Advertisement
!unicode!
သို့သော် တစ်အောင့်ကြာသော် ကျင်းဖေးထုန်ရယ်မောလိုက်သည်။
သူကလက်ထဲရှိပစ္စည်းများကိုထိုကဲ့သို့ကိုင်ထားလျက်သားဖြင့် ရှုလင်ကျားထံလျှောက်လာကာဆိုသည်။
"ကိုယ်တို့...ထပ်တွေ့ကြပြန်ပြီနော်။"
----ဒီတစ်ခေါက်တွင် ကျင်းဖေးထုန်ကမြေခွေးလေးကိုမြင်လိုက်တိုင်းမှာ ပြောလေ့ရှိသည့်စကားကိုပြောလာပေသည်။
ရှုလင်ကျားသည်အချိန်အကြာကြီးစိတ်ဖြေနေမိပေမဲ့ ကျင်းဖေးထုန်၏စကားများကိုကြားလိုက်ရချိန်တွင် သူ့မျက်နှာမှာရုတ်ခြည်းပူနွေးလာပြန်ကာသူ့ဒေါသကိုရင်ထဲမှာဖိနှိပ်ထားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဒီအချိန်တွင်အပြင်မှာမှောင်မည်းနေပြီမို့ သူမမြင်နိုင်ပေ။
သူပြောလိုက်သည်။"ဟမ့်။"
ကျင်းဖေးထုန်ကသူ့ကိုအပြုံးတစ်ပွင့်တစ်အောင့်ကြာကြည့်နေပြီးနောက် ခေါင်းခါကာပြောလာသည်။
"ဟုတ်သား၊ မင်းဒေါသထွက်နေတုန်းပဲ၊ အိုက်ယား၊ ကိုယ်တောင်းပန်ပါတယ်ကွာ။"
သူရှင်းပြလိုက်သည်။
"မင်းနဲ့အဲ့ဒီ့မြေခွေးလေးကအရမ်းဆင်တူနေတာကို ကိုယ်မတော်တဆသိလိုက်ရတာပါ၊ တကယ်တော့ကိုယ်မင်းကိုအမြဲပြောချင်နေခဲ့တာ၊ ဒါပေမဲ့ မင်းဒေါသထွက်သွားပြီးတော့ ကိုယ့်ဆီမလာတော့မှာကြောက်လို့ ကိုယ်ဘယ်လိုပြောပြရမယ်မှန်းမသိတာ။"
ရှုလင်ကျားကကျင်းဖေးထုန်ကိုဘေးတိုက်အကြည့်တစ်ချက်ပေးလာသည်။
တကယ်တော့ သူအစကတည်းကဒေါသအရမ်းမထွက်ပေ။ ယခုကျင်းဖေးထုန်၏ရိုးသားသောမျက်နှာထားကိုမြင်လိုက်ရရာ ဒီကိစ္စအတွက်တစ်ခုခုပြောဖို့ရာသူတကယ့်ကိုရှက်ရွံ့သွားမိပြီး ပြောလိုက်သည်။
"ထားလိုက်တော့၊ နောက်တစ်ခါခင်ဗျားသိသွားရင်ကျွန်တော့်ကိုဘာမှမဖုံးကွယ်ထားနဲ့!"
ကျင်းဖေးထုန်ကလေးနက်စွာဆိုသည်။
"သေချာပေါက်ပေါ့။"
သူပြောလို့ပြီးသွားသော် သူပြုံးကာပြောလာပြန်သည်။
"မင်းပြောနိုင်လား။ တကယ်တော့ မင်းဒါတွေကိုဂရုစိုက်နေတာ ကိစ္စကြီးလို့ကိုယ်ထင်တယ်။ ဒါတကယ့်ကိုမေးခွန်းသတ်တာပဲ။"
ရှုလင်ကျားချက်ချင်းမျက်ခုံးပင့်လိုက်မိပြီး စကားပြောဖို့ပြင်လိုက်ချိန်တွင် ကျင်းဖေးထုန်ကထပ်ပေါင်းပြောလာသည်။
"မင်းရဲ့နဂိုအသွင်ကမထွားလာတဲ့မြေခွေးသေးသေးလေးဖြစ်နေရင်တောင်မှ မင်းဘယ်လိုပုံစံပဲဖြစ်ဖြစ် မင်းဖြစ်နေသရွေ့ အဆင်ပြေတယ်လို့ကိုယ်ထင်တယ်။"
"ဓားသမားတစ်ယောက်က မြေခွေးဖြစ်နေရင်တောင်မှ သူ့မှာကိုယ်ပိုင်သူရဲကောင်းအရှိန်အဝါ၊ တည်ငြိမ်ခန့်ညားမှုနဲ့ခက်ထန်မှုရှိနေပြီးသား၊ ဒီလိုစရိုက်မျိုးကအခြားမြေခွေးတွေနဲ့ယှဥ်လို့မရဘူး၊ မင်းပိုပြီးတော့ဖော်ပြသင့်တယ်။"
ရှုလင်ကျား၏မျက်လုံးဖျတ်ခနဲလက်သွားကာ ဒေါသကတဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး အပြုံးမဟုတ်သောအပြုံးတစ်ပွင့်အဖြစ်ပြောင်းသွားကာ မေးလိုက်သည်။
"တကယ်လား။ ကျွန်တော်မြေခွေးအသွင်နဲ့ဆိုရင် ခွန်အားကြီးတယ်လို့ခင်ဗျားတကယ်ထင်တာလား။"
ကျင်းဖေးထုန်ကဆိုသည်။
"ဟုတ်တာပေါ့၊ ဘယ်သူမှအဲ့လိုမထင်ကြဘူးလား။"
သူ၏မြေခွေးချော့မြူသည့်နည်းလမ်းဟာလည်း ပါရမီစွမ်းရည်တစ်မျိုးပင်။ သူသည်အရင်ကအတွေ့အကြုံမရှိသော်လည်း သူ၏လက်ဖျားထိပ်မှာ၎င်းကိုလုပ်နိုင်စွမ်းရှိပုံရပြီး ပီတိဖြာသောအခြေအနေသို့ရောက်ရှိနေလေသည်။
----သနားစရာမှာ သူမည်မျှပင်ကောင်းမွန်သောလှည့်ကွက်များသုံးပါစေ ကားမှောက်သည့်အချိန်ရှိစမြဲဖြစ်ကာ ကျင်းနန်းတော်အရှင်မှာလည်းချွင်းချက်မရှိပါပေ။
ကျင်းဖေးထုန်ပြောလို့ပြီးသွားသော် ရှုလင်ကျားကပျော်ရွှင်မှု(သို့)စိတ်ကျေနပ်မှုစိုးစဥ်းမျှမပြပါဘဲ သူ့မေးစေ့သူထိလျက်သားဖြင့် သူ့ကိုအပေါ်အောက်စိုက်ကြည့်နေသည်အားမြင်လိုက်ရပေသည်။
ကျင်းဖေးထုန်: "?"
"ဒီလှည့်ကွက်ကိုအချိန်တိုင်းသုံးနေတာအရမ်းအပေါစားဆန်တယ်ရော်!"
စစ်ဆေးကြည့်ပြီးနောက် ရှုလင်ကျားခေါင်းငြိမ့်ကာအပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ဝေ့၊ ခင်ဗျားကျွန်တော့်ကိုဘယ်လိုမှတ်မိသွားလဲဆိုတာကျွန်တော်သိပြီ၊ ကျွန်တော့်ကလူတွေကျွန်တော့်ကိုခွန်အားကြီးတယ်လို့ပြောတာကြိုက်ပြီးတော့ ချစ်ဖို့ကောင်းတယ်လို့အပြောခံရတာကိုမကြိုက်မှန်းခင်ဗျားသိသွားတာမို့ ခင်ဗျားကကျွန်တော်လိုချင်တာကိုတမင်သက်သက်လုပ်ပေးနေတာပဲ!"
ကျင်းဖေးထုန်: "..."
သူမဖြေလိုက်ပေမဲ့ ရှုလင်ကျားကတစ်ခုခုတွေးမိသွားကာ ကျင်းဖေးထုန်ထံလက်ဆန့်လိုက်သည်။
"အာ၊ ခင်ဗျားကျွန်တော့်ကိုချစ်ဖို့ကောင်းတယ်လို့တမင်ပြောလာတာကိုကျွန်တော်မှတ်မိသေးတယ်၊ အဲ့ဒီ့အချိန်တုန်းက ကျွန်တော်ခင်ဗျားကိုထိုးမိတော့မလို့ပဲ။ ဘာလို့ရုတ်တရက်ကြီးပြောလာတာလဲလို့တွေးနေတာ၊ နောက်ဆုံးတော့ ခင်ဗျားကစမ်းသပ်နေတာပဲ၊ အဲ့ဒီ့နောက်မှာ ကျွန်တော်ဘယ်သူမှန်းခင်ဗျားသိသွားတာမလား။"
ကျင်းဖေးထုန်: "..."
ရှုလင်ကျားကသူ့ကိုလွယ်လင့်တကူဖော်ထုတ်လာပြီး သူတစ်နေ့မှာတန်ပြန်အသတ်ခံလိုက်မည်ဟုမထင်ထားမိသဖြင့် သူတစ်အောင့်ကြာကြောင်အမ်းနေမိသည်။
ရှုလင်ကျားကစနောက်နေသည်ဟု ကျင်းဖေးထုန်ခံစားရပေမဲ့ သိပ်တော့မသေချာပေ။
ရှုလင်ကျားကသူ့ကိုကြည့်နေသည်။
ကျင်းဖေးထုန်ကားလျို့ဝှက်နက်နဲကာ ဘုန်းတန်ခိုးအာနုဘော်ရှိသောလူတစ်ယောက်ဖြစ်ပြီး အလွန်စေ့စပ်တိကျလွန်းလို့ အရာရာတိုင်းတွင်အမှားရှိလိမ့်မည်မဟုတ်၊ သို့သော် သူ့နှလုံးသားကိုထိုးထွင်းသိမြင်ဖို့ရာမလွယ်ဟု ရှုလင်ကျားအမြဲတမ်းတွေးထင်ခဲ့သည်။
တကယ်တော့ ရှုလင်ကျားကဤကဲ့သို့သောလူစားမျိုးကိုသိပ်သဘောမကျသည်မို့ အစတုန်းကကျင်းဖေးထုန်ကိုအလွန်သတိထားခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့တဖြည်းဖြည်းချင်းရင်းနှီးလာသည်နှင့် ကျင်းဖေးထုန်ဟာလည်းပြာယာခတ်တတ်ကြောင်းသူသိလိုက်ရသည်။ သူ၏စိတ်ထားကောင်းမွန်မှုကိုဖော်ပြသည့်နည်းလမ်းဟာ ဖရိုဖရဲနိုင်ကာရိုးစင်းလှပြီး များသောအားဖြင့် သူဟာမတိုင်ခင်တုန်းကတစ်ယောက်ယောက်ကိုချော့မြူဖူးသည့်အတွေ့အကြုံလုံးမမရှိခဲ့ပေ။
သူသည်တည်ငြိမ်နေပုံပေါက်ပေမဲ့ တကယ်တမ်းတွင်ပိုမိုလျင်မြန်စွာဖြင့် ထိုသို့ဖြစ်ချင်ယောင်ဆောင်နေရုံသာ။ ရှုလင်ကျားကဆူးဖြင့်ပစ်ပေါက်လိုက်ရင်တောင်မှ ကျင်းဖေးထုန်ကဘာမှလုပ်မှာမဟုတ်ပေ။
ကျင်းဖေးထုန်ကရှုလင်ကျားအစစ်ကိုဖော်ထုတ်ခဲ့ပေမဲ့ ရှုလင်ကျားဟာလည်းကျင်းဖေးထုန်အစစ်ကိုတဖြည်းဖြည်းချင်းသိလာရသည်။
ရှုလင်ကျားမျက်နှာကိုတမင်ခက်ထန်ထားကာ တစ်ဖက်လူကအနည်းငယ်ပြာယာခတ်ပြီးသတိရှိနေသည်ကိုမြင်လိုက်ရသော် သူ့နှုတ်ခမ်းထောင့်များပြေလျော့သွားကာရယ်မောမိသည်။
သူကကျင်းဖေးထုန်၏ပုခုံးကိုလက်သီးနှင့်အသာထိုးကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ရှစ်ရှုန်း၊ နောက်တစ်ခါကျစကားပြောင်းပြောသင့်တယ်! ဒီစကားတွေကဟောင်းနေပြီမလား။ ကျွန်တော်က'ခွန်အားကြီးတယ်'ဆိုတဲ့စကားကိုကြားလိုက်ရတာနဲ့ အရူးလိုပျော်နေမှာမဟုတ်ဘူး။"
ကျင်းဖေးထုန်သက်မချလိုက်မိပြီး ၎င်းကရယ်စရာကောင်းသည်ဟုတွေးမိကာ သူ့လက်နှစ်ဖက်မှာမအားသဖြင့် သူ၏ရှက်ရွံ့မှုကိုပြသဖို့ရာ သူ့နှဖူးကိုလက်ဖမိုးဖြင့်ပွတ်ရုံသာတတ်နိုင်ပြီး အပြုံးတစ်ပွင့်ဖြင့်ကတိပေးလိုက်သည်။
"ဟုတ်ပါပြီ၊ နောက်တစ်ခါကျ မတူတာပြောမယ်။"
ရှုလင်ကျားသည်မြေခွေးမီးအိမ်ကိုလှမ်းယူ၍ကြည့်လိုက်ရာ မြေခွေးကသူနှင့်သိပ်မတူကြောင်းမြင်လိုက်ရသည်မို့ ကျင်းဖေးထုန်ထံပြန်ထိုးထည့်လိုက်ပြီးနောက် အဆာပြေမုန့်ထုပ်ကိုယူကာပြောလိုက်သည်။
"ဒါဆို အဆင်ပြေပြီ။"
နှစ်ဦးသားမှာအပြန်အလှန်ဘာမှလုပ်စရာမရှိပေ။ သူတို့အလျင်စလိုမဖြစ်ကြ။ အခုသူတို့အားနေကြသည်မို့ နန်ဇီတောင်ထွတ်ကိုပြန်ရင်ပို၍ပင်အားသွားပေလိမ့်မည်။ ကျင်းဖေးထုန်ကမေးခွန်းအများကြီးမမေးပေ။ ရှုလင်ကျားကလမ်းမတစ်လျှောက်ဖြည်းဖြည်းချင်းလျှောက်နေသည်ကိုမြင်လိုက်ရရင်း သူလည်းပဲသူနှင့်အတူသွားလိုက်သည်။
သူတို့နှစ်ဦးသည်တစ်အောင့်ကြာတိတ်ဆိတ်စွာလမ်းလျှောက်နေကြပြီး ရှုလင်ကျားကရုတ်တရက်ပြောလာသည်။
"ရှစ်ရှုန်း၊ ခင်ဗျားကျွန်တော့်ရှစ်စွင်းကိုဘာပြောလိုက်တာလဲ။"
သူ၏မေးခွန်းကားအနည်းငယ်အေးစက်နေပေမဲ့ ကျင်းဖေးထုန်က"အမ်"ခနဲဆိုကာပြောလိုက်သည်။"ဘာကိုလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"တုံးချင်ယောင်ဆောင်မနေပါနဲ့၊ ကျွန်တော်နှစ်တွေအကြာကြီးသူ့တပည့်ဖြစ်ခဲ့တာ၊ ဟယ်ဂိုဏ်းချုပ်ရဲ့ပင်ကိုယ်စရိုက်ကိုကျွန်တော်သိတယ်။ ကျန်းရွေ့ကိစ္စကအရမ်းရှက်စရာကောင်းတာမို့ လူသိနည်းလေပိုကောင်းလေလို့သူတွေးနေမှာ။ အင်း၊ ခင်ဗျားဘာလို့အဲ့ဒီလူတွေကိုပါခေါ်ပြီးတော့ စစ်မေးခဲ့တာလဲ။"
"အဲ့ဒီ့တုန်းက ခင်ဗျားသူ့အပေါ်ကိုအကြိမ်ပေါင်းများစွာဖိအားပေးခဲ့ပေမဲ့ သူဘာမှမပြောဘူး။ ခင်ဗျားတို့နှစ်ယောက်ကြားမှာကြိုတင်သဘောတူထားတာရှိရမယ်။"
ကျင်းဖေးထုန်ကခေါင်းခါသည်၊ ရှုလင်ကျားကဉာဏ်ကောင်းလွန်းလို့လား(သို့) ဟယ်ဇီကျိုးကသိပ်မတော်ဘူးဟုခံစားရပေလို့လားမသိရ။
"မင်းရဲ့ဂိုဏ်းထဲကပျက်စီးသွားတဲ့မှော်လက်နက်ကိုပြုပြင်ရာမှာကူညီပေးမယ်လို့ကိုယ်သူ့ကိုကတိပေးခဲ့တာ။ မင်းဒယ်စောက်သုံးခုကိုသိလား။"
ရှုလင်ကျားအံ့သြတကြီးပြောမိသည်။
"အဲ့ဒါကြီးပျက်စီးသွားတယ်၊ ခင်ဗျားဘယ်လိုလုပ်ပြန်ပြင်နိုင်တာလဲ။ အံ့သြစရာပဲ။"
ကျင်းဖေးထုန်ကပြုံးသည်။
"ပိုးမွှားသတ်တဲ့လှည့်ကွက်ငယ်လေးက မင်းဘက်မှာရှိနေတာပဲကို။"
ရှုလင်ကျားလည်းပြုံးမိသည်။
"ဓားရေးကျင့်စဥ်ကလည်းလက်ဆောင်သက်သက်ပဲမို့ ပြောရတာမတန်ဘူးလား။"
ကျင်းဖေးထုန်တကယ့်ကိုမိန်းမောသွားရကာ တုံ့ဆိုင်းသွားပြီးနောက်ရှုလင်ကျားကိုကြည့်ကာ သူ့မျက်နှာထားကကြိမ်ဖန်များစွာပြောင်းလဲသွားပြီး နောက်ဆုံးတွင်ကူကယ်ရာမဲ့စွာသက်ပြင်းချရင်းပြောမိသည်။
"ဒီနေ့ဘာတွေဖြစ်နေတာလဲ၊ မင်းခုနကဘာလုပ်လိုက်တာလဲ...မင်းဘာစားခဲ့လဲ။ ကိုယ့်ရဲ့အတွင်းစိတ်ကိုတကယ်ကြီးဖော်နေတယ်ပေါ့လေ၊ ဒါကလက်စားချေတာလား။"
ရှုလင်ကျားပြုံးကာပြန်ဖြေလိုက်သည်။
"သူများကမြေခွေးဖြစ်နေမှန်းခင်ဗျားမြင်နိုင်ရင် ခင်ဗျားမှာလည်းဒီလိုနေ့ရှိလာမယ်ဆိုတာခင်ဗျားတွေးထားသင့်တယ်လေ။"
ကျင်းဖေးထုန်ရယ်မောမိသည်၊ တစ်ချိန်တည်းမှာပင်သူ့စိတ်မှာတစ်ပတ်လည်နေပြီး ရှုလင်ကျားဒီမေးခွန်းကိုမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ၊ သူစိတ်ရှိမရှိ သူပြောတာကသင့်လျော်သည်။
ရှုလင်ကျားနှင့်ဟယ်ဇီကျိုးကြားရှိဆက်ဆံရေး၏ဖြစ်ရပ်ကိုမြင်လိုက်ရသောကြောင့်ဖြစ်လောက်မည်၊ သူထိုအကြောင်းစိတ်ပူနေမိသည်။ သူသည်ရှုလင်ကျားမကြိုက်သည့်တစ်စုံတစ်ရာအားမတော်တဆလုပ်မိသွားမည်ကို အမြဲတမ်းစိုးရိမ်နေမိသဖြင့် သူတုံ့ဆိုင်းမနေတော့ဘဲ တည့်တိုးပြောချဖို့ဆုံးဖြတ်လိုက်သည်။
ကျင်းဖေးထုန်ပြောမိသည်။
"ကိုယ်ဘာမှမရည်ရွယ်ပါဘူး၊ ဓားရေးကျင့်စဥ်တစ်ပိုင်းကမင်းလက်ထဲမှာရှိနေပြီးသားလေ။ မင်းမှာထိုးထွင်းသိမြင်နိုင်စွမ်းလည်းရှိနေတော့ နောက်ထပ်ကျင့်စဥ်တစ်ပိုင်းကိုသိမ်းထားတာကကိုယ့်အတွက်အသုံးမဝင်ဘူးလို့တွေးမိခဲ့ရုံတင်။ ပြီးတော့ ကျောက်စိမ်းပြားနှစ်ချပ်ကိုအတူထားလိုက်လို့ရှိရင် ဒဏ်ရာပြန်ကောင်းစေတဲ့အကျိုးသက်ရောက်မှုလည်းရှိတာမို့ တကွဲတပြားစီယူထားတာကအသုံးမဝင်ဘူးလေ။ အဲ့ဒီ့အချိန်တုန်းက မင်းအစိုးရိမ်လွန်နေမှာကြောက်လို့ မင်းရဲ့ဓားအိမ်ထဲမှာတိတ်တိတ်လေးထည့်ထားခဲ့တာ-- ကိုယ်ဒီကိစ္စတွေကိုမင်းကိုဖုံးကွယ်ထားဖို့မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ဘာမှပြောစရာမရှိဘူးလေ။"
ရှုလင်ကျား၏မျက်လုံးတစ်ချက်လက်သွားကာ သူအသာပြုံး၍ပြောလိုက်သည်။
"အဲ့လိုလား။"
ကျင်းဖေးထုန်သူ့ကိုလှည့်ကြည့်လိုက်ရာ လရောင်ကားကြည်လင်နေပြီး ရှုလင်ကျား၏မျက်နှာထက်တွင် ရေလှိုင်းဂယက်ငယ်လေးများထနေပုံမှာ ချစ်ကျွမ်းဝင်နေသည့်အလား သူ့မျက်လုံးတစ်စုံကိုတောက်ပသွားစေပြီး သူ့နှုတ်ခမ်းထက်တွင်ခပ်စစအပြုံးတစ်ပွင့်ရှိနေကာ မလှပသောအရောင်မရှိပေ။
ကျင်းဖေးထုန်စိတ်သက်သာရာရသွားကာ ချိုမြိန်မှုတစ်စွန်းတစ်စကိုရုတ်ခြည်းခံစားလိုက်ရသည်။ သူလက်ညှိုးမြှောက်ကာ သူ့ဘေးရှိမြစ်ငယ်လေးကိုညွှတ်ပြ၍ပြောလိုက်သည်။
"ဒီမှာလူသိပ်မရှိဘူးဆိုတော့ ကိုယ်မီးအိမ်သွားထွန်းလိုက်မယ်။"
သူသည်စိတ်အခြေအနေပိုကောင်းသွားပြီး သူ့အသံပင်ပိုမိုပေါ့ပါးလာကာ ခပ်မြန်မြန်လျှောက်သွား၍ မြေခွေးမီးအိမ်ကိုရေပေါ်တင်ကာ ရှုလင်ကျားထံပြန်လျှောက်လာခဲ့သည်။ နှစ်ဦးသားမှာမြေခွေးမီးအိမ်ကရေလှိုင်းများထက်တွင်ဖြည်းဖြည်းချင်းရွေ့လျားသွားသည်ကိုရပ်ကြည့်နေမိကြသည်။
ကျင်းဖေးထုန်ခါးဆန့်ကာပြုံးလိုက်သည်။
"နေ့ရက်ကောင်းရဲ့လှပတဲ့ရှုခင်းတစ်ခုပဲ၊ လမင်းကဖင်းကျန့်မြစ်ပေါ်မှာထိန်ထိန်သာနေတယ်၊ ဒီညရှုခင်းကတကယ့်ကိုကောင်းတယ်။ မီးအိမ်ပိုဝေးဝေးရွေ့သွားပြီးတော့ ပိုပြီးမြင်ရပါစေလို့မျှော်လင့်မိတယ်။"
ရှုလင်ကျားကပြုံးကာသူ့စကားကိုမတည်မယူဘဲပြောမိသည်။
"ကျောက်စိမ်းပြားနှစ်ခုကိုအတူထားလိုက်လို့ရှိရင် စိတ်ကိုကြည်လင်စေပြီး မိစ္ဆာတွေကိုရှင်းပစ်နိုင်တဲ့အကျိုးသက်ရောက်မှုလည်းရှိတယ်။ ခင်ဗျားကိုယ်ခင်ဗျားအတွက်မသုံးဘူးလား။"
ယင်းကားကျင်းဖေးထုန်ကိုမိစ္ဆာအကြောင်းပြောလာသည့်ပထမဆုံးအကြိမ်ဖြစ်သည်။
ကျင်းဖေးထုန်ကဲ့သို့ရာထူးရှိသည့်လူတစ်ယောက်အတွက် သူ့ကိုယ်ပေါ်ရှိအားနည်းချက်တိုင်းဟာလွယ်လင့်တကူဖော်ပြ၍မရနိုင်ပေ။ လူတိုင်းသိကြသည့်အတိုင်း မိစ္ဆာအတွင်းစိတ်ဟာမြေခွေးလေး၏ရှေ့တွင်သာထုတ်ဖော်ပြခဲ့သည်မို့ ရှုလင်ကျားကသူ့ကိုတည့်တိုးမေးလိုက်ခြင်းပင်။
ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ်မလိုဘူး။ ဒီမိစ္ဆာကကိုယ်နဲ့အတူရှိနေတာအတော်ကြာပြီဆိုတော့ ကိုယ်နေသားကျနေပြီ။ စိတ်အပြောင်းအလဲမြန်တာသိပ်မကြီးမားသ၍ ကိစ္စမရှိဘူး။"
စိတ်ခံစားချက်အတက်အကျမပြင်းထန်သရွေ့ဆိုတာဘာကိုဆိုလိုတာလဲ။
သူပထမဆုံးကျင်းဖေးထုန်ကိုမြင်လိုက်ရတုန်းက သူဟာလမ်းမ၏လင်းထိန်သောဘက်အခြမ်းမှာရပ်နေပြီး လှုပ်ရှားနေသည့်လူများ၏ဝန်းရံခြင်းခံထားရသော်လည်း သူ၏မျက်ဝန်းများမှာချောက်နက်ပမာတိတ်ဆိတ်လျက်ရှိပြီး လှိုင်းထန်မှုမရှိ၊ ပျော်ရွှင်မှုမရှိ၊ ဝမ်းနည်းမှုမရှိပေ။
ထိုနေ့တုန်းက ကျင်းဖေးထုန်ဟာသူ့ကိုတွေ့ဖို့ရာပြန်ပြေးလာပြီး နှစ်ယောက်သားမှာလရောင်အောက်တွင်ကျောက်ထိုင်ခုံပေါ်တွင်ထိုင်ကာစကားစမြည်ပြောဖြစ်ကြသည်ကို ရှုလင်ကျားရှင်းလင်းစွာမှတ်မိနေဆဲပင်။
သူဟာနေ့ရက်တိုင်းကို ဝမ်းနည်းမှုမရှိ၊ပျော်ရွှင်မှုမရှိ၊ စိုးရိမ်ပူပင်မှုမရှိ၊ ဒေါသမရှိဘဲတူညီစွာဖြတ်သန်းနေပြီး သူ့ဘဝမှာစိတ်ခံစားချက်၊ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှု၊ သေခြင်းနှင့်ရှင်ခြင်းမရှိဘဲ ပုံဆွဲစာရွက်ပမာဖြူရော်လျက်ရှိပုံမှာ ထူးခြားသောအဓိပ္ပါယ်မရှိသည့်အလားဟု ကျင်းဖေးထုန်ကဆိုသည်။
သို့သော်---
ရှုလင်ကျားတီးတိုးပြောမိသည်။
"အဲ့လိုမဟုတ်ဘူး။"
ကျင်းဖေးထုန်ကပြန်ကြည့်ကာဆိုသည်။
"ဟင်?"
ရှုလင်ကျားပြောလိုက်သည်။
"လူတိုင်းကအသက်ရှင်နေသလိုမျိုးရှင်သန်နေထိုင်ရမယ်၊ သူတို့ကဘယ်လိုလုပ်ပြီးဘာမှဂရုမစိုက်ဘဲနေနိုင်မှာလဲ။ ခင်ဗျားကအဲ့လိုလူမျိုးမဟုတ်ဘူး။ ခင်ဗျားသိသိသာသာကိုသေရည်သောက်ရတာကြိုက်တယ်၊ ပန်းတွေကကြွေလွယ်ပြီး ရေကထာဝစဥ်စီးဆင်းနေတာကို ခင်ဗျားသက်ပြင်းချမိလိမ့်မယ်၊ ခင်ဗျားကလကိုကြည့်ရတာကြိုက်တယ်၊ ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုကြားတဲ့အခါခင်ဗျားရယ်မောလိမ့်မယ်။ ဒီဟာတွေကခင်ဗျားဂရုစိုက်တဲ့အရာမဟုတ်ဘူးလား။ ခင်ဗျားကဒီလောကကြီးထဲမှာကောင်းကောင်းမွန်မွန်ရှင်သန်နေတာမဟုတ်ဘူးလား။"
သူ၏လေသံကားအလွန်ပြတ်သားကာ သူဟာအာမခံသည့်အနေဖြင့်ပြောလာသည်။
ကျင်းဖေးထုန်တစ်ခဏတာမှင်တက်သွားရသည်။ သူတစ်ခုခုပြောချင်သော်လည်း သူကားတစ်ဆို့နေပုံရကာ တစ်အောင့်မျှဇဝေဇဝါဖြစ်သွားမိသည်။
ရှုလင်ကျားပြောလိုက်သည်မှာသာမန်အရာဖြစ်ပုံပေါက်ပေမဲ့ သူကားမီးရှူးမီးပန်းနှင့်ဖုန်မှုန့်နီတို့ရှိသည့်အိပ်မက်ထဲသို့ရုတ်တရက်ခေါ်ဆောင်ခံလိုက်ရသယောင်။
ဤလူသားကိုကြည့်နေရင်း သူတစ်အောင့်ကြာမျက်စိမလွှဲနိုင်ဖြစ်ရကာ ရှုလင်ကျားပြောလာသည်ကိုရုတ်ခြည်းကြားလိုက်ရသည်။
"ကျွန်တော်ခင်ဗျားကိုပြောမယ်၊ ခင်ဗျားအဲ့ဒီ့မိစ္ဆာအတွင်းစိတ်ကိုအပြီးပိုင်ဖယ်ရှားပစ်ဖို့နည်းလမ်းရှာကိုရှာရမယ်နော်၊ ကြားလား။ ခင်ဗျားဘာလို့ရယ်နေတာလဲ။"
ကျင်းဖေးထုန်မသိလိုက်မသိဘာသာပြောမိသည်။
"ကိုယ်ရယ်မိလို့လား။ မင်းရယ်နေတာမဟုတ်ဘူးလား။"
သူပြောလို့ပြီးသွားသော် မျက်လုံးပင့်ကြည့်လိုက်ရာ ရှုလင်ကျား၏မျက်ဝန်းထဲတွင်ရောင်ပြန်ဟပ်နေသည့်သူ့ကိုယ်သူမြင်လိုက်ရပြီး သူ့နှုတ်ခမ်းထောင့်များကကော့တက်လျက်ရှိကာ သူ့မျက်လုံးတို့မှာတောက်ပနေပြီး သူတကယ်ပြုံးနေခြင်းပင်။
သူ့ရင်ထဲတွင်သဘာဝအလျောက်ပေါက်ဖွားလာသည့်ထိန်းချုပ်မရသောပျော်ရွှင်မှုတစ်ခုရှိနေပေသည်။ ယင်းကားပထမဆုံးနွေဦးမိုးပမာလတ်ဆတ်သစ်လွင်လျက်ရှိသည်။
ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့နန်ဇီတောင်ထွတ်ကိုရောက်သွားချိန်တွင် ညလယ်ခေါင်ရောက်နေပြီးဖြစ်သည်။
ကျင်းဖေးထုန်ကရှုလင်ကျားကိုသူ့ခြံဝန်းအပြင်အထိလိုက်ပို့ပေးပြီး ပြောလာသည်။
"ဒါဆို ကိုယ်သွားတော့မယ်နော်?"
ရှုလင်ကျားကစိတ်မပူဘဲ လှည့်ထွက်လာလိုက်ပြီး ခြံဝန်းထဲလျှောက်ဝင်သွားရင်းဖြင့် ကျင်းဖေးထုန်ကိုလက်ယမ်းပြလိုက်သည်။
ကျင်းဖေးထုန်သူ့ကျောပြင်ကိုကြည့်နေမိပြီး သူမသွားရသေးခင် ရှုလင်ကျားရုတ်တရက်ခြေနှစ်လှမ်းနောက်ဆုတ်ကာ အနောက်လှည့်၍ပြောလာသည်။
"ဒါနဲ့စကားမစပ်၊ ကျွန်တော်ခင်ဗျားနဲ့မဆွေးနွေးရသေးဘူး၊ ကျွန်တော်တို့လျို့ဝှက်ဂူထဲကိုဘယ်တော့ဝင်ကြမလဲ။ မနက်ဖြန်ညဆိုရင်ကော အဆင်ပြေလား။
ကျင်းဖေးထုန်ပြောလိုက်သည်။
"ကိုယ်ကအဆင်ပြေတယ်၊ မင်းသဘောပါပဲ။"
ရှုလင်ကျားပြောမိသည်။
"ဒါဆိုခင်ဗျားအထဲဘယ်လိုဝင်မှာလဲ။"
သဘာဝကျကျပင်၊ တောင်ထွတ်ထိပ်ရှိဒီလျို့ဝှက်ဂူကား သာမန်ခရီးကဲ့သို့အဝင်အထွက်လုပ်ဖို့ရာမဖြစ်နိုင်၊ ရင်းနှီးကျွမ်းဝင်သည့်နေရာတစ်ခုရှာပြီးသာဝင်လို့ရနိုင်သည်။
ကျင်းဖေးထုန်သည်မတိုင်ခင်ကဓားစမ်းသပ်ရေးညီလာခံတွင်နောက်ဆုံးအနိုင်ရသူဖြစ်သော်လည်း ဒီတစ်ခေါက်အနိုင်ရသူဟာရှုလင်ကျားဖြစ်နေပေရာ ရှုလင်ကျားတစ်ယောက်သာဝင်လို့ရသည်။
ကျင်းဖေးထုန်ကဆိုသည်။
"ကိစ္စမရှိဘူး၊ အဲ့ဒီ့ကအရံအတားတွေကကိုယ့်ကိုမတားနိုင်ဘူး။ မင်းအထဲဝင်ပြီးတာနဲ့ကိုယ့်ကိုမြင်ရလိမ့်မယ်။"
ရှုလင်ကျားသူပြောတာကိုနားထောင်နေပြီး သူမြေခွေးအသွင်နှင့်တုန်းက သူဘယ်နေရာမှာရှိရှိ ကျင်းဖေးထုန်ဟာသူ့ကိုအလွယ်လေးရှာနိုင်သည်အားရုတ်တရက်သတိရသွားသည်။
သူခပ်ဖွဖွနှာမှုတ်ကာပြောလိုက်သည်။
"ပြီးရော။ ဒါဖြင့် ကျွန်တော်မနက်ဖြန်ခါကျရင် ကျန်းရွေ့ကိုနောက်ဆုံးတစ်ခေါက်သွားတွေ့လိုက်မယ်၊ ပြီးရင် ညဘက်ဟိုက်ရှီချိန်အစမှာလျို့ဝှက်ဂူထဲဝင်မယ်။"
(*ဟိုက်ရှီ= 9-11PM)
ကျင်းဖေးထုန်ကမျက်မှောင်ကြုတ်ကာပြောလာသည်။
"မင်းဘာလို့သူ့ကိုသွားတွေ့မှာလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"ပုတီးစေ့လက်ကောက်ဘာဖြစ်သွားလဲ သူ့ကိုသွားမေးမလို့။ ကျွန်တော်ရဲ့ကံကောင်းမှုကိုယူသွားတယ်လို့ သူကိုယ်တိုင်ဝန်ခံထားပေမဲ့လည်း ဘယ်လိုလုပ်ခဲ့လဲဆိုတာကျွန်တော်သံသယဝင်နေမိတုန်းပဲ။"
ကျင်းဖေးထုန်ကနားထောင်နေပြီး သူဒါကိုပြောတာကြားလိုက်ရသော် မျက်ခုံးပင့်ကာသူ့ဝတ်ရုံလက်ကိုထိလိုက်ပြီးနောက် ရှုလင်ကျားရှေ့တွင် တိတ်တိတ်လေးလက်သီးဆုပ်ပြလိုက်သည်။
ရှုလင်ကျားတန့်သွားကာမေးမိသည်။
"ဘာလဲ။"
သူမျက်လုံးအောက်နိမ့်၍ ကျင်းဖေးထုန်၏လက်ကိုကြည့်လိုက်ပေမဲ့ ကျင်းဖေးထုန်လက်ဖြန့်လိုက်ရာ အထဲတွင်စိုမြကာကြည်လင်သောအရောင်ရှိသည့်ပုတီးစေ့လက်ကောက်ရှိနေသည်ကိုမြင်လိုက်ရသည်။
ရှုလင်ကျားမေးမိသည်။
"ဒါကကျန်းရွေ့ရဲ့လက်ကောက်လား။"
ကျင်းဖေးထုန်ကပြုံးကာခေါင်းငြိမ့်ပြလာသည်။
သူကဆိုသည်။
"ပုတီးစေ့လက်ကောက်ပျက်စီးသွားပြီးနောက်မှာ ကိုယ်လည်းမျက်စိရှင်ရှင်ထားပြီးတော့ စင်မြင့်ပေါ်မှာပျံ့ကြဲနေတဲ့အပိုင်းအစတွေနဲ့ချီဇုန်ခြံဝန်းထဲမှာကျခဲ့တာတွေကိုစုဆောင်းဖို့ ကိုယ့်ငယ်သားတွေကိုပြောလိုက်တယ်။ ဒါကဘာအတွက်လဲဆိုတာကိုယ်မသိပေမဲ့ ကျန်းရွေ့ကအရမ်းဂရုစိုက်နေတော့ အရေးကြီးတဲ့ပစ္စည်းတစ်ခုဖြစ်မယ်ထင်လို့ ကိုယ်တတ်နိုင်သမျှအမြန်ဆုံးပြန်ပြုပြင်ခဲ့ပေမဲ့ ကံဆိုးချင်တော့ ကိုယ်ဘာသဲလွန်စမှမတွေ့ခဲ့ဘူး၊ ဒါပေမဲ့မင်းကအရင်ပြောလာတယ်လေ။"
သူကတောက်ပစွာပြုံးကာ ပုတီးစေ့လက်ကောက်ကိုရှုလင်ကျားလက်ထဲထည့်ပေးလိုက်သည်။
"ဒီမှာ။"
ရှုလင်ကျားကိုင်ထားလျက်တစ်ချက်ကြည့်လိုက်ရာ ပုတီးစေ့တစ်လုံးချင်းစီပေါ်တွင်စင်စစ်ပင်အကြည်ရောင်အက်ရာများရှိနေပြီး သေချာဂရုတစိုက်ကော်ဖြင့်ကပ်ထားပုံပေါ်ကြောင်းမြင်လိုက်ရသည်။
ကျင်းဖေးထုန်ကသဲလွန်စကိုမမြင်ပေမဲ့ ၎င်းဟာပုတီးစေ့လက်ကောက်ထဲရှိစိတ်ဝိညာဥ်ကိုယ်ထည်လွတ်မြောက်သွားသောကြောင့်ဖြစ်သည်ဟုစနစ်ကပြောခဲ့သဖြင့်သူသိထားသည်။
စိတ်ဝိညာဥ်ကိုယ်ထည်၏သရုပ်မှန်နှင့်ဇစ်မြစ်အနေနှင့် ၎င်းကဘယ်ကိုသွားလောက်လဲဆိုတာ ဒီကမ္ဘာပေါ်တွင်ကျန်းရွေ့တစ်ယောက်သာသိလောက်သည်။
ဒီတစ်ခေါက်ကျန်းရွေ့ကရှုံးနိမ့်သွားပြီဖြစ်ရာ ပြဿနာရှာနိုင်တော့မည်မဟုတ်။
ဟယ်ဇီကျိုးဟာတကယ်ဘဲတစ်ခုခုလုပ်ရန်ဆုံးဖြတ်ထားချိန်တွင် သူဟာခပ်မြန်မြန်ဆောင်ရွက်လေ့ရှိသည်။ လင်ရှောင်းဂိုဏ်းဟာနန်ဇီတောင်ထွတ်မှမထွက်သွားသေးသည့်တိုင် ကျန်းရွေ့ကတော့ဖြင့်သူပိုင်ဆိုင်သည့်အပြစ်ဒဏ်ကိုစတင်ခံယူနေရပြီဖြစ်သည်။
ရှုလင်ကျားအထဲဝင်သွားသော် မြေပြင်ပေါ်တွင်တင်ပျဥ်ခွေထိုင်နေသည့်ကျန်းရွေ့ကိုမြင်လိုက်ရပြီး သူ့လက်နှင့်ခြေထောက်မှာသံကြိုးများဖြင့် သူ့မျက်နှာထားမှာအားနည်းဖျော့တော့လျက်ရှိသည်။ ဤတိုတောင်းသောအချိန်ကာလအတွင်း၌ သူဟာအသက်ဆယ်နှစ်ပိုကြီးသွားသယောင်။
ဖယောင်းတိုင်မီးအိမ်မှာသူ့ရှေ့တွင်ပူဇော်ထားပြီး မီးအိမ်ထက်မှပြင်းထန်သောမီးခိုးတစ်တန်းထွက်နေပေသည်။
အနီးကပ်ကြည့်လိုက်လို့ရှိရင် ကျန်းရွေ့ကိုယ်ပေါ်ရှိသံကြိုးများဟာ ထိုမီးခိုးများမှဖြစ်ပေါ်လာပြီး မီးအိမ်နှင့်ဆက်နွယ်နေသည်ကိုမြင်နိုင်သည်။
မီးအိမ်ကိုယ်ထည်တစ်ခုလုံးနှင့်ချိန်းကြိုးမှာခရမ်းရင့်ရောင်အလင်းနှင့်ပြည့်နှက်လျက်ရှိပြီး အနားသတ်ပေါ်ရှိအရောင်မှာနက်မှောင်ကာမကြည်လင်ပေ။
ကျန်းရွေ့၏ဆံပင်မှာရှုပ်ပွကာ သူ့ဝတ်ရုံမှာလည်းစုတ်ပြတ်သတ်နေကြောင်း ရှုလင်ကျားမြင်လိုက်ရသည်။ သူဟာသိသိသာသာကိုချက်ချင်းအကျဥ်းချခံလိုက်ရခြင်းပင်။ သူဟာဂိုဏ်းထဲမှတစ်စုံတစ်ယောက်ရိုက်နှက်တာခံခဲ့ရလောက်မည်။ သူသာသေချာမကြည့်မိလို့ရှိရင် သူ၏မျက်နှာသွင်ပြင်ကိုပင်မှတ်မိနိုင်ခြင်းမရှိ။
သူ့ကိုထိုသို့မြင်လိုက်ရရာ ကျန်းရွေ့ကိုသူပထမဆုံးတွေ့လိုက်ရတုန်းကမြင်ကွင်းအားရှုလင်ကျားမနေနိုင်ဘဲတွေးမိသွားသည်။
ထိုအချိန်တုန်းက သူဒဏ်ရာအပြင်းအထန်ရထားတာသိပ်မကြာသေးသည်မို့ အိပ်ရာထဲကမထွက်နိုင်ပေ။ ဆရာသခင်ရှစ်စွင်းကတောင်ထွတ်ပေါ်သို့တပည့်အသစ်ခေါ်လာပြီး သူ့ကိုတွေ့ဖို့ရာထိုသူ့ကိုခေါ်လာလိမ့်မည်ဟုပြောသည်ကိုသာကြားခဲ့ရသည်။
ကျန်းရွေ့ကတံခါးမှအထဲဝင်လာပြီး သူ့ကုတင်ရှေ့တွင်ရပ်ကာ လက်နှစ်ဖက်စု၍အရိုအသေပြုကာပြောလာသည်။
"ကျွန်တော်ရှုရှစ်ရှုန်းကိုလာနှုတ်ဆက်တာပါဗျ။"
ထို့နောက် သူကမတ်မတ်ရပ်ကာ မျက်လုံးပင့်၍ရှုလင်ကျားကိုကြည့်ပြီးပြုံးကာပြောလာသည်။
"မင်ကျန့်တောင်ကလင်ရှောင်းတောင်ထွတ်တစ်ခုလုံးမှာ စိတ်ဝိညာဥ်အားအကောင်းဆုံးနေရာဖြစ်တယ်လို့ အခြားညီအစ်ကိုတွေပြောတာကအံ့သြစရာမရှိပါဘူး။ ရှစ်ရှုန်း၊ ဒီနေရာကရှုခင်းကသိပ်လှတာပဲဗျာ။ အရမ်းကောင်းတယ်။"
ထိုအချိန်က ရှုလင်ကျားကကုတင်ပေါ်တွင်ထိုင်နေရင်း ကျန်းရွေ့ကိုကြည့်နေမိကာ သူ့မျက်ဝန်းထဲရှိမဖုံးကွယ်ထားသောရည်မှန်းချက်ကိုမြင်ခဲ့ရသည်။
သို့သော် သူဟာဒီလူရှေ့တွင်ရပ်ကာ သူ့ကိုကြည့်နေမိပြန်သည်။
ရှုလင်ကျားပေါ်လာပြီးမကြာမီတွင် ကျန်းရွေ့ခန္ဓာကိုယ်ကျုံ့မိသွားပြီးနောက် သူလှုပ်လို့မရနိုင်မှန်းသဘောပေါက်သွားကာ ခက်ထန်စွာပြောလာသည်။
"မင်း၊ မင်းဘာလို့ဒီကိုရောက်လာတာလဲ?! ငါအပြစ်ဒဏ်ခံရတာမလုံလောက်သေးဘူးလို့ထင်နေတာလား။"
ရှုလင်ကျားခပ်ပေါ့ပေါ့ပြောလိုက်သည်။
"ငါရုတ်တရက်တစ်ခုခုသတိရသွားတယ်။ လွန်ခဲ့တဲ့၇နှစ် ၈နှစ်တုန်းက လင်ရှောင်းတောင်ခြေအနားကလျို့ရှားရွာအပြင်မှာဝက်ဝံအစားခံရတော့မလိုဖြစ်သွားတဲ့လူငယ်လေးတစ်ယောက်ကိုငါတစ်ခါကယ်ခဲ့ဖူးတယ်။ အဲ့ဒီ့နေ့တုန်းကမင်းဟယ်ဂိုဏ်းချုပ်ကိုပြောခဲ့တယ်လို့ငါကြားတယ်။ မင်းကလျို့ရှားရွာကလား။"
ကျန်းရွေ့မှာချက်ချင်းဆိုသလိုလည်ပင်းညှစ်ခံလိုက်ရသည့်နှယ်၊ သူ့အသံမှာသူ့လည်ချောင်းထဲတွင်တစ်ဆို့သွားသည်။
ရှုလင်ကျားပြောလိုက်သည်။
"ကြည့်ရတာအဲ့တစ်ယောက်ကတကယ်မင်းပဲကိုး။ မင်းကငါ့ရဲ့ကြင်နာမှုကိုမင်းရဲ့ကလဲ့စားနဲ့ပြန်ဆပ်လိုက်တယ်၊ မင်းကဒီနေ့လိုအဆုံးသတ်မျိုးနဲ့ထိုက်တန်တာပဲ။"
ကျန်းရွေ့ကဲ့သို့အရှက်မဲ့သူပင် မနေနိုင်ဘဲအပြစ်ရှိသယောင်ခံစားမိသည်။
သို့သော် ရှုလင်ကျားကိုဤမျှနီးကပ်သောအကွာအဝေးမှကြည့်နေရင်းဖြင့် သူ၏အပြစ်အနာအဆာမရှိသောမျက်ခုံးနှင့်နူးညံ့သောမျက်နှာလေးကိုကျန်းရွေ့ရှင်းလင်းစွာမြင်နိုင်သည်။
သူကလက်တစ်ဝက်မြှောက်ကာ ဝတ်ရုံလက်ဖျားမှာပင့်တက်သွားပြီး အဖိုးတန်သောချည်မျှင်နှင့်ဖဲသားမှာနူးညံ့သောအနက်ရောင်ပုံစံဖြင့်ပန်းထိုးတန်ဆာဆင်ထားကာ လှုပ်ရှားမှုတိုင်းဟာကျင့်ကြံရေးဂိုဏ်း၏မြင့်မားသောတပည့်ဂိုဏ်းသားတစ်ယောက်ပိုင်ဆိုင်သည့်မြင့်မြတ်သောပင်ကိုယ်စရိုက်ကိုသဘာဂအလျောက်ဆောင်ကျဥ်းနေပုံမှာ သူကိုယ်တိုင်နှင့်တခြားစီပင်။
ကျန်းရွေ့ထိုဝတ်ရုံကိုနှစ်အနည်းငယ်ကြာဝတ်ဆင်ခဲ့ဖူးသည်မို့ ဝတ်ရုံအသားကမည်မျှသက်တောင့်သက်သာဖြစ်ကာ ဝတ်ရုံကမည်မျှစျေးကြီးကြောင်းသူသိသည်၊ ခေတ်သစ်အချိန်ကာလတွင်ပင်သူမတတ်နိုင်။
Advertisement
- In Serial15 Chapters
La Fleur Dungeon
Fear the flower, for behind its beauty lies unfathomable danger. The Flower dungeon tells the tantalizingly tasty tale of a developing dungeon in a world where dungeons are shuttled from planet to planet by the will of the universe itself. Explore stars, aliens, magic, and gardening while watching a struggling Aetherus try his best at building his own eldritch paradise after the Earth decided it was best not to exist anymore. Beware! Gardens, crepes, and a few too many marble statues await ----------------- A Dungeon Building Lit-RPG Adventure
8 165 - In Serial29 Chapters
Tiger Lily
After years of fighting against some of her adopted society’s core values. Nita caves and gets her slave-masters brand. What follows is the story of the consequences of her decision. And the resulting adventure as she works to fit it into her increasingly shaky moral framework. Meanwhile, her aunt Moira has maintained the search for her missing niece.
8 57 - In Serial81 Chapters
The Battle Mage
A man died on a certain day after getting betrayed by the love of his life. Filled with regret he went to the underworld only to meet a reaper with the same circumstance, so the reaper gave him an offer, an offer for another chance a chance at reincarnation. Now reborn will he finally live his life without regret? or will he fall before the challenges?
8 187 - In Serial22 Chapters
Agent Lightning: Operation Angel Arms
Luke Sared was an average kid. That all changed when he discovered his strange abilities and got introduced to Lazarus, an organization of mages that stops magical acts of terror, from being introduced to from being known to the general public. Before Luke’s training can even be finished, he gets blackmailed into investigating a strange orphanage called Angel Arms where a previous agent disappeared without a trace. Despite the name, the orphanage appears to be anything but angelic. In fact, it’s more demonic in nature. What initially starts off as a retrieval mission, quickly branches off into a sinister plan that if successful, would kill thousands of innocent people, if not millions. And all in the blink of an eye. Spoiler: Spoiler
8 214 - In Serial90 Chapters
Drifter
A boy and his mask. A prince and his fire. A world divided in two. Man and a God. The ground work has been set. May fate be set into motion. Unnumbered chapters are first drafts.
8 140 - In Serial41 Chapters
The Steele Brothers (Completed)
Adopted Brothers Jett, Raven, Ash and Grey Steele, were campus kings.Their parents were huge benefactors at the university, there was even a building with their name on it. Even without that, everyone knew who they were, knew their exploits, after all everything they did was watched by all... they ruled simply because everyone either wanted to be them or be with them.Viridian Waters incoming student... shy, curvy and ready to focus on her studies, her plan to get all her uni years over as soon as possible. She had no plans to socialise, she was here to learn. She had her own secrets.The ultimate challenge, a girl who ignored them, it had been a long time since that happened, who did she think she was. Who will win her, they are all up for the challenge.But as the chase begins...Others are threatening what they want, what will they do to keep her safe? Will she let them?Or would they be the ones learning a lesson...
8 207