《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》263
Advertisement
၂၆၃။ ကိုမာမဖြစ်တဖြစ်
သိပ်မကြာခင်တွင် ဂိတ်စောင့်သည် ဝူချန်းယွဲ့အား ဆရာဝန်လျန်ရောက်နေပြီ ဖြစ်ကြောင်း သတင်းလာပို့သည်။ ဝူချန်းယွဲ့သည် အိပ်ခန်းထဲမှ အမြန်ထွက်သွားသည့်အခါ ဆေးအိတ်များကိုင်လာကာ ဂိတ်မှဝင်လာသည့် လူနှစ်ယောက်ကို တွေ့ရသည်။
“ဒေါက်တာလျန်!”
ဝူချန်းယွဲ့သည် လှေကားမှဆင်းလာရင်း နှုတ်ဆက်လိုက်သည်။
“ခေါင်းဆောင် ဘာကုသဖို့များ လိုလို့လဲ?”
လျန်တရှုသည် အခုတော့ ဓာတ်ခွဲခန်းထဲကထက် ပိုသေသပ်နေသည်။ သို့သော်လည်း ကုတ်အဖြူဝတ်လာသည့်တိုင်အောင် ဆံပင်ကို ဖြစ်သလိုစီးလာသဖြင့် ရှုပ်ပွနေသည့်ပုံပေါက်နေသေးသည်။
“ဒေါက်တာလျန်နဲ့ မိုလီမိန်းကလေး လင်းလင်းအခန်းထဲကို လာခဲ့ကြပါ”
ဝူချန်းယွဲ့က သူတို့ကိုပြောသည်။
“မင်းသမီးလေး ဘာဖြစ်လို့လဲ?”
ဆရာဝန်လျန်နှင့် သူ့လက်ထောက်မိုလီတို့သည် ဝူချန်းယွဲ့အား အံ့သြစွာကြည့်ကြသည်။
“လင်းလင်းရဲ့အစွမ်းတွေ နိုးလာပြီ!”
ဝူချန်းယွဲ့သည် စိတ်ညစ်စွာဖြင့် ဖြေသည်။
“ဘာ !!! ငါတို့သွားကြည့်ရအောင်”
ဆရာဝန်နှင့် လက်ထောက်သည် သူ့စကားကြားသည်နှင့် ချက်ချင်းဆိုသလို အပေါ်ထပ်သို့ ပြေးတက်သွားကြသည်။
အိပ်ခန်းထဲတွင် လင်းလင်း၏ အပူချိန်ကို အရင်စစ်ကြည့်ပြီး သူမ၏သူငယ်အိမ်နှင့် လျှာတို့ကိုပါ စစ်ကြည့်သည်။ ထို့နောက် နဖူးကို လက်တင်စမ်းကြည့်သည်။ ပုံမှန်ဆိုလျှင် လင်းလင်းသည် သူစိမ်းဖြစ်လျှင် အထိခံဖို့မပြောနှင့် သူမကို မမြင်ရအောင်ကို ပုန်းနေတက်သည့် ကလေးမျိုး ဖြစ်သည်။ ဒီနေ့မှာတော့ အခန်းထဲကလူများကို နားမလည်စွာဖြင့် ငြိမ်ငြိမ်လေးလှဲနေလျှက် ကြည့်နေသည်။ မျက်လုံးများသည် အခြားသူများထက် သူ့အဖေ ဝူချန်းယွဲ့ကိုသာ ကြည့်နေသည်များသော်လည်း လျန်တရှုလုပ်နေသည်များကို သူမသည် တုံ့ပြန်ခြင်း သိပ်မရှိပေ။
လျန်တရှုသည် လင်းလင်း၏ ကိုယ်အပူချိန်ကြောင့် အရမ်းလန့်သွားသည်။ လက်ကိုမဖယ်သေးဘဲ ကလေးမလေး၏ နဖူးကို ဆက်ဖိထားလေရာ သူ့လက်ဝါးကို ပြန်ကန်နေသည့် ထူးဆန်းသည့် စွမ်းအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
၁၅မိနစ်လောက် ကြာသည့်အခါ လျန်တရှု၏ မျက်နှာသည် ပို၍ပျက်ယွင်းလာတော့သည်။ သူ့မျက်နှာထားကြောင့် အခြားသူများသည် ဘာဖြစ်သလဲကို သိကုန်ကြသည်။
ဝူချန်းယွဲ့သည် ခြေထောက်များ အားပျော့သွားကာ နောက်သို့တစ်လှမ်းဆုတ်၍ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ရသည်။ မျက်နှာကိုလက်ဖြင့်အုပ်၍ ခေါင်းငိုက်စိုက်လျှက် ထိုင်နေသည်။ ဒီ၂လအတွင်း လင်းလင်းမှာ ဘာဖြစ်လို့ ဒီလိုဆိုးဝါးမျုမျိုးစုံကို ခံနေရသလဲဆိုသည်ကို သူမသိတော့ပေ။
လုထန်ယုဆိုသည့်မိန်းမက ပြန်ပေးဆွဲကာ ဖွက်ထားသဖြင့် သူကြိုးစား ရှာလိုက်ရသည်။ ရက်အနည်းငယ်ကြာတော့ ဇွန်ဘီဘုရင်မက ထပ်ဖမ်းသွားကာ အစားခံရတော့မလို ဖြစ်ပြန်သည်။ ထိခိုက်မှုမရှိဘဲ ပြန်လာရတော့ ရုတ်တရပ်ကြီး စွမ်းအားများက နိုးလာတော့မလို ဖြစ်ပြန်သည်။ သူမသာ အရွယ်ရောက်နေပါက ဝူချန်းယွဲ့သည် အစွမ်းနိုးသည်ကို စိတ်ပူမှာမဟုတ်သော်လည်း အခုတော့ ငါးနှစ်သမီးလေးသာ ရှိသေးသည်။
၁၀မိနစ်ကြာသည့်နောက် လျန်တရှုသည် လက်ကိုရုတ်လိုက်ကာ ရှောင်ယွင့်လုံနှင့် မိုလီတို့အား စိတ်ဆင်းရဲစွာဖြင့်
“ငါမကူညီနိုင်ဘူး။ သူ့ကိုယ်ထဲက အစွမ်းတွေကို ငါ့အစွမ်းနဲ့ ဘာမှလုပ်မပေးနိုင်ဘူး”
ထို့နောက် ဝူချန်းယွဲ့ကိုကြည့်ကာ
“ထူးဆန်းတာက နိုးနေသေးတာပဲ။ ဒီလောက်အပူကြီးနေတာ ပုံမှန်ဆိုရင် မေ့မျောနေပြီ။ ဘာဖြစ်လို့ နိုးနေသေးတာလဲ? လုံးဝနိုးကြားနေတာတော့ မဟုတ်တော့ ကိုမာမဖြစ်တဖြစ် အခြေအနေမျိုးပဲ ပြောရမှာပဲ”
ပြောနေရင်း လင်းလင်း၏ မျက်လုံးများကို သေချာငုံ့ကြည့်နေသဖြင့် ဝူချန်းယွဲ့သည် ခေါင်းမော့ကြည့်ကာ နီရဲနေသည့်မျက်လုံများဖြင့်
“ဒေါက်တာလျန် ဘာကိုပြောချင်တာလဲ?”
လျန်တရှုသည် လက်ပိုက်၍ ကိုယ်ကိုမတ်ကာ ခနတွေးပြီးနောက်
“လင်းလင်းရဲ့ အစွမ်းတွေ နိုးလာတာက တစ်ခုခုကြောင့် ရပ်သွားတယ်လို့ ငါခံစားမိတယ်။ ရပ်တဲ့ခလုတ်ကို တစ်ယောက်ယောက် နှိပ်လိုက်သလိုမျိုးပဲ။ တစ်ခုခုကြောင့် သူ့ကိုယ်ထဲက စွမ်းအားတွေကို ယာယီပိတ်မိနေတော့ နောက်ဆုတ်မရ ပေါက်ကွဲလည်း ထွက်မလာတော့ဘူး။ အလွယ်ပြောရရင် သူ့စွမ်းအားနိုးနေတာက ယာယီရပ်သွားတယ်”
သူ့စကားများကြားသည့်အခါ ကျန်သည့်သုံးယောက်သည့် မယုံနိုင်စွာ မျက်လုံးများ ပြူးကုန်ကြသည်။
“ဒါတကယ်လား ဒေါက်တာ!”
ဝူချန်းယွဲ့က မေးသည်။
လျန်တရှုသည် ခေါင်းငြိမ့်ကာ
“ဟုတ်တယ်။ ဒီလိုတန့်နေတာက ဘယ်လောက်ကြာမလဲ ငါမသိပင်မယ့် အခုရပ်နေတာတော့ သေချာတယ်။ ပုံမှန်ဆိုရင် ဒါမျိုးက မဖြစ်ပါဘူး။ ဒီကလေးမှ ဘာဖြစ်လို့ ထူးဆန်းနေတာလဲ? ဒါမှမဟုတ် ထူးဆန်းတာတစ်ခုခု ကြုံထားရလို့လား?”
ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် အချင်းချင်းကြည့်ကာ ဝူချန်းယွဲ့သည်
“လင်းလင်းက ရေတစ်မျိုးသောက်လိုက်တယ်!”
ဒီလိုပြောသည့်အခါ လျန်တရှုသည် သူ့ကိုလှည့်ကြည့်ကာ မေးသည်။
“ဘာရေလဲ? ဘယ်ကနေ သောက်လိုက်တာလဲ? ဘယ်ကရေလဲ? စိတ်မချရတဲ့ရေကို ဘာဖြစ်လို့ သောက်ခွင့်ပေးတာလဲ? မကောင်းတဲ့သက်ရောက်မှုရှိနေရင် ဘယ်လိုလုပ်မလဲ?”
“ရေတိုက်တဲ့သူက ကလေးအတွက် ကောင်းတယ်ပြောတယ်!”
ဝူချန်းယွဲ့က ဖြေသည်။
“လင်းလင်းကို နာကျင်အောင်လုပ်မယ့် ရည်ရွယ်ချက်မရှိဘူး။ ပြီးတော့လည်း ငါအရင်တစ်ငုံသောက်ကြည့်ပြီးမှ ငါဘာမှမဖြစ်ဘူးထင်လို့ တိုက်လိုက်တာပါ”
ရှောင်ယွင့်လုံသည် လက်မြှောက်ကာ
“ခနလေး! အခုလင်းလင်းအခြေအနေက ကောင်းတာလား? ဆိုးတာလား?ဒေါက်တာပြောတာကို သိပ်နားမလည်လို့။ အခုအန္တရာယ်မရှိတော့ဘူးမလား?”
“စွမ်းအားနိုးတာက မသိတဲ့အကြောင်ကြောင့် ရပ်တယ်လို့ ငါပြောတယ်မလား? အခုတော့ အဆင်ပြေပင်မယ့် ဘယ်လောက်ကြာကြာခံမလဲ ငါမသိဘူး။ ဒါကိုမဖြတ်နိုင်ရင် ငါတို့လေ့လာမှုအောက်မှာပဲ ထားရတော့မှာပဲ။ အခုပြောတာကိုရော နားလည်လား?”
ဆရာဝန်က မေးသည်။
ရှောင်ယွင့်လုံသည် ခေါင်းငြိမ့်ကာ
Advertisement
“သိပြီ။ ဒါဆိုရင် ယွမ်ထန်ရှင်းရဲ့ရေက အသုံးဝင်တာပေါ့။ ငါတို့သူ့ဆီက လင်းလင်းအတွက် ရေပိုရနိုင်ရင် အခြေအနေ ပိုကောင်းလာနိုင်မလား?”
ပြောရင်းဖြင့် အပြင်သို့ထွက်သွားကာ
“သူတို့ကို ငါသွားရှာလိုက်ဦးမယ်!”
ဝူချန်းယွဲ့သည် သူ့ကိုတစ်ချက်ကြည့်ကာ တားမနေဘဲ လင်းလင်းကို လှည့်ကြည့်သည်။ ယွမ်ထန်ရှင်း၏ရေကြောင့် ဟုတ်မဟုတ်မသေချာသော်လည်း ဝူချန်းယွဲ့သည် အကူအညီတောင်းရမည့်အပြင် တခြားရွေးစရာလည်း မရှိပေ။
“ခနလေး! ငါလည်းလိုက်မယ်!”
လျန်တရှုသည် အကျယ်ကြီးလှမ်းအော်ကာ ရှောင်ယွင့်လုံနောက်သို့ ပြေးလိုက်သွားသည်။
မျက်နှာထားတည်လွန်းသည့် မိုလီသည် အခန်းထဲတွင် ဝူချန်းယွဲ့ဖြင့် ကျန်ခဲ့ကာ လင်းလင်းကို ကြည့်နေသည်။ ကုတင်နားသို့လာကာ လင်းလင်းနဖူးကို စမ်းကြည့်ပြီး မျက်မှောင်ကျုံ့ကာ
“အပူချိန်က မတရားမြင့်နေတယ်။ ဒါပင်မယ့် ကိုမာလုံးဝဖြစ်မနေသေးတာ တကယ်အံ့သြစရာပဲ”
ဝူယွဲ့လင်း၏အဝတ်များကို သူ့အဖေက ချွတ်ပေးထားသဖြင့် စောင်ဖြင့်ခြုံပေးထားကာ လက်၊ ခြေနှင့် မျက်နှာလေးသာ ပေါ်နေသည်။ မိုလီသည် လက်ကိုရုတ်လိုက်ကာ
“လင်းလင်းရဲ့စိတ်အခြေအနေက တည်ငြိမ်နေတာ ဘာမှမဖြစ်သလိုပဲ။ အခုအထိ ဘာစိတ်ထိခိုက်တာမှ မရှိသေးဘူး။ တကယ်ကောင်းလိုက်တာ ဘာရေမလို့ပါလိမ့်?”
ပြောရင်းဖြင့် ဝူချန်းယွဲ့အား လှည့်ကြည့်သည်။ မျက်နှာထားသည်သေနေသော်လည်း သူမ၏ မျက်လုံးထဲတွင်တော့ သိချင်စိတ်က ရှိနေသည်။
ဝူချန်းယွဲ့သည် ကုတင်နားသို့လာကာ လင်းလင်း၏ ဆံပင်ရှည်များကို သပ်ပေးရင်း
“မသိဘူး။ လင်းလင်းကို ဒီတိုင်းတိုက်လိုက်မိတာ။ အကူအညီဖြစ်ပါစေပဲ မျှော်လင့်ရတာပဲ”
Zawgyi Ver
၂၆၃။ ကိုမာမျဖစ္တျဖစ္
သိပ္မၾကာခင္တြင္ ဂိတ္ေစာင့္သည္ ဝူခ်န္းယြဲ႕အား ဆရာဝန္လ်န္ေရာက္ေနၿပီ ျဖစ္ေၾကာင္း သတင္းလာပို႔သည္။ ဝူခ်န္းယြဲ႕သည္ အိပ္ခန္းထဲမွ အျမန္ထြက္သြားသည့္အခါ ေဆးအိတ္မ်ားကိုင္လာကာ ဂိတ္မွဝင္လာသည့္ လူႏွစ္ေယာက္ကို ေတြ႕ရသည္။
“ေဒါက္တာလ်န္!”
ဝူခ်န္းယြဲ႕သည္ ေလွကားမွဆင္းလာရင္း ႏႈတ္ဆက္လိုက္သည္။
“ေခါင္းေဆာင္ ဘာကုသဖို႔မ်ား လိုလို႔လဲ?”
လ်န္တရႈသည္ အခုေတာ့ ဓာတ္ခြဲခန္းထဲကထက္ ပိုေသသပ္ေနသည္။ သို႔ေသာ္လည္း ကုတ္အျဖဴဝတ္လာသည့္တိုင္ေအာင္ ဆံပင္ကို ျဖစ္သလိုစီးလာသျဖင့္ ရႈပ္ပြေနသည့္ပုံေပါက္ေနေသးသည္။
“ေဒါက္တာလ်န္နဲ႕ မိုလီမိန္းကေလး လင္းလင္းအခန္းထဲကို လာခဲ့ၾကပါ”
ဝူခ်န္းယြဲ႕က သူတို႔ကိုေျပာသည္။
“မင္းသမီးေလး ဘာျဖစ္လို႔လဲ?”
ဆရာဝန္လ်န္ႏွင့္ သူ႕လက္ေထာက္မိုလီတို႔သည္ ဝူခ်န္းယြဲ႕အား အံ့ၾသစြာၾကည့္ၾကသည္။
“လင္းလင္းရဲ႕အစြမ္းေတြ နိုးလာၿပီ!”
ဝူခ်န္းယြဲ႕သည္ စိတ္ညစ္စြာျဖင့္ ေျဖသည္။
“ဘာ !!! ငါတို႔သြားၾကည့္ရေအာင္”
ဆရာဝန္ႏွင့္ လက္ေထာက္သည္ သူ႕စကားၾကားသည္ႏွင့္ ခ်က္ခ်င္းဆိုသလို အေပၚထပ္သို႔ ေျပးတက္သြားၾကသည္။
အိပ္ခန္းထဲတြင္ လင္းလင္း၏ အပူခ်ိန္ကို အရင္စစ္ၾကည့္ၿပီး သူမ၏သူငယ္အိမ္ႏွင့္ လွ်ာတို႔ကိုပါ စစ္ၾကည့္သည္။ ထို႔ေနာက္ နဖူးကို လက္တင္စမ္းၾကည့္သည္။ ပုံမွန္ဆိုလွ်င္ လင္းလင္းသည္ သူစိမ္းျဖစ္လွ်င္ အထိခံဖို႔မေျပာႏွင့္ သူမကို မျမင္ရေအာင္ကို ပုန္းေနတက္သည့္ ကေလးမ်ိဳး ျဖစ္သည္။ ဒီေန႕မွာေတာ့ အခန္းထဲကလူမ်ားကို နားမလည္စြာျဖင့္ ၿငိမ္ၿငိမ္ေလးလွဲေနလွ်က္ ၾကည့္ေနသည္။ မ်က္လုံးမ်ားသည္ အျခားသူမ်ားထက္ သူ႕အေဖ ဝူခ်န္းယြဲ႕ကိုသာ ၾကည့္ေနသည္မ်ားေသာ္လည္း လ်န္တရႈလုပ္ေနသည္မ်ားကို သူမသည္ တုံ႕ျပန္ျခင္း သိပ္မရွိေပ။
လ်န္တရႈသည္ လင္းလင္း၏ ကိုယ္အပူခ်ိန္ေၾကာင့္ အရမ္းလန့္သြားသည္။ လက္ကိုမဖယ္ေသးဘဲ ကေလးမေလး၏ နဖူးကို ဆက္ဖိထားေလရာ သူ႕လက္ဝါးကို ျပန္ကန္ေနသည့္ ထူးဆန္းသည့္ စြမ္းအားလွိုင္းတစ္ခုကို ခံစားလိုက္ရသည္။
၁၅မိနစ္ေလာက္ ၾကာသည့္အခါ လ်န္တရႈ၏ မ်က္ႏွာသည္ ပို၍ပ်က္ယြင္းလာေတာ့သည္။ သူ႕မ်က္ႏွာထားေၾကာင့္ အျခားသူမ်ားသည္ ဘာျဖစ္သလဲကို သိကုန္ၾကသည္။
ဝူခ်န္းယြဲ႕သည္ ေျခေထာက္မ်ား အားေပ်ာ့သြားကာ ေနာက္သို႔တစ္လွမ္းဆုတ္၍ ဆိုဖာေပၚတြင္ ထိုင္ခ်လိဳက္ရသည္။ မ်က္ႏွာကိုလက္ျဖင့္အုပ္၍ ေခါင္းငိုက္စိုက္လွ်က္ ထိုင္ေနသည္။ ဒီ၂လအတြင္း လင္းလင္းမွာ ဘာျဖစ္လို႔ ဒီလိုဆိုးဝါးမ်ဳမ်ိဳးစုံကို ခံေနရသလဲဆိုသည္ကို သူမသိေတာ့ေပ။
လုထန္ယုဆိုသည့္မိန္းမက ျပန္ေပးဆြဲကာ ဖြက္ထားသျဖင့္ သူႀကိဳးစား ရွာလိုက္ရသည္။ ရက္အနည္းငယ္ၾကာေတာ့ ဇြန္ဘီဘုရင္မက ထပ္ဖမ္းသြားကာ အစားခံရေတာ့မလို ျဖစ္ျပန္သည္။ ထိခိုက္မႈမရွိဘဲ ျပန္လာရေတာ့ ႐ုတ္တရပ္ႀကီး စြမ္းအားမ်ားက နိုးလာေတာ့မလို ျဖစ္ျပန္သည္။ သူမသာ အ႐ြယ္ေရာက္ေနပါက ဝူခ်န္းယြဲ႕သည္ အစြမ္းနိုးသည္ကို စိတ္ပူမွာမဟုတ္ေသာ္လည္း အခုေတာ့ ငါးႏွစ္သမီးေလးသာ ရွိေသးသည္။
၁၀မိနစ္ၾကာသည့္ေနာက္ လ်န္တရႈသည္ လက္ကို႐ုတ္လိုက္ကာ ေရွာင္ယြင့္လုံႏွင့္ မိုလီတို႔အား စိတ္ဆင္းရဲစြာျဖင့္
“ငါမကူညီနိုင္ဘူး။ သူ႕ကိုယ္ထဲက အစြမ္းေတြကို ငါ့အစြမ္းနဲ႕ ဘာမွလုပ္မေပးနိုင္ဘူး”
ထို႔ေနာက္ ဝူခ်န္းယြဲ႕ကိုၾကည့္ကာ
“ထူးဆန္းတာက နိုးေနေသးတာပဲ။ ဒီေလာက္အပူႀကီးေနတာ ပုံမွန္ဆိုရင္ ေမ့ေမ်ာေနၿပီ။ ဘာျဖစ္လို႔ နိုးေနေသးတာလဲ? လုံးဝနိုးၾကားေနတာေတာ့ မဟုတ္ေတာ့ ကိုမာမျဖစ္တျဖစ္ အေျခအေနမ်ိဳးပဲ ေျပာရမွာပဲ”
ေျပာေနရင္း လင္းလင္း၏ မ်က္လုံးမ်ားကို ေသခ်ာငုံ႕ၾကည့္ေနသျဖင့္ ဝူခ်န္းယြဲ႕သည္ ေခါင္းေမာ့ၾကည့္ကာ နီရဲေနသည့္မ်က္လုံမ်ားျဖင့္
“ေဒါက္တာလ်န္ ဘာကိုေျပာခ်င္တာလဲ?”
လ်န္တရႈသည္ လက္ပိုက္၍ ကိုယ္ကိုမတ္ကာ ခနေတြးၿပီးေနာက္
“လင္းလင္းရဲ႕ အစြမ္းေတြ နိုးလာတာက တစ္ခုခုေၾကာင့္ ရပ္သြားတယ္လို႔ ငါခံစားမိတယ္။ ရပ္တဲ့ခလုတ္ကို တစ္ေယာက္ေယာက္ ႏွိပ္လိုက္သလိုမ်ိဳးပဲ။ တစ္ခုခုေၾကာင့္ သူ႕ကိုယ္ထဲက စြမ္းအားေတြကို ယာယီပိတ္မိေနေတာ့ ေနာက္ဆုတ္မရ ေပါက္ကြဲလည္း ထြက္မလာေတာ့ဘူး။ အလြယ္ေျပာရရင္ သူ႕စြမ္းအားနိုးေနတာက ယာယီရပ္သြားတယ္”
သူ႕စကားမ်ားၾကားသည့္အခါ က်န္သည့္သုံးေယာက္သည့္ မယုံနိုင္စြာ မ်က္လုံးမ်ား ျပဴးကုန္ၾကသည္။
Advertisement
“ဒါတကယ္လား ေဒါက္တာ!”
ဝူခ်န္းယြဲ႕က ေမးသည္။
လ်န္တရႈသည္ ေခါင္းၿငိမ့္ကာ
“ဟုတ္တယ္။ ဒီလိုတန့္ေနတာက ဘယ္ေလာက္ၾကာမလဲ ငါမသိပင္မယ့္ အခုရပ္ေနတာေတာ့ ေသခ်ာတယ္။ ပုံမွန္ဆိုရင္ ဒါမ်ိဳးက မျဖစ္ပါဘူး။ ဒီကေလးမွ ဘာျဖစ္လို႔ ထူးဆန္းေနတာလဲ? ဒါမွမဟုတ္ ထူးဆန္းတာတစ္ခုခု ႀကဳံထားရလို႔လား?”
ဝူခ်န္းယြဲ႕ႏွင့္ ေရွာင္ယြင့္လုံတို႔သည္ အခ်င္းခ်င္းၾကည့္ကာ ဝူခ်န္းယြဲ႕သည္
“လင္းလင္းက ေရတစ္မ်ိဳးေသာက္လိုက္တယ္!”
ဒီလိုေျပာသည့္အခါ လ်န္တရႈသည္ သူ႕ကိုလွည့္ၾကည့္ကာ ေမးသည္။
“ဘာေရလဲ? ဘယ္ကေန ေသာက္လိုက္တာလဲ? ဘယ္ကေရလဲ? စိတ္မခ်ရတဲ့ေရကို ဘာျဖစ္လို႔ ေသာက္ခြင့္ေပးတာလဲ? မေကာင္းတဲ့သက္ေရာက္မႈရွိေနရင္ ဘယ္လိုလုပ္မလဲ?”
“ေရတိုက္တဲ့သူက ကေလးအတြက္ ေကာင္းတယ္ေျပာတယ္!”
ဝူခ်န္းယြဲ႕က ေျဖသည္။
“လင္းလင္းကို နာက်င္ေအာင္လုပ္မယ့္ ရည္႐ြယ္ခ်က္မရွိဘူး။ ၿပီးေတာ့လည္း ငါအရင္တစ္ငုံေသာက္ၾကည့္ၿပီးမွ ငါဘာမွမျဖစ္ဘူးထင္လို႔ တိုက္လိုက္တာပါ”
ေရွာင္ယြင့္လုံသည္ လက္ျမႇောက္ကာ
“ခနေလး! အခုလင္းလင္းအေျခအေနက ေကာင္းတာလား? ဆိုးတာလား?ေဒါက္တာေျပာတာကို သိပ္နားမလည္လို႔။ အခုအႏၲရာယ္မရွိေတာ့ဘူးမလား?”
“စြမ္းအားနိုးတာက မသိတဲ့အေၾကာင္ေၾကာင့္ ရပ္တယ္လို႔ ငါေျပာတယ္မလား? အခုေတာ့ အဆင္ေျပပင္မယ့္ ဘယ္ေလာက္ၾကာၾကာခံမလဲ ငါမသိဘူး။ ဒါကိုမျဖတ္နိုင္ရင္ ငါတို႔ေလ့လာမႈေအာက္မွာပဲ ထားရေတာ့မွာပဲ။ အခုေျပာတာကိုေရာ နားလည္လား?”
ဆရာဝန္က ေမးသည္။
ေရွာင္ယြင့္လုံသည္ ေခါင္းၿငိမ့္ကာ
“သိၿပီ။ ဒါဆိုရင္ ယြမ္ထန္ရွင္းရဲ႕ေရက အသုံးဝင္တာေပါ့။ ငါတို႔သူ႕ဆီက လင္းလင္းအတြက္ ေရပိုရနိုင္ရင္ အေျခအေန ပိုေကာင္းလာနိုင္မလား?”
ေျပာရင္းျဖင့္ အျပင္သို႔ထြက္သြားကာ
“သူတို႔ကို ငါသြားရွာလိုက္ဦးမယ္!”
ဝူခ်န္းယြဲ႕သည္ သူ႕ကိုတစ္ခ်က္ၾကည့္ကာ တားမေနဘဲ လင္းလင္းကို လွည့္ၾကည့္သည္။ ယြမ္ထန္ရွင္း၏ေရေၾကာင့္ ဟုတ္မဟုတ္မေသခ်ာေသာ္လည္း ဝူခ်န္းယြဲ႕သည္ အကူအညီေတာင္းရမည့္အျပင္ တျခားေ႐ြးစရာလည္း မရွိေပ။
“ခနေလး! ငါလည္းလိုက္မယ္!”
လ်န္တရႈသည္ အက်ယ္ႀကီးလွမ္းေအာ္ကာ ေရွာင္ယြင့္လုံေနာက္သို႔ ေျပးလိုက္သြားသည္။
မ်က္ႏွာထားတည္လြန္းသည့္ မိုလီသည္ အခန္းထဲတြင္ ဝူခ်န္းယြဲ႕ျဖင့္ က်န္ခဲ့ကာ လင္းလင္းကို ၾကည့္ေနသည္။ ကုတင္နားသို႔လာကာ လင္းလင္းနဖူးကို စမ္းၾကည့္ၿပီး မ်က္ေမွာင္က်ဳံ႕ကာ
“အပူခ်ိန္က မတရားျမင့္ေနတယ္။ ဒါပင္မယ့္ ကိုမာလုံးဝျဖစ္မေနေသးတာ တကယ္အံ့ၾသစရာပဲ”
ဝူယြဲ႕လင္း၏အဝတ္မ်ားကို သူ႕အေဖက ခြၽတ္ေပးထားသျဖင့္ ေစာင္ျဖင့္ၿခဳံေပးထားကာ လက္၊ ေျခႏွင့္ မ်က္ႏွာေလးသာ ေပၚေနသည္။ မိုလီသည္ လက္ကို႐ုတ္လိုက္ကာ
“လင္းလင္းရဲ႕စိတ္အေျခအေနက တည္ၿငိမ္ေနတာ ဘာမွမျဖစ္သလိုပဲ။ အခုအထိ ဘာစိတ္ထိခိုက္တာမွ မရွိေသးဘူး။ တကယ္ေကာင္းလိုက္တာ ဘာေရမလို႔ပါလိမ့္?”
ေျပာရင္းျဖင့္ ဝူခ်န္းယြဲ႕အား လွည့္ၾကည့္သည္။ မ်က္ႏွာထားသည္ေသေနေသာ္လည္း သူမ၏ မ်က္လုံးထဲတြင္ေတာ့ သိခ်င္စိတ္က ရွိေနသည္။
ဝူခ်န္းယြဲ႕သည္ ကုတင္နားသို႔လာကာ လင္းလင္း၏ ဆံပင္ရွည္မ်ားကို သပ္ေပးရင္း
“မသိဘူး။ လင္းလင္းကို ဒီတိုင္းတိုက္လိုက္မိတာ။ အကူအညီျဖစ္ပါေစပဲ ေမွ်ာ္လင့္ရတာပဲ”
Advertisement
- In Serial13 Chapters
One Eyed Ghoul; a Tokyo Ghoul fanfic.
A for want of a nail fic I write in between moments when I'm working on my original story. Originally posted on FanFiction.net, but brought over here to allow people to compare it to my original work if they wish. The premise is as follows: Hide decides to pay Ken an early visit in the hospital. He cares too much to let his friend recover alone. A tiny change to the sequence of events, an entirely different story. Some bloody scenes, but no worse than the original story offered.
8 208 - In Serial6 Chapters
Happy Christmas!!!
A short story for Santa's Gift Exchange party. This is 5k+ words story, divided into 5 chapters and an epilogue, with a first person POV, and a light plot line. Actually it's really just a simple story that wants to share some filling experiences on such holidays. Special thanks to my gift exchange partner, @btwonderkid, and his lifting message: "It was a nice heartwarming story..." Thanks to you, too. Merry Christmas and Happy New Year to all!
8 125 - In Serial31 Chapters
Ashes to Ashes: The Female Alpha
BOOK 1:(Not Edited)The BlackRain Pack is the Warrior Pack. They are the ghosts that protect the werewolf world from rogues and other creatures. Legend has it that the warriors of the BlackRain Pack are sent from the moon goddess, with the birthmark of a warrior. All stories of the BlackRain Pack say that only men belong in it.What happens when the warrior pack has to merge with another pack, and the secret of a girl living amongst them comes out.Not only does Alex have to deal with moving into a new pack but she'll also have to deal with her Alpha mate, and the arising problem of rogues.Book 1: Ashes to Ashes Book 2: The Oracle Book 3: A Wolf's WeaknessBook 4: The HuntersBook 5: The Monster of the Mountains.
8 88 - In Serial6 Chapters
MyungJin Oneshots
bunch of Myungjin oneshots for you ^^ALOT OF FLUFF IN THESE BYE
8 137 - In Serial5 Chapters
Tình Yêu Của Cô Nàng Phóng Viên Và Chàng Idol
Đây là lần đầu mình viết truyện nên có gì sai sót mong các bạn bỏ qua. Yêu các bạn nhiều♡
8 95 - In Serial37 Chapters
dangerous woman - punz
the future was bright and full of music and minecraft. luke and kayla where end game.a sequel to sour written by me
8 129

