်သွင်းစဉ်းစားကာ သူ၏ညာလက်ကို လုံးဝအသုံးမချနိုင်သောကြောင့် ဤအုပ်စုရှေ့တွင် မိမိကိုယ်ကို ထုတ်ဖော်မိသွားမည်ကို စိုးရိမ်သောကြောင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာ အသုံးပြုနိုင်စေရန် လုပ်ပေးလိုက်သလား၊ ဒါမှမဟုတ် မူလပိုင်ရှင်ရဲ့လက်ကပဲ ချို့ယွင်းနေသလား?
သို့ဆိုလျှင် ဤ “လောကအသိညာဏ်” သည် အမှန်တကယ်ပင် အထူးဂရုပြုမှုရှိလှသည်။
ဒုတိယအနေနဲ့၊ ဒီအဖွဲ့ဟာ အဲဒီနှစ်မှာ နတ်ဘုရားပစ္စည်းတွေကို ခိုးယူဖို့ ဘာကြောင့် ကြိုးစားခဲ့တာလဲ? ပြီးတော့ သူတို့ဘာကြောင့် ကျရှုံးခဲ့တာလဲ?
“လောကအသိဉာဏ်” မှပေးဆောင်သော မူလပိုင်ရှင်၏မှတ်ဉာဏ်များသည် ခေတ္တခဏမျှသာဖြစ်ပြီး မူလပိုင်ရှင်၏ကိုယ်ခန္ဓာတွင် ဝှက်ထားသော မသိစိတ်ကလည်း လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ပေါ်မလာတော့ချေ။ ရွှီရှင်းကျီသည် သားရဲလူကို စစ်ဆေးမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများကြောင့် သတိမေ့မြောနေသေးကာ ဘာတစ်ခုမှ မမေးမြန်းနိုင်ပေ။
သူ့အကဲဖြတ်စူးစမ်းမှုမှတစ်ဆင့် ကျိုးဝမ့်သည်လည်း ထိုနှစ်တွင်ဖြစ်ပျက်ခဲ့သည်များကို လုံးဝမသိကြောင်း တွေ့ရှိခဲ့သည်။
ကျိုးဝမ့်မှလွဲ၍ ကျန်သူများအားလုံးသည် ထိုနှစ်အဖြစ်အပျက်များ၏ အဓိကသက်သေများဖြစ်ကြသော်လည်း၊ ရွှီရှင်းကျီသာ ၎င်းတို့အား မေးမြန်းပါက သူသည် သံသယများကို နှိုးဆွမိပြီး သူ၏အထောက်အထားကို ရှာဖွေတွေ့ရှိပါက လုံးဝအဆုံးသတ်ပင်။
ဒါပေမယ့် ရက်အနည်းငယ်ကြာအောင် ပေါင်းသင်းပြီးနောက်မှာတော့ ရွှီရှင်းကျီဟာ ဒီအဖွဲ့ရဲ့ ဘယ်အပိုင်းက ရွံရှာဖွယ်ကောင်းကြောင်းကို မပြောနိုင်တော့။
လွန်ခဲ့သည့် ရက်အနည်းငယ်က ၎င်းတို့သည် ရာဇ၀တ်ကောင်များကို ဖုန်းတောင်မှ နှင်ထုတ်ခဲ့ပြီး ပြင်းထန်စွာ ထိုးနှက်ချက်ပေးခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် သွေးနံ့သည် မီတာငါးထောင်ကျော်အကွာသို့ ပျံ့လွင့်သွားသည်ဟုပင် ဆိုနိုင်သည်။ ရက်စက်ကြမ်းကြုတ်ပြီး ထူးဆန်းသည်ဟုထင်ရသော်လည်း တောရိုင်းတောကြီးတွင် အားနည်းသူကို သန်မာတဲ့သူက အမဲလိုက်သည်မှာ တောတွင်းဥပဒေဖြစ်သည်။
မြေရိုင်းထဲတွင် အရင်းအမြစ်ပြတ်လပ်မှုများ အမြဲရှိခဲ့သည်။ ဖုန်းတောင်နှင့် မျှော်စင်မြင့်တို့သည် နီးကပ်စွာ မြေယာ၏အလယ်ဗဟိုတွင် တည်ရှိသောကြောင့် ၎င်းတို့ကြားတွင် ပဋိပက္ခဖြစ်ရခြင်းမှာ သဘာဝပင်ဖြစ်သည်။ ထို့အပြင်၊ မုန့်ချုံ့ကွမ်း မရှိတော့ချိန်တွင် ဖုန်းတောင်မှလူများသည် မုန့်ချုံ့ကွမ်း၏ အတောင်ပံများဖြစ်သည့် ဤအဖော်ခုနစ်ယောက်အနက်မှ တစ်ယောက် သို့မဟုတ် နှစ်ယောက်ကိုပင် သတ်ပစ်နိုင်ရန် မျှော်လင့်ကြသည်။
သူကိုယ်တိုင် မရောက်ရှိခင်မှာ မုန့်ချုံ့ကွမ်းဟာ မူလပိုင်ရှင်ကို ရှာဖွေဖို့သာ အာရုံစိုက်နေခဲ့သည်။။ သူရှာဖွေရန်ထွက်သွားသောအခါ၊ ဆယ်ရက်မှတစ်လအထိ မည်သည့်နေရာတွင်မဆို ကုန်ဆုံးလေ့ရှိသောကြောင့် ဤကိစ္စကို သူ သိပ်ဂရုမစိုက်တော့တာတော့ သေချာပေသည်။ စိတ်မကောင်းစွာပဲ၊ သူ့အမြင်တွင် ဖုန်းတောင်မှ လူမိုက်အုပ်စုသည် တစ်လနေကြတ်ခြင်းမျှသာဖြစ်ပြီး လုံးဝမဖော်ပြထိုက်ပါ။
၎င်းတို့၏ စဉ်ဆက်မပြတ် နှောင့်ယှက်မှုများအောက်တွင်ပင် ဖုန်းတောင်ကို တန်ပြန်တိုက်ခိုက်ရန် မည်သည့် အစပျိုးမှုမှ မလုပ်ဆောင်ခဲ့ဘဲ တိုက်ခိုက်သူများ ပြန်လည်ဆုတ်ခွာသွားသည်အထိသာ ခုခံကာကွယ်ပြီး အမြဲရပ်တန့်ခဲ့သည်။
ရွှီရှင်းကျီသည် ၎င်းကို စဉ်းစားပြီး ဤအဖွဲ့သည် နတ်ဘုရားပစ္စည်းများကို ဘာအတွက် လိုချင်သည်ကို မသိနိုင်တော့။
ကျိုးပိုင်နန်သည် ယင်ထျန်းချွမ်းကျွန်း၏ ခေါင်းဆောင်၏သားဖြစ်သောကြောင့် အရာအားလုံးသာ စီစဉ်ထားသည့်အတိုင်းဖြစ်ပါက သူသည် နတ်ဘုရားပစ္စည်းကို မှန်ကန်စွာအမွေဆက်ခံနိုင်မည်ဖြစ်သည်။
ချွီချီသည် တန်းယန်တောင်၏ တပည့်ခေါင်းဆောင်ဖြစ်ပြီး၊ သူစိတ်လွတ်သွားပြီးနောက် တစ်စုံတစ်ယောက်က သူ့ကိုအခွင့်ကောင်းယူခဲ့သော်ငြား အရူးတစ်ယောက်က နတ်ဘုရားများ၏လျှို့ဝှက်ချက်ကို လေ့လာရန် အရည်အချင်းရှိသလား?
လုယွီကျို့သည် ရွှီရှင်းကျီ၏ မှတ်ဉာဏ်များထဲတွင် ပေါ်လာခဲ့သော်လည်း ထိုအချိန်တွင် သူသည် အလွန်သစ္စာရှိပြီး ဂုဏ်သရေရှိသော ချင်းလန်တောင်ကြား၏ ပြင်ပဂိုဏ်းဝင် လူငယ်တစ်ဦးသာဖြစ်သည်။
အရိုးစုမိန်းကလေး ယွမ်ရူကျိုးသည်လည်း ဆိုးသွမ်းသော ရည်မှန်းချက် ရှိသူလို့မထင်ရဘဲ ထောင်ရှန်းသည် တန်းယန်တောင်သို့ ဝင်ရောက်လာသည့် သေမျိုးမျှသာ ဖြစ်ပြီး၊ နောက်ဆုံး ကျိုးဝမ့်အတွက်ကတော့ စွန့်ပစ်မြေ၌ မွေးဖွားခဲ့ပြီး ၎င်းကို လုံးဝနားမလည်ခဲ့ပေ။
ဤနည်းဖြင့်၊ မုန့်ချုံ့ကွမ်းသည်သာ ရွှီရှင်းကျီမှ သူ၏ရည်ရွယ်ချက်ကို သေချာမသိသော တစ်ဦးတည်းသော သူဖြစ်ပုံရသည်။
သို့သော်လည်း မုန့်ချုံ့ကွမ်းသည် ဖုန်းလင်တောင်သို့ ကနေဦးဝင်ရောက်လာပုံသည် မူလပိုင်ရှင်၏ အမှတ်ဉာဏ်များမှ တွေးတောကြည့်သည့်အခါ ကာလကြာရှည်စွာ ကြံစည်ထားခဲ့သော အရာမဟုတ်ပေ။ သူတို့နှစ်ဦးသည် အရှေ့ဧကရာဇ်၏ ယဇ်ပူဇော်ခြင်းအခမ်းအနားအတွင်း မတော်တဆ တွေ့ဆုံခဲ့ကြသောကြောင့် မုန့်ချုံ့ကွမ်းသည် ထိုအချိန်ကသူ့အား ဖုန်းလင်တောင်သို့ သေချာပေါက် ပြန်ခေါ်သွားမယ်လို့ ဘယ်လိုလုပ်သေချာနိုင်မှာလဲ?
Advertisement
ရွှီရှင်းကျီသည် ဤထင်မြင်ယူဆချက်များအား ရှင်းမပြနိုင်သောကြောင့် ၎င်းတို့ကို ခေတ္တဘေးဖယ်ထားကာ ပူပန်မနေတော့ပေ။
တတိယအနေနဲ့ မုန့်ချုံ့ကွမ်းကို တကယ် သတ်ပစ်ရမှာလား?
ရွှီရှင်းကျီသည် ဤကိစ္စကို အစပိုင်းတွင် တွေးတောရန် များများစားစား အားမထုတ်ခဲ့ဘဲ၊ နှစ်ကြိမ်တိုင်တိုင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ရာမှ ရှုံးနိမ့်လာသောအခါ သူသည် အခြားနည်းလမ်းကို စတင်ရှာဖွေခဲ့သည်။
အကယ်၍ မုန့်ချုံ့ကွမ်းသာ လွတ်မြောက်ပြီးနောက် တောရိုင်းတောထဲတွင်ကဲ့သို့ ငြိမ်းချမ်းစွာ နေနိုင်ပါက၊ လွတ်မြောက်ရန် အနည်းငယ်လောက် ကူညီပေးတာက ဘယ်လိုမှားယွင်းနိုင်မှာလဲ?
ထို့အပြင်၊ အကယ်၍ မုန့်ချုံ့ကွမ်းမှာသာ ပင်လယ်ကဲ့သို့ ကြီးမားကျယ်ပြန့်သော နတ်ဆိုးစွမ်းအားရှိကာ "ကမ္ဘာ့အသိဉာဏ်" ကပင် သူ့ကို အလွယ်တကူ မဖျောက်ဖျက်နိုင်လောက်အောင် ဖြစ်နေပါက၊ သူ့ကိုယ်ပိုင်အထောက်အထားကို ထုတ်ဖော်ပြသလိုက်တာက ပိုကောင်းတယ်မဟုတ်ဘူးလား? သူက ဒီကမ္ဘာရဲ့ ပြင်ပလူဖြစ်ပြီး ဒီလောကရဲ့ အမှန်တရားကို သိရှိပြီး စွန့်ပစ်မြေထဲက လွတ်မြောက်အောင် ကူညီပေးနိုင်မယ်ဆိုရင်ရော? မုန့်ချုံ့ကွမ်း လွတ်မြောက်ပြီးသည်နှင့် "လောကအသိဉာဏ်ဏ်" မှ သင်ယူစေပြီး မူလကမ္ဘာကို ပြန်ပို့ခိုင်းလိုက်မယ်၊ ဒီအစီအစဉ် မကောင်းဘူးလား?
....“လောကအသိဉာဏ်”သာ သူ့မှာ အဲဒီလို အတွေးတွေရှိမှန်း သိရင် သွေးတစ်မီတာလောက် အန်သွားလောက်သည်။
သို့သော် ရွှီရှင်းကျီသည် ထင်ကြေးပေးရုံသာဖြစ်သည်။
သူစိတ်ကူးယဉ်ဖို့က မခက်ပါဘူး၊ သူသာ ရွှီရှင်းကျီမဟုတ်ဘူးဘဲ မူရင်းပိုင်ရှင်ရဲ့မျက်နှာကိုသာ အသုံးပြုနေပြီး ရွှီရှင်းကျီ အစစ်အမှန်ကတော့ အပြင်လောကမှာ သေဆုံးသွားခဲ့ပြီဆိုတာ ပြောပြခဲ့ပါက မုန့်ချုံ့ကွမ်းက သူ့ကို ကောင်းကင်ဘုံသို့ အမြန်ရထားနဲ့ စေလွှတ်လိုက်မည်ဖြစ်ပြီး သူ့အဖေနဲ့ညီမကို နောက်တစ်ကြိမ် ထပ်မတွေ့နိုင်တော့မှာ စိုးရိမ်မိသည်။
သူ့မိသားစုအကြောင်းတွေရင်း ကြည်နူးနေစဉ် ရွှီရှင်းကျီဟာ သူ့နောက်ကနေ နွေးထွေးတဲ့ ပွေ့ဖက်မှုကို မခံစားလိုက်ရမချင်း သူ့အတွေးတွေ လွင့်ပျံနေခဲ့သည်။
"ရှစ်ရှုန်း ဘာတွေကြည့်နေတာလဲ?" မုန့်ချုံ့ကွမ်းက သူ့ကို အနောက်ကနေ သိုင်းဖက်ထားပြီး သူ့ပုခုံးပေါ်မှာ မေးစေ့ချွန်ချွန်လေး တင်လိုက်သည်။ "...ကျွန်တော်လည်း ကြည့်ချင်တယ်"
ရွှီရှင်းကျီ၏ ညီမဖြစ်သူ ရွှီဝူထုန်သည် သူ့အား စွဲစွဲမြဲမြဲ နှစ်သက်သဘောကျကာ ဤကဲ့သို့သော အမူအရာများကို အသုံးပြုခဲ့ဖူးသောကြောင့် ရွှီရှင်းကျီသည် မည်သည့်အရာမှ မှားယွင်းသည်ဟု မခံစားရပေ။
ဤကမ္ဘာပေါ်တွင် အလိုလိုက်ခံရသော ကလေးအများစု၏ ချစ်ခြင်းကို ဖော်ပြသောနည်းလမ်းမှာ သစ်ပင်တစ်ပင်ကို ရစ်ပတ်ထားသော နွယ်ပင်လို ချည်နှောင်ခြင်းဖြစ်သည်ဟု ယုံကြည်ထားပုံရသည်။
ဒါကိုတွေးတောရင်း သူက “ဘာမှ မကြည့်ပါဘူး၊ နေတွေ၊လတွေ၊ ကြယ်တွေမရှိဘူးလို့ တွေးနေရုံပါ။ ပျင်းစရာကောင်းတဲ့ မီးခိုးရောင်ကြီးပဲရှိတယ်"
မုန့်ချုံ့ကွမ်းက "ရှစ်ရှုန်းက ကြယ်တွေကို ကြည့်ချင်တာလား?"
ရွှီရှင်းကျီ: "အထူးတလည်တော့ မဟုတ်ပါဘူး၊ တွေးကြည့်ရုံပဲ"
အဆုံးတွင်၊ သူ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်း ထပ်ထည့်လိုက်သည်- "ကြယ်တွေကို ကြည့်ပြီး လကို ရှုစားတာ၊ ဒီလို အဆင့်အတန်းမြင့်တဲ့ အပျော်အပါးမျိုးကို ဝမ်ပိုင်မောက်ပဲ နှစ်သက်မှာ"
နှုတ်ခမ်းမှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် သူကိုယ်တိုင် ထိတ်လန့်သွားသည်။
ထိုစကားများသည် အမှန်ပင် သူ့ပါးစပ်မှ ထွက်လာသော်လည်း တွေးတောစရာမရှိဘဲ ထွက်လာခြင်းပေ။
....မူလပိုင်ရှင်ရဲ့ အလိုလို တုံ့ပြန်မှုများလား?
ဤတစ်ကြိမ်တွင်၊ စောစောက သူလွဲချော်ခဲ့သော နောက်ထပ်သံသယတစ်ခုမှာ ရွှီရှင်းကျီ၏ နှလုံးသားထဲတွင် ပေါ်လာသည်။
....ဂိုဏ်းလေးခုတွင် မူလပိုင်ရှင် ရွှီရှင်းကျီ၊ တန်းယန်တောင်မှ ချွီချီ၊ ယင်ထျန်းချွမ်းမှ ကျိုးပိုင်နန်တို့ အားလုံးသည် မြေရိုင်းထဲတွင် ဖြစ်ကြသော်လည်း တရားအမျှတဆုံးနှင့် အားလုံးထက် နတ်ဆိုးလမ်းစဉ်ကို စက်ဆုပ်ရွံရှာသော ဝမ်ပိုင်မောင်အကြောင်း မည်သူမှ လုံးဝမဖော်ပြခဲ့ကြ။
သူ မှိန်းမောနေချိန်၊ မြင့်မားသော နေရာတွင် ထိုင်နေသော ကျိုးပိုင်နန်သည် သူ၏လက်ဖဝါးထဲသို့ လှံကို ပြန်ယူလိုက်သော်လည်း ၎င်းကိုတစ်နေရာထဲသို့ ထပ်မံ မလွှင့်ပစ်တော့ပေ။
လှံကိုနဂါးကဲ့သို့ ပစ်လွှတ်လိုက်ကာ လေကိုဖြတ်ပြီး စူးရှသော အသံထွက်ကာ မီတာဒါဇင်များစွာအကွာရှိ ကျူပင်များတွင် တိကျစွာထိမှန်ခဲ့သည်။
ထို့နောက် သနားစရာကောင်းတဲ့ အော်သံတစ်ခု ထွက်ပေါ်လာပြီး ပိုးနီရဲရဲလို နှစ်မီတာ အချင်းဝက်ထက်လောက်အထိ သွေးတွေ ဖျန်းခနဲ ဖြစ်သွားသည်။
ရွှီရှင်းကျီလန့်ပြီး မော့ကြည့်လိုက်သည်။
သရဲတစ္ဆေတွေရဲ့ အရှိန်ဟာ သာမန်လူတွေရဲ့ အရှိန်နဲ့ ယှဉ်လို့မရပါဘူး။ မူလက အမိုးမှာထိုင်နေတဲ့ ကျိုးပိုင်နန်ဟာ ချက်ခြင်းပဲ ကျူပင်တွေထဲကို ထိုးဆင်းသွားပြီး အလောင်းတစ်လောင်းကို ဆွဲထုတ်လိုက်သည်။
အလောင်းပေါ်ရှိအဝတ်အစားများသည် မုန့်ချုံ့ကွမ်းပေါ်တွင် ၀တ်ဆင်ထားသည့် အဖြူရောင် ၀တ်စုံများနှင့် လျှော်ဖျင်ဖြင့်ပြုလုပ်ထားသော ဖဲကြိုးတစ်ချောင်းကအစ တူညီသည်။
ကျိုးပိုင်နန်သည် အခြားသူ၏အသက်ကို တစ်ချက်ထဲယူရန် မကြံစည်ထားသောကြောင့် လှံကိုဆွဲနှုတ်ကာ မြေပြင်ပေါ်သို့ စိုက်ချလိုက်သော်လည်း ထိုလူသည် ပါးစပ်ထောင့်မှ သွေးများထွက်ကျလာကာ သေဆုံးသွားခဲ့သည်။
ကျိုးပိုင်နန် ပါးစပ်ကိုဖွင့်ကြည့်တော့ လျှာတစ်ဝက်လောက် ထွက်ကျသွားသည်။
ရွှီရှင်းကျီသည် သာမာန်လူတစ်ဦးဖြစ်သောကြောင့် သဘာဝအားဖြင့် သူသည် ဤကဲ့သို့ သွေးထွက်သံယိုမြင်ကွင်းများကို မမြင်ဖူးသေးဘဲ သူ၏ဝတ်စားဆင်ယင်ပုံမှ သဲလွန်စအချို့ကိုသာ သိရှိနိုင်သည်။
ချွီချီက ထောင်ရှန်းကို စိတ်ဝင်တစား မေးသည် "ဖုန်းလင်တောင်ကလူတွေ လာတာလား? ဖုန်းလင်တောင်ကဆိုရင် သကြားလုံး ကျွေးမယ်"
ထောင်ရှန်း: "ရှူးး၊ တိုးတိုး"
မုန့်ချုံ့ကွမ်းက ရဲ့ရွှီရှင်းကျီ ပုခုံးကို တွန်းလိုက်ပြီး "ရှစ်ရှုန်း မျှော်စင်ထဲ အရင်သွားနှင့်လိုက်၊ ကျို့ကျစ်သမ်းရဲ့ လက်အောက်ငယ်သားတွေ ဒီရောက်နေတယ်"
ရွှီရှင်းကျီ အံ့သြသွားပြီး "ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကဘာလဲ?"
"ကျွန်တော်တို့အုပ်စု မြေရိုင်းထဲမှာ အသက်ရှင်နေသရွေ့တော့ အချိန်မရွေး ရောက်လာကြမှာပဲ" မုန့်ချုံ့ကွမ်းက ပေါ့ပေါ့ပါးပါး လေသံနဲ့ပြောပေမယ့် ရွှီရှင်းကျီကို လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက နူးညံ့သိမ်မွေ့လွန်းလို့ အရည်ပျော်သွားမလိုပါပဲ။ "ရှစ်ရှုန်း၊ မြန်မြန်သွားပါ၊ ရှစ်ရှုန်းဝင်ပါပြီး ဒဏ်ရာရသွားရင် မကောင်းဘူး”
ရွှီရှင်းကျီ စကားလုံးများကို မဖြုန်းတီးတော့ဘဲ "သတိထားပါ" ဟုတိုက်တွန်းပြီးနောက် သူလှည့်ကာ မျှော်စင်ထဲသို့ ဝင်လိုက်သည်။
တကယ်တော့ သူအခု ထုတ်ပြောလိုက်တဲ့ စကားတွေအပေါ် စိတ်ရောက်နေဆဲပင်။ အဲဒီနောက်မှာတော့ သူ့မျက်လုံးရှေ့မှာ ပြန့်ကျဲနေတဲ့ မှတ်ဉာဏ်တွေ ပေါ်လာကာ သူ့ခေါင်းက လေးလံလာသည်။
...မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေ ခေါင်းပြန်ထောင်လာပြန်ပြီ။
သူသာအဲဒီမှာ ဆက်ရပ်နေမယ်ဆိုရင် မေ့လဲကာ တူညီတဲ့လမ်းကို လျှောက်ရမှာကို စိုးရိမ်မိသည်။ အဲဒီလိုဖြစ်သွားရင် သူပြဿနာပိုတက်အောင်သာ လုပ်မိလိမ့်မည်။
ရွှီရှင်းကျီ မျှော်စင်ထဲသို့ဝင်ပြီးသည့်တိုင်အောင် စောင့်ပြီးနောက် မုန့်ချုံ့ကွမ်း၏ မျက်နှာပေါ်ရှိ နွေးထွေးမှုနှင့် နူးညံ့မှုတို့သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ကျိုးပိုင်နန် အလောင်းကို ဆွဲတင်လိုက်သည်။ "...သူသေပြီ၊ သူ့လျှာသူကိုက်ပြီး သတ်သေသွားတာ”
"ကြည့်ရတာ ကျို့ကျစ်သမ်းက သူတို့ကို ရှင်းရှင်းလင်းလင်း ပြောထားပုံပဲအာ" မုန့်ချုံ့ကွမ်းက အေးစက်စွာ တခစ်ခစ်ရယ်နေသည်။ "ဒီလူတွေ ငါ့လက်ထဲ အသက်ရှင်ရက် မဝင်လာရဲဘူး"
ကျိူးပိုင်နန် ပတ်ပတ်လည်ကို လှမ်းကြည့်သည်။ "တခြားသူလျှိုတွေ ရှိနေလောက်တယ်၊ ငါတို့ ဘာလုပ်သင့်လဲ?"
"__ရှာ" မုန့်ချုံ့ကွမ်းက အမိန့်ပေးလိုက်သည်။ "ရှာတွေ့ရင် ခါတိုင်းလို အဝတ်အစားတွေကို ချွတ်ပြီး အရေခွံခွာလိုက်"
စမ်းချောင်းဘေးမှာ အဝတ်လျှော်နေတဲ့ ယွမ်ရူကျိုးဟာ ခုနကကျူးကျော်သူနဲ့ အနီးစပ်ဆုံးပါပဲ။
သူမသည် သွေးလမ်းကြောင်းကို လိုက်၍ ကျူရိုးများပေါ်တွင် အတန်ကြာအောင် လှည့်ပတ်ကြည့်ပြီးနောက် ကြည့်မှန်တစ်ခုကို ရှာတွေ့ခဲ့သည်။
သူမသည် ကြည့်မှန်ကို ခဏလောက် တစ်ချက်ကြည့်ကာ မဆိုင်းမတွ ရိုက်ခွဲလိုက်သောအခါတွင် သူမ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ယွမ်ရူကျိုးသည် ပျက်စီးနေသောမှန်ကို ကိုင်ဆောင်ကာ မျှော်စင်ရှေ့သို့ ပြန်သွားပြီး အပိုင်းအစများကို မုန့်ချုံ့ကွမ်းအား လွှဲပြောင်းပေးလိုက်သည်။ "ရှစ်သိ၊ ဒါကိုကြည့်စမ်း၊ ဒါဝိညာဥ်ကြည့်မှန်ပဲ၊ ဝိညာဥ်ကြည့်မှန်က ရောင်ပြန်ဟပ်နေတဲ့အရာတိုင်း အချင်းချင်း ဆက်သွယ်နေမှာ”
ကျိုးပိုင်နန် ထိုစကားကိုကြားသောအခါ၊ သူသည် မုန့်ချုံ့ကွမ်းဘက်သို့ လှည့်သွားသည်။ "...ရှင်းကျီမင်းကို လုပ်ကြံပြီးပြီလားဆိုတာသိဖို့ ကျို့ကျစ်သမ်းက ဒီသူလျှိုကို လွှတ်လိုက်တာများလား?”
ကွဲကြေနေသော ကြည့်မှန်ကို ပြုံးပြရင်း မုန့်ချုံ့ကွမ်း၏ အမူအရာမှာ မပြောင်းလဲဘဲ “ဒီကျိုးပဲ့နေတဲ့ အရာကို လွှတ်ပစ်လိုက်....ရှစ်ရှုန်းနဲ့ငါက လွင်တီးခေါင်မှာ သာသာယာယာနေနေတာကို၊ သူငါ့ကို ဘယ်လိုလုပ် လုပ်ကြံနိုင်မှာလဲ?”
ဝိညာဥ်ကြည့်မှန်၏ တစ်ဖက်တွင်တော့။
ဖုန်းလင်တောင်၏ ၀တ်စုံကို ၀တ်ဆင်ထားကာ ဝိညာဥ်ကြည့်မှန်ကို ကိုင်ဆောင်ထားသော တပည့်တစ်ဦးသည် စကားမပြောရဲဘဲ လူတစ်ယောက်ရှေ့တွင် ဒူးထောက်ထိုင်နေသည်။
ဖန်သားပြင်ဖြင့် ပုံဖော်ထားသည့် မြင်ကွင်းသည် ကျိုးပဲ့ရာ မျဉ်းကြောင်းများရှိနေသည်။ မုန့်ချုံ့ကွမ်း၏ မျက်နှာသည် အသွင်အပြင်များစွာဖြင့် ထင်ဟပ်နေပြီး ဖြတ်သွားသောအသံမှာ ပြတ်တောက်နေသော်လည်း မှတ်မိနေဆဲဖြစ်သည်- “....ရှစ်ရှုန်းနဲ့....ငါက...သာသာယာယာနေနေတာကို....သူဘယ်လိုလုပ် ငါ့ကိုလုပ်ကြံ...နိုင်မှာလဲ..."
ဖန်သားပြင်ကို မျက်နှာမူနေသည်မှာ အဖြူရောင်၀တ်စုံဖြင့် ကျို့ကျစ်သမ်းဖြစ်သည်။
ကျို့ကျစ်သမ်း၏ အေးစက်သော မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေပြီး ဤစာကြောင်းကို ကြားလိုက်သောအခါ သူ့လက်ထဲမှ စာလိပ်သည် ချက်ချင်း ဘေးသို့ပစ်ကျသွားသည်။
အလှဆင်ရန်အတွက် တစ်ဖက်တွင် ထားရှိသော ငွေရောင်ပန်းအိုးတစ်အိုးသည်လည်း ချက်ချင်း ကွဲအက်သွားကာ ကြမ်းပြင်တစ်ခုလုံး ရေများနှင့် အတွင်းမှပန်းများဖြင့် ပြန့်ကျဲနေသည်။
ထိုတပည့်သည် ချက်ချင်းပင် ထိတ်လန့်သွားကာ နှုတ်ဆိတ်သွားပြီး အသံမထွက်ရဲတော့။
"ဝမ်ရွှယ်ချန်ကိုခေါ်လိုက်" အချိန်အတော်ကြာပြီးနောက် ကျို့ကျစ်သမ်း၏ အေးစက်သောအသံသည် အပေါ်စီးမှ ထွက်ပေါ်လာပြီး ဒေါသသည် လုံးဝမှိန်သွားသလိုပင်။ "ရှစ်ရှုန်းကို မြေရိုင်းထဲကနေ အမြန်ဆုံးဘယ်လို ဆွဲထုတ်ရမလဲသိချင်တယ်"
တပည့်သည် ဟုတ်ကဲ့ဟု ဆက်အော်ကာ သူထလာသောအခါ ကျို့ကျစ်သမ်း ထိုင်သည့်နေရာအား မတော်တဆ ကြည့်လိုက်မိပြီး ထိတ်လန့်သွားရသည်။
-ကျို့ကျစ်သမ်းရှေ့က စားပွဲကို နှစ်တစ်ထောင်ကြာသစ်သားနဲ့ ပြုလုပ်ထားပေမယ့် အခုအချိန်မှာတော့ နက်နဲပြီး လတ်ဆတ်တဲ့ လက်ငါးချောင်းဖြင့် ဖောက်ထွင်းခံထားရပြီး အလွန်ကြောက်စရာကောင်းလှသည်။
.....ဝက်ဝံပေါက်လေးနှစ်ကောင်ကို မွေးမြူထားတဲ့ ရှစ်ရှုန်းရဲ့ အတွင်းစိတ်ထဲမှာတော့ ခါးသီးနေပါပြီ။
____
Advertisement
- In Serial7 Chapters
The Geeran Chronicles
[participant in the Royal Road Writathon challenge] War and a terrible prophecy are shadowing over Geera and surrounding nations. If only somebody important knew about it. A plot to incite political drama, secret hopes and dreams, with an unlikely group who find themselves at the center of it all. Terence, Katerina, Izo, and Tomas try their hardest not to change their reasons for traveling along the path, but sometimes the path changes you. A musical adventure in verse.
8 118 - In Serial6 Chapters
Gameplay
A world irrevocably altered by beings of supernatural inclination. Those people we know as more than human. Metahuman, suits, capes, supers. Heroes and Villains. The bearers of powers beyond the imagination. People capable of great good or great evil but greatness all the same. The capacity for the supernatural. The ability to move mountains with the mind. To travel across the world in a blink. To dance upon the moon. Commune with powers and energies unbeknownst to even those gifted with enhanced intelligence. To break the laws of physics and reality altogether. This is a story of growth. A young man, living near a PAT known for just that, beginning truly at the start. They say the moment a super originates is their true birth. The genesis of an individual shedding the chains of humanity and ascending into something greater. Whether good or bad, it was nearly a given that any super was destined for something extraordinary. That grand story, however, did not always start as miracle. For Ludus Rowth, it began with electrical baptism.
8 114 - In Serial6 Chapters
Devil-Marked
For over two decades, Vincent of Greenhills resisted the pull of his own innate talent. He concealed the mark of his birth, and travelled to the remote ends of the world to remain unnoticed and unremarked. But when his young daughter inherits a similar curse, she proves far less adept at hiding her powers. And they both pay a price for her desire to do good. With little left to lose and vengence left to gain, how much of his soul, both figuratively and literally, will he spend?
8 265 - In Serial16 Chapters
' His Secret Affair ' (G.d)
"hello Mr. Dolan, im your new baby sitter"SHORT STORY! also smut warning ⚠
8 224 - In Serial22 Chapters
Righteous Sovereign, Shameless Rogue (hiatus/rewrite)
"…Just, Fair, Kind, the Righteous Sovereign reigns supreme above the Myriad Heavens. Countless creatures sing of his unrivaled attainments, looking upon his divine might with eternal reverence, offering innumerable praises for his perpetual conquest...beloved, what do you think of this Sovereign's ‘correction’ of the 'Hallowed Fate Records'?" the Sovereign spoke as he peered over his shoulder at the peerless beauty behind him. "Just? Fair? Kind? You?! Screw off! You're just a shameless rogue! To dare speak these words so unblushingly, is the thing stuck to your skull a person’s skin or a donkey’s ass?!" Lin Xianyi is in some sense of the word, an idiot. After a lifetime of *Spoiler, read to find out 😜*, his soul is somehow drawn into the body of a child inside of a mysterious cocoon. Waking up as the cocoon shatters, he slowly comes to the realization that he has arrived in a whole new world, the world of cultivation! A world where the strong ruled over the weak, reason be damned! A world all ripe for him to conquer! Or is it...? Follow the ups and downs of Lin Xianyi as he daydreams about his heaven-defying might, his eternal kingdom, and the innumerable fairies in his embrace. All the while everyone else around him schemes to seize everything from him...or not? Maybe some of them genuinely care about this idiot? Who knows? Well, you could! Find out as you follow the tale of the illustrious Righteous Sovereign, an incomparably Shameless Rogue! The cover art was provided to me, free of charge (I did a quick review for her novel), by Ariana Vivoni, it was really a pleasure working with her, 10/10 overall, would do it again. Her novel's also really fun if historical romances are your thing Here's a link to her novel - https://www.royalroad.com/fiction/33058/the-beast-and-the-swallow
8 110 - In Serial7 Chapters
How to Create a Purrfect Prophecy
Even struggle creating your Warrior cats prophecy? Well, I gotcha! Jump into this step-by-step tutorial on creating your prophecy with Bramblefeather and your ideas!(This is a warrior cats book guide. If you have not read or are not writing a warrior cats book, this book is unnecessary.)
8 57

