《If you believe (Complete)》2
Advertisement
Unicode
Zawgyi
~~~~~~
ဥက္ကာစံ
ဘဝကခါးမှတိုးတက်လွယ်မှာတဲ့။
ကြားဖူးနားဝါးရှိတဲ့စကားပေါ့။ဥက္ကာဘဝမှာတော့ တကယ်လက်တွေ့ကျသွားတာ။
ဘဝကခါးတော့ တိုးတက်ဖို့လမ်းရှာရရော။ မိဘရယ်ဆိုပြီးစုံစုံလင်လင်ရှိပေမယ့်
ပျော်စရာမိသားစုမဟုတ်ခဲ့။ အမေကနောက်လင်ယူသလို အဖေကလည်းနောက်မယားနဲ့။
တစ်ဦးတည်းသော ကလေးသူ့မှာအမေနဲ့အဖေကွဲတော့ ရုတ်ခြည်းမျက်ကန်းသွားတဲ့သူလိုမျိုး ဘာမှမလုပ်မကိုင်တတ်။
ချောင်မှာကပ်ပြီးငိုနေရုံပဲသူတတ်နိုင်ခဲ့တာ။အဲ့တုန်းက သူ့အသက် ၁၀နှစ်။
အမေ့လင်ငယ် အဖေ့မယားငယ်က
သူတို့ကလေးမဟုတ်တဲ့ကိုယ့်ကိုလက်မခံချင်တော့ ဘယ်သူ့နောက်မှလိုက်မပါခဲ့ပါ။
မိဘတွေကလည်းသူ့ကိုမိဘမဲ့ဂေဟာပို့ဖို့
ဆွေးနွေးနေကြတာ။
ကံကောင်းချင်တော့ မိဘမဲ့ဂေဟာပို့ခံရပြီး
ဒုတိယရက်မှာတင်အဖေ့ရဲ့ညီအရင်း
ဥက္ကာတစ်ခါမှမမြင်ဖူးတဲ့ဦးလေးကပေါ်လာ၏။ သူ့ကိုယ်သူ ဖေဖေ့ညီအရင်းတဲ့။ ဘာပဲဖြစ်ဖြစ် မိဘမဲ့ဂေဟာတွင်ရှိနေရတာထက်ဦးလေးနောက်လိုက်တာပိုကောင်းမယ်ထင်လို့လိုက်ပါခဲ့တာ။
တကယ်လည်း ဦးလေးက အဖေထက်များစွာပိုကောင်းပါသည်။တစ်ခုပဲ တရားမဝင်တဲ့လုပ်ငန်းတွေလုပ်နေတာ လောင်းကစားရုံအပြင် လက်နက်မှောင်ခို ဆေးတွေပါ
မှောင်ခိုတင်သွင်းတာ။ အစကတော့ဥက္ကာမနှစ်သက်ခဲ့။
ဦးလေးယခုလိုပြောမှပဲ ဥက္ကာ ဦးလေးလုပ်ငန်းကိုဆက်ဆံခဲ့တာ။ လောင်းကစားရုံဖွင့်ထားပေမယ့်ကိုယ်တိုင်ကလောင်းကစားသမားမဟုတ်ရင်ပြီးရောတဲ့။ ဘိန်းစိုက်ပေမယ့် ကိုယ်တိုင်ကမသုံးရင်ပြီးရောတဲ့။ ဦးလေးကမကောင်းတဲ့စီးပွားသာလုပ်နေတာ ကိုယ်တိုင်က
ဆေးလိပ်တောင်မသောက်။ ဥက္ကာကိုလည်း သေသေချာချာပြုစုပေးခဲ့တာ။
ဥက္ကာ ဘွဲ့ရပြီးလုပ်ငန်းဆက်ခံနိုင်သည်အထိ အားလုံးကဦးလေးရဲ့ကျေးဇူးတွေပဲ။
ဦးလေးက သူ့ထက် အသက် ၂၀သာကြီးတဲ့ လူပျိုကြီး။ ဦးလေးအမြဲပြောနေတတ်တဲ့စကားကတော့ အချစ်ကဘိန်းလိုပဲတဲ့။
ချစ်မိရင်ရုန်းထွက်ဖို့မေ့နေမှာ။အခန့်မသင့်ရင်အသက်ပါဆုံးရှုံးရနိုင်တယ်တဲ့။
ဦးလေးသဘောအတိုင်း ဥက္ကာအချစ်ဆိုတာကို ဘယ်တုန်းကမှမလိုချင်ခဲ့။
မိဘနှစ်ပါးဆီကပစ်ခံထားရတာနဲ့တင်
သူလုံလုံလောက်လောက်နာကျင်ခဲ့ပြီးပြီ။
သူ့အနားတစ်ဝိုက်တွင် အမျိုးသမီးဆိုလို့
သူနဲ့ဦးလေးအတွက် ထမင်းချက်
တစ်ယောက်သာသာရှိသည်။ သူတို့လောက ကအမျိုးသမီးတွေကိုဆွဲမသွင်းသင့်တဲ့လောကမို့လည်း ပါသည်။
ဘော်ဒီကတ်တွေဆိုတာဦးလေးကိုယ်တိုင်ရွေးထားတဲ့လူတော်တွေချည်း။ဒီတိုင်းပိုက်ဆံပေးပြီးခေါ်ထည့်ထားတာမဟုတ်ဘဲ စာမေးပွဲအဆင့်ဆင့်နဲ့ပညာစမ်းပြီးမှ
ခေါ်ထားတာ။ သူ့အတွက် ဦးလေးစီစဥ်ပေးထားတဲ့သီးသန့်ဘော်ဒီဂတ်က ၁၀ယောက်ရှိသည်။ ဘယ်သွားသွား
ဘော်ဒီကတ်တွေဝန်းရံနေသဖြင့်
ဘာအန္တရာယ်မှသူ့အပေါ်မကျေရောက်ဖူးသေး။
သို့သော် လူရယ်ဆိုမှ ကံကောင်းတဲ့နေ့
ကံဆိုးတဲ့နေ့ရှိစမြဲဆိုတဲ့စကားအတိုင်း
သူ့ဘဝမှာ ကံဆိုးတဲ့နေ့က နောက်ထပ်
တစ်ကြိမ် ထပ်ရောက်လာပြန်သည်။
စပ်တူလုပ်ငန်းလုပ်ကိုင်သည့်ထိုင်းက
လုပ်ဖော်ကိုင်ဖက်နဲ့တွေ့ဆုံဖို့အသွားလမ်းမှာချောင်းမြောင်းတိုက်ခိုက်ခံရတာ။
ရဲမဟုတ်ဘဲ ရန်သူ့ဂိုဏ်းတစ်ခုက အကွက်ကျကျစီစဥ်ခဲ့ခြင်း။
ကံဆိုးချင်တော့ သူစီးသည့်ကားမှာ
ဘော်ဒီဂတ် နှစ်ယောက်ပဲပါတာ။ နောက်
ဘော်ဒီကတ်တွေက အရှေ့အနောက်ကားတစ်စီးစီဖြင့်လိုက်လာကြသော်ငြား
တစ်ဖက်ကတမင်ထောင်ချောက်ဆင်ထားတာကြောင့် သူတို့ကျရှုံးခဲ့ရသည်။ ဥက္ကာ
ဒီလုပ်ကြံမှုကိုတစ်သက်မမေ့နိုင်။
သူလိုက်ပါသည့်ကားမှာလည်းပစ်ခံလိုက်ရပြီးကားကလမ်းဘေးတစ်နေရာထိုးကျသွားသည်။ ကားပေါက်ကွဲမှုမဖြစ်ခင်သူကားပေါ်ကပြေးထွက်နိုင်ခဲ့သည်။သို့သော်ရန်သူကများလွန်းသဖြင့် မျက်စိလျင်တဲ့သူကရှိသည်။သူသေနတ်များနှင့်အချက်ပေါင်းများစွာအပစ်ခံခဲ့ရသည်။
လမ်းဘေးချောက်ထဲလှိမ့်ကျသည်အထိ
သေလောက်တဲ့နာကျင်မှုကိုသူရူးမတတ်ခံစားခဲ့ရသည်။ သေတော့မလိုခံစားနေရသော်လည်းမသေသေးတာကြောင့် သူတတ်နိုင်သလောက်တွားသွားခဲ့သေးသည်။ သွေးပူနေသဖြင့် သွားနိုင်သလောက် သူသွားနေခဲ့သည်။
နိုးလာတဲ့အချိန်မှာတော့ သူပုခက်ထဲရောက်နေတာ။ လူလေးယောက်ကသူ့ကိုထမ်းနေပြီး နံဘေးတွင်သွေးတိတ်အောင်
လုပ်ပေးနေသူနှစ်ယောက်လည်းရှိ၏။
တစ်ယောက်ကမိန်းကလေး တစ်ယောက်ကယောက်ျားလေး ဆင်တူတဲ့ Uniform ဝတ်ထားတာ။ဒါဒီအရပ်က သူနာပြုတွေများလား။
ဆေးရုံပို့မှာစိုးရိမ်သဖြင့်ဆေးရုံမသွားချင်ကြောင်း သူအရင်အထွန့်တက်လိုက်သည်။
သူဆေးရုံသွားလို့မဖြစ်ပါ။ မတော်လျှင်
ထပ်ပြီးလုပ်ကြံခံရနိုင်သည်။သေခြင်းတရားကိုသူမကြောက်။ ဦးလေးအတွက်သူလုပ်ရမှာတွေရှိနေသေးတာမလို့ဘဲ။
ဖြစ်ချင်တော့ သူ့ကိုအရင်ဆုံးတွေ့သည့်အန်တီက သူတောင်းဆိုတဲ့အတိုင်းလိုက်လျောပေးသည်။နေစရာစားစရာပေးသည်။ ကရုဏာသက်ပေးသည်။
သွေးသားအရင်းလိုပြုစုစောင့်ရှောက်ပေးသည်။ ထမင်းပါစေတနာပါပါခွံ့ကျွေးသဖြင့် သူမျက်ရည်ကျလုမတတ်ဖြစ်ခဲ့ရသည်။ အန်တီ့အမျိုးသားကလည်း သူ့ကို
နွေးထွေးမှုပေးသည်။
လူကအားနည်းတဲ့အချိန်ဆို ရက်စက်သွားတဲ့မိဘနှစ်ပါးကိုပဲ မြင်ယောင်နေမိတာ။
အန်တီကို လိမ်ညာပြောဆိုမိခဲ့တာတွေအတွက် သူအမှန်တကယ်စိတ်မကောင်း။
မတတ်န်ိုင်လို့သာ။သူပြန်ကောင်းပြီးဒီကထွက်ခွာမည်ဆိုတော့မှအမှန်တရားကို ဝန်ခံဖို့ဆုံးဖြတ်ထားတာ။
ဥက္ကာဒီရောက်တာနှစ်ပတ်တိတိအထိအရာအားလုံးအဆင်ပြေခဲ့သည်။ ဒဏ်ရာကလည်းအနည်းငယ်သက်သာလာသလိုခံစားရသည်။ ကလေးသုံးယောက်ကလည်း အားရင်အားသလို သူ့ကိုရေလာပေး မုန့်လာကျွေးနဲ့ဂရုတစိုက်ရှိသည်။
လမ်းမလျှောက်နိုင်သေးတဲ့ရက်များကဆို
သူ့ရဲ့ ဆီးဝမ်းကိစ္စတွေကအစ အန်တီနဲ့
အန်ကယ်က တာဝန်ယူပေးနေသည်။
အရမ်းလည်းအားနာသလိုကျေးဇူးဆပ်ဖို့လည်းသူမမေ့။
ဒီလို သဘောမနောကောင်းပြီးနွေးထွေးမှုရှိတဲ့မိသားစုမှာ ရက်စက်တတ်တဲ့သူရှိတာ
ဥက္ကာဒီကိုရောက်ပြီးနှစ်ပတ်အကြာမှာသိလိုက်ရသည်။ ဘယ်ကပြန်လာမှန်းမသိတဲ့
အန်တီသားကြီး လင်းဆယူပါပဲ။ အသားကဖြူဝါဝါ မျက်လုံးကဝိုင်းပြီး မျက်နှာကလည်းအနည်းငယ်ဝိုင်းချင်နေတာ။ ဥက္ကာမြင်ဖူးသမျှထဲ အလှဆုံးယောက်ျားပဲ။
လှပြီးရက်စက်ကြမ်းကြုတ်တဲ့သူကိုလည်း
ဥက္ကာပထမဆုံးမြင်ဖူးတာပါပဲ။
သူ့ကြောင့် ဥက္ကာမှာဒဏ်ရာတွေအကုန်အသစ်ပြန်ဖြစ်ကုန်တာ။အတော်ပါးနပ်တာပဲ။ ဒီကလိမ်နေမှန်းချက်ချင်းရိပ်မိနိုင်တာ
ဉာဏ်ထက်တာကိုတော့ ဥက္ကာတကယ်
ချီးကျူးသည်။ ရက်စက်တတ်တာ
ကိုလည်းအံသြသည်။
သူ့မိသားစုကိုလိမ်ညာထားလို့တဲ့။
အငြိုးတကြီးနဲ့လူက်ိုရန်ရှာနေတာကြောင့်
ဥက္ကာတစ်ခါထပ်ပြီးသေသွားတော့
မလိုလို။ အန်တီကတော့ သူ့သားကိုယ်စား
ခခယယတောင်းပန်ရှာသည်။ ဆရာမလည်းထပ်ခေါ်ပေးသလို တစ်ညလုံး
အန်တီက အဖော်အိပ်ပေးသည်။ မျက်မှောင်ကြုတ်ပြီးကြိမ်းမောင်းတတ်တဲ့တစ်ယောက်ကိုတော့ သူ့အမေဆီကအဆူခံရပြီးကတည်းကမနက်မိုးလင်းသည်အထိအရိပ်ကိုမတွေ့တော့ပါ။
မနေ့ကကျုံးဝါးထားတဲ့အတိုင်း လူကိုမျက်နှာဖုံးကွာသွားအောင် စုံထောက်သွားလုပ်နေတာနေမှာ။
"မာမီ''
ကြားရပါပြီ ချိုသလောက်ဓားလိုထက်
သည့်အသံ။ဥက္ကာနံရံကအပေါက်သေးမှ
အသံလာရာကိုအာရုံစိုက်ကြည့်လိုက်သည်။ သူ့အမေနဲ့စကားပြောနေပုံက
နူးနူးညံ့ညံ့ မနေ့က ကိုယ့်ကိုကြိမ်းမောင်းသွားတဲ့ရုပ်နဲ့လားလားမျှမဆိုင်။ အန်တီကတော့ သားဖြစ်သူပြောသမျှခေါင်းညိတ်နေသည်။
ပြီးနောက် အခန်းဆီကိုဦးတည်လာသဖြင့်
ဥက္ကာသိလိုက်ချေပြီ။ ကိုယ့်ကိုဒုက္ခပေးဖို့အတွက် သူ့အမေကိုပထုတ်နေတာ။
အန်တီက အိမ်အောက်ဆင်းသွားသလိုကလေးသုံးယောက်ကလည်းတိတ်နေသည်။ဥက္ကာသက်ပြင်းသာရှိုက်လိုက်ပါသည်။ယခုတော့ ကူကယ်ရာမဲ့ပြီပေါ့။
"မင်း အခုချက်ချင်းပါလာတဲ့အင်္ကျီပြန်လဲလိုက်''
အခန်းထဲဝင်လာတာနဲ့ ကနဦးသူ့အမေရှေ့ရှိနေပုံနဲ့မဆိုင်ကြမ်းလာတော့တာ။
"ပါလာတဲ့အဝတ်က ကျည်ကြောင့်စုတ်ပြဲကုန်ပြီ''
တုံ့ပြန်မှုကိုမကြိုက်ဟန်မျက်မှောင်ကြုတ်လာသည်။ဥက္ကာမလိမ်ပါ။ သူ့ကိုယ်ပေါ်က
အဝတ်က ပစ်ခံရတုန်းကရစရာမရှိအောင်ပေါက်ပြဲကုန်တာ။ ယခုဝတ်ထားတဲ့အဝတ်က သူ့အဝတ်တွေပဲ။ ဒါကို ပါလာတာနဲ့လဲဖို့ပြောတယ်ဆိုတော့ လူကိုအိမ်ပေါ်ကနှင်ထုတ်တော့မယ့်သဘောပေါ့။
"ကောင်းပြီလေ နောက်ထပ်ဘာပါသေးလဲ''
"ဘာမှမပါဘူး ''
"ရတယ် အခုထွက်ခဲ့''
အမိန့်ဆန်ဆန်ပြောလာနေသည်။ဥက္ကာမှာတော့ခက်နေရသည်။ဒဏ်ရာတွေက
သူ့ကြောင့်အသစ်ပြန်ဖြစ်သွားသည်မို့ တစ်ခါလှုပ်ဖို့အရေး နှစ်တစ်ရာလောက်အချိန်ယူရသည်။ ဥက္ကာထဖို့နံရံတွေကို
အားပြုနေစဥ်
"ကျစ်! လာစမ်းပါ''
"အား!''
လူကိုအတင်းဆောင့်ဆွဲပြန်ပြီ။ ဒီတစ်ခါတော့မနေ့ကထက်ပိုကြမ်းနေသည်။အခန်းကနေ အိမ်အောက်အထိ တရွတ်ဆွဲခေါ်နေ
သည်။ ဥက္ကာတစ်ကိုယ်လုံးသွေးတွေပေကျံပြန်ပြီ။ဝတ်ထားတာက အဖြူ
ကွက်စိပ် ရှပ်အင်္ကျီမို့ သွေးဆိုတာ အထင်းသားမြင်နေရ၏။ဥက္ကာအသက်ရှူရပ်သွားတော့မလိုခံစားနေရသည်။
"ကားပေါ်တက်''
ကားပေါ်တက်ခိုင်းနေပုံက လောလောနဲ့။
လူကိုတကယ်စွန့်ပစ်ဖို့ကြိုးစားနေတာပဲ။
လှပေမယ့် စိတ်ကောင်းလုံးဝမရှိပါလား။
"တက်မှာလား တစ်ခါတည်းဝင်သွားအောင်ကန်ပေးရမလား''
ဒဏ်ရာနဲ့လူကချက်ချင်းကြီးတွေမလုပ်နိုင်တာ သိဖို့ကောင်းပါရဲ့။ ဥက္ကာ ကားပေါ်ကိုဖြည်းဖြည်းသာသာဝင်ထိုင်ပြီးနောက် ခုံကိုမှီလျက်ခေါင်းမော့ရင်းအသက်ကိုပြင်းပြင်းရှူသွင်းနေရသည်။သွေးကအထွက်များလွန်းသဖြင့်သူ့တစ်ကိုယ်လုံးသွေးတွေရွှဲနေပြီ။
မျက်လုံးကိုမှိတ်ပြီးခေတ္တခဏအနားယူပြီးနောက် မျက်လုံးဖွင့်လိုက်သည့်အခါ
ကားကရပ်ထားဟန်ရှိသည်။ ဥက္ကာခေါင်းကိုမရမကထောင်နိုင်အောင်ကြိုးစားပြီးဘေးသီကိုဝှေ့ကြည့်လိုက်သည်။ ကားက
တောအုပ်တစ်ခုထဲရောက်နေတာ။
လင်းဆယူကိုတော့ သူမတွေ့။
ဥက္ကာအားယူပြီးကားပေါ်ကဆင်းနိုင်အောင်ကြိုးစားနေမိသည်။ သို့သော် စိတ်ကသာထက်နေတာ ကိုယ်ကတုတ်တုတ်မှလှုပ်မရတော့။ လက်နှစ်ဖက်ကသွေးတွေဆိုခြောက်ပါခြောက်နေပြီ။ ခေါင်းကလည်းမူးလာသဖြင့် ဥက္ကာမျက်မှောင်ကြုတ်လိုက်သည်။ နားကလည်း ဆူဆူညံညံ အူနေသည်။
"မင်းက တကယ်အသက်ပြင်းတဲ့ကောင်ပဲ''
Advertisement
အသံကြောင့်မျက်လုံးကိုသူမရရအောင်ကြိုးစားဖွင့်လိုက်သည်။ မြင်ရသည်မှာနောက်ထပ်ကားတစ်စီးအပြင်လင်းဆယူနဲ့နောက်လူနှစ်ယောက်။ ထိုနှစ်ယောက်ကမျက်နှာဖုံးစွပ်ထားပြီး လင်းဆယူဆီက ငွေသားလက်ခံနေသည်။
ဒါဘာသဘောလဲ သူ့ကိုသတ်ဖို့ကြေးစားငှားလိုက်တဲ့သဘောလား။
ပုံစံတွေကတော့အဲ့အတိုင်းပဲ။
ထိုနှစ်ယောက်က သူ့ဆီလျှောက်လာပြီး သူဘယ်လိုမှလှုပ်မရအောင်ချုပ်လာသည်။ ဥက္ကာတုတ်တုတ်မျှမလှုပ်ပါ။နဂို
ကတည်းကဒဏ်ရာကြောင့်မလှုပ်နိုင်တာ ယခုလိုချုပ်ခံထားရသည့်အခါ လူကကျောက်ရုပ်အလား။
သို့သော် ဆေးထိုးအပ်နဲ့အနားကိုလျှောက်လာတဲ့ လင်းဆယူ ကြောင့် ဥက္ကာ လေးလံနေရာမှသွေးပူလာ၏။
"မင်းဘာလုပ်မလို့လဲ''
ဥက္ကာပျာပျာသလဲမေးတော့ လင်းဆယူ က
လူမိုက်ဆန်ဆန် လှလှပပပြုံးလာသည်။ထို့နောက်ဘာဆိုဘာမှမပြောဘဲ လည်တိုင်ထဲဆေးထိုးအပ်ကိုထိုးထည့်လာသည်။ ဥက္ကာ လုံးလုံးကျရှုံးသွားပြီဖြစ်သည်။
ရုန်းနိုင်ဖို့နေနေသာသာ သူ့ကမ္ဘာ
အမှောင်လုံးလုံးကျသွားလေပြီ။
.
.
နောက် ၂နာရီခန့်ကြာသည့်အခါ
လင်းဆယူရဲ့ဖုန်းထဲ မက်ဆေ့တစ်စောင်ရောက်လာသည်။
💬အစီစဥ်အတိုင်းအောင်မြင်ပါတယ်
သူ့ကို သူ့ဦးလေးလက်ထဲပြန်ထည့်ပေးလိုက်ပါပြီ ဗိုလ်လင်းမယုံရင်ကျွန်တော်တို့ပုံပို့ပေးပါ့မယ်💬
စာကိုဖတ်ပြီးသည့်အခါ တစ်ဖက်အား
ပုံပို့ဖို့မလိုကြောင်း ဗိုလ်လင်းစာပြန်ရိုက်ပို့လိုက်ပြီးမက်ဆေ့အားလုံးကိုပါအပြီး
ဖျက်ထားလိုက်သည်။
သူတို့ပြောတာက ဟိုလိမ်ညာတဲ့မြို့ကအကောင်ပဲ။ ဗိုလ်လင်းအစတုန်းက အသားတဆတ်ဆတ်တုန်သည်အထိသူ့ကိုဒေါသထွက်ခဲ့တာ။သူ့ကိုစေတနာပိုပြီးကူညီထားတဲ့မာမီတို့ကိုလိမ်ညာပြောဆိုထားခြင်း
ကြောင့်။
သူ့အကြောင်းကိုသိရဖို့ရာ ဗိုလ်လင်းသူ့ပုံကိုခိုးရိုက်ပြီး စုံစမ်းပေးဖို့ မြို့ကြီးက
နောင်တို့ဆီ ပို့ပေးခဲ့သည်။ သိလိုက်ရသည့်အထဲ မိဘနှစ်ပါးဆီကစွန့်ပစ်ခံထားရတယ်ဆိုတဲ့အချက်ကြောင့် ဗိုလ်လင်း သူ့ကို ကရုဏာသက်မိသွားသလိုလ်ို။ အိမ်စီးကားတင်သွင်းတဲ့လုပ်ငန်းပိုင်ဆိုင်ကြောင်းသိရသော်ငြား ပျောက်ဆုံးနေတဲ့သတင်းတော့မတွေ့ရ။ အမှန်ဆို သူ့လိုလုပ်ငန်းကြီးလုပ်နေသူကပျောက်သွားရင်ပျောက်သွားတဲ့သတင်း ထွက်ကိုထွက်သင့်တာ။
ဒါမှ ရှာမည့်သူကရှိမှာ။
ဇွဲသက်တန့်ပြောသလို သူ့မိဘတွေက
သူ့ကိုမလိုချင်သဖြင့်စွန့်ပစ်သွားကြတာမို့ပျောက်ဆုံးကြောင်းမသိတာဖြစ်မည်။
ဒါဆို သူ့ကိုမွေးစားထားတဲ့သူ့ဦးလေးကရော ဘာကြောင့်သတင်းကိုဖုံးထားသနည်း။လုပ်ကြံခံရမှုအကြောင်းအရင်းတိတိကျကျကိုတော့မသိခဲ့ရ။ သိဖို့လည်းလိုမည်မထင်သဖြင့် ဗိုလ်လင်း တမင်
မစုံစမ်းစေတော့တာ။
ထိုအစား သူ့ကိုပြန်ပို့ဖို့သူ့ဦးလေးနဲ့အဆက်အသွယ်လုပ်ပေးရန် နောင်ကို
သူထပ်ပြီးအကူညီတောင်းခဲ့ရသည်။
သိရတဲ့သတင်းတွေအရဆို သူ့ဦးလေးက
သူ့ကိုအထူးဂရုစိုက်တယ်ဆိုပဲ။ဒါဆိုရှာနေလောက်ရောပေါ့။
နောင်ပေးတဲ့နံပါတ်ကိုသူဆက်သွယ်ပြီး
ဥက္ကာစံဆိုတဲ့ကောင်ကိုတွေ့ရှိထားကြောင်း
ပြောလိုက်ရုံရှိသေး ဟိုက အထူးဂရုစိုက်ပေးဖို့ခခယယတောင်းဆိုလာတာ။ ချက်ချင်းလာခေါ်ချင်ကြောင်းပြောနေ
သဖြင့် သူချက်ချင်းပို့ပေးလိုက်ပါသည်။
လမ်းတွေဒေသတွေကမတူကြတော့
နှစ်ဖက်ဆုံဖို့အရေး အစီအစဥ်ကသေချာ
ရသည်။
မာမီတ်ို့ကိုလည်း အကျိုးအကြောင်းပြောပြထားပြီးသား။ ကာယကံရှင်ဖြစ်တဲ့ ဥက္ကာစံ ကိုတော့ ဗိုလ်လင်း ဘာမှပြောပြ
မနေပါ။ ဘာရယ်မဟုတ်ဘဲပြောချင်စိတ်ကိုမရှိလို့မပြောတာ။ ကြည့်ရတာ သူညာပြောထားတာတွေကိုဗိုလ်လင်းမသိစိတ်ကမကျေနပ်န်ိုင်သေးပုံဘဲ။
ဒါ့ကြောင့် သူ့ဘက်ကဘယ်လိုတွေးတွေး
ဗိုလ်လင်းစိတ်မဝင်စား ။ ထပ်တွေ့ရမှာလည်းမဟုတ်တာကြောင့် ဗိုလ်လင်း ဒီကိစ္စအတွက်ဘာမှတွေးမနေပါ။
ကျေးဇူးဆပ်ချင်ကြောင်းကမ်းလှမ်းနေတဲ့
သူ့ဦးလေးကိုလည်းဗိုလ်လင်းငြင်းထားရုံမက နံပါတ်ပါ block ပစ်လိုက်ပြီဖြစ်၏။ ထပ်ပြီးစကားပြောစရာမလိုတော့တဲ့လူတွေမလို့။ ဒါ့အပြင် ဗိုလ်လင်းက တာဝန်ကလူတွေနဲ့လွဲ အပြင်လူတွေနဲ့အဆက်အသွယ်လုပ်ရမှာကိုမနှစ်သက်။
ယခုနေ ဗိုလ်လင်းအဆက်အသွယ်လုပ်ဖြစ်တဲ့အပြင်လူဆိုလို့ နောင်နဲ့ဇွဲသက်တန့်သာရှိသည်။
~~~~~~
"ဥက္ကာ ဥက္ကာ''
အသံနဲ့မက တစ်ကိုယ်လုံးနိုးဆော်ခံရသလို
ခံစားချက်ကြောင့် ဥက္ကာ သတိနဲ့မျက်လုံးကိုခပ်ဖြည်းဖြည်းဖွင့်လိုက်၏။မြင်လိုက်ရသည်မှာ ရင်းနှီးနေကျမျက်နှာကျက်နဲ့အတူ ဦးလေးဉာဏ်ရဲ့မျက်နှာ။
"ဦး. အဟွပ်''
"ထလို့မဖြစ်သေးဘူးလေ ''
ဥက္ကာထဖို့လုပ်စဥ် ဦးလေးဉာဏ်က ပခုံးနှစ်ဖက်မှကိုင်လာပြီးမထဖို့သတိပေးနေသည်။ ဥက္ကာ ဘေးသီကိုကြည့်ရင်း သူယခုအထူးကုသမှုခံယူနေမှန်းသိရသည်။
ဒေါက်တာနဲ့သူနာပြုတွေက ဥက္ကာတို့လူတွေအတွက်သာဆေးကုသပေးရသည်။ စည်းကမ်းနဲ့အညီ သူတို့လည်းပါးစပ်စည်းရှိရသည်။မဟုတ်လျှင်အဆုံးသတ်လှမှာမဟုတ်။
ဥက္ကာနိုးလာသဖြင့် ဒေါက်တာနဲ့သူနာပြု
အကူနှစ်ယောက်က လုပ်ထုံးလုပ်နည်းတွေအတိုင်းလုပ်ဖို့ဥက္ကာအနားဝိုင်းလာနေသည်။ ဦးလေးဉာဏ်နဲ့ လူယုံတချို့ကတော့ အဝေးကနေ အခြေနေရပ်ကြည့်နေ၏။
"အခုတလောလှုပ်လှုပ်ရှားရှားလုပ်လို့မဖြစ်ဘူးနော် ကိုဥက္ကာ ဒဏ်ရာတွေက
ဆိုးဆိုးရွားရွားရောင်နေတာ ကျွန်တော်တို့အထူးဂရုစိုက်ပေးမှာမလို့ ကိုဥက္ကာလုပ်ပေးရမှာက ဆေးလိပ်ခဏဖြတ်ထားဖို့နဲ့
အားရှိအောင်စားချင်စိတ်မရှိရင်တောင်စားပေးဖို့ပါပဲ''
ဒေါက်တာက ဂရုတစိုက်မှာကြားပြီးသည့်အခါ သူ့ဒဏ်ရာတွေကိုဆေးကြောပေးသည်။ထို့နောက် ပိုးမဝင်ရအောင်
ဝတ်စုံအသစ်လဲပေးပြီး ဆေးပုလင်းကြီးပါချိတ်ပေးနေသည်။သူနာပြုအကူ
နှစ်ယောက်ကလည်း ယောက်ျားလေးဖြစ်ကာ ဒေါက်တာကိုသွက်သွက်လက်လက်ကူညီနိုင်သည်။
"ကိုဥက္ကာအတွက်အားရှိရအောင်
ပဲစွပ်ပြုတ်လေးလုပ်ပေးရမယ် ကိုဉာဏ်
ကြက်သားကအသားမာတက်နိုင်တာကြောင့်စားလို့မရသေးပါဘူး''
"ကောင်းပါပြီ စီစဥ်ခိုင်းလိုက်မယ် ဒေါက်တာတို့လည်းအနားယူကြဦး ဒီ၃ရက်အတွင်း နေ့ရောညပါမနားဘဲဥက္ကာကိုဂရုစိုက်ထားရတယ်ဆိုတော့ ပင်ပန်းနေလောက်ပြီ''
ဒေါက်တာနဲ့ဦးလေးဉာဏ်ရဲ့စကားကြောင့်
ဥက္ကာခေါင်းထောင်လာသည်။ဦးလေးပြောတဲ့ ၃ရက်အတွင်းဆိုတဲ့အချိန်ကဥက္ကာကို
အတွေးဝင်စေသည်။ သူပြန်ရောက်တာ
၃ရက်ရှိပြီဆိုတဲ့သဘောလား။
"ဦးလေးဉာဏ် ကျွန်တော်ဒီကိုပြန်ရောက်တာ.''
"ဟုတ်တယ် ၃ရက်ရှိပြီ ''
သူပြောမှာကိုသိနေသည့်ဦးလေးဉာဏ်က
သူစကားမဆုံးခင်ဝင်ပြောလာသည်။
"ကျွန်တော်ဘယ်လိုလုပ်ပြီးပြန်ရောက်လာတာ''
ဒါ သူအသိချင်ဆုံးပေ။သူမှတ်မိတာဆိုလို့
လင်းဆယူက လူမိုက်ဆန်ဆန် ပြုံးပြီးသူ့ကိုဆေးထိုးခဲ့တဲ့အထိပဲ။
"လွန်ခဲ့တဲ့လေးရက်က လူတစ်ယောက်ဖုန်းဆက်လာတာ မင်းကသူ့အိမ်မှာရှိနေတယ်တဲ့ အဲ့ဒါနဲ့ သူပြောတဲ့လိပ်စာအတိုင်းမင်းကိုသွားပြန်ခေါ်တာ သူတို့ဘက်ကလမ်းတစ်ဝက်လာပို့ပေးသေးတယ် ထူးဆန်းတာက မင်းကိုပို့ပြီးတာနဲ့ ဟိုဘက်ကအဆက်အသွယ်ဖြတ်သွားတာကွ ဖုန်းခေါ်လို့လည်းမရဘူး ကျေးဇူးတောင်မဆပ်လိုက်ရဘူး မင်းကိုလာပို့ပေးတဲ့နှစ်ယောက်ကလည်း ဘာဆိုဘာမှမပြောဘူး ''
"ကောင်းပါတယ် ထပ်ပြီးပတ်သက်စရာ
မလိုတော့ဘူးပေါ့ ''
ဥက္ကာဘက်က ပေါ့ပေါ့သာပြန်ပြောခဲ့ပေ
မယ့် တကယ်တမ်းရင်ထဲမကောင်းပါ။
လင်းဆယူဘက်က သူ့ကိုလုံးဝမပတ်သက်ချင်တာသိရတာနဲ့တင် သူဝမ်းနည်းလာသလိုလိုခံစားရသည်။လူကလည်းအကျင့်တစ်မျိုး နွေးနွေးထွေးထွေးရှိပေးသူတွေထက် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တဲ့လူကို စွဲလမ်းချင်နေတာ။
သူဝန်ခံသည်။ဒဏ်ရာနဲ့ခေါင်းမထောင်နိုင်တာတောင်လင်းဆယူမျက်နှာကိုမြင်မြင်ချင်း သူရင်ထဲလှိုက်ဖိုသွားသလိုခံစားရသည်။ သူ့အပေါ်ကြမ်းတမ်းခဲ့တုန်းက
စိတ်ဆိုးမယ့်အစား လုပ်ရက်လေခြင်းဆိုတဲ့အတွေးနဲ့ဝမ်းနည်းသလိုလိုဖြစ်ခဲ့တာ။
ဒါဥက္ကာဘဝမှာလူတစ်ယောက်ကိုပထမဆုံးအကြိမ်ရင်ဖိုဖူးခဲ့တာမလို့ဘဲ။
"သူတို့ကပုံမှန်မဟုတ်လောက်ဘူးဥက္ကာ
ငါ့ရဲ့နံပါတ်အရင်းကိုတောင်သိနေတာ
မင်းပေးလိုက်တာတော့မဟုတ်ပါဘူးနော်''
"ကျွန်တော်မပေးပါဘူး''
"ဒါဆိုသူငါ့နံပါတ်ကိုဘယ်လိုလုပ်ရတာလဲ
သူတို့ကဘယ်လိုလူစားမျိုးလဲ''
"ကျွန်တော်မသိဘူး ကျွန်တော်မှလျှောက်
မကြည့်နိုင်တာ သန့်စင်ခန်းတစ်ခါသွားဖို့ဆိုလည်းအရှေ့ကိုပဲဂရုစိုက်နေရတာ ဘေးမကြည့်အားဘူး''
ဒါ အမှန်တရားပဲ။ အန်တီတို့ကဘယ်လိုလူစားတွေဘာတွေသူသိဖို့နေနေသာသာ
အိမ်ရဲ့ဖွဲ့စည်းပုံကိုတောင်သူမသိ။ယုတ်စွအဆုံး သူနေခဲ့ဖူးတဲ့လင်းဆယူအခန်းပုံစံကိုတောင်သူမမှတ်မိ။ တစ်ရက်တစ်ရက် ဆေးချိတ်ပြီးအိပ်နေခဲ့ရတာ။
သန့်စင်ခန်းသွားတယ်ဆိုတာကလည်း
အာရုံကသန့်စင်ခန်းထဲရောက်အောင်ကြိုးစားရုံကလွဲ ကျန်တာဘာမှမရှိ။
ရှင်းရှင်းပြောရရင် အန်တီအမျိုးသားနဲ့
ကလေးသုံးယောက်ရဲ့မျက်နှာကိုတောင်
သူမှုန်ဝါးဝါးသာမှတ်မိသည်။
သူအမှတ်မိဆုံးက လင်းဆယူရဲ့မျက်နှာကိုပါပဲ။ သူ့ကိုရန်မူခဲ့တာတွေအပြင် ပြန်ဖို့တာကိုပြန်ပို့တဲ့အကြောင်း လုံးဝမပြောဘဲ
မာနကိုရှေ့တန်းတင်ခဲ့တာတွေ ဒါဆိုအားလုံးကသူ့ရဲ့လိမ်ညာမှုတွေကြောင့်ပဲလား။
ဥက္ကာသေချာသည်။လင်းဆယူဘက်က
သူနဲ့မပတ်သက်ချင်ရင်တောင်သူကတော့
လင်းဆယူနဲ့ထပ်ပြီးဆုံချင်သေးသည်။
မျက်နှာလေးကိုနောက်ထပ်တစ်ကြိမ်ပြန်မြင်ခွင့်ရချင်ရုံလေးပါပဲ။
.
Greenleaf 🌿🍀🌿
ဇာတ်ကောင်နှစ်ယောက်က တစ်ယောက်အကြောင်းတစ်ယောက်မသိသေးပါဘူး
ဥက္ကာဘက်ကလုံးဝမသိတာအမှန်ပါ
ဗိုလ်လင်းကတော့ လူတစ်မျိုး သူက
ဥက္ကာအကြောင်းကိုလုံးလုံးစိတ်မဝင်စားတာ ပြန်ဖို့ချင်တာတစ်ခုတည်းနဲ့သူဥက္ကာအကြောင်းကိုစုံစမ်းတာပါ ပြောရရင်
သူက ပြီးစလွယ်လိမ်ပြောတတ်တဲ့ဥက္ကာနဲ့ လုံးဝကိုမပတ်သက်ချင်တဲ့သဘောပေါ့။
--------------------------------------------------------------
Unicode
Zawgyi
~~~~~~
ဥကၠာစံ
ဘဝကခါးမွတိုးတက္လြယ္မွာတဲ့။
ၾကားဖူးနားဝါးရွိတဲ့စကားေပါ့။ဥကၠာဘဝမွာေတာ့ တကယ္လက္ေတြ႕က်သြားတာ။
ဘဝကခါးေတာ့ တိုးတက္ဖို႔လမ္းရွာရေရာ။ မိဘရယ္ဆိုၿပီးစုံစုံလင္လင္ရွိေပမယ့္
ေပ်ာ္စရာမိသားစုမဟုတ္ခဲ့။ အေမကေနာက္လင္ယူသလို အေဖကလည္းေနာက္မယားနဲ႕။
တစ္ဦးတည္းေသာ ကေလးသူ႕မွာအေမနဲ႕အေဖကြဲေတာ့ ႐ုတ္ျခည္းမ်က္ကန္းသြားတဲ့သူလိုမ်ိဳး ဘာမွမလုပ္မကိုင္တတ္။
ေခ်ာင္မွာကပ္ၿပီးငိုေန႐ုံပဲသူတတ္နိုင္ခဲ့တာ။အဲ့တုန္းက သူ႕အသက္ ၁၀ႏွစ္။
အေမ့လင္ငယ္ အေဖ့မယားငယ္က
သူတို႔ကေလးမဟုတ္တဲ့ကိုယ့္ကိုလက္မခံခ်င္ေတာ့ ဘယ္သူ႕ေနာက္မွလိုက္မပါခဲ့ပါ။
မိဘေတြကလည္းသူ႕ကိုမိဘမဲ့ေဂဟာပို႔ဖို႔
ေဆြးႏြေးေနၾကတာ။
ကံေကာင္းခ်င္ေတာ့ မိဘမဲ့ေဂဟာပို႔ခံရၿပီး
ဒုတိယရက္မွာတင္အေဖ့ရဲ႕ညီအရင္း
ဥကၠာတစ္ခါမွမျမင္ဖူးတဲ့ဦးေလးကေပၚလာ၏။ သူ႕ကိုယ္သူ ေဖေဖ့ညီအရင္းတဲ့။ ဘာပဲျဖစ္ျဖစ္ မိဘမဲ့ေဂဟာတြင္ရွိေနရတာထက္ဦးေလးေနာက္လိုက္တာပိုေကာင္းမယ္ထင္လို႔လိုက္ပါခဲ့တာ။
တကယ္လည္း ဦးေလးက အေဖထက္မ်ားစြာပိုေကာင္းပါသည္။တစ္ခုပဲ တရားမဝင္တဲ့လုပ္ငန္းေတြလုပ္ေနတာ ေလာင္းကစား႐ုံအျပင္ လက္နက္ေမွာင္ခို ေဆးေတြပါ
ေမွာင္ခိုတင္သြင္းတာ။ အစကေတာ့ဥကၠာမႏွစ္သက္ခဲ့။
ဦးေလးယခုလိုေျပာမွပဲ ဥကၠာ ဦးေလးလုပ္ငန္းကိုဆက္ဆံခဲ့တာ။ ေလာင္းကစား႐ုံဖြင့္ထားေပမယ့္ကိုယ္တိုင္ကေလာင္းကစားသမားမဟုတ္ရင္ၿပီးေရာတဲ့။ ဘိန္းစိုက္ေပမယ့္ ကိုယ္တိုင္ကမသုံးရင္ၿပီးေရာတဲ့။ ဦးေလးကမေကာင္းတဲ့စီးပြားသာလုပ္ေနတာ ကိုယ္တိုင္က
ေဆးလိပ္ေတာင္မေသာက္။ ဥကၠာကိုလည္း ေသေသခ်ာခ်ာျပဳစုေပးခဲ့တာ။
ဥကၠာ ဘြဲ႕ရၿပီးလုပ္ငန္းဆက္ခံနိုင္သည္အထိ အားလုံးကဦးေလးရဲ႕ေက်းဇူးေတြပဲ။
ဦးေလးက သူ႕ထက္ အသက္ ၂၀သာႀကီးတဲ့ လူပ်ိဳႀကီး။ ဦးေလးအၿမဲေျပာေနတတ္တဲ့စကားကေတာ့ အခ်စ္ကဘိန္းလိုပဲတဲ့။
ခ်စ္မိရင္႐ုန္းထြက္ဖို႔ေမ့ေနမွာ။အခန့္မသင့္ရင္အသက္ပါဆုံးရႈံးရနိုင္တယ္တဲ့။
ဦးေလးသေဘာအတိုင္း ဥကၠာအခ်စ္ဆိုတာကို ဘယ္တုန္းကမွမလိုခ်င္ခဲ့။
မိဘႏွစ္ပါးဆီကပစ္ခံထားရတာနဲ႕တင္
သူလုံလုံေလာက္ေလာက္နာက်င္ခဲ့ၿပီးၿပီ။
သူ႕အနားတစ္ဝိုက္တြင္ အမ်ိဳးသမီးဆိုလို႔
သူနဲ႕ဦးေလးအတြက္ ထမင္းခ်က္
တစ္ေယာက္သာသာရွိသည္။ သူတို႔ေလာက ကအမ်ိဳးသမီးေတြကိုဆြဲမသြင္းသင့္တဲ့ေလာကမို႔လည္း ပါသည္။
ေဘာ္ဒီကတ္ေတြဆိုတာဦးေလးကိုယ္တိုင္ေ႐ြးထားတဲ့လူေတာ္ေတြခ်ည္း။ဒီတိုင္းပိုက္ဆံေပးၿပီးေခၚထည့္ထားတာမဟုတ္ဘဲ စာေမးပြဲအဆင့္ဆင့္နဲ႕ပညာစမ္းၿပီးမွ
ေခၚထားတာ။ သူ႕အတြက္ ဦးေလးစီစဥ္ေပးထားတဲ့သီးသန့္ေဘာ္ဒီဂတ္က ၁၀ေယာက္ရွိသည္။ ဘယ္သြားသြား
ေဘာ္ဒီကတ္ေတြဝန္းရံေနသျဖင့္
ဘာအႏၱရာယ္မွသူ႕အေပၚမေက်ေရာက္ဖူးေသး။
သို႔ေသာ္ လူရယ္ဆိုမွ ကံေကာင္းတဲ့ေန႕
ကံဆိုးတဲ့ေန႕ရွိစၿမဲဆိုတဲ့စကားအတိုင္း
သူ႕ဘဝမွာ ကံဆိုးတဲ့ေန႕က ေနာက္ထပ္
တစ္ႀကိမ္ ထပ္ေရာက္လာျပန္သည္။
စပ္တူလုပ္ငန္းလုပ္ကိုင္သည့္ထိုင္းက
လုပ္ေဖာ္ကိုင္ဖက္နဲ႕ေတြ႕ဆုံဖို႔အသြားလမ္းမွာေခ်ာင္းေျမာင္းတိုက္ခိုက္ခံရတာ။
ရဲမဟုတ္ဘဲ ရန္သူ႕ဂိုဏ္းတစ္ခုက အကြက္က်က်စီစဥ္ခဲ့ျခင္း။
ကံဆိုးခ်င္ေတာ့ သူစီးသည့္ကားမွာ
ေဘာ္ဒီဂတ္ ႏွစ္ေယာက္ပဲပါတာ။ ေနာက္
ေဘာ္ဒီကတ္ေတြက အေရွ႕အေနာက္ကားတစ္စီးစီျဖင့္လိုက္လာၾကေသာ္ျငား
တစ္ဖက္ကတမင္ေထာင္ေခ်ာက္ဆင္ထားတာေၾကာင့္ သူတို႔က်ရႈံးခဲ့ရသည္။ ဥကၠာ
ဒီလုပ္ႀကံမႈကိုတစ္သက္မေမ့နိုင္။
သူလိုက္ပါသည့္ကားမွာလည္းပစ္ခံလိုက္ရၿပီးကားကလမ္းေဘးတစ္ေနရာထိုးက်သြားသည္။ ကားေပါက္ကြဲမႈမျဖစ္ခင္သူကားေပၚကေျပးထြက္နိုင္ခဲ့သည္။သို႔ေသာ္ရန္သူကမ်ားလြန္းသျဖင့္ မ်က္စိလ်င္တဲ့သူကရွိသည္။သူေသနတ္မ်ားႏွင့္အခ်က္ေပါင္းမ်ားစြာအပစ္ခံခဲ့ရသည္။
လမ္းေဘးေခ်ာက္ထဲလွိမ့္က်သည္အထိ
ေသေလာက္တဲ့နာက်င္မႈကိုသူ႐ူးမတတ္ခံစားခဲ့ရသည္။ ေသေတာ့မလိုခံစားေနရေသာ္လည္းမေသေသးတာေၾကာင့္ သူတတ္နိုင္သေလာက္တြားသြားခဲ့ေသးသည္။ ေသြးပူေနသျဖင့္ သြားနိုင္သေလာက္ သူသြားေနခဲ့သည္။
နိုးလာတဲ့အခ်ိန္မွာေတာ့ သူပုခက္ထဲေရာက္ေနတာ။ လူေလးေယာက္ကသူ႕ကိုထမ္းေနၿပီး နံေဘးတြင္ေသြးတိတ္ေအာင္
လုပ္ေပးေနသူႏွစ္ေယာက္လည္းရွိ၏။
တစ္ေယာက္ကမိန္းကေလး တစ္ေယာက္ကေယာက္်ားေလး ဆင္တူတဲ့ Uniform ဝတ္ထားတာ။ဒါဒီအရပ္က သူနာျပဳေတြမ်ားလား။
ေဆး႐ုံပို႔မွာစိုးရိမ္သျဖင့္ေဆး႐ုံမသြားခ်င္ေၾကာင္း သူအရင္အထြန့္တက္လိုက္သည္။
သူေဆး႐ုံသြားလို႔မျဖစ္ပါ။ မေတာ္လွ်င္
ထပ္ၿပီးလုပ္ႀကံခံရနိုင္သည္။ေသျခင္းတရားကိုသူမေၾကာက္။ ဦးေလးအတြက္သူလုပ္ရမွာေတြရွိေနေသးတာမလို႔ဘဲ။
ျဖစ္ခ်င္ေတာ့ သူ႕ကိုအရင္ဆုံးေတြ႕သည့္အန္တီက သူေတာင္းဆိုတဲ့အတိုင္းလိုက္ေလ်ာေပးသည္။ေနစရာစားစရာေပးသည္။ က႐ုဏာသက္ေပးသည္။
ေသြးသားအရင္းလိုျပဳစုေစာင့္ေရွာက္ေပးသည္။ ထမင္းပါေစတနာပါပါခြံ႕ေကြၽးသျဖင့္ သူမ်က္ရည္က်လဳမတတ္ျဖစ္ခဲ့ရသည္။ အန္တီ့အမ်ိဳးသားကလည္း သူ႕ကို
ႏြေးေထြးမႈေပးသည္။
လူကအားနည္းတဲ့အခ်ိန္ဆို ရက္စက္သြားတဲ့မိဘႏွစ္ပါးကိုပဲ ျမင္ေယာင္ေနမိတာ။
အန္တီကို လိမ္ညာေျပာဆိုမိခဲ့တာေတြအတြက္ သူအမွန္တကယ္စိတ္မေကာင္း။
မတတ္န္ိုင္လို႔သာ။သူျပန္ေကာင္းၿပီးဒီကထြက္ခြာမည္ဆိုေတာ့မွအမွန္တရားကို ဝန္ခံဖို႔ဆုံးျဖတ္ထားတာ။
ဥကၠာဒီေရာက္တာႏွစ္ပတ္တိတိအထိအရာအားလုံးအဆင္ေျပခဲ့သည္။ ဒဏ္ရာကလည္းအနည္းငယ္သက္သာလာသလိုခံစားရသည္။ ကေလးသုံးေယာက္ကလည္း အားရင္အားသလို သူ႕ကိုေရလာေပး မုန့္လာေကြၽးနဲ႕ဂ႐ုတစိုက္ရွိသည္။
လမ္းမေလွ်ာက္နိုင္ေသးတဲ့ရက္မ်ားကဆို
သူ႕ရဲ႕ ဆီးဝမ္းကိစၥေတြကအစ အန္တီနဲ႕
အန္ကယ္က တာဝန္ယူေပးေနသည္။
အရမ္းလည္းအားနာသလိုေက်းဇူးဆပ္ဖို႔လည္းသူမေမ့။
Advertisement
- In Serial46 Chapters
The Forsaken
The story begins in the kingdom of Ferro. Five anti-heroes each with a different story, and a unique purpose set out on an epic journey. Leading their paths to cross as they unwillingly/willingly fall in political schemes and a war between kingdoms all while, unknownst to them, being pawns in a power struggle of ancient powerful beings. Note: The first five chapters will introduce each of the five main characters and the start of their journey.
8 170 - In Serial87 Chapters
The Transcenders
In a world of magic and science, peace never lasts. Has the Dark Faction returned? Is there something grander at play? Something big is about to happen. Follow the Transcenders on their journey to transcend humanity. They might just be the world's only hope. If they want to fight back thought, these mages will need to get stronger. (Chapters are released every Sunday)
8 115 - In Serial13 Chapters
Kondor
When "Integration" came everybody thought that it was just a game, nobody could've imagined the changes that it will bring. It is the journey of William who is trying to survive and build his own kingdom in a suspicious virtual world. It is a story with world-building, cultivation, politics, mythology and alike there will be action but not as the main focus. Main characters will not have cheat abilities, they will get perks and bonuses because of participating in events or lucky encounters but the same goes for their enemies. English is not my first, second, and even third language so please have mercy.
8 129 - In Serial20 Chapters
The Half Interesting Life of A Blood Angel.
Brought to you by 2 lazy idiots comes a story so whimsical that it literally took the authors a minute and a half to decide if they were gonna write it or not. Discover the wonders of sarcastic comments and run on sentence as a German and an American struggle to write a story with a bit of depth. Watch as the MC says retarded things because we couldn't think of anything for him to say. Actual description: A story about a guy who dies in a way so cliche its almost not cliche at all. Meets an arrogant god and is reincarnated as his angel. This story is somewhat of a comedy however it has a serious vibe to it. This story will have some blood and gore in it however Ima give it a 15+ because we don't know actually if we use u know what scenes.But hey anythings possible :)Arc 1:Minimal Effort Required- OngoingArc 2:Dammit Who Noscoped Grandma- What do you think
8 70 - In Serial15 Chapters
Nailed It
A collection of unedited/edited short stories, rants, poems, narratives, anything that comes to mind in the middle of the week. Note: read at your own risk! Tags: Short Stories
8 145 - In Serial35 Chapters
Wizards x and x Hunters
When Gon, Killua, Kurapika and, Leorio decide to have a reunion in Yorknew City, they never expected a strange machine that Kurapika brought to transport them to an unknown location. And they certainly didn't expect a young girl named Wendy Marvell to bring them to a strange guild of "wizards". How did they get to this place? And how will they get back?It's Pro Hunters meets Wizards as the gang learns about the world of magic and meet all sorts of people in this wizard guild. There's a mystery to be solved but the Fairy Tail guild will never pass up the chance to help these newcomers. There are fights to be fought and secrets to be uncovered in this special crossover!HunterxHunter and Fairy Tail DOES NOT belong to me! HunterxHunter belongs to Yoshihiro Togashi and Fairy Tail belongs to Hiro Mashima.Thank you to Seems_Legit777 for designing the cover for the story.
8 191

