《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》253
Advertisement
၂၅၃။ ဒါကအမှန်မဟုတ်ဘူး
လင်းဝမ်ဝမ်နှင့် ချန်းဝမ်ရှုတို့သည် သူတို့ငါးယောက်ကို အမြန်ကြိုးဖြေနေရင်း သူတို့နောက်တွင် လင်းချင်းက ရပ်နေသည်ကို တွေ့လိုက်ရသည်။ လင်းဝမ်ဝမ်သည်
“လုမိန်းကလေး သူတို့ကို ဘယ်ကနေ ရှာတွေ့တာလဲ?”
ထိုအချိန်တွင်တော့ လင်းချင်းမှာ နယ်မြေထဲသို့ တစ်ခါတည်းဖြင့် ငါးယောက်လုံးကို တကယ်ခေါ်လာနိုင်သည်ကို အံ့သြနေသည်။
‘ဒါဆိုရင် အကုန်လုံးကို ကြိုးတစ်ချောင်းနဲ့တုပ်ဖို့ပဲ လိုတာလား? ဒါမှမဟုတ် အကုန်လုံးက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိနေသ၍လား? သူတို့အချင်းချင်းလက်တွဲထားရင်ရော အဆင်ပြေလောက်လား?’
လင်းဝမ်ဝမ်၏စကားကြားမှ လီကျန်းတို့သည် နောက်ကို ချက်ချင်းလှည့်ကြည့်ကြသည်။ ထိုအခါ သူတို့သည် ကတုံးမတစ်ယောက်က ပျောက်ကြားဝတ်စုံဖြင့် လက်ပိုက်ထားသည့် လက်တစ်ဖက်ပေါ်တွင် နောက်လက်တစ်ဖက်က မေးကိုထိထားရင်း သူတို့အား တောက်ပစွာကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုမျက်လုံးများကြောင့် သူတို့သည် ကြောက်ချွေးများ ပြန်လာကာ အနောက်သို့ သတိဖြင့် အလိုလို ခြေနှစ်လမ်း ဆုတ်လိုက်မိကြသည်။ သံသယဝင်စရာ မလိုအေင်ကို ထိုမျက်လုံးများသည် အဆင့်မြင့်ဇွန်ဘီတို့တွင်သာရှိသည့် မျက်လုံးများပင်။ သို့သော်လည်း သူတို့၏ ခြေလက်များက ကြိုးများသည် အကုန်မပြေသေးသဖြင့် သူတို့သည် အခုအချိန်တွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းလည်း လုံးဝကို မရှိကြပေ။
လင်းဝမ်ဝမ်၏ စကားများကြောင့် လင်းချင်းသည် အတွေးထဲနစ်နေရာမှ သတိပြန်ဝင်လာသည်။ လီကျန်းတို့ အပြုအမှုကြောင့် သူမသည် စိတ်အနှောင့်ယှက်ဖြစ်သွားကာ
“ငါ့ကိုဘာဖြစ်လို့ စိုက်ကြည့်နေကြတာလဲ? ငါနင့်တို့ကို အခုကယ်ပေးထားတာတောင် ငါ့ကိုသတ်ချင်သလို ကြည့်နေကြသေးတယ်။ ဒါမျိုးလိုမယ်လို့ ငါတော့မထင်ပါဘူး”
လီကျန်းတို့သည် သူမစကားပြောသည့်အခါ ပဟေဠိဖြစ်သွားသည်။ သူတို့မှားနေပြီလားတောင် သူတို့ထင်သွားကြသည်။ ဒီကတုံးမသည် ဇွန်ဘီမဖြစ်နိုင်။ မဟုတ်လျှင် စကားဘယ်ပြောနိုင်မည်နည်း? သို့သော်လည်း မျက်လုံးများကို ပြန်ကြည့်သည့်အခါ သံသယဝင်သွားပြန်သည်။
“လူလား?”
အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သည်နှင့်အညီ လီကျန်းသည် တည်ငြိမ်သွားသည်။ အမျိုးသမီးလင်းတို့ မိသားစုက သူမအား ကြောက်လန့်ခြင်း မရှိသဖြင့် သူသည် စိတ်အေးအေးထားကာ မေးလိုက်တာ ဖြစ်သည်။
လင်းချင်းက မဖြေရသေးခင် အမျိုးသမီးလင်းက ဖြေသည်။
“သူ့ကိုမေးတာလား? သူကလူမဟုတ်ဘူး. . .ဇွန်ဘီ”
အမျိုးသမီးလင်း၏ အဖြေကြောင့် သူတို့သည် လင်းချင်းကို မယုံနိုင်စွာ လှည့်ကြည့်ကြပြန်သည်။ သူတို့သည် ဘယ်သူ့ကို သံသယဝင်ရမလဲ မသိတော့ပေ။
“ခနလေး ဘာပြောလိုက်တာ?”
သူတို့မျက်နှာထားများကြောင့် လင်းဝမ်ဝမ်သည် ပြုံးကာ
“ဟုတ်တယ်။ ဒီကတုံးနဲ့ အမျိုးသမီးက လူမဟုတ်ဘူး။ သူက စကားပြောတက်တဲ့ ဇွန်ဘီဆိုတာ မြင်တဲ့အတိုင်းပဲ။ ဒါကအရမ်းမှော်မဆန်ဘူးလား?”
ချန်းဝမ်ရှုသည် လင်းရှောင်လုဘေးတွင် ရပ်နေသည်။ သူမသည် သူတို့အား ကြိုးဖြေရာတွင် ကူမပေးသော်လည်း ဝေ့ကျင်းချန်နှင့် ရှောင်ဝမ်ရှင်းတို့က ကူညီပေးနေသည်။ မကြာခင်တွင် သူတို့သည် ကြိုးအကုန်ပြေသွားသည်နှင့် လင်းချင်းနှင့် ဝေးရာသို့ လျှောက်သွားကြသည်။ လီကျန်းသည် ကျဉ်နေသည့် လက်များကို ပွတ်လိုက်ရင်း လင်းဝမ်ဝမ်အား ဇဝေဇဝါဖြင့်
“ဝမ်ဝမ် နင်ငါတို့ကို နောက်နေတာမလား?”
လင်းချင်းသည် လက်ပိုက်လိုက်ကာ သူတို့ကိုကြည့်ရင်း
“ဘာဖြစ်လို့? ငါ့ကိုမယုံဘူးလား? ဒါဆိုရင်လည်း ဘာဖြစ်လို့ သူနဲ့ဝေးရာကို ရောက်နေတာလဲ?”
အံ့သြနေဆဲဖြစ်သည့် ဖန်ယုမင်းသည် ရှောင်ဝမ်ရှင်းလက်ကို သွားဆဲကာ
“ရှောင်အကိုကြီး သူပြောတာက အမှန်ပဲလား?”
ရှောင်ဝမ်ရှင်းသည် စိတ်ထဲတွင် ရယ်နေမိသည်။ လီကျန်းတို့အဖွဲ့၏ အပြုအမှုသည် ဒီဇွန်ဘီနှင့်စတွေ့တုန်းက သူတို့ပုံစံနှင့် အတူတူပင်။ အခြားသူများသည် ဒီလိုနားမလည်ဘဲ အံ့သြနေသည်မှာ သူတို့လိုပဲ ဖြစ်သောကြောင့် ကျေနပ်သွားသည်။ သူသည် ရယ်ကာ
“ယုမင်း သူမျက်လုံးကိုကြည့်။ ဒါအတုမဟုတ်ဘူး။ ဘယ်စွမ်းအားရှင်လူသားမှာ ဒါမျိုးမျက်လုံး မရှိဘူး။ ဇွန်ဘီတွေသာ ဒီလိုရှိတာ”
ထိုအခါ ဖန်ယုမင်းသည် ပိုစိတ်ရှုပ်သွားကာ
“ဒါဆိုရင် ဇွန်ဘီနဲ့ အတူရှိနေကြတာလား? သူ. . .သူက ကျွန်တော်တို့ကို မစားဘူးမလား? စကားပြောတဲ့ဇွန်ဘီတဲ့လား? အမယ်လေး အတော်ကြောက်ဖို့ကောင်းတယ်”
ဒီလိုပြောနေရင်း ငိုတော့မည့် မျက်နှာဖြင့် ရှောင်ဝမ်ရှင်း၏နောက်သို့ ပြေးပုန်းလေရာ သူ့ပုခုံးကို ပုတ်ပေးရင်း ရှောင်ဝမ်ရှင်းက ပြုံးကာ
“ဘာကိုကြောက်နေတာလဲ? မင်းတို့ စိတ်မလှုပ်ရှားဖူးတာကျနေတာပဲ။ သူပြောသလိုပဲ မင်းတို့ကို သူကယ်ပေးလာတာလေကွာ”
အမျိုးသမီးလင်းက သူတို့ကို ရုတ်တရပ်ဝင်ပြောသည်။
“နင်တို့ဘာဖြစ်တာလဲ? ဘာဖြစ်လို့ ကြိုးတုပ်ခံထားရတာလဲ? ဒီကိုခေါ်မလာခင် ဘယ်ရောက်နေကြတာလဲ?”
လင်းချင်း၏ နယ်မြေသည် တချိန်လုံး အလင်းရှိနေလေရာ ညအချိန်ဖြစ်သည်တောင်မှ မစူးရှသည့် အလင်းကြောင့် သူတို့သည် သေချာမြင်နိုင်သည်။
အမျိုးသမီးလင်း၏စကားကြောင့် လီကျန်းသည် ဒီနေရာတွင် အလင်းက ဘယ်ကနေ ထွက်နေမှန်း မသိဖြစ်သွားသည်။
“အဒေါ် ဒီနေရာက ဘယ်မှာလဲ? ခုနက အကုန်လုံး မှောင်နေတာ ဒီမှာတော့ နေ့လိုမျိုးဖြစ်နေတာလား?”
သူပြောနေရင်း တွေးမိသွားကာ ချက်ချင်း မေးခွန်းမေးသည်။
“ဒါနယ်မြေမလား? နေရာလွတ်အစွမ်းရှိတဲ့သူရဲ့ နယ်မြေမလား?”
အမျိုးသမီးလင်းသည် ပြုံး၍ခေါင်းငြိမ့်ကာ
“ဟုတ်တယ်။ ဒါကသူ့နယ်မြေလေ”
အမျိုးသမီးလင်းက လင်းချင်းကို လက်ညိုးထိုးပြသည်။
အခြားသူများသည် အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
“ဒီလောက်ကြီးတဲ့ နယ်မြေကြီး”
Advertisement
လင်းချင်းသည် သူတို့ကို ပြုံးကြည့်ကာ
“ဘာလဲ? ငါ့ကိုအခုမကြောက်တော့ဘူးလား?”
လီကျန်းတို့သည် လင်းချင်းအပေါ်တွင် သတိထားနေသေးသည်။ သို့သော်လည်း မကြောက်ကြတော့ပေ။ လင်းမိသားစုက သူမနှင့်ရင်းနှီးဖော်ရွေနေသလို တည်ငြိမ်နေသောကြောင့် သူတို့လည်း စိတ်ငြိမ်သွားတာ ဖြစ်နိုင်သည်။
“ငါတို့မှာ ရန်ငြိုးမရှိသလို တိုက်ချင်စိတ်လည်း မရှိပါဘူး”
လဲ့ယောင်က ပြောသည်။
လင်းချင်းသည် ဒီငါးယောက်ကိုကြည့်ကာ ရင်းနှီးလာသလို ထပ်ခံစားရသည်။ ထို့ကြောင့် မနေနိုင်ဘဲ မေးတော့သည်။
“ငါတို့ တစ်နေရာရာမှာ တွေ့ဖူးလား? နင်တို့အနံ့တွေကို ရင်းနှီးနေသလိုပဲ”
သူမ၏စကားများကြောင့် လီကျန်းတို့သည် သူမကို ခွေးလားထင်သွားကြကာ ရှောင်ဝမ်ရှင်းနောက်တွင် ပုန်းနေသည့် ဖန်ယုမင်းက လင်းချင်းကို လှမ်းအော်ပြောသည်။
“ငါတို့ နင့်ကိုမသိဘူး။ တခြားသူတွေနဲ့ အနံ့ရောတာ နေမှာပါ”
သူသည် အခုသံသယကြီးနှင့် ဖြစ်နေသည်။ ဇွန်ဘီကို ကြည့်သည့်အခါ တကယ့်ဇွန်ဘီဖြစ်သည်။ ဇွန်ဘီက စကားပြောနိုင်သလို သန့်ရှင်းနေကာ သူတို့လိုပဲ အဝတ်များဝတ်သည်။ ထို့အပြင် သူတို့ကို ဇွန်ဘီက ကယ်ခဲ့သေးသည်။ ဒီဇွန်ဘီတွင် နယ်မြေကြီးလည်းရှိနေကာ တခြားသူများလည်း ဒီနေရာတွင် ရှိနေသေးသည်။ ထို့အတူ ဒီလူများက သူတို့ရှာနေသည့်သူများပင်။ သူအထင်မှားနေတာ ဖြစ်နိုင်သည်။ ဒါသည် ထင်ယောင်ထင်မှားသာ။
ဒီလိုအတွေးဖြင့် ဖန်ယုမင်းသည် မျက်လုံးကိုမှိတ်ကာ သူ့ဟာသူရေရွတ်သည်။
“ဒါကထင်ယောင်ထင်မှားဖြစ်နောတာ ငါမြင်ချင်တာတွေ ဖြစ်နေတာဖြစ်မယ် ဒါကတကယ်မဟုတ်ဘူး”
ရှောင်ဝမ်ရှင်းသည် သူ့ကိုကြည့်ရင်း ရယ်ချင်လာကာ
“မင်းရူးနေလား?”
ဖန်ယုမင်း၏ခေါင်းကို ရိုက်ချလိုက်ကာ
“မျက်လုံးဖွင့်ကြည့်။ ဒါကအမှန်ပဲ ဒါအစစ်ဟုတ်မဟုတ် မင်းသေချာသိဖို့ ငါမင်းကို ထိုးပေးရမလား?”
ဖန်ယုမင်းသည် ခေါင်းခါကာ ငြင်းသည်။
“မဟုတ်ဘူး မဟုတ်ဘူး ဒါအစစ်ဆိုတာယုံပြီ။ ယုံသွားပြီ”
သူသည် စွမ်းအားရှင်ဖြစ်သော်လည်း တိုက်ခိုက်နိုင်စွမ်းသိပ်မရှိသဖြင့် မကြာခနဆိုသလို ရှောင်ဝမ်ရှင်းထံမှ သူ့မှာနှိပ်ဆက်ခံရလေ့ရှိသည်။
“နင်တို့ပြီးပြီလား? ပြီးရင်ဟိုမှာသွားထိုင်ကြ”
လင်းချင်းသည် လင်းမိသားစုထိုင်ခဲ့သည့် ဆိုဖာကို ညွှန်ပြကာ ပြောသည်။
ထို့နောက် လင်းဝမ်ဝမ်အား
“ဝမ်ဝမ် ကန်ထဲကရေတိုက်လိုက်။ တစ်ယောက်စီအတွက် သုံးခွက်ဆိုတာက လုံလောက်ပြီဆိုတာ မှတ်ထား။ ပြီးတော့ ဒီကအစားအစာတွေက စိတ်ချရလို့ သူတို့စားဖို့တစ်ခုခုပေးလိုက်။ ငါအပြင်အခြေအနေကို သွားထွက်ကြည့်လိုက်ဦးမယ်”
“အင်း”
လင်းဝမ်ဝမ်သည် လင်းချင်းက သူမကို အရင်ကခေါ်နေကြအတိုင်း ခေါ်လိုက်သည်ကို သတိမထားမိဘဲ ခေါင်းငြိမ့်ပြသည်။
စကားပြောပြီးသည်နှင့် လင်းချင်းသည် နယ်မြေထဲက ထွက်သွားသည်။ လီကျန်းတို့အဖွဲ့ကတော့ လင်းမိသားစုနှင့် စကားဆက်ပြောကျန်ခဲ့သည်။ သူတို့ထဲက အချို့သည် အခုအထိ အိပ်မက်မက်နေသလားတောင် ထင်နေကြဆဲ ဖြစ်သည်။
Zawgyi Ver
၂၅၃။ ဒါကအမွန္မဟုတ္ဘူး
လင္းဝမ္ဝမ္ႏွင့္ ခ်န္းဝမ္ရႈတို႔သည္ သူတို႔ငါးေယာက္ကို အျမန္ႀကိဳးေျဖေနရင္း သူတို႔ေနာက္တြင္ လင္းခ်င္းက ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။ လင္းဝမ္ဝမ္သည္
“လုမိန္းကေလး သူတို႔ကို ဘယ္ကေန ရွာေတြ႕တာလဲ?”
ထိုအခ်ိန္တြင္ေတာ့ လင္းခ်င္းမွာ နယ္ေျမထဲသို႔ တစ္ခါတည္းျဖင့္ ငါးေယာက္လုံးကို တကယ္ေခၚလာနိုင္သည္ကို အံ့ၾသေနသည္။
‘ဒါဆိုရင္ အကုန္လုံးကို ႀကိဳးတစ္ေခ်ာင္းနဲ႕တုပ္ဖို႔ပဲ လိုတာလား? ဒါမွမဟုတ္ အကုန္လုံးက ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈရွိေနသ၍လား? သူတို႔အခ်င္းခ်င္းလက္တြဲထားရင္ေရာ အဆင္ေျပေလာက္လား?’
လင္းဝမ္ဝမ္၏စကားၾကားမွ လီက်န္းတို႔သည္ ေနာက္ကို ခ်က္ခ်င္းလွည့္ၾကည့္ၾကသည္။ ထိုအခါ သူတို႔သည္ ကတုံးမတစ္ေယာက္က ေပ်ာက္ၾကားဝတ္စုံျဖင့္ လက္ပိုက္ထားသည့္ လက္တစ္ဖက္ေပၚတြင္ ေနာက္လက္တစ္ဖက္က ေမးကိုထိထားရင္း သူတို႔အား ေတာက္ပစြာၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။
ထိုမ်က္လုံးမ်ားေၾကာင့္ သူတို႔သည္ ေၾကာက္ေခြၽးမ်ား ျပန္လာကာ အေနာက္သို႔ သတိျဖင့္ အလိုလို ေျခႏွစ္လမ္း ဆုတ္လိုက္မိၾကသည္။ သံသယဝင္စရာ မလိုေအင္ကို ထိုမ်က္လုံးမ်ားသည္ အဆင့္ျမင့္ဇြန္ဘီတို႔တြင္သာရွိသည့္ မ်က္လုံးမ်ားပင္။ သို႔ေသာ္လည္း သူတို႔၏ ေျခလက္မ်ားက ႀကိဳးမ်ားသည္ အကုန္မေျပေသးသျဖင့္ သူတို႔သည္ အခုအခ်ိန္တြင္ ျပန္လည္တိုက္ခိုက္နိုင္စြမ္းလည္း လုံးဝကို မရွိၾကေပ။
လင္းဝမ္ဝမ္၏ စကားမ်ားေၾကာင့္ လင္းခ်င္းသည္ အေတြးထဲနစ္ေနရာမွ သတိျပန္ဝင္လာသည္။ လီက်န္းတို႔ အျပဳအမႈေၾကာင့္ သူမသည္ စိတ္အေႏွာင့္ယွက္ျဖစ္သြားကာ
“ငါ့ကိုဘာျဖစ္လို႔ စိုက္ၾကည့္ေနၾကတာလဲ? ငါနင့္တို႔ကို အခုကယ္ေပးထားတာေတာင္ ငါ့ကိုသတ္ခ်င္သလို ၾကည့္ေနၾကေသးတယ္။ ဒါမ်ိဳးလိုမယ္လို႔ ငါေတာ့မထင္ပါဘူး”
လီက်န္းတို႔သည္ သူမစကားေျပာသည့္အခါ ပေဟဠိျဖစ္သြားသည္။ သူတို႔မွားေနၿပီလားေတာင္ သူတို႔ထင္သြားၾကသည္။ ဒီကတုံးမသည္ ဇြန္ဘီမျဖစ္နိုင္။ မဟုတ္လွ်င္ စကားဘယ္ေျပာနိုင္မည္နည္း? သို႔ေသာ္လည္း မ်က္လုံးမ်ားကို ျပန္ၾကည့္သည့္အခါ သံသယဝင္သြားျပန္သည္။
“လူလား?”
အဖြဲ႕ေခါင္းေဆာင္တစ္ေယာက္ျဖစ္သည္ႏွင့္အညီ လီက်န္းသည္ တည္ၿငိမ္သြားသည္။ အမ်ိဳးသမီးလင္းတို႔ မိသားစုက သူမအား ေၾကာက္လန့္ျခင္း မရွိသျဖင့္ သူသည္ စိတ္ေအးေအးထားကာ ေမးလိုက္တာ ျဖစ္သည္။
လင္းခ်င္းက မေျဖရေသးခင္ အမ်ိဳးသမီးလင္းက ေျဖသည္။
“သူ႕ကိုေမးတာလား? သူကလူမဟုတ္ဘူး. . .ဇြန္ဘီ”
အမ်ိဳးသမီးလင္း၏ အေျဖေၾကာင့္ သူတို႔သည္ လင္းခ်င္းကို မယုံနိုင္စြာ လွည့္ၾကည့္ၾကျပန္သည္။ သူတို႔သည္ ဘယ္သူ႕ကို သံသယဝင္ရမလဲ မသိေတာ့ေပ။
“ခနေလး ဘာေျပာလိုက္တာ?”
သူတို႔မ်က္ႏွာထားမ်ားေၾကာင့္ လင္းဝမ္ဝမ္သည္ ၿပဳံးကာ
“ဟုတ္တယ္။ ဒီကတုံးနဲ႕ အမ်ိဳးသမီးက လူမဟုတ္ဘူး။ သူက စကားေျပာတက္တဲ့ ဇြန္ဘီဆိုတာ ျမင္တဲ့အတိုင္းပဲ။ ဒါကအရမ္းေမွာ္မဆန္ဘူးလား?”
Advertisement
ခ်န္းဝမ္ရႈသည္ လင္းေရွာင္လုေဘးတြင္ ရပ္ေနသည္။ သူမသည္ သူတို႔အား ႀကိဳးေျဖရာတြင္ ကူမေပးေသာ္လည္း ေဝ့က်င္းခ်န္ႏွင့္ ေရွာင္ဝမ္ရွင္းတို႔က ကူညီေပးေနသည္။ မၾကာခင္တြင္ သူတို႔သည္ ႀကိဳးအကုန္ေျပသြားသည္ႏွင့္ လင္းခ်င္းႏွင့္ ေဝးရာသို႔ ေလွ်ာက္သြားၾကသည္။ လီက်န္းသည္ က်ဥ္ေနသည့္ လက္မ်ားကို ပြတ္လိုက္ရင္း လင္းဝမ္ဝမ္အား ဇေဝဇဝါျဖင့္
“ဝမ္ဝမ္ နင္ငါတို႔ကို ေနာက္ေနတာမလား?”
လင္းခ်င္းသည္ လက္ပိုက္လိုက္ကာ သူတို႔ကိုၾကည့္ရင္း
“ဘာျဖစ္လို႔? ငါ့ကိုမယုံဘူးလား? ဒါဆိုရင္လည္း ဘာျဖစ္လို႔ သူနဲ႕ေဝးရာကို ေရာက္ေနတာလဲ?”
အံ့ၾသေနဆဲျဖစ္သည့္ ဖန္ယုမင္းသည္ ေရွာင္ဝမ္ရွင္းလက္ကို သြားဆဲကာ
“ေရွာင္အကိုႀကီး သူေျပာတာက အမွန္ပဲလား?”
ေရွာင္ဝမ္ရွင္းသည္ စိတ္ထဲတြင္ ရယ္ေနမိသည္။ လီက်န္းတို႔အဖြဲ႕၏ အျပဳအမႈသည္ ဒီဇြန္ဘီႏွင့္စေတြ႕တုန္းက သူတို႔ပုံစံႏွင့္ အတူတူပင္။ အျခားသူမ်ားသည္ ဒီလိုနားမလည္ဘဲ အံ့ၾသေနသည္မွာ သူတို႔လိုပဲ ျဖစ္ေသာေၾကာင့္ ေက်နပ္သြားသည္။ သူသည္ ရယ္ကာ
“ယုမင္း သူမ်က္လုံးကိုၾကည့္။ ဒါအတုမဟုတ္ဘူး။ ဘယ္စြမ္းအားရွင္လူသားမွာ ဒါမ်ိဳးမ်က္လုံး မရွိဘူး။ ဇြန္ဘီေတြသာ ဒီလိုရွိတာ”
ထိုအခါ ဖန္ယုမင္းသည္ ပိုစိတ္ရႈပ္သြားကာ
“ဒါဆိုရင္ ဇြန္ဘီနဲ႕ အတူရွိေနၾကတာလား? သူ. . .သူက ကြၽန္ေတာ္တို႔ကို မစားဘူးမလား? စကားေျပာတဲ့ဇြန္ဘီတဲ့လား? အမယ္ေလး အေတာ္ေၾကာက္ဖို႔ေကာင္းတယ္”
ဒီလိုေျပာေနရင္း ငိုေတာ့မည့္ မ်က္ႏွာျဖင့္ ေရွာင္ဝမ္ရွင္း၏ေနာက္သို႔ ေျပးပုန္းေလရာ သူ႕ပုခုံးကို ပုတ္ေပးရင္း ေရွာင္ဝမ္ရွင္းက ၿပဳံးကာ
“ဘာကိုေၾကာက္ေနတာလဲ? မင္းတို႔ စိတ္မလႈပ္ရွားဖူးတာက်ေနတာပဲ။ သူေျပာသလိုပဲ မင္းတို႔ကို သူကယ္ေပးလာတာေလကြာ”
အမ်ိဳးသမီးလင္းက သူတို႔ကို ႐ုတ္တရပ္ဝင္ေျပာသည္။
“နင္တို႔ဘာျဖစ္တာလဲ? ဘာျဖစ္လို႔ ႀကိဳးတုပ္ခံထားရတာလဲ? ဒီကိုေခၚမလာခင္ ဘယ္ေရာက္ေနၾကတာလဲ?”
လင္းခ်င္း၏ နယ္ေျမသည္ တခ်ိန္လုံး အလင္းရွိေနေလရာ ညအခ်ိန္ျဖစ္သည္ေတာင္မွ မစူးရွသည့္ အလင္းေၾကာင့္ သူတို႔သည္ ေသခ်ာျမင္နိုင္သည္။
အမ်ိဳးသမီးလင္း၏စကားေၾကာင့္ လီက်န္းသည္ ဒီေနရာတြင္ အလင္းက ဘယ္ကေန ထြက္ေနမွန္း မသိျဖစ္သြားသည္။
“အေဒၚ ဒီေနရာက ဘယ္မွာလဲ? ခုနက အကုန္လုံး ေမွာင္ေနတာ ဒီမွာေတာ့ ေန႕လိုမ်ိဳးျဖစ္ေနတာလား?”
သူေျပာေနရင္း ေတြးမိသြားကာ ခ်က္ခ်င္း ေမးခြန္းေမးသည္။
“ဒါနယ္ေျမမလား? ေနရာလြတ္အစြမ္းရွိတဲ့သူရဲ႕ နယ္ေျမမလား?”
အမ်ိဳးသမီးလင္းသည္ ၿပဳံး၍ေခါင္းၿငိမ့္ကာ
“ဟုတ္တယ္။ ဒါကသူ႕နယ္ေျမေလ”
အမ်ိဳးသမီးလင္းက လင္းခ်င္းကို လက္ညိုးထိုးျပသည္။
အျခားသူမ်ားသည္ အံ့ၾသလြန္း၍ ပါးစပ္အေဟာင္းသား ျဖစ္ကုန္သည္။
“ဒီေလာက္ႀကီးတဲ့ နယ္ေျမႀကီး”
လင္းခ်င္းသည္ သူတို႔ကို ၿပဳံးၾကည့္ကာ
“ဘာလဲ? ငါ့ကိုအခုမေၾကာက္ေတာ့ဘူးလား?”
လီက်န္းတို႔သည္ လင္းခ်င္းအေပၚတြင္ သတိထားေနေသးသည္။ သို႔ေသာ္လည္း မေၾကာက္ၾကေတာ့ေပ။ လင္းမိသားစုက သူမႏွင့္ရင္းႏွီးေဖာ္ေ႐ြေနသလို တည္ၿငိမ္ေနေသာေၾကာင့္ သူတို႔လည္း စိတ္ၿငိမ္သြားတာ ျဖစ္နိုင္သည္။
“ငါတို႔မွာ ရန္ၿငိဳးမရွိသလို တိုက္ခ်င္စိတ္လည္း မရွိပါဘူး”
လဲ့ေယာင္က ေျပာသည္။
လင္းခ်င္းသည္ ဒီငါးေယာက္ကိုၾကည့္ကာ ရင္းႏွီးလာသလို ထပ္ခံစားရသည္။ ထို႔ေၾကာင့္ မေနနိုင္ဘဲ ေမးေတာ့သည္။
“ငါတို႔ တစ္ေနရာရာမွာ ေတြ႕ဖူးလား? နင္တို႔အနံ႕ေတြကို ရင္းႏွီးေနသလိုပဲ”
သူမ၏စကားမ်ားေၾကာင့္ လီက်န္းတို႔သည္ သူမကို ေခြးလားထင္သြားၾကကာ ေရွာင္ဝမ္ရွင္းေနာက္တြင္ ပုန္းေနသည့္ ဖန္ယုမင္းက လင္းခ်င္းကို လွမ္းေအာ္ေျပာသည္။
“ငါတို႔ နင့္ကိုမသိဘူး။ တျခားသူေတြနဲ႕ အနံ႕ေရာတာ ေနမွာပါ”
သူသည္ အခုသံသယႀကီးႏွင့္ ျဖစ္ေနသည္။ ဇြန္ဘီကို ၾကည့္သည့္အခါ တကယ့္ဇြန္ဘီျဖစ္သည္။ ဇြန္ဘီက စကားေျပာနိုင္သလို သန့္ရွင္းေနကာ သူတို႔လိုပဲ အဝတ္မ်ားဝတ္သည္။ ထို႔အျပင္ သူတို႔ကို ဇြန္ဘီက ကယ္ခဲ့ေသးသည္။ ဒီဇြန္ဘီတြင္ နယ္ေျမႀကီးလည္းရွိေနကာ တျခားသူမ်ားလည္း ဒီေနရာတြင္ ရွိေနေသးသည္။ ထို႔အတူ ဒီလူမ်ားက သူတို႔ရွာေနသည့္သူမ်ားပင္။ သူအထင္မွားေနတာ ျဖစ္နိုင္သည္။ ဒါသည္ ထင္ေယာင္ထင္မွားသာ။
ဒီလိုအေတြးျဖင့္ ဖန္ယုမင္းသည္ မ်က္လုံးကိုမွိတ္ကာ သူ႕ဟာသူေရ႐ြတ္သည္။
“ဒါကထင္ေယာင္ထင္မွားျဖစ္ေနာတာ ငါျမင္ခ်င္တာေတြ ျဖစ္ေနတာျဖစ္မယ္ ဒါကတကယ္မဟုတ္ဘူး”
ေရွာင္ဝမ္ရွင္းသည္ သူ႕ကိုၾကည့္ရင္း ရယ္ခ်င္လာကာ
“မင္း႐ူးေနလား?”
ဖန္ယုမင္း၏ေခါင္းကို ရိုက္ခ်လိဳက္ကာ
“မ်က္လုံးဖြင့္ၾကည့္။ ဒါကအမွန္ပဲ ဒါအစစ္ဟုတ္မဟုတ္ မင္းေသခ်ာသိဖို႔ ငါမင္းကို ထိုးေပးရမလား?”
ဖန္ယုမင္းသည္ ေခါင္းခါကာ ျငင္းသည္။
“မဟုတ္ဘူး မဟုတ္ဘူး ဒါအစစ္ဆိုတာယုံၿပီ။ ယုံသြားၿပီ”
သူသည္ စြမ္းအားရွင္ျဖစ္ေသာ္လည္း တိုက္ခိုက္နိုင္စြမ္းသိပ္မရွိသျဖင့္ မၾကာခနဆိုသလို ေရွာင္ဝမ္ရွင္းထံမွ သူ႕မွာႏွိပ္ဆက္ခံရေလ့ရွိသည္။
“နင္တို႔ၿပီးၿပီလား? ၿပီးရင္ဟိုမွာသြားထိုင္ၾက”
လင္းခ်င္းသည္ လင္းမိသားစုထိုင္ခဲ့သည့္ ဆိုဖာကို ၫႊန္ျပကာ ေျပာသည္။
ထို႔ေနာက္ လင္းဝမ္ဝမ္အား
“ဝမ္ဝမ္ ကန္ထဲကေရတိုက္လိုက္။ တစ္ေယာက္စီအတြက္ သုံးခြက္ဆိုတာက လုံေလာက္ၿပီဆိုတာ မွတ္ထား။ ၿပီးေတာ့ ဒီကအစားအစာေတြက စိတ္ခ်ရလို႔ သူတို႔စားဖို႔တစ္ခုခုေပးလိုက္။ ငါအျပင္အေျခအေနကို သြားထြက္ၾကည့္လိုက္ဦးမယ္”
“အင္း”
လင္းဝမ္ဝမ္သည္ လင္းခ်င္းက သူမကို အရင္ကေခၚေနၾကအတိုင္း ေခၚလိုက္သည္ကို သတိမထားမိဘဲ ေခါင္းၿငိမ့္ျပသည္။
စကားေျပာၿပီးသည္ႏွင့္ လင္းခ်င္းသည္ နယ္ေျမထဲက ထြက္သြားသည္။ လီက်န္းတို႔အဖြဲ႕ကေတာ့ လင္းမိသားစုႏွင့္ စကားဆက္ေျပာက်န္ခဲ့သည္။ သူတို႔ထဲက အခ်ိဳ႕သည္ အခုအထိ အိပ္မက္မက္ေနသလားေတာင္ ထင္ေနၾကဆဲ ျဖစ္သည္။
Advertisement
- In Serial12 Chapters
The Men Who Chased A Dragon
A small dragon, orphaned at birth, has run since birth too, and all he seeks is a way to stop running. If he does find his a way to stop running, will he be overwhelmed with his instincts? Or stay with those who slowed him down.
8 173 - In Serial126 Chapters
Unknown Past
Everyone who could sing in one of the nine tones was born with a special power. Everyone who wasn't Oren Tsurai, that is. Unable to use song magic, with his memories missing, and trapped in a full-body cloak that cannot be removed- Oren knows nothing of who he was. At least his life was peaceful, with a loving family and a few troubles. Nothing lasts forever, however, and the place of the very few memories Oren has is soon taken away from him in the name of an unknown revolution. Yearning for revenge, but also filled with a desire to learn who he is, Oren wants to learn who he really is. Ignorant of how the world works, he finds himself struggling with lies, corruption, and betrayal.
8 235 - In Serial9 Chapters
Systrem Amusments
For as long as history has been recorded, the scrolls have held power over all life on the continent. When a blight was forthcoming, the scrolls foretold it. When dangerous beasts reared their faces in civilised society, the scrolls chose the bravest and brightest to defend our way of life. It is only fair, then, that the scrolls would guide our brave adventurers through every step they should take upon \The Path/. Take heart, you intrepid four, for your scroll within your grasp connects you to the will of the world itself. Follow where it leads, and you will find your path to greatness. -Prefect Chelbun; The Initiated's Guide to Adventure Solomon always took the words of his scroll to heart. Where the scroll led, he would have his team follow. Any doubts his team may have were always dashed away by the words scrawled upon that ethereal parchment. Were that ever to fail, swift dicipline would bring his team in line. When the scroll told him to take his first retirement early, he was more than willing to return home and spend the next five years in comfort. It's such a shame, then, that Solomon's team had other plans for him. Clive was never was a fan of the rules, but he still played his part. Despite this, every moment was spent seeing how far he could strech things before he was broken back into line. Now that he was 'retired', however, he had much more room to stretch himself. Now he's got a plan, one that might just make the rules bend his way, for once. Meanwhile, some intrepid new adventurers are ready to make a name for themselves. Fresh off their initiation, they've already received their first quest, their first tale to tell around the hearth. Chances are good, however, that this story is beyond anything they were expecting. On a journey through uncharted territory, laberinthine cities, and conspiracies older than time itself, only one thing is certain. Whatever comes their way, it's sure to be an amusing tale. [Participant in the Royal Road writathon challenge]
8 137 - In Serial16 Chapters
String//Nagito Komeada
soulmate au: when you turn 18, you are attached to your soulmate by a string.
8 107 - In Serial33 Chapters
The Kinship Blade (Book One | The Founders Series)
When Soph is saved from a near-collision with a truck by a vampire she seeks him out to thank him, only to discover that her saviour is a Possessive; a powerful breed of vampire who can manipulate emotions to collect humans.Despite her instincts telling her to stay away, she finds herself drawn to Eli and with that, she finds herself the attention of a black witch coven who think Soph could be their in to the vampire world and the secret powers Eli possesses.Soph is drawn into an ancient war between the Founders and must fight to survive, or risk sacrificing her own life, as well as Eli's, to them.*Previously called 'The Possessive'*
8 192 - In Serial9 Chapters
The Hufflepuff Child
It's eleven year old Charissa Malfoy's first year at Hogwarts. But what happens when the Pureblood girl gets Sorted into Hufflepuff? Note: This will be a short(ish) story which will lead into a much longer series.
8 286

