《Sour Candy》part 22💔
Advertisement
*Unicode*
"Darling...!! "
လေထုနဲ့အတူပျံ့လွင့်လာတဲ့ ခပ်စူးစူးအသံလေးကြောင့် ထယ်ယောင်းမျက်ရည်များကြားမှ နားနှစ်ဖက်အားလက်ဖြင့်အုပ်ကာ ခေါင်းအသွင်သွင်ခါမိသည်။ နေရာတိုင်းမင်းကိုမျက်နှာလေးကိုပဲမြင် မင်းအသံကိုပဲကြားယောင် ကိုယ်ရူးတော့မယ် ကူးရဲ့။
မင်းချည်ခဲ့တဲ့အချစ်ကြိုးတွေကြားနှစ်ပြီး ရုန်းမထွက်နိုင်အောင် မွန်းကြပ်နေပြီ။ သိပ်ချစ်တာ သိပ်ချစ်တယ် ဘယ်အတိုင်းအတာထိချစ်ကြောင်း မင်းကိုဖွင့်ဟချင်တာ...လေးပင်ပင်ခစားချက်တွေဖွင့်ဟပစ်မှ သက်သာမည်ထင်ပါရဲ့...။
"ချစ်တယ်...အများကြီးချစ်တယ် ကူး..ကိုယ်ရဲ့ကူးငယ်"
"Darling လို့!..ငါလည်းချစ်တယ်"
ထပ်မံလွင့်ပြယ်လာသော အသံလေးကနားစည်ထက်ရိုက်ခတ်လာပြန်သည်။ မင်းများရှိနေလေမလားအသိဖြင့် ထရပ်ကာ ပန်းခြံထဲဝေ့ဝဲရှာမိသည်။
မင်းဆိုတဲ့စိတ်လေးနဲ့တင် ကိုယ်ဟာအသိစိတ်လွတ်သွားပြန်သည်။ ပန်းခြံအတွင်းပြေးလွှားကာ အသံပိုင်ရှင်အား အမောနိုင်မပန်းနိုင်ရှာဖွေနေသည့်တစ်လျှောက် ပတ်ဝန်းကျင်ရဲ့အကြည့်တို့အားဂရုမစိုက်ခဲ့။
သေချာကြားလိုက်တာ...ရှင်းရှင်းလင်းလင်းကိုကြားခဲ့တဲ့အသံက အနားတစ်ဝိုက်ကပင်။
"ကူး...မင်းဘယ်မှာလဲ!..ကိုယ်သိတယ္ မင်းရှိနေတာကိုယ်သိတယ် ထွက်ခဲ့ပါကွာ..."
မကုန်နိုင်သောစိတ်ပျက်စရာမျက်ရည်တို့ကြောင့် မျက်စိရှေ့မြင်ကွင်းတို့ကဝေဝေဝါးဝါး။ မိခင်ပျောက်သည့် ကလေးပမာ အပူပင်တကြီး။
ရင်ဘတ်တွေပေါက်ထွက်မတက်ကို တောင့်တနေတာ အပိုတွေလုပ်ပြနေတာမှမဟုတ်တာ။
ရူးမတက်ရင်ကွဲနာကျနေတာ ဟန်ဆောင်ခြင်းတွေတစိုးတစိမျှရှိမနေခဲ့။ ကျခဲ့တဲ့မျက်ရည်တွေ ဟက်တက်ကွဲနေတဲ့နှလုံးသားမှ ယိုဖိတ်လာကြောင်း....။
ဖုန်းထဲမှ ဆုတောင်းနေသည့်ပံုရိပ်လှလှလေးအား ထုတ်ကာ နှင်းမှုန်တို့ကြားမျက်ရည်စတွေအား အကြမ်းမတမ်းဆွဲသုတ်ရင်း ကင်မ်ထယ်ယောင်းသည် တွေ့ရနိုးနိုးထပ်ရူးမိပြန်သည်။
"ဟို ဟိုလေ စိတ်မရှိ မရှိပါနဲ့နော်...ဒီထဲကကောင်လေးကို တွေ့..တွေ့မိသေးလား"
ဖုန်းလေးပြကာ မျှော်လင့်ချက်ပြည့်နက်နေသည့် မျက်ဝန်းဆွေးဆွေးတို့ပုတ်ခတ်ရင်း ပန်းခြံထဲထိုင်နေသူတွေအား အယောက်စေ့ ကလေးလူကြီးအစ လိုက်လံမေးကြည့်ခဲ့သည်။ သို့သော် မတူညီသောလူများစီမှ တူညီသောအဖြေသာ ပြန်ရလာသည်။
"အာ မတွေ့မိဘူး...."
"အခုမှ ပထမဆံုးတွေ့ဖူးတာပဲ"
"မတွေ့မိဘူး"
"အားနာပါတယ် မတွေ့မိဘူးရှင့်"
မခိုင်သောခြေလှမ်းတို့ ပျော့ခွေလာပြီး နှင်းတွေကြား အေးသည်မသိ ချမ်းသည်မသိ ပူပူလောင်လောင်စိတ်တစ်ခုတည်းနှင့် ဒူးနှစ်ဖက်ထောက်ကာ ပြိုပြိုပျက်ပျက်ထိုင်ချမိသည်။
"အားးးးးဘယ်မှာလဲလို့! ဂျွန်ဂျောင်ဂု...မင်းကို Darling စိတ်ပျက်လိုက်မှာနော်!! ဟင့် "
"Darling...!"
"ဟင်"
"ငါဒီမှာ"
အမြင်မမှားဘူးဆိုရင် ကူး သူ့ရဲ့ကူးကပန်းခြံအဝင်ပေါက်မှာရပ်ပြီး လက်ပြနေတာ...ဟိုးအရင်ရက်တွေကလိုအနက်ရောင်ကိုသာဝတ်ထားပြီး ပြုံးပြနေတာမှနှစ်နှစ်ခြိုက်ခြိုက်။
"ကူး...ကိုယ့်ရဲ့ကူး"
တိုးလျလျဖွဖွလေးရည်ရွတ်လိုက်ပြီး ခြေလှမ်းတို့ကကူးထံဦးတည်နေလေပြီ။ ပံုရိပ်လေးကပျောက်ကွယ်မသွားခဲ့ဘူး ရပ်မြဲရပ်နေဆဲ...။
"Darling...ငါလမ်းဟိုဘက်ကစောင့်မယ်နော် မင်းလိုက်ခဲ့မယ်မဟုတ်လား"
မျက်နှာငယ်လေးဖြင့်တောင်းဆိုချက်မှာ ထယ်ယောင်းခေါင်းအသွင်သွင်ငြိမ့်ပြမိသည်။
လိုက်ခဲ့မှာ ကူးသာပျောက်မသွားနဲ့...ကိုယ်ကမင်းနောက်ကိုလိုက်ခဲ့မယ်။
"ကူး...,!"
"ဟင်...Darling"
"လမ်းသေချာကူးနော်...ဒါမှမဟုတ် ကိုယ်နဲ့အတူတူလမ်းကူးမလား"
"No, Darling ! ငါအရင်သွားမှာ...တစ်ခါလောက်မင်းကိုကျောပေးထွက်သွားကြည့်ချင်တယ်...ထွက်သွားတဲ့ကျောပြင်ကိုငေးကြည့်ရတာ ဘယ်လောက်အထိ နာကျင်ကြောင်းမင်းကိုသိစေချင်တယ်!"
လှမ်းအော်ပြောသည့်စကားတွေက ရင်ကိုသိမ့်ခနဲဖြစ်သွားစေသည်။ ကိုယ်ရဲ့ကူးက လက်စားချေတယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီးခံယူနေမဲ့ကောင်ပါကူးရယ်...။
ငိုနေမှန်းသိသာလှသော တသိမ့်သိမ့်တုန်ရီနေသည့်ကျောပြင်နက်နက်လေးဟာ တရွေ့ရွေ့ဖြင့်အစံုအဆန်ပြေးလွှားနေသော ကားတွေကြား မျက်စိတစ်မှိတ်အတွင်း ဖြတ်ကူးသွားလေသည်။
"Darling...ငါစီလာခဲ့!"
မျက်နှာခြင်းဆိုင်ဖြစ်နေသည့်ကောင်လေးနှစ်အား ခြားထားသည်မှာ ကားလမ်းမကြီး...မျက်စိရှေ့ကားတစ်စီးပြီးတစ်စီးဖြတ်ပြေးသွားသော်လည်း ကူးကအငွေ့လိုပျောက်ကွယ်မသွားသေး။ တကယ်ပဲကိုယ့်ရဲ့ကူးက အသက်ရှင်လျက်ရှိနေသေးတာပဲကို...ကိုယ် ကိုယ်ပျော်လွန်းလို့ ထပ်ငိုမိတော့မလားပဲ။
"ရားးးးလာခဲ့ဆိုနေ...ဒေစီယာအကြောင်းတွေးနေတာလား!"
ကားစက်သံ ဟွန်းသံတွေကြား အလိုမကျသည့်အသံဆာဆာလေးကစူးးခနဲ...ဟဟ ကိုယ်ရဲ့ကူးကဘယ်လိုတောင်ချစ်ဖို့ကောင်းနေရတာလဲကွာ။
"မတွေးရပါဘူး ကိုယ့် Honey ရယ်!!!"
ခပ်ကျယ်ကျယ်အော်ပြောလိုက်သည့်အသံကြောင့် ဘေးလူတွေမှ သူ့အားအထူးအဆန်းကြည့်လာကြသည်။ ကူးပြောသလို လူတွေကစိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
"အဲ့တာဆို လာခဲ့တော့လေ...ဒီမှာစောင့်ရတာညောင်းနေပြီ ကင်မ်ထယ်ယောင်းရဲ့!!!စိတ်ဆိုးလိုက်ရမှာလား!!!"
နှုတ်ခမ်းပါးပါး၏ တစ်ဖက်တစ်ချပ်၌လက်လေးအုပ်ကာ အောင့်ဆောင့်ကာအော်ပြောလာပြန်သည်။
လာချင်တာပေါ့ ပွေ့ဖက်ချင်လှပြီ ကိုယ်သင်းနံ့သင်းပျံ့ပျံ့လေးကိုလွမ်းလှပြီ...။
"ခဏ ခဏပဲနော်..ကားတွေအရမ်းရှုပ်နေတယ်!!"
"အားးးမင်းကိုစိတ်ပျက်လိုက်တာ Darling!!"
"မဟုတ်...လာပြီ ကိုယ်လာပြီ...ကူး..."
ခြေဆောင့်ကာ ပြေးထွက်သွားတဲ့ပံုရိပ်ကြောင့် အသက်ရှူပင်ရပ်မတက် ပူထူသွားတဲ့စိတ်အစံု။ မသွားရဘူးဂျွန်ဂျောင်ဂု...ထပ်ပြီးပုန်းနေရင် ဒီကောင်တကယ်ရူးလိမ့်မယ်..။
စဥ်းစားဥာဏ်ပျောက်ကွယ်ခဲ့ပြီ...အမြင်အာရုံ၌ ပတ်ဝန်းကျင်အားမေ့ကာ ထိုကျောပြင်လေးထံသာအာရုံအစံုကပ်ပါသွားလေပြီ။ တားဆီးနေသည့်လူတစ်ချို့အော်သံ တစ်တီတီမြည်တီးနေသည့် ကားဟွန်းသံတို့ထက် *မင်းကိုစိတ်ပျက်လိုက်တာ* ဆိုသော ပြတ်သားသားစကားသံသာ နားထက်ပျံ့လွင့်နေသည်။
မိုက်ကန်းကန်း လမ်းမထက်ခြေချခြင်းနှင့် မောင်းနှင်လာသောကားတစ်စီးဟာ အချိန်ကိုက်...။
လက်အားဆောင့်ဆွဲခံလိုက်ရတာကြောင့် ဘေးပလက်ဖောင်းစီပြိုပျက်ကာ လှဲကျသွားခဲ့သည်။ ဒေါသတွေသည် ထောင်းခနဲ။
"ကားလာနေတာ သေချင်လို့လား!!"
ကားအရှင်သည်တစ်ချက်မျှပြောပြီးမောင်းထွက်သွားခဲ့သည်။ အာရုံမစိုက်အား...
"ကင်မ်ထယ်ယောင်း!!သေမှာမသိဘူးလား ကားတွေကြားဖြတ်ပြေးရအောင် ရူးနေပြီလား!!ဟမ်!!"
ပုခံုးနှစ်ဖက်အားလုပ်ရမ်းကာ မာန်ပါပါအော်နေသော ဂျီမင်...မျက်နှာပင်နီကာလည်ပင်းကြေညတွေထောင်သည်အထိ ဒေါသထွက်နေတာ။ မှင်သေသေအကြည့်တစ်ချက်သာ ပေးစွန့်ပြီး ကားတွေအားကျော်ကာ ဟိုဘက်လမ်းသို့ အိန္ဒြေမဆယ်နိုင်အောင် ပြာပြာသလဲကြည့်မိသည်။
"မဟုတ်ဘူး....အားးးးးးးးးး!! မဟုတ်ဘူးလို့!! ဂျွန်ဂျောင်ဂု!!!"
"ကင်မ်ထယ်ယောင်း!! တော်ပါတော့! တော်ပါတော့!!...ရူးတာဒီလောက်ဆိုလံုလောက်ပြီ အသိစိတ်ဝင်ပါတော့!!"
"ဂျီမင် မင်းကြောင့်!! မင်းကြောင့်!! ကူး...ကူးမရှိတော့ပြန်ဘူး!!! ဖယ်စမ်း..ကူးကိုသွားရှာရမယ်!"
ပုခံုးပေါ်မှတင်းကြပ်ကြပ်လက်တွေအား အတင်းတွန်းဖယ်ကာ ကားတွေကြားဖြတ်ပြေးဖို့ကြံပြန်သည်။ သို့သော် ဂျီမင်၏တင်းကြပ်ကြပ်လက်တွေဟာ ထယ်ယောင်းကိုယ်ခန္ဓာအားလွတ်ပေးရမ်အစီအစဥ်မရှိ။
"ဂျီမင် ! ဖယ်စမ်းပါ...သူ့စီမလာလို့စိတ်ဆိုးသွားပြီး ငါချော့ရမယ်လို့!! "
"ဟင့်အင်း...ထယ်ယောင်း ငါမလွတ်ပေးနိုင်ဘူး!"
Advertisement
"အားးးးးးတောင်းပန်ပါတယ်!! လွတ်ပေး!! ကူးစီသွားရမယ်!! ပတ်ဂျီမင်!!!!! တောင်းပန်ပါတယ်..တကယ်တောင်းပန်ပါတယ် ငါသွားမှဖြစ်မှာ!!"
အားကုန်ရုန်းရင်း အော်ဟစ်တောင်းပန်နေသည့် ထယ်ယောင်း...ဂျီမင်ချုပ်ထားခြင်းကိုအသာလေးရုန်းနိုင်သော်ငြား မစားမသောက်နေခဲ့သည့်အကျိုးနှင့် ဆေးတွေသာရှိသည့်ခန္ဓာကြောင့် အခုတော့ရုန်းကန်သော်လည်း အချည်းနှီးသာ....။
ရုတ်သဲသဲဖြစ်နေသည့် သူတို့အား တီးတိုးဆိုသူကဆို သနားဖွယ်ကြည့်သူကကြည့်နှင့် သိပ်ကိုသရုပ်ပျက်လှပါသည်။
ကိုယ်ငယ်လေးပျောက်ဆုံးသွားသော လမ်းတစ်ဖက်အား ရင်ထုကာငိုကြွေးရံုမှအပ ဘာမှမလုပ်နိုင်တဲ့ အခြေအနေကြီးက မုန်းပစ်ဖို့ကောင်းလိုက်တာ...။
"ကင်မ်ထယ်...!"
"သေချာမြင်လိုက်တာ...ကူးကိုသေချာမြင်လိုက်တယ်လို့!! ငါ့ကိုခေါ်နေတာ သွားမှဖြစ်မယ် ဂျီမင်...လိမ္မာပါတယ် လွတ်ပေးနော် နော်လို့!"
"ငါ့ရင်တွေနာအောင်မလုပ်ပါနဲ့ ကင်မ်ထယ်ရာ..."
"ငါ ငါကရင်တွေကွဲနေပြီ!! တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကူးကိုခဏလောက်ပဲ ပွေ့ဖက်ချင်ရံုပါ...! ခဏဆိုမှ ခဏလေးပဲလေ..."
အားရုတ်စွာဖျော့တော့နေသည့် အသံတေွမှာအက်ကွဲတုန်ရီ၍ နေသည်။
"ကင်မ်ထယ် ကင်မ်ထယ်မငိုတော့နဲ့...ငါတို့ပြန်ကြမယ္နော် ထ...."
ထယ်ယောင်းပါးပြင်ထက်မှ ပူနွေးနွေးမျက်ရည်စီးကြောင်းအား သုတ်ပေးရင်း ချော့ပြောကြည့်သည်။ တုန်တုန်မျှမလှုပ်ပဲ လမ်းဘက်ကိုသာ တွေတွေကြီးကြည့်နေစဲ ထယ်ယောင်းကြောင့် ဂျီမင်ပါ မျက်ရည်တို့ယိုဖိတ်လာရသည်။
"ထယ်ယောင်း...ပြန်ကြမယ်လို့ ငါ ငါအေးလာပြီ..ငါ့ကိုဂရုစိုက်တော့ဘူးလား"
"ကူး ကူးအေးနေတော့မှာပဲ..."
"အ့...ထယ်ယောင်း!!!"
*တီ! တီ! တီ!*
ဂျီမင်အားဆောင့်တွန်းကာ လမ်းပေါ်ဖြတ်ပြေးသွားသည့်ထယ်ယောင်းကြောင့် ယာဉ်များစီမှ ဟွန်းတီးသံတို့ ပွတ်လောရိုက်ကုန်သည်။
"ငယ်ငယ်ချောချောနဲ့ ရူးနေတာ..."
"ဟုတ်ပါ့ ခဏကတောင်တစ်ယောက်ထဲ ဟိုဘက်လမ်းကိုကြည့်ပြီး စကားတွေအော်ပြောနေသေးတာ"
"သနားပါတယ်.."
ဘေးမှအဒေါ်ကြီးတွေ၏ စကားသံတွေကြောင့် ဂျီမင်လက်သီးတို့ဆုတ်မိလျက်သား။ အံ့ကိုကြိတ်လိုက်ကြောင့် လည်ပင်းကြောတို့ကထင်းခနဲ။
"မရူးဘူး!!...ကျုပ်သူငယ်ချင်းကင်မ်ထယ်ယောင်းက အကောင်းတိုင်းရှိသေးတယ်!"
ခပ်ကြိတ်ကြိတ်ဆိုပြီးနောက် ထယ်ယောင်းနောက်လိုက်ရပြန်သည်။
ဒီတစ်ခါတော့ ဂျွန်ငယ့်ကိုစိတ်တိုမိသည်။
ပျော်ရဲ့လားဂျွန်ငယ်...မြင်ရဲ့လား ကိုယ်လွတ်ရုန်းပြေးထွက်သွားတော့ကျန်ခဲ့တဲ့ ထယ်ယောင်းကမင်းစိတ်နဲ့ သူများအမြင်မှာ အရူးဇာတ်လံုးလံုးသွင်းခံနေရပြီ။
မင်းသာ မင်းသာအချိန်ခဏလောက်ထပ်နေပေးရင် ဒီအချိန်ထယ်ယောင်းနဲ့ဂျွန်ဂျောင်ဂုရဲ့ ဇာတ်လမ်းကအလှဆံုးဖြစ်နေမှာ။
ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်ရဲ့ နွေးထွေးထွေးအချစ်တွေက မင်းအပေါ်လွမ်းခြုံပြီး အရိပ်တကြည့်ကြည့်အချစ်ခံရမဲ့စဲစဲ...ချစ်တယ်သာတစ်ဖွဖွပြောပြီး မင်းမို့လို့ တဇွတ်ထိုးဆန်ရက်တယ်။
"ရားးခင်ဗျားဘာလုပ်တာလဲ!!"
"ကူး...အာ တောင်း တောင်းပန်ပါတယ် ကူး ကူးနဲ့တူတော့ ကူးငယ်ထင်သွားလို့..."
"ကျစ်!...ရှုပ်ရှုပ်ရှပ်ရှပ်"
အသံတွေကြောင့် ဂျီမင် ထယ်ယောင်းရှိရာသို့ပြေးသွားလိုက်သည်။ အနက်ရောင်ဝတ်ထားသည့်ကောင်လေးတစ်ယောက်အား တောင်းပန်နေသည့်မြင်ကွင်း...။
"ထယ်ယောင်းဘာဖြစ်တာလဲ..."
"ကူး...."
"ဘာဖြစ်ရမှာလဲဗျ...ဒီလူကျွန်တော့်ကိုလာဖက်တယ်လေ!!"
ဒေါသတရှူးရှူးဖြင့်ကောင်လေးအား ကြည့်ပြီးသက်ပြင်းချမိပြန်သည်။
"ထယ်ယောင်းအစား အကိုကပဲတောင်းပန်ပါတယ် ညီလေးရယ်..."
"ကံကောင်းသွားတယ်မှတ်...နောက်တစ်ခါဆိုဆွဲထိုးပစ်မှာ!..."
မျက်နှာသေဖြင့်ထယ်ယောင်းအား လက်ညိုးထိုးကာကြိမ်းသွားတဲ့ကောင်လေး....။ ထိုကောင်လေးထွက်သွားတော့မှ မျက်နှာအားတွန့်ချိုးပစ်ကာ ကလေးကြီးကိုဆူရဦးပေမည်။
"ထယ်.."
"ကူးထင်သွားတာ...ဟဟ...ကူးသိသွားရင်ဝမ်းနည်းနေတော့မှာမဟုတ်လား "
"ကင်မ်ထယ်ယောင်း..."
"ဂျီမင်မင်းသိလား...ကူးကိုစတွေ့တုန်းက အဲ့ဒီကောင်လေးလိုပဲ မဟုတ်ဘူး အဲ့ကောင်လေးထက်ကို စွာတာ..."
"ကျစ်...တော်တော့ ပြန်မယ်လာလာ..."
ပုခံုးပြင်ကြီးနှစ်ဖက်မှဆွဲကာ ခေါ်လာသည့်တစ်လျှောက် ထယ်ယောင်းဟာပေကပ်ကပ်ဖြင့်လိုက်ပါလာသည်။ ထယ်ယောင်းမေ့သွားသည်ထင် ဒီဘက်လမ်းဘက်အားလာခဲ့ခြင်းသည် ကူးငယ်ကိုရှာဖို့ဆိုတာ...။
"ဂျီမင်..."
"အင်း"
"ငါ့ကိုဆေးတွေမတိုက်နဲ့တော့...ဆေးလည်းမထိုးပေးနဲ့"
တိုးညင်းသောလေယူလေသိမ်းအသံကြောင့် စိတ်ပံုမှန်ဖြစ်သွားပြန်ပြီထင်ပါရဲ့။ မင်းစကားလုံးတွေက ရင်ကိုအောင့်သက်သက်နဲ့ ထယ်ယောင်းရာ။
"မင်းကနေကောင်းအောင်နေလေ.."
"ကူးသာဆေးလာတိုက်ရင် ပျောက်ပြီ...ဂျီမင်!"
"ဘာလဲကွာ"
"ကူးကဘာလို့ငါ့ကိုပြစ်ထားတာလဲ...အရင်ကဆိုငါဖျားရင်ပြေးလာတက်တာကို...မ မချစ်တော့လို့များလားဟင်...ငါဆိုးလို့မချစ်တော့ဘူးထင်တယ်"
ရုတ်ချည်းမှုိင်ထွေသွား၍ ငိုသံစွတ်လာသည့် လေးနက်နက်စကားတွေ...
"ဂျွန်ကမင်းကိုချစ်တာပေါ့...မင်းကိုအများကြီးချစ်ပေးခဲ့တာလေ မင်းနှလုံးသားထဲမှာ အတွေးတွေထဲမှာ အိမ်မက်တွေထဲမှာ မင်းရဲ့ကူးကရှင်သန်မှုလှလှလေးနဲ့ နေထိုင်နေတယ်ထယ်ယောင်းရ...တစ်ခါတစ်ခါ မင်းမျက်လံုးမှိတ်လိုက်တိုင်း ဂျွန်ကိုမင်းတွေ့ရတယ်မဟုတ်လား...ဟိုးကောင်ကောင်းပြာပြာထက်က တိမ်တွေက မင်းရဲ့ကူး...မင်းဘာလုပ်လုပ်သူကြည့်မှာ"
ခြေစံုရပ်ကာ ကောင်းကင်ပြာပြာသို့မော့ကြည့်လိုက်တော့ ဂျီမင်ပြောတဲ့ တိမ်တိုက်ဆိုတာကကင်းစင်နေတယ်...ဟဟ
"တိမ်မှမရှိတာ..."
"မင်းကလည်း စကားအဖြစ်ပြောနေတာကို.....မင်းလက်ကိုရင်ဘတ်ပေါ်တင်လိုက် တစ်ဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးသားကမင်းရဲ့ကူးပဲ..."
ဂျီမင်ကိုပေစောင်းစောင်းကြည့်ကာ အကြောစိမ်းဖန့်ဖန့်နှင့်လက်ကြီးက တစ်ချိန်ကူးတိုးဝင်ခဲ့ဖူးသည့် ရင်အုပ်ပေါ်သို့တင်လိုက်သည်။
"မင်းရဲ့ကူး မင်းနှလုံးသားပေါ်ပြေးလွှားနေလို့ အသံမြည်နေတာ...မင်းကအစားများများစား နေကောင်းအောင်နေပြီး နှလုံးသားကိုဂရုစိုက်ပေး..."
"ကောင်းကောင်းဂရုစိုက်ပေးရင် ကူး...ကူးကအပြင်ထွက်လာနိုင်မှာလား"
"ဟင်...အင်း အင်းထွက်လာမှာပေါ့...မင်းသာအရင်လိုပြန်နေ ဂျွန်ဂျောင်ဂုဆိုတဲ့စိတ်ကို နှလုံးသားထဲမှာပဲသော့ခတ်ထား..."
"အွန်း အွန်း...ငါအဲ့လိုလုပ်မယ်...."
စကားတစ်ပြောပြောဖြင့် ညနေစောင်းနှင်းမှုန်များကြား ပုခံုးဖက်ကာသွားနေကြသည့် ထိုနှစ်ယောက်၏ ပါးပြင်ထက် ခြောက်သွေ့နေသောမျက်ရည်စီးကြောင်းတို့က နေရာယူလျက်။
"ဂျီမင် ငါနဲ့ကူးလက်ထက်ရင် မင်းကသတို့သားအရန်လုပ်ပေး...မဖြစ်ဘူး ပန်းကန်ဆေးပေးနော်လေ သူငယ်ချင်း"
"ဘောပဲ ကင်မ်ထယ်ယောင်း!!"
"မဆေးပေးချင်ဘူးလား"
"မဆေးဘူး! မင်းတို့မင်္ဂလာဦးအခန်းမှာ ထိုင်စောင့်နေမှာ"
"ရားးးးပတ်ဂျီမင်!!"
"ဟားးးးဟားးးးး"
စနောက်ကျီစယ်ရင်း ရယ်သံလွင်လွင်တို့ဖြင့်ဆောင်းညနေအားအလှဖော်သည်။
နာကျင်ခြင်းတွေခဏမေ့ပြီး လွတ်လပ်စွာရယ်မောလိုက်ရတာ နေလို့တစ်မျိုးကောင်းသား။
ဇာတ်အိမ် တစ်ဝက်အတိကိုရောက်လာပါပြီ
Advertisement
အစက S1 S2 လုပ်ဖို့စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်တစ်ပုဒ်ထဲပဲ ရေးပါတော့မယ်
ဒါလေး up သာ up လိုက်ရတာ ဒီအခြေအနေနဲ့အီမိုဝင်နေတဲ့ သူလေးတွေတော့နောက်မှအေး"ဆေး"ဖတ်စေချင်တယ်
ကိုယ်ကတော့ပွဲတက်ပြီး အီမိုမဝင်ပဲခွီးနေရတယ်ಥ_ಥ
Thank you for reading📖
Love you all❤
*****************
*Zawgyi*
"Darling...!! "
ေလထုနဲ႕အတူပ်ံ့လြင့္လာတဲ့ ခပ္စူးစူးအသံေလးေၾကာင့္ ထယ္ေယာင္းမ်က္ရည္မ်ားၾကားမွ နားႏွစ္ဖက္အားလက္ျဖင့္အုပ္ကာ ေခါင္းအသြင္သြင္ခါမိသည္။ ေနရာတိုင္းမင္းကိုမ်က္ႏွာေလးကိုပဲျမင္ မင္းအသံကိုပဲၾကားေယာင္ ကိုယ္႐ူးေတာ့မယ္ ကူးရဲ႕။
မင္းခ်ည္ခဲ့တဲ့အခ်စ္ႀကိဳးေတြၾကားႏွစ္ၿပီး ႐ုန္းမထြက္နိုင္ေအာင္ မြန္းၾကပ္ေနၿပီ။ သိပ္ခ်စ္တာ သိပ္ခ်စ္တယ္ ဘယ္အတိုင္းအတာထိခ်စ္ေၾကာင္း မင္းကိုဖြင့္ဟခ်င္တာ...ေလးပင္ပင္ခစားခ်က္ေတြဖြင့္ဟပစ္မွ သက္သာမည္ထင္ပါရဲ႕...။
"ခ်စ္တယ္...အမ်ားႀကီးခ်စ္တယ္ ကူး..ကိုယ္ရဲ႕ကူးငယ္"
"Darling လို႔!..ငါလည္းခ်စ္တယ္"
ထပ္မံလြင့္ျပယ္လာေသာ အသံေလးကနားစည္ထက္ရိုက္ခတ္လာျပန္သည္။ မင္းမ်ားရွိေနေလမလားအသိျဖင့္ ထရပ္ကာ ပန္းၿခံထဲေဝ့ဝဲရွာမိသည္။
မင္းဆိုတဲ့စိတ္ေလးနဲ႕တင္ ကိုယ္ဟာအသိစိတ္လြတ္သြားျပန္သည္။ ပန္းၿခံအတြင္းေျပးလႊားကာ အသံပိုင္ရွင္အား အေမာနိုင္မပန္းနိုင္ရွာေဖြေနသည့္တစ္ေလွ်ာက္ ပတ္ဝန္းက်င္ရဲ႕အၾကည့္တို႔အားဂ႐ုမစိုက္ခဲ့။
ေသခ်ာၾကားလိုက္တာ...ရွင္းရွင္းလင္းလင္းကိုၾကားခဲ့တဲ့အသံက အနားတစ္ဝိုက္ကပင္။
"ကူး...မင္းဘယ္မွာလဲ!..ကိုယ်သိတယ္ မင္းရွိေနတာကိုယ္သိတယ္ ထြက္ခဲ့ပါကြာ..."
မကုန္နိုင္ေသာစိတ္ပ်က္စရာမ်က္ရည္တို႔ေၾကာင့္ မ်က္စိေရွ႕ျမင္ကြင္းတို႔ကေဝေဝဝါးဝါး။ မိခင္ေပ်ာက္သည့္ ကေလးပမာ အပူပင္တႀကီး။
ရင္ဘတ္ေတြေပါက္ထြက္မတက္ကို ေတာင့္တေနတာ အပိုေတြလုပ္ျပေနတာမွမဟုတ္တာ။
႐ူးမတက္ရင္ကြဲနာက်ေနတာ ဟန္ေဆာင္ျခင္းေတြတစိုးတစိမွ်ရွိမေနခဲ့။ က်ခဲ့တဲ့မ်က္ရည္ေတြ ဟက္တက္ကြဲေနတဲ့ႏွလုံးသားမွ ယိုဖိတ္လာေၾကာင္း....။
ဖုန္းထဲမွ ဆုတောင်းနေသည့်ပံုရိပ်လှလှလေးအား ထုတ္ကာ ႏွင္းမႈန္တို႔ၾကားမ်က္ရည္စေတြအား အၾကမ္းမတမ္းဆြဲသုတ္ရင္း ကင္မ္ထယ္ေယာင္းသည္ ေတြ႕ရနိုးနိုးထပ္႐ူးမိျပန္သည္။
"ဟို ဟိုေလ စိတ္မရွိ မရွိပါနဲ႕ေနာ္...ဒီထဲကေကာင္ေလးကို ေတြ႕..ေတြ႕မိေသးလား"
ဖုန္းေလးျပကာ ေမွ်ာ္လင့္ခ်က္ျပည့္နက္ေနသည့္ မ်က္ဝန္းေဆြးေဆြးတို႔ပုတ္ခတ္ရင္း ပန္းၿခံထဲထိုင္ေနသူေတြအား အေယာက္ေစ့ ကေလးလူႀကီးအစ လိုက္လံေမးၾကည့္ခဲ့သည္။ သို႔ေသာ္ မတူညီေသာလူမ်ားစီမွ တူညီေသာအေျဖသာ ျပန္ရလာသည္။
"အာ မေတြ႕မိဘူး...."
"အခုမွ ပထမဆံုးတွေ့ဖူးတာပဲ"
"မေတြ႕မိဘူး"
"အားနာပါတယ္ မေတြ႕မိဘူးရွင့္"
မခိုင္ေသာေျခလွမ္းတို႔ ေပ်ာ့ေခြလာၿပီး ႏွင္းေတြၾကား ေအးသည္မသိ ခ်မ္းသည္မသိ ပူပူေလာင္ေလာင္စိတ္တစ္ခုတည္းႏွင့္ ဒူးႏွစ္ဖက္ေထာက္ကာ ၿပိဳၿပိဳပ်က္ပ်က္ထိုင္ခ်မိသည္။
"အားးးးးဘယ္မွာလဲလို႔! ဂြၽန္ေဂ်ာင္ဂု...မင္းကို Darling စိတ္ပ်က္လိုက္မွာေနာ္!! ဟင့္ "
"Darling...!"
"ဟင္"
"ငါဒီမွာ"
အျမင္မမွားဘူးဆိုရင္ ကူး သူ႕ရဲ႕ကူးကပန္းၿခံအဝင္ေပါက္မွာရပ္ၿပီး လက္ျပေနတာ...ဟိုးအရင္ရက္ေတြကလိုအနက္ေရာင္ကိုသာဝတ္ထားၿပီး ၿပဳံးျပေနတာမွႏွစ္ႏွစ္ၿခိဳက္ၿခိဳက္။
"ကူး...ကိုယ့္ရဲ႕ကူး"
တိုးလ်လ်ဖြဖြေလးရည္႐ြတ္လိုက္ၿပီး ေျခလွမ္းတို႔ကကူးထံဦးတည္ေနေလၿပီ။ ပံုရိပ်လေးကပျောက်ကွယ်မသွားခဲ့ဘူး ရပ္ၿမဲရပ္ေနဆဲ...။
"Darling...ငါလမ္းဟိုဘက္ကေစာင့္မယ္ေနာ္ မင္းလိုက္ခဲ့မယ္မဟုတ္လား"
မ်က္ႏွာငယ္ေလးျဖင့္ေတာင္းဆိုခ်က္မွာ ထယ္ေယာင္းေခါင္းအသြင္သြင္ၿငိမ့္ျပမိသည္။
လိုက္ခဲ့မွာ ကူးသာေပ်ာက္မသြားနဲ႕...ကိုယ္ကမင္းေနာက္ကိုလိုက္ခဲ့မယ္။
"ကူး...,!"
"ဟင္...Darling"
"လမ္းေသခ်ာကူးေနာ္...ဒါမွမဟုတ္ ကိုယ္နဲ႕အတူတူလမ္းကူးမလား"
"No, Darling ! ငါအရင္သြားမွာ...တစ္ခါေလာက္မင္းကိုေက်ာေပးထြက္သြားၾကည့္ခ်င္တယ္...ထြက္သြားတဲ့ေက်ာျပင္ကိုေငးၾကည့္ရတာ ဘယ္ေလာက္အထိ နာက်င္ေၾကာင္းမင္းကိုသိေစခ်င္တယ္!"
လွမ္းေအာ္ေျပာသည့္စကားေတြက ရင္ကိုသိမ့္ခနဲျဖစ္သြားေစသည္။ ကိုယ္ရဲ႕ကူးက လက္စားေခ်တယ္ဆိုရင္ေတာင္ ေက်ေက်နပ္နပ္ႀကီးခံယူေနမဲ့ေကာင္ပါကူးရယ္...။
ငိုေနမွန္းသိသာလွေသာ တသိမ့္သိမ့္တုန္ရီေနသည့္ေက်ာျပင္နက္နက္ေလးဟာ တရွေ့ရွေ့ဖြင့်အစံုအဆန်ပြေးလွှားနေသော ကားေတြၾကား မ်က္စိတစ္မွိတ္အတြင္း ျဖတ္ကူးသြားေလသည္။
"Darling...ငါစီလာခဲ့!"
မ်က္ႏွာျခင္းဆိုင္ျဖစ္ေနသည့္ေကာင္ေလးႏွစ္အား ျခားထားသည္မွာ ကားလမ္းမႀကီး...မ်က္စိေရွ႕ကားတစ္စီးၿပီးတစ္စီးျဖတ္ေျပးသြားေသာ္လည္း ကူးကအေငြ႕လိုေပ်ာက္ကြယ္မသြားေသး။ တကယ္ပဲကိုယ့္ရဲ႕ကူးက အသက္ရွင္လ်က္ရွိေနေသးတာပဲကို...ကိုယ္ ကိုယ္ေပ်ာ္လြန္းလို႔ ထပ္ငိုမိေတာ့မလားပဲ။
"ရားးးးလာခဲ့ဆိုေန...ေဒစီယာအေၾကာင္းေတြးေနတာလား!"
ကားစက္သံ ဟြန္းသံေတြၾကား အလိုမက်သည့္အသံဆာဆာေလးကစူးးခနဲ...ဟဟ ကိုယ္ရဲ႕ကူးကဘယ္လိုေတာင္ခ်စ္ဖို႔ေကာင္းေနရတာလဲကြာ။
"မေတြးရပါဘူး ကိုယ့္ Honey ရယ္!!!"
ခပ္က်ယ္က်ယ္ေအာ္ေျပာလိုက္သည့္အသံေၾကာင့္ ေဘးလူေတြမွ သူ႕အားအထူးအဆန္းၾကည့္လာၾကသည္။ ကူးေျပာသလို လူေတြကစိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ။
"အဲ့တာဆို လာခဲ့ေတာ့ေလ...ဒီမွာေစာင့္ရတာေညာင္းေနၿပီ ကင္မ္ထယ္ေယာင္းရဲ႕!!!စိတ္ဆိုးလိုက္ရမွာလား!!!"
ႏႈတ္ခမ္းပါးပါး၏ တစ္ဖက္တစ္ခ်ပ္၌လက္ေလးအုပ္ကာ ေအာင့္ေဆာင့္ကာေအာ္ေျပာလာျပန္သည္။
လာခ်င္တာေပါ့ ေပြ႕ဖက္ခ်င္လွၿပီ ကိုယ္သင္းနံ႕သင္းပ်ံ့ပ်ံ့ေလးကိုလြမ္းလွၿပီ...။
"ခဏ ခဏပဲေနာ္..ကားေတြအရမ္းရႈပ္ေနတယ္!!"
"အားးးမင္းကိုစိတ္ပ်က္လိုက္တာ Darling!!"
"မဟုတ္...လာၿပီ ကိုယ္လာၿပီ...ကူး..."
ေျခေဆာင့္ကာ ပြေးထွက်သွားတဲ့ပံုရိပ်ကြောင့် အသက္ရႉပင္ရပ္မတက္ ပူထူသွားတဲ့စိတ်အစံု။ မသြားရဘူးဂြၽန္ေဂ်ာင္ဂု...ထပ္ၿပီးပုန္းေနရင္ ဒီေကာင္တကယ္႐ူးလိမ့္မယ္..။
စဥ္းစားဥာဏ္ေပ်ာက္ကြယ္ခဲ့ၿပီ...အျမင္အာ႐ုံ၌ ပတ္ဝန္းက်င္အားေမ့ကာ ထိုကျောပြင်လေးထံသာအာရုံအစံုကပ်ပါသွားလေပြီ။ တားဆီးေနသည့္လူတစ္ခ်ိဳ႕ေအာ္သံ တစ္တီတီျမည္တီးေနသည့္ ကားဟြန္းသံတို႔ထက္ *မင္းကိုစိတ္ပ်က္လိုက္တာ* ဆိုေသာ ျပတ္သားသားစကားသံသာ နားထက္ပ်ံ့လြင့္ေနသည္။
မိုက္ကန္းကန္း လမ္းမထက္ေျခခ်ျခင္းႏွင့္ ေမာင္းႏွင္လာေသာကားတစ္စီးဟာ အခ်ိန္ကိုက္...။
လက္အားေဆာင့္ဆြဲခံလိုက္ရတာေၾကာင့္ ေဘးပလက္ေဖာင္းစီၿပိဳပ်က္ကာ လွဲက်သြားခဲ့သည္။ ေဒါသေတြသည္ ေထာင္းခနဲ။
"ကားလာေနတာ ေသခ်င္လို႔လား!!"
ကားအရွင္သည္တစ္ခ်က္မွ်ေျပာၿပီးေမာင္းထြက္သြားခဲ့သည္။ အာ႐ုံမစိုက္အား...
"ကင္မ္ထယ္ေယာင္း!!ေသမွာမသိဘူးလား ကားေတြၾကားျဖတ္ေျပးရေအာင္ ႐ူးေနၿပီလား!!ဟမ္!!"
ပုခံုးနှစ်ဖက်အားလုပ်ရမ်းကာ မာန္ပါပါေအာ္ေနေသာ ဂ်ီမင္...မ်က္ႏွာပင္နီကာလည္ပင္းေၾကညေတြေထာင္သည္အထိ ေဒါသထြက္ေနတာ။ မွင္ေသေသအၾကည့္တစ္ခ်က္သာ ေပးစြန႔္ၿပီး ကားေတြအားေက်ာ္ကာ ဟိုဘက္လမ္းသို႔ အိႏၵျေမဆယ္နိုင္ေအာင္ ျပာျပာသလဲၾကည့္မိသည္။
"မဟုတ္ဘူး....အားးးးးးးးးး!! မဟုတ္ဘူးလို႔!! ဂြၽန္ေဂ်ာင္ဂု!!!"
"ကင္မ္ထယ္ေယာင္း!! ေတာ္ပါေတာ့! ေတာ္ပါေတာ့!!...ရူးတာဒီလောက်ဆိုလံုလောက်ပြီ အသိစိတ္ဝင္ပါေတာ့!!"
"ဂ်ီမင္ မင္းေၾကာင့္!! မင္းေၾကာင့္!! ကူး...ကူးမရွိေတာ့ျပန္ဘူး!!! ဖယ္စမ္း..ကူးကိုသြားရွာရမယ္!"
ပုခံုးပေါ်မှတင်းကြပ်ကြပ်လက်တွေအား အတင္းတြန္းဖယ္ကာ ကားေတြၾကားျဖတ္ေျပးဖို႔ႀကံျပန္သည္။ သို႔ေသာ္ ဂ်ီမင္၏တင္းၾကပ္ၾကပ္လက္ေတြဟာ ထယ္ေယာင္းကိုယ္ခႏၶာအားလြတ္ေပးရမ္အစီအစဥ္မရွိ။
"ဂ်ီမင္ ! ဖယ္စမ္းပါ...သူ႕စီမလာလို႔စိတ္ဆိုးသြားၿပီး ငါေခ်ာ့ရမယ္လို႔!! "
"ဟင့္အင္း...ထယ္ေယာင္း ငါမလြတ္ေပးနိုင္ဘူး!"
"အားးးးးးေတာင္းပန္ပါတယ္!! လြတ္ေပး!! ကူးစီသြားရမယ္!! ပတ္ဂ်ီမင္!!!!! ေတာင္းပန္ပါတယ္..တကယ္ေတာင္းပန္ပါတယ္ ငါသြားမွျဖစ္မွာ!!"
အားကုန္႐ုန္းရင္း ေအာ္ဟစ္ေတာင္းပန္ေနသည့္ ထယ္ေယာင္း...ဂ်ီမင္ခ်ဳပ္ထားျခင္းကိုအသာေလး႐ုန္းနိုင္ေသာ္ျငား မစားမေသာက္ေနခဲ့သည့္အက်ိဳးႏွင့္ ေဆးေတြသာရွိသည့္ခႏၶာေၾကာင့္ အခုေတာ့႐ုန္းကန္ေသာ္လည္း အခ်ည္းႏွီးသာ....။
႐ုတ္သဲသဲျဖစ္ေနသည့္ သူတို႔အား တီးတိုးဆိုသူကဆို သနားဖြယ္ၾကည့္သူကၾကည့္ႏွင့္ သိပ္ကိုသ႐ုပ္ပ်က္လွပါသည္။
ကိုယ္ငယ္ေလးေပ်ာက္ဆုံးသြားေသာ လမ္းတစ္ဖက္အား ရင်ထုကာငိုကြွေးရံုမှအပ ဘာမွမလုပ္နိုင္တဲ့ အေျခအေနႀကီးက မုန္းပစ္ဖို႔ေကာင္းလိုက္တာ...။
"ကင္မ္ထယ္...!"
"ေသခ်ာျမင္လိုက္တာ...ကူးကိုေသခ်ာျမင္လိုက္တယ္လို႔!! ငါ့ကိုေခၚေနတာ သြားမွျဖစ္မယ္ ဂ်ီမင္...လိမၼာပါတယ္ လြတ္ေပးေနာ္ ေနာ္လို႔!"
"ငါ့ရင္ေတြနာေအာင္မလုပ္ပါနဲ႕ ကင္မ္ထယ္ရာ..."
"ငါ ငါကရင္ေတြကြဲေနၿပီ!! ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ ကူးကိုခဏေလာက္ပဲ ပွေ့ဖက်ချင်ရံုပါ...! ခဏဆိုမွ ခဏေလးပဲေလ..."
အား႐ုတ္စြာေဖ်ာ့ေတာ့ေနသည့္ အသံတေွမှာအက်ကွဲတုန်ရီ၍ ေနသည္။
"ကင္မ္ထယ္ ကင္မ္ထယ္မငိုေတာ့နဲ႕...ငါတို႔ျပန္ၾကမေယၷာ္ ထ...."
ထယ္ေယာင္းပါးျပင္ထက္မွ ပူႏြေးႏြေးမ်က္ရည္စီးေၾကာင္းအား သုတ္ေပးရင္း ေခ်ာ့ေျပာၾကည့္သည္။ တုန္တုန္မွ်မလႈပ္ပဲ လမ္းဘက္ကိုသာ ေတြေတြႀကီးၾကည့္ေနစဲ ထယ္ေယာင္းေၾကာင့္ ဂ်ီမင္ပါ မ်က္ရည္တို႔ယိုဖိတ္လာရသည္။
"ထယ္ေယာင္း...ျပန္ၾကမယ္လို႔ ငါ ငါေအးလာၿပီ..ငါ့ကိုဂ႐ုစိုက္ေတာ့ဘူးလား"
"ကူး ကူးေအးေနေတာ့မွာပဲ..."
"အ့...ထယ္ေယာင္း!!!"
*တီ! တီ! တီ!*
ဂ်ီမင္အားေဆာင့္တြန္းကာ လမ္းေပၚျဖတ္ေျပးသြားသည့္ထယ္ေယာင္းေၾကာင့္ ယာဥ္မ်ားစီမွ ဟြန္းတီးသံတို႔ ပြတ္ေလာရိုက္ကုန္သည္။
"ငယ္ငယ္ေခ်ာေခ်ာနဲ႕ ႐ူးေနတာ..."
"ဟုတ္ပါ့ ခဏကေတာင္တစ္ေယာက္ထဲ ဟိုဘက္လမ္းကိုၾကည့္ၿပီး စကားေတြေအာ္ေျပာေနေသးတာ"
"သနားပါတယ္.."
ေဘးမွအေဒၚႀကီးေတြ၏ စကားသံေတြေၾကာင့္ ဂ်ီမင္လက္သီးတို႔ဆုတ္မိလ်က္သား။ အံ့ကိုႀကိတ္လိုက္ေၾကာင့္ လည္ပင္းေၾကာတို႔ကထင္းခနဲ။
"မ႐ူးဘူး!!...က်ဳပ္သူငယ္ခ်င္းကင္မ္ထယ္ေယာင္းက အေကာင္းတိုင္းရွိေသးတယ္!"
ခပ္ႀကိတ္ႀကိတ္ဆိုၿပီးေနာက္ ထယ္ေယာင္းေနာက္လိုက္ရျပန္သည္။
ဒီတစ္ခါေတာ့ ဂြၽန္ငယ့္ကိုစိတ္တိုမိသည္။
ေပ်ာ္ရဲ႕လားဂြၽန္ငယ္...ျမင္ရဲ႕လား ကိုယ္လြတ္႐ုန္းေျပးထြက္သြားေတာ့က်န္ခဲ့တဲ့ ထယ္ေယာင္းကမင္းစိတ္နဲ႕ သူမ်ားအျမင္မွာ အရူးဇာတ်လံုးလံုးသွင်းခံနေရပြီ။
မင္းသာ မင္းသာအခ်ိန္ခဏေလာက္ထပ္ေနေပးရင္ ဒီအခ်ိန္ထယ္ေယာင္းနဲ႕ဂြၽန္ေဂ်ာင္ဂုရဲ႕ ဇာတ်လမ်းကအလှဆံုးဖြစ်နေမှာ။
Advertisement
- In Serial17 Chapters
Heaven's Laws - Prodigies - A Cultivation Epic
Glory, honor, and enlightenment. The realms of immortal cultivators offers many wonderous things. But that which inspires awe, can also inspire fear. Darkness, corruption, and despair. Without a powerful backer, government is fragile at best. Who can the weak turn to when the strong justify lawlessness—or fall prey to their own lusts? On the hunt for a rare beast core that will help her become the youngest cultivator to break into the sky realm in Monolith continent’s history, Xiao Huifen is ambushed by a monstrous dire beast that shouldn’t even exist in the Redwood Aurora region. Forced to flee, she soon finds herself running low on energy and is faced with certain death. A voice calls out to her. She turns toward it, scurrying after her last glimmer of hope. A young man steps out from behind a tree with a cultivation a full realm lower than her own. She quickly decides to try to save the courageous fool when he commands the wind with the swipe of a hand, pushing her out of the way, and stands to face the dire beast alone. What she witnesses in this one person is an undeniable weakness, and heaven defying strength. Note: This book is already written and being edited. It will be heading for Kindle Unlimited so it will only be up for a limited time. --- Copyright © 2020 by Apollos Thorne Copyright © 2021 by Apollos Thorne All rights reserved. This book or any portion thereof may not be reproduced or used in any manner whatsoever without the express written permission of the publisher except for the use of brief quotations in a book review. Content Disclaimer This book takes on sexual assault. There is no sexual content or instances of abuse. No graphic content. Nothing is shown, explicitly or otherwise. The author has gone to great lengths to handle it in a mature and respectful manner, but it may be troubling for some readers. Discretion is advised.
8 200 - In Serial21 Chapters
Project Gaia
An astronaut on her way to a star-harvester is suddenly wakened from cryosleep when her ship loses contact with her destination point. The astronaut is faced with two choices: go back and let someone qualified handle the incident, or push forward through alien territory to uncover where, how and why this megastructure went missing. Shenanigans involving alien mafia and conspiracy theories ensue. Project Gaia is written for the Royal Road Community Magazine event. Irregular updates.
8 196 - In Serial14 Chapters
Dystopia Against Fantasy
What would happen if a Dystopian Earth came across a fantasy world? Follow an elite team of advanced soldiers as they are sent into an unknown world of magic and fantasy, encountering mythical creatures and divine beings, all the while sowing the seeds for a war across dimensions. Amateur Author, please do not expect much Cover mine
8 166 - In Serial69 Chapters
Afterlife Quest: Theodore Saga
This is Afterlife Quest: Theodore Saga. Book 1 is chapter 1-27 and Book 2 continues the story. Book 1: The Denial of Theodore Theodore is a young man taken from this world too soon. He is in the first stage of grief over his own death, but he is fighting this truth as much as he is fighting the monsters that populate his current plane of existence. Where is he exactly? Why is he here? Will he gain the required skills and grow strong enough to stay "alive"? Book 2: The Stain of Guilt Theodore continues his journey after many triumphs and foibles. He is dealing with the guilt of leaving his beloved behind after the choice he made. This is a LitRPG set in the afterlife. Follow Theodore as he adventures in the great beyond.
8 137 - In Serial21 Chapters
Unstable dungeon
Who would expect to actually have their soul teleported when they pick up a prety rock that just fell from someone's pocket? Aki did. He just didnt expect to be right about that. Well, whats done is done and its not like he will be stuck there for ethernity, he wont allow that. Hello, I decided to throw another Aki at another isekai. This time as a dungeon and a little more involved in things for other people.
8 93 - In Serial98 Chapters
Black Belly Boss's Pet Wife
Not mine.(Completed)#Credit to author and translator.Author: 冷優然Summary When she woke up, she had an eighteen-year-old teenage body and an eight-year-old memory. With no choice she pretended on squeezing a certain male and insisted to have a long-term free ticket meal.
8 116

