《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-141
Advertisement
ပင်မန် ကိတ်ပန်းကန်ယူလာပေးပြီး လင်းဖေးလု လက်နှစ်ဖက်နဲ့ ကိတ်ပန်းကန်ကိုယူကာ တိတ်တဆိတ်ငုံ့ကြည့်နေ၏။ တောက်ပသည့်မျက်ဝန်းများနှင့် မျက်နှာသေးသေးလေးရှိသည်။ စားနေစဉ် ဟန်းစတားတစ်ကောင်နဲ့တူ၏။
ဧကရာဇ် လင်း တစ်ဖက်က ကြည်နေရင်း သူမ ပိုပိုပြီးချစ်ဖို့ကောင်းလာတယ်ထင်မိတယ်။ မင်းသမီး၁ ကိုအရမ်းနှစ်သက်သော်လည်း လင်းနန်းရှီရဲ့ စိတ်အားထက်သန်တဲ့ ကိုယ်ရေကိုယ်သွေးလွှမ်းမိုးတာ ခံရတယ်။
မင်းသမီး ၂ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားပြီ။ ပြီးတော့ မင်းသမီး ၃ ကို တွေးကြည့်မိတော့ အထင်သေးသည်။ မင်းသမီး ၄ မှိုင်ထွေထွေနဲ့ရိုးသားသည်။ မိဘနဲ့အတူ ပျော်ရွှင်ဖို့ခက်ခဲပြီး သူ့အပေါ် ကြောက်ရွံ့နေတာလုံးဝ မဖုံးထားချေ.
အင်ပါယာကိုယ်လုပ်တော် ဆူး ရဲ့ မင်းသမီး၆ ကျတော့ အခုမှအသက် ၃ နှစ်ပဲရှိသေးသည်။ သူလည်း တအားရိုးရှင်းလွန်းပြီး မင်းသမီး ၅ လို နှစ်လိုဖွယ်မရှိ တအားငယ်သေးသည်။ ဗီဇအတိုင်းအလွန်အကျွံပြုမူပြီးငိုယိုတက်တယ်။ ဧကရာဇ် လင်းသွားလည်တိုင်း ဝုန်းဒိုင်းကြဲနေတာမြင်ရပြီး အနည်းငယ်စိတ်ထိခိုက်သွားခဲ့တယ်။
သူ့သာမန်နေ့ရက်တိုင်း၌ မင်းသားများနှင့်အချိန်မျှဝေပြီးအိမ်စာများစစ်ဆေးခြင်း ၊အတူမြှားပစ်လေ့ကျင်တာ မြင်းစီးတာတို့ရှိသည်။
ဒ့ါကြောင့် မင်းသားတွေက သူ့ကိုအမြဲတမ်းကြောက်ကြပြီး အပြုအမူကောင်းကောင်းပြုမှုကာ သူ့ရှေ့၌ ဂုဏ်ယူဖွယ်မျိုးမရှိ အဖေနဲ့သားကြား နီးစပ်မှုပျောက်ဆုံးသွားရတယ်။
သူ့ အားလပ်ချိန်တိုင်း သမီးတော် တွေနဲ့အတူ ဖြုန်းပြီး ရုတ်တရက်ဆိုသလို သူ့သမီးတော်တွေက သားတော် တွေထက်ပိုချစ်ဖို့ကောင်းတာ ခံစားရတယ်။
သမီးတော် တွေ ကလေးလေးလိုပြုမူတယ်။ "အဖေ" လို့ ညင်သာစွာခေါ် တက်ပြီး ခေါင်းပေါ် မှာ ချစ်ဖို့ကောင်းတဲ့ ဆံထုံးလေးနှစ်ဖက်ရှိသေးတယ်။!!
ဘယ်မင်းသား အဲလိုလုပ်နိုင်သလဲ?!
မလုပ်နိုင်ဘူး!!
ဧကရာဇ် လင်း လင်းဖေးလုကို ကြည့်ရင်း အထင်သေးတာမျိုးမရှိတော့တာ လင်းဖေးလု သတိထားမိတယ်။
လင်းဖေးလု ခေါင်းထဲ လက်ထဲကိုင်ထားသည့် ကိတ်မုန့်သာရှိပြီး ဧကရာဇ် လင်းရှေ့ သူမဘေးတစောင်းရှိနေသည်။
ဧကရာဇ် လင်းရီမောရင်း မပျော်ရွှင်ခဲ့တာ အချိန်အတော်ကြာပြီဆိုတာ ခံစားမိတယ်။
လင်းဖေးလု မုန့်ကုန်အောင် စားပြီး ကုန်းကုန်းပင်မန်ပေးသည့် လက်ကိုင်ပဝါဖြင့်လက်သုတ်လိုက်သည်။ ကျေနပ်တဲ့မျက်နှာများနှင့် သူ့ခန္ဓာကိုယ် ရထားလုံးစည်းချက်အညီအနည်းငယ်ခါယမ်းနေ၏။ သူ့အကြည့်တစ်ခုခုဆီရောက်သွားတော့ ရုတ်တရက် တောက်ပစွာ ပြူးကျယ်သွားသည်။
ဧကရာဇ်လင်း အကြည့်အတိုင်းလိုက်ကြည့်တော့ သူ့ခါး၌ အမွှေးအိတ်လေး ကိုကြည့်နေတာ ဖြစ်တယ်။
သူမ ခေါင်းသံသယဖြစ်စွာမော့ကြည့်ပြီး မှားနေတာလား သိချင်လို့ အနီးကပ်ကြည့်တယ်။ ဒါ သူမ အိမ်ရှေ့စံကိုပေးထားသည့် အိတ်လေးဆိုတာ လုံးဝ သေချာသွားသည်။
ဘာကြောင့် ဒီရောက်နေတာလဲ?
ရူပ်ထွေးစွာ ခေါင်းသေးသေးလေး ဧကရာဇ် ကိုမော့ကြည့်တယ်။
နည်းနည်းရှက်သွားတဲ့ခံစားချက်ဝင်ရောက်လာပြီး ဧကရာဇ် လင်း ချောင်းခြောက်ဆိုးကာ " ဒါက မင်းရဲ့အစ်ကိုတော် ၃ ပေးတာ"
ပေါက်စီလေး မျက်ခုံးသက်သာရာရစွာ ပြေလျော့သွားပြီး မျက်တောင်တဖျပ်ဖျပ်ခတ်နေ၏။
အဖေနဲ့သမီးအဆင်ပြေနေ၏။ ခဏကြာတော့ ရထားလုံးရပ်တန့်သွားပြီး အပြင်ဘက်က အစေခံ တင်ပြတယ်။
"အရှင် ..ကြင်ယာတော် မိန်ရောက်နေပါတယ်"
ဧကရာဇ် လင်းပြုံးပြီး "ဝင်ခဲ့"
ရထားလုံးလိုက်ကာ တစ်ဖက်သို့ ဆွဲလိုက်တော့ ကြင်ယာတော် မိန် ရထားလုံးထဲဝင်လာပြီး လေထုထဲ ဆွဲဆောင်မှု တစ်ခု သယ်ဆောင်ထားသည်။အရင်ဆုံးအရိုအသေပေးပြီး ညင်သာစွာ နှုတ်ဆက်တယ်။ " မနေ့က မပြီးသေးတဲ့ ချက်ကစားတာ အဖော် ပြုပေးဖို့ ရောက်လာတာပါ"
ဧကရာဇ် လင်း လင်းဖေးလု ကို သူ့နား၌ ထားပြီး ရီရင်း"ကောင်းပြီ။ ပင်မန် ချက်ဘုတ်ပြားလုပ်လိုက်"
"မင်း ဒီနေ့ ချက်ကစားတာ တိုးတက်သလားအနီးကပ်ကြည့်ချင်သေးတယ်"
ကြင်ယာတော် မိန် ညည်းတွားတယ်။ "အရှင်ကတော့ စနောက်ပြန်ပြီ"
သူတို့အချင်းချင်း စကားပြောရင်း ရီမောကြပြီးနောက် ကြင်ယာတော်မိန် တဖက်ခြမ်းက မုန့်စားနေသည့် လင်းဖေးလု ကိုကြည့်ပြီး"ဒီနေ့ မင်းသမီး ၅ ရဲ့အသံ ဘယ်လိုနေသေးလဲ?"
အန္တရယ်ကင်းတဲ့အပြုံးတစ်ခုကလွဲပြီး လင်းဖေးလု ချစ်ဖို့ကောင်းစွာ ခေါင်းညိတ်တယ်.
Advertisement
- In Serial24 Chapters
Greatest Xianxia Book
Hallo! Konnichuwa! This is greatest xianxia book read plez! Ching chong shang shing shung chang!!
8 209 - In Serial18 Chapters
The Forgotten legend of the north
After receiving a fatal wound a hardened warrior of uncountable battles was about to meet an end but a poor demi-human priestess save him from an horrible death, never the less this legendary warrior cannot remember a single thing, not even his name, to repay his debt to his savior this Nordic has become a slave of a beginner copper adventurer. Follow this Beer and drugs induced adventure which I wrote without a single drop of knowledge of the English vocabulary about a drunkard and a greedy priestess……
8 137 - In Serial200 Chapters
PJO
These are some gourmet memes, trust me I scoured the internet for them.Most of these are NOT my memes, please keep that in mindNote there is a part 2 to this book
8 273 - In Serial12 Chapters
For the Hoard
Ergo the dragon is enjoying his seasonal hibernation when human explorers from another world invade his lair. Sucked into an unknown land, and reduced to a fledgling dragon by the loss of his hoard; Ergo must struggle to survive in a world that has been utterly subjugated by humanity. More importantly, will he ever get to finish his hibernation!? note: while I ticked the boxes for sexual/traumatizing content, I mostly did that to keep my options open. I don't currently have any planned, nor do I expect it to be a significant part of the story. After all, the main character is literally a dragon.
8 197 - In Serial27 Chapters
Sins Of The Angels
THE WAR BETWEEN HEAVEN AND HELL STARTS HEREA hard-as-nails cop... Homicide detective Alexandra Jarvis is up against a serial killer unlike any she's ever encountered. She has neither time nor patience for the arrogant new partner assigned to her in the middle of the case, but he seems hellbent on getting in her way-and under her skin-at every turn.An undercover hunter... A millennium ago, Aramael sentenced his own brother to eternal exile. Now the fallen angel is back and wreaking murderous havoc in the mortal realm, and it's up to Aramael to stop him-and to keep the stubborn human police officer out of his path.A world made to pay for the sins of the angels... With tensions flaring between them and Alex's uncanny ability to see him for who he really is, Aramael's mission and his soul are both in serious danger. Can he and Alex work together to capture the fallen one? Or will Aramael end up committing a sin more unspeakable than that of his brother?
8 110 - In Serial7 Chapters
Sick Day, Rangers apprentice by Elfpen (Fanfiction )
This is not mine! This is by Elfpen from Fanfiction! summary: The facts are simple. One, Will is undoubtedly, inarguably, and quite entirely sick. Two, it's time for the Ranger Corps Gathering again, and Will isn't going to miss it for the world. So, can the Ranger apprentice somehow use his honed skills, wit, and natural charm to pull a raging case of the flu unnoticed past Halt? Well, Will seems to think so.
8 151

