《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-140

Advertisement

Ch-140

ဧကရာဇ် သူ့စကားသူတည်သည့် လူတစ်ယောက်ဖြစ်သည်။ လင်းဖေးလု ဆေးသောက်ပြီး အိပ်ပျော်သွားတော့ သူလည်းနောက်ဆုံးအနားယူဖို့ထွက်သွား၏။ ဧကရာဇ် အိပ်ခန်းဆောင် ထဲ ဘယ်သူဝင်နိုင်မည်လဲ? လုပ်ကြံသူကိုထားလိုက် ခြင်တစ်‌ကောင်တောင် ပျံသန်းဝင်ဖို့မဖြစ်နိုင်ချေ။ မစိုးရိမ်ပဲလင်းဖေးလု ဆေးသောက်ပြီးမကြာခင်အိပ်ပျော်သွား၏။

နောက်တနေ့ မနက် အပြင်ဘက်က ရထားလုံးအသံများကြားရသည်။

လင်းဖေးလု မျက်လုံးဖွင့်လာတော့ ဧကရာဇ် လင်း ဆေးကြောသန့်စင်အပြီး အစေခံများ အဝတ်အစားလဲပေးနေ၏။ အမှန်ပြောရရင် ဧကရာဇ် ဖြစ်ရတာမလွယ်ကူဘူး။

စာအုပ်ထဲပြောထားအရဆိုရင် "အေးစက်စက် ၁၅နာရီ " လို့ ထည့်သုံးထားသည်။ "ဒါက မနက် ၅ နာရီ ညီလာခံအတွက် စောစောထသည်လို့ ဆိုလိုတာဖြစ်တယ်"

၁၅ နာရီဆိုသည်မှာ မနက်ခင်း ၅ နာရီကိုဆိုလိုတာဖြစ်သည်။ ဆိုလိုသည်က ဧကရာဇ် မနက်ခင်း ၄ နာရီထရပြီး တတိယနှစ်အထက်တန်းကျောင်းသားတစ်ယောက်ထက် ပိုခက်ခဲတယ်။

သူမ မနက်ခင်း ၄ နာရီထချိန်က Los Angeles ရဲ့မနက်ခင်းနေထွက်ချိန် ကိုကြည့်ဖို့ဖြစ်ပြီး ဧကရာဇ် လင်းမနက်ခင်း ၄ နာရီထရတဲ့အကြောင်းအရင်းက သူ့နန်းတော် မြင်ကွင်းကိုနေ့တိုင်းကြည့်ဖို့ဖြစ်သည်။

လင်းဖေးလု အခု ဧကရာဇ် ကိုစတင်မြတ်နိုးလာခဲ့သည်။ နန်းတော်ထဲ ပိတ်မိနေမယ်ဆိုရင်တောင်မှ သူမ ထီးနန်းကိုမလိုချင်ပေါင်။

သူမ ထီးနန်းအတွက် နဲ့မနက်ခင်းအစောကြီးထနေရမှာ။

ဧကရာဇ် လင်းလှည့်ကြည့်ပြီး တောက်ပသည့်အပြုံးများနှင့် " မင်းသမီး၅ လေး နိုးနေပြီ။" ဘေးကအစေခံကိုညွန်ကြားတယ်။

"မင်းသမီး ၅ ထဖို့ကူပေးလိုက်"

ဘေး၌ဆောင်းယု စောင့်ဆိုင်းနေတာမြင်လိုက်သည်။ ဆောင်းယု မျက်လုံးရဲတက်နေပြီးတစ်ညလုံးမအိပ်စက်ရသေး ဒါပေမဲ့ သာမန်အတိုင်းပြုံးနေဆဲပင်။

လင်းဖေးလု သူ့အသက်သခင်ကိုကြည့်ပြီးမတက်နိုင်ပဲ ဆောင်းယုရဲ့အစ်ကိုအကြောင်းတွေးမိတယ်။ ထိုအစောင့် ကို ကတိပေးထားခဲ့သည်။ ‌ဆောင်းယုမှာ မောင်းမဆောင်ထဲအသက်ရှင်ဖို့ ကံကြမ္မာဆိုးရှိပုံရတယ်။

ထွက်လာပြီး ယာဉ်တန်းနားရောက်တော့ ဒီတခေါက် လင်းဖေးလု သူ့ကိုယ်ပိုင်ရထားလုံးထဲမပြန်တော့ပဲ ဧကရာဇ် လင်းက သူ့ရဲ့အင်ပါယာရထားလုံးထဲ သယ်ဆောင်လာတယ်။

မနေ့က အိမ်ရှေ့စံ လင်းချင်းရဲ့ရထားလုံးတောင် BMW ကားနဲ့တူညီနေတာ ဧကရာဇ် လင်းရဲ့ ရထားလုံးဆို ထည့်မပြောနဲ့တော့။

မနေ့က ဧကရာဇ် လင်း ခက်ခက်ခဲခဲခရီးထွက်ရသည်အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဒီနေ့ သူမ ထင်တာမှားနေတယ်လို့ သက်သေပြနေသည်။

လုံးဝသေချာတယ်။ ဧကရာဇ် က သူ့ကိုယ်သူ တော့ မှားမှားယွင်းယွင်းဆက်ဆံမည်မဟုတ်။

လမ်းပေါ် ၌ အခြွေအရံများရှိနေပြီး မနေ့ညက ‌စစ်ဆေးသည့် အစောင့်က ဧကရာဇ် ကိုနှုတ်ဆက်ကာ တင်ပြတယ်။ရလဒ်နဲ့ပတ်သက်ပြီး ဧကရာဇ် လင်း အလွန်မကျေမနပ်ဖြစ်သွားတာကို လုံးဝမအံ့ဩချေ။

လင်းဖေးလု မနေ့က ဆေးနှစ်ခွက်သောက်ပြီးနောက် အသံအနည်းငယ်ပြန်ရရှိလာသည်။ ကုရှင်ပေါ် ၌ သူမ ကိုယ်သူ ဖိအားပေးကာ ဧကရာဇ် လင်းရဲ့လက်မောင်းကိုညင်သာစွာခါယမ်းပြီး "ခမည်းတော် ဒေါသမထွက်ပါနဲ့"

သူမ လင်းဂျင်းယွမ် ကိုချောမော့ဆက်ဆံသလို ဧကရာဇ် လင်းလည်းထိုသို့ကြိုက်တာရှာတွေ့ခဲ့သည်။သူမ ချောမော့မှုကြောင့် မျက်နှာပေါ် က ဒေါသပျောက်ကွယ်သွား၏။ ရီရီမောမော သူမကိုပေါင်ပေါ် တင်ကာ ခေါင်း‌ပေါ် ကဆံထုံးလေးတွေကို ထိရင်း သက်ပြင်းချတယ်။

" ဒေါသမထွက်ပါဘူး။ လုလေးကို ရှင်းပြချက်ပေးချင်တာပါ"

‌ပေါက်စီလေး မျက်တောင်တခပ်ခပ်နဲ့ ညင်သာစွာတုန့်ပြန်တယ်။ "လုလေး ဘာရှင်းပြချက်မှမလိုချင်ဘူး"

ဧကရာဇ် လင်းမျက်ခုံးမြင့်တက်သွားပြီးအပြုံးလေနဲ့မေးတယ်။"ဒါဆို ဘာလိုချင်လဲ?"

လက်ချောင်းလေး ထုတ်လာကာ စားပွဲပေါ် က ကိတ်ကိုလက်ညိုးထိုးပြီး ရှက်ကိုးရှက်ကန်း"လုလေး အဲဒါ လိုချင်တာ"

ဧကရာဇ် လင်းရီမောပြီး နှာခေါင်းထိပ်လေးကို အသာညှစ်ကာ " လောဘကြီးတဲ့ကြောင်မလေး"

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click