《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》269
Advertisement
၂၆၉။ ရဲတင်းလွန်းလိုက်တာ
လျူကျွင်းသည် သူမကို ကူကယ်ရာမဲ့စွာကြည့်ကာ
“ရဲတင်းလွန်းလိုက်တာ။ နင်က တကယ့်ကို ဘာကိုမှ မကြောက်ဖူးပဲ”
“ယုံကြည်မှုရှိတယ်လို့ခေါ်တယ်!”
လင်းချင်းက ပြောသည်။
“ပြီးတော့လည်း ဒါကငါ့ကမ္ဘာ။ ဒီနယ်မြေရဲ့ ပိုင်ရှင်ကြီးက ငါလေ ဒါနဲ့ နင်ငါမေးတာကို မဖြေရသေးဘူးနော်။ နင်သူတို့ကို သိလားလို့?”
လျူကျွင်းက ခုံတွင်ထိုင်နေသည့်သူများကို ကြည့်ကာ
“ဟေးဒီးစခန်းကလူအများစုက သူတို့ကို သိကြတာပေါ့။ နင်ပြန်မှတ်မိရင် သူတို့ကို သေချာသိမှာပါ”
“ဒီလိုလား? သူတို့က ငါနဲ့ဘာဆိုင်လို့လဲ?”
လင်းချင်းက သိချင်စွာဖြင့် မေးသည်။
လျူကျွင်းသည် မျက်လုံးကိုလှန်ကာ
“ဆိုင်တာပေါ့။ သူတို့အကုန်လုံးက နင့်လက်အောက်ငယ်သားတွေ”
လင်းချင်းသည် သူမကိုကြည့်ကာ မယုံနိုင်စွာဖြင့် ရေရွတ်သည်။
“ဟင်? မဖြစ်နိုင်တာ။ တိုက်တိုက်ဆိုင်ဆိုင် ကယ်လာမိတဲ့သူတွေက ငါ့လက်အောက်ကလူတွေလား? သူတို့က လင်းဖန်တို့နဲ့ ရင်းနှီးနေတာ မဆန်းတော့ပါဘူး။ ငါက အချင်းချင်းသိကြတယ်ပဲ ထင်နေတာ”
သူမသည် ဒီလူများကို နယ်မြေထဲသို့ ထည့်လာပြီးနောက် သိပ်သတိမထားမိခဲ့ပေ။ လင်းမိသားစုက အံ့သြတကြီးဖြစ်တာမြင်တော့ သူမသည် အချင်းချင်းသိသည်ဟုသာ ထင်ကာ အများကြီးတွေးကြည့်မနေတော့ဘဲ နယ်မြေထဲတွင်ထားကာ ထွက်သွားတာ ဖြစ်သည်။
“ယန်ကျင်းဟွာကို လွှတ်ပေးလိုက်တာလား?”
ယန်ကျင်းဟွာအကြောင်း မေးသည့်အခါ လင်းချင်းသည် လက်ဖြန့်ပြကာ
“ဟုတ်တယ်။ သူငါ့ကို မကောင်းတာ တော်တော်လုပ်ခဲ့တယ် ကြားပင်မယ့် ဘာမှမမှတ်မိဘူး။ ငါအခုလက်စားချေရင်လည်း အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ ပြန်မှတ်မိတဲ့အထိ အချိန်ယူပြီးမှပဲ ရှင်းတော့မယ်။ ပြီးတော့လည်း ငါ့လက်ရှိအစွမ်းက သူ့ကိုထိခိုက်အောင် လုပ်မရသေးဘူး။ သူလည်း ငါ့ကိုထိခိုက်အောင် မလုပ်နိုင်ပါဘူး”
လျူကျွင်းသည် သူမကိုကြည့်ကာ ဖြေသည်။
“ဟုတ်တယ်။ ဒါပင်မယ့် မှတ်ဉာဏ်တွေ ပြန်ပေါ်အောင် ဘယ်လိုလုပ်ရမလဲ ငါတို့မှ မသိတာ။ နင်အဲ့နေရာကို ပြန်ရောက်လည်း ဘာမှမမှတ်မိသေးရင် ဘယ်လိုလုပ်မလဲ? သူ့ကိုအရှင်ဆက်ထားနေမှာလား?”
လင်းချင်းသည် သူမကိုတစ်ချက်ကြည့်ကာ
“အဲ့နေရာကို သွားပြီးလို့ ဘာမှမမှတ်မိသေးရင် နောက်တစ်နည်းရှာရမှာပဲ။ ဒါပင်မယ့်လည်း သူကမျက်နှာပြောင်ပြီး ငါ့ရှေ့မှာ ထပ်ပေါ်လာလို့ကတော့ ငါသူ့ကို လွှတ်ပေးမှာ မဟုတ်တော့ဘူး”
လျူကျွင်းသည် ဘာကိုဆက်ပြောရမလဲ မသိစွာကြည့်နေသည်။ ထို့နောက် ခေါင်းစဉ်ပြောင်းလိုက်ကာ
“ဒီနယ်မြေလေးက ဘယ်ကလဲ? ငါ့အထင် ဒီလိုနယ်မြေလေးမျိုးတွေ ထပ်ရရင် ပိုအဆင်ပြေမယ်။ နင်မြင်တဲ့အတိုင်း ဒါကနင့်အိမ်လို ဖြစ်နေပြီးတော့ လူတွေကို ခနခနခေါ်လာနေတက်တာ။ အပြင်ကနေ အိမ်တစ်လုံးလောက် ထည့်လိုက်ပါလား? ဒါဆိုရင် ငါတို့ပရိဘောဂတွေလည်း နေရာချရတာ လွယ်ပြီ။ သူတို့ကို မြက်ခင်းထဲမှာ ရပ်ခိုင်းထားရတာက နည်းနည်းမထူးဆန်းဘူးလား?”
လင်းချင်းသည် ပရိဘောဂများပုံထားသည့် နေရာနားက လူများကို တစ်ချက်ကြည့်သည်။ ပရိဘောဂများသည် အခုနည်းနည်းသပ်ရပ်နေတော့လည်း ကြည့်ရတာက တစ်မျိုးကြီး ဖြစ်နေသည်ကတော့ အမှန်ပင်။
သူမသည် နယ်မြေထဲကို အိမ်တစ်လုံးထည့်ဖို့ တွေးဖူးသော်လည်း ပြဿနာက ရှိနေသည်။
“အပြင်က အဆောက်အဦးတိုင်းက မြေပေါ်မှာ ဆောက်ထားတာ။ ငါကမြေကြီးနဲ့ ဆက်နေတဲ့ပစ္စည်းဆိုရင် နယ်မြေထဲကိုထည့်မရဘူး။ ဆိုလာတွေကိုပဲကြည့်။ အဆောက်အဦးဆိုရင်လည်း တစ်ယောက်ယောက်က ဖယ်ပေးထားမှ ငါသွင်းရမှာ”
လျူကျွင်းသည် သဘောတူစွာဖြင့် ခေါင်းငြိမ့်သည်။ တကယ်ပြဿနာရှိသည်။
“ယွမ်ထန်ရှင်းပြန်လာတာကိုစောင့်ပြီး သူ့ကိုအကူအညီတောင်းမှပဲ။ ဒီလိုနယ်မြေလေးတွေ ရဖို့ကတော့ နေရာလွတ်စွမ်းအားရှင် ဒါမှမဟုတ် နေရာလွတ်ဇွန်ဘီကို သတ်ဖို့လိုမယ် ထင်တယ်”
သူမ၏နယ်မြေအဆင့်မြင့်သွားတုန်းက ဒီနယ်မြေ၏ သဘောသဘာဝတချို့ကို သူမနားလည်ခဲ့သည်။ ဒီနယ်မြေလေးသည် နေရာလွတ်စွမ်းအားရှင်၏ အမြူတေကို သူမစုပ်ယူခဲ့သောကြောင့် သူမ၏နယ်မြေတစ်စိတ်တစ်ပိုင်းဖြစ်လာတာ ဖြစ်သည်။ သူမသာ နေရာလွတ်စွမ်းအင်အမြူတေများရပါက သူမသည် နယ်မြေလေးများကို ထပ်ထည့်နိုင်မှာ ဖြစ်သည်။
“ဒီနယ်မြေလေးက သူများဆီက ရတာလို့ ပြောချင်တာလား? ဒါက တကယ်ဖြစ်လို့လား?”
လျူကျွင်းသည် အံ့သြစွာကြည့်သည်။
လင်းချင်းသည် သူမကိုကြည့်ကာ ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်ပြီး
“နင်တော်တော်များများသိနေပြီပဲ။ နင့်နားလည်နိုင်စွမ်းကလည်း တကယ်မြင့်လာတယ်”
လျူကျွင်းသည် ပြုံးဖြဲဖြဲဖြင့် ပြောသည်။
“ငါဉာဏ်ကောင်းတာ ချီးကျူးချင်တယ်ဆိုရင်လည်း ဒီတိုင်းပြောရပါတယ်။ ရှက်မနေပါနဲ့”
လင်းချင်းသည် ဆွံ့အသွားရှာသည်။
“အခုအပြင်မှာ ဘယ်လိုလဲ?”
လျူကျွင်းက မေးသည်။
လင်းချင်းသည် မျက်လုံးမှိတ်ကာ အပြင်ကိုကြည့်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ
“ဟိုတယ်တစ်ခုလုံးခဲနေပြီ။ ဘယ်သူမှ ဝင်လို့ထွက်လို့ မရတော့ဘူး”
“ယန်ကျင်းဟွာကရော?”
လျူကျွင်းက မေးသည်။
ထိုအချိန်တွင် လင်းချင်းသည် ရုတ်တရပ် မျက်နှာမည်းသွားကာ
“ငါအပြင်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်”
ပြောပြီးသည်နှင့် သူမသည် နယ်မြေလေး၏အပေါက်ဝမှ ပျောက်သွားသည်။ လင်းချင်းသည် အမိုးပေါ်က လသာဆောင်ပေါ်တွင် ရပ်နေသည်။ လသာဆောင်၏တံခါးသည် ရေခဲနေကာ အထဲတွင် စစ်သားအချို့ရှိသည်။ သူမလှည့်ကြည့်သည့်အခါ သူမနားတွင် ရေခဲရုပ်များတွေ့ကာ အကုန်ုလုံးသည် ယန်ကျင်းဟွာ၏ စစ်သားများပင်။ သူမ၏မျက်နှာသည် ပိုမည်းလာကာ လူသတ်ချင်စိတ်တို့ ပိုပြင်းလာသည်။
လှေကားများကို ရေများကခဲနကာ။ အဆောက်အဦးတစ်ခုလုံးအား ယန်ကျင်းဟွာ၏ ရေခဲများက ဖုံးထားသည်။ အပြင်တွင်တော့ လင်းချင်းသည် သူတို့ဆီသွားတုန်းက ရိုက်ခဲ့သည့် စစ်သားများကို တွေ့လိုက်သည်။ ယန်ကျင်းဟွာသည် သူခေါ်လာသမျှ စစ်သားတိုင်းကို အဆင့်ငါးအဖွဲ့ခေါင်းဆောင်နှစ်ယောက်ပါ အပါအဝင် ခဲအောင်လုပ်၍ သတ်ပစ်တာဖြစ်သည်။ ထိုခေါင်းဆောင်နှစ်ယောက်သည် သေသွားသည့် စစ်သားများအတွက် အသနားခံပေး၍ သေသွားရခြင်းကိုတော့ လင်းချင်းမှာ မသိခဲ့ပေ။
Advertisement
“အရှင်ထားလည်း အသုံးဝင်တာမှ မဟုတ်တာ။ ငါတို့ပြန်တဲ့လမ်းမှာ ဇွန်ဘီအစားခံရမှာပဲ။ ငါသူတို့ကို အပိုင်းပိုင်းကိုက်စားခွင့် မပေးဘဲ ဒီလိုသေခွင့်ပေးတာက ပိုကောင်းသေးတယ်”
ယန်ကျင်းဟွာသည် ဒီလိုပြောကာ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ကိုပါ ရေခဲရုပ်အဖြစ် ပြောင်းပစ်လိုက်သည်။ ဒါကိုမြင်လိုက်ရသည့် အခြားအဖွဲ့ခေါင်းဆောင်များသည် တိတ်သွားကြသည်။
လင်းချင်းသည် သေသွားသည့် စစ်သားများကိုကြည့်ပြီး ရင်ထဲမကောင်းပေ။ ဒီစစ်သားများသည် ဟေးဒီးစခန်းက ဖြစ်သလို မသေသင့်ကြပေ။ ယန်ကျင်းဟွာသည် သူတို့မိသားစုကိုဖမ်းပြီး ခြိမ်းခြောက်ထား၍သာ လိုက်လာခဲ့ရသူများ ဖြစ်သည်။ သူတို့သည် ဒီလိုလုပ်ရင်း သေသွားလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်ခဲ့မှာ မဟုတ်ကြပေ။ သူတို့အသက်များသည် ယန်ကျင်းဟွာအတွက် ဘာမှမဟုတ်ပေ။ သူစိတ်ကြည်နေရင် ရှင်ခွင့်ပေးထားကာ စိတ်မကြည်သည်နှင့် သူသတ်ပစ်သည်။
‘ဒီလိုကောင်မျိုးက အကြိမ်တစ်သောင်းတစ်သိန်းလောက်ကို သေသင့်တာ ဘယ်လိုလုပ် စခန်းခေါင်းဆောင်လုပ်ဖို့ တွေးနေတာလဲ? ငါမသတ်ရင်တောင်မှ တခြားသူတွေကြောင့် ကြာကြာရှင်မယ့်သူ မဟုတ်ဘူး!’
လင်းချင်းသည် လက်သီးကို တင်းနေအောင် ဆုပ်လိုက်သည်။
အဆောက်အဦးထဲက ရေခဲများသည် သာမန်ရေခဲမဟုတ်ပေ။ စွမ်းအားပါနေသောကြောင့် ပုံမှန်လို မပျော်ကာ ဖြည်းဖြည်းချင်း အရည်ပျော်ခြင်း သို့မဟုတ် ကွဲခြင်းလောက်သာ ဖြစ်လိမ့်မည်။ လင်းချင်းသည် သူမထိမိပါက အပိုင်းပိုင်းကွဲသွားမည်ကိုသိ၍ အမိုးပေါ်က ရေခဲရုပ်များကို မထိပေ။
သူမသည် နယ်မြေထဲသို့ ပြန်ဝင်လာကာ လျူကျွင်းအား
“ယန်ကျင်းဟွာက သူခေါ်လာသမျှ စစ်သားတွေ အကုန်လုံးကို ခဲအောင်လုပ် သတ်ပစ်လိုက်ပြီ!”
လျူကျွင်းသည် မျက်လုံးပြုတ်ကျမတက်ပြူးကာ
“ဘာ? ဘာဖြစ်လို့ သူ့လူကိုသူပြန်သတ်နေတာလဲ?”
“သူအားသုံးဆွဲခေါ်လာတဲ့သူတွေ”
လင်းချင်းက ပြောသည်။
“ကြည့်ရတာ ဒီလူတွေက သူ့ကိုမုန်းတာ သိနေပုံပဲ။ စခန်းကို အသက်ရှင်လျှက် ပြန်ခေါ်ဖို့ ဘယ်တုန်းကမှ အစီအစဉ်မရှိလောက်ဘူး”
“အတော်ရက်စက်တာပဲ!”
လျူကျွင်းက မယုံနိုင်စွာပြောသည်။
“ဒီလူတွေရဲ့အသက်က သူ့အတွက် ဘာမှမဟုတ်ဘူးလား?”
“ဒီလိုထင်တာပဲ”
လင်းချင်းက သက်ပြင်းချသည်။
“ယန်ကျင်းဟွာက ဒီလိုလူစားမျိုးမှန်း ငါမသိခဲ့ဘူး။ သစ္စာဖောက်ကောင်!”
လျူကျွင်းသည် အံ့သြစွာဖြင့် ရေရွတ်သည်။
Zawgyi Ver
၂၆၉။ ရဲတင္းလြန္းလိုက္တာ
လ်ဴကြၽင္းသည္ သူမကို ကူကယ္ရာမဲ့စြာၾကည့္ကာ
“ရဲတင္းလြန္းလိုက္တာ။ နင္က တကယ့္ကို ဘာကိုမွ မေၾကာက္ဖူးပဲ”
“ယုံၾကည္မႈရွိတယ္လို႔ေခၚတယ္!”
လင္းခ်င္းက ေျပာသည္။
“ၿပီးေတာ့လည္း ဒါကငါ့ကမာၻ။ ဒီနယ္ေျမရဲ႕ ပိုင္ရွင္ႀကီးက ငါေလ ဒါနဲ႕ နင္ငါေမးတာကို မေျဖရေသးဘူးေနာ္။ နင္သူတို႔ကို သိလားလို႔?”
လ်ဴကြၽင္းက ခုံတြင္ထိုင္ေနသည့္သူမ်ားကို ၾကည့္ကာ
“ေဟးဒီးစခန္းကလူအမ်ားစုက သူတို႔ကို သိၾကတာေပါ့။ နင္ျပန္မွတ္မိရင္ သူတို႔ကို ေသခ်ာသိမွာပါ”
“ဒီလိုလား? သူတို႔က ငါနဲ႕ဘာဆိုင္လို႔လဲ?”
လင္းခ်င္းက သိခ်င္စြာျဖင့္ ေမးသည္။
လ်ဴကြၽင္းသည္ မ်က္လုံးကိုလွန္ကာ
“ဆိုင္တာေပါ့။ သူတို႔အကုန္လုံးက နင့္လက္ေအာက္ငယ္သားေတြ”
လင္းခ်င္းသည္ သူမကိုၾကည့္ကာ မယုံနိုင္စြာျဖင့္ ေရ႐ြတ္သည္။
“ဟင္? မျဖစ္နိုင္တာ။ တိုက္တိုက္ဆိုင္ဆိုင္ ကယ္လာမိတဲ့သူေတြက ငါ့လက္ေအာက္ကလူေတြလား? သူတို႔က လင္းဖန္တို႔နဲ႕ ရင္းႏွီးေနတာ မဆန္းေတာ့ပါဘူး။ ငါက အခ်င္းခ်င္းသိၾကတယ္ပဲ ထင္ေနတာ”
သူမသည္ ဒီလူမ်ားကို နယ္ေျမထဲသို႔ ထည့္လာၿပီးေနာက္ သိပ္သတိမထားမိခဲ့ေပ။ လင္းမိသားစုက အံ့ၾသတႀကီးျဖစ္တာျမင္ေတာ့ သူမသည္ အခ်င္းခ်င္းသိသည္ဟုသာ ထင္ကာ အမ်ားႀကီးေတြးၾကည့္မေနေတာ့ဘဲ နယ္ေျမထဲတြင္ထားကာ ထြက္သြားတာ ျဖစ္သည္။
“ယန္က်င္းဟြာကို လႊတ္ေပးလိုက္တာလား?”
ယန္က်င္းဟြာအေၾကာင္း ေမးသည့္အခါ လင္းခ်င္းသည္ လက္ျဖန့္ျပကာ
“ဟုတ္တယ္။ သူငါ့ကို မေကာင္းတာ ေတာ္ေတာ္လုပ္ခဲ့တယ္ ၾကားပင္မယ့္ ဘာမွမမွတ္မိဘူး။ ငါအခုလက္စားေခ်ရင္လည္း အဓိပၸါယ္ရွိမွာ မဟုတ္ဘူး။ ျပန္မွတ္မိတဲ့အထိ အခ်ိန္ယူၿပီးမွပဲ ရွင္းေတာ့မယ္။ ၿပီးေတာ့လည္း ငါ့လက္ရွိအစြမ္းက သူ႕ကိုထိခိုက္ေအာင္ လုပ္မရေသးဘူး။ သူလည္း ငါ့ကိုထိခိုက္ေအာင္ မလုပ္နိုင္ပါဘူး”
လ်ဴကြၽင္းသည္ သူမကိုၾကည့္ကာ ေျဖသည္။
“ဟုတ္တယ္။ ဒါပင္မယ့္ မွတ္ဉာဏ္ေတြ ျပန္ေပၚေအာင္ ဘယ္လိုလုပ္ရမလဲ ငါတို႔မွ မသိတာ။ နင္အဲ့ေနရာကို ျပန္ေရာက္လည္း ဘာမွမမွတ္မိေသးရင္ ဘယ္လိုလုပ္မလဲ? သူ႕ကိုအရွင္ဆက္ထားေနမွာလား?”
လင္းခ်င္းသည္ သူမကိုတစ္ခ်က္ၾကည့္ကာ
“အဲ့ေနရာကို သြားၿပီးလို႔ ဘာမွမမွတ္မိေသးရင္ ေနာက္တစ္နည္းရွာရမွာပဲ။ ဒါပင္မယ့္လည္း သူကမ်က္ႏွာေျပာင္ၿပီး ငါ့ေရွ႕မွာ ထပ္ေပၚလာလို႔ကေတာ့ ငါသူ႕ကို လႊတ္ေပးမွာ မဟုတ္ေတာ့ဘူး”
လ်ဴကြၽင္းသည္ ဘာကိုဆက္ေျပာရမလဲ မသိစြာၾကည့္ေနသည္။ ထို႔ေနာက္ ေခါင္းစဥ္ေျပာင္းလိုက္ကာ
“ဒီနယ္ေျမေလးက ဘယ္ကလဲ? ငါ့အထင္ ဒီလိုနယ္ေျမေလးမ်ိဳးေတြ ထပ္ရရင္ ပိုအဆင္ေျပမယ္။ နင္ျမင္တဲ့အတိုင္း ဒါကနင့္အိမ္လို ျဖစ္ေနၿပီးေတာ့ လူေတြကို ခနခနေခၚလာေနတက္တာ။ အျပင္ကေန အိမ္တစ္လုံးေလာက္ ထည့္လိုက္ပါလား? ဒါဆိုရင္ ငါတို႔ပရိေဘာဂေတြလည္း ေနရာခ်ရတာ လြယ္ၿပီ။ သူတို႔ကို ျမက္ခင္းထဲမွာ ရပ္ခိုင္းထားရတာက နည္းနည္းမထူးဆန္းဘူးလား?”
လင္းခ်င္းသည္ ပရိေဘာဂမ်ားပုံထားသည့္ ေနရာနားက လူမ်ားကို တစ္ခ်က္ၾကည့္သည္။ ပရိေဘာဂမ်ားသည္ အခုနည္းနည္းသပ္ရပ္ေနေတာ့လည္း ၾကည့္ရတာက တစ္မ်ိဳးႀကီး ျဖစ္ေနသည္ကေတာ့ အမွန္ပင္။
သူမသည္ နယ္ေျမထဲကို အိမ္တစ္လုံးထည့္ဖို႔ ေတြးဖူးေသာ္လည္း ျပႆနာက ရွိေနသည္။
Advertisement
“အျပင္က အေဆာက္အဦးတိုင္းက ေျမေပၚမွာ ေဆာက္ထားတာ။ ငါကေျမႀကီးနဲ႕ ဆက္ေနတဲ့ပစၥည္းဆိုရင္ နယ္ေျမထဲကိုထည့္မရဘူး။ ဆိုလာေတြကိုပဲၾကည့္။ အေဆာက္အဦးဆိုရင္လည္း တစ္ေယာက္ေယာက္က ဖယ္ေပးထားမွ ငါသြင္းရမွာ”
လ်ဴကြၽင္းသည္ သေဘာတူစြာျဖင့္ ေခါင္းၿငိမ့္သည္။ တကယ္ျပႆနာရွိသည္။
“ယြမ္ထန္ရွင္းျပန္လာတာကိုေစာင့္ၿပီး သူ႕ကိုအကူအညီေတာင္းမွပဲ။ ဒီလိုနယ္ေျမေလးေတြ ရဖို႔ကေတာ့ ေနရာလြတ္စြမ္းအားရွင္ ဒါမွမဟုတ္ ေနရာလြတ္ဇြန္ဘီကို သတ္ဖို႔လိုမယ္ ထင္တယ္”
သူမ၏နယ္ေျမအဆင့္ျမင့္သြားတုန္းက ဒီနယ္ေျမ၏ သေဘာသဘာဝတခ်ိဳ႕ကို သူမနားလည္ခဲ့သည္။ ဒီနယ္ေျမေလးသည္ ေနရာလြတ္စြမ္းအားရွင္၏ အျမဴေတကို သူမစုပ္ယူခဲ့ေသာေၾကာင့္ သူမ၏နယ္ေျမတစ္စိတ္တစ္ပိုင္းျဖစ္လာတာ ျဖစ္သည္။ သူမသာ ေနရာလြတ္စြမ္းအင္အျမဴေတမ်ားရပါက သူမသည္ နယ္ေျမေလးမ်ားကို ထပ္ထည့္နိုင္မွာ ျဖစ္သည္။
“ဒီနယ္ေျမေလးက သူမ်ားဆီက ရတာလို႔ ေျပာခ်င္တာလား? ဒါက တကယ္ျဖစ္လို႔လား?”
လ်ဴကြၽင္းသည္ အံ့ၾသစြာၾကည့္သည္။
လင္းခ်င္းသည္ သူမကိုၾကည့္ကာ ေခါင္းအစေျခအဆုံးတစ္ခ်က္ၾကည့္ၿပီး
“နင္ေတာ္ေတာ္မ်ားမ်ားသိေနၿပီပဲ။ နင့္နားလည္နိုင္စြမ္းကလည္း တကယ္ျမင့္လာတယ္”
လ်ဴကြၽင္းသည္ ၿပဳံးၿဖဲၿဖဲျဖင့္ ေျပာသည္။
“ငါဉာဏ္ေကာင္းတာ ခ်ီးက်ဴးခ်င္တယ္ဆိုရင္လည္း ဒီတိုင္းေျပာရပါတယ္။ ရွက္မေနပါနဲ႕”
လင္းခ်င္းသည္ ဆြံ႕အသြားရွာသည္။
“အခုအျပင္မွာ ဘယ္လိုလဲ?”
လ်ဴကြၽင္းက ေမးသည္။
လင္းခ်င္းသည္ မ်က္လုံးမွိတ္ကာ အျပင္ကိုၾကည့္သည္။ ထို႔ေနာက္ မ်က္လုံးျပန္ဖြင့္ကာ
“ဟိုတယ္တစ္ခုလုံးခဲေနၿပီ။ ဘယ္သူမွ ဝင္လို႔ထြက္လို႔ မရေတာ့ဘူး”
“ယန္က်င္းဟြာကေရာ?”
လ်ဴကြၽင္းက ေမးသည္။
ထိုအခ်ိန္တြင္ လင္းခ်င္းသည္ ႐ုတ္တရပ္ မ်က္ႏွာမည္းသြားကာ
“ငါအျပင္ကို တစ္ခ်က္သြားၾကည့္လိုက္ဦးမယ္”
ေျပာၿပီးသည္ႏွင့္ သူမသည္ နယ္ေျမေလး၏အေပါက္ဝမွ ေပ်ာက္သြားသည္။ လင္းခ်င္းသည္ အမိုးေပၚက လသာေဆာင္ေပၚတြင္ ရပ္ေနသည္။ လသာေဆာင္၏တံခါးသည္ ေရခဲေနကာ အထဲတြင္ စစ္သားအခ်ိဳ႕ရွိသည္။ သူမလွည့္ၾကည့္သည့္အခါ သူမနားတြင္ ေရခဲ႐ုပ္မ်ားေတြ႕ကာ အကုန္ုလုံးသည္ ယန္က်င္းဟြာ၏ စစ္သားမ်ားပင္။ သူမ၏မ်က္ႏွာသည္ ပိုမည္းလာကာ လူသတ္ခ်င္စိတ္တို႔ ပိုျပင္းလာသည္။
ေလွကားမ်ားကို ေရမ်ားကခဲနကာ။ အေဆာက္အဦးတစ္ခုလုံးအား ယန္က်င္းဟြာ၏ ေရခဲမ်ားက ဖုံးထားသည္။ အျပင္တြင္ေတာ့ လင္းခ်င္းသည္ သူတို႔ဆီသြားတုန္းက ရိုက္ခဲ့သည့္ စစ္သားမ်ားကို ေတြ႕လိုက္သည္။ ယန္က်င္းဟြာသည္ သူေခၚလာသမွ် စစ္သားတိုင္းကို အဆင့္ငါးအဖြဲ႕ေခါင္းေဆာင္ႏွစ္ေယာက္ပါ အပါအဝင္ ခဲေအာင္လုပ္၍ သတ္ပစ္တာျဖစ္သည္။ ထိုေခါင္းေဆာင္ႏွစ္ေယာက္သည္ ေသသြားသည့္ စစ္သားမ်ားအတြက္ အသနားခံေပး၍ ေသသြားရျခင္းကိုေတာ့ လင္းခ်င္းမွာ မသိခဲ့ေပ။
“အရွင္ထားလည္း အသုံးဝင္တာမွ မဟုတ္တာ။ ငါတို႔ျပန္တဲ့လမ္းမွာ ဇြန္ဘီအစားခံရမွာပဲ။ ငါသူတို႔ကို အပိုင္းပိုင္းကိုက္စားခြင့္ မေပးဘဲ ဒီလိုေသခြင့္ေပးတာက ပိုေကာင္းေသးတယ္”
ယန္က်င္းဟြာသည္ ဒီလိုေျပာကာ အဖြဲ႕ေခါင္းေဆာင္ႏွစ္ေယာက္ကိုပါ ေရခဲ႐ုပ္အျဖစ္ ေျပာင္းပစ္လိုက္သည္။ ဒါကိုျမင္လိုက္ရသည့္ အျခားအဖြဲ႕ေခါင္းေဆာင္မ်ားသည္ တိတ္သြားၾကသည္။
လင္းခ်င္းသည္ ေသသြားသည့္ စစ္သားမ်ားကိုၾကည့္ၿပီး ရင္ထဲမေကာင္းေပ။ ဒီစစ္သားမ်ားသည္ ေဟးဒီးစခန္းက ျဖစ္သလို မေသသင့္ၾကေပ။ ယန္က်င္းဟြာသည္ သူတို႔မိသားစုကိုဖမ္းၿပီး ၿခိမ္းေျခာက္ထား၍သာ လိုက္လာခဲ့ရသူမ်ား ျဖစ္သည္။ သူတို႔သည္ ဒီလိုလုပ္ရင္း ေသသြားလိမ့္မည္ဟု ဘယ္တုန္းကမွ ထင္ခဲ့မွာ မဟုတ္ၾကေပ။ သူတို႔အသက္မ်ားသည္ ယန္က်င္းဟြာအတြက္ ဘာမွမဟုတ္ေပ။ သူစိတ္ၾကည္ေနရင္ ရွင္ခြင့္ေပးထားကာ စိတ္မၾကည္သည္ႏွင့္ သူသတ္ပစ္သည္။
‘ဒီလိုေကာင္မ်ိဳးက အႀကိမ္တစ္ေသာင္းတစ္သိန္းေလာက္ကို ေသသင့္တာ ဘယ္လိုလုပ္ စခန္းေခါင္းေဆာင္လုပ္ဖို႔ ေတြးေနတာလဲ? ငါမသတ္ရင္ေတာင္မွ တျခားသူေတြေၾကာင့္ ၾကာၾကာရွင္မယ့္သူ မဟုတ္ဘူး!’
လင္းခ်င္းသည္ လက္သီးကို တင္းေနေအာင္ ဆုပ္လိုက္သည္။
အေဆာက္အဦးထဲက ေရခဲမ်ားသည္ သာမန္ေရခဲမဟုတ္ေပ။ စြမ္းအားပါေနေသာေၾကာင့္ ပုံမွန္လို မေပ်ာ္ကာ ျဖည္းျဖည္းခ်င္း အရည္ေပ်ာ္ျခင္း သို႔မဟုတ္ ကြဲျခင္းေလာက္သာ ျဖစ္လိမ့္မည္။ လင္းခ်င္းသည္ သူမထိမိပါက အပိုင္းပိုင္းကြဲသြားမည္ကိုသိ၍ အမိုးေပၚက ေရခဲ႐ုပ္မ်ားကို မထိေပ။
သူမသည္ နယ္ေျမထဲသို႔ ျပန္ဝင္လာကာ လ်ဴကြၽင္းအား
“ယန္က်င္းဟြာက သူေခၚလာသမွ် စစ္သားေတြ အကုန္လုံးကို ခဲေအာင္လုပ္ သတ္ပစ္လိုက္ၿပီ!”
လ်ဴကြၽင္းသည္ မ်က္လုံးျပဳတ္က်မတက္ျပဴးကာ
“ဘာ? ဘာျဖစ္လို႔ သူ႕လူကိုသူျပန္သတ္ေနတာလဲ?”
“သူအားသုံးဆြဲေခၚလာတဲ့သူေတြ”
လင္းခ်င္းက ေျပာသည္။
“ၾကည့္ရတာ ဒီလူေတြက သူ႕ကိုမုန္းတာ သိေနပုံပဲ။ စခန္းကို အသက္ရွင္လွ်က္ ျပန္ေခၚဖို႔ ဘယ္တုန္းကမွ အစီအစဥ္မရွိေလာက္ဘူး”
“အေတာ္ရက္စက္တာပဲ!”
လ်ဴကြၽင္းက မယုံနိုင္စြာေျပာသည္။
“ဒီလူေတြရဲ႕အသက္က သူ႕အတြက္ ဘာမွမဟုတ္ဘူးလား?”
“ဒီလိုထင္တာပဲ”
လင္းခ်င္းက သက္ျပင္းခ်သည္။
“ယန္က်င္းဟြာက ဒီလိုလူစားမ်ိဳးမွန္း ငါမသိခဲ့ဘူး။ သစၥာေဖာက္ေကာင္!”
လ်ဴကြၽင္းသည္ အံ့ၾသစြာျဖင့္ ေရ႐ြတ္သည္။
Advertisement
- In Serial566 Chapters
Quick Transmigration: Homewrecker System!
Transmigrated to be a Homewrecker?!
8 4810 - In Serial23 Chapters
My Undesired High School Repeat
Wren was in his college dorm when he got a text asking if he would like the chance to travel back in time. Having answered no, he fell asleep and woke up five years into the past right at the beginning of his first year in high school. Annoyed with the fact that he had to repeat high school once more, strange things begin to happen as he relives certain events from his past with a new perspective. And with his new ability to somehow recall certain memories from the previous timeline, Wren will discover a new side to his high school life from five years ago. Contains elements of magic and fantasy. --- Note: This is also crossposted on ScribbleHub and my first time attempting an original story. Criticism and comments are advised, but please don't be mean about it. I'm a sensitive guy.
8 193 - In Serial11 Chapters
RE: Skeleton Conqueror
Aurelius is a young man who has been bedridden for a long time. After a fairly uneventful death, he finds himself transmigrated into the body of a skeleton in an alien world. Not only that, but some sort of "blessing" has been given to him, allowing him to travel back in time after each period of his death. This story will focus primarily on a weaker main character using all in his power to survive and eventually conquer. Cover art commissioned from the amazing @reizeruu
8 184 - In Serial11 Chapters
Forcer By maskdragon
Star Wars goes gets a vrmmorpg. Follow our quirky semi-evil MC and his friends as he goes on an epic sci-fi adventure.
8 78 - In Serial19 Chapters
Protected
Alex Jessica Smith is a short 19 year old girl who is well built from lifting heavy metals while building cars. She has an iq of 509 that helps her carry a lot of information. She graduated college at the age of 10 and now owns a workshop. She has black, red and orange hair. One day she is forced into going back to school for just a year in Jasper Nevada where she meet Jack Darby, Miko Nakadai, and Rafael Esquivel.
8 211 - In Serial12 Chapters
Threads
❝we are all searching for someone whose demons will play well with ours.❞quiet rituals and even quieter conversations; a collectanea.(© promethean 2013; cover by promethean)
8 183

