《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-29
Advertisement
Unicode
.....
မင်းကိုချစ်မဝသေးလို့
အပိုင်း(၂၉)(ယောဂု)
ချွဲကွေ့တို့မိသားစုကတော့ ဝမ်းနည်းပူဆွေးလျက် ဖြည်မဆည်နိုင်ဖြစ်ကာ သောကရောက်နေကျလေသည်။သူတို့အဖြစ်ကိုလဲတွေးကြည့်ပါဦး မနက်ခင်းတုန်းကမှအိမ်ကနေအကောင်းကြီးထွက်သွားတဲ့လူက ညနေကျတော့အေးစက် စက်ခန္ဓာကိုယ်သာ အိမ်ပြန်ရောက်လာတာတဲ့လေ....။
ချွဲကွေ့သည်လဲစိတ်ထိခိုက်လွန်းလို့ ကောင်းကောင်းတောင်မတ်တပ်မရပ်နိုင်တော့ပဲ ထိုင်ခုံပေါ်သို့ခြေပစ်လက်ပစ်ထိုင်ချမိလေသည်။ ''ဘယ်လိုဖြစ်တာတဲ့လဲ?''
ချွဲကွေ့လွှတ်လိုက်တဲ့ မိသားစုရဲ့ယုံကြည်ရတဲ့လူယုံတချို့ အိမ်သို့ပြန်ရောက်လာပြီးနောက် တုန်တုန်ယင်ယင်ဖြင့်ပြန်ပြော၏။"ဒီနေ့ကသခင်လေးနဲ့ ကျန်းယင်ရှင်းတို့ ယိဟုန်းလုံမှာ ညစာစားအရက်သောက်ကြပါတယ်။အဲ့ဒါပြီးတော့ သူတို့နှစ်ယောက် လမ်းအတိုင်းပြန်လာခဲ့ကြပါတယ်။အဲ့ဒီမှာပဲ သခင်ငယ်လေးက ဘယ်လိုဖြစ်တယ်မသိဘူးရုတ်တရတ်မြင်းပေါ်ကနေပြုတ်ကျပါတယ်တဲ့ အဲ့ဒီ့မှာအပြေးလွှားသွားကြည့်လိုက်တော့ သခင်ငယ်လေးကဇာတ်ကျိုးနေပါပြီတဲ့။ခဏဆန့်ငင်ဆန့်ငင်ဖြစ်ပြီးမှ အသက်ထွက်သွားတယ်လို့ပြောပါတယ်''
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ဇီချီက အရက်သောက်ထားရင်တောင် မြင်းကောင်းကောင်းစီးနိုင်တာကို.....''ချွဲကွေ့ကတော့သူ့သားကို တစ်ယောက်ယောက် လုပ် ကြံနေလိုက်ပြီလို့ပဲ တွေးနေခဲ့တဲ့အလျောက်
''ငါ့ကို အသေးစိတ်စုံစမ်းပေးစမ်း! သေချာအောင်ထပ်ပြီးစစ်ဆေးကြည့်လိုက်...''
ချွဲဇီချီရဲ့အမေဖြစ်သူသည်လဲ သားဖြစ်သူရဲ့သတင်းဆိုးကိုကြားပြီးနောက် မယုံနိုင်အောင်ဖြစ်ခဲ့လေသည်။
"ငါ့သား... ငါ့သား... မင်းကဘာလို့ဖြစ်ပြီးတော့ ငါတို့ထက်အရင်ထွက်သွားရတာလဲ!"
"ဝူး....ဝူး... သခင်ကြီး၊ကျွန်မတို့ရဲ့သားလေး ဇီချီကို ရှင်ကောင်းကောင်း ကာကွယ်စောင့်ရှောက်ပေးရမှာပေါ့ အခုတော့ဘယ်လိုဖြစ်ရမှာလဲ...!အကောင်းတိုင်ထွက်သွားတဲ့ကလေးက ဇတ်ကျိုးပြီးအိမ်ပြန်ရောက်လာတယ်တဲ့လား....''
သူမမှာကဒီသားတစ်ယောက်ပဲရှိတာကြောင့် သားဖြစ်သူရဲ့သတင်းဆိုးသည် သူမကိုအရူးတစ်ပိုင်းဖြစ်၍ ဖြည်မဆည်နိုင်အောင်ဖြစ်စေလေသည်။
''ရွတ်...ဟား....ကောင်းတယ် ကောင်းတယ်! အတူတူသွားတဲ့ ကျန်းမိသားစုဝင်ကျတော့ဘာမှမဖြစ်ဘူး။ ငါ့သားကတော့ သေသွားပြီ!''
"ဇီချီ အကြောင်းကို ယငါသေချာစုံစမ်းပေးပါ့မယ်ကွာ ငါသေချာစုံစမ်းပေးပါ့မယ်'' ချွဲကွေ့အနေနဲ့လဲ သူ့သားကိုထိခိုက်စေသူဟာ အနီးစပ်ဆုံးဖြစ်သည့် ကျန်းယင်ရှင်းဖြစ်သည်ဟု တွေးမိပါသော်လည်း ကျန်းယင်ရှင်းရဲ့အဖေဟာ သူ့နောက်ကိုနှစ်ပေါင်းများစွာလိုက်လာတဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်နေသည်။
ဒါကြောင့် သူဟာသံသယရှိတယ်ဆိုရုံဖြင့် ကျန်းယင်ရှင်းကို စွတ်ဆွဲပြစ်တင်လိုက်ပါက သူတို့မိသားစုနဲ့ကျန်းမိသားစုတို့ရဲ့ နှစ်ရှည်ကြာခိုင်မြဲလာတဲ့ဆက်ဆံရေးမှာ အရေးကြောင်းတွေထင်ကုန်လိမ့်မယ်......။
"...သခင်ကြီး! သေချာစုံစမ်းကြည့်ရပါမယ်။တကယ်လို့ အဲ့ဒီ့ကလေးက တရားခံဆိုရင်မိသားစုဆက်ဆံရေးကိုမထောက်ပဲ သေချာပေါက်လက်တုံ့ပြန်ပေးရပါမယ်။ အဲဒီကလေးက ကျန်းမိသားစုရဲ့ဆက်ခံသူဆိုရင်တောင် ...အလွတ်မပေးပဲ သူ့ရဲ့အသက်ကိုပြန်ယူပေးရပါမယ်....."
ဇီချီရဲ့အမေဟာ သူ့သားသေဆုံးသွားရပြီကို နာစကျင်စွာလက်သင့်ခံလိုက်ရပြီးတဲ့နောက် တခြားသူရဲ့သားဖြစ်သူအပေါ်ကိုလဲ ကောင်းသည်၊ဆိုးသည်မတွေးတောနိုင်တော့ပါချေ။လအနည်းဆုံးတော့ အဲ့ကလေးကအိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်လာခဲ့ပြီး သူမသားကတော့ မြေမြှုပ်သင်ဂြိုလ်ပစ်ရတော့မယ်.....!
ကျန်းအိမ်ရဲ့စာကြည့်ခန်းတွင် ကျန်းသခင်ကြီးနှင့် သားဖြစ်သူ ကျန်းယင်ရှင်းတို့ရှိနေကြသည်။အခန်းထဲတွင် သားအဖ၂ယောက်ပဲရှိနေသည့်တိုင် အခန်းတွင်းလေထုကတော့ လွန်စွာတည်ငြိမ်လေးနက်နေခဲ့သည်။
''ဘယ်လိုဖြစ်ကြတာလဲ?ဖြစ်ကြောင်းကုန်စင် အသေးစိတ်ကအစ သေသေချာချာပြောပြစမ်း!''
ကျန်းယင်ရှင်းသည်လဲ ထိပ်လန့်မှုမပျယ်သေးကာ အံ့သဥင့်နေခဲ့လျက် ''အဖေကျတော်လဲ ဘယ်လိုဖြစ်လို့ဖြစ်မှန်းသေချာမသိပါဘူး။ ကျတော်နဲ့ချီရှောင်ကအရင်လိုပဲ ညစာစားလက်ဖက်ရည်သောက်ကျတာပါ။ပြီးတော်မှ ယိဟုန်းစားဆော်ဆက်က ပန်းအရက်သောက်ချင်တယ်ဆိုပြီးသွားကြပါတယ်။အဲ့မှာ နည်းနည်းကြာနေပြီးတော့မှ အစောင့် ၂ယောက်ရဲ့ စီစဉ်ပေးမှုနဲ့ပြန်ဖို့လုပ်ကြပါတယ်။
ကျတော်တို့၂ယောက်လဲ အိမ်ပြန်ဖို့ကတော်တော်လေးနောက်ကျနေပြီမို့လို့ မြင်းကိုခပ်မြန်မြန်ပဲစီးလာကြပါတယ်။အဲ့မှာ လမ်းတဝက်လဲရောက်ရော ချီရှောင်မြင်းရဲ့ညာဖက်ခြမ်းကနေ ပြုတ်ကျသွားတာကိုတွေ့လိုက်ရတာပါပဲ!တော်တော်ထိပ်လန့်ဖို့ကောင်းတဲ့ မတော်တဆမှုဆိုပေမဲ့လဲ အံ့သြစရာတော့မဟုတ်ပါဘူး ချီရှောင်တော်တော်လေးမူးနေခဲ့တာပါ'' l
"အဓိကအကြောင်းရင်းက အမူးလွန်ပြီးဖြစ်တာပေါ့!ချီရှောင် အရက်သောက်တာရဲ့ခံနိုင်ရည်ကကော ဘယ်လိုလဲ?''ကျန်းကျိဟယ်က သားဖြစ်သူအားမေးလိုက်သည်။
ကျန်းယင်ရှင်းသည်လဲ အနည်းငယ်ထူးဆန်းမှုကိုခံစားသွားရကာ ''ပြောရမယ်ဆိုရင်တော့ သူ့ရဲ့အရက်ခံနိုင်ရည်က သိပ်မဆိုးဘူးပြောရမယ်။အရင်ကလဲမူးတာပါပဲ အခုလိုမျိုး မြင်းပေါ်ကပြုတ်ကျတာမျိုးကတော့ မရှိသလောက်ရှားတယ်လို့ပြောရမှာပဲ!ပြီးတော့ ညကလဲနက်နေပြီ လမ်းပေါ်မှာ ကျတော်တို့ကလွဲပြီး ဘယ်သူမှရှိမနေကြတော့ဘူး''
ထို့နောက် ကျန်းကျိဟယ်ကဆက်မေး၏။
"မင်းတို့ ထူးထူးခြားခြားဖြစ်ခဲ့တာမျိုးတွေကောရှိလား?တစ်ယောက်ယောက်နဲ့ ရန်ဖြစ်အချင်းများတာမျိုးတွေကော...?''
ကျန်းယင်ရှင်း က သေသေချာချာစဉ်းစားလိုက်ပြီးနောက်
"မဟုတ်ပါဘူး။အဲ့လိုမျိုးတွေမရှိပါဘူး။နောက်ပြီး ပေကျင်းမှာ ချွဲဇီချီကို ဘယ်သူကဆန့်ကျင်ပြီးလာရှုပ်ဝံ့မှာလဲ?''
ကျန်းကျိဟယ် က "မင်းသေချာပြန်စဉ်းစားကြည့်ပါဦး သားလေး! တကယ်ပဲ ဘယ်တစ်ခုမှမဖြစ်ခဲ့ကြဘူးလား?တစ်ခုခုထူးဆန်းတာတွေ ဘာတွေကောမတွေ့မိဘူးလား...''
"မဖြစ်ပါဘူး...တစ်နေ့လုံး ကျတော်နဲ့ချီရှောင်ကတစ်ချိန်လုံး အတူတူ..." ကျန်းယင်ရှင်း သည်ခေါင်းခါပြီးငြင်းနေရာမှ ဆက်ခနဲရပ်လိုက်၍ ဖျက်ကနဲပေါ်လာသောအတွေးစကို အသေချာပြန်မှတ်မိရန်ကြိုးပမ်းနေလိုက်၏။
''အင်း...ဟုတ်တယ်!ကျတော်တို့ ညစာစားပြီးတော့ တစ်ယောက်ယောက်ကိုတွေ့ခဲ့တယ်!စားသောက်ဆိုင်ရဲ့အောက်ထပ်မှာ တော်တော်လေးချောတဲ့ဒွိလိင်လေးတစ်ယောက်ကို တွေ့လိုက်တော့ ချီရှောင်ကစိတ်ဝင်စားပြီး ရယ်ရယ်မောမောနဲ့ အဲ့ကောင်လေးကိုလှမ်းအော်ပြီး ...စ,နေတာ။
အဲ့ဒါကို ကောင်လေးရဲ့ပိုင်ရှင်ဖြစ်မယ်ထင်တဲ့တစ်ယောက်က ကျတော်တို့၂ယောက်ကို ဆိုင်ရဲ့အောက်ထပ်ကနေပဲလှမ်းကြည့်တယ်။ပြီးတော့ ဘာမှဆက်မဖြစ်တော့ဘူး''
"ဟင်း!...အဲ့ဒီလူကိုသိလား" ကျန်းကျိဟယ်က ဆက်မေးသည်။
"မမြင်ဖူးဘူး! မျက်နှာစိမ်းပဲ။ကျတော်တို့နဲ့ရွယ်တူလောက်ပဲရှိမယ်။ဒါပေမဲ့ သူ့ကြည့်ရတာတော့ ကြည့်ကောင်းပေမဲ့လဲ တော်တော်လေးအေးတိအေးစက်နိုင်ပြီးရက်စက်မဲ့ပုံပဲ။ကျတော် အကဲခတ်ကြည့်သလောက်တော့ အဲ့၂ယောက် သူကောင်းမျိုးနွယ်ထဲကဟုတ်ဟန်မတူဘူး။
ဒါကြောင့်လဲ အဲ့ဒွိလိင်ကောင်လေးကို ချီရှောင်ဆီခေါ်လာပေးမယ်လို့တောင် ကတိပေးလိုက်သေးတယ်။ပြီးတော့ သူတို့၂ယောက်အကြောင်းစုံစမ်းဖို့ လူတောင်မလွှတ်ရသေးဘူး။ ချီရှောင်က မြင်းပေါ်ကပြုတ်ကျပြီး ဒီလိုအဖြစ်ဆိုးကြုံရတော့တာပဲ!ကျတော်ထင်တာတော့ ဒီကိစ္စကချီရှောင်ဖြစ်တာနဲ့ ဘာမှမသက်ဆိုင်ပါဘူး...'' ကျန်းယင်ရှင်းက ပြန်ဖြေ၏။
⭐⭐⭐⭐⭐⭐
ဒါလေးကိုလေ မေလိပ်နှုန်းနဲ့တင်နေလို့ စိတ်မရှည်ကြဘူးထင်တယ် paid gpလာလာမေးကြတာ တော်တော်များတယ်နော်။ ဒါလေးကို လိပ်နှုန်းနဲ့ဖြည်းဖြည်းချင်းဘဲသွားမယ်တွေးထားတာရယ်...အ့တကယ်ကြီးPaid gpလုပ်ပေးရမှာလားရော တကယ်ကြီးဝင်ကြမှာလားရော??
.
.
Zawgyi
အပိုင်း(၂၉)
Advertisement
⭐⭐⭐⭐⭐⭐
Advertisement
- In Serial31 Chapters
My Diary
Mayuri who at the age of 11 gets adopted by Jansha's a rich family During her time there she experiences the warmth of a family To treasure all the memories she makes with them and their daughter Mehak who is year older then her she starts writing a diary every weekend to recall things that happened during the week
8 138 - In Serial42 Chapters
And You became my Dawn
Ahmed Wali, a man in his late twenties, the heir of Wali Brothers, a famous name in the constructions companies of the country. Family, friends, wealth, looks, he was blessed with everything a person could dream of and just like any other person, he has his flaws. Hiding the part of his personality that seeks revenge for his part, he was living a full life. Showing off his wealth and power, he has the reputation of Casanova among his friend circle. Sandal Khaleel, a girl in her early twenties, in a desperate search of a job to support her family as the sole earner. Burdened by an incident of past which turned her life upside down and the responsibilities of her family, she struggles to start a new life.A story of a girl who lost her half family in a terrorist attack and a man who was wandering around in the darkness of the past. A job interview, a small deed of kindness and she was brought in front of Ahmed. Sandal, a girl with eyes so empty that he found the darkness in his heart brighter. Fighting their own demons, they find something unexpected. A ray of light in the darkness of night and they walked until the appearance of dawn, the end of a dark night and the beginning of a new day...# 105 in Romance (13-6-2016)(Not edited, read at your own risk)
8 89 - In Serial31 Chapters
Lost and Insecure (ManxBoy)
White hair. That seemed to be the only thing people noticed about sixteen year-old Luke. He has been abused and harassed his whole life because of it. After running away from a horrible orphanage, Luke now lives on the streets trying to survive without anybodies help. Things are about to get worse for Luke once a simple encounter with a handsome stranger turns into something much more. The worst part is that the stranger now wants the 'pretty white haired boy' all to himself, even if he needs to sink his sharp fangs into his neck to make him understand..**************************Note: this story may have some grammar errors or other mistakes. Please don't comment the obvious.Also, beautiful cover by @Appy64 ♥️
8 209 - In Serial35 Chapters
His eyes of euphoria
* TRIGGER WARNING* there may or may not be parts of this book that people may find upsetting. It talks about mental illness. Also it talks about religion so if any of these things may trigger you then I recommenced not reading this. However feel free to talk to me because I'm hear to support y'all. 16-year-old Matthew is on the lengthy journey of self-acceptance and discovery. How will he cope with a rising taste for a blonde boy who managed the earth on his fingertips like crushed berries. Will he learn to love himself? Or will he allow his doubt to control him and his sprouting relationship? "Taste me in crimson so that when we taste no more, when age will turn our buds sour and memories hazy, that I have hope to scour my letterbox and find you wrapped pristine silk, next to an image of June. Within your eyes, euphoric." Acknowledgements 1# slice of life 15/01/2123# closeted 15/01/21
8 137 - In Serial9 Chapters
My Little Book of Sexy Smutty Poems
Sexy Erotic Poems. Mature audiences only.
8 206 - In Serial23 Chapters
I Hate Loving You / Quinn Fabray X Reader
Y/N a simple girl who is new at McKinley High school signed up for the glee club and then she meets Quinn Fabray, the most popular girl in McKinley, she has the perfect life, she is the captain of the cheerleaders, she has a cute boyfriend and 2 hot best friends but It's not that perfect if you have to hide your real feelings.Between hate and love is a very thin line1 #QuinnFabray
8 219