Advertisement
!unicode!
ကျင်းဖေးထုန်ကသူ့ကိုအကြိမ်ပေါင်းများစွာဖက်ဖူးသော်လည်း ဤကဲ့သို့မဟုတ်ပေ။ ယခုတွင်သူဟာသူ၏ကိုယ်နေဟန်ထားကိုရုတ်တရက်ပြောင်းလဲလိုက်ပေရာ ဖြစ်နိုင်ချေတစ်ခုသာလျှင်ရှိသည်--သူ့ရင်ဘတ်ဒဏ်ရာရထားမှန်းတစ်ဖက်လူသိသည်။
ရှုလင်ကျားတကယ့်ကိုရင်ဘတ်မှာဒဏ်ရာရထားသည်။
သူသည်ကျန်းရွေ့နှင့်တိုက်ခိုက်စဥ်က သူ၏ဓားစွမ်းအင်ဖြင့်ရင်ဘတ်ကိုရိုက်ခတ်မိသွားသည်မို့ သူလဲကျကာသွေးအန်လိုက်မိသည်။ သို့သော်လည်း အသားပေါ်တွင်ဒဏ်မဖြစ်သွားဘဲ အဓိကဇာတ်ဆောင်ရောင်ဝါကတစ်ဝက်မျှပြန်ရောက်လာသဖြင့် ယခုတွင်အနည်းငယ်သာနာကျင်သော်လည်း ဒဏ်ရာကသိပ်မပြင်းထန်ပေ။
သို့သော် ကျင်းဖေးထုန်ကသူ့ရင်ဘတ်ပေါ်ဒဏ်ရာနှင့်ပတ်သတ်ပြီးအလွန်စိုးရိမ်ပူပန်လွန်းလှသဖြင့် ထိပင်မထိရဲပေ။ မြေခွေးလေးကရှုလင်ကျားဖြစ်ပြီး သူ့ဒဏ်ရာကိုသူ့မျက်စိဖြင့်တပ်အပ်မြင်ထားခြင်းမှအခြားမရှိပေ။
ထိုဖြစ်နိုင်ချေကိုတွေးမိရင်း ရှုလင်ကျားချက်ချင်းပင့်သက်ရှိုက်မိကာ သူ့တစ်ကိုယ်လုံးပေါ်ရှိအမွှေးများအကုန်ထောင်လာရသည်။
သူသိလို့ရှိရင် သူဘယ်တုန်းကသိသွားတာလဲ။ သူဘယ်လိုသိသွားတာလဲ။
ကျင်းဖေးထုန်ကတကယ့်ကိုမိစ္ဆာပဲ!
သူတို့နှစ်ဦးအတူရှိခဲ့စဥ်က ကျင်းဖေးထုန်၏ယခင်အပြုအမူများကိုရှုလင်ကျားမနေနိုင်ဘဲပြန်တွေးကြည့်မိသည်။ သူ့ရင်ထဲမှာဒီသံသယရှိလာသည်နှင့် မြေခွေးအပေါ်သူ၏သဘောထားမှာတကယ့်ကိုကြောက်မက်ဖွယ်ကောင်းကာ သူဘယ်ကလာပြီး ဘယ်ကိုသွားမှန်းလုံးဝမသိချင်ခဲ့ကြောင်း ချက်ချင်းသိရှိသွားသည်။
အတိတ်တုန်းက ကျင်းဖေးထုန်ကမြေခွေး၏ဇစ်မြစ်ကိုရှာဖွေဖော်ထုတ်ရန်စိတ်အခြေအနေမရှိဟုသာ ရှုလင်ကျားတွေးခဲ့မိပေမဲ့ အခုတွေးကြည့်မိရာ သူသိပြီးသား...ဖြစ်လောက်မည်။
လူကောင်းလေး၊ ခင်ဗျားဒီလောက်အကြာကြီးအပြစ်အနာအဆာတစ်ခုလေးတောင်မဖော်ပြခဲ့ဘူးနော်၊ ခင်ဗျားသိပ်ကိုဟန်ဆောင်ကောင်းလွန်းတယ်!
ထို့နောက် သူဟာသူ၏မြေခွေးအသွင်ပေါ်မှီခို၍ အိပ်ယာပေါ်တွင်လှိမ့်ခြင်း၊ အမွှေးပွတ်ပေးဖို့တောင်းဆိုခြင်း၊ သူ့ဝတ်ရုံကိုဖြဲခြင်း၊ အမြှီးနန့်ပြခြင်း၊ အစရှိသဖြင့်၊ သူ...
ပြီးတော့ အရင်ကပန်းရောင်ဖဲပြား....
ရှုလင်ကျားရုတ်တရက်ကျောက်ပြားပေါ်တွင်ခေါင်းဆောင့်ကာသေချင်မိသည်။
ကျင်းဖေးထုန်ကရှုလင်ကျားကိုဖမ်းလိုက်ပြီးနောက် သူသက်မချလိုက်မိပေမဲ့ တစ်ဖက်လူကကြောက်လန့်ကာထုံအနေပုံပေါ်ပြီး သူ့လက်ဖဝါးပေါ်တွင်မလှုပ်မရှားအကြာကြီးလှဲနေကာ သူ့အမြှီးပင်တည့်တည့်ထောင်မတ်လျက်ရှိသည်ကိုမြင်လိုက်ရသဖြင့် သူမနေနိုင်ဘဲအနည်းငယ်ပဟေဠိဖြစ်သွားရသည်။
သူကရှုလင်ကျား၏ဝမ်းဗိုက်ကိုတို့လိုက်သည်။
"ဟိတ်၊ ဘာဖြစ်တာလဲ။"
ရှုလင်ကျားကကျင်းဖေးထုန်၏လက်ဖဝါးပေါ်တွင်ဝှီးခနဲထထိုင်ကာ ကျင်းဖေးထုန်၏လက်ချောင်းများကိုသူ၏လက်ဖဝါးများဖြင့်ဖိလျက် သူ့ကိုစူးစိုက်ကြည့်လာသည်။
ကျင်းဖေးထုန်မှာပုံမှန်ဆိုရင်ဉာဏ်ကောင်းသော်လည်း စိတ်အပြောင်းအလဲမြန်သောမြေခွေးနှင့်ရင်ဆိုင်ရချိန်တွင် သူဟာအချိန်တိုင်းတကယ့်ကိုနားမလည်နိုင်ဖြစ်မိကာ ထပ်မေးမိပြန်သည်။
"မင်းဘာလို့ဒေါသထွက်နေတာလဲ၊ ကိုယ်မင်းကိုထိခိုက်အောင်လုပ်လိုက်မိလို့လား။"
ရှုလင်ကျားသူ့ကိုတစ်အောင့်ကြာစိုက်ကြည့်နေမိပြီး ထို့နောက်ရုတ်တရက်သူ့လက်ဖဝါးများကကျင်းဖေးထုန်ခါးဘေးရှိဓားကိုမြေပြင်ပေါ်ရိုက်ချပစ်လိုက်သည်။
သာမန်လူတစ်ယောက်သာထိုကဲ့သို့အခြေအနေနှင့်ရင်ဆိုင်ရလို့ရှိရင် ပထမဆုံးတုံ့ပြန်မှုမှာမြေခွေးကဒေါသထွက်နေသည်ဟုဖြစ်လိမ့်မည်၊ သို့သော် ရှုလင်ကျားမှာဓားရေးအရာတွင်ပြိုင်ဘက်ကင်းပါရမီစွမ်းရည်ရှိကာ ဒါကိုအကြောင်းမရှိဘဲမလုပ်မှန်းကျင်းဖေးထုန်သိသည်။ ကြည့်ရတာ သူ့ဓားဘာဖြစ်သွားလဲမေးခြင်းဖြစ်လောက်သည်။
သူ့မျက်နှာထားရုတ်ခြည်းတောင့်ခဲသွားရကာ ခြေဖျားထောက်၍ ချက်ချင်းဆယ်ပေကျော်နောက်ဆုတ်ကာ မြေခွေးလေးကိုလက်တစ်ဖက်တည်းဖြင့်ကိုင်ထားရင်း အခြားလက်ဖျားထိပ်တွင်စွမ်းအားကိုစုစည်းကာ မြေပြင်ပေါ်တွင်အငြှိုးအတေးကြီးစွာလဲလျောင်းနေသည့်ဓားရှည်ကိုသတိဖြင့်ကြည့်လိုက်မိသည်။
တစ်အောင့်မျှငြိမ်သက်နေပြီး ဘာမှဖြစ်မလာပေ။
ကျင်းဖေးထုန်အနည်းငယ်အံ့အားသင့်သွားမိသည်။ သူငုံ့ကြည့်လိုက်ရာ သူ့လက်ပေါ်ရှိမြေခွေးလေးကသူ့ကိုဒေါသတကြီးစိုက်ကြည့်နေသည်ကိုမြင်လိုက်ရပေသည်။
ထို့နောက် သူ၏နှင်းတမျှဖြူသောအမွှေးများကပန်းရောင်တို့ဖြင့်စွန်းထင်းလာသည်ကိုကျင်းဖေးထုန်ကူကယ်ရာမဲ့စွာမြင်လိုက်ရတော့သည်။
ကျင်းဖေးထုန်: "..."
နိမိတ်မကောင်းသောခန့်မှန်းချက်တစ်ခုကသူ့ရင်ထဲတွင်ဆန်တက်လာသည်။
ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော်ဘယ်သူလဲဆိုတာခင်ဗျားသိနေပြီးသားကိုး!"
ကျင်းဖေးထုန်: "ဒါ..."
ရှုလင်ကျားကသူ့လက်ပေါ်မှမြေပြင်ပေါ်ခုန်ဆင်းသွားကာ လူသားအသွင်အဖြစ်သို့တမဟုတ်ချင်းပြန်ပြောင်းလိုက်ပြီး နီစွေးနေသောပါးပြင်နှစ်ဖက်မှာ ဒေါသထွက်နေသည့်အစား ပိုမိုရှက်ရွံ့ကာပေါက်ကွဲနေသယောင်။
ရှက်ဖို့ကောင်းလိုက်တာ!
ငါ့ဘဝမှာဘယ်တုန်းကမှဒီလောက်အရှက်မရဖူးဘူး!
ရှုလင်ကျားသူလုပ်ခဲ့သည့်အရာများကိုပြန်မတွေးရဲပေ၊ သူ့ကိုစိုက်ကြည့်ကာမေးလိုက်သည်။
"ခင်ဗျားဘယ်တုန်းကသိသွားတာလဲ?!"
ကျင်းဖေးထုန်ချောင်းခြောက်ဆိုးကာ အနည်းငယ်တိုင်းတာလိုက်သည်။ သူလိမ်ပြောချင်ပေမဲ့မလုပ်ရဲသည်မို့ပြောမိသည်။
"ချင်းချိုးမှာတုန်းက။"
ရှုလင်ကျားဒါကိုကြားလိုက်ရသော် ထိုမျှစောလိမ့်မည်ဟုမထင်ထားမိပေ၊ သူ့မျက်လုံးမှောင်မိုက်သွားကာ ကောင်းကင်ကြီးပြိုကျလာပြီဟုခံစားလိုက်ရသည်။
သူသည်ကျင်းဖေးထုန်ကိုအချိန်တစ်ခုစာမျှမျက်နှာချင်းမဆိုင်နိုင်ပေ၊ သူ့မျက်နှာထက်ရှိအမူအရာမှာတစ်အောင့်မျှပျက်ယွင်းသွားကာ ဘာမှမဆိုဘဲ လှည့်ထွက်သွားလိုက်သည်။
ကျင်းဖေးထုန်ခပ်မြန်မြန်ရှေ့နှစ်လှမ်းတိုးကာသူ့ကိုလှမ်းဆွဲလိုက်ပေမဲ့ ရှုလင်ကျားကသူ့ကိုခါချကာဒေါသတကြီးပြောလာသည်။
"မထိနဲ့!"
သူပြောလို့ပြီးသွားသော် တစ်ခဏမျှတန့်သွားကာပြောလိုက်သည်။
"ကျွန်တော်စိတ်ငြိမ်အောင်လုပ်ဖို့လိုတယ်၊ မဟုတ်ရင်ကျွန်တော်ခင်ဗျားကိုထိုးမိလိမ့်မယ်။"
သူ့ကိုသတ်မယ်၊ ပြီးရင်သတ်သေလိုက်မယ်!
ကျင်းဖေးထုန်: "..."
သူအထိုးခံရမှာမကြောက်ပေမဲ့ ရှုလင်ကျား၏မျက်နှာမှာ ရှက်သွေးဖြာမှုအလွှာနှစ်လွှာခွာချထားသည့်အလား အလွန်နီမြန်းလျက်ရှိသည်။ ကျင်းဖေးထုန်တုံ့ဆိုင်းနေစဥ် ရှုလင်ကျားကခပ်သုတ်သုတ်လျှောက်ထွက်သွားပြီဖြစ်သည်။
သူတန့်သွားကာ တစ်ဖက်လူ၏ကျောပြင်ပျောက်ကွယ်သွားသည်ကိုကြည့်နေမိပြီးနောက် ဟိုဘက်လျှောက်သွားကာ ခါးကိုင်း၍သူ့ဓားကိုကောက်လိုက်ပြီး သောကပင်လယ်ဝေစွာသက်ပြင်းချမိသည်။
အခုပြီးဆုံးသွားပြီ၊ ကျန်းရွေ့ပြောင်းပြန်လှန်ခံလိုက်ရတယ်၊ သူလည်းပြောင်းပြန်လှန်ခံလိုက်ရပြီပဲ။
----တကယ်တော့ ရှုလင်ကျားဟာကျင်းဖေးထုန်စိတ်ကူးထားသကဲ့သို့ဒေါသထွက်နေခြင်းမဟုတ်ပေ။
သူဟာအရူးမဟုတ်။ ဒီတစ်ခေါက်ကျန်းရွေ့ကိုရှင်းပစ်ရာတွင်ဟယ်ဇီကျိုး၏သဘောထားကသိသိသာသာကိုရှုလင်ကျားအားနှစ်သိမ့်ပေးခြင်းဖြစ်ပေမဲ့ ရှုလင်ကျားဟာလည်းသူနှင့်ကျင်းဖေးထုန်ကြားရှိဝိုးတိုးဝါးတားစကားဝိုင်းကိုခန့်မှန်းမိပြီးဖြစ်ကာ ကျင်းဖေးထုန်ကဟယ်ဇီကျိုး၏လိုက်လျောမှုကိုဦးတည်သွားစေသည့်တစ်စုံတစ်ရာကိုတိတ်တိတ်လေးလုပ်ခဲ့ခြင်းဖြစ်ရမည်ကိုသူသိနေသည်။
သူဟာသူ့အပေါ်အခြားသူတို့၏ကြင်နာမှုကိုရင်ထဲတွင်အမြဲတမ်းမှတ်ထားလေ့ရှိသည်။
သို့သော် ရှက်စရာကောင်းသောအရာမှာ မေ့လိုက်ပါဟုပြောလို့မရခြင်းပင်!
ဒီတစ်ခေါက် သူ့ဘဝတွင်တကယ့်ကိုရှက်ရွံ့မိခြင်းဖြစ်ကာ သူအရင်ကလုပ်ခဲ့သည့်အရာများကိုရှုလင်ကျားပြန်မတွေးကြည့်နိုင်ပေ။
တုံးလိုက်တာ! ပိုစဥ်းစားလေလေ၊ ပိုပြီးတုံးလာလေလေပဲ!
သူသည်တစ်အောင့်မျှခပ်မြန်မြန်လမ်းလျှောက်နေမိပြီး ကူကယ်ရာမဲ့စွာဖြင့်အလွန်စိတ်ဆင်းရဲနေမိသည်။ သူဟာမြေခွေးအသွင်ထပ်ပြောင်းကာ သူ့ဘေးရှိမြက်ခင်းပြင်ပေါ်တွင်ကြိမ်ဖန်များစွာလှိမ့်နေမိပြီး ထထိုင်ကာသူ့ခေါင်းထိပ်ရှိအမွှေးကိုပွတ်ဖို့ကြိုးစားနေလေသည်။
ဒေါသပုံချပြီးသွားသော် ရှုလင်ကျားသူ့ကိုယ်ပေါ်ရှိမြက်နှင့်သစ်ရွက်များကိုခါချကာ မြေပြင်ပေါ်တွင်အမွှေးအကျွတ်လိုက်ချန်ရစ်ထားခဲ့ပြီး လူသားအသွင်ပြန်ပြောင်းလိုက်တော့သည်။
[ဟားဟားဟားဟားဟားဟားဟား...]
အော်ရယ်သံတစ်ခုကသူ့စိတ်ထဲတွင်ပဲ့တင်သံထပ်သွားသည်။
ရှုလင်ကျားအေးစက်စက်ပြောမိသည်။
"စနစ်၊ မင်းလေသံထပ်ပြောင်းလိုက်ပြန်ပြီလား။"
[တင်! သင့်ရဲ့ဟူအောင့်ထျန်းစနစ်ကလိုင်းပေါ်တွင်မရှိပါသဖြင့် မက်ဆေ့ချ်တွေကိုအခုမရနိုင်သေးပါ၊ ကျေးဇူးပြု၍ စိတ်ရှည်သည်းခံစွာစောင့်ဆိုင်းပေးပါ။]
[တစ်-တစ်-တစ်-တင်! သင့်ရဲ့ဟူအောင့်ထျန်းစနစ်ကအွန်လိုင်းတက်လာပြီးတော့ သင့်ကိုနှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးခစားပေးပါ့မယ်!]
တစ်အောင့်ကြာသော် စနစ်၏ဖြူစင်သောအသံထွက်လာသည်။
[Host၊ ကျွန်တော်ခုနကဒီမှာမရှိဘူး၊ Hostကျွန်တော်နဲ့တစ်ခုခုလုပ်စရာရှိလို့လားဟင်?]
ရှုလင်ကျား: "..."
သူဒီကောင့်ကိုအရေးမစိုက်ချင်တော့ပေ။
သူသည်သူ့ဘေးရှိကျောက်တုံးပေါ်တွင်ထိုင်ချကာ သူ့ဓားကိုထုတ်၍ ဖြည်းဖြည်းချင်းသုတ်ကာ သူ့ကိုယ်သူစိတ်ငြိမ်ငြိမ်ထားရန်ပြောနေမိသည်။
စနစ်ကနှစ်သိမ့်သည်။
[ကိစ္စကြီးကိုအောင်မြင်ခဲ့ကြတဲ့သူတွေကဘာကိုမှအရေးမစိုက်ကြဘူး၊ ဟူအောင့်ထျန်းကအဲ့လိုပဲ၊ အရှက်ပိုရလေလေ ကျင့်သားရသွားလေလေပဲ။ ဘေးအိမ်ကမောက်အောင့်ထျန်းဆိုရင်မြို့တော်ရဲ့စစ်သူကြီးဖြစ်လာတာ၊ သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲမှာ စစ်သည်တော်တွေကိုလေ့ကျင့်ပေးနေတုန်း သူ့နားရွက်နှစ်ဖက်နဲ့အမြှီးကထွက်လာရော။ သူခဲရာခဲဆစ်တောင့်ခံပြီးတော့ သတ်မသေခဲ့ဘူးလေ။]
ရှုလင်ကျား: "..."
မပြောတာပိုကောင်းမယ်။
သူပင့်သက်ရှိုက်ကာ အကြောင်းအရာပြောင်းဖို့ဆုံးဖြတ်၍မေးလိုက်သည်။
"ဒီအကြောင်းမပြောနဲ့တော့၊ ကျန်းရွေ့မှာအဓိကဇာတ်ဆောင်ရောင်ဝါရှိနေတုန်းပဲလား။"
ဒီကိစ္စမှာလွန်ခဲ့သောအချိန်ကာလကတည်းကမေးခဲ့သင့်သော်လည်း ကျန်းရွေ့ရှုံးနိမ့်သွားပြီး နောက်ဆက်တွဲပြဿနာများစွာလည်းရှိလာသဖြင့် ရှုလင်ကျားမှာရှုပ်ထွေးသောစိတ်အခြေအနေရှိနေပေရာ အဓိကဇာတ်ဆောင်ရောင်ဝါအကြောင်းစဥ်းပင်မစဥ်းစားနိုင်ခဲ့ပေ။
စနစ်ကဆိုသည်။
[ကျန်းရွေ့ကိုအဓိကဇာတ်ဆောင်ရောင်ဝါပေးတဲ့အရေးကြီးပစ္စည်းကမရှိတော့ဘူးဆိုတော့ ကျန်းရွေ့ကအဓိကဇာတ်ဆောင်အဖြစ်အရည်အချင်းမပြည့်မှီတော့ပါဘူး။]
ရှုလင်ကျားပြောမိသည်။
"ဒါပေမဲ့ငါ့ဒဏ်ရာကအပြည့်အဝပြန်မကောင်းသေးဘူးလေ။"
သူ့တွင် မစ်ရှင်တာဝန်တစ်ခုချင်းစီအပြီးမှာ စနစ်ကပေးလာသောဆုလဒ်များမှနည်းနည်းချင်းစီစုထားသည့်အဓိကဇာတ်ဆောင်ရောင်ဝါတစ်ဝက်သာလျှင်ရှိသည်။ အခုနောက်တစ်ဝက်ကကျန်းရွေ့နှင့်အတူမရှိတော့ဘူးဆိုတော့ ဘယ်ရောက်သွားတာလဲ။
စနစ်ကပြောလာသည်။
[ကျန်းရွေ့ကဝတ္ထုစာအုပ်ထဲကဇာတ်အိမ်ကိုမပြီးမြောက်ခဲ့တာမို့ သူကပုံမှန်မဟုတ်ဘဲလိုင်းပေါ်ကဆင်းသွားရတာ၊ ပြီးတော့Hostကသူ့မှာရှိတဲ့ပစ္စည်းကိုမရခဲ့တာမို့အဓိကဇာတ်ဆောင်ရောင်ဝါရဲ့အခြားတစ်ဝက်ကလက်ရှိမှာပျံ့ကြဲနေပါတယ်။]
ယင်းမူဝါဒကား ရှုလင်ကျားဟာကျန်းရွေ့ကိုဓားတစ်လက်တည်းဖြင့်သတ်လို့မရနိုင်ဘဲ အဓိကဇာတ်ဆောင်ရောင်ဝါကိုပြန်ယူခြင်းနှင့်အတူတူပင်ဖြစ်သည်။ ပုံမှန်နည်းလမ်းအရဆိုရင် သူတို့ဟာဇာတ်လမ်းတစ်ခုလုံးကိုဖြတ်၍ အတူလျှောက်လှမ်းကြရလိမ့်မည်။ ဇာတ်အိမ်ကိုပြန်ရေး၊ မစ်ရှင်တစ်ခုပြီးတိုင်းဆုလဒ်ရ၊ အဓိကဇာတ်ဆောင်ရောင်ဝါကိုအပြည့်အဝပြန်ရဖို့တိုက်ခိုက်ရပေမည်။
သို့သော်ယခုတွင် ပုံမှန်မဟုတ်သောစွမ်းအား၏လွှမ်းမိုးမှုကြောင့် ပုတီးစေ့လက်ကောက်တစ်ခုလုံးပျက်စီးသွားကာ ဇာတ်ကြောင်းကမပြီးသေးသည်မို့ မည်သူ့တွင်မျှ"အဓိကဇာတ်ဆောင်ဖြစ်လာ"နိုင်သည့်အခြေအနေအပြည့်မရှိပေ။
ရှုလင်ကျားပြောလိုက်သည်။
"ဒါဆို ပုတီးစေ့လက်ကောက်ကအခုပျက်စီးသွားပြီဆိုတော့ အဲ့ဒါကိုအရေးကြီးပစ္စည်းအဖြစ်သတ်မှတ်လို့ရသေးလား။"
စနစ်ကဆိုသည်။
[ဟင့်အင်း၊ ပုတီးစေ့လက်ကောက်ထဲကအရာကအဲ့နေရာမှာမရှိတော့လို့ပါ။]
ရှုလင်ကျားတောင့်သွားရသည်။
"အထဲမှာတစ်ခုခုရှိတာလား။"
[ဇာတ်ညွှန်းအရဆိုရင် ပုတီးစေ့လက်ကောက်ထဲမှာအစကကျန်းရွေ့နဲ့ဆက်သွယ်နိုင်တဲ့စိတ်ဝိညာဥ်ကိုယ်ထည်တစ်ခုရှိတယ်၊ ဒါပေမဲ့ စစ်ဆေးကြည့်လိုက်တော့ Hostကျန်းရွေ့ကိုစင်မြင့်ပေါ်ကကန်ချလိုက်ပြီးနောက်မှာ စိတ်ဝိညာဥ်ကိုယ်ထည်ပျောက်သွားခဲ့တယ်။]
ဒါကိုကြားလိုက်ရသော် ကျန်းရွေ့၏ယခင်ကလုပ်ရပ်များကို ရှုလင်ကျားတွေးမိသွားကာ ဘာဖြစ်နေမှန်းရုတ်တရက်နားလည်သွားပြီးမေးလိုက်သည်။
"ငါ့အသိစိတ်ထဲမှာမင်းရှိနေသလိုမျိုးလား။"
စနစ်: [...]
ဥပမာကသိပ်ကောင်းတယ်။
[Hostအဲ့လိုပြောလို့ရပါတယ်၊ ဒါပေမဲ့ ဒီစနစ်ကပိုရိုးသားပြီးတော့ကြင်နာတတ်ပါတယ်နော်။]
ကိစ္စကဒီလိုဆိုမှတော့ ကိစ္စပေါင်းများစွာကိုနားလည်လို့ရနိုင်သည်။ ကျန်းရွေ့ဒါကိုလုပ်တာက သူ့နောက်မှာတစ်စုံတစ်ရာရှိနေသောကြောင့်ဖြစ်သည်။
ထိုအချိန်တုန်းက ပုတီးစေ့များထဲကလွတ်မြောက်လာသည့်မရေတွက်နိုင်သောဝိညာဥ်များကိုတွေးမိရင်းဖြင့် ပုတီးစေ့အတွင်းရှိဝိညာဥ်များဟာ ကျန်းရွေ့အားသူ၏အဓိကဇာတ်ဆောင်ရောင်ဝါကိုခိုးရာတွင်ကူညီပေးခဲ့သော်လည်း ၎င်းတို့အနက်အများစုကကျန်းရွေ့ကိုဖော်ရွေစွာမဆက်ဆံကြောင်း ရှုလင်ကျားအကြမ်းဖျင်းခန့်မှန်းလို့ရသည်။
ယင်းကားကျန်းရွေ့ကိုလူသတ်ရန်ဆက်တိုက်ဆိုသလိုသွေးဆောင်ဖြားယောင်းနေပြီး သူ့အားလောင်းကစားသမားပမာဖြစ်သွားစေသည်။ သူပိုမိုရင်းနှီးမြုပ်နှံလေလေ ဆုလဒ်များရိတ်သိမ်းချင်သည့်စိတ်ကပိုမိုထက်သန်လာလေလေဖြစ်သည်။ အဆုံးတွင် သူကအမှားလုပ်ခဲ့ပြီး ချို့ယွင်းချက်များထုတ်ပြမိသွားကာ အခုတော့ပျက်စီးသောအခြေအနေသို့ရောက်ရှိသွားရသည်။
ကျန်းရွေ့၏ဖျက်ဆီးချင်စိတ်တစ်ဝက်ဟာ ပုတီးစေ့ထဲရှိစိတ်ဝိညာဥ်ကိုယ်ထည်ကြောင့်ဖြစ်လာသည်ဟုပြော၍ရသည်။
ထို့အပြင် ၎င်းကိုဒါကိုလုပ်ရသည့်ရည်ရွယ်ချက်ကား ကျန်းရွေ့ထံမှစွမ်းအားပိုမိုစုပ်ယူချင်တာထက်ဘာမှမရှိပေ၊ နောက်ဆုံးတွင် ၎င်းကအစားထိုးနေရာယူရင်ယူ၊ မဟုတ်ရင် ပုတီးစေ့အားအမှီအခိုကင်းသည့်ပစ္စည်းတစ်ခုဖြစ်အောင်လုပ်ပေလိမ့်မည်။
ယခုတွင် အစီအစဥ်ကမပြီးမြောက်သေးပေ၊ ကျန်းရွေ့ကျရှုံးသွားပေမဲ့ ပုတီးစေ့ထဲကစိတ်ဝိညာဥ်ကိုယ်ထည်ပျောက်သွားသည်။ ယင်းကားအလွန်သတိထားရမည့်အရာဖြစ်သည်။
ဒီပုတီးစေ့လက်ကောက်ကသူ့အတွက်အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ၊ အတွင်းရှိလျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့လိုသည်။
ကျန်းရွေ့ပုတီးစေ့လက်ကောက်၏အပိုင်းအစများကို ကျင်းဖေးထုန်၏လူများကစုသွားပြီးပြီကိုရှုလင်ကျားမှတ်မိသည်၊ သို့သော် ဒီပစ္စည်းကသိပ်ကိုအံ့သြစရာကောင်းလှသည်မို့ လူအများအပြားစိတ်ဝင်စားနေမှာစိုးသည်။ ကျင်းဖေးထုန်၏လက်ထဲတွင် ပြောရခက်သည်။
ဒီကိစ္စကိုတစ်ခဏတာသိမ်းထားပြီးနောက် စနစ်ကိုမေးလိုက်သည်။
"ဒါဖြင့် ငါကဓားစမ်းသပ်ရေးညီလာခံမှာအနိုင်ရရမဲ့တာဝန်ကိုပြီးမြောက်ခဲ့တယ်လို့ပြောလို့ရတယ်မလား။ ငါတို့ဇာတ်ကြောင်းအသစ်စလို့ရပြီလား။"
စနစ်ကတစ်အောင့်ကြာစစ်ဆေးနေပြီး မျက်နှာပြင်ကရှုလင်ကျား၏လက်ရှိအဆင့်အတန်းကိုပြသလာသည်။
["ဓားစမ်းသပ်ရေးညီလာခံမှာနောက်ဆုံးအနိုင်ရသူဖြစ်ရမယ်"ဆိုတဲ့တာဝန်ကိုပြီးမြောက်ခဲ့တဲ့အတွက်Hostကိုဂုဏ်ပြုပါတယ်၊ ဇာတ်ကောင်အဆင့်က"ဖြတ်လျှောက်"အဆင့်ကနေ"အရံဇာတ်ကောင်"အဖြစ်အဆင့်မြင့်သွားပါပြီ။]
[လက်ရှိ"အဓိကဇာတ်ဆောင်"ကင်းမဲ့မှုကြောင့် ဇာတ်ကြောင်းကအဓိကအပြောင်းအလဲတွေဖြစ်သွားတာမို့ ဖွင့်လို့မရနိုင်ပါဘူး။]
ရှုလင်ကျားခေါင်းငြိမ့်လိုက်သည်။
အကြိုဇာတ်ကြောင်းမရှိသဖြင့် နောက်ပိုင်းဘာဖြစ်လာမလဲဆိုတာသူမသိသော်လည်း ဒါဟာကောင်းသောအရာဖြစ်သည်ဟုရှုလင်ကျားတွေးမိသည်။
အနည်းဆုံးတော့ သူ့ပေါ်ကကန့်သတ်ချက်ကလျော့နည်းသထက်နည်းလာပေသည်။
ထို့နောက်စနစ်ကတာဝန်အသစ်ထုတ်ပြန်လာသည်။
[အရေးကြီးတဲ့အရံဇာတ်ကောင်က ထောက်တိုင်အနေနဲ့ ပြီးပြည့်စုံတဲ့နောက်ခံအသိုင်းအဝိုင်းနဲ့ အမျိုးအနွယ်ရှိဖို့လိုအပ်တယ်။ ကျေးဇူးပြုပြီးတော့ "တောင်ထွတ်ပေါ်ကလျို့ဝှက်ဂူ"ဆိုတဲ့မြေပုံအသစ်ကိုဖွင့်ပြီးတော့ ဂူထဲဝင်ပြီး "ဇာတ်ကောင်နောက်ခံအသိုင်းအဝိုင်းလက်ဆောင်ထုပ်"ကိုရယူပါ။]
ကျင်းဖေးထုန်၏သတိပေးချက်ကိုသတိရသွားကာ ရှုလင်ကျားသတိရှိရှိမေးမိသည်။
"အဲ့ဒီ့ဇာတ်ကောင်နောက်ခံအသိုင်းအဝိုင်းကမိစ္ဆာအတွင်းစိတ်တော့မဟုတ်ဘူးမလား။ ငါိမလိုချင်ဘူးနော်။"
စနစ်: [...မဟုတ်ပါဘူး၊ မိစ္ဆာအတွင်းစိတ်ကဗီလိန်အတွက်သီးသန့်ပါ။]
ရှုလင်ကျားတောင့်ခဲသွားရသည်။
သူခေါင်းငုံ့ကာ တစ်အောင့်မျှတွေးပြီးနောက်မေးလိုက်သည်။
"ဒါဆို မိစ္ဆာအတွင်းစိတ်မရှိလို့ရှိရင် ကျင်းဖေးထုန်ကဗီလိန်ဖြစ်နိုင်သေးလား။"
ကျင်းဖေးထုန်ကဗီလိန်ဖြစ်ကြောင်း ရှုလင်ကျားသိနေသော်လည်း သူအမြဲလျစ်လျူရှုထားမိသည်၊ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးတော့ သူ့ရှေ့ရှိကျင်းဖေးထုန်၏ပုံစံဟာ ဖြောင့်မတ်မှန်ကန်သောသူတို့ထက် ပိုမိုနူးညံ့သိမ်မွေ့ကာကြီးမြတ်လှသည်။
သို့သော် ယခုတွင်စနစ်ကရုတ်တရက်ပြောပြလာလေရာ ၎င်းကသူ့အားအံအားသင့်မှုနှင့်ထူးဆန်းမှုတစ်မျိုးကိုတစ်အောင့်မျှခံစားသွားရစေသည်။
ရုတ်တရက် ထိုညကသူ့လက်မောင်းကိုဆုပ်ကိုင်ထားတုန်းကကျင်းဖေးထုန်၏မျက်နှာထားဟာသူ့စိတ်ထဲတွင်ပေါ်လာသည်။
အထီးကျန်အဖော်မဲ့မှု၊ မည်းမှောင်ခြင်း၊ စွဲလမ်းမှု၊ မပြောအပ်သောဝမ်းနည်းမှုမြောက်မြားစွာရှိနေသယောင်။
လမ်းရှာတွေ့သွားသောသူတို့ကအကူအညီပိုရပြီး လမ်းပျောက်သွားသောသူတို့ကအကူအညီအနည်းငယ်သာရှိသည်။ ယင်းကားတကယ့်ဖြစ်ရပ်ပင်။
တရားမျှတမှုနှင့်ဆန့်ကျင်သောလမ်းပေါ်လျှောက်လှမ်းခြင်းကား လူတစ်ယောက်ဟာနောက်ဆုံးတွင်သူ၏မိသားစုကိုသစ္စာဖောက်ကာ သူ၏မိသားစုကိုချန်ရစ်ထားခဲ့သည်ဟုဆိုလိုခြင်းပင်။
ယင်းကားလွန်စွာပင်ပန်းကာခါးသီးပေလိမ့်မည်။ ကျင်းဖေးထုန်ကဲ့သို့လူမျိုးဟာဗီလိန်မဖြစ်သင့်။
ရှုလင်ကျားကကျင်းဖေးထုန်ကိုဗီလိန်မဖြစ်စေချင်ပေ။
စနစ်ကပြောလာသည်။
[လက်ရှိဇာတ်ကြောင်းကပြောင်းလဲသွားပြီ၊ အဓိကဇာတ်ဆောင်ကဘယ်သူဖြစ်ဖြစ်ကိစ္စမရှိဘူး၊ ဟုတ်တာပေါ့၊ ဗီလိန်ကလည်းအချိန်မရွေးပြောင်းသွားနိုင်တယ်။ သူဗီလိန်ဖြစ်နေတုန်းက မင်းသူ့ဆီကနေအဓိကဇာတ်ဆောင်ရောင်ဝါနဲ့ဆန့်ကျင်တဲ့ကံကောင်းမှုကိုရနိုင်သလိုမျိုးပဲ၊ အခုမင်းကအရံဇာတ်ကောင်ဖြစ်သွားပြီဆိုတော့ သူမင်းဆီကနေကံကောင်းမှုရနိုင်တယ်လေ။]
ရှုလင်ကျားပြောမိသည်။
"ငါလည်းသူ့အမွှေးကိုပွတ်...အင်း၊ သူ့ဆံပင်ကိုပွတ်လို့ရတယ်ပေါ့?"
စနစ်ကလိုရှင်းတိုရှင်းပြောသည်။
"သူနဲ့ပိုပြီးအတူတူရှိလိုက်ရုံပဲ။"
ရှုလင်ကျားတွေးမိသည်၊ ဒါကသိပ်မခက်ဘူးပဲ။
သိပ်မကြာသေးခင်က စနစ်ကရှုလင်ကျားကိုကျင်းဖေးထုန်ထံမှကံကောင်းမှုရယူရန်ပြောလာပြီး ၎င်းကအရမ်းကိုဒုက္ခများသည်ဟုရှုလင်ကျားထင်မိသဖြင့် သူကောင်းကောင်းမသိသည့်လူတစ်ယောက်နှင့်အချိန်အတူဖြုန်းတာထက်စာရင် သူ့ဘာသာသူတာဝန်ပိုလုပ်ချင်ခဲ့သည်။
သို့သော် ယခုမူ အကြောင်းမသိစွာဖြင့် သူနှင့်ကျင်းဖေးထုန်ဟာအတူလုပ်ဆောင်ရန်မပြောဘဲသိနေကြသည့်နှယ်။ အနည်းဆုံးတော့ သူတို့သည်တောင်ထွတ်ထိပ်ရှိလျို့ဝှက်ဂူထဲအတူဝင်ကြမည်ပင်။ သူတို့အတူသွားသင့်သည်ဟုကျင်းဖေးထုန်ကပြောလာပေရာ သူဟာလည်းအပြန်အလှန်ကံကောင်းမှုတို့ပေးလို့ရနိုင်သည်။
ရှုလင်ကျား၏စိတ်မှာအပြောင်းအလဲမြန်ပြီး စနစ်နှင့်တစ်အောင့်ကြာစကားပြောနေမိပေမဲ့ သူနှင့်ကျင်းဖေးထုန်မခေါ်တာကိုမေ့သွားကာ လျို့ဝှက်ဂူထဲဝင်ရန်စီစဥ်နေမိသည်။
ထိုစဥ်၊ ကွေ့ရီဂိုဏ်းသားနှစ်ယောက်ကသူ့ကိုတွေ့သွားကာ လင်းယွဲ့၏ဝိညာဥ်ကအနည်းငယ်ပြန်ကောင်းလာပြီမို့ ရှုလင်ကျားသူ့ကိုသွားတွေ့ပေးနိုင်မလားဟု ရှုလင်ကျားကိုပြောလာသည်။
သူတို့သည်စကားအပြောအဆိုပြောင်းလဲလိုက်ပြီး ဒီတစ်ခေါက်တွင်သူတို့က အတော်လေးပိုမိုယဥ်ကျေးပျူငှာစွာစကားပြောလာပေ၏။
ပထမတစ်ချက်၊ ရှုလင်ကျားဟာလင်းယွဲ့အတွက်အသက်ကယ်တင်ရှင်အဖြစ်သတ်မှတ်လို့ရသောကြောင့်။ ဒုတိယတစ်ချက်၊ လူတိုင်းကသန်မာသောလူကိုလေးစားကြပြီး ဓားစမ်းသပ်ရေးညီလာခံတွင်ရှုလင်ကျား၏လုပ်ဆောင်မှုဟာ ဒီလင်ရှောင်းဂိုဏ်း၏ဉာဏ်ကြီးရှင်ကားတကယ့်ကိုအထင်သေး၍မရကြောင်း သူတို့အားစင်စစ်နားလည်းသဘောပေါက်သွားစေရာ သဘာဝကျကျပင်သူတို့အမှားမလုပ်ရဲကြတော့ပေ။
ရှုလင်ကျားမှာလည်းလင်းယွဲ့ကိုပြောစရာရှိသည်မို့သဘောတူလိုက်သည်။
ဓားစမ်းသပ်ရေးညီလာခံပြီးဆုံးသွားပြီးနောက်၌ ကွေ့ရီဂိုဏ်းဟာနန်ဇီတောင်ထွတ်မှထွက်သွားပြီးဖြစ်ကာ ရှုလင်ကျားကသူတို့နောက်လိုက်၍ တောင်အောက်ရှိမြို့တော်ထဲတွင်လင်းယွဲ့အနားယူနေသည့်တည်းခိုခန်းထံသွားခဲ့သည်။
ထိုသို့ဖြစ်ပျက်သွားပြီးနောက် လင်းယွဲ့မှာကိုယ်အလေးချိန်များစွာကျသွားပြီး သူ့နှုတ်ခမ်းမှာဖြူဖျော့နေကာ သူ၏အသားအရည်မှာလည်းအနည်းငယ်ပြာနှမ်းလျက်ရှိပြီး သူ့ပုံစံမှာသချိုင်းကုန်းထဲကတွားသွားတက်လာသည့်နှယ်။
သို့သော် အလွန်ထူးဆန်းသည့်အရာကား သူ၏ယခုပုံစံဟာ ဆန့်ကျင်ဘက်အားဖြင့် မတိုင်ခင်ကကောက်ကျစ်စဥ်းလဲမှုကိုအနည်းငယ်လျော့ပါးသွားစေသည်။
သူကကုတင်ခေါင်းကိုမှီလျက်ရှိပြီး ကွေ့ရီဂိုဏ်းသားများကရှုလင်ကျားအထဲခေါ်လာသည်။ သူတို့ကရှုလင်ကျားကိုထိုင်ရန်ယဥ်ကျေးစွာပြောကာ သူတို့နှစ်ယောက်အတွက်ရေနွေးကြမ်းငှဲ့ကာအဆာပြေမုန့်ချပေးပြီးနောက် အနောက်ပြန်ဆုတ်သွားကာ အခန်းထဲ၌လင်းယွဲ့နှင့်ရှုလင်ကျားကိုသာချန်ရစ်ထားခဲ့သည်။
ရှုလင်ကျားကရေနွေးကြမ်းတစ်ငုံဖြည်းဖြည်းချင်းသောက်ကာမေးလိုက်သည်။
"မင်းငါ့ကိုခေါ်ပြီးဘာပြောမလို့လဲ။"
လင်းယွဲ့ကဆိုသည်။
"ငါကကျန်းရွေ့လိုလူတစ်ယောက်သတ်တာခံလိုက်ရပေမဲ့ မင်းကယ်တာခံလိုက်ရမယ်လို့တကယ်မထင်ထားမိဘူး။"
ရှုလင်ကျား"အာ"ခနဲဆိုကာပြောလိုက်သည်။
"အရမ်းအဆင်မပြေဖြစ်ရတယ်ဟုတ်စ?"
လင်းယွဲ့: "..."
"မင်းစိတ်ချနေလို့ရပါတယ်။"
ရှုလင်ကျားထိုင်သည့်အနေအထားပြောင်းကာ သာမန်ကာလျှံကာပြောလိုက်သည်။
"မင်းငါ့ကိုမျက်နှာသာပေးဖို့မလိုဘူး၊ အဲ့ဒါကမင်းအဖိုးရဲ့မျက်နှာကြောင့်ပဲ၊ မင်းကြောင့်မဟုတ်ဘူး။"
ရှုလင်ကျားကသူ့အဖိုးအကြောင်းပြောလာသည်ကိုလင်းယွဲ့ကြားလိုက်ရသော် သူ့မျက်နှာထားမသိမသာတင်းကြပ်သွားကာပြောမိသည်။
"မင်းလေ့ကျင့်ထားတာက တကယ်ဘဲမိုးကြိုးဓားသွားလား။"
ရှုလင်ကျားပြောလိုက်သည်။
"မဆိုးဘူး။"
သူ၏ဝန်ခံချက်ကိုကြားလိုက်ရရာ လင်းယွဲ့၏မျက်နှာထားမှာအလွန်ရှုပ်ထွေးသွားချေသည်။
သူရေရွတ်မိသည်။
"ငါစမ်းသပ်ချက်မျိုးစုံလုပ်ခဲ့တာက ဒါကိုအတည်ပြုဖို့ပဲ။ မင်းရဲ့ချဥ်းကပ်မှုကရှင်းဇုန်ကဟာနဲ့တူတယ်လို့ငါထင်မိပေမဲ့လည်း ဒီဓားရေးကျင့်စဥ်ကိုကျင့်ဖို့ကလူတိုင်းအတွက်မဖြစ်နိုင်ဘူးလို့ငါအမြဲခံစားခဲ့ရတာ။ ငါတကယ်မထင်ထားဘူး။"
ရှုလင်ကျားမျက်လုံးအသာမှေးစင်းကာပြောမိသည်။
"ဒါကလည်းမင်းအဖိုးဖန်တီးထားခဲ့တာမှန်းမင်းဘယ်လိုပြောနိုင်တာလဲ။ သူကပြစ်တင်ဝေဖန်မှုတွေကြားမှာ ဒီဓားရေးကျင့်စဥ်ကိုအနာဂတ်မျိုးဆက်သစ်တွေဆီလက်ဆင့်ကမ်းပေးခဲ့ပေမဲ့ မင်းဘာလို့ဒီလောက်တောင်ငြင်းဆန်နေရတဲ့အကြောင်းရင်းကိုငါနားမလည်ဘူး။"
လင်းယွဲ့ကပြောလာသည်။
"ဒီလိုအသုံးမဝင်တဲ့ဓားရေးကျင့်စဥ်ကြောင့် ဒါကိုလုပ်ရတာကသူ့အတွက်လုံးဝမတန်ဘူးဆိုတာ ငါသူ့ကိုသိစေချင်လို့ပဲ။"
သူ့ရင်ဘတ်လေးလံလာကာ ပင့်သက်ရှိုက်လိုက်ရသည်။
"သူဘယ်လောက်တောင်စတေးခဲ့လဲ။ သူ့ရဲ့ဂုဏ်သိက္ခာ၊ သူ့ရဲ့အဆင့်အတန်းမပြောနဲ့၊ ငါ့အဖေကအစကကျော်ကြားတဲ့မိသားစုကဆင်းသက်လာပြီး ကြီးမြတ်တဲ့အနာဂတ်ရှိသင့်တာမို့ သူကငါ့အမေနဲ့ငါ့ကိုခေါ်ပြီးတော့ဒီတိုင်းပြည်ကထွက်သွားပြီး နေရာမျိုးစုံမှာခိုလှုံခဲ့ရပြီးမှ နောက်ဆုံးမှာကွေ့ရီဂိုဏ်းကိုလာခဲ့တာ။"
"ဒါပေမဲ့ကွေ့ရီဂိုဏ်းကဒီဓားရေးကျင့်စဥ်ကိုအသိအမှတ်ပြုတယ်လို့မင်းထင်နေတာလား။ သူကသူသိတဲ့အခြားထူးကဲတဲ့အစွမ်းအစတွေနဲ့ပတ်သတ်ပြီးတွေးနေခဲ့ရုံတင်။"
လင်းယွဲဲ့ကထေ့ငေါ့စွာပြုံးသည်။
"အဆုံးမှာတော့ ကျင့်ကြံရေးလောကတစ်ခုလုံးက မတော်တဆမှုနဲ့နှလုံးသားကင်းမဲ့မှုကိုစိုးရိမ်ပူပင်နေကြတာမို့ လူတစ်ယောက်ရုတ်တရက်ထရပ်ပြီး တကယ်တော့ မင်းမှာဒီလိုအတွေးတွေရှိတာအဆင်ပြေပါတယ်လို့ လူတိုင်းကိုပြောလိုက်တော့ ဒါကသြဇာအာဏာကိုရန်စနေရုံတင်မဟုတ်ဘူးလား။ ငါ့အဖိုးကဒီဓားရေးကျင့်စဥ်ကိုအရမ်းဂရုစိုက်ပေမဲ့ ငါတို့တွေက ဒီဟာကြောင့်မလိုမုန်းထားမှုနဲ့ကံဆိုးမှုကိုသာရရှိခဲ့တယ်။ မင်းပြောကြည့်၊ အဓိကရည်ရွယ်ချက်ကဘာလဲ။"
"ငါမင်းနေရာကနေ မေးခွန်းတွေကိုမဖြေပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ ငါကမင်းရဲ့နာကျင်မှုကိုမကြုံခဲ့ရလို့ပဲ။ ငါသာဆိုရင်လည်း ဒီလိုကျင့်ကြံရေးလောကကြီးကိုမုန်းတီးမိလောက်တယ်။"
လင်းယွဲ့၏အံ့အားသင့်မှုကြောင့် ဒီတစ်ခေါက်တွင်ရှုလင်ကျားကသူ့ကိုအသက်ရှုကြပ်အောင်မလုပ်လိုက်ပေမဲ့ သူ့မေးခွန်းနှင့်ပတ်သတ်၍အလေးအနက်တွေးမိသည်။
"ဒါပေမဲ့ငါကတော့ မင်းရဲ့အဖိုးကိုကျေးဇူးအရမ်းတင်တာပဲ။ ဘာလို့လဲဆိုတော့ ငါ့စွမ်းရည်တွေအသုံးမဝင်တော့လုနီးပါးဖြစ်နေချိန်မှာ သူကငါ့ကိုနောက်နည်းလမ်းတစ်ခုမြင်အောင်ပြသခဲ့တယ်။"
လင်းယွဲ့ကရှုပ်ထွေးသောမျက်နှာထားဖြင့်ပြောလာသည်။
"အင်း၊ ဒီတော့မင်းကဉာဏ်ကြီးရှင်ပဲ၊ ဒီဟာကအသုံးမဝင်တဲ့စာအုပ်မဟုတ်ဘူးဆိုတာကိုမင်းကငါ့ကိုတကယ်ကြီးမြင်စေခဲ့တယ်။ ငါလေ့လာဖို့မကြိုးစားခဲ့တာမဟုတ်ဘူး၊ ငါလုံးဝနားမလည်နိုင်ခဲ့တာ။"
ရှုလင်ကျားပြောလိုက်သည်။
"ငါဓားရေးကျင့်စဥ်ရဲ့နာမည်ကိုမြင်တုန်းက ငါလွှင့်ပစ်လိုက်ချင်တာ၊ ဒါပေမဲ့ငါမလုပ်နိုင်ခဲ့ဘူး၊ ငါ့အခြေတည်ဆောက်ပုံကပျက်စီးသွားတာမို့ ငါဒီဟာကိုမှမလေ့ကျင့်ရင် ငါကျင့်ကြံလို့မရနိုင်တော့ဘူးလေ။"
Advertisement
- In Serial207 Chapters
Lone: The Wanderer [Rewrite]
Nine-to-five. The daily grind. Life. Painful years of school. Working as a slave for some undeserving corporate big-wig. The monotonous life of unemployment. We all experience this in one way or another, and we can all conclude one thing: it's dull. Such a fact rings true even for the fabled Lone Immortus, a powerful nine-tailed Golden Foxkin. However, what would you do if your monotony was suddenly ground to a halt and you were thrown out of your comfort zone along with a young girl forgotten by time? Perhaps you might have done things differently, been more organised, immediately died, gained control of the world in a matter of days, but this is Lone's tale, not yours. Watching two insecure people struggle to survive and find their place in an unfamiliar land just might be enjoyable to witness. Who knows? One thing's for certain: it won't be an easy path for them to tread, and what could possibly be more entertaining than watching people endure hardships and grow? I know of at least eight gods that would answer with, 'Absolutely nothing.' I wonder, after seeing this journey from start to finish, how would you answer? [Goal of 1 chapter per week, the only exceptions being announced breaks or emergencies] The cover art is courtesy of the very kind and talented ssddx. This novel is a participant in The Writer's Pledge
8 151 - In Serial42 Chapters
I was Reborn as the Villainess but I will become a Great Sage
Nova Allandis, formerly known as Suna Lee, remembers her previous life and realizes her current life is as the villainess in a fantasy novel she once read. However, as Suna, she was the laziest person with no motivation, possibly attributed to the fact that she didn't go into a major that was her strongest suit. Now that she has a high affinity towards magic and wishes to go into it, will she be able to change her lazy self for the better, or will she go back to being lazy like the villainess in the novel? Can she become a Great Sage and live life happily this time? Note: This is not a "revenge of the villainess" novel, but rather a "rise to fame" novel. A/N: This is just an experimental novel and criticisms are much appreciated, but I'm extremely defensive of my own work and characters. If you are here to put down a novel, please remember, first of all, you are not paying anything to read this, and second of all, authors are humans too.
8 224 - In Serial11 Chapters
Adventure With A System
Dexter Hargreeves is a 18 year old boy. Dexter is a very intelligent person, and always rational. His dad is a billionaire and spoils him, but he didn't waste the money he was given on materialistic items, because he had everything. So one day when he was 13 he decided to use his $1,000,000 allowance and donate it to an orphanage. He kept doing this and he gained goo karma, that wasn't even believed to be possible for this world. One day he had just gotten out of school, and he was reading one of his favorite novels he had saved on his phone as he walked home, and the notorious Truck-kun hit him. Dexters soul sat in a dark place for 10,000 years, but for him it felt like 1. The gods saw this, and it was their fault in the first place he got hit, because they were playing with Hot Wheels to see why kids liked them, and he got hit. They felt bad so they gave him a reward. Which was 10x his original karma, and 10 wishes. After they gave it to him they realized he already had 1,000,000,000,000 karma. So now he had 10 zillion. Join Dexter on his adventures into the world of Isekai, and his own OverPowered system. (This is my first Novel, and I'm doing this for experience, so please bare with me, and let me know what im doing wrong, and how I can improve. Also if you want some...18+ pages ;) just tell me and I'll try my best.)
8 165 - In Serial8 Chapters
Destined for Talent
Kingdom of Crystal's Soldier Dillon Caudry had just been promoted to General Soldier of the Barrier Unit. Just when events in his life were going great, and he found a beauty he believed to be the love of his life, war struck again and he must return to a world enveloped by pain, fire, and unchanged history. It was the same thing all over again, and he knew he was at the end of his rope. His colleague, General Soldier Aster, trapped in the same net as he and grieving just as badly, never lost hope no matter their circumstances. Will he press Dillon to grow his talent once more, for the sake of their nation? Or do their people face a life of lost courage and defeated hopes? A/N: Includes BL, GL A spin-off to another title, Rage of Fire. I'll post ROF when I have more chapters.
8 145 - In Serial89 Chapters
Harry Potter is more like his mother than people expected.Except for maybe a revision here and there, this story is officially discontinued. Read the part titled "Hello Again" for more information.
8 154 - In Serial17 Chapters
Virus (Antisepticeye and Darkiplier)
{COMPLETED} You wake up in a dark room with a pounding headache. You try to move, but your arms are tied behind your back. Wondering where you are, you cry out for help, but your screams are lost in the darkness. Suddenly, you remember what happened. The earthquake, the creepy laughter, the guy pulling you into the computer. 'Wait, where's Mark and Sean?' You think. The insane giggling rings through the room, but this time, you're not that scared. Only when it gets louder, do you get nervous.You, a female gaming youtuber, make plans to spend a week in Ireland with Sean and Mark, better known as Jacksepticeye and Markiplier, respectively. What none of you realize is that Antisepticeye and Darkiplier have also chosen that week to pay Sean and Mark a visit.
8 183