《Sour Candy》part 25💔
Advertisement
*Unicode*
"လွမ်းနေတာ...ဘယ်လောက်ထိတောင်လွမ်းခဲ့ရလဲ သိရဲ့လား ကိုယ့်ရဲ့...ကူး"
လက်မောင်းကြီးကြီးတွေမှ သိမ်းကြုံးကာတင်းတင်းကြပ်ကြပ်အဖက်ခံရ၍ လူဆိုးလေးဟာတစ်ပါးသူရင်ခွင်ထဲ ငြိမ်ကုတ်သွားခဲ့သည်။ ထွေးလွန်းထဲရင်ခွင်...ခိုဝင်နေရသည့်ခံစားချက်ကိုသဘောကျသလိုပင်။ ခပ်ရှရှကိုယ်သင်းနံ့ နှာဖျားထက်ကျီစယ်ခိုက် အလွမ်းပြေသွားသည့်နှယ်။ ဂုတ်ပိုးဖက် ထိုလူ့ထွက်သက်လေဟာရိုက်ခတ်လာခြင်း၌ JeyKay တစ်ကိုယ်လံုးကြက်သီးလေးတွေထသွားလျက်။ စိမ်းသက်မနေတဲ့ထိတွေ့ခြင်းတွေ အံ့ဩလောက်အောင် ရင်းနှီးနေတာ။
"ကူးကို...ကူးကိုပြန်မရနိုင်တော့ဘူးထင်နေတာ ကိုယ်တောင်းပန်ပါတယ် ကိုယ့်အမှားတွေပါ...ကိုယ့်ကိုမမုန်း မမုန်းလိုက်ပါနဲ့နော်..."
ခပ်သေးသေးကိုယ်ခန္ဓာငယ်က အနည်းငယ်ထွားလာတာကလွဲရင် ဖက်လိုက်တိုင်းအရင်လို ဒီရင်ခွင်နဲ့အံ့ဝင်ခွင်ကျပါပဲ။ ချိုအီအီအနံ့သင်းသင်းလေးတွေအစား Gentleman ဆန်ဆန်ရေမွှေးနံ့ပြင်းပြင်းနှင့် ဝီစကီအနံ့တွေရောယှက်နေသည့် အနံ့စူးစူးတွေကပြင်းလွန်းသည်။ ဒါပေမဲ့လည်းသဘောကျတယ္ ကူးဖြစ်နေလို့ကိုသဘောကျတယ်။ JeyKay ပါလို့ပြောနေလည်း မင်းကိုအလွတ်မှတ်မိနေတဲ့ ကိုယ့်အသွေးအသားတွေကပြောတယ် *မင်းရဲ့ကူးပါ*တဲ့။
မထိန်းချုပ်နိုင်တဲ့မျက်ရည်စတွေက ဂုတ်ပိုးသားဖွေးဖွေးပေါ်ဆင်းသက်ကုန်သည်။ ပျော်လွန်းလို့ကျတဲ့မျက်ရည်တွေမှာ နာကျင်ခြင်းသည် 25℅ အချိုးကျပါဝင်သည်။
ကိုယ့်အရှေ့မှာ တစ်ခြားသူနဲ့အနမ်းဖလှယ်နေတဲ့မြင်ကွင်းကြီးက ရင်ကိုမီးနဲ့ထိုးသလိုပူလောင်လွန်းပါရဲ့ ကူးရယ်။
"ခင်ဗျား...လွှတ်! "
"ခဏ...ခဏလေးပါပဲ ခဏလေးပဲဖက်မှာပါ...ဂျွန်ဂျောင်ဂုမဟုတ်ဘူးလို့ ငြင်းမှာသိပေမဲ့ ကိုယ့်အတွက်ခဏလောက်ပဲငြိမ်နေပေးပါ...တောင်း တောင်းဆိုပါတယ် ကိုယ်မင်းကိုတောင်းဆိုပါတယ်"
သိသိတာတာတုန်ရီနေသည့် အသံတွေမှာ ထိုလူဝမ်းနည်းလွန်းနေကြောင်း ကျောထက်စိုစွတ်လာသည့် မျက်ရည်တွေကသက်သေတည်သည်။
အခုမှတွေ့တဲ့သူစိမ်းတစ်ယောက်ကို ဝမ်းနည်းငိုကြွေးနေတဲ့ပံုရိပ် မျက်ရည်စတွေကိုလွယ်လွယ်ထုတ်ပြလာတဲ့ ထိုလူကိုအနည်းငယ်တော့ စိတ်ပျက်မိသား။ ပျော့ညံ့မှုတွေကို မမြင်ချင်လိုက်တာ...မျက်ရည်တွေကောပေါ့။
"ခင်ဗျားငိုနေတာလား...ဘာအကြောင်းကြောင့်ငိုလည်းမသိပေမဲ့ တစ်ခြားတစ်ယောက်ရှေ့မျက်ရည်ကျပြတာ သိပ်ပျော့ညံ့လွန်းတယ်တဲ့..."
ထိသွားတာမှနက်နက်ရှုိင်းရှုိင်း။ တစ်ချိန်က သူကူးကို ပြောခဲ့တဲ့စကားလုံးတွေ...လူတစ်ယောက်ကိုစူးခနဲစိုက်ခနဲ ထံုကျင်သွားစေမှန်းမသိခဲ့ဘူး။ အေးငြိမ်စွာပြောတဲ့အသံလေးမှာတောင် ဒီကောင်ကျင်တက်သွားရတာ လေသံခပ်မာမာဖြင့်ပြောခံခဲ့ရတဲ့ ကူးသာဆိုရင် အဲ့အချိန်ကကူးဝမ်းနည်းသွားမှာမသွေမလွဲ။ ကိုယ်မင်းကို တောင်းပန်ပါတယ်ဆိုတဲ့စကာ့ကလွဲ ပိုလေးနက်တဲ့စကားသာရှိရင် တံုဆိုင်းခြင်းမရှိပြောချင်တယ်။
"ရင်းနှီးမှုမရှိသေးပဲ ဖက်တာတော့နည်းနည်း တစ်မျိုးကြီးပဲမဟုတ်လား..."
"ကိုယ်တောင်းပန်ပါတယ်...မင်းကဆိုင်သူရှိနေတဲ့သူဆိုတာမေ့သွားတယ် ဟဟ "
ဖက်ထားတာလွတ်ပေးရင်း JeyKay အလှည့် မျက်ရည်ကြားခပ်ဟဟရယ်ရင်း ဆိုလာသူကြောင့် မျက်ခံုးပင့်သက်မိသည်။ လူတိုင်း JeyKay တွေ့တိုင်း အဲ့လိုစကားပြောပြီး အသေရရအရှင်ရရ JeyKay ဆိုတဲ့ကောင်နဲ့တွဲဖို့ကြိုးစားကြတာချည်းပဲ။ သူ့အတွက်မထူးဆန်းတဲ့စကားဖြစ်နေသည်ကြောင့် Grayson နဲ့ဆက်ဆံရေးမှာ ထင်သလောက်မတင်းကြပ်ကြောင်း အာညောင်းခံရှင်းမပြနိုင်။ ထင်ချင်ရာထင် I don't care.
မျက်ရည်ကျနေခြင်းမှာတောင် သိပ်ချောတဲ့အမျိုးသား။ မျက်နှာအစိတ်အပိုင်းတစ်ခုခြင်းစီက စက္ကန့်ပိုင်းအတွင်း လူကိုဖလစ်သွားသလို ဖိုသိုဖက်သက်ဖြင့်။ လူငယ်ဆန်ဆန်ခပ်မိုက်မိုက် JeyKay နဲ့ တည်ငြိမ်ရင်ကျက်တဲ့စတိုင် ကင်မ်ထယ်ယောင်း တွဲရင်ရှယ်ပဲ။ ကိုယ်အတွေးနဲ့ကိုယ် JeyKay ဟာစိတ်ကူးတွေယဥ်သည်။ ရယ်စရာတော့ကောင်းသား ဒါတွေကအပျော်သက်သက်သာ ခပ်ပေါ့ပေါ့စိတ်ကူးတွေဖြစ်နေသည်ကြောင့်။
"ကိုယ်မင်းနဲ့ ရင်းနှီးချင်တယ်...ကိုယ်နာမည်ကင်မ်ထယ်ယောင်းပါ "
"ကျုပ်ကရင်းနှီးချင်ပါတယ္ သာမာန်ထက်ပိုတဲ့ရင်းနှီးမှုမျိုးပေါ့ "
မစိမ်းကားပဲ ဖော်ရွေနေသည့် ကူးကြောင့်ကင်မ်ထယ်ယောင်းမှာမသက်မသာ။ ကိုယ်ပေးထားခဲ့မိတဲ့နာကျင်မှုတွေက နည်းနည်းနှောနှောမဟုတ်ခဲ့တော့ ကောင်းကောင်းမွန်မွန်ဆက်ဆံရန်ပင်မသင့်လျော်မဲ့ ဒီအခြေအနေမှာကူးဟာ သူ့ကိုမစိမ်းကားခဲ့။ အတိတ်ကိုမေ့ချင်ယောင်ဆောင်ထားတာလား မေ့ပင်မေ့ပစ်သွားတာလား အသဲကွဲတဲ့အချိန်၌ ရီဝေဝေကောင်လေးကကူးဆိုတာတော့ အတပ်ပြောနိုင်သည်။
ထုကာရိုက်ကာ စိတ်ဆိုးရင်ကိုဒီကောင်နေသာပါသေးတယ် ကိုယ့်အပေါ်အပြုံးနဲ့တုံ့ပြန်နဲ့အပြုအမူတွေက သိပ်ခံရခက်လွန်းတာပဲ ကူးရာ။
"ဟေး...မစ္စတာ ကင်မ်ထယ်ယောင်း ကျုပ်ပြောတာကြားရဲ့လား "
"အာ...ဆောရီး ကိုယ်မကြားလိုက်ဘူး...တစ်ခွန်းလောက်ထပ်ပြောပေးနိုင်မလား"
"ရတာပေါ့...ကျုပ်အိမ်မပြန်ချင်ဘူး ခင်ဗျားနဲ့ဒီညအိပ်ချင်တယ်"
"ဘယ်လို...!"
"ရိုးရိုးတန်းတန်းအိပ်မယ်ပြောတာပါ...ဘာလို့အရမ်းအော်နေရတာလဲ မခေါ်ချင်လည်းအဆင်ပြေပါတယ် ကျုပ်အတွက်"
"အဲ့လို မဟုတ်ဘူး "
ပျော်သွားလို့ ပျော်သွားလို့အော်မိသွားတာ။ ဒီလူသားလေးကိုလွမ်းခဲ့ရတဲ့နှစ်ကနည်းတာမဟုတ်တော့ မိနစ်ပိုင်းမျှဖက်ခြင်းလောက်နဲ့ အလွမ်းဟာမပြေပါ။ ရင်ခွင်ထဲထည့်ပြီး ဒီနှစ်တွေမှာဘယ်လောက်ထိလွမ်းခဲ့ကြောင်းတွေ ထုတ်ပြောမယ်။ အရူးတစ်ယောက်လို လမ်းမပေါ်ပြေးလွှားရင်း ဆေးရုံထဲအချုပ်ခံခဲ့ရတာတွေတော့ ထိမ်ချန်ထားပြစ်မယ်။ မည်မျှလောက်ချစ်ကြောင်း တဖွဖွပြောပြမယ်။
ကူးကြုံခဲ့ရတာတွေ ကူးအကြောင်းတွေတော့ ကူးမဖြေပဲမမေးချင်ပါ။ သူ့အမေးတစ်ခွန်းအတွက် ကူးစိတ်ရှုပ်သွားမှာမလိုလားခဲ့ဘူး။
New York ကိုရောက်တဲ့ပထမဆံုးနေ့လေး၌ပင် ရင်ခုန်သံလေးကိုပြန်ရှာတွေ့ခဲ့ပြီ။ အများကြီးပြောင်းလဲကာမိမိုက်လွန်းနေသူကြောင့် တွေးကာသဝန်ဇွတ်တိုနေမိသည်။ လက်ရှိဘယ်သူနဲ့ပဲပတ်သက်နေပါစေ ဂျွန်ဂျောင်ဂုဟာကင်မ်ထယ်ယောင်း အပိုင်ဆိုတာ ဟိုးအရင်ကတည်းကနေအခုထိ ပြောင်းလဲလို့မရတဲ့အမှန်တရား။
ကားပေါ် ရီဝေဝေပါလာသူသည္ ထယ်ယောင်းအားစူးစူးစိုက်စိုက်ပင် အကြည့်မလြဲပဲ သိသိသာသာငေးနေခဲ့တာ။
"ကူး ကိုယ့်ကိုမေ့ပစ်လောက်တဲ့အထိ မုန်းနေပြီလားဟင်..."
တည်ငြိမ်စွာဆိုသောစကားသံ၌ JeyKay ဟာကားအတွင်းပတ်ပတ်လည်လည်မျက်စိလိုက်ကစားပစ်မိသည်။
ကြည့်ရသလောက်ထိုလူရယ် သူရယ်နှစ်ယောက်တည်းပါ...မျက်ဝန်းဝိုင်းကာ လက်ညိုးလေးကိုယ့်ဘက်ကိုယ်ထိုးရင်း သေချာရန်မေးရမည်။
"ကျုပ်ကိုပြောနေတာလား "
"အင်း...ကူးကိုပြောတာ"
"အဟား...ခင်ဗျားကတော့လေနောက်ပြီ ကျုပ်ကခင်ဗျားပြောတဲ့ ကူးမှမဟုတ်တာ"
ကားပြတင်းပေါက်ဘောင်ပေါ် လက်တစ်ဖက်တင်ရင်း ရယ်သံနှောကာ ပေါ့ပေါ့ပါးပါးဆိုလာသည့် စကားလုံးတွေက ရင်ကိုဆစ်ခနဲ။ ဘာလို့ညာနေရတာလဲ...ကူးဆိုတာသေချာရက်သား ဒီကောင့်ကုိပီပီပြင်ပြင်ကို လိမ်ညာနေတာ။ ကိုယ်နဲ့အရင်လိုပြန်မပတ်သက်ချင်လို့ အခုလိုတစ်ခြားတစ်ေယာက်လိုကိုယ့်ကို လိမ်ညာနေတာများလားကူးရယ်...ရင်ကိုအပ်နဲ့ထိုးသလိုတဆစ်ဆစ် ။
တိခနဲရပ်ချသွားသည့်ကားဟာ လမ်းထောင့်တစ်နေရာ၌
"ဘာလို့ရပ်...အွတ့် !"
မပြောမဆိုထိကပ်လာသည့် ထယ်ယောင်းနှုတ်ခမ်းသားတွေ၌ ဂျေဟာရုန်းရန်မကြိုးစားခဲ့။ နူးနူးညံ့ညံ့နမ်းရှုိက်ခြင်းတွေဟာ မှိန်းမောစရာကောင်းစွာ...တံု့ပြန်အနမ်းတွေကြောင့် မထိန်းချုပ်နိုင်တဲ့မျက်ရည်ဟာ ပါးပြင်ထက်အပြေးအလွှား။ အရောင်စံုစံုကျွမ်းကျင်စွာ နမ်းရှုိက်တက်လာတဲ့ပညာတွေမှာ ဂျေဟာဖြူစင်နေတဲ့လူတစ်ယောက်မဟုတ်တော့။ ပွေတယ်ရှုပ်မယ် အီမယ် နမ်းမယ်ဖက်တယ် တစ်ယောက်ငြီးငွေ့ နောက်တစ်ယောက်ပြောင်း အရာရာကိုဂျေ့စိတ်ကြိုက်အလွင့်ပါပဲ...။
5 နှစ်ကြာမှပြန်ထိတွေ့ခွင့်ရတဲ့အခါ တုံပြန်လာသည်အနမ်းတွေအပေါ် ပျော်တာထက်ပိုတာပေါ့။ ချိုမြနေတဲ့နှုတ်ခမ်းနေရာ၌ ပြင်းရှရှဝီစကီအရသာဟာလည်း မဆိုးလှပါဘူး။
ကားအတွင်းဖွင့်ထားသည့်မတိုးမကျယ် Say you won't let go ဆိုတဲ့သီချင်းသံသဲ့သဲ့နှင့်အတူ နယူးယောက်ခ် မြို့၏ လမ်းမထက်ကားရပ်ကာ မြတ်နိုးမှုအပေါင်းခညောင်းလျက်ရှိသည့် အနမ်းတွေဟာလည်း အသက်ဝင်လှသည်။ တနင့်တပိုးအလွမ်းတွေဖြင့် အနမ်းယာဥ်ကြောဟာ ဖုန်းမြည်လာမှရပ်ပစ်သည်အထိ ရှည်လျားခဲ့သည်။
Advertisement
မထိန်းချုပ်နိုင်စွာထိတွေ့မိတဲ့ သူ့အနမ်းတွေအား အသေအချာတံု့ပြန်ကာ ရပ်တန့်ပစ်ကြသည့်အခါ JeyKay တစ်ယောက်ရှက်၍လည်းမနေသလို အကြောင်းအရင်းကိုလည်းမမေးခဲ့။ မျက်နှာပြောင်တိုက်စွာ ပံုမှန်ပင်နေတက်သည့် JeyKay မျက်ဝန်းတွေအား သူအကဲခတ်သော်လည်း မှန်းရခက်တဲ့အဖြေဟာဘာတွေမှန်းသိမနေခဲ့။
သူ့ရဲ့ကူးက အရောင်တွေစံုလွန်းနေပြီ...။
"မှောင်တော့မှာလေ ဘေဘီရာ"
"........"
"ကျစ်...ပြောရခက်လိုက်တာ အတတ်လေး"
"........"
"ဟဟ ဟုတ်ပါပြီဗျာ...ကိုယ်အခုချက်ချင်းလာခဲ့မယ်ဟုတ်ပြီလား "
စကားအသွားအလာတွေမှာ ထယ်ယောင်းရဲ့လက်တွေဟာတင်းခနဲ။ ဘေဘီ...ဘေဘီတဲ့ ဘယ်သူလဲ ဘယ်ကလဲ ကူးနဲ့ဘယ်လိုဆက်ဆံရေးဖြစ်နေလို့ ဒီလောက်ထိရင်းနှီးနေရတာလဲ ကူးကရောဘာလို့ရယ်မောနေနိုင်ရတာလဲ။ အမေးတွေတစ်သီတစ်တန်းကြီးသည် ခေါင်းထဲဖြတ်ပြေးလျက်။
"ထယ်ယောင်းဂီးကိုတော့ အားနာပါတယ်...စော်သေးသေးလေးခေါ်လို့ ကျုပ်ပြေးရဦးမယ်...နောက်မှအေးဆေးလိုက်အိပ်တော့မယ် "
ကားပေါ်မှအလောတကြီးဆင်းရန်ပြင်နေသည့် ကူးရဲ့လက်အား အသာဆွဲထားလိုက်သည့်အခါ အလိုမကျသည့်မျက်ဝန်းညို့ညို့တွေက ဆွဲငင်စွာ။
"ဘာလဲဗျာ...ကျုပ်သွားရင်အတားအဆီးလုပ်ရင်သိပ်မုန်းတာပဲ !!"
"ဆောရီး ကူး...အာ ထပ်ပြီးဆောရီးဂျေ ဂျေ့မှာ Grayson အပြင် တစ်ခြားတစ်ယောက်နဲ့ပါ တွဲနေတာလား...ကိုယ်မေးတာမင်းရဲ့ personal ကိုစပ်စုသလိုဖြစ်နေပေမဲ့ ဖြေ ဖြေပေးလို့ရမလား "
နှုတ်ခမ်းပါးပါးကအဖြေဟာ သူမဟုတ်ပါစေနဲ့ဆုတောင်းနေသော ဖြေဆိုခြင်းတွေ။
"တစ်ယောက်မကဘူး...တွဲချင်တဲ့သူနဲ့တွဲပေမဲ့ Darling ကိုမေ့မထားပါဘူး။ Open Relationship တစ်ခုမှာ ဒီအချက်အတွက် Darling ကကျုပ်ကိုခွင့်ပြုပေးထားတယ္...ခွင့်မပြုလို့လဲမရဘူးလေ သူကချစ်ပေးတဲ့သူဆိုတော့ ကျုပ်ဆိုးတာခံရနိုင်ရည်ရှိတယ်...အခုထိမြဲနေတာပဲကြည့် ဟဟ "
သဘောကျသည့်အရိပ်အယောင် မျက်ဝန်းတွေကို ထယ်ယောင်းရှု့စားမိပါသည်။ တစ်ခြားတစ်ယောက်ကို *Darling* ဆိုတဲ့နာမ်စားခေါ်ဝေါ်နေခြင်းမှာ ကင်မ်ထယ်ယောင်းထင်သလောက်ခံနိုင်ရည္မရှိပါဘူး။ ပျော့ညံ့သည်ပဲဆိုဆို ခံစားရလွယ်သည်ပဲဆိုဆို ကိုယ်မဟုတ်တဲ့သူတစ်ယောက်နဲ့တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို ပြောပြနေခြင်းကို ရင်နာနာနဲ့ပဲဒီကောင်နားထောင်ခဲ့ပါသည်။
ဝဋ်ဆိုတာလည်တက်တဲ့ သဘောပေမဲ့ ကင်မ်ထယ်ယောင်းဝဋ်လည်ဖို့ ဂျွန်ဂျောင်ဂုဆိုတဲ့ မင်းနဲ့အချိန်အတော်အကြာအတူပြန်ရှိနေရမဲ့အရေးမှာ ဝဋ်ဆိုတဲ့အရာကို ဒီကောင်ကျေးဇူးသိပ်တင်ပါသည်။
နာကျင်ရလည်း သေမတက်။ မင်းတောင်ခံနိုင်ရည်ရှိခဲ့သေးတာပဲ ဆိုသောအသိမှာ ကိုယ်ကြိတ်ခံမယ်ကူး...ကိုယ့်ကို ကူးမဟုတ်ကြောင်းလိမ်ညာနေသည်ပဲဆိုဆို အမှန်အတိုင်းပြောနေသည်ပဲဆိုဆို ကိုယ့်မေတ္တာတွေစစ်မှန်စွာပေးမှာမို့ ကိုယ့်ဘက်ကိုပြန်ယိမ်းလှည့်ပါ။ ဒီကောင်မင်းကို သေအောင်တောင်းတပြီးပြီဖြစ်လို့ ရူးမတက်ချစ်ပြပါရစေ။
ထွက်သွားသည့်ကျောပြင်အား ငေးကြည့်ရသူမှာ အရင်လိုကူးမဟုတ်တော့ပဲ ထယ်ယောင်းဖြစ်သွားပြီ...ကိုယ့်ချစ်ရသူက နောက်တစ်ယောက်နဲ့သာယာဖို့ ထွက်သွားတဲ့ကျောပြင်က နာကျင်ဖို့သိပ်ကောင်းကြောင်း ကိုယ်သိလိုက်ရပါပြီ ကူးရယ်။
အေးစက်သွားတဲ့ မင်းရဲ့အချစ်တွေ ကိုယ့်အချစ်နဲ့ရောပြီး ပြန်နွေးထေးစေမယ်...အချိန်ရယ် နာကျင်မှုရယ် မျက်ရည်စအချို့အဝက်ရယ်တော့လိုအပ်တာပေါ့ကွာ~~~
ကင်မ်ထယ်ယောင်းဘက်ဒေးအတွက် 🥺🤍
Love you all❤
*****************
*Zawgyi*
"ခင်ဗျား...လွှတ်! "
Advertisement
"ဘယ်လို...!"
"အဲ့လို မဟုတ်ဘူး "
ကားပေါ် ရီဝဝေပေါလာသူသည် ထယ်ယောင်းအားစူးစူးစိုက်စိုက်ပင် အကြည့်မလြဲပဲ သိသိသာသာငေးနေခဲ့တာ။
"ကျုပ်ကိုပြောနေတာလား "
"အင်း...ကူးကိုပြောတာ"
"ဘာလို့ရပ်...အွတ့် !"
သူ့ရဲ့ကူးက အရောင်တွေစံုလွန်းနေပြီ...။
"........"
"........"
Love you all ❤
Advertisement
- In Serial8 Chapters
The Crusade Wars - Book Despair
In the end of the world war in year AD 856, which resulted in eight major countries. They created a treaty of trost in the name of peace, but the recent invention of gunpowder has upheaved the stockpiling of arms and ammunition. Now, the countries were busy spying and tracking the progress of each other. But the recent mysterious attacks at the cities in the outskirts has resulted in brutal massacre of people. The eyewitness has claimed that something supernatural and mythical creatures were the one to blame. The nations declined such news as false and spreading such false and fictitious information would be severe atrocity and also could be punishable by death. The government tried to maintain the people’s anxiety by blaming terrorist and occult cult’s doing. They even used underhanded means to calm the people’s panic. However, all the nation’s government were aware of the real perpetrator. The guns were still not complete and many experiments were still in progress. Alas! Time is short. It was time to deploy the secretive specialized troops to take up the battlefront. Not your ordinary soldier, but demi-humans with abnormal powers and strength. Somehow, all the dots are connected to Samael.
8 190 - In Serial40 Chapters
Vigilantes Make Us Safe: Rebel Rebel
When the world was on the brink in the 1940s a group of men and women with uncommon ability pulled the world from the brink. They inspired generations to come and led to a golden age of vigilantes protecting the world. Times change. By the early 2000s almost nowhere was willing to tolerate unregulated men and women dispensing their own form of justice. The dawn of the internet made operating in the shadows virtually impossible. Everyone thought the days of vigilantes were done but presidential candidate Richard Hughes, riding a wave of populism, has promised to bring these men and women into the light and empower them to keep us all safe. The passing of the Vigilantes Making Us Safe Act changes everything. All teenagers feel like they don’t fit in at times. Ryaan Asfour knows the feeling well. As part of an immigrant family in a country turning against immigrants, there’s a lot of people who don’t think he belongs. The election of Richard Hughes and the passage of the Vigilantes Making Us Safe Act hasn’t helped matters. Suddenly anyone who wants to discriminate can just say they’re keeping people safe and do whatever they want. Sudden popularity at school after hitting a game winning shot makes it even more apparent how much he doesn’t fit in with the rest of his world. A clash with a pair of vigilantes on his way home from school puts things in perspective. What can Ryaan do to protect his family and his neighborhood? Vigilantes Making Us Safe will follow a variety of lead characters including Serenity, Toxic, Hitbox, the Rebel and more. I'll keep the cover image and title updated to reflect the current protagonist but I encourage you to check them all out.
8 235 - In Serial8 Chapters
Danger Zone
A short story. A group of Soldiers are sent on a suicide mission to destroy a stronghold of the Fraz, invading aliens made of flesh and plant. The group deals with its problems as it completes the missions. One bullet, One word, One punch at a time. Follow Shair as the 'Psycho' infiltrates the base; meeting enemies and annoying companions along the way to reach his Commander. Sorry not really good at Summaries, but thats the bad synopsis version of the story. Also i apologize now so i don't have to later, my Grammar is REALLY BAD. I mean english is like my cursed subject. But i have a dream and i want you all to read it. So here it is. Again REALLY SORRY ABOUT THE GRAMMAR, SPELLING, ENGLISH IN GENERAL.
8 186 - In Serial22 Chapters
The Vessel
The witch has found her Master's vessel in a small city. The adventure of the vessel awaits.
8 169 - In Serial56 Chapters
The Pianist || MYG || ✔
World famous pianist Min Yoongis life fell to ruins after the death of his wife. .Despite his guilt, he couldn't keep away from the piano, but could not bare to touch it..This is the story of his journey on once again learning how to love.©chimchimicorn
8 499 - In Serial50 Chapters
Keeping It Halal
I turned around. Then I saw him. Same curly hair. Same bright beautiful brown eyes. Same charming features. He looked the same but even more manly. And Mashallah- He looked more handsome than ever! I couldn't believe it. After all this time I've found him.Mariam is 15 turning 16 and she thinks that moving to Canada was the worst decision! Until she meets Kareem, her ultimate crush. One thing to remember though: she has to keep it HALAL. Please note that this book is NOT just for Muslims it's just a Muslim Love Story. It is welcome for anybody to read. So please, enjoy!
8 160