《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(18) မှတ်ဉာဏ်များပြန်ကြည့်ခြင်း III
Advertisement
ရွှီရှင်းကျီသည် အခန်းထဲသို့ ပြန်ဝင်သွားကာ သူ့အမြင်အာရုံ မှုန်ဝါးမှုကြောင့် အထဲမှပန်းအိုးကို ဝင်တိုက်လုနီးပါးဖြစ်သွားသည်။
ပန်းအိုးကို ထောက်လိုက်သည်နှင့် ရွှီရှင်းကျီ၏ မျက်လုံးများရှေ့မှ ပြတ်တောက်နေသော ပုံရိပ်များသည် တဖြည်းဖြည်း ပို၍ကြည်လင်လာသည်။
သို့သော်လည်း ရွှီရှင်းကျီသည် ယခုအချိန်တွင် ခေါင်းမူးခြင်းမျိုးကို အတော်လေး ကျင့်သားရနေပြီဖြစ်သောကြောင့်၊ ယခုတစ်ကြိမ်တွင် သူမူးမေ့လဲခြင်း မရှိခဲ့ပေ။
ရွှီရှင်းကျီသည် နံရံခြေရင်းကို မှီ၍ ပြင်းပြင်းထန်ထန် အသက်ရှုလိုက်သည်။ သူ့မျက်စိရှေ့မှာတော့ ထူထပ်ပြီး ကျယ်ပြန့်တဲ့ မြူခိုးတွေက တရွေ့ရွေ့နဲ့ ကြည်လင်တဲ့မြင်ကွင်း အစားထိုးမလာခင်အထိ လှည့်ပတ်နေသည်။
နွေရာသီ မိုးရေကြောင့် စိုစွတ်နေတဲ့လမ်းတစ်လမ်းဟာ သူ့မျက်လုံးရှေ့မှာ ပေါ်လာခဲ့သည်။
လမ်းတွင်တောက်ပပြီး ရောင်စုံမီးပုံးများဖြင့် ထွန်းညှိထားသည့် လက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင်မှ ဆောင်ကြာမြိုင်လေးတစ်ခုရှိသည်။ ဤအိမ်ငယ်လေးအတွင်းတွင် အမျိုးသမီးတစ်ဦးသည် ဗျပ်စောင်းပေါ်တွင် ဝမ်းနည်းဖွယ်သီချင်းကို တီးခတ်နေကာ သံစဉ်များမှာ ဆောင်းဦးမိုးသံနှင့် ရောထွေးကာ လွမ်းဆွေးမှု လွန်ကဲနေ၏။
လမ်းပေါ်မှာ လျှောက်သွားနေတဲ့လူတွေ မရှိသလောက်နည်းပြီး အထီးကျန် ဂေါ်ဖီထုပ်လေးတစ်ထုပ်သာ လမ်းဆုံလမ်းခွကို လှိမ့်သွားခဲ့သည်။
သကြားလုံးရောင်းတဲ့ ဆွံ့အနားမကြား အဘိုးအိုတစ်ယောက်သည် မိုးရှောင်ရန် လက်ဖက်ရည်ဆိုင်ရဲ့ တံစက်မြိတ်အောက်မှာ ထိုင်နေလေသည်။ သူ့ဘေးမှာ မရောင်းရသေးတဲ့ ဇီးသီးသကြားလုံးတွေနဲ့ ပြည့်နေတဲ့ ကောက်ရိုးတစ်တိုင်လည်း ရှိနေသည်။
လက်ဖက်ရည်ဆိုင်က ဆိုင်ရှင်က သူ့ကိုအဝေးကို တွန်းထုတ်လိုက်ပြီး “ကဲ၊ ထွက်သွား၊ ထွက်သွား၊ ဒီမှာ ဂုဏ်ထူးဆောင် ဧည့်သည်တွေ ရှိနေတာမင်းမတွေ့ဘူးလား? သူတို့ကို စော်ကားရင် မင်းနောက်ဘဝအတွက် ကောင်းချီးတွေပါ ဆုံးရှုံးသွားလိမ့်မယ်”
အဘိုးအိုသည် သူ့စကားမကြားရဘဲ မောင်းထုတ်နေမှန်းသာ နားလည်သောကြောင့် ရိုးစင်းစွာထကာ ထုံးစံအတိုင်း ထွက်ခွာသွားရန် စီစဉ်ခဲ့သည်။
ပြတင်းပေါက်နားမှာထိုင်နေသော ရွှီရှင်းကျီသည် စိန်ပြတင်းပေါက်မှတ်ကူကွက်ထက်မှ ဤမြင်ကွင်းကို မြင်လိုက်ရသည်။ “ဆိုင်စောင့်၊ အဲ့အဘိုးကြီးကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ချင်လို့၊ ခြွင်းချက်လုပ်ပေးလိုက်ပါ” လို့ အော်ပြောရင်း သူ့နှုတ်ခမ်းထောင့်က အပေါ်တက်သွားသည်။
ထိုသို့ပြောပြီးနောက် စားပွဲပေါ်သို့ အကြွေစေ့တစ်တွဲကို ပစ်ချလိုက်သည်။ ဒင်္ဂါးပြားများ၏ ဆူညံသံက ဆိုင်ရှင်၏မျက်လုံးများကို လောဘဇောဖြင့် စိမ်းလန်းသွားစေသည်။
ထိုသူသည်မိုးရွာနေသော မြင်ကွင်းထဲသို့ အလျင်စလို ပြေးသွားကာ အဖိုးအိုကျောကို ကူကိုင်ပေးလိုက်သည်။ အချိန်အတော်ကြာအောင် လက်ဟန်ခြေဟန်ပြပြီးမှသာ အဘိုးအိုကို သူ့ရဲ့ဟန်ဆောင်ပန်ဆောင် ဖားယားမှုဖြင့် ဖိတ်ခေါ်နိုင်ခဲ့သည်။
ရွှီရှင်းကျီနဲ့ အတူတူစားပွဲမှာထိုင်နေတဲ့ ကျို့ကျစ်သမ်းဟာ သူ့ကိုယ်ပိုင်လက်ဖက်ရည်ခွက်ထဲကို လက်ဖက်ရည် ထည့်လိုက်ပြီး အဘိုးအိုအား တိတ်တိတ်လေး ကမ်းပေးလိုက်သည်။ ထို့နောက် ကြာရွက်နုဖြင့်ထုပ်ထားသော သူတို့၏စားစရာရိက္ခာတစ်စိတ်တစ်ပိုင်းကိုယူ၍ အဘိုးအိုထံ လွှဲပေးလိုက်သည်။
အဖိုးအိုက သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်နေပေမယ့် ကျို့ကျစ်သမ်းရဲ့ အမူအရာကတော့ မပြောင်းလဲခဲ့။ အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ထကာ သူ့စားပွဲဆီသို့ ပြန်သွားခဲ့သည်။
ရွှီရှင်းကျီသည် မုန့်ကျုံ့ကွမ်းနှင့် တစ်စုံတစ်ခု ဆွေးနွေးနေစဉ် အလယ်တွင် ကျို့ကျစ်သမ်း ပြန်ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် ထိုင်ချခိုင်းလိုက်ပြီး တစ်ဖက်ကို လက်ညှိုးထိုးပြကာ “မင်းတို့ နှစ်ယောက် နားထောင်၊ ဒီကောင်မလေးဗျပ်စောင်းတီးတာ ကောင်းလား?” ဟု မေးလိုက်သည်။
ကျို့ကျစ်သမ်း၏ အမူအရာက အေးစက်နေသည်။ "...သာမာန်ပါပဲ"
တစ်ဖက်မှ မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီအား သူ့မျက်လုံးများဖြင့် ပြုံးပြလိုက်ပြီး "ရှစ်ရှုန်းလောက် မကောင်းပါဘူး"
ကျို့ကျစ်သမ်းက မုန့်ချုံ့ကွမ်းကို စိုက်ကြည့်ပြီး ဘာမှပြန်မပြော။
ရွှီရှင်းကျီသည် မှော်လှည့်ကွက်တစ်ခုကို လုပ်ဆောင်နေသကဲ့သို့ သူ့လက်ဖဝါးမှ ဘဏ်ငွေစက္ကူကို ပွတ်သပ်လိုက်သည်။ "ဒီကိစ္စဖြေရှင်းပြီးတာနဲ့ ရှစ်ရှုန်းမင်းတို့ကို ပျော်ဖို့ကောင်းတဲ့နေရာ ခေါ်သွားရမလား?"
ကျို့ကျစ်သမ်း ချက်ချင်းပင် နီမြန်းသွားပြီး နှုတ်ခမ်းကို ဖွဖွကိုက်ကာ ခေါင်းခါလိုက်သည်။ "ရှစ်ရှုန်း၊ အဲ့ဒါ မီးရှူးမီးပန်း ပစ်တဲ့နေရာပါ၊ မသင့်တော်ဘူး....”
မုန့်ချုံ့ကွမ်းက မေးစေ့ထောက်ထားပြီး ကျို့ကျစ်သမ်းကို အကြင်နာကင်းမဲ့တဲ့အပြုံးနဲ့ နှောင့်ယှက်လိုက်သည်။ "ကောင်းပြီလေ၊ ရှစ်ရှုန်းနဲ့ရှိနေသရွေ့ ချုံ့ကွမ်းဘယ်သွားသွား ပျော်တယ်"
သူတို့နှင့်အတူထိုင်နေသည့် မိန်းကလေးငယ်က ငြိမ့်ညောင်းစွာ ချောင်းဆိုးလိုက်ပြီး “...ရှစ်ရှုန်း"
မိန်းကလေးသည် ဖုန်းလင်တောင်၏ ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူမသည် အလွန်လှပပြီး မျက်နှာတွင် အပြစ်အနာအဆာမရှိပေ။ သူမသည် နှင်းဖြူဖွေးဖွေး အသားအရေနှင့် အနက်ရောင်ဆံပင်၊ ပန်းပုအလှကို ပိုင်ဆိုင်ထားသည်။ ထိုကဲ့သို့ ထူးထူးခြားခြား အသွင်အပြင်ဖြင့် မွေးဖွားလာရလောက်အောင် ကံကောင်းသော အမျိုးသမီးတစ်ဦးအတွက်၊ ဇီဇာမကြောင်ရန် ခဲယဉ်းလှသဖြင့် သူမ၏ပုံသဏ္ဌာန်နှင့် ဆန့်ကျင်နေသော တင်းမာသော မျက်ခုံးမွှေးမှာ ပို၍တင်းမာနေပုံရသည်- “လေသံကို နားထောင်ရတာ ရှစ်ရှုန်း ဒီလိုနေရာမျိုးတွေကို ခဏခဏသွားဖူးတာလား?"
ရွှီရှင်းကျီ စကားမပြောမီ၊ သူ့ဘေးနားရှိ ကျိုးပိုင်နန်သည် စာကြောင်းတစ်ကြောင်းဖြင့် ရိုင်းစိုင်းစွာ နှောက်ယှက်ခဲ့သည်။ "...သူလျှောက်ပြောတာ နားမထောင်နဲ့။ ဒီလို ပြည့်တန်ဆာတွေနဲ့ အပျော်အပါးရုံတွေထဲ သူဝင်ရဲမှာမဟုတ်ဘူး။ အားလုံးကို ဆွဲခေါ်သွားတာက သူ့ရဲ့သတ္တိကိုမြှင့်တင်ဖို့ နည်းလမ်းတစ်ခုပဲ”
ရွှီရှင်းကျီ: "ငါ့ရဲ့ရှစ်သိနဲ့ ရှစ်မေ့ရှေ့မှာတော့ ငါ့ဂုဏ်သိက္ခာကို မတိုက်ခိုက်ပါနဲ့အာ"
ကျိုးပိုင်နန်က သူ့ကို တစ်ချက်မျှသက်ညှာမပေးဘဲ မိန်းကလေးကို လျှောက်တင်လိုက်သည်– “ပြီးခဲ့တဲ့ အချိန်တုန်းက မင်းရဲ့ရွှီ-ရှစ်ရှုန်းနဲ့ နယ်နှင်ခံ တစ္ဆေကျင့်ကြံသူတွေကို ဖမ်းဆီးဖို့ ရှို့ယန်တောင်ကို သွားခဲ့တယ်။ ဒီကိစ္စကို ဖြေရှင်းပြီးတော့ ငါ့ရဲ့အမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ဖို့ အဲဒီပိုက်ဆံတွေကို ဖြုန်းတီးတဲ့ရုံတွေဆီ ခေါ်သွားပေးမယ်လို့ ပြောတယ်။ အရင်ထဲက ဒီလိုနေရာမျိုးတွေကို ခဏခဏခ ရောက်ဖူးသလို ပြောတတ်ပေမယ့် နောက်ဆုံးမှာတော့ အမျိုးသမီးက သူ့ခါးနားက စလွယ်ကို ဆွဲကိုင်တာတောင် တဖျပ်ဖျပ်လန့်ပြီး ထစ်ခနဲရှိ မလုပ်ပါနဲ့၊ အိမ်က အမျိုးသမီးက မီးဖွားတော့မှာပါလို့ ထအော်နေတာပဲ။ ပြီးတာနဲ့ ငါ့ကိုဆွဲကိုင်ပြီး အမြီးကိုခြေထောက်ကြားဖွက်ပြီး ထွက်ပြေးတော့တာပဲ"
Advertisement
ရွှီရှင်းကျီ: "...ဖက်တီးကျိုး မင်းသေချင်နေပြီထင်တယ်"
ကျိုးပိုင်နန်က သူ့ကိုလုံးဝ မကြောက်။ "ဟုတ်လား မဟုတ်လားပဲပြော"
ဒီအကြောင်းကြားသောအခါ မိန်းကလေး၏မျက်နှာမှ အရေးအကြောင်းများ ပြန်ဖြောင့်သွားကာ ရွှီရှင်းကျီရှေ့တွင် ရှက်ကြောက်စွာ ပါးကိုပွတ်သပ်လိုက်သည်။
ကျိုးပိုင်နန်နားမှာ ထိုင်နေတာက သူ့သွေးသားတော်စပ်သောညီမ ကျိုးရှန့်ပင်။ သူမ၏အသွင်အပြင်က သူမအကိုနှင့် ဆင်တူပေမယ့် အကျင့်စရိုက်ကတော့ မတူပေ။ သူမအကို၏ လျှောက်လဲချက်ကိုကြားသောအခါ ရှက်သလိုလိုအပြုံးဖျော့ဖျော့ကိုသာ ဆင်မြန်းထားသည်။
ကျိုးပိုင်နန်၏ စကားကိုကြားတော့ မုန့်ချုံ့ကွမ်းနှင့် ကျို့ကျစ်သမ်းက တညီတညွတ်တည်း သက်ပြင်းချလိုက်သည်။ တစ်ယောက်နဲ့တစ်ယောက် အနေအထိုင်ကို အာရုံခံမိပြီး အကြည့်ချင်းဖလှယ်ကြကာ တစ်ပြိုင်နက် မျက်လုံးကို အမြန်လွှဲလိုက်ကြသည်။
အဆုံးတွင် ဤအကြောင်းအရာကို အဆုံးအဖြတ်ပေးခဲ့သူမှာ စားပွဲတစ်ခုတွင် တစ်ယောက်တည်း ထိုင်နေသော ဝမ်ရွှယ်ချန်ဖြစ်သည်။
သူသည် သူ့ခွက်ကိုပုတ်ပြီး ကျိုးပိုင်နန်နှင့် ရွှီရှင်းကျီတို့ကို အမိန့်ပေးလိုက်သည်။ "မင်းတို့နှစ်ယောက် ရန်ဖြစ်မနေကြနဲ့တော့"
တစ်နေ့တာလုံး တံခါးပိတ်နေကြသော အခြားဆိုင်များနှင့် နှိုင်းယှဉ်လျှင် ဤလက်ဖက်ရည်ဆိုင်ငယ်လေးသည် ထူးထူးခြားခြား အသက်ဝင်နေသေးသည်။
ပင်မခန်းမရှိ စားပွဲအများအပြားကို ဂိုဏ်းလေးခု၏ အရောင်အသွေးအမျိုးမျိုးဖြင့် တန်ဆာဆင်ထားသော တပည့်များက နေရာယူထားကြသည်။ ရွှီရှင်းကျီက မုန့်ချုံ့ကွမ်း၊ ကျို့ကျစ်သမ်းနှင့် ရှစ်မေ့ယွမ်ရူကျိုးကို စားပွဲတစ်ခုတွင်ထိုင်ရန် ခေါ်သွားကာ ကျိုးပိုင်နန်နှင့် သူ့ညီမကျိုးရှန့်တို့က နောက်တစ်ခုတွင် ထိုင်ကြပြီး ချွီချီကလည်း တန်းယန်တောင်တပည့် သုံးလေးယောက်ကိုပါ ခေါ်လာကာ ဝမ်ရွှယ်ချန်တစ်ယောက်ထဲသာ စားပွဲပေါ်မှာ အထီးကျန်စွာ သောက်နေပေသည်။
လုယွီကျို့ပါ၀င်သော ချင်းလန်တောင်ကြားမှ တပည့်နှစ်ယောက်သည် သီးခြားစားပွဲတစ်ခုတွင် နာခံမှုအပြည့်ဖြင့် ထိုင်ကာ တစ်ချက်မျှမလှုပ်ရဲ။
ဂိုဏ်းလေးခုမှ တပည့်များအပြင် လှပ၊သွယ်လျပြီး နုပျိုသော ကောင်လေးတစ်ယောက်သည် ချွီချီ၏ စားပွဲတွင်ထိုင်ကာ ငိုကြွေးနေလေသည်။ ချွီချီက သူ့ကိုညင်သာစွာ ချော့ပေးပေမယ့် သူကတော့ ငိုပြီးရင်းငိုနေတာကြောင့် တခြားသူတွေကို သူ့အတွက်ရင်နာစေသည်။
ရွှီရှင်းကျီသည် သူ့ကို လှည့်ကြည့်လိုက်တော့ "ချွီချီ၊ မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလားအာ၊ သူ့ဆီက အဖြေကို မင်းရနိုင်ပါ့မလား?"
ချွီချီလည်း အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေသည်- "ငါတို့အဲဒါကို ဖြည်းဖြည်းချင်း လုပ်ယူလိုက်မယ်၊ အလျင်စလို လုပ်စရာမလိုပါဘူး"
ကလေး၏ အေးစက်နူးညံ့သော လက်ကလေးကို သူ့လက်ထဲသို့ ထည့်ကိုင်လိုက်ပြီး "မင်းရဲ့အကိုကြီးကို ပြန်ပေးဆွဲသွားတဲ့လူတွေ ဘယ်သွားလဲမြင်လိုက်လား? ငါတို့ကို ပြောပြပေးနိုင်မလား?" ဟု မေးသည်။
ကလေးသည် ငိုကြွေးခြင်းတွင် နစ်မွန်းနေပြီး မျက်လုံးများ နီရဲနေခဲ့သည်။ စကားပြောချင်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် တုန်လှုပ်နေသည်။
ချွီချီသည် ကလေး၏ဦးခေါင်းနောက်ဘက်တွင် သူ့လက်ကိုတင်ကာ ညင်သာစွာပွတ်သပ်လိုက်သည်- "မင်းကြောက်နေတာ ငါသိပါတယ်၊ ဒါပေမယ့် မကြောက်ပါနဲ့။ အခုငါတို့ မင်းအနားမှာ ရှိနေတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ စိတ်မပူပါနဲ့”
ကလေးမှာ လမ်းပျောက်နေသည်။ နှုတ်ခမ်းဖြူဖျော့ဖျော့လေးက ဟလာသော်လည်း ဆက်လက်၍ တိတ်ဆိတ်နေ၏။
ရွှီရှင်းကျီက စားပွဲကို ခေါက်လိုက်ပြီး "ရူကျိုး မင်းစမ်းကြည့်"
ယွမ်ရူကျိုးသည် ယခင်က ရွှီရှင်းကျီကို ခိုးကြောင်ခိုးဝှက်ကြည့်နေခဲ့သည်။ သူမသည် မက်မွန်ရောင်အသားအရည်ရှိပြီး အများအားဖြင့် စကားပြော အလွန်ကောင်းသော်လည်း ရွှီရှင်းကျီ သူမအား စိုက်ကြည့်သောအခါ သူမ၏ဓားကို လက်နှစ်ဖက်ဖြင့်ဆုတ်ကိုင်ကာ နောက်ပြန်ငုံ့ထားပြီး မေးစေ့ကို အေးစက်စွာပြန်မြှောက်ကာ "ဟုတ်ကဲ့ရှစ်ရှုန်း" ဟု ပြန်ဖြေလာသည်။
မတ်တပ်ထရပ်လိုက်သောအခါ၊ ယွမ်ရူကျိုးသည် ကျိုးရှန့်ကိုကြည့်ရင်း ပူနွေးနေသောပါးပြင်ဆီသို့ လက်ခုံဖြင့် တိတ်တဆိတ် ဖိကပ်လိုက်သည်။
ကျိုးရှန့်သည် ယွမ်ရူကျိုး၏ မိန်းကလေးအမူအရာကို သတိပြုမိကာ တခစ်ခစ်ရယ်ပြီးနောက် မတ်တပ်ထရပ်လိုက်သည်။
အထူးသဖြင့် ချောမောလှပသော အမျိုးသမီးများသည် မွေးရာပါ အားသာချက်ရှိသဖြင့် ကလေးများကိုချော့ရာတွင် အမျိုးသမီးများက ပို၍ကျွမ်းကျင်သင့်သည်။
ရွှီရှင်းကျီ တွေးလိုက်မိသော်လည်း ကလေးက စိတ်မသက်သာလာ။ ယွမ်ရူကျိုးနှင့် ကျိုးရှန့်နှစ်ယောက်လုံး သူ့အနားကပ်လာသည်ကိုမြင်တော့ သူအရမ်းထိတ်လန့်သွားပြီး စားပွဲအောက်မှာ ပုန်းနေလိုက်သည်။
ယွမ်ရူကျိုးသည် သူမ၏မျက်နှာပေါ်တွင် အံ့သြသွားသောအကြည့်ဖြင့် ခြေလှမ်းများကို ရပ်လိုက်သည်။
ဘေးမှာရပ်နေတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ခေါင်းယမ်းပြပြီး “ဒီကလေးကို အရင်ကအကြိမ်အနည်းငယ် တွေ့ဖူးတယ်။ သူတို့ရဲ့ ပြဇာတ်အဖွဲ့က တဝူတောင်နားမှာ တစ်နှစ်ပတ်လုံး ဖျော်ဖြေကြတာ။ အဖွဲ့ခေါင်းဆောင်က ဒီအလုပ်သင်လေးတွေကို အပြစ်ပေးတတ်တဲ့ လိမ္မာပါးနပ်တဲ့ အမျိုးသမီးတစ်ဦးလို့တော့ ကျုပ်ကြားတယ်၊ တခါတလေ ညဘက်သန်းခေါင်ယံမှာ ကြောင်အော်သံလို ကလေးငိုသံတွေ ကြားနေရတယ်။ ကြေကွဲစရာပါပဲ။ အဲ့ဒါကြောင့်ပဲ အဲ့ကုန်းမအိုကြီးက "ကွေကျန့်ချုံ" ဆိုတဲ့နာမည်ရထားတာပေါ့"
ဤနေရာအထိသာပြောကာ သူကပခုံးတွန့်လိုက်သည်။ “ဒီတစ်ခါတော့ အဖွဲ့တစ်ခုလုံး သရဲပြန်ပေးဆွဲတာခံရပြီဆိုတော့ အဲ့ကုန်းမအိုကြီးကို တစ္ဆေလို့တွေ တကယ်တွေ့သွားပြီထင်တယ်”
ထိုပုံပြင်ကိုကြားပြီးနောက်တွင် ဇာတ်ပိုင်ရှင်၏ ပြင်းထန်စွာ အနိုင်ကျင့်မှုကြောင့် ကလေးသည် အမျိုးသမီးများကို ကြောက်ကြောင်း မှန်းဆရန်မခက်ခဲပေ။
ယွမ်ရူကျိုးနှင့် ကျိုးရှန့်တို့ နောက်ဆုတ်ရန်မှတပါး ရွေးချယ်စရာမရှိ။
စားပွဲဆီသို့ ပြန်ရောက်သောအခါ ယွမ်ရူကျိုးက တိုးတိုးလေးပြောသည်- “ဒီမိန်းမက ကလေးတွေကိုဒီလိုမျိုး ဆက်ဆံတယ်တဲ့ တကယ်ကို လူမဆန်ဘူး။ တစ္ဆေကျင့်ကြံသူတွေ သူမကိုခေါ်သွားတာတောင် နည်းသေးတယ်"
ရွှီရှင်းကျီသည် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး ယွမ်ရူကျိုးအား စကားရပ်ရန် အချက်ပြလိုက်သည်။
မျက်နှာငယ်လေးနှင့် လုယွီကျို့သည် သူ့ခေါင်းကို အလွန်နိမ့်ကျစွာ မြှုပ်လိုက်ပြီး စကားမပြောဝံ့ပေ။
Advertisement
မင်ယာနိုင်ငံ ပြိုလဲပြီးကတည်းက ဖမ်းမမိသေးသော တစ္ဆေကျင့်ကြံသူများ နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က နယ်နှင်ခံတစ္ဆေကျင့်ကြံသူတစ်စုသည် တဝူတောင်အနီးရှိ ဘုရားကျောင်းတစ်ခုတွင် အခြေချနေထိုင်သည့် ပြဇာတ်အဖွဲ့တစ်ခုလုံးကို ဝင်သိမ်းသွားခဲ့သည်။ ဗုဒ္ဓရုပ်ပွားတော်နောက်ကွယ်မှာ ပုန်းနေတဲ့ ဒီကလေးကသာ လွတ်မြောက်ဖို့ ကံကောင်းခဲ့လေသည်။
နှစ်ရက်ကျော်သွားပြီဖြစ်ကြောင်း လူတိုင်းသိကြသောကြောင့် အဆိုပါအဖွဲ့သားများကို ကျင့်ကြံရေးမီးဖိုများအဖြစ်သုံးခြင်း သို့မဟုတ် ဆေးဖက်ဝင်အစေ့များပြုလုပ်ရန် အသုံးပြုခြင်း ဖြစ်နိုင်ချေများသည်။ သူတို့သည် ယခုအချိန်တွင် အသက်ရှင်ရန် မျှော်လင့်ချက်မရှိတော့ပေ။
သို့သော်၊ တစ္ဆေကျင့်ကြံသူ၏ ပုန်းအောင်းနေသည့်နေရာကို ရှာကာ ၎င်းတို့အားလုံးကို ဖမ်းရန်မှာ သူတို့ ဆက်လက်လုပ်ဆောင်ရမည့် မစ်ရှင်တစ်ခုဖြစ်သည်။ ဒီကံကောင်းတဲ့ကလေးကပဲ သူတို့ဘယ်မှာလဲဆိုတာကို သိနိုင်ပေမယ့် အကောင်းဆုံးကြိုးစားတာတောင် စကားမပြောဖြစ်သေးချေ။
ချွီချီသည် အနည်းငယ် အားကိုးရာမဲ့ ခံစားရပြီး ကျိုးပိုင်နန်အား "ပိုင်နန်၊ မင်းစမ်းကြည့်ပါလား?"
ကျိုးပိုင်နန်သည် သူ၏စွမ်းရည်များအကြောင်းသိပြီး ရှင်းလင်းပြတ်သားစွာ ငြင်းဆိုလိုက်သည်။ “လုပ်မနေနဲ့၊ ကလေးတွေကို ဘယ်လိုချော့ရမလဲဆိုတာ သေချာမသိဘူး။ ကလေးငိုသံကြားရင် သူတို့နဲ့အတူ ငိုချင်လာတယ်”
ချွီချီက ဝမ်ရွှယ်ချန်ကို အာရုံစိုက်လိုက်သည်။
ဝမ်ရွှယ်ချန်သာ် ဆူညံသံကြောင့် ခေါင်းကိုက်နေရပြီး လက်ရှိတွင် သူ၏ဘီးတပ်ကုလားထိုင်တွင် နားထင်ကြောမျာယကို နှိပ်နယ်နေရသည်။ ဒါကိုကြားတော့ သူတစ်ချက်ကြည့်လိုက်ရုံနဲ့ ကလေးက မျက်ရည်တွေ တိုက်ရိုက်ကျလာပြီး အော်ငိုတော့သည်။ “နတ်,နတ်ဆိုးကြီး...ဖြူ..အဖြူရောင်ဆံပင်...”
ဝမ်ရွှယ်ချန်: ".....”
ရွှီရှင်းကျီနှင့် ကျိုးပိုင်နန်နှစ်ယောက်လုံး မရယ်ရန် အားစိုက်ထုတ်ထားရပြီး ပုခုံးများ တုန်ခါလာသည်။
ချွီချီက ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး ရုန်းရင်းဆန်ခတ် အလယ်တွင် ရိက္ခာများစားကာ နံရံတွင်ထိုင်နေသော အဘိုးအိုကို မြင်လိုက်ရပြီး နောက်ဆုံးတွင် ဖြေရှင်းချက်ကောင်းတစ်ခုကို တွေးလိုက်သည်– “ငါမင်းအတွက် ဇီးသီးသကြားလုံး ဝယ်ပေးမယ်လေ၊ မငိုနဲ့တော့ ဟုတ်ပြီလား?"
သို့သော်လည်း မကြာခင်မှာ သူတစ်ခုခုကို သဘောပေါက်ပြီး ရွှီရှင်းကျီ ဘက်လှည့်ကာ "ရှင်းကျီ၊ ဒီတစ်ခါထွက်လာတုန်းက ပိုက်ဆံမယူခဲ့ဘူး၊ ချေးလို့ရမလား?"
ရွှီရှင်းကျီက သူ့လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး လက်တစ်ချောင်းကို မြှောက်လိုက်သည်။ “ရတာပေါ့အာ၊ အတိုးနတ်ဝိညာဥ်ကျောက်တုံးတစ်ရာ"
ချွီချီ: ".....”
"ဒါကို တန်းယန်တောင်အသုံးစရိတ်ကမှ အနုတ်မခံရတာ၊ မင်းရဲ့ကိုယ်ပိုင်ပိုက်ဆံ မရှိဘူးလား?" ရွှီရှင်းကျီက သူ့လက်ကို ပြန်ဆုတ်လိုက်ပြီး "နတ်ဝိညာဥ်ကျောက်တုံးတစ်ရာပဲ၊ အဲ့ထက်နည်းရင် ငါမပေးဘူး"
ဝမ်ရွှယ်ချန် မနေနိုင်တော့။ "ရှင်းကျီ၊ ချွီချီကို အနိုင်ကျင့်မနေနဲ့"
ရွှီရှင်းကျီက လုံးဝ မယဉ်ကျေးပေ။ "ဝမ်ပိုင်မောင် ဒီခရီးမှာ လက်ဖက်ရည်ဖိုးကို ငါပေးရတာလေ၊ လျော်ကြေးတောင်းလို့တောင် မရဘူးလား?"
ကျိုးပိုင်နန်က အမြဲတမ်း တုံးအသည်။ "ကလေးက ငိုနေတယ်အာ၊ ဒင်္ဂါးနည်းနည်းငယ်ပဲလေ၊ မင်းမှာ စာနာစိတ်မရှိဘူးလား?"
ရွှီရှင်းကျီက မုန့်ချုံ့ကွမ်းရဲ့ ခေါင်းကို ပုတ်ပြီး “လူတိုင်းဘယ်လို ငိုရမလဲသိတာပဲ။ ချုံ့ကွမ်း၊ မင်းလည်းငို"
မုန့်ချုံ့ကွမ်းသည် ချက်ချင်းပင်နာခံကာ မျက်ရည်များကို ညှစ်ထုတ်လိုက်သည်။
ဆိတ်ဆိတ်နေလေ့ရှိသော ကျို့ကျစ်သမ်းသည်လည်း ရွှီရှင်းကျီကိုယ်စား ပြောလာသည်။ "...ကျိုးရှစ်ရှုန်း၊ ရှစ်ရှုန်းက စာနာစိတ်မရှိသူမဟုတ်ပါဘူး...”
"မင်းတို့ဖုန်းလင်တောင်က စီနီယာတွေကိုရော လေးစားရဲ့လား?" ကျို့ကျစ်သမ်း စကားမဆုံးခင် ဝမ်ရွှယ်ချန်က ကျို့ကျစ်သမ်းကို ပြင်းပြင်းထန်ထန် ဝင်ဖြတ်လိုက်သည်။ "ငါတို့စကားပြောနေတာကို၊ မင်းလိုအလယ်တန်းတပည့်က ဘာလို့ ဝင်ပြောရတာလဲ?"
တလေးတစားပြန်ဖြေရင်း ကျို့ကျစ်သမ်း၏ မျက်နှာပေါ်တွင် အမူအရာ အေးခဲသွားသည်။ "....ဟုတ်၊ ဒီတပည့်အမှားကို သိပါတယ်”
ရွှီရှင်းကျီ၏ သူ့ကလေးငယ်များကို ကာကွယ်ပေးသည့်အကျင့်သည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာသည်။ "ဝမ်ပိုင်မောင်၊ ငါတို့ရှောင်သမ်းကို မင်းဘာလို့အော်တာလဲ? မင်းတို့ ချင်းလန်တောင်ကြားက တပည့်တွေကို အာဏာလာပြနေသေးတယ်၊ ငါတို့ဖုန်းလင်တောင်က မင်းတို့ချင်းလန်တောင်ကြားလောက်တော့ မတင်းကျပ်ဘူးကွ"
လေထုက ပိုဆိုးသွားသည်ကို မြင်လိုက်ရသဖြင့် စိတ်ကောင်းနှလုံးကောင်းရှိသော ချွီချီသည် ကိစ္စများကို ချောမွေ့စေရန် လျင်မြန်စွာ ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ "ကောင်းပါပြီ၊ ရန်မဖြစ်ကြပါနဲ့၊ နတ်ဝိညာဥ်ကျောက်တစ်ရာဆိုလည်း နတ်ဝိညာဥ်ကျောက်တစ်ရာပေါ့"
အရောင်းအ၀ယ်အပြီးတွင် ရွှီရှင်းကျီအရင် မတ်တပ်ရပ်လိုက်သည်။ သူသည် ခွေးခြေကိုဆွဲထုတ်ကာ ပိုက်ဆံအိတ်ထဲမှ ဒင်္ဂါးအနည်းငယ်ကိုယူပြီး ဝပ်တွားလိုက်ကာ သကြားလုံးရောင်းသော အဘိုးအိုရှေ့တွင် ထားလိုက်သည်။ ထို့နောက် ကောက်ရိုးမှ အနီရောင်မှည့်ရောင်ရှိသော သကြားလုံးတုတ်ကြီးတစ်ချောင်းကို ရွေးကာညချွီချီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ "စာရင်းထဲမှာမှတ်ထားတယ်၊ မင်းငြင်းလို့မရဘူးနော်"
သိပ်မကြာမီတွင်၊ နောက်မှီပါသောထိုင်ခုံကို လှည့်၍ သူ့ရှေ့သို့ကလေးကို ဆွဲလိုက်သည်။ “မင်းမှာ ငိုခွင့်မရှိတော့ဘူး”
ကလေးက နှာရှုပ်ရင်း သူ့မျက်နှာမှာ ဖြူဖျော့သွားသည်။
ရွှီရှင်းကျီက လိုက်ဖမ်းမနေတော့ဘဲ တည့်တည့်ဖြတ်မေးလိုက်သည်။ “ပြန်ပေးဆွဲခံရတဲ့ လူတွေထဲမှာ မင်းနဲ့သွေးသားတော်စပ်တဲ့ ညီအကိုမောင်နှမ တစ်ယောက်တော့ပါရမယ်"
ဒီစကားကြားတော့ ကလေးက ခေါင်းမော့ပြီး မျက်ရည်တွေ ပိုကျလာတော့သည်။
သူ့စိတ်ထဲမှ ထင်မြင်ယူဆချက်ကို အတည်ပြုရင်း၊ ရွှီရှင်းကျီသည် ကုလားထိုင်၏ နောက်ကျောကို မှီကာ တစောင်းစောင်းတလှုပ်လှုပ်နှင့် ခုံဆော့နေသည်။ “မင်းမိဘတွေလား? မင်းအမလား?"
ထိုအခါ ကလေးသည် ယောက်ျားလေးနှင့်မတူဘဲ ကံဆိုးလှသော မိန်းကလေးတစ်ယောက်နှင့်တူသော နူးညံ့သိမ်မွေ့သော အသံဖြင့် ပုံမှန်အတိုင်း စကားစပြောလာသည်။ "...ငယ်ငယ်လေးကတည်းက အနုပညာသင်ဖို့ ကျွန်တော့်မိဘတွေက ကျွန်တော်နဲ့အတူ ပြဇာတ်အဖွဲ့ကိုလွှတ်ခဲ့တဲ့ ကျွန်တော့်သွေးရင်း အကိုကြီးပါ.."
ရွှီရှင်းကျီက "မင်းအစ်ကိုရဲ့အလောင်းကို ပြန်ရအောင် ကူညီပေးမယ်၊ မင်းမငိုလို့ရမလား?"
ချွီချီ အံ့သြသွားသည်။ "...ရှင်းကျီ မင်းအဲ့လိုပြောတာ..."
ရွှီရှင်းကျီ သူ့လက်ညိုးကို မြှောက်လိုက်ပြီး ချွီချီကို တိတ်ဆိတ်နေရန် အချက်ပြလိုက်သည်။
သို့သော် ကလေးသည် ရွှီရှင်းကျီ ၏စကားများကို နားထောင်ပြီး ငိုရှိုက်သံများကို အတတ်နိုင်ဆုံး ထိန်းထားကာ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည်။
ဒါကိုမြင်တော့ ရွှီရှင်းကျီရဲ့ စိတ်ထဲက ထင်မြင်ချက်တွေကို ခိုင်မာသွားစေသည်။
ဒီကလေးက သူ့အကိုသေဆုံးသွားတဲ့ မြင်ကွင်းကို သူ့မျက်စိနဲ့မြင်ခဲ့ရပြီး သူ့အစ်ကို ပြန်အသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုတာ သိပြီးသားပင်။
ထို့ကြောင့် ချွီချီ၏ အစောပိုင်းနှစ်သိမ့်မှုများစွာသည် သူ့အတွက် အသုံးမဝင်ခဲ့ပေ။
သူ့အစ်ကို၏အလောင်းကို ပြန်ယူနိုင်သည်ဟု ပြောခြင်းကပင် နှစ်သိမ့်စကားချည်းသက်သက်ထက် ဤကလေးအတွက် ပို၍ထိရောက်ပေသည်။
ရွှီရှင်းကျီသည် ခွေးကလေးကို ပွတ်သပ်နေသလို ရှုပ်ပွနေသော ဆံပင်ရှည်များကို ပွတ်သပ်ပေးလိုက်သည်။ "တော်တယ်။ အခုပြောပြ၊ မင်းမြင်ခဲ့တဲ့ နတ်ဆိုးအုပ်စု ဘယ်ပြေးသွားတာလဲ?”
ကလေးက ကျယ်လောင်စွာ နှာရှုပ်ရင်း လက်ကိုဆန့်တန်းကာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ထဲသို့ နှစ်ပြီး တောင်ကြီးပုံ ဆွဲလိုက်သည်။
ကျိုးရှန့်အံ့သြသွားပြီး ရင်အနည်းငယ်ကော့ကာ ဂုဏ်ယူနေသော ယွမ်ရူကျိုးကို ကြည့်လိုက်သည်။
မုန့်ချုံ့ကွမ်းနှင့် ကျို့ကျစ်သမ်းတို့သည် ရိုသေစွာ ငေးကြည့်နေကြသည်။
"တဝူတောင်?" ကလေးပုံကြမ်းကိုကြည့်ရင်း ရွှီရှင်းကျီက "သူတို့ တဝူတောင်ပေါ်မှာ ပုန်းနေတာလား?"
ကလေးက ခေါင်းယမ်းပြီး စားပွဲပေါ်တွင် အနောက်ဘက်သို့ ရေလိုင်းပုံစံ ဆွဲလိုက်သည်။
သကြားလုံးကိုင်ထားတဲ့ ချွီချီဟာ ရုတ်တရက် လင်းခနဲ ဖြစ်သွားသည်။ "...ပုမာတောင်လား?"
ကလေးက အားတက်သရော ခေါင်းညိတ်ပြီး အနည်းငယ် စကားထစ်သွားသည်။ "ကျွန်တော်၊ သူတို့သွားနေတာတွေ့လိုက်တယ်၊ အခုအဲဒီမှာရှိနေသေးလားတော့ မသိဘူး"
ကျိုးပိုင်နန်လည်း သူတို့လိုချင်တဲ့ ရလဒ်ကို မြန်မြန်ဆန်ဆန်ရနိုင်ခဲ့တဲ့အတွက် အံ့ဩသွားသည်။ "ရွှီရှင်းကျီ မင်းတော်တော်စွမ်းတာပဲအာ"
"အဲဒါပြောစရာတောင်မလိုဘူး ငါကရွှီရှင်းကျီပဲလေအာ" ရွှီရှင်းကျီက ချီးမွမ်းတာကို အရှက်မဲ့စွာ လက်ခံပြီး ကလေးရဲ့ ခေါင်းကို ထပ်ခါပွတ်ပေးလိုက်သည်။ "ပေါက်စလေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ?"
ကလေးက ပြန်မဖြေဘဲ ချွီချီကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ မျက်ရည်တွေ တောက်ပနေခဲ့သည်။
ချွီချီသည် အလိုက်တသိ ရွှေသကြားရည်ဖြင့် ဖုံးအုပ်ထားသော သကြားလုံးတုတ်တုတ်ကို အပြုံးဖြင့် ပေးလိုက်သည်။
ချွီချီ၏ နှစ်သိမ့်မှုသည် လုံးလုံးလျားလျား ထိရောက်မှု မရှိပေ၊ အနည်းဆုံး သူ့ရှေ့က ဤအဖော်များ၏ အမြင်တွင်ပေါ့။ သို့သော် ကလေးသည် ချွီချီနှင့် အရင်းနှီးဆုံး ဖြစ်နေသေးသည်။
ခဏကြာတော့ သူက သကြားလုံးထိပ်ဖျားကို ကိုက်ပြီး တိုးတိုးပြောသည်။ “...ကျွန့်တော့်နာမည်က ထောင်ရှန်းပါ"
နောက်အတွက် မှတ်ဉာဏ် အခန်းကြီးသုံးခန်း ကြိုတင်စာရင်းပေးထားပြီးပါပြီ။
ရွှီရှစ်ရှုန်းရဲ့ ဖခင်ဖြစ်စွမ်းအားက တကယ်ကို အတိုင်းမဆမရှိပါလား..
______
Advertisement
- In Serial644 Chapters
Last Wish System
In a universe where the great experts can reincarnate, Yale Roanmad reincarnated with almost no memories of his past life and didn't know who he was. Despite the problem with his memories, Yale had obtained a strange legacy from his own past life the Last Wish System.Yale, who remembered the pain of dying, decided to turn strong to avoid suffering the same pain again. Moreover, he also decided to investigate his own past life to remember who he was.However, he didn't know that a Mysterious Expert, who knew a lot about him and his past life, was looking at him from the shadows.
8 517 - In Serial200 Chapters
PERFECT SECRET LOVE: THE BAD NEW WIFE IS A LITTLE SWEET (Part One)
Before her rebirth, she was in love with someone else, bent on escaping him, and hates him deep to his bones.After her rebirth, she looked at the beauty on the bed, seriously thinking, why did she deny such beauty and his love.In her past life, her mind was muddled. She tried to get rid of the outstandingly beautiful husband that she didn't want, was victimized by slag men and cheap women, and her most trusted friend brainwashed her. In the end, she found herself isolated and alone.In this lifetime, all of the evil people scheming and longing to destroy her should yield. Sorry but this young miss's IQ is on the line this time!
8 241 - In Serial17 Chapters
Psychic Evolved
[participant in the Royal Road Writathon challenge] Alan and his portion of West Wales, had a virus out break that ran through the population that damaged the mind reducing them to basic hunting and hunger instincts or into an infected human who develop psychic powers and more as the world is changed for good, the virus is believed to been contained, so has Alan and his family. With hopes of a cure and a development of an all powerful mitray the world hungers for them all. (Hey this is being rushed out quickly, so grammar and editing is being pushed back so please forgive me, I'll be going back and improving it after competition. Kind regards Starfury.)
8 220 - In Serial13 Chapters
The Agitator
The sentinels fight for the good and glory of god, but when things take a turn for the worst, it leaves one sentinel on a hopeless quest for revenge.
8 97 - In Serial33 Chapters
Sakuras In Ice (A Bleach Fan fiction)
While walking down a certain forest in the outskirts of the Rokun Distirct, Captain Commander Yamamoto stumbled upon a peculiar sakura tree. Why peculiar? Because the flowers it bear are all turned to ice.At the foot of the tree, a girl in white tattered clothes lay sleeping peacefully. What caught the captain's eyes is the butterfly clip she has on her hair and the ears and tails of a cat she has.Thinking that she is an abandoned girl, Captain Commander Yamamoto decided to bring her back to Seiretei and tend to her.Will this girl bring joy to the Gotei 13? And what about the massive amount of reatsu she is suppressing inside her?
8 143 - In Serial6 Chapters
Sanders Sides: Age-re HC's/One-Shots(SFW)
All Sides are switches!(Meaning: Switching between being a CG and a Little depending on the situation and mood)Posted: 3/7/2020Updated: 12/28/2020
8 115

