《Sour Candy》part 23🌱/1/
Advertisement
*Unicode*
ဆောင်းကုန် နွေပြောင်း ရွက်ဟောင်းကြွေရွက်သစ်နု နေ့ကိုရက်စား ရက်ကိုလစား အရာရာအသစ်သစ်ပြောင်းလဲနေပြီ။ ( 5 ) နှစ်ဆိုတဲ့အချိန်အတွင်း သေဆုံးသွားသောနှလုံးသားနှင့် ကင်မ်ထယ်ယောင်းဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်၍နေပြီ။
ဒီအချိန်တွေအတွင်း စိတ္တဇဆေးရုံကြီးမှာ ဆေးကုသခံနေခဲ့ရပြီး ပံုမှန်အခြေအနေပြန်ရောက်လာသည့်အခါ တစ်စီကွဲနေသောနှလုံးသားအား ဖံုးကွယ်ရန် အေးစက်တဲ့မျက်နှာဖံုးတပ်ကာ စီးပွားရေးလောကထဲခြေစံုပစ်ဝင်၍ ကူးစိတ်ကိုခဏပျောက်သွားစေရန် အလုပ်တွေသာဖိလုပ်ရင်း အချိန်တွေ့တရွေ့ရွေ့ကုန်ဆံုးစေသည်။
ကူးသာရှိရင်* Darling ရယ်အလုပ်တွေခဏရပ်ပြီး နားဦးမှပေါ့ * ဆိုပြီး မရဲတရဲနဲ့တားဦးမှာမြင်ယောင်ပါတယ်။ လွမ်းတယ် မိနစ်တိုင်း စက္ကန့်တိုင်း...ဒီနေ့ဒီချိန်ထိ မင်းထားခဲ့တယ်ဆိုတာမယံုနိုင်သေးဘူး လက်မခံနိုင်သေးဘူး ကူးရာ...။
" ဥက္ကဌကင်မ်...!"
"အွန်း"
"ပရောဂျက်အသစ်အောင်မြင်တဲ့ အထိန်းအမှတ်အနေနဲ့ New York ကို...."
"ငါမသွားဘူး ငြင်းလိုက်! "
ကူးအငွေ့အသက်ပြည့်နေတဲ့ ဒီမြေကနေထွက်ခွာဖို့ဆိုတာ သိပ်ဝန်လေးလွန်းတဲ့ အရာတစ်ခု။
"အဲ့လိုမဖြစ်ဘူး ဥက္ကဌ...CEOပတ်ခ် ကအကုန်စီစဉ်ပေးပြီးသွားပါပြီ နောက် 3 နာရီလောက်လေယာဉ်တက်ရပါမယ္"
"ငါမသွားဘူးပြောနေတယ်လေ! "
"သွားလိုက်ပါ...ဒီပရောဂျက်အတွက် CEOပတ္ခ္ အများကြီးကြိုးစားအားထုတ်ထားတာ ဥက္ကဌအမြင်ပဲလေ သူငယ်ချင်းစိတ်ချမ်းသာအောင် ဥက္ကဌစိတ်အနားပေးတဲ့အနေနဲ့ အပန်းဖြေသွားသင့်ပါတယ် "
"မင်းသွားတော့ ! "
ရှုပ်ထွေးသွားသောစိတ်တေွက လွန်ခဲ့တဲ့ 5 နှစ်ကတည်းက မွန်းကြပ်နေခဲ့တာ...သူ့အပန်းဖြေဖို့ ဘယ်မှသွားစရာမလိုဘူး ကူးရှိရင်ရနေပြီလေ ကူးရင်ခွင်ထဲတိုးဝင်ပြီး လက်ချောင်းထွေးထွေးလေးတွေ ဆံသားကိုပွတ်သပ်ပေးလာရင် ပင်ပန်းမှုဆိုတာ ရူးပစ်သလိုပျောက်သွားလိမ့်မည်။
"ဥက္ကဌရဲ့ကောင်လေး ရှိနေရင်လည်း သွားဖို႔တိုက်တွန်းလိမ့်မယ်လို့ ကျွန်တော်ကျွန်းသေပြောရဲတယ္ "
ထပ်ထွက်လာသော အတွင်းရေးမှူးကောင်လေးရဲ့စကားသံကြောင့် လှုပ်ရှားမှုတို့ရပ်တန့်သွားမိသည်။ ကူး ကူးကသွားဖို့တိုက်တွန်းမည်တဲ့လား...။
"ကောင်းပြီ..."
ကူးသာဆိုရင် ဆိုတဲ့အတွေးကိုမိမိရရဖမ်းဆုတ်ပြီး ဒီမြေကနေထွက်ခွာရပေဦးမည်။ ဒီကမ္ဘာမြေမှာ ကူးမရှိတော့မှတော့ ဘယ်နေရာသွားသွား စိတ်ကသက်သာရာရမည်မဟုတ်တာကတော့ ကိုယ်ကိုယ်တိုင်ကလွဲ သိမည်မဟုတ်။ အိပ်ဆေးမလိုပဲ မှေးစက်နိုင်ဖို့ အဖိုးတန်အမှတ်တရပြည့်နေသည့် Condo မှကူးရဲ့ ဟူဒီတစ်ထည်ကို အိတ်ထဲကောက်ထည့်လာခဲ့သည်။
အိပ်ဆေး...ညဘက်တွေအိပ်မပျော်ခဲ့ အိပ်ပျော်မိရင်တောင် နှစ်ခြိုက်မှုမရှိ အိမ်မက်ဆိုးတွေမက်၍ လန့်နိုးလာရပေါင်းများတဲ့ ညတွေဟာ သိပ်ဆိုးလွန်းသည်။ အိပ်ဆေးကိုမှီဝဲနေရတဲ့ ကိုယ်ခန္ဓာကကြာကြာမကောင်းမွန်နိုင်သည့်နောက် ခပ်သင်းသင်းရနံ့လေးရနေစဲ ကူးရဲ့အဝတ်တို့အား ဖက်ကာမှအိပ်ပျော်သည့်အကျင့်သည် အိပ်ရာဝင်တိုင်း နင့်သဲစရာကောင်းလောက်အောင် မျက်ရည်မိုးဖန်တီးပေးသည်။
"ကိုယ်ပြန်လာမှာ မင်းတို့ဒီအတိုင်းလေးပဲ ကူးအငွေ့အသက်တွေထိန်းသိမ်းထားပေးနော်..."
သက်မဲ့အခန်းအား မှာကြားနေသည့် ထယ်ယောင်းမှာ ပြုံးပျော်၍လည်းမနေ ဝမ်းနည်းယောင်လည်းမပြ တည်တင်းတင်းမျက်နှာသေဖြင့် အေးစက်စက်ဆိုကာ သော့သေချာခတ်ပြီး အသင့်စောင့်နေသည့် ကားနက်ထဲ ဝင်လို့သွားသည်။ ထွက်ခွာပြီးဖြစ်တဲ့ကားနှင့် ကားမှန်မှတစ်ဆင့် Condo ကိုသာငေးစဲ ထယ်ယောင်း။
သံယောဇဥ်ဆိုတဲ့ နွယ်...တွယ်မိဖို့ခက်ခဲသလို တွယ်မိပြန်ရင်လည်း ရုန်းဖို့ခက်ခဲသည်အထိ တင်းကြပ်ကြပ်ချုပ်ထားတာ...
ကိုယ်မင်းကိုတွယ်တာ သံယောဇဥ်ဆိုတဲ့ ပံုမှန်နွယ်မဟုတ်ဘူး ကူးရယ် ချစ်ခြင်းဆိုတဲ့ ဆူးအပြည့်နဲ့နှင်းဆီနွယ်...တစ်ကိုယ်လံုး စိတ် နှလုံး အကုန်လံုးကို တင်းကြပ်ကြပ်ဆူးတွေနဲ့ရစ်နွယ်ထားတော့ ကိုယ့်မှာ သွေးစိမ်းရှင်ရှင်ထွက်ရပြီ...ထားပါလေ ကိုယ့်အမှားတွေကြောင့် ကိုယ်ခံရတာပဲ ဝဋ်လို့သတ်မှတ်ရမှာပေါ့။
"မင်းမျက်ဝန်း မင်းနှုတ်ခမ်း မင်းအသံ မင်းအပြုံး မင်းမရှိတော့မှ သေလောက်အောင် ချစ်ပါတယ်ပြောနေတဲ့ ကိုယ်ကမုန်းပစ်ချင်စရာကြီးနော်...ဟဟ"
//////////////////////////
" Leo ငါထိုးခိုင်းတာ နာရီနော်...ပေါက်ကရတွေမလုပ်နဲ့ "
New York ရဲ့တက်တူးဆိုင်၌ အင်္ကျီမကပ်သော ခန္ဓာအပေါ်ပိုင်းရှိ သေသပ်စွာထွက်ရှိနေသည့်ကြွက်သားတို့အား ဖော်ပြထားသည့် ကောင်လေးမှာ ဟော့ရမ်းရမ်း...ညာလက်မောင်းတစ်လျှောက် အသားအလွတ်ပင်မရှိသည့်အလား ပြည့်နက်နေသည့် tattoo များမှာအရောင်စံုလျက်ရှိနေသည့်ကြား အသစ်ထပ်ဖြည့်နေပံုရသည်။ ပီကေအား တစ်ဖောက်ဖောက်ဝါးရင်း ထိုးပေးနေသူသူငယ်ချင်းဖြစ်သူအား ခပ်ဩဩအသံဖြင့် သတိပေးနေပံုမှာ ပစ်ကြွေချင်စရာကောင်းလောက်အောင်...။
"ထိုးသာထိုးပေးနေရတာ မင်းဘဲကြီးကကြိုက်ပါ့မလား JeyKay "
Leo ရဲ့အမေး၌ ပီကေဝါးနေ၍လှုပ်ရှားနေသည့် မေးရိုးဟာငြိမ်သက်သွားပြီး တက်တူးထိုးရာနေရာအား တစ်စိုက်မတ်မတ်ကြည့်နေသည့် စိတ်ကြည်လင်နေဟန်နေသော ပြာလဲ့လဲ့မျက်ဝန်းတွေဟာ မထီသောအကြည့်ဖြင့် Leo အားကြည့်ကာ ခပ်ဟဟလှောင်ရယ်ရယ်ပြန်သည်။
အကြောက်အလန့်မရှိ ရှင်းရှင်းပြောရရင် ဘယ်သူ့မှလူမထင်တက်သည့် JeyKay ဆိုတဲ့ခပ်ရမ်းရမ်းကောင်က နှလုံးသားမရှိတဲ့လူတစ်ယောက်နှင့်တူသည်။ ခံစားချက်မဲ့သည်ဆိုတာထက် ကိုယ်ဖြစ်ချင်တာကိုသာ ကြည့်တဲ့တကိုယ်ကောင်းဆန်တယ် ခေါ်မလား အတ္တသမားလို့ ခေါ်လေမလား အဲ့လိုလူတစ်မျိူး။ ပေါင်းသင်းရမခက်ခဲဘူး နားလည်ရခက်ခဲလွန်းတယ်။
Cutie, Pretty, Daddy ရုပ်ပြောင်းရုပ်လွဲသိပ်ကောင်းတဲ့ သူကို မေးခဲ့ဖူးသည် သရုပ်ဆောင်လားလို့...
"JeyKay အရူးလိုလိုရယ်မနေနဲ့"
"မကြိုက်ရင် ပြတ်ပေးလိုက်ရံုပေါ့ ဘာခက်ခဲတာမှတ်လို့"
ဘေးနှစ်ဘက်အပြောင်ညှပ်ထားကာ အလယ်၌သာ ရှည်နေသည့် ဆံနွယ်တို့အားသပ်တင်ရင်း နှလုံးသားမဲ့စွာဆိုလိုက်သည်။ ကိုယ့်ကိုအရူးအမူးဖြစ်နေလို့ သနားလွန်းလို့တွဲပေးလိုက်တာ အကန့်တေွကျော်ပြီး ချုပ်ချယ်လာရင်ပြတ်လိုက်ရံုပေါ့ JeyKay ဆိုတဲ့ကောင်ဘက်ကနစ်နာစရာတစ်ပြားမှမရှိဘူး...။ ခက်ထန်ထန်မျက်ဝန်းပြာပြာလေးတွေတစ်ချက်မှိတ်ပြလိုက်တာနဲ့ ညို့ယူခံရသလို JeyKay ကိုစွဲလမ်းကြမဲ့သူတွေမှ တစ်ပံုကြီး...
"ဘဲကြီးကဒီလောက်ချစ်ပေးနေတာကို ပြောထွက်တဲ့ပါးစပ်လေး ဟိုကကြားရင် သောက်သဲကွဲနေဦးမှာ"
"သူချစ်တာလေ ငါချစ်တာမှမဟုတ်လာ သူဟာသူကွဲလည်းငါ့အရေးလား Leo ရာ "
"လက်မြောက်တယ် bro "
"လက်မမြောက်နဲ့ ပြီးအောင်ထိုးဦးငါ့ကောင်...သွားစရာရှိသေးတယ် "
"ဘယ်လည်း..."
"စော်လေးနဲ့ချိန်းထားတယ်..."
Grayson ဆိုတဲ့ခဲသားရောင်ဆံနွယ်ပိုင်ရှင် JeyKay ထက် 4နှစ်လောက်ငယ်တဲ့ ဘဲကြီးနဲ့ Open Relationship တစ်တည်ဆောက်ထားတာ 3 နှစ်လောက်ရှိပြီထင်ပါရဲ့။ တွဲနေတဲ့တစ်လျှောက်လံုး လိုလေသေးမရှိအောင် သိပ်ချစ်ပြတက်တဲ့ Grayson ရယ် ဘယ်သူ့အပေါ်မဆိုပေါ့ပျက်ပျက်နိုင်ပြီး လုပ်ချင်ရာလုပ် ရှုပ်ချင်သလိုရှုပ်သော ဆိုးလွန်းတဲ့ JeyKay ရယ် Grayson အလျော့ပေးလို့လည်း ဒီနေ့အထိမြဲနေသည်လို့ပြောလို့ရမလား...။
Advertisement
ဘယ်ဆက်ဆံရေးမှာမှ လေးနက်မှုမထားဖြစ်တော့တာကြာပြီ လေးနက်ပြီးမှကွဲကွာသွားရရင် သိပ်နာကျင်စရာကောင်းတယ်ဆိုတဲ့ story တွေ book တော်တော်များများမှာဖော်ပြထားကြတယ္...စော်တွေတစ်ရက်တစ်ယောက်နီးပါး ထည်လဲတွဲ စိတ်ပါရင် ကောင်လေးတွေနဲ့ပါတွဲဖြစ်တယ် ပြီးရင်သွေးအေးအေးနဲ့ဖြတ်လိုက်ရံုပေါ့ ဖက်တာနမ်းတာနဲ့ ကိုယ်ကဦးဆောင်ရတဲ့ ကိစ္စတွေမို့ JeyKay ဆိုတဲ့ကောင်အတွက်နစ်နာမှုမရှိရိုးအမှန်...ခဏတာသာယာမှုတွေကို သိပ်မက်မောဖို့ကောင်းတယ်....။
ရယ်သွသွပြောရင်း လက်မောင်းထက်တစ်စက်စက်ထိုးဝင်လာသည့် တက်တူးစက်၏ဓားသွားသေးသေးလေးတေွအား သဘောကျသည့်သဘောဆောင်သော ပင်လယ်ပြာမျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသည်။
တစ်ဆစ်ဆစ်နာနေတဲ့ခံစားချက်က တိမ်တွေပေါ်လွင့်နေတဲ့အတိုင်း...မူးယစ်ဆေးတွေထက် တက်တူးထိုးရတာကို ဆေးသံုးရတာထက်ပိုစွဲလန်းနေမိတာ ထူးဆန်းနေမလား။
"တက်တူးထိုးနေရတဲ့ feeling ကသောက်ရမ်းမိုက်တယ် Leo ရာ...တစ်ဆစ်ဆစ်နဲ့ ငါရူးတော့မလိုပဲ..."
မျက်ဝန်းမှိတ်၍ တွန့်ချိုးထားသောခပ်ချောချောမျက်နှာအား အနည်းငယ်မော့စေပြီး အံ့ကိုခပ်တင်းတင်းကြိတ်ကာ တက်တူးထိုးခြင်းအပေါ် ယစ်မူးစွာခံစားနေသည့် JeyKay ချွေးစတစ်ချို့ဖြင့် သောက်ရမ်းမိမိုက်နေပံုက ဆိုင်တွင်းရှိလူအားလုံးနီးပါး အကြည့်မလွဲနိုင်လောက်အောင်ပင်။
Leo ပြောသလို JeyKay ထူးဆန်းတဲ့အကျင့်တွေနဲ့ လူတစ်ယောက်...အသားနာတဲ့ခံစားချက်ကို ဆေးစွဲသလိုရူးသွပ်နေတဲ့ကောင်...။သာမာန်လူတစ်ယောက် လက်ဓားရှလို့ဆေးအပြေးအလွှားထည့်နေကြချိန် JeyKay ကတော့ သံပုရာသီးညစ်ထည့်ပြီး ခေါင်းမော့၍ မျက်ခံုးတန်းနက်နက်လေးတွန့်ချိုးကာ အထွဋ်အထိပ်ကိုရောက်သည့်ပမာ သာယာနေတက်သည်။
"တကယ်ရူးနေတာမဟုတ်လား..."
"တော်ပါကွာ feel ပျက်တယ်...ပါးစပ်လေးပိတ်နေစမ်း..."
"Fu*k JeyKay! ပြီးရင်ငွေရှင်းဖို့ပြင်ထား"
ဆဲရေးဆိုပြီး ငွေစကားပြောလာတဲ့သူငယ်ချင်းလေးကြောင့် မျက်ဝန်းပြာပြာတို့ဖျတ်ခနဲ ပွင့်လာခဲ့သည်။ စိတ်ဆိုးသွားပြန်ပြီ
"သူငယ်ချင်းအချင်းချင်းငွေစကားပြောနေတာလား ဘေဘီက"
စော်သေးသေးလေးတို့အား အီနေကြအသံကိုသံုး၍ ရိသဲ့သဲ့ဆိုလာသည့် JeyKay ကို တစ်ခြားသူတွေသာဆို မူးမေ့သတိလစ်သွားနိုင်သည်။
Leo မေးဖျားအားလက်ညိုးတစ်ချောင်းဖြင့် ဆွဲမော့စေတော့ ရှုံ့တွနေသောမျက်နှာဖြင့် မျက်စောင်းကြီးခဲလာသည်။
"Sh*t...အော်ကလီဆန်အောင်မလုပ်စမ်းနဲ့"
"ဟားးဟားး "
လက်ပုတ်ထုတ်ခံလိုက်ရခြင်းမှာ စိတ်ထဲမပါသောအရယ်ဖြင့် ခေါင်းမော့၍အသက်ဝင်စွာရယ်သွမ်းပြစ်နိုင်သည်အထိ သရုပ်ဆောင်စကေးတွေက သေလောက်တယ္။
ပြီးဆံုးသွားသော လက်မောင်းထက်မှနာရီအဝိုင်းအား တစ်ချက်ရှုိးလိုက်ပြီး ချွတ်ထားသည့် အဝါရောင်အပွင့်တို့ဖြင့်အင်္ကျီအား ကောက်လျိုကာ အောက်ဆံုးကြယ်သီးသံုးပဲတပ်ထားပြီး ကျယ်ပြန့်မို့မောက်သည့် ရင်အုပ်အားထင်းနေအော်ဖော်ပြထားလိုက်သည်။ လက်တိုဖြစ်သည့်အလျောက် ညာဘက်လက်မောင်းမှ တက်တူးတွေဟာအထင်းသား။ ဝါကျင့်ကျင့်မျက်မှန်တစ်လက်ဖြင့် ပင်လယ်ပြာမျက်ဝန်းတို့အား ဖံုးအံုးပစ်ကာ မှန်ထက်ပေါ်နေသောကိုယ့်ပံုရိပ်ကြောင့် ပါးချိုင့်တစ်ဖက်ခွက်ဝင်သည်အထိ ပြုံးပစ်လိုက်သည်။
JeyKay ဆိုတာ သန်မာတဲ့ယောက်ျားတစ်ယောက်ပဲဖြစ်ရမယ်။ ဘယ်ကောင့်ကိုမှ ခယမဲ့ကောင်မဟုတ်ဘူး...JeyKay ကိုသာ တောင်းတောင်းပန်ပန်အခစားဝင်ကြရမှာ...
"ကျစ်...မိုက်တယ် ကိုယ့်ဟာကိုယ်တောင်ပစ်ပစ်ကြွေတယ် "
"နားကဘာမှမဝတ်တော့ဘူးလား"
Leo ရဲ့အမေးမှာ မျက်ခံုးတန်းလေးပင့်သက်သွားသည်။ အမြဲလိုလို များပြားလှတဲ့နားပေါက်တွေထဲ ရှုပ်ရှပ်ခတ်စွာတပ်ဆင်ထားလေ့ရှိတဲ့ လူကဒီနေ့တော့ ထူးဆန်းစွာတပ်ဖို့စိတ်မပါခဲ့။
"မင်းသူငယ်ချင်း JeyKay က နားပေါက်ဟောင်းလောင်းနဲ့လည်း ချောတယ်"
"ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်မှန်း သိလိုက်ရပြီ...မင်းအိမ်မပြန်တော့ဘူးလား JeyKay...မင်းလူတွေဒေါပွနေမယ်"
"ကြည်နေတဲ့စိတ်လေးပျက်အောင် အိမ်ကဟာတွေကြောင်းမပြောစမ်းနဲ့...ဘဲစီသွားနေရင်ဖြစ်တယ် မင်းကငါ့ကိုခေါ်ထားရလို့ ညီးညူနေတာလား Leo "
မှန်ကြည့်မပျက်ပဲ အေးအေးလူလူဆိုလာတဲ့ ကောင်ကိုထဖြတ်ရိုက်ချင်မိတယ်။ ပြေးကြည့်မှ သူငယ်ချင်းဆိုလို့ သူရယ်ကိုယ်ရယ်ရှိတာကို ညီးညူရင် Leo ဆိုတဲ့ကောင်က ရုပ်လေးချောသလောက် အယုတ်တမာကောင်ကြီးဖြစ်နေမှာပေါ့။
"ညီးညူနေတာမဟုတ်ဘူး ခဏဖြစ်ဖြစ် ကဲကဲသဲသဲမင်းလူတွေကိုမျက်နှာသွားပြစေချင်တာ"
"ဆဲခံရအောင်လား..."
"တော်ပြီ...မပြချင်လည်းမင်းသဘော ဒါနဲ့အခုကဘယ်လဲ JeyKay"
"Club သွားမယ်...စော်အသစ်လေးနဲ့ခန္ဓာအလုပ်ပေးရမယ်"
အနှောင့်အသွားမလွတ်တဲ့ စကားတွေကြောင့် မှုန်ကုတ်သွားသော Leo တစ်ယောက် အတွေးတွေတစ်ဖက်စွန်းနေကြောင်း တန်းသိသည်။ ပြုံးရင်းခေါင်းခါကာ တံုးလွန်းတဲ့ သူငယ်ချင်းဂုတ်ပိုးအား ခပ်စပ်စပ်လေးဖြတ်ရိုက်ပစ်လိုက်သည်။
"အ့!...×ျီးမို့ရိုက်တာလား !"
"Dance..."
လက်နှစ်ဖက်အား အရှေ့့ပို့ကာ body wave ကပြလာသည့် JeyKay ကြောင့်မှင်သက်မိသွားသည်။ ဘာမဟုတ်တဲ့ စက္ကန့်အတွင်းစီးချက်ညီညီလှုပ်ရှားပြသွားတဲ့ ခန္ဓာအစိတ်အပိုင်းတွေက တကယ်ရူးသွပ်ဖို့ကောင်းပါသည်။ ဆရာခေါ်လောက်ပါပေတယ္။ အဲ့တာကြောင့် Club ကလူအတော်အများကဆိုကြတာ *JeyKay ကနေတဲ့အချိန် သွားမကြည့်မိစေနဲ့ ရူးသွားမယ်* တဲ့
"Club မှာသွားကမယ်ပြောတာ မင်းကအတွေးလွန်နေတာကို ငါမသိဘူးမထင်နဲ့ Leo"
"မင်းကလဲကွာ..."
"လိုက်ဦးမလား ပြဿနာလေးမီးထိုးရှာရအောင်"
"နိုးပါ...မင်းပြဿနာတက်ရင် ရှင်းပေမဲ့ ဘဲကြီးရောမင်းအိမ်ကဟာတွေရောရှိတယ်...ငါတစ်ယောက်တည်းအားငယ်တယ်ကွ"
"ရုပ်ကြမ်းကြီးနဲ့ အားငယ္နေလိုက်...မလိုက်ချင်နေဒိုးပြီ..."
"Bye Jey..."
ထူထည်လေးလံသော အနက်ရောင်ဖိနပ်ကြီးဖြင့် စတိုင်ကျစွာ ဆိုင်ပြင်ထွက်သွားသော ကျောပြင်အားကြည့်ပြီး ခေါင်းခါရင်းသက်ပြင်းချမိသည်။ 26 နှစ်ရှိပြီ လေလွင့်ကောင်းစဲ JeyKay ဟာလွင့်စဲမြူးစဲ...။
ချလွင် ချလွင်*
တံခါးမွာချိတ်ထားသည့်ခြူလံုးလေးတွေ မြည်တီးလာတော့ ဆိုင်ထဲမှ Consumer များအပါအဝင်သူကိုယ်တိုင်ပါ ဆိုင်ကိုလာသည့်ဧည့်သည်အမှတ် လှမ်းကြည့်မိသော ပြုံးစစဖွင့် ကိုယ်တစ်ခြမ်းသာဝင်ထားသည့် နှစ်ယောက်မရှိသည့် JeyKay ။
"မနှုတ်ဆတ်ခဲ့ရလို့...အဟမ်း အားလုံးပဲ bye..."
S1 S2 လုပ်ဖို့စဥ်းစားထားရာကနေ တစ်ပုဒ်ထဲပေါင်းရေးဖြစ်သွားတော့ အရှေ့ပိုင်းတွေက Sour Candy Vibe နဲ့ အခုစမဲ့ Sour Candy Vibe ကကွဲနေပါလိမ့်မယ်။ မင်းတို့အကြိုက်တွေဖြစ်လာမယ်မျှော်လင့်ပါတယ်။
JeyKay ကဘယ်သူလေးလဲ သိကြတယ်ဟုတ်
≧﹏≦
Thanks for your reading📖
Love you all❤
*******************
*Zawgyi*
Advertisement
" ဥက္ကဌကင်မ်...!"
"အွန်း"
"အဲ့လိုမဖြစ်ဘူး ဥက္ကဌ...CEOပတ်ခ် ကအကုန်စီစဉ်ပေးပြီးသွားပါပြီ နောက် 3 နာရီလောကျလယောဉျတကျရပါမယ်"
"သွားလိုက်ပါ...ဒီပရောဂျက်အတွက် CEOပတ်ခ် အများကြီးကြိုးစားအားထုတ်ထားတာ ဥက္ကဌအမြင်ပဲလေ သူငယ်ချင်းစိတ်ချမ်းသာအောင် ဥက္ကဌစိတ်အနားပေးတဲ့အနေနဲ့ အပန်းဖြေသွားသင့်ပါတယ် "
"မင်းသွားတော့ ! "
"ကောင်းပြီ..."
//////////////////////////
"မကြိုက်ရင် ပြတ်ပေးလိုက်ရံုပေါ့ ဘာခက်ခဲတာမှတ်လို့"
"လက်မြောက်တယ် bro "
"ဘယ်လည်း..."
တစ်ဆစ်ဆစ်နာနေတဲ့ခံစားချက်က တိမ်တွေပေါ်လွင့်နေတဲ့အတိုင်း...မူးယစ်ဆေးတွေထက် တက်တူးထိုးရတာကို ဆေးသုံးရတာထကျပိုစှဲလနျးနမေိတာ ထူးဆန်းနေမလား။
မျက်ဝန်းမှိတ်၍ တွန့်ချိုးထားသောခပ်ချောချောမျက်နှာအား အနည်းငယ်မော့စေပြီး အံ့ကိုခပ်တင်းတင်းကြိတ်ကာ တက်တူးထိုးခြင်းအပေါ် ယစ်မူးစွာခံစားနေသည့် JeyKay ချွေးစတစ်ချို့ဖြင့် သောကျရမျးမိမိုကျနပေုံက ဆိုင်တွင်းရှိလူအားလုံးနီးပါး အကြည့်မလွဲနိုင်လောက်အောင်ပင်။
"တကယ်ရူးနေတာမဟုတ်လား..."
စော်သေးသေးလေးတို့အား အီနကွေအသံကိုသုံး၍ ရိသဲ့သဲ့ဆိုလာသည့် JeyKay ကို တစ်ခြားသူတွေသာဆို မူးမေ့သတိလစ်သွားနိုင်သည်။
"ဟားးဟားး "
လက်ပုတ်ထုတ်ခံလိုက်ရခြင်းမှာ စိတ်ထဲမပါသောအရယ်ဖြင့် ခေါင်းမော့၍အသက်ဝင်စွာရယ်သွမ်းပြစ်နိုင်သည်အထိ သရုပ်ဆောင်စကေးတွေက သလေောကျတယ်။
Advertisement
- In Serial43 Chapters
Mystery of the Dungeon
After long years of research on Dungeons with all his colleagues, learning all they could about dungeons. Mavis Shin, his family and friends have reached a dead end in their research. Without being able to see the other side of the mysteries of the dungeon they research how to make their own dungeon. After succeeding after several failures Mavis himself is now a Dungeon. Now able to discover the mysteries of the dungeon, how will he grow as a dungeon. Will he be conquered or will he conquered. Watch as the only sane dungeon makes friends and foes on the road to discover his own secrets. PS. This story was inspired by Lair, OreDungeon, Danmachi and a few others. You will see some similarities when it comes to dungeon structure but i will try to keep it as original as possible
8 114 - In Serial11 Chapters
Falling from Earth
He won. He defeated Fate. He took his life into his own hands, the only way he knew how. He killed himself. ......................... He cheated. Fate cheated too. He didnt die. ----------------------------------------------------------------------------------------------------------------------------------------------- I'm a amateur writer. English is my first language. I appreciate it when people point out grammar issues. I also appreciate constructive critiques. I'm writing this mostly because I've read so many novels on here that i feel that I should give back to the community. Will be at least a chapter a week. Every Friday. I keep a buffer of 3 chapters, so if i get on a roll and write more chapters, there will be more updates. My chapters will be at least 3000 words, prologue excluded. I'm shooting for more like 6000 words a chapter, mostly because i never like how small the chapters are in most novels on here. Not enough MEAT. Oh and comments that touch my heart get me excited to write. Just figured that out.
8 137 - In Serial10 Chapters
The Legend of The Demon Prince
Kong Yue was born in a royal demon dynasty , had an abnormally high innate talent regarding elemental affinity. But was unable to cultivate all because he had a dantian which was already full to the brim with something. He was not able to absorb energy neither use the thing filling his dantian. Will he give up or continue tostruggle to become the strongest immortal ever?
8 65 - In Serial22 Chapters
Numba Cruncha
NumbaCruncha begins with a chilling peek into the near future, then takes a thousand year leap to Oasis, a future city-state in which the human aptitude for duplicitous and unjust social schemes has reached its logical culmination in a flesh-crawlingly evil dystopia ruled by the most unpleasant gang of conmen and women you're ever likely to encounter. A couple of young scientists who have recently invented a new means of transport, decide to do something about it, despite the tremendous odds. Meanwhile, out in the forest, the secret weapon designed by intelligent, decent men a thousand years previously, is patiently waiting.
8 75 - In Serial160 Chapters
Wandered off
All Roads lead to Rome, or so Danielle was told. She set out on Journey to find herself, to figure out what she wanted out of her life, and to do so, she decided to hike to Rome. Sadly, she seems to have taken a wrong turn on her Road and managed to wander off, into a world so unlike the one she had started out in. Luckily, she is not alone as she continues on her journey, now in a far different place, as she has with her a small, fire-breathing Lizard who someday will be a Dragon and there are countless others who might join her, on that journey of self-discovery. But how does one find the Road to Rome, when one is in Twinleaf-Town, in the Sinnoh-Region?! -Set in a World of Pokemon. -Cover-Image taken free-use from Pixabay.com
8 262 - In Serial16 Chapters
Her part ☽ Finn Wolfhard
The most beautiful part is, I wasn't even looking when I found you.
8 129