《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》256
Advertisement
၂၅၆။ ငါရှုံးသွားတယ်
လင်းချင်းသည် ယန်ကျင်းဟွာ၏ မျက်နှာအမှုအယာမှ အတွေးများကို ခန့်မှန်းနိုင်သည်။ ထို့အပြင် အခုအချိန်တွင် သူတို့ကအတော်နီးကပ်နေသဖြင့် သူ့စိတ်ပိုင်းဆိုင်ရာအချို့ကို သူမခန့်မှန်းနိုင်သည်။ ထို့ကြောင့် သူမ၏စကားများကို လုံးဝယုံသွားပြီ ဖြစ်ကြောင်းကို သိလိုက်သည်။
“နှစ်ရက်က မကြာဘူးမလား? ဒါဆိုရင် ‘ကြာတယ်’ဆိုတာက နင့်အတွက် ဘယ်လိုတိုင်းလဲ? နင့်ကြည့်ရတာ လူကောင်းနဲ့ကို မတူဘူး။ ငါ့သားကောင်တွေက နင့်ရန်သူတွေလား?”
သူမပြောသည်။ သူမသည် စကားပြောရင်း သူတို့လူစုနားသို့ လျှောက်သွားကာ ခေါင်းကိုမော့၍ စားချင်နေသလိုမျိုး အနံ့ခံကြည့်လိုက်သည်။ ရှင်နေသည့်လူသားအနံ့က သူမအတွက် တကယ်ကောင်းတာလည်း ဖြစ်ပါသည်။
လင်းချင်း၏ မျက်နှာထက်က အမှုအယာကြောင့် ယန်ကျင်းဟွာတို့သည် ဘာအဓိပ္ပါယ်လဲ ဆိုသည်ကို နားလည်သွားသည်။ သူတို့ကို အစာလို မြင်နေတာ ဖြစ်သည်။ သို့သော်လည်း ဘယ်သူကမှ လင်းချင်းထုတ်လိုက်သည့် မြူခိုးနက်ငွေ့များသည် သူမအား ခုနက သေနတ်ဖြင့် ပစ်လိုက်သည့် စစ်သားရဲ့ နားထဲသို့ ရောက်သွားသည်ကို မမြင်လိုက်ကြပေ။ ထိုစစ်သားသည် တောင့်ခဲသွားပြီးနောက် သူငယ်အိမ်က ကျယ်လာကာ မျက်လုံးများ မှိန်ကျသွားသည်။
ဒုန်း
လူတို့သည် အသံကြား၍ လှည့်ကြည့်သည့်အခါ ကြမ်းပြင်ပေါ်တွင် အလောင်းတစ်ခုက လဲကျနေသည်။ သူ့ခေါင်းသည် မရှိတော့ကာ ကိုယ်သည်လည်း ဖြည်းဖြည်းချင်းပျောက်နေသည်။ လူတို့သည် လင်းချင်းအား သတိထား၍ လှည့်ကြည့်ကြသည်။ သေသွားသည့် စစ်သားကို လင်းချင်းကို သေနတ်ဖြင့် ပစ်သည့်သူမှန်း သူတို့သိကြသည်။
လင်းချင်းသည် ခေါင်းငြိမ့်ကာ ပေါ့ပေါ့ပါးပါး
“ဟုတ်တယ်။ ဒါကငါ့ကိုခုနက လာတိုက်တဲ့ကောင်။ ငါ့ကိုလာတိုက်ရဲတဲ့သူတွေအတွက်က သေချာပေါက်ကို အစားခံရမှာပဲ”
ဒီလိုပြောရင်းဖြင့် သူမသည် လူစု၏ မျက်လုံးများကို လိုက်စိုက်ကြည့်သည်။ ထင်သလိုပင် သူတို့သည် ချက်ချင်းကို ခေါင်းများငုံ့သွားကာ လင်းချင်းနှင့် အကြည့်ချင်း မဆုံရဲကြတော့ဘဲ လင်းချင်းမျက်လုံးထဲတွင် မြင်သွားမည်ကိုကြောက်၍ နောက်သို့စိုးရိမ်စွာ ဆုတ်ကြသည်။
ထို့နောက် လင်းချင်းသည် ယန်ကျင်းဟွာ၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ငါမေးနေတာကို နင်မဖြေရသေးဘူး။ နင်နဲ့စကားပြောဖို့ ငါကအားနေတယ်များ ထင်နေလား?”
စိုက်ကြည့်ခံရသည့် ယန်ကျင်းဟွာသည် ချက်ချင်းဆိုသလို ကျောချမ်းသွားကာ အသိပြန်ဝင်လာ၍ ဖြေသည်။
“အာ ရန်သူတော့ မဟုတ်ပါဘူး။ သူတို့က ဒီတိုင်း စခန်းကို သစ္စာဖောက်ပြီး ထွက်ပြေးသွားတဲ့သူတွေ။ စခန်းရဲ့ လျို့ဝှက်ချက်တွေ မပေါက်ကြားဖို့အရေး ငါကသူတို့ကို စခန်းကို ပြန်ခေါ်ရင်ခေါ် မဟုတ်ရင် သတ်ပစ်ရဖို့”
လင်းချင်းသည် သူ့ကိုနှာခေါင်းရှုံ့လိုက်ကာ
“အဲ့ဒီမှာ ဘာဖြစ်သလဲဆိုတာကို ငါမသိဘူးများ နင်ထင်နေလား? ဒီလူတွေက တောင်ဘက်က ဟေးဒီးစခန်းကနေ ပြေးလာကြတာ။ အများစုက လမ်းမှာ ဒဏ်ရာရလာတာနဲ့ သေကုန်တာနဲ့။ ဟေးဒီးစခန်းက တခြားစခန်းဆီက အတိုက်ခံရတယ်ဆိုတာကို ငါသိပြီးသား။ အခုတော့ စခန်းက ပျက်ရင်ပျက် မပျက်ရင် ပိုင်ရှင်အသစ်အောက် ရောက်ရင်ရောက်ဆိုတာကို ငါခန့်မှန်းလို့ရတယ်”
လင်းချင်း၏ စကားများကြောင့် ယန်ကျင်းဟွာသည် နဖူးတွင် ချွေးများပျံ့လာသည်။ သူသည်ပြုံး၍
“နင်က ဒါမျိုးတွေကို စိတ်ဝင်တစားရှိမယ်လို့ ငါမသိခဲ့ဘူး။ ဟုတ်တယ် သူတို့က ဟေးဒီးစခန်းပဲ”
“သူတို့က ထွက်ပြေးလာတာ ဘာအရေးလဲ”
လင်းချင်းက ပြောသည်။
“သူတို့က စစ်ရှုံးသွားတဲ့သူတွေလောက်ပါပဲ။ နင်တို့ အခုသွားလို့ရပြီ။ ငါနင့်တို့ကို ပို့ပေးဖို့ လိုသေးလား?”
သူမသည် စကားဆုံးသည်နှင့် တံခါးကို တစ်ချက်ကြည့်ကာ လက်ချောင်းလေးများကို လှုပ်လိုက်သည်။ ထိုအခါ အနက်ရောင်မြူခိုးများသည် ယန်ကျင်းဟွာ၏ သစ္စာရှိစစ်သားများထံသို့ ရောက်သွားတော့သည်။
“အား”
စစ်သားအချို့သည် လင်းချင်းလွှတ်လိုက်သည် မြူခိုးများကို မြင်လိုက်ကြသည်။ သို့သော်လည်း သူတို့ဘာမှ မလုပ်နိုင်သေးခင် မြူခိုးများသည် သူတို့မျက်စိရှေ့မှ ပျောက်သွားကာ နားနှင့်ခေါင်းများက အသေနာကျင်လာခြင်းကို ခံစားရသည်။
သိပ်မကြာခင်တွင် သူတို့သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ဘာအသံမှကို မထွက်နိုင်တော့ပေ။ စစ်သားများ လဲကျသွားသည်ကို ကြည့်ပြီးနောက် ကျန်သည့်သူများသည် ပထမဆုံးအသတ်ခံရသူကို သတိရလို့ ပြန်ကြည့်ကြသည့်အခါ ထိုသူမှာ တစ်ကိုယ်လုံးမရှိတော့ဘဲ ခြေထောက်သာ ကျန်တော့သည်။
“ကောင်းပြီ။ ငါတို့အခုထွက်သွားမယ်”
ယန်ကျင်းဟွာသည် တံခါးမှနေ အရင်ဆုံးထွက်သွားသည်။
အခြားသူများသည် သူ့အနောက်ကနေ လိုက်သွားကြသည်။ လင်းချင်းကတော့ ဖြည်းဖြည်းချင်း ပျောက်နေသည့် အလောင်းများကြားတွင် ရပ်ကျန်နေခဲ့သည်။ ယန်ကျင်းဟွာတို့ အကုန်ထွက်သွားမှ လင်းချင်းသည် သက်ပြင်းကို ရဲရဲကြီး ချနိုင်တော့သည်။
‘ငါတကယ်ဟိတ်ဟန်ကောင်းကောင်းနဲ့ လုပ်သွားနိုင်တာပဲ’
သူမတွေးနေမိသည်။ သူမသည် ယန်ကျင်းဟွာထံမှ အသုံးဝင်မည့်သတင်းနှိုက်ဖို့ လုပ်ခဲ့သော်လည်း ထိုကလိမ်ကကျစ်ကောင်သည် သူမကို အသိမခံသွားပေ။ ယန်ကျင်းဟွာနှင့်သာ တိုက်ခိုက်ရပါက သူ့၏သန်မာသည့် ရေခဲများကြောင့် လင်းချင်းသည် ခက်ခဲမည်ကို နားလည်သည်။
စိတ်သိပ်မကျေနပ်စွာဖြင့် လင်းချင်းသည် ရေခဲအပိုင်းများကို သူမ၏မြူခိုးနက်များဖြင့် ရစ်ပတ်လိုက်သည်။ မြူခိုးများသည် ရေခဲများပေါ်တွင် ခနနေပြီးနောက် ရေခဲတို့က ပျော်လာသည်။ ထိုအချိန်တွင် ရုတ်တရပ် သူမ၏အနောက်မှ အေးစက်မှုတစ်ခုကို သိသိသာသာ ခံစားလိုက်ရသည်။
ထို့ကြောင့် ချက်ချင်းနံရံကို အမြန်ကျောပေးလိုက်ကာ နံရံကို ခြေထောက်ဖြင့် နောက်ပြန်ကန်လိုက်၍ ဧည့်ခန်းထဲမှ ပြတင်းပေါက်နောက်က လက်တန်းပေါ်သို့ ခုန်တက်လိုက်သည်။ သူမလှည့်ကြည့်သည့်အခါ ယန်ကျင်းဟွာတို့ ထွက်သွားသည့် တံခါးတွင် ရေခဲလွှာပါးပါးတစ်ခုရှိနေပြီး ထိုရေခဲလွှာမှ ရေခဲများ ထွက်နေသည်။
Advertisement
“နင်ငါ့ကို လိမ်ရတော့မလို့ပဲ နင်ကဇွန်ဘီမှ မဟုတ်တာ”
ယန်ကျင်းဟွာ၏ အေးစက်သည့်အသံက တံခါးမှထွက်လာသည်။ ထိုအသံနောက်တွင် တံခါးမှနေ သူဝင်လာသည်။ သူ့၏ဆွဲဆောင်မှုရှိသည့် မျက်လုံးများသည် ပြတင်းပေါက် လက်တန်းပေါ်က လင်းချင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
လင်းချင်းသည် လှောင်ရယ်လိုက်ကာ
“ဟုတ်တယ်။ ငါရှုံးသွားတယ်”
သူမသည် လက်တန်းပေါ်ကနေ ခုန်ချလိုက်ကာ ယန်ကျင်းဟွာကိုကြည့်ပြီး
“နင်ငါ့ကိုသိနေတာတောင် ယုံချင်ယောင်ဆောင်သေးတာပဲ။ ကြည့်ရတာ နင်အတော်အားယားနေပုံပဲနော်”
ယန်ကျင်းဟွာသည် ခပ်ဖွဖွပြုံးကာ
“နင့်ရည်ရွယ်ချက်ကို ငါသိချင်ရုံတင်။ မမျှော်လင့်တာက နင်ကငါ့ကိုထွက်သွားစေချင်ရုံတင်ပဲ။ ဇွန်ဘီအစစ်သာဆိုရင် ငါတို့ကို ဒီလိုဘယ်လွှတ်ပေးမှာလဲ?”
ယန်ကျင်းဟွာသည် ပြောပြီးနောက် သူ့လက်ကို လှုပ်လိုက်သည်။
ရေခဲဓားများသည် လင်းချင်းထံသို့ ပြေးဝင်လာသည်။ လင်းချင်းသည် ပြတင်းပေါက်မှ ခုန်ချကာ ပြတင်းပေါက်ဘောင်ပေါ်ကနေ အမိုးပေါ်ကို တွယ်တက်သွားသည်။ ရေခဲဓားများသည် ပြတင်းပေါက်ကို မှန်ကုန်ကာ အချို့က ပြတင်းပေါက်ကိုကျော်၍ အောက်သို့ ကျသွားသည်။
ယန်ကျင်းဟွာသည်လည်း ပြတင်းပေါက်ကနေ ခုန်ချလာသည်။ သူလက်ကို လှုပ်ယမ်းလိုက်သည့်အခါ ရေခဲလှေကားတစ်စင်းဖြစ်လာကာ ပြတင်းပေါက်ကနေ အမိုးထိသို့ ဆက်သွယ်ပေးထားသည်။
အမိုးပေါ်တွင် မှောင်မဲနေသည်။ လင်းချင်းသည် ထောင့်တစ်ခုတွင် ရပ်နေကာ ယန်ကျင်းဟွာအား
“နင်က ထွက်သွားဖို့က ငြင်းနေမှတော့ နောင်တမရနဲ့တော့”
ယန်ကျင်းဟွာ၏ ရေခဲများက ကြမ်းပြင်ပေါ်တွင် ပျံ့နှံ့လာကာ လင်းချင်းခြေထောက်နားသို့ ရောက်လာသည်။ လင်းချင်းသည် ခုန်လိုက်ကာ ပျောက်သွားသည်။ ထို့နောက် အမိုးတစ်ခုလုံးသည် ယန်ကျင်းဟွာကြောင့် ခဲသွားတော့သည်။ လင်းချင်းသာ မခုန်လိုက်ပါက သူမသည်လည်း ခဲသွားမှာ ဖြစ်သည်။
လင်းချင်းပျောက်သွားသည်နှင့် ယန်ကျင်းဟွာသည် အမိုးစွန်းကနေ ပတ်ရှာသည်။ ထို့နောက် မျက်လုံးမှိတ်ကာ သူမ၏အရှိန်အဝါကို အာရုံခံကြည့်သော်လည်း မတွေ့ပေ။ မျက်လုံးပြန်ဖွင့်ပြီးနောက် သူသည်ဘေးသို့ ချက်ချင်းရှောင်ကာ သူရပ်ခဲ့သည့်နေရာသို့ ရေခဲမှုံများကို ပစ်လွှတ်လိုက်သည်။ ထိုနေရာတါင် ခပ်ဝါးဝါးသဏ္ဍာန်တစ်ခု ပေါ်လာကာ မြူခိုးနက်တိမ်တိုက်ကြီးတစ်ခုက လေထဲတွင် ရေခဲများကြောင့် ခဲသွားသည်။ ထို့နောက် မြူခိုးနက်များကို ခဲထားသည့် ရေခဲသည် ကြမ်းပြင်ပေါ်သို့ ကွဲကျလာသည်။
Zawgyi Ver
၂၅၆။ ငါရႈံးသြားတယ္
လင္းခ်င္းသည္ ယန္က်င္းဟြာ၏ မ်က္ႏွာအမႈအယာမွ အေတြးမ်ားကို ခန့္မွန္းနိုင္သည္။ ထို႔အျပင္ အခုအခ်ိန္တြင္ သူတို႔ကအေတာ္နီးကပ္ေနသျဖင့္ သူ႕စိတ္ပိုင္းဆိုင္ရာအခ်ိဳ႕ကို သူမခန့္မွန္းနိုင္သည္။ ထို႔ေၾကာင့္ သူမ၏စကားမ်ားကို လုံးဝယုံသြားၿပီ ျဖစ္ေၾကာင္းကို သိလိုက္သည္။
“ႏွစ္ရက္က မၾကာဘူးမလား? ဒါဆိုရင္ ‘ၾကာတယ္’ဆိုတာက နင့္အတြက္ ဘယ္လိုတိုင္းလဲ? နင့္ၾကည့္ရတာ လူေကာင္းနဲ႕ကို မတူဘူး။ ငါ့သားေကာင္ေတြက နင့္ရန္သူေတြလား?”
သူမေျပာသည္။ သူမသည္ စကားေျပာရင္း သူတို႔လူစုနားသို႔ ေလွ်ာက္သြားကာ ေခါင္းကိုေမာ့၍ စားခ်င္ေနသလိုမ်ိဳး အနံ႕ခံၾကည့္လိုက္သည္။ ရွင္ေနသည့္လူသားအနံ႕က သူမအတြက္ တကယ္ေကာင္းတာလည္း ျဖစ္ပါသည္။
လင္းခ်င္း၏ မ်က္ႏွာထက္က အမႈအယာေၾကာင့္ ယန္က်င္းဟြာတို႔သည္ ဘာအဓိပၸါယ္လဲ ဆိုသည္ကို နားလည္သြားသည္။ သူတို႔ကို အစာလို ျမင္ေနတာ ျဖစ္သည္။ သို႔ေသာ္လည္း ဘယ္သူကမွ လင္းခ်င္းထုတ္လိုက္သည့္ ျမဴခိုးနက္ေငြ႕မ်ားသည္ သူမအား ခုနက ေသနတ္ျဖင့္ ပစ္လိုက္သည့္ စစ္သားရဲ႕ နားထဲသို႔ ေရာက္သြားသည္ကို မျမင္လိုက္ၾကေပ။ ထိုစစ္သားသည္ ေတာင့္ခဲသြားၿပီးေနာက္ သူငယ္အိမ္က က်ယ္လာကာ မ်က္လုံးမ်ား မွိန္က်သြားသည္။
ဒုန္း
လူတို႔သည္ အသံၾကား၍ လွည့္ၾကည့္သည့္အခါ ၾကမ္းျပင္ေပၚတြင္ အေလာင္းတစ္ခုက လဲက်ေနသည္။ သူ႕ေခါင္းသည္ မရွိေတာ့ကာ ကိုယ္သည္လည္း ျဖည္းျဖည္းခ်င္းေပ်ာက္ေနသည္။ လူတို႔သည္ လင္းခ်င္းအား သတိထား၍ လွည့္ၾကည့္ၾကသည္။ ေသသြားသည့္ စစ္သားကို လင္းခ်င္းကို ေသနတ္ျဖင့္ ပစ္သည့္သူမွန္း သူတို႔သိၾကသည္။
လင္းခ်င္းသည္ ေခါင္းၿငိမ့္ကာ ေပါ့ေပါ့ပါးပါး
“ဟုတ္တယ္။ ဒါကငါ့ကိုခုနက လာတိုက္တဲ့ေကာင္။ ငါ့ကိုလာတိုက္ရဲတဲ့သူေတြအတြက္က ေသခ်ာေပါက္ကို အစားခံရမွာပဲ”
ဒီလိုေျပာရင္းျဖင့္ သူမသည္ လူစု၏ မ်က္လုံးမ်ားကို လိုက္စိုက္ၾကည့္သည္။ ထင္သလိုပင္ သူတို႔သည္ ခ်က္ခ်င္းကို ေခါင္းမ်ားငုံ႕သြားကာ လင္းခ်င္းႏွင့္ အၾကည့္ခ်င္း မဆုံရဲၾကေတာ့ဘဲ လင္းခ်င္းမ်က္လုံးထဲတြင္ ျမင္သြားမည္ကိုေၾကာက္၍ ေနာက္သို႔စိုးရိမ္စြာ ဆုတ္ၾကသည္။
ထို႔ေနာက္ လင္းခ်င္းသည္ ယန္က်င္းဟြာ၏ မ်က္လုံးမ်ားကို စိုက္ၾကည့္ကာ
“ငါေမးေနတာကို နင္မေျဖရေသးဘူး။ နင္နဲ႕စကားေျပာဖို႔ ငါကအားေနတယ္မ်ား ထင္ေနလား?”
စိုက္ၾကည့္ခံရသည့္ ယန္က်င္းဟြာသည္ ခ်က္ခ်င္းဆိုသလို ေက်ာခ်မ္းသြားကာ အသိျပန္ဝင္လာ၍ ေျဖသည္။
“အာ ရန္သူေတာ့ မဟုတ္ပါဘူး။ သူတို႔က ဒီတိုင္း စခန္းကို သစၥာေဖာက္ၿပီး ထြက္ေျပးသြားတဲ့သူေတြ။ စခန္းရဲ႕ လ်ိဳ႕ဝွက္ခ်က္ေတြ မေပါက္ၾကားဖို႔အေရး ငါကသူတို႔ကို စခန္းကို ျပန္ေခၚရင္ေခၚ မဟုတ္ရင္ သတ္ပစ္ရဖို႔”
လင္းခ်င္းသည္ သူ႕ကိုႏွာေခါင္းရႈံ႕လိုက္ကာ
“အဲ့ဒီမွာ ဘာျဖစ္သလဲဆိုတာကို ငါမသိဘူးမ်ား နင္ထင္ေနလား? ဒီလူေတြက ေတာင္ဘက္က ေဟးဒီးစခန္းကေန ေျပးလာၾကတာ။ အမ်ားစုက လမ္းမွာ ဒဏ္ရာရလာတာနဲ႕ ေသကုန္တာနဲ႕။ ေဟးဒီးစခန္းက တျခားစခန္းဆီက အတိုက္ခံရတယ္ဆိုတာကို ငါသိၿပီးသား။ အခုေတာ့ စခန္းက ပ်က္ရင္ပ်က္ မပ်က္ရင္ ပိုင္ရွင္အသစ္ေအာက္ ေရာက္ရင္ေရာက္ဆိုတာကို ငါခန့္မွန္းလို႔ရတယ္”
လင္းခ်င္း၏ စကားမ်ားေၾကာင့္ ယန္က်င္းဟြာသည္ နဖူးတြင္ ေခြၽးမ်ားပ်ံ့လာသည္။ သူသည္ၿပဳံး၍
Advertisement
“နင္က ဒါမ်ိဳးေတြကို စိတ္ဝင္တစားရွိမယ္လို႔ ငါမသိခဲ့ဘူး။ ဟုတ္တယ္ သူတို႔က ေဟးဒီးစခန္းပဲ”
“သူတို႔က ထြက္ေျပးလာတာ ဘာအေရးလဲ”
လင္းခ်င္းက ေျပာသည္။
“သူတို႔က စစ္ရႈံးသြားတဲ့သူေတြေလာက္ပါပဲ။ နင္တို႔ အခုသြားလို႔ရၿပီ။ ငါနင့္တို႔ကို ပို႔ေပးဖို႔ လိုေသးလား?”
သူမသည္ စကားဆုံးသည္ႏွင့္ တံခါးကို တစ္ခ်က္ၾကည့္ကာ လက္ေခ်ာင္းေလးမ်ားကို လႈပ္လိုက္သည္။ ထိုအခါ အနက္ေရာင္ျမဴခိုးမ်ားသည္ ယန္က်င္းဟြာ၏ သစၥာရွိစစ္သားမ်ားထံသို႔ ေရာက္သြားေတာ့သည္။
“အား”
စစ္သားအခ်ိဳ႕သည္ လင္းခ်င္းလႊတ္လိုက္သည္ ျမဴခိုးမ်ားကို ျမင္လိုက္ၾကသည္။ သို႔ေသာ္လည္း သူတို႔ဘာမွ မလုပ္နိုင္ေသးခင္ ျမဴခိုးမ်ားသည္ သူတို႔မ်က္စိေရွ႕မွ ေပ်ာက္သြားကာ နားႏွင့္ေခါင္းမ်ားက အေသနာက်င္လာျခင္းကို ခံစားရသည္။
သိပ္မၾကာခင္တြင္ သူတို႔သည္ ၾကမ္းျပင္ေပၚသို႔ လဲက်သြားကာ ဘာအသံမွကို မထြက္နိုင္ေတာ့ေပ။ စစ္သားမ်ား လဲက်သြားသည္ကို ၾကည့္ၿပီးေနာက္ က်န္သည့္သူမ်ားသည္ ပထမဆုံးအသတ္ခံရသူကို သတိရလို႔ ျပန္ၾကည့္ၾကသည့္အခါ ထိုသူမွာ တစ္ကိုယ္လုံးမရွိေတာ့ဘဲ ေျခေထာက္သာ က်န္ေတာ့သည္။
“ေကာင္းၿပီ။ ငါတို႔အခုထြက္သြားမယ္”
ယန္က်င္းဟြာသည္ တံခါးမွေန အရင္ဆုံးထြက္သြားသည္။
အျခားသူမ်ားသည္ သူ႕အေနာက္ကေန လိုက္သြားၾကသည္။ လင္းခ်င္းကေတာ့ ျဖည္းျဖည္းခ်င္း ေပ်ာက္ေနသည့္ အေလာင္းမ်ားၾကားတြင္ ရပ္က်န္ေနခဲ့သည္။ ယန္က်င္းဟြာတို႔ အကုန္ထြက္သြားမွ လင္းခ်င္းသည္ သက္ျပင္းကို ရဲရဲႀကီး ခ်နိဳင္ေတာ့သည္။
‘ငါတကယ္ဟိတ္ဟန္ေကာင္းေကာင္းနဲ႕ လုပ္သြားနိုင္တာပဲ’
သူမေတြးေနမိသည္။ သူမသည္ ယန္က်င္းဟြာထံမွ အသုံးဝင္မည့္သတင္းႏွိုက္ဖို႔ လုပ္ခဲ့ေသာ္လည္း ထိုကလိမ္ကက်စ္ေကာင္သည္ သူမကို အသိမခံသြားေပ။ ယန္က်င္းဟြာႏွင့္သာ တိုက္ခိုက္ရပါက သူ႕၏သန္မာသည့္ ေရခဲမ်ားေၾကာင့္ လင္းခ်င္းသည္ ခက္ခဲမည္ကို နားလည္သည္။
စိတ္သိပ္မေက်နပ္စြာျဖင့္ လင္းခ်င္းသည္ ေရခဲအပိုင္းမ်ားကို သူမ၏ျမဴခိုးနက္မ်ားျဖင့္ ရစ္ပတ္လိုက္သည္။ ျမဴခိုးမ်ားသည္ ေရခဲမ်ားေပၚတြင္ ခနေနၿပီးေနာက္ ေရခဲတို႔က ေပ်ာ္လာသည္။ ထိုအခ်ိန္တြင္ ႐ုတ္တရပ္ သူမ၏အေနာက္မွ ေအးစက္မႈတစ္ခုကို သိသိသာသာ ခံစားလိုက္ရသည္။
ထို႔ေၾကာင့္ ခ်က္ခ်င္းနံရံကို အျမန္ေက်ာေပးလိုက္ကာ နံရံကို ေျခေထာက္ျဖင့္ ေနာက္ျပန္ကန္လိုက္၍ ဧည့္ခန္းထဲမွ ျပတင္းေပါက္ေနာက္က လက္တန္းေပၚသို႔ ခုန္တက္လိုက္သည္။ သူမလွည့္ၾကည့္သည့္အခါ ယန္က်င္းဟြာတို႔ ထြက္သြားသည့္ တံခါးတြင္ ေရခဲလႊာပါးပါးတစ္ခုရွိေနၿပီး ထိုေရခဲလႊာမွ ေရခဲမ်ား ထြက္ေနသည္။
“နင္ငါ့ကို လိမ္ရေတာ့မလို႔ပဲ နင္ကဇြန္ဘီမွ မဟုတ္တာ”
ယန္က်င္းဟြာ၏ ေအးစက္သည့္အသံက တံခါးမွထြက္လာသည္။ ထိုအသံေနာက္တြင္ တံခါးမွေန သူဝင္လာသည္။ သူ႕၏ဆြဲေဆာင္မႈရွိသည့္ မ်က္လုံးမ်ားသည္ ျပတင္းေပါက္ လက္တန္းေပၚက လင္းခ်င္းကို ေအးစက္စြာ စိုက္ၾကည့္ေနသည္။
လင္းခ်င္းသည္ ေလွာင္ရယ္လိုက္ကာ
“ဟုတ္တယ္။ ငါရႈံးသြားတယ္”
သူမသည္ လက္တန္းေပၚကေန ခုန္ခ်လိဳက္ကာ ယန္က်င္းဟြာကိုၾကည့္ၿပီး
“နင္ငါ့ကိုသိေနတာေတာင္ ယုံခ်င္ေယာင္ေဆာင္ေသးတာပဲ။ ၾကည့္ရတာ နင္အေတာ္အားယားေနပုံပဲေနာ္”
ယန္က်င္းဟြာသည္ ခပ္ဖြဖြၿပဳံးကာ
“နင့္ရည္႐ြယ္ခ်က္ကို ငါသိခ်င္႐ုံတင္။ မေမွ်ာ္လင့္တာက နင္ကငါ့ကိုထြက္သြားေစခ်င္႐ုံတင္ပဲ။ ဇြန္ဘီအစစ္သာဆိုရင္ ငါတို႔ကို ဒီလိုဘယ္လႊတ္ေပးမွာလဲ?”
ယန္က်င္းဟြာသည္ ေျပာၿပီးေနာက္ သူ႕လက္ကို လႈပ္လိုက္သည္။
ေရခဲဓားမ်ားသည္ လင္းခ်င္းထံသို႔ ေျပးဝင္လာသည္။ လင္းခ်င္းသည္ ျပတင္းေပါက္မွ ခုန္ခ်ကာ ျပတင္းေပါက္ေဘာင္ေပၚကေန အမိုးေပၚကို တြယ္တက္သြားသည္။ ေရခဲဓားမ်ားသည္ ျပတင္းေပါက္ကို မွန္ကုန္ကာ အခ်ိဳ႕က ျပတင္းေပါက္ကိုေက်ာ္၍ ေအာက္သို႔ က်သြားသည္။
ယန္က်င္းဟြာသည္လည္း ျပတင္းေပါက္ကေန ခုန္ခ်လာသည္။ သူလက္ကို လႈပ္ယမ္းလိုက္သည့္အခါ ေရခဲေလွကားတစ္စင္းျဖစ္လာကာ ျပတင္းေပါက္ကေန အမိုးထိသို႔ ဆက္သြယ္ေပးထားသည္။
အမိုးေပၚတြင္ ေမွာင္မဲေနသည္။ လင္းခ်င္းသည္ ေထာင့္တစ္ခုတြင္ ရပ္ေနကာ ယန္က်င္းဟြာအား
“နင္က ထြက္သြားဖို႔က ျငင္းေနမွေတာ့ ေနာင္တမရနဲ႕ေတာ့”
ယန္က်င္းဟြာ၏ ေရခဲမ်ားက ၾကမ္းျပင္ေပၚတြင္ ပ်ံ့ႏွံ႕လာကာ လင္းခ်င္းေျခေထာက္နားသို႔ ေရာက္လာသည္။ လင္းခ်င္းသည္ ခုန္လိုက္ကာ ေပ်ာက္သြားသည္။ ထို႔ေနာက္ အမိုးတစ္ခုလုံးသည္ ယန္က်င္းဟြာေၾကာင့္ ခဲသြားေတာ့သည္။ လင္းခ်င္းသာ မခုန္လိုက္ပါက သူမသည္လည္း ခဲသြားမွာ ျဖစ္သည္။
လင္းခ်င္းေပ်ာက္သြားသည္ႏွင့္ ယန္က်င္းဟြာသည္ အမိုးစြန္းကေန ပတ္ရွာသည္။ ထို႔ေနာက္ မ်က္လုံးမွိတ္ကာ သူမ၏အရွိန္အဝါကို အာ႐ုံခံၾကည့္ေသာ္လည္း မေတြ႕ေပ။ မ်က္လုံးျပန္ဖြင့္ၿပီးေနာက္ သူသည္ေဘးသို႔ ခ်က္ခ်င္းေရွာင္ကာ သူရပ္ခဲ့သည့္ေနရာသို႔ ေရခဲမႈံမ်ားကို ပစ္လႊတ္လိုက္သည္။ ထိုေနရာတါင္ ခပ္ဝါးဝါးသ႑ာန္တစ္ခု ေပၚလာကာ ျမဴခိုးနက္တိမ္တိုက္ႀကီးတစ္ခုက ေလထဲတြင္ ေရခဲမ်ားေၾကာင့္ ခဲသြားသည္။ ထို႔ေနာက္ ျမဴခိုးနက္မ်ားကို ခဲထားသည့္ ေရခဲသည္ ၾကမ္းျပင္ေပၚသို႔ ကြဲက်လာသည္။
Advertisement
- In Serial2806 Chapters
Legend Of Swordsman
Jian Wushuang was reborn in adversity. In order to get his revenge, he began to cultivate Heavenly Creation Skill. With the help of the Heaven defying cultivation method, Jian Wushuang gradually grew into a peerless genius from an ordinary practitioner. With a sword in hand, no one is his match. Using his extraordinary Sword Principle, he killed all his opponents and eventually became number one Sword Master from time immemorial.
8 10024 - In Serial16 Chapters
Abyss "tomb of the gods"
Zion Mendoza a normal office worker and a book worm suddenly thrown in a world full of possibilities, a world where the only limit is your imagination and resolve... note: this is my first novel so i apologize in advance for all the the grammatical error. any suggestions and comments are welcome and appreciated * the cover i found in google and did't claim ownership of it, if the owner want me to take it down just me a msg. thankz """"cover only temp.""""
8 247 - In Serial43 Chapters
The Rebel (Thorin x OC)
Bellethiel is a she-elf who has lived a long life. Along with this life has come many trials and suffering. She has a dark and mysterious past that is some how linked to the greatest Kingdom of Middle-earth: Erebor. But what would happen when a certain grey wizard stops her in her travels and invites her on a journey she will never forget. How will the she-elf and dwarf king react to one another once they meet? Will they hate each other because of racial differences or will there be hope in a dark place for the she-elf and dwarf king?HIGHEST RANKING:#3 in Hobbit (February 10, 2021)#1 in Hobbit 😱 (February 17, 2021)#1 in oakenshield (April 5, 2021)#1 in thorinoakenshield (June 21, 2021)
8 244 - In Serial6 Chapters
¥ Indigo ¥ Mike ¥ Foxtrot ¥ mission impossible fallout
8 187 - In Serial199 Chapters
loud poetry from a quiet girl
poetry by a person that's afraid of people.12/23/15- #1 in poetry
8 225 - In Serial48 Chapters
Hybrids | BTS FF
"YOU BELONG TO US"BTS FF / HYBRID FFHUMAN READER / HYBRID BTSMATURE THEMES (SMUT AND FOWL LANGUAGE)BTS' PERSONALITIES WILL BE MADE UP, THIS STORY IS PURELY BASED OFF AN IMAGINATION AND INSPIRATION FROM OTHER WORKS. DO NOT RE-POST MY WORK ON ANY OTHER PLATFORM WITH OUT CONSENT. HATE TOWARDS MYSELF OR ANY OTHER READER WILL NOT BE TOLERATED. PLEASE RESPECT MY WISHES...-PEACHY
8 114

