《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-28
Advertisement
Unicode
..
ထို့နောက် ယွမ်ဖူ သည် ရွှမ်းရန်ဟန်ချန်နှင့် ဂျာပေါင်တို့အား မြင်း ရထားပေါ်မှဆင်းနိုင်ရန် ကူညီဆောင်ရွတ်ပေး၏။ဟုန်ယန်းစားသောက်ဆိုင်သည် သူ့နယ်ပယ်တွင်တော်တော်လေးအောင်မြင်မှုရထားတဲ့ စီပွားရေးလုပ်ငန်းဟုဆိုနိုင်သည်။ရွှမ်းရန်ဟန်ချန် တစ်ယောက် ဒီစားသောက်ဆိုင်ကိုရွေးထားခြင်းသည် တော်တော်လေးအရွေးတော်ပြီး စေ့စပ်သေချာတယ်လို့ပြောလို့ရသည်။
သူတို့ရောက်လာတဲ့အချိန်ကစောပြီး ညနေစာ,စားချိန်မဟုတ်သေး တာတောင်မှ ဆိုင်အတွင်းမှာ လူပြည့်နေပြီဖြစ်သည်။သူတို့လဲ စားသောက် ဆိုင်အတွင်းသို့ရောက်သွားရော အစောင့်တွေသည်လဲ အလျှိုုလျှိုုပျောက်သွားတော့သည်။
ရွှမ်းရန်ဟန်ချန်တို့အုပ်စုကတော့ တတိယထပ်ရှိ သီးသန့်ခန်းကို သွားလိုက်ကြ၏။ဒီအခန်းသည် ဟုန်ယန်းစားသောက်ဆိုင်၏အကောင်းဆုံးအခန်းဖြစ်သလို မြို့တော်ရဲ့ရှုခင်းကိုကြည့်လို့အကောင်းဆုံးအခန်းဆိုလဲမမှားချေ။ဒီအခန်းရဲ့ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်ရင် အနောက်ပိုင်းမြို့တော်ရဲ့လမ်းတော်တေယ်များများ ကို သေချာမြင်တွေ့နိုင်လေသည်။ နှင့်အဖွဲ့သည် အံဝင်ခွင်ကျအခန်း၏ တတိ ယထပ်သို့ သွားကြသည်။
ဲပြောရမယ်ဆိုရင်တော့ ဒါဟာ စားသောက်ဆိုင်ပိုင်ရှင်ကိုယ်တိုင် အိမ်ရှေ့စံမင်းသားအတွက် ပြင်ဆင်နေရာပေးထားတာဖြစ်လေသည်။ဂျာပေါင်ကတော့ ပြတင်းပေါက်ကနေ လမ်းပေါ်ရှိသွားလာနေကြသော လမ်းသွားလမ်းလာများ နှင့် ဈေးရောင်းသူများကို လှမ်း၍ကြည့်နေလေသည်။ သူ့အတွက်တော့ အရာအားလုံးဟာဆန်းသစ်နေပြီး စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်....။
ဟုန်ယန်လုံ ည် ဟုန်ယန်း၏ ချက်ပြုတ်ရေးကို အထူးတာဝန်ယူ၏။ ဒီအဆောက်အဦးတွင် ကျန်းနန်မှ အထူးဖိတ်ကြားထားသော စားဖိုမှူးများစွာလဲရှိသည်။
"ဒီမှာ ဟွိုင်ယန်းရဲ့အစားအစာတွေ ခလေးတို့ တောင်ပိုင်းသားတွေရဲ့ အကြိုက်တွေဟုတ်ရဲ့လား...'' ရွှမ်းရန်ဟန်ချန်က လင်ဂျာပေါင်အား ညှင်သာစွာပြောလိုက်၏။
''ထမင်းစားပြီးရင် မင်းကိုဈေးတန်းထဲလိုက်ပို့ပေးမယ်....''
သူစီစဉ်ပေးထားတဲ့ညစာဟာ စိတ်မပျက်စရာမကောင်းဘူးဆိုတာကို ပျော်ရွင်စွာစားသောက်နေတဲ့ ခလေးလေးကိုကြည့်ရင်း ရွှမ်းရန်ဟန်ချန်တစ်ယောက် အတည်ပြုနေခဲ့၏။
ဂျာပေါင်သည်လဲ ဒီနေ့ဟင်းလျာများကို တကယ်ကိုပင် နှစ်သက်နေ၏။နန်းတော်ထဲကလောက် ခင်းကျင်းပုံကမသန့်ရှင်းဘူးဆိုပေမဲ့ အရသာကတော့ နန်းတော်ထဲကနဲ့ယှဉ်ရင်မညံ့ပါဘူး။အထူးသဖြင့် ဒီနေ့ညရဲ့ နာမည်ကြီးကတော့ ဟွိုင်ယန်း လျှိုရှီအသားလုံးဟင်းလျာပဲ! အသားလုံးတွေအလုံးအကြီးကြီးတွေ....။
အဆီပါပေမဲ့ပွယောင်းယောင်းကြီးမဟုတ်ပဲ အသားများကကျစ်လစ်နေ၏။အရောင်ကနီမြန်းနေကာ ဆီရွှမ်းနေလေသည်။ဒါကို အစိမ်းရောင်အသီးရွက်များဖြင့်အလှဆင်ထားပြီး အနံ့ကလဲမွှေးကြိုင်နေလေရာ လုံးဝကိုဆွဲမက်ဖွယ်ရာပင်။ဂျာပေါင် သည်လဲ ထိုအသားလုံးကြီးကို အချဉ်ရည်ဖြင့်တို့စားလေရာ စားကောင်း ကောင်းဖြင့် တစ်ယောက်ထဲ၂လုံးစားလိုက်လေတော့သည်။
ရွှမ်းရန်ဟန်ချန်ကတော့ ဒီနေ့ သူ့ခလေးရဲ့အစားစားချင်စိတ်ကို အလွန်မင်းသဘောကျကျေနပ်နေခဲ့တာကြောင့် ယွမ်ဖူကို ဒီနေ့တာဝန်ယူချက်ပြုတ်သည့်စားဖိုမှုးအား ဆုချီးမြှင့်ရန်အမိန့်ပေးခဲ့လေသည်။
ညစာစားပြီးနောက် ရွှမ်းရန်ဟန်ချန်သည် ဂျာပေါင်ကိုခေါ်၍ လမ်းပေါ်ရှိဈေးတန်းတွေဆီကို ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ဈေးဆိုင်ငယ်များကိုတစ်ဆိုင်ပြီးတစ်ဆိုင်လိုက်ကြည့်နေပြီးနောက် သူစိတ်ဝင် စားသည်အရာတွေ့ရင် သေချာအနီးကပ်ငုံ့ကြည့်လေ၏။
ကျားပေါင်တို့ တဖြည်း ဖြည်း ရွံ့ထည်ပစ္စည်းရောင်းသည့်ဆိုင်သို့ရောက်လာကြ၏။ရွှံ့စေးအရုပ်လေးများကို သေချာသပ်ရပ်စွာနေရာချထားသည်မှာ မျက်စိမလွှဲချင်စရာပင်။
ကျားပေါင်ကတော့ ဒီရွံ့ရုပ်လေးတွေကိုကြည့်ပြီး အရမ်းကို အပျော်ရွှင်နေပုံရတာကြောင့် ရွှမ်းရန်ဟန်ချန်သည် ယွမ်ဖူကိုလှမ်းခေါ်လိုက်ပြီး ပိုက်ဆံပေးခိုင်းလိုက်၏။
"ကြိုက်ဟာ နည်းနည်းရွေးလိုက်..."
"ဂျာပေါင်တစ်ခုပဲ ယူပါ့လိုက်မယ်..." လောဘမကြီးဘဲ သူအကြိုက်ဆုံးတစ်ခုကို ခေါင်းငုံ့ပြီးရွေးနေလိုက်သည်။
ဂျာပေါင်အရုပ်ရွေးနေသော ရွံ့စေးပစ္စည်းဈေးဆိုင်ငယ်သည် စားသောက်ဆိုင်တစ်ဆိုင်၏ရှေ့တွင်ရှိနေတာဖြစ်သည်။ ထိုစားသောက်ဆိုင်၏ ဒုတိယထပ်ပြတင်းပေါက်တံခါးသည် ပွင့်သွားပြီးနောက် ခေါင်းနှစ်လုံးထွက်ပေါ်လာ၍ လမ်းသွားလမ်းလာများအား ငုံ့ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်နေတော့၏။
"ဒီအရုပ်လေးက အရမ်းကြွရွနေတာပဲဟ!ကောက်ကြောင်းလေးကဝိုင်းပြီး ထင်းနေရော ဟားဟားဟား..."
ဂျာပေါင်ဒီနေ့ဝတ်ထားတာက ခပ်ပါးပါးသာမာန်အဝတ်စားပဲဝတ်တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ တင်းပါးလုံးလုံးလေးက လုံးဝကိုပေါ်လွင်၍နေ၏။လင်ဂျာပေါင်ကတော့ သူ့ကြောင့် အပေါ်ထပ်မှဆူညံဆူညံဖြစ်နေတာကို လုံးဝမသိပဲ သူ့ဘာသာအရုပ်ကိုသာ သဲကြီးမဲကြီးအာရုံစိုက်၍ရွေးနေလေရာ နောက်ဆုံးတွင် အနီရောင်အဝတ်အစားနှင့် ရွှံ့နွံရုပ်လေးကို ရွေးချယ်လိုက်လေသည်။
ရွှမ်းရန်ဟန်ချန် သည် ဂျာပေါင်ရွေးချယ်ထားတဲ့အရုပ်လေးကိုလက်ခံယူလိုက်ပြီးနောက် ဂျာပေါင်အား သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး ထိုဆိုင်ထဲမှထွက်လာခဲ့တော့သည်။သူ မထွက်လာခင်အချိန်မှာ စားသောက်ဆိုင်ရဲ့ ဒုတိယထပ်ပြတင်းပေါက်ကို အေးစက်စွာလှမ်းကြည့်လိုက်၏။ရွှမ်းရန်ဟန်ချန်၏ မျက်လုံးများသည် အေးစက်ပြီး စူးရှနေတာကြောင့် ဒုတိယထပ်ရှိ လူနှစ်ယောက်သည် ချက်ချင်းတိတ်ကျသွားလေသည်။
ရွှမ်းရန်ဟန်ချန်တို့ ခပ်လှမ်းလှမ်းရောက်သွားမှာသာ ထိုအမျိုးကောင်းသား၂ယောက်သည် လှုပ်ဖို့သတိရကြလေတော့သည်။ထိုအမျိုးကောင်းသား၂ယောက်သည်ကား ချွဲဇီချီနှင့် ကျန်းယင်ရှင်းတို့ပင်။
ချွဲဇီချီက ချွဲယုံ၏အငယ်ဆုံးညီ ချွဲကွေ့၏သားဖြစ်သည်။ချွဲဇီချီ က ငယ်စဉ်ကပင်မိဘတွေနဲ့အတူကြီးပြင်းပြီးနေခဲ့ရာတာဖြစ်တာကြောင့် သူ့မိသားစုရဲ့အရှိန်ဝါကိုလဲနားလည်ပြီး ထိုမိသားစုနောက်ခံအာဏာကိုလဲ သူ့ပတ်ဝန်းကျင်တွင်ကောင်းစွာအသုံးချပြီး ထောင်လွှားနေတော့၏။
သူကအုပ်စုဖွဲ့၍ မကြာ ခဏဆိုသလို ပေကျင်းမြို့ရှိ ချောချောလှလှဆို ယောကျာ်း၊မိန်းမမခွဲခြားပဲ ဖွန်လိုက်ကြောင်ကာ ကာအိန္ဒြေပျက်သိအထိလိုက်နှောက်ယှက်တတ်သူဖြစ်သည်။
"မင်းဘာတွေကြောင်ကြည့်နေတာလဲ...!ဘာတွေပြောနေတာလဲ..." ချွဲဇီချီက ဒေါသတကြီးနဲ့ပြော၏။
"ငါ အရင်က ဒီလူကိုကောသူ့နောက်ကခပ် လျှိုလျှိုဝတ်ထားတဲ့သူကိုကော တစ်ခါမှ မတွေ့ဖူးဘူး။ ငါထင်တာတော့ ဘေဂျင်းကမဟုတ်လောက်ဘူး။တခြားမြို့ကထင်တယ်။ဒီလူစိမ်းတွေကြောင့် စိတ်မဆိုးပါကွာ မင်းသိချင်ရင်နောက်မှငါစုံစမ်းပေးပါ့မယ်....'' ကျန်းယင်ရှင်းသည် စိတ်ကျေနပ်စေရန်ဖျောင်းဖျ၍ပြောလိုက်၏။
ကျန်းယင်ရှင်း၏ဖခင်သည် ချွဲကွေ့၏လူယုံဖြစ်တာကြောင့် သးသည်လဲ ချွဲဇီချီ၏နောက်လိုက်အဖြစ်သို့ အလိုလျောက်ရောက်သွားတော့တာဖြစ် သည်။
"အင်း... ဘေဂျင်း ချင်းလုံမှာဒွိလိင်လေးတွေများလွန်းတယ်။ငါ့ရဲ့များပြားလှတဲ့အတွေ့ကြုံရပြောရရင်တော့ ဒီတစ်ယောက်ကကြည့်လို့အကောင်းဆုံးပဲ!ဖင်လေးက မြည်းစမ်းပြီး အရသာခံချင်စရာကောင်းလောက်အောင် ကောက်နေတာပဲ...ဟား ဟား" ချွဲဇီချီသည်သူ့စိတ်ထဲရှိသည့်အတိုင်း တဟားဟားအော်ရယ်ရင်း သဘောကျစွာပြောလိုက်သည်။
"ဟားဟား ချီရှောင်ရဲ့အမြင်ကတော့ စူးရှပြီးကောင်းနေတုန်းပဲကွ!ချီရှောင် ကြိုက်တယ်ဆိုရင်တော့ အဲ့တစ်ယောက်ကို ချီရှောင်နဲ့ပျော်ပါးဖို့အတွက် အရှာလွှတ်ထားရတော့မယ်ထင်တယ် ဟားဟား..."
အိမ်ရှေ့စံမင်းသားက ဒွိလိင်ကိုယ်လုပ်တော်တစ်ယောက်ကိုချစ်မြတ်နိုးနေတယ်လို့ သတင်းကြားထဲက သူသည်လဲဒွိလိင်လေးတွေကိုဆော့ကစားရတာသဘောကျလာတာ....။အစက သူ့အနေနဲ့အပျော်ဆိုပေမဲ့ နောက်ပိုင်းမှာတော့ ဒီဒွိလိင်လေးတွေနဲ့ပျော်ပါးရတာကို နှစ်ခြိုက်လာတာဖြစ်သည်။
နှစ်ယောက်သားရယ်မောလျက် အဓိပ္ပါယ်မရှိအာခြောင်၍ပြောနေကြပါသော်လည်း ရွှမ်းရန်ဟန်ချန်လွှတ်လိုက်သည့် လျှိုဝှက်တပ်ဖွဲ့ဝင်အချို့ကတော့ သူတို့ရဲ့ စကားသံများအား ကြားသွားခဲ့ပြီဆိုတာကို မသိခဲ့ကြပေ....။
နန်းတော်သို့ပြန်ရောက်ပြီးနောက် အတွင်းစာကြည့်ဆောင်တွင် လျှို့ဝှက်အထူးတပ်သားသည် သူ,ကြားလာခဲ့သည့် စကားများအား ရွှမ်းရန်ဟန်ချန်ကိုပြန်ပြောပြနေခဲ့သည်။သူ့မျက်နှာကတော့ သွေးမရှိတော့သလိုလုံးဝကိုဖျော့တော့လို့နေ၏။
အန်းဝေသည် ဘာအမှုယာမှမပြပဲ ခံစားချက်မဲ့နေသည့်မျက်နှာဖြင့်သာ ခပ်တည်တည်နေ,နေပေမဲ့ သူ့စိတ်တွင်တော့တကယ်ကို တဆတ်ဆတ်တုန်၍ကြောက်လန့်နေတော့သည်။အိမ်ရှေ့စံမင်းသားရဲ့ အခုမျက်နှာပေးက တကယ်ကိုကြောက်ဖို့ကောင်းလွန်းတယ်.....
''ဒီချွဲမိသားစုဝင်ကတော့....အရမ်း သတ္တိကောင်းနေတဲ့ပုံပဲ....''
Advertisement
ဘယ်လိုသတ္တိမျိုးနဲ့များ သူ့ရဲ့ရတနာလေးကို ပစ်မှားပြီး ထိပါးဖို့ကြံစည်နေတာလဲ ....!ရွှမ်းရန်ဟန်ချန်သည် အံ့ကိုခပ်တင်းတင်းကြိတ်လိုက်ပြီး
"ကျန်းရှောက်ကို လာတွေ့ဖို့ပြောလိုက်...''
"နားလည်ပါပြီ!''
ကျန်းရှောက်သည် အတွင်းဆောင်ကိုရောက်လာပြီးနောက် မျက်နှာသေဖြင့်သာ အိမ်ရှေ့စံမင်းသား၏အမိန့်ကိုနာခံခဲ့လေသည်။''နားလည်ပါပြီ!''
နောက်နေ့မှာတော့ ချွဲကွေ့၏သား ချွဲဇီချီတစ်ယောက် မြို့တော်၏ လမ်းကြားတစ်ခုတွင် လည်ပင်းပြတ်၍သေဆုံးနေကြောင်း လူထုထဲတွင် သတင်းပျံ့လွှင့်၍လာ၏။
⭐⭐⭐⭐⭐⭐
Zawgyi
..
အခန်း-၂၈
..
စောင့်တွေသည်လဲ အလျှိုလျှိုပျောက်သွားတော့သည်။
သူကအုပ်စုဖွဲ့၍ မကြာ ခဏဆိုသလို ပေကျင်းမြို့ရှိ ချောချောလှလှဆို ယောကျာ်း၊မိန်းမမခွဲခြားပဲ ဖွန်လိုက်ကြောင်ကာ ကာအိနြေ္ဒပျက်သိအထိလိုက်နှောက်ယှက်တတ်သူဖြစ်သည်။
"နားလည်ပါပြီ!''
⭐⭐⭐⭐⭐⭐
Advertisement
- In Serial203 Chapters
Married Contract With You, My Perfect Husband
Never imagined getting married in such an unusual way. Married without the basis of love. And marrying basis on mutual need.
8 619 - In Serial43 Chapters
His Baby-momma
Elena Parke finally gets a break in her life when she manages to secure a job as the personal assistant of the CEO of Parker&Co. Even though she is happy about getting a well paying job, she has to put up with her boss who is a complete perv. But she has no choice but to put up with it because just like life not everything is sunshine and roses.To celebrate Elena's first and new job, her friends, Abigail and Joseline, plan a girls night out at a club. But, what happens when Elena has an encounter with Forbes constant front cover billionaire, Ethan Knight, after meeting at the club?.#1 in baby daddy (05/03/2020)#1 in kids (05/04/2020)#1 in pregnancy (06/04/2020)#1 in interracial (08/06/2020)#2 in wmbw [26/02/2020]#2 in chicklit#3 in chicklit#3 in wmbwStarted: 29th December 2019Finished: 21 April 2020
8 331 - In Serial6 Chapters
La Fantoma
We don’t all have to die to start fading. Go too far down the rabbit hole, and you’ll see what I mean…
8 173 - In Serial98 Chapters
Stay with me
This story is about hope and devotion. About loyalty to yourself and your feelings. About true friendship and family values. About a difficult choice. About forgiveness. The fact that a good person can commit a bad deed and endure all the troubles that life will give as a punishment.This story is about love ...This story is about a miracle ...* The author is Marina Victoria, I am only a translator
8 275 - In Serial23 Chapters
Being Realized
Ash Ketchum, a Stock Market supervisor in Phoenix, got a call from his school professor, Professor Oak, and invites him to be the part of the student reunion in Seattle. Ash could finally meet his destiny and childhood best friend-cum crush, Serena. Serena on the other hand took Ash as her best friend, not realizing her feelings towards him. But then something occurred which shook Ash.Could Serena realize her feelings towards Ash and can Ash make Serena an important page in his diary of life?All is written in the Diary of LifeI DON'T OWN ANY CHARECTERS IN THE SERIES.
8 181 - In Serial12 Chapters
Life Of Short Chapters! (Tubbo x reader)
Tommy's 3 minute younger twin sister is introduced to his best friend Toby. Y/N kind of likes him but not sure if he'd ever like her. No one as famous as him could never like anyone like her.. right or will he just ignore her?If Tubbo is uncomfortable with this I'll take it down immediately! I love all my readers and I love reading y'all's comments! My email is broke so I can't reply but I do read them!Make sure to grab some popcorn, a drink, and some tissues!Love you guys!
8 129