《Sour Candy》part 27💔
Advertisement
*Unicode*
ရိုးရာမပျက် ဖုန်းထဲမှကူးငယ်ရဲ့ရိပ်လေးအား တစ်ချက်နမ်း၍ အပြင်မှအဆိုးလေးကို တွေ့ရန္ပြင်ဆင်ရမည်။ အသက်အရွယ်က စကားပြောလာသည်ဆိုရမည်ထင်ပါရဲ့ ခပ်ငြိမ်ငြိမ်အဝတ်အစားတွေသာရွေးချယ်တက်လာပြီး ရှိသမျှဆံနွယ် သပ်တင်၍ ပံုကျလှသည့်မေးရိုးတွေအားထင်းနေကာ တည်တင်းသောမျက်နှာထားနှင့် ကင်မ်ထယ်ယောင်းသည် အချစ်ပေးတဲ့ရင်ကွဲနာကျပြီး ရင့်ကျက်ခဲ့လေပြီ။
အချစ်နဲ့ပတ်သက်ရင်တော့ ကလေးဆန်စွာ ထိလွယ်ရှလွယ်ဖြစ်လာတာတော့ အဆန်းသား။ ဒီတစ်ခါတော့ မင်းလက်ကိုအဆံုးထိဆွဲထားမယ်ကူး...မင်းပျော်ရင်ကြိုက်တာသာလုပ် ကိုယ်မတားဘူး ကိုယ့်ကိုတော့ပစ်ချထားခဲ့လို့မဖြစ်ဘူး။ ဒီတစ်ခါ...ဒီတစ်ခါထားသွားခဲ့ရင် ရူးရုံတင်မကဘူး သေပါသွားမှာ။ မုသားတွေမပါတာမို့ မင်းမယံုလည်းကိစ္စမရှိပါဘူး...ဒီတိုင်းလေး အချစ်ခံနေပေးမယ်မဟုတ်လား။
"JeyKay မင်းလူကကြာလိုက်တာ"
"ဖြည်းဖြည်းပေါ့...မင်းကိုကလောနေတာ"
ကောင်မလေးတစ်ယောက်ပေါင်ပေါ်တင်ကာ ရောင်စံုမီးရောင်မှိန်မှိန်အောက် ရေခဲအနည်းငယ်ရောထားသည့်အရက်တစ်ခွက်အား အရသာခံသောက်နေသည့်ဂျေဟာ အလွင့်။
အရိုးစုပံုတွေပါသည့် တီရှပ်အနက်အား ချိန်းဆွဲကြိုးခပ်ကြီးကြီးနှင့်တွဲဖက်ဝတ်ဆင်ထားကာ နားပေါက်တွေ၌နေရာအလွတ်မရှိ တွဲလီတွဲလောင်းတွေဖြင့် ရှုပ်ယှက်ခတ်နေလျက်။ ညာဘက်တက်တူးတွေအား ရက်ရောစွာဖော်ပြထားသည့်လက်သည် ကောင်မလေး၏ခါးထက်ပွတ်သပ်နေကာ တကယ့်ကိုမိုက်မိုက်ကန်းကန်း။
ပို့လာသည့်လိပ်စာအတိုင်းရောက်ရှိလာတော့ လူရှင်းသည့်ရက်ကွက်က Club တစ်ခု။ ကားပါကင်ထိုးပြီး Club ထဲဝင်လာရင်း မျက်စိကစားမိလေတော့ ထောင့်ကျလွန်းတဲ့အမှောင်ကျကျဝိုင်း၌
အပီအပြင်မော့နေသည့် နှလုံးသားငယ်လေး။ တွေ့တွေ့ခြင်းမြင်ရတဲ့မြင်ကွင်းက ဆူးခနဲအောင့်ခနဲ။
"ကူး...!"
"ထယ်ယောင်းဂီးရောက်ပြီပဲ လာထိုင်"
ပျက်ယွင်းနေသည့်မျက်နှာနှင့်အတူ ကူးဘေးဝင်ထိုင်လိုက်မိသည်။ ကူးပေါ်ထိုင်နေတဲ့ရင်ဟိုက်ဟိုက် dress နဲ့ကောင်မလေးကို ဆွဲဖယ်ချင်တာမှမတရား။ တကယ်ပူလောင်ရလွန်းတယ် ကူးရယ်။
အရှေ့ရောက်လာသည့် ခွက်တစ်ခွက်...
"ကိုယ်မသောက်တာကြာပြီကူး "
မှန်သောစကားပါ။ အရူးလံုးလံုးစိတ်အခြေအနေတည်ငြိမ်သွားပြီး ယာမကာကိုဝေးဝေးကရှောင်နေခဲ့တာအခုချိန်ထိ။
"ထယ်ယောင်းဂီးအတွက် ကျုပ်ကိုယ်တိုင်စပ်ပေးထားတာကို..."
ညိုးသွားတဲ့မျက်နှာလေးကြောင့် မနေတက်သူဟာ ကင်မ်ထယ်ယောင်းပင်။ ပြန်ရုတ်သွားတော့မည့်ခွက်အား ပြန်ဆွဲယူလိုက်ရင်း
"ကူးအပင်ပန်းခံစပ်ပေးထားတာကို ကိုယ်သောက်မှာပေါ့ "
"အားနာလို့သောက်ပေးတာမျိုး ကျုပ်သဘောမကျဘူး...မသောက်တဲ့လူကို ကျုပ်ကအတင်းမတိုက်ပါဘူး"
"မဟုတ်တာ ကိုယ််သဘောနဲ့ကိုယ်သောက်တာ"
ပြောပြောဆိုဆိုဖြင့် တစ်ငံုမော့သောက်လိုက်ခြင်းမှာ မသောက်တာကြာ၍ လည်ချောင်းတစ်လျှောက်ပူပြင်းလွန်းတာကြောင့် မျက်ခံုးတွေတစ်ချက်တွန့်ချိုးမိသွားသည်။ ကူးစပ်ပေးတဲ့အရက်ကို သောက်ရတာ ဘယ်လောက်တောင်ကံကောင်းလိုက်လဲ ထယ်ယောင်းရယ်။
မငြိုမငြင်ယူသောက်လိုက်သည့်သူအား ဂျေစူးစူးစိုက်စိုက်ကြည့်နေမိသည်။ ခွက်အားသယ်ဆောင်သွားသည့် အကြောကောက်ကြောင်းထင်းထင်းဖြင့် လက်ချောင်းလေးအစ ဂျေ့မှာကြည့်ရင်း မျောသွားသည်အထိ။ လှုပ်ခတ်သွားတဲ့ လည်စလုတ်ကအနုပညာဆန်စွာ။ ထိုလူသားရဲ့လှုပ်ရှားမှုတစ်ခုစီတိုင်း လိုက်မြတ်နိုးမိတဲ့ ကူးငယ်ရဲ့ဝိညာဉ်ဟာ JeyKay ခန္ဓာထဲတစ်စိတ်တစ်ပိုင်းရှိနေသေးသည်။
ချစ်ခြင်းမေတ္တာတွေဟာ ထုထည်ကြီးမားခဲ့သည့်အလျောက် ဦးနှောက်ကမေ့နိုင်သော်ငြား ကင်မ်ထယ်ယောင်းကိုမြင်တိုင်း ပျော်နေတက်သည့် မသိစိတ်တွေဟာအရှိန်အဟုန်ဖြင့်။ မူမမှန်လာတက်သည့် ရင်ခုန်နှုန်းတွေဟာ *နှလုံးသားနှစ်စံုပါခဲ့ရင်တောင် မင်းကိုပဲနှစ်ခါထပ်ချစ်ပစ်မှာ* ဆိုတဲ့ ကူးငယ်စကားတွေကိုလက်တွေ့ပြသည်။
ကူးငယ်ဟာသိ်ပ်ချစ်တက်ပါတယ် ဆိုတဲ့အတိတ်တွေရှိနေသလို လက်ရှိ ဂျေဟာလည်း ခံစားချက်တွေလစ်လျူရှူ တိုက်ပိတ်ထားတက်ပါတယ် ဆိုပြီးသက်သေတွေပြဦးမှာ။ ခံစားချက်မရှိတဲ့ဘဝမှာ လွင့်ချင်ရာလွင့် ဂျေနေပျော်သည်။ အသေးအမွှားလေးများ ကြည်နူးလာလျှင် လိုက်ပါစီးမျောမည်။ ကြည်နူးခြင်းဆိုတာလေးက ခပ်ငြိမ့်ငြိမ့်လေးပေမို့ သဘောကျတယ်။
ရင်ခုန်သံတွေဆူညံလာရင် တီတီတာတာတွေပြော ပြင်းရှရှနမ်းရှုိက်ပစ်မည်။ အချိန်တစ်ခုရောက် ဘာမှမဖြစ်သလိုမျက်နှာပြောင်တိုက်ပစ်မည်။ သံတရာဆိုတဲ့ ဒီစက်ဝန်းမှာ ဂျေဟာကိုယ့်စိတ်ကိုယ်ပိုင်သည်။
"ထယ်ယောင်းဂီး ဒါက Leo တဲ့...ကျွန်တော့်ရဲ့တက်တူးတွေရဲ့လက်ရာပိုင်ရှင် တနည်းအားြဖင့် ကျွန်တော့်ရဲ့ Soulmate ။ Leo ငါပြောတဲ့ ကင်မ်ထယ်ယောင်းဆိုတာ "
"ကင်မ်ထယ်ယောင်းဆိုတော့ ကိုရီးယားပေါ့...တွေ့ရတာဝမ်းသာပါတယ်..."
"ကိုယ်လည်းဝမ်းသာပါတယ်"
နည်းနည်းမျှပြုံးခြင်းမရှိ ခပ်တည်တည်ဖြင့်နှုတ်ဆတ်လာသည့် ထယ်ယောင်းဟာ ဂျေနဲ့ပြောနေတုန်းကပံုနဲ့ကွဲပြားစွာ။ ဂျေပြောတော့ ဖော်ရွေတဲ့ဘဲကြီးဆိုပဲ JeyKay လို့သာပြေးအော်ချင်တော့သည်။
"ဒယ်ဒီ...နမ်းရအောင်"
"ဘေဘီ မဆိုးနဲ့ကွာ...ကိုယ့်ဧည့်သည်ရှိနေတယ္"
"မရဘူး! ဒယ်ဒီ့ကိုစိုက်ကြည့်နေတာမကြိုက်ဘူး...နမ်းမယ်လို့"
အငြိမ်မနေပဲခုန်ဆြခုန်ဆွလုပ်လာသည့် စော်လေးကြောင့်ဂျေအံ့ကြိတ်လိုက်မိသည်။ လေသံတိုးတိုးဖြင့်သာဆိုနေကြည့် ဂျေတို့နှစ်ေယာက္၏အသံအား ထယ်ယောင်းနဲ့Leo ကြားမည်မဟုတ်။
"Sh*t! ဘေဘီငြိမ်ငြိမ်လေးနေတာကောင်းမယ်...ကိုယ့်ကိုခက်ခဲအောင်မလုပ်နဲ့"
"ငြိမ်စေချင် နမ်းပါဆို!"
တင်းနေအောင်ဆုတ်ထားသည့် ထယ်ယောင်းလက်တွေဟာစားပွဲခုံအောက်။ ဘာမှမဖြစ်သလိုအရက်ခွက်အား လှည့်နေရင်းနှုတ်ခမ်းတွန့်ရုံအပြုံးနဲ့ နာကျင်နေသည့်မျက်ဝန်းတွေ ရဲတောက်နေလျက်ကူးနှင့်သူမထံမှ ခွာ၍မရ။
သူမလည်တိုင်ထက်ကပ်သွားသည့် ကူးမျက်နှာ။ ကိုယ်လုပ်ခဲ့ဖူးသည့် အရာတွေပေမို့ ဘယ်တွေကိုဦးတည်နေလည်း မသိပဲနေပါ့မည်လား။ ပူလောင်လိုက်တာ ကူးရာ...ဒီကောင့်ရင်ကိုမီးစနဲ့ထိုးဖို့ တစ်ခြားနည်းသံုးပေးလို့မရဘူးလား...!
နမ်းရှုိက်ခြင်းကိုဦးတည်တော့မည့် အခြေအနေ၌ မထိန်းချုပ်တော့တဲ့စိတ်တွေအရ လက်ထဲကခွက်အား စားပွဲပေါ်သို့အသံမြည်အောင် ချပစ်လိုက်သည့်နောက် သံုးယောက်လံုးရဲ့လန့်သွားသည့်အကြည့်တွေဟာ သူ့စီတန်းတန်းမတ်မတ်။
"ကိုယ် Toilet ခဏသွားဦးမယ္"
"အော်...ဟုတ်ကဲ့သွားပါ"
"မင်းပါလိုက်ရမှာ ဂျွန်ဂျောင်ဂု!!"
ကူးပေါ်ကသူမကိုတွန်းဖယ်ကာ လက်ကောက်၀တ်နုနုအားဆွဲခေါ်လာခဲ့မိသည်။ ရုန်းဆန်ခြင်းမရှိပဲ ငြိမ်ငြိမ်လေးလိုက်ပါလာသူသည် ချစ်စရာကောင်းစွာတစ်ခုခုအားတွေးနေဟန်ရှိသည်။
ထပ်ပြီး ဂျွန်ဂျောင်ဂု တဲ့...ရင်းနှီးလွန်းတဲ့ထိုနာမည် တွေခနဲဖြစ်သွားသည်အထိ။
Toilet ထဲရောက်သည်နှင့် တံခါးလော့ချကာနံရံ၌ကပ်နေပြီး နှုတ်ခမ်းသားတို့အားအငြိုးကြီးစွာ အမဲဖြတ်စုတ်ယူလာသည့် ထယ်ယောင်း။ လက်နှစ်ဖက်အား ထယ်ယောင်းရဲ့လက်ဝါးပြင်ကြား တင်းတင်းကြပ်ကြပ် အချုပ်ခံထားရပြီး အောက်နှုတ်ခမ်းသားအကိုက်ခံရကာ ပွင့်အာသွား၍ မြွေတစ်ကောင်လိုတိုင်းဝင်ကာ ဂျေ့လျှာရဲရဲအားရစ်ပတ်လာသည့် စုပ်ချက်တွေသည်သိပ်သည်းစွာ။
ပံုမှန် JeyKay သည်တွေဝေခြင်းမရှိတံု့ပြန်မိမှာမှန်သော်လည်း အခုလက်ရှိမျက်ဝန်းထဲဖြတ်ပြေးနေသည့် အကျဥ်းတန်ဖွယ်ပံုရိပ်တွေကြောင့် ငြိမ်နေမိသည်။ ရုန်းကန်ခြင်းတော့မပြုခဲ့။ ပြင်းရှရှအနမ်းတွေကသဘောကျဖို့ သိပ်ကောင်းလို့။
အတိတ်ကဖော်ပြတဲ့ပံုရိပ်တွေ၌ စီးကရက်သောက်တာကိုအကြောင်းယူလို့ Toilet ထဲတင်တင်စီးစီးတန်ဖိုးချခံခဲ့ရတဲ့ အနက်ရောင်ကောင်ငယ်လေးရဲ့ မျက်ရည်စတွေခံစားချက်တွေက လစ်လျူရှုခံ။ အားနွဲ့နေတဲ့ မဟုတ်ဘူး မရုန်းရက်ရှာတဲ့စိတ်အခံနဲ့ မလိုလားသော်လည်းငြိမ်နေခဲ့တာ ထိုကောင်လေးအချစ်ကြီးလိုက်ပံုများ ဂျေမျက်ဝန်းတွေထက်ဖြတ်ပြေးလာပြီး သေအောင်ကိုက်လာတဲ့ဦးခေါင်းတစ်ခုလံုး ပွင့်ထွက်မတက်။
ရစ်သိုင်းလာတဲ့မျက်ရည်စတွေဖြင့် မြင်ကွင်းတွေဟာဝေဝါးလွန်း လာသည်။ မခံမရက်နိုင်သည့်နာကျင်မှုကြောင့် နမ်းရှုိက်နေသည့်ထယ်ယောင်းနှုတ်ခမ်းအား သွေးစများထွက်သည့်တိုင်ကိုက်ခဲပြီးနောက် ဂျေဟာအမှောင်ထုထဲလံုးလံုးရောက်ရှိသွားခဲ့ပြီ။
လက်ထဲပျော့ကျလာသည့် နှလုံးသားငယ်ကြောင့် ထယ်ယောင်းပူထူသွားရသည်။ မထိန်းနိုင်သည့်စိတ်ကြောင့် နမ်းရှုိက်မိသည့်အရှိန်ကပြင်းလွန်းသွားတာကြောင့်များလေလား...
"ကူး...ကူး သတိထားဦးလေ ကူး..."
Advertisement
ပါးနှစ်ဖက်အားပုတ်နိုးသော်လည်း တုတ်တုန်မလှုပ်လာသည့်သူကြောင့် စိုးရိမ်မှုကမြင့်မားစွာ။
သောက်တာများသွားလို့နေမှာပါ ဘာမှမဖြစ်ဘူး ဟုတ်တယ်ကိုယ့်ရဲ့ကူးဘာမှမဖြစ်ဘူး။
နဖူးပြင်ပြေပြေလေးအား ခပ်ဖွဖွနမ်းပြီး ဒူးကောက်ကွေးမှပွေ့ချီကာ တိုက်ခန်းစီပြန်ရမည်။ ခန္ဓာသာကြီးလာတာ အလေးချိန်ကအရင်ကအတိုင်းမပြောင်းလဲတာမို့ ပြုံးမိလျက်သား။
"ဒီတိုင်းခိုးယူသွားချင်တယ်...မင်းမုန်းမှာလည်းကိုယ်မလိုလားပြန်ဘူး တစ်ခြားတစ်ယောက်နဲ့တွဲမြင်ရရင်လည်း ရင်တွေကွဲမတက်ပဲ။ ကိုယ်လေ ဘယ်လမ်းရွေးသင့်လဲ "
အသက်ရှူသံသဲ့သဲ့ဖြင့် ငြိမ်သက်စွာပါလာသည့် ကူးမျက်နှာလေးအားတရိပ်ရိပ်ကြည့်ရင်း ထယ်ယောင်းလမ်းတွေပျောက်ရ၏။ အချစ်ကပူလောင်တာကူးရယ်....တော်သေးတာပေါ့ ဘယ်အရာမှမမှတ်မိပဲ အေးအေးချမ်းချမ်းလေးတည်ရှိနေပေးလို့ ကိုယ်သိပ်ကျေးဇူးတင်မိတယ္။ ပြီးတော့ ချစ်တယ်။
///////////////
ဖုန်းစိမ်းတစ်လံုးဝင်လာသည်မို့ အလုပ်စာရင်းစစ်နေရာမှ ကောက်ကိုလိုက်မိသည့်အခါ မင်ယွန်းဂီသွေးဆောင့်တက်ရသည်။
"ဘာ!! ပတ်ခ်ဂျီမင်...မင်း"
"ဟီး...တောင်းပန်ပါတယ် မစ္စတာယွန်းဂီခင်ဗျ။ ကျွန်တော့်သူငယ်ချင်းလည်း အရူးဖြစ်တဲ့အထိမသေရုံတမယ်ခံစားခဲ့ပြီးပြီ သူအမှားသူသိပြီးနောင်တတွေလည်းရနေတာအခုထိ။ အသက်မပါတဲ့ မျက်နှာထားတွေခံစားချက်မဲ့နေတာတွေဘယ်လိုမှ မကြည့်ရပ်တော့လို့ ..အခုကတွေ့ချိန်တန်ပြီထင်တယ် မင်ယွန်းဂီရယ်။ နူးနူးညံ့ညံ့လေးအချစ်ရေးကိုထူထောင်ကြပါစေ"
ဂျီမင်ပြောတာတွေအမှန်တွေဖြစ်သော်လည်း မင်ယွန်းဂီလက်မခံ။ ဂျွန်ငယ်အထိနာထားရတာ ဂျွန်ငယ်အစော်ကားခံခဲ့ရတာတွေ ဂျွန်ငယ်အသက်အထိလုပ်ကြံခဲ့တာတွေ ကင်မ်ထယ်ယောင်းလက်ထဲအပါမခံနိုင်ပါ။
"ဂျွန်ငယ်ဘယ်လောက်နာကျင်ခဲ့ရလည်း မင်းအသိနော် ဂျီမင်...ငါသဘောမတူဘူး"
"သူများချစ်ခြင်းကြား ကန့်လန့်ကန့်လန့်လုပ်နေလို့ လူပျိုကြီးဖြစ်နေတာ!"
"ပတ်ခ်ဂျီမင်!!"
"မဟုတ်မှ ဂျွန်ဂျောင်ဂုရှီးကိုကြိုက်နေတာလား"
ငယ်ငယ်တည်းကလက်ပေါ်ကြီးပြင်းလာသည့် ကလေးအပေါ်သံယောဇဥ်ရှိရုံ ကြိုက်တယ်ဆိုတဲ့ပေါက်ပေါက်ရှာရှာစကားအား ဂျီမင်မို့လို့ထွက်ရက်သည်။
"ပတ်ခ်ဂျီမင် ကနေ မင်ဂျီမင် အဖြစ်မပြောင်းချင်ရင်သောက်ပေါက်ပိတ်! မင်းလူ ဂျွန်နဲ့တွဲတွေ့တာနဲ့ သတ်ပစ်မှာ"
"ရားးးမင်ယွန်းဂီ! အဘိုးကြီး! လူပျိုကြီး!!"
ကျသြားသည့်ဖုန်းအား ဒေါသကြီးစွာအော်ဟစ်နေသူလည်းရှိနေသလို၊ ချပစ်လိုက်သည့်ဖုန်းကြောင့် သွားသေးသေးလေးတွေပေါ်အောင် ပြုံးရယ်နေသူလည်းရှိနေ၏။
ဂျွန့်အပေါ် မေတ္တာပိုခဲ့တာဟိုဂီပါ...သို့သော် ဂျွန့်ကို နယူးယောက်ခ်ဆေးရုံအရွေ့အပြောင်း၌ လီအီဆောင်းနဲ့ငြိသွားကာ သမီးရည်းစားဘဝတောင်ရောက်၍နေပြီလေ။ ဒီအခြေအနေမှာ ဂျွန်ဂျောင်ဂုရှီး အပေါ်ပူပန်ဂရုစိုက်ကဲသည်းနေကြတာဟာ ညီလေးတစ်ယောက်အပေါ်ထားတဲ့ အချစ်တွေပဲရှိတာ သူတို့အသိပဲလေ။ ပတ်ဝန်းကျင်ဘယ်လိုထင်ထင်ဂရုမစိုက်ပါ သို့သော် ပတ်ခ်ဂျီမင်ဖြစ်နေတော့ မင်ယွန်းဂီလျစ်လျူရှုမနေနိုင်။
အကြောင်းရင်းကတော့ နှုတ်ခမ်းဖူးဖူးနဲ့မျက်အိမ်ကျဥ်းကျဥ်းတွေမှာ ကျရှုံးသွားရသည်ကြောင့်ပါတဲ့။
သဘောတွေကောင်းပြီး တစ်ပတ်နှစ်ပိုင်းအပ်ပေးနေတာကို ဖိဘတ်လည်းမရေးကြဘူး ဗြဲ။
Love you all❤
*****************
*Zawgyi*
"ကူး...!"
"မဟုတ်တာ ကိုယ်သဘောနဲ့ကိုယ်သောက်တာ"
Advertisement
"ဒယ်ဒီ...နမ်းရအောင်"
"ဘေဘီ မဆိုးနဲ့ကွာ...ကိုယ့်ဧည့်သည်ရှိနေတယ္"
"ကိုယ် Toilet ခဏသှားဦးမယ်"
"အော်...ဟုတ်ကဲ့သွားပါ"
"ကူး...ကူး သတိထားဦးလေ ကူး..."
///////////////
"ဘာ!! ပတ်ခ်ဂျီမင်...မင်း"
"ပတ်ခ်ဂျီမင်!!"
Love you all❤
Advertisement
- In Serial11 Chapters
Life: New Game +
I died and reincarnated. Or something like that. What would you do if you could live your life all over again? In a fantasy world. Tasked with an impossible quest. Having the worst possible luck. Life: New Game + here I come. On Hiatus
8 197 - In Serial26 Chapters
Shadow under Plato
King’s College has a reputation. To Leo, the sharp but cynical rebel, it is a place where the people he cares about are sentenced to a fate worse than death—to live the rest of their days on the surface of a dying Earth. To Morgan, the bright and strict overachiever, it is a vault in which she may find her dreams. And for the brightest six students of King’s College, even greater opportunities reside in the legendary Class Euripides; a class which she will fight for a seat at with all her wits and will. And to Lumia, the newly Ascended girl whose smile never fades, King’s College is a terrifying puzzle just like everything else in the floating city of Plato, the last bastion of humanity. As the class of 311 commences a grueling year of study and elaborately devious tests, none of the bright-eyed students could have anticipated the weight of expectation laid upon their shoulders. After all, a student’s hopes and dreams mean little in the fight against an ever-collapsing climate. For the Educators of King’s College offer only one lesson to their future students, to the future of a dying world: Burn bright.
8 152 - In Serial7 Chapters
Alit
What is luck? Is it something you're born with? Is it obtainable? Can something give luck? This short story follows a high school boy named Steven and the events that follow a fateful encounter.
8 149 - In Serial11 Chapters
Super Why X Multiple Readers
I'm so so sorry.
8 194 - In Serial54 Chapters
New chance in fantasy
As he died too soon, a man is sent in an other world to complete his life. By the will of the god of luck no less, he has now a new chance....in a fantasy world. Some would say it is a nightmare to be sent away from everything you know, for him...it is a dream coming true. (apologies to all of you if my English isn't perfect, it is not my natal language. Living in Belgium, I am far more fluent in french, but I'll do my best. Feel free to review, good comments are always appreciated.)
8 166 - In Serial10 Chapters
Start A Fire In My Heart (Grillby x Reader)
You have a normal-ish life. Ya know the usual. Small little apartment, a job that keeps you on your toes. Oh. And a crush on a walking candle stick. Well what else could you expect from living in a town where few humans dare to go! Shall we begin your adventures (y/n)?
8 133