《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》268
Advertisement
၂၆၈။ ကြောက်ဖို့ကောင်းတဲ့အစွမ်း
“အနားကပ်လာရင် ဒီနှစ်ကောင်က ခုန်အုပ်တော့မယ်”
လင်းချင်းသည် ဒီနှစ်ကောင်က လှုပ်ရှားတော့ဖို့ ပြင်နေသည်ကို ခံစားမိသဖြင့်ပြောသည်။
လင်းဝမ်ဝမ်သည် နောက်သို့ဆုတ်လိုက်ကာ နားမလည်စွာဖြင့် မေးသည်။
“သူတို့ကို ရေထဲစိမ်ပြီးတော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပြောင်းဖို့လုပ်နေတာလား? ဇွန်ဘီတွေက ပြောင်းနိုင်လို့လား?”
“ဘာဖြစ်လို့ မရမှာလဲ?”
လင်းချင်းက ဖြေသည်။
“ငါမပြောင်းလို့လား?”
လင်းဝမ်ဝမ်သည် ဘာပြောရမလဲ မသိတော့ပေ။
လင်းချင်းသည် ဇွန်ဘီနှစ်ကောင်အား
“ထွက်ကြ! ဘေးမှာနေ မလှုပ်နဲ့!”
ဇွန်ဘီနှစ်ကောင်သည် ရေပုံးထဲမှ ထွက်လာကာ လူသားများရှေ့တွင် ကိုယ်လုံးတီးဖြင့် ရပ်နေသည်။ ဇွန်ဘီတို့က ဂရုမစိုက်သော်လည်း လင်းဝမ်ဝမ်တို့သည် ချက်ချင်းပဲ အကြည့်လွှဲကြတော့သည်။ သို့သော်လည်း မကြာခင် သေချာပြန်ကြည့်ပြီးနောက် ထင်မြင်ချက် ပေးကြသည်။
“ဇွန်ဘီအမက ကိုယ်လုံးကိုယ်ပေါက် လှလိုက်တာ။ ရင်လည်းရှိတယ်။ ခါးကလည်း သွယ်သွယ်လေး၊ ခြေတံကလည်း ရှည်ရှည်လေးနဲ့”
“ဟုတ်တယ်!”
လုံချင်းယင်က ထောက်ခံသည်။
“ဇွန်ဘီထီးကလည်း မဆိုးပါဘူး။ သူဇွန်ဘီဖြစ်သွားပြီးတဲ့နောက် ထောင်နိုင်သေးလား ငါသိချင်တယ်”
လင်းဝမ်ဝမ်က ပြောသည်။
“အဟမ်း! အဟမ်း!”
လုံချင်းယင်သည် ဘာပြောရမလဲ မသိပေ။
“ဟာ!”
လင်းဟောင်က ပြောသည်။
“နင်တို့က မိန်းကလေးတွေမလား! သူထောင်နိုင်မထောင်နိုင် သူ့အစိတ်အပိုင်းကို စိုက်ကြည့်ပြောနေတာမျိုး မလုပ်လို့မရဘူးလား?”
လင်းဝမ်ဝမ်သည် လှည့်ကြည့်သည့်အခါ လင်းဟောင်၏ဘေးက ယောက်ျားတစ်စုမှာ သူမနှင့် လုံချင်းယင်ကို ထူးဆန်းစွာကြည့်နေကြောင်း မြင်သွားသည်။ လုံချင်းယင်သည် အနည်းငယ်ရှက်သွားကာ မျက်နှာကို လွှဲလိုက်ကာ လင်းချင်းကိုကြည့်သည်။
လင်းချင်းသည် ရေပုံးကြီးနှစ်လုံးကို မြက်ခင်းနားသို့ ဆွဲသွားကာ မြက်ခင်းများပေါ်သို့ ရေများလောင်းချနေပြီးနောက် ပုံးကိုပြန်ဆွဲယူလာသည်။ ရေအသစ်ပြန်ဖြည့်ပြီးနောက် သူမသည် လွယ်လွယ်ကူကူပဲ နှစ်ပုံးလုံးကို ဇွန်ဘီနှစ်ကောင်နားသို့ ပြန်ဆွဲယူလာကာ
“ဝင်ထိုင်!”
ဇွန်ဘီနှစ်ကောင်သည် နာခံစွာဖြင့် ပုံးကိုယ်စီထဲသို့ ဝင်ထိုင်ကြသည်ကို မြင်သည့်အခါ လင်းချင်းသည် ဇွန်ဘီမ၏ခေါင်းကို လက်ဖြင့်ဖိကာ
“မသောက်နဲ့! နင်သောက်ရင် ငါနင့်ကို သတ်မှာနော်!”
“ဂါး”
ဇွန်ဘီမသည် မကျေနပ်စွာ အော်သော်လည်း မသောက်ရဲရှာပေ။ သူမသည် လူသားများကိုသာ စိုက်ကြည့်နေတော့သည်။
လင်းဟောင်၊ လီကျန်းနှင့် အခြားသူများသည်လည်း ဇွန်ဘီနှစ်ကောင်ကို ကြည့်နေကြတာ ဖြစ်သည်။ လီကျန်းက မေးသည်။
“သူဘာလုပ်နေတာလဲ? ဇွန်ဘီနှစ်ကောင်က အဆင့်သုံး ဒါမှမဟုတ် အဆင့်လေးဖြစ်လောက်မယ်။ ဒါပင်မယ့် သူတို့က သူ့အရှေ့မှာ ရုပ်သေးရုပ်တွေကျနေတာပဲ စကားနားထောင်သား။ သူကအဆင့်ဘယ်လောက်လဲ?”
လင်းဟောင်သည် ခေါင်းခါကာ
“ငါတို့မသိဘူး။ အဆင့်၆ဖြစ်မယ် ထင်တာပဲ”
“အဆင့်၆လား?”
လီကျန်းသည် အံ့သြစွာမေးသည်။
“ဒါဆိုရင် ဇွန်ဘီဘုရင်မလား? ဇွန်ဘီဘုရင်နဲ့ ဘုရင်မတွေက ဒီလိုမျိုးအဆင့်မြင့်မြင့်နဲ့ ပြောင်းလဲနိုင်နေပြီလား?”
လင်းဖန်သည် အနားသို့ လျှောက်လာရင်း
“ဒါတော့ မသေချာဘူး။ စကားပြောတက်တဲ့ဇွန်ဘီ ၂ကောင်ပဲ မြင်ဖူးသေးတယ်။ တစ်ကောင်က အစက စကားမပြောတက်ဘူး။ သူပြောင်းပေးလိုက်လို့ ပြောတက်သွားတာ”
ထိုအခါ လီကျန်းတို့သည် မျက်လုံးကျွတ်ကျမတက် ပြူးသွားကာ လင်းဖန်းကို လှည့်ကြည့်ပြီး
“သူက တခြားဇွန်ဘီကို ပြောင်းတယ်? သူကတခြားဇွန်ဘီကို စကားပြောအောင် လုပ်နိုင်တာလား? ဒါကကြောက်ဖို့ကောင်းတဲ့အစွမ်းပဲ!”
“စိတ်လျှော့!”
လင်းဖန်က ပြောသည်။
“အနည်းဆုံးတော့ သူ့ဇွန်ဘီတွေကို လူတွေကို ထိခိုက်အောင်လုပ်ခွင့် သူမပေးပါဘူး”
လီကျန်းသည် လင်းဖန်ကို နားမလည်စွာကြည့်ကာ
“ကပ္ပတိန်ကြီး ဒါကတကယ်သေချာလို့လား? သူ့ကိုသိတာကြာပြီမလို့လား?”
လင်းဖန်သည် ခေါင်းခါကာ
“မကြာသေးဘူး။ သိတာက လဝက်လောက်ပဲ ရှိသေးတယ်။ ဒါပင်မယ့် ငါတို့ကို သူကယ်ပေးခဲ့တယ်။ ပြီးတော့လည်း စခန်းသစ်ဆောက်မှာကို သူကူညီပေးနေတယ်”
လီကျန်းသည် လင်းဖန်ကို စိုက်ကြည့်ကာ
“ဘာဖြစ်လို့ကယ်တာလဲ? ဘာဖြစ်လို့ စခန်းသစ်ဆောက်တာကို သူကကူညီပေးရတာလဲ?”
လင်းဖန်သည် သူ့ကိုကြည့်ပြီးနောက် လင်းချင်းကိုကြည့်ကာ ပြောသည်။
“မသိဘူး။ ကြည့်ရတာ ငါတို့မသိသေးတဲ့ အကြောင်းပြချက်တွေ သူ့မှာရှိနေမှာ”
လင်းချင်းသည် လင်းဖန်အား တစ်ချက်မော့ကြည့်ကာ နယ်မြေလေးသို့ လျှောက်သွားသည်။ မသွားခင် လင်းဝမ်ဝမ်တို့ကို ပြောခဲ့သည်။
“သူတို့နဲ့ ဝေးဝေးနေ။ သူတို့စိတ်တွေက အခုမကြည်သေးဘူး။ လူတွေကို တိုက်ခိုက်နိုင်တယ်”
သူတို့သည် လင်းချင်း၊ ချုးလီလီနှင့် လျူကျွင်းတို့ဖြင့် အခုရင်းနှီးနေကြတော့ လင်းမိသားစုသည် တခြားဇွန်ဘီများအပေါ်တွင် အရမ်းသတိမကြီးကြတော့တာ ဖြစ်နိုင်သည်။ သူတို့မျက်လုံးထဲတွင် ဇွန်ဘီတိုင်းကို သူမတို့လိုမျိုး ထင်ရင်ထင်နေနိုင်သည်။ သို့သော်လည်း လင်းချင်းသည် သူတို့ကို ကြင်နာစွာဖြင့် သတိပြန်ပေးသည်။ လင်းဝမ်ဝမ်တို့သည် သူမစကားကို အလေးထားကာ နောက်သို့ဆုတ်ကြသည်။
အခြားသူများသည် ဆိုဖာတွင် ပြန်သွားထိုင်ကြကာ လင်းဝမ်ဝမ်ခူးပေးထားသည့် စတော်ဘယ်ရီသီးများကို စိုက်ကြည့်နေသည်။ လင်းမိသားစုလို မဟုတ်သည့် လီကျန်းတို့သည် စတော်ဘယ်ရီသီးများကို မထိရဲကြပေ။
လင်းချင်းသည် နယ်မြေလေးထဲသို့ သွားသည့်အခါ ချန်းဝမ်ရှုနှင့် လင်းရှောင်လုတို့သည် ပြန်ထွက်လာသည်ကို တွေ့သည်။ လင်းချင်းက ရှောင်လုအား
Advertisement
“ရှောင်လု ခုံတွေရှိတဲ့နေရာမှာ စတော်ဘယ်ရီသီးတွေ ရှိတယ်”
‘စတော်ဘယ်ရီသီး’ဆိုသည့်အသံကြားသည်နှင့် လင်းရှောင်လုသည် ခုံများရှိရာသို့ ပြေးလေသည်။ ထို့နောက် ချန်းဝမ်ရှုအား လင်းချင်းက
“သူ့အစွမ်းက ဘာလဲဆိုတာကို သိပြီလား?”
ချန်းဝမ်ရှုသည် ခေါင်းငြိမ့်ကာ ပြောသည်။
“ငါ့အထင် စိတ်စွမ်းအင်ဖြစ်လိမ့်မယ်။ စိတ်ဖတ်တဲ့သူပဲ။ ဒါပင်မယ့် အတွေးတွေကိုသိဖို့ လူတွေကို ထိဖို့လိုတယ်”
“စိတ်စွမ်းအင်လား?”
လင်းချင်းသည် ချန်းဝမ်ရှုအား အံ့သြစွာကြည့်ရင်း
“ရှားတဲ့အစွမ်းပဲ။ တခြားသတ္တဝါတွေရဲ့စိတ်ရော ဖတ်နိုင်လား? ဉပမာ ဇွန်ဘီတွေ”
ချန်းဝမ်ရှုသည် ခေါင်းခါကာ
“ငါတို့မစမ်းဖူးတော့ မသိဘူး”
လင်းချင်းသည် ပြုံး၍ခေါင်းငြိမ့်ကာ နယ်မြေလေးထဲသို့ လှမ်းကြည့်ရင်း တစ်ယောက်တည်း ရေရွတ်သည်။
“စိတ်စွမ်းအားကို ထိထိရောက်ရောက် ခုခံဖို့က မဖြစ်နိုင်ဘူး”
နယ်မြေလေးထဲတွင် လျူကျွင်းသည် လက်တင်ရသည့်ခုံလေးပေါ်တွင် စာအုပ်ထိုင်ဖတ်နေသည်။ လင်းချင်းရောက်လာသည့်အခါ သူမသည် ခေါင်းမော့ကြည့်သည်။ လင်းချင်းက အထဲကိုကြည့်ရင်း
“ကလေး အိပ်ပြီလား?”
လျူကျွင်းသည် ကုတင်ပေါ်တွင် အိပ်မောကျနေသည့် တုံတုံကိုကြည့်ကာ ခေါင်းငြိမ့်သည်။ ထို့နောက် လင်းချင်းဆီသို့ထွက်လာကာ မေးသည်။
“သူတို့ကို မှတ်မိလား?”
“ဘယ်သူလဲ?”
လင်းချင်းသည် သူမ၏မေးခွန်းကို တန်းနားမလည်လိုက်ပေ။
လျူကျွင်းသည် ခုံများရှိရာဘက်သို့ မေးငေါ့ပြကာ
“သူတို့ကို ကယ်လာတာလေ။ သိလို့ကယ်လာတာ မဟုတ်ဘူးလား?”
လင်းချင်းသည် နားမလည်စွာဖြင့် ခေါင်းခါကာ
“ငါသိဖို့လိုလို့လား? ဒါပင်မယ့် ငါမမှတ်မိဘူး။ ကမ္ဘာပျက်ပြီးတဲ့နောက်ပိုင်းကဟာတွေ ငါဘာမှမမှတ်မိတာကို နင်သိတယ်မလား။ ငါသူတို့ကိုကယ်လိုက်တာက ရန်သူ့ရဲ့ရန်သူက မိတ်ဆွေမလို့ပဲ။ ယန်ကျင်းဟွာဆိုတဲ့ကောင်ကို ဒုက္ခရောက်စေချင်လို့ ကယ်လိုက်တာ။ သူတို့ကို မမှတ်မိဘူး။ သူတို့ဘယ်သူလဲ နင်ရောသိလား?”
လျူကျွင်းသည် ခေါင်းငြိမ့်ကာ ပြောသည်။
“မသိတဲ့သူတွေကို ဘယ်လိုများ နယ်မြေထဲကို ထည့်ရဲတာလဲ? သူတိုမှာ မကောင်းတဲ့စိတ် ရှိနေမှာ မစိုးရိမ်ဖူးလား? နင့်နယ်မြေကို အသုံးချပြီးတော့ နင့်ကိုခြိမ်းခြောက်ဖို့ နည်းတစ်ခုခု သိသွားမှာ မကြောက်ဖူးလား?”
လင်းချင်းသည် ပေါ့ပေါ့ပါးပါးပြုံးကာ
“လွန်ခဲ့တဲ့ ၁လတုန်းကတော့ မလုပ်နိုင်ဘူးပေါ့။ ဒါပင်မယ့် အခုတော့ ဘယ်မကောင်းတဲ့ကောင်က ငါ့ကိုခြိမ်းခြောက်လောက်တဲ့အထိ သန်မာနေလို့လဲ?”
အခုတော့ သူမအပေါ်တွင် တစ်ဖက်သားက ဘယ်လိုရည်ရွယ်ချက်မျိုးရှိလဲ သိချင်ပါက သူမသည် ထိုသူအနားကိုသွား၍ စိတ်ဖတ်ဖို့သာလိုသည်။ မကောင်းတဲ့ရည်ရွယ်ချက်ရှိရင်တောင်မှ သူမသည် ကြိုသိနှင့်မှာ ဖြစ်သည်။ ထို့အပြင် အခုသူမသည် အင်အားကြီးဖြစ်နေပြီ။ ပင်လယ်မြို့တော်စခန်းမှ ခေါင်းဆောင်တောင် သူမကို မနိုင်တာ ဘယ်သူက သူမကို ခြိမ်းခြောက်ရဲမည်နည်း? ဘယ်လိုလူလိမ်ကောင်မှ သူမ၏စိတ်စွမ်းအားဖြင့် မဖုံးနိုင်သလို၊ ဘယ်လိုလှည့်စားမှုမျိုးကမှ သူမကို ထိခိုက်အောင် မလုပ်နိုင်ပေ။ အတွေးများကို မဖတ်နိုင်မှသာ ဒါမျိုးကို တွေးပူရမှာဖြစ်သည်။
Zawgyi Ver
၂၆၈။ ေၾကာက္ဖို႔ေကာင္းတဲ့အစြမ္း
“အနားကပ္လာရင္ ဒီႏွစ္ေကာင္က ခုန္အုပ္ေတာ့မယ္”
လင္းခ်င္းသည္ ဒီႏွစ္ေကာင္က လႈပ္ရွားေတာ့ဖို႔ ျပင္ေနသည္ကို ခံစားမိသျဖင့္ေျပာသည္။
လင္းဝမ္ဝမ္သည္ ေနာက္သို႔ဆုတ္လိုက္ကာ နားမလည္စြာျဖင့္ ေမးသည္။
“သူတို႔ကို ေရထဲစိမ္ၿပီးေတာ့ ခႏၶာကိုယ္ဖြဲ႕စည္းပုံ ေျပာင္းဖို႔လုပ္ေနတာလား? ဇြန္ဘီေတြက ေျပာင္းနိုင္လို႔လား?”
“ဘာျဖစ္လို႔ မရမွာလဲ?”
လင္းခ်င္းက ေျဖသည္။
“ငါမေျပာင္းလို႔လား?”
လင္းဝမ္ဝမ္သည္ ဘာေျပာရမလဲ မသိေတာ့ေပ။
လင္းခ်င္းသည္ ဇြန္ဘီႏွစ္ေကာင္အား
“ထြက္ၾက! ေဘးမွာေန မလႈပ္နဲ႕!”
ဇြန္ဘီႏွစ္ေကာင္သည္ ေရပုံးထဲမွ ထြက္လာကာ လူသားမ်ားေရွ႕တြင္ ကိုယ္လုံးတီးျဖင့္ ရပ္ေနသည္။ ဇြန္ဘီတို႔က ဂ႐ုမစိုက္ေသာ္လည္း လင္းဝမ္ဝမ္တို႔သည္ ခ်က္ခ်င္းပဲ အၾကည့္လႊဲၾကေတာ့သည္။ သို႔ေသာ္လည္း မၾကာခင္ ေသခ်ာျပန္ၾကည့္ၿပီးေနာက္ ထင္ျမင္ခ်က္ ေပးၾကသည္။
“ဇြန္ဘီအမက ကိုယ္လုံးကိုယ္ေပါက္ လွလိုက္တာ။ ရင္လည္းရွိတယ္။ ခါးကလည္း သြယ္သြယ္ေလး၊ ေျခတံကလည္း ရွည္ရွည္ေလးနဲ႕”
“ဟုတ္တယ္!”
လုံခ်င္းယင္က ေထာက္ခံသည္။
“ဇြန္ဘီထီးကလည္း မဆိုးပါဘူး။ သူဇြန္ဘီျဖစ္သြားၿပီးတဲ့ေနာက္ ေထာင္နိုင္ေသးလား ငါသိခ်င္တယ္”
လင္းဝမ္ဝမ္က ေျပာသည္။
“အဟမ္း! အဟမ္း!”
လုံခ်င္းယင္သည္ ဘာေျပာရမလဲ မသိေပ။
“ဟာ!”
လင္းေဟာင္က ေျပာသည္။
“နင္တို႔က မိန္းကေလးေတြမလား! သူေထာင္နိုင္မေထာင္နိုင္ သူ႕အစိတ္အပိုင္းကို စိုက္ၾကည့္ေျပာေနတာမ်ိဳး မလုပ္လို႔မရဘူးလား?”
လင္းဝမ္ဝမ္သည္ လွည့္ၾကည့္သည့္အခါ လင္းေဟာင္၏ေဘးက ေယာက္်ားတစ္စုမွာ သူမႏွင့္ လုံခ်င္းယင္ကို ထူးဆန္းစြာၾကည့္ေနေၾကာင္း ျမင္သြားသည္။ လုံခ်င္းယင္သည္ အနည္းငယ္ရွက္သြားကာ မ်က္ႏွာကို လႊဲလိုက္ကာ လင္းခ်င္းကိုၾကည့္သည္။
လင္းခ်င္းသည္ ေရပုံးႀကီးႏွစ္လုံးကို ျမက္ခင္းနားသို႔ ဆြဲသြားကာ ျမက္ခင္းမ်ားေပၚသို႔ ေရမ်ားေလာင္းခ်ေနၿပီးေနာက္ ပုံးကိုျပန္ဆြဲယူလာသည္။ ေရအသစ္ျပန္ျဖည့္ၿပီးေနာက္ သူမသည္ လြယ္လြယ္ကူကူပဲ ႏွစ္ပုံးလုံးကို ဇြန္ဘီႏွစ္ေကာင္နားသို႔ ျပန္ဆြဲယူလာကာ
“ဝင္ထိုင္!”
ဇြန္ဘီႏွစ္ေကာင္သည္ နာခံစြာျဖင့္ ပုံးကိုယ္စီထဲသို႔ ဝင္ထိုင္ၾကသည္ကို ျမင္သည့္အခါ လင္းခ်င္းသည္ ဇြန္ဘီမ၏ေခါင္းကို လက္ျဖင့္ဖိကာ
“မေသာက္နဲ႕! နင္ေသာက္ရင္ ငါနင့္ကို သတ္မွာေနာ္!”
“ဂါး”
ဇြန္ဘီမသည္ မေက်နပ္စြာ ေအာ္ေသာ္လည္း မေသာက္ရဲရွာေပ။ သူမသည္ လူသားမ်ားကိုသာ စိုက္ၾကည့္ေနေတာ့သည္။
Advertisement
လင္းေဟာင္၊ လီက်န္းႏွင့္ အျခားသူမ်ားသည္လည္း ဇြန္ဘီႏွစ္ေကာင္ကို ၾကည့္ေနၾကတာ ျဖစ္သည္။ လီက်န္းက ေမးသည္။
“သူဘာလုပ္ေနတာလဲ? ဇြန္ဘီႏွစ္ေကာင္က အဆင့္သုံး ဒါမွမဟုတ္ အဆင့္ေလးျဖစ္ေလာက္မယ္။ ဒါပင္မယ့္ သူတို႔က သူ႕အေရွ႕မွာ ႐ုပ္ေသး႐ုပ္ေတြက်ေနတာပဲ စကားနားေထာင္သား။ သူကအဆင့္ဘယ္ေလာက္လဲ?”
လင္းေဟာင္သည္ ေခါင္းခါကာ
“ငါတို႔မသိဘူး။ အဆင့္၆ျဖစ္မယ္ ထင္တာပဲ”
“အဆင့္၆လား?”
လီက်န္းသည္ အံ့ၾသစြာေမးသည္။
“ဒါဆိုရင္ ဇြန္ဘီဘုရင္မလား? ဇြန္ဘီဘုရင္နဲ႕ ဘုရင္မေတြက ဒီလိုမ်ိဳးအဆင့္ျမင့္ျမင့္နဲ႕ ေျပာင္းလဲနိုင္ေနၿပီလား?”
လင္းဖန္သည္ အနားသို႔ ေလွ်ာက္လာရင္း
“ဒါေတာ့ မေသခ်ာဘူး။ စကားေျပာတက္တဲ့ဇြန္ဘီ ၂ေကာင္ပဲ ျမင္ဖူးေသးတယ္။ တစ္ေကာင္က အစက စကားမေျပာတက္ဘူး။ သူေျပာင္းေပးလိုက္လို႔ ေျပာတက္သြားတာ”
ထိုအခါ လီက်န္းတို႔သည္ မ်က္လုံးကြၽတ္က်မတက္ ျပဴးသြားကာ လင္းဖန္းကို လွည့္ၾကည့္ၿပီး
“သူက တျခားဇြန္ဘီကို ေျပာင္းတယ္? သူကတျခားဇြန္ဘီကို စကားေျပာေအာင္ လုပ္နိုင္တာလား? ဒါကေၾကာက္ဖို႔ေကာင္းတဲ့အစြမ္းပဲ!”
“စိတ္ေလွ်ာ့!”
လင္းဖန္က ေျပာသည္။
“အနည္းဆုံးေတာ့ သူ႕ဇြန္ဘီေတြကို လူေတြကို ထိခိုက္ေအာင္လုပ္ခြင့္ သူမေပးပါဘူး”
လီက်န္းသည္ လင္းဖန္ကို နားမလည္စြာၾကည့္ကာ
“ကပၸတိန္ႀကီး ဒါကတကယ္ေသခ်ာလို႔လား? သူ႕ကိုသိတာၾကာၿပီမလို႔လား?”
လင္းဖန္သည္ ေခါင္းခါကာ
“မၾကာေသးဘူး။ သိတာက လဝက္ေလာက္ပဲ ရွိေသးတယ္။ ဒါပင္မယ့္ ငါတို႔ကို သူကယ္ေပးခဲ့တယ္။ ၿပီးေတာ့လည္း စခန္းသစ္ေဆာက္မွာကို သူကူညီေပးေနတယ္”
လီက်န္းသည္ လင္းဖန္ကို စိုက္ၾကည့္ကာ
“ဘာျဖစ္လို႔ကယ္တာလဲ? ဘာျဖစ္လို႔ စခန္းသစ္ေဆာက္တာကို သူကကူညီေပးရတာလဲ?”
လင္းဖန္သည္ သူ႕ကိုၾကည့္ၿပီးေနာက္ လင္းခ်င္းကိုၾကည့္ကာ ေျပာသည္။
“မသိဘူး။ ၾကည့္ရတာ ငါတို႔မသိေသးတဲ့ အေၾကာင္းျပခ်က္ေတြ သူ႕မွာရွိေနမွာ”
လင္းခ်င္းသည္ လင္းဖန္အား တစ္ခ်က္ေမာ့ၾကည့္ကာ နယ္ေျမေလးသို႔ ေလွ်ာက္သြားသည္။ မသြားခင္ လင္းဝမ္ဝမ္တို႔ကို ေျပာခဲ့သည္။
“သူတို႔နဲ႕ ေဝးေဝးေန။ သူတို႔စိတ္ေတြက အခုမၾကည္ေသးဘူး။ လူေတြကို တိုက္ခိုက္နိုင္တယ္”
သူတို႔သည္ လင္းခ်င္း၊ ခ်ဳးလီလီႏွင့္ လ်ဴကြၽင္းတို႔ျဖင့္ အခုရင္းႏွီးေနၾကေတာ့ လင္းမိသားစုသည္ တျခားဇြန္ဘီမ်ားအေပၚတြင္ အရမ္းသတိမႀကီးၾကေတာ့တာ ျဖစ္နိုင္သည္။ သူတို႔မ်က္လုံးထဲတြင္ ဇြန္ဘီတိုင္းကို သူမတို႔လိုမ်ိဳး ထင္ရင္ထင္ေနနိုင္သည္။ သို႔ေသာ္လည္း လင္းခ်င္းသည္ သူတို႔ကို ၾကင္နာစြာျဖင့္ သတိျပန္ေပးသည္။ လင္းဝမ္ဝမ္တို႔သည္ သူမစကားကို အေလးထားကာ ေနာက္သို႔ဆုတ္ၾကသည္။
အျခားသူမ်ားသည္ ဆိုဖာတြင္ ျပန္သြားထိုင္ၾကကာ လင္းဝမ္ဝမ္ခူးေပးထားသည့္ စေတာ္ဘယ္ရီသီးမ်ားကို စိုက္ၾကည့္ေနသည္။ လင္းမိသားစုလို မဟုတ္သည့္ လီက်န္းတို႔သည္ စေတာ္ဘယ္ရီသီးမ်ားကို မထိရဲၾကေပ။
လင္းခ်င္းသည္ နယ္ေျမေလးထဲသို႔ သြားသည့္အခါ ခ်န္းဝမ္ရႈႏွင့္ လင္းေရွာင္လုတို႔သည္ ျပန္ထြက္လာသည္ကို ေတြ႕သည္။ လင္းခ်င္းက ေရွာင္လုအား
“ေရွာင္လု ခုံေတြရွိတဲ့ေနရာမွာ စေတာ္ဘယ္ရီသီးေတြ ရွိတယ္”
‘စေတာ္ဘယ္ရီသီး’ဆိုသည့္အသံၾကားသည္ႏွင့္ လင္းေရွာင္လုသည္ ခုံမ်ားရွိရာသို႔ ေျပးေလသည္။ ထို႔ေနာက္ ခ်န္းဝမ္ရႈအား လင္းခ်င္းက
“သူ႕အစြမ္းက ဘာလဲဆိုတာကို သိၿပီလား?”
ခ်န္းဝမ္ရႈသည္ ေခါင္းၿငိမ့္ကာ ေျပာသည္။
“ငါ့အထင္ စိတ္စြမ္းအင္ျဖစ္လိမ့္မယ္။ စိတ္ဖတ္တဲ့သူပဲ။ ဒါပင္မယ့္ အေတြးေတြကိုသိဖို႔ လူေတြကို ထိဖို႔လိုတယ္”
“စိတ္စြမ္းအင္လား?”
လင္းခ်င္းသည္ ခ်န္းဝမ္ရႈအား အံ့ၾသစြာၾကည့္ရင္း
“ရွားတဲ့အစြမ္းပဲ။ တျခားသတၱဝါေတြရဲ႕စိတ္ေရာ ဖတ္နိုင္လား? ဉပမာ ဇြန္ဘီေတြ”
ခ်န္းဝမ္ရႈသည္ ေခါင္းခါကာ
“ငါတို႔မစမ္းဖူးေတာ့ မသိဘူး”
လင္းခ်င္းသည္ ၿပဳံး၍ေခါင္းၿငိမ့္ကာ နယ္ေျမေလးထဲသို႔ လွမ္းၾကည့္ရင္း တစ္ေယာက္တည္း ေရ႐ြတ္သည္။
“စိတ္စြမ္းအားကို ထိထိေရာက္ေရာက္ ခုခံဖို႔က မျဖစ္နိုင္ဘူး”
နယ္ေျမေလးထဲတြင္ လ်ဴကြၽင္းသည္ လက္တင္ရသည့္ခုံေလးေပၚတြင္ စာအုပ္ထိုင္ဖတ္ေနသည္။ လင္းခ်င္းေရာက္လာသည့္အခါ သူမသည္ ေခါင္းေမာ့ၾကည့္သည္။ လင္းခ်င္းက အထဲကိုၾကည့္ရင္း
“ကေလး အိပ္ၿပီလား?”
လ်ဴကြၽင္းသည္ ကုတင္ေပၚတြင္ အိပ္ေမာက်ေနသည့္ တုံတုံကိုၾကည့္ကာ ေခါင္းၿငိမ့္သည္။ ထို႔ေနာက္ လင္းခ်င္းဆီသို႔ထြက္လာကာ ေမးသည္။
“သူတို႔ကို မွတ္မိလား?”
“ဘယ္သူလဲ?”
လင္းခ်င္းသည္ သူမ၏ေမးခြန္းကို တန္းနားမလည္လိုက္ေပ။
လ်ဴကြၽင္းသည္ ခုံမ်ားရွိရာဘက္သို႔ ေမးေငါ့ျပကာ
“သူတို႔ကို ကယ္လာတာေလ။ သိလို႔ကယ္လာတာ မဟုတ္ဘူးလား?”
လင္းခ်င္းသည္ နားမလည္စြာျဖင့္ ေခါင္းခါကာ
“ငါသိဖို႔လိုလို႔လား? ဒါပင္မယ့္ ငါမမွတ္မိဘူး။ ကမာၻပ်က္ၿပီးတဲ့ေနာက္ပိုင္းကဟာေတြ ငါဘာမွမမွတ္မိတာကို နင္သိတယ္မလား။ ငါသူတို႔ကိုကယ္လိုက္တာက ရန္သူ႕ရဲ႕ရန္သူက မိတ္ေဆြမလို႔ပဲ။ ယန္က်င္းဟြာဆိုတဲ့ေကာင္ကို ဒုကၡေရာက္ေစခ်င္လို႔ ကယ္လိုက္တာ။ သူတို႔ကို မမွတ္မိဘူး။ သူတို႔ဘယ္သူလဲ နင္ေရာသိလား?”
လ်ဴကြၽင္းသည္ ေခါင္းၿငိမ့္ကာ ေျပာသည္။
“မသိတဲ့သူေတြကို ဘယ္လိုမ်ား နယ္ေျမထဲကို ထည့္ရဲတာလဲ? သူတိုမွာ မေကာင္းတဲ့စိတ္ ရွိေနမွာ မစိုးရိမ္ဖူးလား? နင့္နယ္ေျမကို အသုံးခ်ၿပီးေတာ့ နင့္ကိုၿခိမ္းေျခာက္ဖို႔ နည္းတစ္ခုခု သိသြားမွာ မေၾကာက္ဖူးလား?”
လင္းခ်င္းသည္ ေပါ့ေပါ့ပါးပါးၿပဳံးကာ
“လြန္ခဲ့တဲ့ ၁လတုန္းကေတာ့ မလုပ္နိုင္ဘူးေပါ့။ ဒါပင္မယ့္ အခုေတာ့ ဘယ္မေကာင္းတဲ့ေကာင္က ငါ့ကိုၿခိမ္းေျခာက္ေလာက္တဲ့အထိ သန္မာေနလို႔လဲ?”
အခုေတာ့ သူမအေပၚတြင္ တစ္ဖက္သားက ဘယ္လိုရည္႐ြယ္ခ်က္မ်ိဳးရွိလဲ သိခ်င္ပါက သူမသည္ ထိုသူအနားကိုသြား၍ စိတ္ဖတ္ဖို႔သာလိုသည္။ မေကာင္းတဲ့ရည္႐ြယ္ခ်က္ရွိရင္ေတာင္မွ သူမသည္ ႀကိဳသိႏွင့္မွာ ျဖစ္သည္။ ထို႔အျပင္ အခုသူမသည္ အင္အားႀကီးျဖစ္ေနၿပီ။ ပင္လယ္ၿမိဳ႕ေတာ္စခန္းမွ ေခါင္းေဆာင္ေတာင္ သူမကို မနိုင္တာ ဘယ္သူက သူမကို ၿခိမ္းေျခာက္ရဲမည္နည္း? ဘယ္လိုလူလိမ္ေကာင္မွ သူမ၏စိတ္စြမ္းအားျဖင့္ မဖုံးနိုင္သလို၊ ဘယ္လိုလွည့္စားမႈမ်ိဳးကမွ သူမကို ထိခိုက္ေအာင္ မလုပ္နိုင္ေပ။ အေတြးမ်ားကို မဖတ္နိုင္မွသာ ဒါမ်ိဳးကို ေတြးပူရမွာျဖစ္သည္။
Advertisement
- In Serial228 Chapters
Master Of Time
If you have the power to travel anywhere in time, armed with your knowledge, what would you do? Could you prevent wars, natural disasters and the economic crisis? Do you really want to? Wouldn’t you prefer to play God instead? Afterall, only God should have the power to control time.
8 1213 - In Serial9 Chapters
Hot Guy Cold Guy
Two exiles are forced by circumstances to travel together. Well, or one forces the other to follow. Hmm, no. One chooses to follow the other. Ah, forget it. It depends. Anyway, life is an adventure. Life in fantasy much more so. But, as in real life, some characters just seem to bumble foolishly along. Skah is one of those people. Meanwhile, others take it too seriously. The clash that comes from forcing these two people together can only be described as an adventure.
8 111 - In Serial12 Chapters
Muhteşem Yüzyıl: Nowa Era II
Tom II zaskakującej, pełnej zwrotów akcji, romantycznych uniesień i atmosfery niepewności opowieści o życiu i działaniach słynnej sułtanki Rany, która po sześciu latach na wygnaniu wraca do rodzinnego pałacu Topkapi.
8 145 - In Serial24 Chapters
Looping, oh the fun! (Naruto)
Naruto and Sasuke are looping, and they're bored. They've already destroyed Konoha 15 times, taken over the world 15 times, gathered a harem 20 times and failed each time, joined ANBU 78 times, created their own villages over 30 times... What should they do now?For those of you who don't know what looping is, basically, it's time traveling done over and over and over again. Sometimes, it can also be dimension jumping (which appeared in my story). Something always triggers looping. Most of the time the trigger is death. If a character dies, he will wake up back in time. Do things, die again, and wake up back in the same time again. Or in some circumstances, wake up and find oneself in another dimension. See "Naruto Omake Files Innortal Style" for reference. Recommend Chapter 7 New Intros.
8 175 - In Serial23 Chapters
{ enchanted forest }
season 2 of OUATIn which Winter enters a Sleeping Curse and the fairytale characters try to save her and Storybrooke from their doom.
8 104 - In Serial11 Chapters
Fire and Ice
Samantha, have you checked if you got accepted in the schools you sent application to? Mom no.... (busily using her phone).What are you waiting for? Mom can you check for me? I think I received an e-mail, I was scared to check. Yes madam Sam
8 220

