《Sour Candy》part 29💔
Advertisement
*Unicode*
ဖုန်းနံပါတ်ဘလော့သွားတဲ့အပြင် အဆက်အသွယ်မရ ပျောက်ပါပျောက်နေတော့ ကင်မ်ထယ်ယောင်းမှာပူလောင်လိုက်တာမှမဟားတရား။ စုံစမ်းခိုင်းထားတဲ့လူတွေစီကလည်း စာမလာသတင်းမကြား။ ကိုယ်တိုင်ထွက်ရှာပြန်တော့လည်း ပုန်းနေသူဟာထွက်မလာ။
ကူးငယ်ဆိုတဲ့ဟာလေးကလေ ကင်မ်ထယ်ယောင်းဆိုတဲ့သူကိုယ်တိုင် မီးခွက်ထွန်းရှာထားတဲ့ ပြဿနာလှလှလေး။
နှိပ်စက်ချင်ရင်တခြားနည်းနဲ့နှိပ်စက်ပါ ကူးရာ။ ပျောက်သွားလို့မဖြစ်လို့ မင်းထပ်ပျောက်သွားရင် ဒီကောင်သေဖို့ကလွဲလမ်းမရှိတော့ဘူး...မင်းသိရဲ့လား။
5 နှစ်ကျော်တဲ့ အရူးတစ်ယောက်လိုအတိတ်ဆိုးတွေရဲ့ ဒဏ်ချက်တွေကနည်းနည်းနှောနှောမဟုတ်ခဲ့တဲ့အခါ ကူးကိုသိပ်သည်းရပါသည်။ အလုပ်ခန်းထဲလက်တောပ့်တစ်လုံးရယ် ဖုန်းတစ်လုံးရယ် တစ်ခုတည်းသောဖုန်းနံပါတ်အားခေါ်နေဆဲ။ ကင်မ်ထယ်ယောင်းအပူသည် ဝန်ထမ်းတွေစီပါကူးစက်ကုန်ရင် တစ်ရုံးလုံးဖုန်းတစ်လုံးစီဖြင့် ဖြေဆိုသူမဲ့ဖုန်းအား အခါတစ်ရာမကခေါ်ဆိုနေကြသည်မှာ ရုပ်ပျက်လှပါသည်။
သွားနေကြ club တွေမှာလည်းမရှိ။ လောင်းကစရားဝိုင်းမှန်သမျှစုံးစမ်းတော့လည်း မလာဘူးတဲ့။ Leo ဆိုတစ်ယောက်ကို သွားမေးကာမှ အသဲဟာထပ်၍ဆားသိပ်ခံလိုက်ရသည်။
Grayson နဲ့ခရီးထွက်နေတယ်ထင်တယ်တဲ့...ရိုက်ချက်ကပါးပါးနဲ့သိပ်ပြင်းသည်။ သူယုံတယ် ကူးဟာဒီလိုမလုပ်ဘူး...ကူးကသူ့ကိုသိပ်ချစ်တဲ့ဟာ သူ မကြိုက်တာတွေလုပ်မှာမဟုတ်ဘူး!
တင်*
ဝင်လာတဲ့ message တစ်စောင်နှင့်ဓာတ်ပုံတစ်ပုံ။ လက်ခနဲဖြစ်သွားသည့် မျက်အိမ်ကျဥ်းကျဥ်းနှင့်အတူ ခုံထက်ချိတ်ထားသည့်ကုတ်အနက်အားအောက်ဝတ်ကာ အလောတကြီးထွက်သွားရသည့် အကြောင်းပြချက်လှလှလေးသည် Jeykay။
မြို့အစွန်းရှိ တရားမဝင်လောကသားတို့ကြီးစိုးရာ ကာစီနို၌ စကီတစ်ယောက်နှင့်ပျော်ပါးနေသည့် နှလုံးသားငယ်လေးကသိပ်ဆိုးသည်။ အပျော်သိပ်ကြိုက်လာတာကို မတားဆီးရက်ပေမဲ့ အန္တရာယ်များတာတွေပါလာရင် တားကိုတားရမည်။ ကူးတစ်ခုခုဖြစ်ရင် ပထမဆုံးရင်ကျိုးရမှာဒီကောင်။
စားပွဲပေါ်ခြေဆန့်ထားရင်း ညာဘက်လက်ချောင်းတွေကြားမှ ဖဲချပ်တွေအားစီးကရက်ပြင်းပြင်းရိုက်ယူရင်း piercing ဖောက်ထားသည့်မျက်ခုံးတို့တွန့်ချိုး၍ စူးစူးစိုက်စိုက်ကိုအရသာခံကြည့်နေတဲ့ ဂျေဟာ ကာစီနိုအတွင်းကလူတွေ၏ အာရုံကိုအပြည့်အဝဖမ်းစားလျက်။
အချိုးကျကျရောစပ်ထားသည့် အရက်ခွက်အားကမ်းကာ အထာပေးသည့်စကီလေးဟာ ရင်သားကြီးကြီးတွေအားတစ်ဝက်နီးပါးဟိုက်ကျနေသည့် ခပ်ဟော့ဟော့အနီရောင် dress နှင့် ဆေးဆိုးပန်းရိုက်မျက်နှာဟာ မှုန်နေအောင်လှ၏။ ချယ်သထားသည့်လက်သည်းရှည်ရှည်တို့မှ အုပ်ကိုင်ရင်း ခွက်အားယူလိုက်သည့်ဂျေဟာ မျက်ခုံးတစ်ဖက်ပါပင့်ပြလိုက်၍ သူမကခိုးခိုးခစ်ခစ်ရယ်သည်။
ဖလစ်ခြင်းရသအား ခံစားရင်း အနိုင်ရခြင်း feeling ကပါပေါင်းစပ်လာသည့်အခါ ပါးချိုင်းခွက်သည်အထိ ပြုံးစစဖြင့်ပါးစောင်းအားလျှာထိုးကာ ခပ်ထေ့ထေ့အကြည့်တွေဟာအသက်ဝင်နေခဲ့သည်။
ဒီတစ်ဝိုင်းနိုင်ရင် ကားမော်ဒယ်အသစ်ဝယ်ဖို့ Jeykay အတွက်ဖူလုံသွားပြီ။ ကိုယ့်အတွေးနှင့်ကိုယ်ဟုတ်နေတုန်း ဝုန်းဝုန်းဒိုင်းဒိုင်းအသံများကြောင့် အကုန်လုံးလန့်လန့်ဖြန့်ဖြန့်မတ်တပ်ထရပ်ကြသည်။ တရားမဝင်သည်အလျောက် ထွက်ပြေးသူကထွက်ပြေးဖြင့် အနည်းငယ်ဖရိုဖရဲနိုင်လှသည်။
"ကူး...!"
ဟောဟဲစိုက်နေသောမောဟိုက်သံစွာ ခေါ်သံနဲ့အတူ လူတစ်ကိုယ်လုံးမျက်စိရှေ့ထွက်လာသည့်အခါ စုပ်သပ်ကာ ထိုင်နေသည့်ခုံထက်ပတ်လက်လန်ချလိုက်သည်။ သွားပြီး အကြီးကြီးကိုသွားတာ။ အတူဆော့နေတဲ့ မေဘေးတွေပြေးကုန်ကြပြီ...ဂျေ့ဒေါသတွေဟာ တစ်နုတ်နုတ်။ ရခါနီးဆဲဆဲ လွတ်ထွက်သွားတဲ့ငွေအမောက်ဟာ ဘီလီယံနဲ့ချည်သည်။
တောက်စ့် ကင်မ်ထယ်ယောင်း!
ဒုစရိုက်တွေပြည့်နေသည့် ကာစီနို၌ ရဲတွေရန်မှကာရန် အဝင်အထွက်တင်းကြပ်လွန်းတာထက်ပိုစွာ...စကားဝှက်သိမှသာ ဝင်ခွင့်ရသည့်နေရာပေမို့ အတင်းအကြပ်ဝင်လျှင်အစောင့်တွေလက်ထဲ ကျိုးကျေရစမြဲ။ အခုတော့ဆူညံ့သံတွေကြောင့် ရဲဝင်ပြီထင်တဲ့ကောင်တွေနဲ့ ငွေပေးရမှာကြောက်လို့ပြေးတဲ့မေဘေးတွေနဲ့ သီချင်းသံသဲ့သဲ့ကလွဲ လူဆိုလို့ Jeykay တို့နှစ်ယောက်သာ။
ထိန်းထားသည့်ဒေါသတွေဟာ သေးငယ်မနေ။ ဆံပင်တို့အားစိတ်ရှုပ်စွာ ခပ်ကြမ်းကြမ်းထိုးဖွပစ်ရင်း အရက်ခွက်အားတင်းထင်းဆုတ်ကိုင်ထားမိသည်။
"လိုက်ရှာလိုက်ရတာ...ဘာလို့ဖုန်းမကိုင်ရတာလဲ။ ကိုယ်မင်းကိုလွမ်း.."
သွေးစို့နေသည့်ဒဏ်ချက်တစ်ချို့နှင့် လာဖက်ရန်ပြင်သည့် ထယ်ယောင်းမျက်ဝန်းတွေစိုးရိမ်မှု လွမ်းဆွတ်မှုတွေအပြည့်...မတ်တပ်ထရပ်ကာရှောင်တိမ်းသည့်ဂျေသည် မနှစ်မြို့မှုတွေအပြည့်။
"ခင်ဗျားလက်ကဒဏ်ရာတွေသွေးတွေနဲ့ ကျုပ်ကိုလာမဖက်စမ်းနဲ့! "
ခဏကအစောင့်တွေနဲ့ ထိုးကြိတ်ခဲ့တုန်းဓားအသေးနှင့် လက်ဖျံအားဆွဲဖြဲသလိုဖြစ်သွား၍ ခြင်းခြင်းနီတဲ့သွေးတွေကတစ်တောက်တောက်။ နာကျင်မှုဒဏ်ကိုမခံစားရဘူး...ကူးမျက်စိအရှေ့ရှိနေယုံနှင့်တင် ရောဂါဆိုတာပျောက်ပြီးသား။
မျက်နှာအနည်းငယ်ပျက်သွားခဲ့ပေမဲ့ မငြိုငြင်ရက် အပြုံးနုနုလေးဖန်တီးလိုက်ပြီး သိပ်မြတ်နိုးရတဲ့လက်ချောင်းတွေအား ဆွဲယူလေတော့တားဆီးသံမထွက်လာခဲ့။
"ကူး သွားရအောင်...ဒီနေရာတွေကမင်းနဲ့မအပ်စပ်ဘူး သိရဲ့လား"
"ခင်ဗျားလက်က.."
"ရတယ်မနာဘူး...အ့!"
တွဲထားသည့်ထယ်ယောင်းလက်ပေါ် အရက်ခွက်အား ဇိမ်ပြေလက်ပြေလောင်းချလိုက်သည့် ဂျေဟာခပ်ရွဲ့ရွဲ့အပြုံးတွေ မျက်နှာထက်ဝေဝေဆာဆာ။ ဆစ်ခနဲဆစ်ခနဲဒဏ်တွေအား မိုက်မိုက်ကန်းကန်း သဘောကျပြန်သည့် ကူးပေးတဲ့အပြစ်ဒဏ်အားကျေကျေနပ်နပ်ခံယူသည့် တစ်လျှောက် အံ့ကြိတ်ကာလည်ပင်းကြောထောင်သည်အထိ အံကြိတ်ခံခဲ့သည်။
သွေးစနှင့်ဝါကျင်ကျင်အရက်ရောယှက်နေသည့် အရည်တစ်ချို့ဟာကြမ်းပြင်ထက်အိုင်ပေါက်လျက်။
"ခင်ဗျားနဲ့မဆိုင်တဲ့ကိစ္စတွေ သောက်ရမ်းဝင်မပါချင်နဲ့!...စိတ်ပျက်ဖို့ကောင်းလိုက်တာ ဖယ်စမ်း!!"
ပုခုံးအားတိုက်ကာ ပေစောင်းစောင်းပြတ်သားလွန်းတဲ့ အကြည့်တွေအောက် ယောက်ျားတန်မဲ့မျက်ရည်ဟာပေါက်ခနဲ။ တရိပ်ရိပ်မျက်စိရှေ့ပျောက်သွားသည့် လူသားနောက်ပြေးလိုက်ချင်သည့် စိတ်တွေအားခြေတွေဟာနာမခံခဲ့။
*စိတ်ပျက်ဖို့ကောင်းလိုက်တာ* တဲ့လား...မရည်ရွယ်ခဲ့ပါဘူးကူးရယ်။ ကိုယ်မင်းကိုစိုးရိမ်တဲ့စိတ် လွမ်းတဲ့စိတ်နဲ့တစ်ဇွတ်ထိုးမိတာ...မင်းစိတ်ပျက်လို့မဖြစ်ဘူး။
ဒီကောင်သိပ်ချစ်တာ မင်းကိုဒီကောင်သိပ်ချစ်လို့ပါကွာ...အဲ့မျက်ဝန်းတွေနဲ့မနှိပ်စက်ပါနဲ့။
ခန္ဓာထက်ကဒဏ်ရာဒဏ်ချက်တွေက မနာပါဘူး။ ကူးအကြည့်တွေက ရင်တည့်တည့်တစ်ရစ်ရစ်စိုက်ဝင်လာတဲ့မြားတွေလို အောင့်တက်လွန်းတယ်။ ဒီကောင့်အပေါ် သူစိမ်းဆန်သွားလိုက်တာ...အရင်ကကူးငယ်ကို ဘာတွေလုပ်မှပြန်ရမှာလဲ။ ပြုခဲ့သမျှအပြစ်တွေကျေဖို့ နာကျင်ပေးရတာမလုံလောက်သေးမှန်း သိပါတယ် ဒါမဲ့..ဒါမဲ့ မင်းရဲ့စိမ်းကားမှုကိုမခံနိုင်ဘူးကူးရဲ့...ဒီကောင်နာလိုက်တာ ဒီကောင်အခုမှနာတက်နေလိုက်တာ မျက်ရည်တွေလွယ်တက်နေလိုက်တာ အခုမှဖြစ်ပျက်ပြနေတာ သောက်တလွဲတွေပါကွာ။ ဒါပေမယ့် စစ်မှန်တယ် ကိုယ့် Honey ရယ် ကိုယ်ဟန်ဆောင်နေတာမဟုတ်ကြောင်း တစ်တောက်တောက်ကျနေတဲ့ နှလုံးသွေးတွေကသက်သေပြနေတယ်။
"Jeykay !"
ဒုန်းဒုန်းဒိုင်းဒိုင်းဆိုင်ထဲဝင်လာသည့် သူငယ်ချင်းကြောင့် leo မှာလန့်သွားရတာအမှန်။ ပါးစောင်အာလျှာဖြင့်ထိုးရင်း တောက်ခ်တစ်ခေါက်ခေါက်ဖြင့် ရဲတက်နေသောဒေါသအငွေ့ဖြင့်မျက်ဝန်းတွေ...ဆိုဖာနက်ထက်ခပ်လျောလျောပစ်ထိုင်ကာ တက်တူးရှိဝာလက်သည့် ဆိုဖာလက်ရန်းအားတစ်အုန်းအုန်းထုကာ ကျန်တစ်ဖက်ကတွန့်ချိုးထားသောမျက်ခုံးတို့အား ဖိချေနေသည်။
"Jeykay မင်းတစ်ခုခုဖြစ်လာတာလား"
"မီးလောင်တာထက်ဆိုးတဲ့ ဂျေလောင်နေတာ!...တောက်ခ် !!"
ပါးစပ်ကလည်းဆိုရင်း ခပ်ထူထူလေးလေးဖိနပ်နက်နက်ကြီးဝတ်ထားသည့် ခြေသည် အရှေ့မှစားပွဲအား ပြင်းထန်စွာကန်ပြစ်လိုက်သည့်အခါ Leo မျက်ခုံးတို့ပင့်တက်သွားသည်။
တော်သေးတာပေါ့ ဆိုင်ကလူရှင်းနေလို့။
"ဆိုပါဦး ဘာကိုလောင်"
"မင်း...မင်းမသိပါဘူး!!"
"ငါ့နှယ် မသိလို့မေးတာလေ.."
"သောက်ပေါင်ပိတ်ထားပေးစမ်း...လောင်နေတာတွေမင်းပေါ်ပြာချမိလိမ့်မယ် Leo "
"ငါလုပ်လိုက်ရ...နေနေမင်းဟာမင်းလောင်နေ!"
လောင်တာလောင်နေတာ ဘာကိုလောင်မှန်း လက်ညိုးထိုးပြစရာရေရေရာရာရှိမနေတဲ့အခါ လှောင်ရယ်ကြမလား။ Grayson စီက လက်ထက်ချင်တယ် ဆိုတဲ့စကားကြောင့်လောင်တာလား၊ ကာစီနိုမှာပျက်သွားတဲ့ ပွဲကြောင့်လား၊ အနာတရတွေနဲ့ ထယ်ယောင်းဂီးကြောင့်လေလား။
Advertisement
စိတ်ပေါက်လို့သာလုပ်ချင်ရာလုပ်ခဲ့တာ မျက်ဝန်းထဲကမထွက်သော သွေးစတချို့နဲ့မျက်နှာ...မြင်ယောင်လာတိုင်း ရင်ဘတ်ကအသက်ရှူရပ်မတက်ခံရခက်ပါသည်။ အကြောင်းအရင်းတွေမရှိ နာကျင်နေတဲ့မျက်နှာချောချောကို မကြည့်ရက်ခြင်းစိတ်တွေ အလုအယက်တိုးဝင်လာရင် ဂျေအတွက်မသက်သာနေခဲ့။ ဘာတွေမှန်းမသိတဲ့ စို့နင့်နင့်စိတ်ခံစားချက်တွေ အဖြေမရှာတက်သည့်အခါ ဒေါသထွက်ရသည်။
စိတ်ပေါက်ပေါက်နှင့်ထိုင်နေတာ သတိပြန်ဝင်တော့ လက်ကနာရီက ညနေ 3 နာရီပင်ညွှန်းပြနေသည်။ စက်ပိတ်ထားသည့်ဖုန်းအား ဖွင့်လိုက်သည့်အခါ miss call ပေါင်းများစွာက screen ထက်အပြေးအလွှား။ TaeV လို့မှတ်ထားသည့် ဖုန်းအပြင် unknown ဆိုသောဖုန်းပေါင်းများစွာမှ များစွာသော miss call တွေကစိတ်ရှုပ်စရာကောင်းစွာ...21349 ဆိုသောအနီရောင်ဂဏန်းတွေက phone icon ပေါ်အကျဥ်းတန်စွာ။
"အဲ့လောက်ထိအောင် အားအားယားယားခေါ်နေနိုင်ကြတာလား...ဟက် "
///////
စီးကရက်တစ်လိပ်မီးညှိကာ နယူးယောက်ခ်ရဲ့ညနေခင်း view အားမှန်အကာမှ ကြည့်နေတဲ့မျက်ဝန်းတွေ ထင်သလောက်အသက်ဝင်မနေခဲ့။ ဒဏ်ရာတွေအားဆေးထည့်ရန် သတိမရသလိုနာလို့နာမှန်းပင်မသိအောင် ထုံပေနေပြီ။ ခေါင်းထဲရှိတာသည် ကူးစိတ်ကောက်နေသည်ဟုတစ်ထစ်ချတွေး၍ မည်သို့ချော့ရမလဲ စဥ်းစားရတာ ခေါင်းမွှေးပင်ဖြူချင်လာသည်။
"ဖုန်းဖွင့်လောက်ပြီထင်ပါရဲ့..."
အတွေးနဲ့အတူ ဝင်သွားသည့်ဖုန်းကောလ်သည် တစ်ဖက်လူကိုင်လိုက်သည့်မှာ မထူးဆန်းသော်ငြား ကင်မ်ထယ်ယောင်းအတွက် ရင်ခုန်စရာအတိ။ စကားပြန်မည်အသံလေးအား နားစွင့်နေရခြင်းတွင်လည်း ကြည်နူးရပြန်သည်။ ကင်မ်ထယ်ယောင်းရူးရင် ဘယ်ကောင်မှလိုက်မှီမှမဟုတ်။
"တံခါးလာဖွင့်! "
လေးလုံးတည်းသောစကားစုသာပြော၍ ပေးသွားသောအမိန့်တွင် ခဏသာတောင့်တောင့်ကြီးရပ်နေမိသည်။
တံခါးလာဖွင့် ဆိုတော့ ကူး ကူးကတိုက်ခန်းရှေ့ရောက်နေသည်များလား...။
စီးကရက်မီးအားသတ်ကာ အပြေးအလွှားပင်တံခါးဖွင့်ပေးလိုက်တော့ ပုံမှန်နှင့်မတူစွာ ဟူဒီအဖြူအားဝတ်ထားသူကြောင့် ထယ်ယောင်းမှာဒီဟာလေးကို တင်းတင်းဖက်ပစ်ချင်သည်။ စူအောင့်အောင့်မျက်နှာလေး ငြိုငြင်သွားမှာစိုး၍ ငြိမ်နေရတာလည်းမလွယ်လှပါ။
"ကျုပ် အပေါက်ဝမှာပဲရပ်နေရမှာဆိုရင်လှည့်ပြန်မယ်"
"လှည့်မပြန်ပါနဲ့...လာခဲ့ကူး"
ခြေလှမ်းကျဲများဖြင့်ဝင်သွားသည့်သူအား ပြုံးကာကြည့်ရင်း တံခါးပိတ်၍နောက်ကလိုက်ရသည်။ ကုတင်ခေါင်းရင်းထက်က ဓာတ်ပုံအားရပ်ကြည့်နေသည့် ဂျေသည်မျက်ဝန်းတို့ဝိုင်းလျက်...။
မှိတ်ထားလို့ကော့ညွတ်နေတဲ့ ရှည်လျားတဲ့မျက်တောင်၊ ဘေးစောင့်အနေအထားမို့ လုံးနေတဲ့နှာတံဟာ ခပ်ထင်းထင်း၊ ခပ်အုပ်အုပ် မတိုမရှည်အညိုရောင်ဆံနွယ်တွေ.....ရောယှက်ထားသည်လက်နှစ်ဖက်...အပြာရင့်ရောင်ကောင်းကင်မှ တစ်လက်လက်ကြယ်တွေထဲမှတစ်ပွင့် ကြွေကျနေပုံအားအမိအရရိုက်ယူထားခြင်း ထိုဓာတ်ပုံသည်ပြီးပြည့်စုံလှသည်။ ဂျေနဲ့တူတဲ့ကောင်လေးရဲ့ပုံ...ဒီလူ့အခန်းထဲအခန့်သားနေဝာယူထားပုံထောက် ရိုးရှင်းတဲ့ပတ်သက်မှုတွေ ဖြစ်နေမည်မထင်။
"အဲ့နေ့က ကူးကသိပ်လှနေတာနဲ့ ကိုယ်တောင်သတိမထားမိပဲ ဓာတ်ပုံရိုက်ယူထားမိတာ...ဟဟ"
"က..ကူး...ဟုတ်လား။ အဲ့ဓာတ်ပုံထဲကသူက ကူးဆိုတာပေါ့လေ "
"အွန်း...ကိုယ့်ရဲ့အသဲတစ်ခြမ်းပေါ့။ သူပျောက်သွားတဲ့ဒီနှစ်တွေကြား ကိုယ်အရူးတစ်ယောက်ဖြစ်ခဲ့တာ ဆေးရုံတောင်တက်ယူရတဲ့အထိ"
"အခုရော..."
"ကိုယ့်စီပြန်ရောက်လာပြီ"
*အင့်*
ခါးအားဆွဲဖက်သည့်အခါ ဂျေဟာရုန်းသည်။ သို့သော်မလွတ်ခဲ့....
"ကျုပ်က ဂျေ...ခင်ဗျားအဆက်ဟောင်းနဲ့မမှားစမ်းနဲ့!!"
ကူးဟာ ကူးမဟုတ်ပါဘူး ငြင်းနေတာကပိုကယိုတော့နိုင်သား...ဆုတ်ထားတဲ့ Jeykay လက်တွေ။ အလိုမကျ၍တင်းမာလာသည့်မျက်နှာထားတွေ...Jeykay ဟာထယ်ယောင်းအပေါ် မသိစိတ်မှသဝန်တိုတက်နေပြီ။
"ကိုယ့်အသဲတစ်ခြမ်းဆိုတာတော့ ကျိန်းသေတယ်...ကိုယ်မင်းကိုမြတ်နိုးလွန်းမိနေပြီ"
လည်တိုင်ထက်မျက်နှာကပ်လာသည့် ထယ်ယောင်းကိုဂျေဟာတွန်းဖယ်သည်။ မလိုမချင်ကိုခါးသီးစွာ တုန့်ပြန်တာ။
ရုန်း...ကြိုက်သလောက်ရုန်း
ဒီကောင်မလွတ်ပေးနိုင်ဘူး ကူး
ဒီတစ်ခါတော့ တင်းနေအောင်ချည်ထားချင်တယ်
လွမ်းနေကြပြီလား။စာတစ်ဖက်နဲ့ဆိုတော့ အချိန်မလောက်လို့ကြာနေတာ ခိုက်ကိုခွင့်လွတ်ကြပါ။
မခွဲချင်သေးလို့ ဆွဲဆန့်နေတာကိုလည်းနားလည်ပေးကြပါ
Love you all❤
***************
*Zawgyi*
တင်*
"ကူး...!"
Advertisement
"ခင်ဗျားလက်က.."
"ရတယ်မနာဘူး...အ့!"
"Jeykay !"
"ဆိုပါဦး ဘာကိုလောင်"
"မင်း...မင်းမသိပါဘူး!!"
///////
"တံခါးလာဖွင့်! "
"အခုရော..."
*အင့်*
Advertisement
- In Serial16 Chapters
Towers Rise
What would you do if you got a second chance, a chance to redo choices in your past and try to come up with a better solution? For Trystan, this isn't just a theoritical question, through a bit of luck, and assistance from a dying friend, Trystan has been thrust backward in time. Now he finds himself before the Tower's rise, before the System, before humanity was transported into the Tower for an intergalactic conquest they never agreed to, before Humanity's fall, and he has a chance to alter the future. To keep Humanity from being destroyed or enslaved. The real question is can he do it? Can he find the strength inside of himself to save his family, friends and loved ones? Can he rise up and teach and lead other's to finding true strength, or will he be doomed to repeat the past, to see the fall of everything that he held dear.
8 229 - In Serial6 Chapters
Absolute Power of the Imagination
(Hello this is a story that I'm making and is basically just my fantasy of what it would be like to be a human with god-like powers and the MC is going to have my personality so you are reading some of my desires.) Everyone has at least once thought what it would it would be like to be GOD but only so many people have actually thought about it deeply and this story is going to be through my thoughts as what it would be like to be a god-like being that was once human (because it would be no fun to read or write what it would be like to be GOD since there are no obstacles as the definition of GOD.) (I'm writing this because my new favorite novel "Michael Ammers: My OP leisure life" has been dropped or is on a really long hiatus.
8 97 - In Serial31 Chapters
Always & Forever
Nicolette never thought that she will be pulled in the TVD universe. She never dreamed about saving three different but important lives. Soulmate Fic. Poly Fic. Kol\Klaus\OC\Elijah. Mature Content. All rights belong to rightful owners. Duh.
8 81 - In Serial18 Chapters
Library Magic
Isaiah a world of magic. The current state of world is a battle of the races, which the demons and humans that co-exist are winning. There, a human who is gifted by God with a strange power. A human that can do the what was known as the impossible and is changing the world within. But what is his goal? To become a God? Or is it more deeper than that? Find out as this is the story of that human.
8 150 - In Serial10 Chapters
Danganronpa oneshots
I try to be active i swear. Also you can blatantly see my style change LMAAOO#1 on danganronpaoneshots!#1 on junko#1 on danganronpa1
8 219 - In Serial20 Chapters
Online Lovers • Treegan
@keeganallen started following you @keeganallen liked your post @keeganallen commented on your post- "You're so pretty, be mine - @keeganallen"D i s c l a i m e r: This is my own idea. I'm writing this for entertainment. I hope you enjoy. :)
8 205