《If you believe (Complete)》3
Advertisement
Unicode
Zawgyi
~~~~~~
ဉာဏ် အလုပ်ပြီးသည်နှင့် အရင်ရက်တွေအတိုင်းအထူးကုသမှုခံယူနေသော
တူဖြစ်သူဆီ ခပ်သွက်သွက်သွားနေသည်။
ဉာဏ်အတွက် ဥက္ကာဟာ ဘာနဲ့မှမလဲနိုင်တဲ့ အဖိုးတန်လေးပါပဲ။ ကိုယ့်သွေးသားအရင်းကို စွန့်ပစ်ခဲ့တဲ့အစ်ကိုဖြစ်သူကိုလည်း ဉာဏ်အခုထိတင်းနေတုန်း။
ဥက္ကာကိုစွန့်ပစ်ခဲ့သည့်ရက်ကတည်းက ဉာဏ် အစ်ကိုဖြစ်သူကိုအစ်ကိုအဖြစ်
မသတ်မှတ်တော့ပါ။ကိုယ်တိုင်က တရား
မဝင်လုပ်ငန်းတွေလုပ်ကိုင်ပေမယ့် ဝင်ငွေလိုချင်ရုံကလွဲ တခြားဘာမှမလိုချင်ခဲ့။
မလိုအပ်ဘဲနဲ့လည်းမရက်စက်တတ်။
ဉာဏ် ဘဝမှာရက်စက်တတ်လာတာဟာ
ဥက္ကာကြောင့်ပါပဲ။ဒါတူဖြစ်သူအပေါ်ထားတဲ့မေတ္တာကြောင့်ပဲလား ။အစ်ကိုဖြစ်သူအပေါ် ပြတ်သားနိုင်ခဲ့သလို ဥက္ကာကိုထိဖို့ကြိုးစားသူမှန်သမျှအား အရှင်မထားဖို့လည်း ဓားသွားလိုအေးစက်သည့်လေသံနဲ့
သူအမိန့်ပေးတတ်လာသည်။
"ကဲ ပုံဆွဲပြန်ပြီလား ''
အခန်းရဲ့မှန်ပြတင်းကျယ်ရှေ့
ပုံဆွဲကိရိယာအစုံနဲ့ထိုင်နေသည့် ဥက္ကာကို
ဉာဏ်ပြောလိုက်ခြင်း။ ထိုအခါ ဥက္ကာကသူ့
ဦးဖြစ်သူ ဉာဏ်ကိုမသိမသာပြုံးပြသည်။
ပုံဆွဲတာကိုတော့ ဥက္ကာငယ်ငယ်ကတည်းက တတ်မြောက်ခဲ့တာ။
"ပြီးတော့မှာ''
ပုံကို ဥက္ကာပြန်ရောက်ပြီး တစ်ပတ်အကြာမှာစဆွဲခဲ့တာ။တစ်ရက်ကိုနည်းနည်းချင်းဆွဲခဲ့ရာ ၅ရက်အကြာမှာတော့အကုန်နီးပါးပြီးသွားခဲ့သည်။ ဉာဏ်က ဥက္ကာဆွဲထားသောပုံကို ခါးထောက်လျက်သားကြည့်ရင်း သက်ပြင်းချသည်။ဥက္ကာက ပုံထဲကလူကိုစွဲလမ်းနေတာ။ ဥက္ကာအခုလို
တစ်စုံတစ်ယောက်ကိုစွမ်းလမ်းတာ
ဉာဏ် ပထမဆုံးမြင်ဖူးတာပဲ။
ပြီးတော့ အဲ့လူက မိန်းမပျိုလေးမဟုတ်ဘဲ
ယောကျ်ားဖြစ်နေတာ။ ဉာဏ်မူးချင်သွားသည်။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"ကျန်တာမမှတ်မိပေမယ့် အဲဲ့ဒီမျက်နှာကိုတော့ အလွတ်မှတ်မိနေတယ်ပေါ့''
ဉာဏ်က ပုံကိုမေးဆတ်ပြလျက်အရယ်တစ်ဝက်နှင့်မောသည်။ဥက္ကာကလည်းသူဆွဲထားတဲ့ပုံကိုကြည့်ရင်း ဦးဖြစ်သူနဲ့အတူ
ရယ်ချသည်။ပုံက မေးဖျားမှနဖူးစပ်အထိသာပါတဲ့လူမျက်နှာ။ ဆံပင်တို့ပါသည်အထိ ဥက္ကာသူ့ကိုမမှတ်မိခဲ့သော်ငြား သူ့မျက်နှာလေးကိုတော့အလိုလိုနေရင်းမြင်ယောင်တာကြောင့် ဥက္ကာ ပြည့်ပြည့်စုံစုံဆွဲနိုင်ခဲ့သည်။
"မှန်း ဦးကြည့်ကြည့်ရအောင်''
ဉာဏ်က ဥက္ကာဆွဲထားတဲ့ပုံကိုခါးကိုင်းပြီး
စေ့စေ့စပ်စပ်ကြည့်နေသည်။ ပုံက ပုံကို
ကြည့်နေရတာမျိုးမဟုတ်ဘဲ လူတစ်ယောက်နဲ့မျက်နှာချင်းဆိုင်သလိုခံစားရစေသည်အထိ အသက်ဝင်သည်။ ထူပြီး
နက်အမှောင်သောမျက်ခုံး ဖြောင့်စင်းပြီး
ထိပ်ကအနည်းငယ်လုံးသည့်နှာတံ ပုံဖော်ထားသလို ပိရိသေသပ်သောနှုတ်ခမ်း ။
ဒီလောက်ထိဆွဲနိုင်ကနည်းက ဥက္ကာ ပုံထဲကလူကိုဘယ်လောက်ထိစွဲလမ်းနေမှန်း
ဉာဏ်သိလိုက်ချေသည်။
ဥက္ကာအတွက် ပုံထဲကလူကိုရှာပြီးဖမ်းလာပေးရမလိုလို ဉာဏ်မှာ နေရင်း ကလေးကလားအတွေးတွေဝင်လာသည်။
တူအတွက်ဆို ဉာဏ် အရာရာကိုလုပ်ရဲသည်။
"မျက်လုံးကမျက်နှာနဲ့မလိုက်အောင် စူးရှပြီးရှိန်စရာပဲ ပြီးတော့ အဆုံးမရှိတဲ့မာနတွေလည်းမြင်နေရတယ် ဥက္ကာမှားဆွဲတာတော့မဟုတ်ပါဘူးနော်''
ပုံထဲကလူရဲ့မျက်လုံးတွေကိုစေ့စေ့စပ်စပ်ကြည့်သည့်အခါ ထိုလူ၏စိတ်ကို ဉာဏ်ပြောနိုင်သွားသည်။ ဥက္ကာကလည်း သူ့ဦးပြောသည့်အတိုင်းမှန်ကန်နေခဲ့သဖြင့် ဘာမှထပ်မပြောနိုင်။ စွဲလမ်းခဲ့ရတဲ့မျက်နှာလေးကိုသာ တစိမ့်စိမ့်ကြည့်နေခဲ့သည်။
ဒါတောင် သူလက်နဲဲ့ဆွဲထားတဲ့ပုံရိပ်သာသာ။ တကယ့်အပြင်မှာသာဆို သူဘယ်လောက်တောင် ဣန္ဒြေမဆည်နိုင်အောင်ငေးနေမိမလဲ။
"ကျွန်တော်သူနဲ့ထပ်ဆုံချင်သေးတယ်''
ဥက္ကာတိုးလျလျရေရွတ်တော့ နှစ်သိမ့်
သယောင် ဉာဏ်လက်တစ်ဖက်က ဥက္ကာပခုံးပေါ်ခပ်ဖွဖွရောက်လာသည်။
"ဦးပြောတာမှတ်မိတယ်မဟုတ်လားဥက္ကာ
ဦးတို့လောက ကတစ်စုံတစ်ယောက်ကိုချစ်ဖို့မသင့်လျှော်ဘူးဆိုတာ''
"မှတ်မိပါတယ် သိလည်းသိတယ်
ဒါပေမဲ့...''
ဥက္ကာက ဒါပေမဲ့ ကိုဆွဲကာပြောပြီး
သက်ပြင်းမောရှည်ရှိုက်နေသည်။ လူကမေ့ချင်ပေမယ့်စိတ်ကတောင့်တနေတယ်ဆိုတဲ့သဘောပဲ။ ဉာဏ်လည်း တူဖြစ်သူကြောင့် စိတ်မချမ်းသာ။ ပစ်ပစ်ခါခါပြောလိုက်လျှင်လည်း သူကပဲမကြုံဖူးလို့ ပြောနိုင်တာဖြစ်ရဦးမည်။
"အချိန်တန်ရင် မင်းမေ့သွားမှာပါ''
ဉာဏ် ဒီလောက်လေးပဲပြောနိုင်တော့၏။
ဥက္ကာကမျက်လွှာချရင်းစိတ်မချမ်းသာစွာ
နေ နေတာ။ သူ့လက်ထဲရောက်လာသည့်နောက်ပိုင်း ဥက္ကာအခုလို မှိုင်နေတာ ဒါပထမဆုံးအကြိမ်ပဲ။ ဒါ့ကြောင့် ဉာဏ်
မချစ်ဖူးသော်ငြား ဥက္ကာကိုစာနာတတ်သလိုလိုရှိချေသည်။
"ဖူးစာပါရင်တော့မင်းတို့ထပ်ဆုံဦးမှာပါ''
ကနဦးက တစ်မျိုး ယခုတစ်မျိုးပြောနေသော ဦးဖြစ်သူကြောင့် ဥက္ကာခေါင်းငုံ့ရာမှ ခေါင်းပြန်ထောင်ပြီး ဦးဖြစ်သူကိုနား
မလည်ဟန်ကြည့်နေလေသည်။ အစကတော့ ဘယ်သူ့ကိုမှမချစ်နဲ့တော့။အခုကျရော ဖူးစာပါရင်ထပ်ဆုံမှာတဲ့ ဒါ
သူ့စိတ်တောင့်တနေတာကိုသိလို့အားပေးစကားပြောတဲ့သဘောလား။
"ဦးဉာဏ်ပြောချင်တာက ''
"နေ စဥ်းစားစရာမလိုဘူး ဦးနှောက်ခြောက်မယ် သူ့ကိုထပ်တွေ့ရင်ဖမ်းသာဖမ်းလာခဲ့ နောက်ကိစ္စကိုနောက်မှရှင်းကြတာပေါ့''
ဥက္ကာ ရီချင်သွားသည်။ ဦးဉာဏ်ပြောတဲ့ပုံစံက သူငိုမှာကိုစိုးသဖြင့် ကြိုချော့နေတဲ့ဟန်။ဒါ့ကြောင့်ပြောပါတယ် ဦးဉာဏ်က
အဖေရင်းအမေရင်းထက်များစွာပိုကောင်းတယ်ဆိုတာ။အကြောင်းအရင်းမရှိတဲ့စကားတွေမပြောသလို ဆူစရာရှိရင်လည်းအကျိုးအကြောင်းအရင်သိအောင်လုပ်ပြီးမှဆူသည်။ ပစ်ခွာသွားတဲ့မိဘတွေနဲ့တော့
မိုးနဲ့မြေပေါ့။
"ဒါနဲ့ ဦးဉာဏ် ကျွန်တော့်ကိုတွေ့တဲ့
အကြောင်းဦးဉာဏ်ကိုလှမ်းပြောလာတဲ့ဖုန်းနံပါတ်ရှိသေးလား''
"ရှိတယ် ဥက္ကာလိုချင်လို့လား ဒါပေမဲ့
ဆက်လို့မရဘူးနော်''
"ကြိုးစားကြည့်တာပေါ့''
"အင်း အင်း''
စိတ်အားထက်သန်လွန်းနေတဲ့တူဖြစ်သူကို
ဉာဏ်မတားတော့ဘဲ အိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး ပေးလိုက်သည်။ထိုအခါ ဥက္ကာက သူ့ဦးလေးပြသည့်နံပါတ်ကိုတစ်ခါတည်းအလွတ်ကျက်မှတ်နေသည်။
"ဒီနံပါတ်ဆိုတာသေချာလား ဦးဉာဏ်''
"သေချာတယ် ငါ့ကိုပထမblockသွားတဲ့နံပါတ်မလို့ အထူးတလည်သိမ်းထားတာ''
"သူစိမ်းတွေနဲ့မပတ်သက်ချင်လို့ဖြစ်မယ်''
"ဟုတ်မယ် ကျေးဇူးဆပ်မယ်ပြောတာတောင်လက်မခံဘူးလေ ဦးတို့ဘက်ကအကြံအစည်ရှိနေမှာကြောက်လို့ထင်တယ်''
ဥက္ကာက သူ့ဦးလေးဘာပြောပြော ခေါင်းညိတ်လက်ခံသည်။တကယ်တမ်းသူ့ရင်ကမသိမသာလေးနာကျင်လာပြီး သူဝမ်းနည်းလာသည်။စွဲလမ်းရသောမျက်ဝန်းမှ သူနဲ့မပတ်သက်ချင်တဲ့
အကြည့်တွေ သူ့အားမနှစ်သက်တဲ့
အရိပ်အရောင်တွေ အချိန်ရတုန်း သူ
ဘာကြောင့်လိမ်ညာရသလဲဆိုတာဝန်ခံခဲ့သင့်တာ။ နောင်တကနောင်မှရတယ်ဆိုတဲ့အတိုင်း ဥက္ကာတကယ်နောင်တရပါသည်။
သူ့ဆီက ဘာမှမရရင်တောင် ကိုယ့်အား
လူလိမ်အဖြစ်မှတ်ချက်ပြုတာမျိုးမလိုချင်ပါ။
"ပြီးရင် လေ့ကျင့်ခန်းတွေလုပ်ဦးနော် ဥက္ကာ ဦး ရုံကိုခဏသွားဖို့ရှိတယ်''
ရုံဆိုတာကား လောင်းကစားရုံပင်။ သို့သော်လောင်းကစားရုံမှန်းစစ်ကြည့်ရင်တောင်မသိရအောင် ပါးနပ်စွာ ထောင်ထားတာ။ရုတ်တရက်ကြည့်လိုက်ပါက အဆင့်မြင့်ကဖေးဆိုင်ကြီးသာသာပဲ။ လောင်းကစားရုံကတော့မြေအောက်ခန်းမှာရှိနေတာ။
အစောင့်အကြပ် တင်းကျပ်တာမို့ ဘယ်သူမှဝင်ချင်တိုင်းဝင်လို့မရ။ မြေအောက်ခန်းကလည်းအသံအလုံပိတ်မို့ ဘယ်လောက်ဆူဆူ အပေါ်ကလူတွေမကြားနိုင်ပါ။
ဥက္ကာရော ဦးဉာဏ်ရယ်က ရုံမှာအရေးတကြီးကိစ္စပေါ်လာမှရုံကိုသွားတာ။
သွားတိုင်းအမြဲမျက်နှာဖုံးပါတတ်တာကြောင့် အနီးကပ်ကိုယ်ရံတော်တွေကလွဲ
ကျန်ဘယ်သူမှ ဥက္ကာနဲ့ဦးဉာဏ်ကိုမသိနိုင်။
အနားတွင်မည်သူတစ်ဦးတစ်ယောက်မှမရှိတော့သဖြင့် ဥက္ကာ ဦးဆီကယူထားတဲ့နံပါတ်ကိုခေါ်ဖို့ရာစတင်နှိပ်လိုက်သည်။
ရတာမရတာကို ဥက္ကာခေါင်းထဲထည့်မနေ။
တောင့်တမိသူရဲ့နံပါတ်ကိုသိရတာနဲ့တင်
သူ့မှာ ရင်တလှပ်လှပ်။
"ဟယ်လို''
". ..''
ဖုန်းကခေါ်လိုက်တာနဲ့ တစ်ဖက်ကတန်းကိုင်သည်။ထင်မှတ်မထားသဖြင့် ဥက္ကာ
ရင်ထဲ လှိုင်းထသွား၏။ သူ့အဖြစ်က အပျိုလေးလို ဆောက်တည်ရာမရ ရှက်သွေးဖြာနေတာ။ ရင်ခုန်သံဆိုတာကလည်း ဝုန်းဒုန်းကြဲလာသည်။ ဒီအသံလေးကိုမကြားရတာ နှစ်ပတ်နီးပါး ကြားခဲ့ဖူးတာ နှစ်ရက်တောင်မရှိပေမယ့် ဥက္ကာကောင်းကောင်းမှတ်မိနေ၏။ ချိုပေမယ့် ပျားရည်လိုမဟုတ်။အရက်လိုအစပိုင်းတွင်ချိုပြီးမူးယစ်စေနိုင်သည့်အသံပင်။
"ဟယ်လို ကျစ်!''
သူတိတ်နေတော့တစ်ဖက်က စိတ်မရှည်ဟန် စုတ်သပ်လာသည်။အသံကလည်း
ခပ်ဆတ်ဆတ်ဖြစ်နေသည်။တခြားလူသံတွေလည်း ဆူဆူညံညံထွက်လာနေ
Advertisement
သဖြင့် ဥက္ကာ အနည်းငယ်စဥ်းစားရတော့သည်။ အလုပ်ရှုပ်နေတာပဲ။ အဲ့ဒါကို
သူကဖုန်းခေါ်ပြီးဘာမှမပြောတော့ တစ်ဖက်ကစိတ်မရှည်တာလည်းမဆန်းပါလေ။
တူ!
ကျသွားသောဖုန်းကိုကြည့်ရင်း ဥက္ကာမျက်နှာကအလိုလိုပြုံးလျက်သား။ကနဦးကမှိုင်ချနေပုံနဲ့လားလားမျှမဆိုင်အောင်
သူ့အသံကြားရုံနဲ့ဥက္ကာချက်ချင်း ပျော်သွားရခြင်း။ စိတ်တိုလာရင်အလိုလိုတွန့်ချိုးသွားတတ်တဲ့မျက်ခုံးနှစ်ဖက်နှင့် ရှုံ့သွားတတ်သောမျက်နှာလေးကို ဥက္ကာအလိုလိုမြင်ယောင်မိလာသည်။ အဲ့လိုစိတ်တိုတတ်တာကိုဒီက သဘောကျနေတာဘာကြောင့်များလဲ။
ဥက္ကာသေချာနေပြီ။ သူမသေခင် ပုံထဲကလူနဲ့အခါပေါင်းများစွာထပ်ဆုံစေရမည်။
တစ်ဖက်က လင်းဆယူမှာကား ဖုန်းကိုစိတ်ပျက်ပျက်နဲ့ စားပွဲပေါ်ဆောင့်ချနေ၏။
သူ့မှာ ကိစ္စကြီးကြောင့်စိတ်ကဆတ်လာနေတာကို ဖုန်းသရဲတွေရဲ့နှောင့်ယှက်တာကိုပါ ခံရပြန်သည့်အခါ သေချာသွားပြီ သူ၏စိတ်ကောင်းများ ယခုချိန်အရိပ်ပင်ရှာမတွေ့တော့အောင် ပျောက်ကွယ်သွားခဲ့သည်။
"နောက်ဆုံးအနေနဲ့ထပ်မေးမယ် ဒီရွာမှာဆေးသုံးတဲ့လူတွေလုံးဝမရှိတာ သေချာလား''
တစ်နေကုန်အဆင်ပြေခဲ့ပေမယ့် ဒီရွာ
အရောက်မှာတော့ ရွာသူကြီးကြောင့်
လင်းဆယူအတော်ဒေါထနေရသည်။
နှစ်ဦးနှစ်ဖက်အတော်ကြာသည်အထိစကားအချေအတင်ဖြစ်ခဲ့သေးသည်။
အမှန်တရားကသိသိသာသာရှိနေတာကို
ဗြောင်လိမ်ရဲသေးသည်။
"မေးတာဖြေလေ သေချာလားဆိုတာ''
တကယ်လည်းနောက်ဆုံးအနေနဲ့မေးသည့်အခါ ကနဦးကလို ဘူးခံမငြင်းဘဲ ငြိမ်ကုပ်နေသည်။ ဒါက လင်းဆယူကိုပိုပြီးသည်းခံစိတ်ကုန်သွားအောင် ဆွဲဆောင်နေသည်။
"တောင်ပိုင်းရွာမှာ အိမ်ခြေ၁၀၀ပဲရှိတယ်
အဲ့မှာဆေးသုံးတဲ့လူ ၃၀ ကျော်ဖမ်းဆီးရမိတယ် ဆေးကဒီရွာကဝယ်တာ ဒီရွာမှာလည်းဆေးသုံးတဲ့သူတွေတစ်ပုံကြီးရှိတယ်ဆိုပြီးဖမ်းဆီးထားတဲ့လူတွေဆီက
နာမည်စာရင်းနဲ့ပါအတိအကျသိရပြီးသား
အဲ့ဒါကိုသူကြီးက ငြင်းနေတယ်ဆိုတော့
ရတယ်''
လင်းဆယူက သူကြီးရှေ့ခါးထောက်လျက်သားထိုင်ရင်း စားပွဲကိုတဘုန်းဘုန်းထုကာပြောနေသည်။ သူတို့အနားမှာတော့
အနက်ရောင် Uniform နှင့်လင်းဆယူရဲ့တပ်ဖွဲ့များက သေနတ်အပြည့်အစုံကိုင်လျက်ရှိနေသည်။ သူတို့က ဘူးခံငြင်းနေတဲ့သူကြီးကိုသေနတ်ကိုင်ပြီးခြိမ်းခြောက်နေတာမဟုတ်။ တာဝန်အရ ခေါင်းဆောင်ဖြစ်သူအတွက် ကင်းစောင့်ပေးခြင်းဖြစ်သည်။
"တာပေါ ဖိုင်ပေး''
လင်းဆယူစကားဆုံးသည်နှင့်သူလိုချင်
သည့်ဖိုင်က သူရှေ့ရောက်လာပြီဖြစ်သည်။ထိုဖိုင်တွင်သူတို့အဖွဲ့၏လုပ်ငန်းစဥ် မှတ်တမ်းများအပြင် တခြားလိုအပ်သမျှတို့ပါရှိနေသည်။အဖွဲ့၏တံဆိပ်ပါ
ပါနေပြီး တာဝန်ပြီးသည့်အခါအထက်ကိုပြန်တင်ပြရမည့်ဖိုင်ဖြစ်သည်။
"ဒါကအထက်ကိုတင်ပြရမယ့်မှတ်တမ်းပဲ ကဲ လက်မှတ်ထိုး မင်းကိုယ်တိုင်အာမခံတယ်ဆိုတဲ့အကြောင်းပါရေးလိုက် ပြီးရင်
ရွာမှာ အရက်သောက်ပြီးရန်ဖြစ်တာတွေ
ဆေးကြောင်ပြီးပြသနာဖြစ်တာတွေ ဖြစ်လာရင် မင်းမှာငါတို့ကိုအကူညီတောင်းပိုင်ခွင့်မရှိဘူး မင်းကိုယ်တိုင်မင်းရွာကလူတွေကိုအာမခံပေးတာမို့လို့ မင်းပဲဖြေရှင်းရမယ် မင်းပဲအထက်ကိုသွားရမယ်
မင်းပဲအပြစ်ဒဏ်ခံယူရမယ် ပြီးခဲ့တဲ့နှစ်ကဘာဖြစ်ခဲ့လဲဆိုတာမင်းမှတ်မိသေးတယ်မို့လား ''
အတိတ်ကိုပြန်ဆွပေးတော့ လူကိုအားနာသယောင်ကြည့်လာသည်။
ပြတ်ပြတ်သားသားပြောလိုက်တော့လည်း
ကြောက်သလို ဂနာမငြိမ်။ ဘူးခံနေပြီးမှ
နောက်ဆက်တွဲခံရမှာတွေကိုတော့ ကြောက်တတ်သေးသည်။ လက်မှတ်ထိုးရမှာကိုလည်း အဆိပ်ရှိတဲ့မြွေကိုကိုင်ရမည့်အတိုင်း ထိတ်ထိတ်လန့်လန့်ဖြစ်နေသည်။
လွန်ခဲ့တဲ့နှစ်က ဒီရွာပါပဲ လူကိုဒုက္ခလှလှပေးသွားတာ လင်းဆယူအဲ့တုန်းက
အဖြစ်ပျက်တွေကိုခေါင်းထဲအမှတ်ရနေတုန်း။ ရွာထဲစစ်ဆေးရေးဝင်တော့ ဆေးသုံးတဲ့လူ အရက်ချက်တဲ့လူ အရက်သောက်တဲ့လူမရှိဘူးတဲ့။ စစ်ဆေးရေးပြန်သွားပြီး ၃ရက်တောင်မရှိသေး
ရွာသားအချင်းချင်းအရက်သောက်ပြီးစကားများရာကနေ လူသတ်ပွဲဖြစ်သွားတော့ ဒီစစ်ဆေးရေးကိုတာဝန်ယူခဲ့သည့်
လင်းဆယူကပဲအထက်ကိုသွားခဲ့ရတာ။
လူအသက်တစ်ချောင်းသေဆုံးခဲ့ရတာကြောင့် လင်းဆယူ ပြင်းထန်တဲ့အပြစ်ဒဏ်ကိုခံယူခဲ့ရသည်။ ရာထူးကခေတ္တရပ်ဆိုင်းခံလိုက်ရပြီး အလုပ်ကြမ်း
၃လတိတိလုပ်ခဲ့ရသည်။ မနက်မိုးလင်းမှ
ညနေဝင်တဲ့အထိ လက်နှစ်ဖက်လုံးစုတ်ပြတ်သတ်နေအောင်အလုပ်ကြမ်းနှင့်အပြစ်ဒဏ်ကိုဆေးကြောရသည်။
လိမ်ညာပြောဆိုခဲ့သည့် ရွာသူကြီးကားအဖွဲ့အစည်းကတာဝန်ယူသည့်ဆောက်လုပ်ရေးထဲအပို့ခံရပြီး ထိုလူတွေအားလုံးအတွက် ၆လတိတိ မနက်နဲ့ညချက်ပြုတ်ပေးရသည်။အရက်ချက်သူကားအမျိုးသမီးဖြစ်သဖြင့် တစ်ရက်သာထိတ်တုံးခတ်ခံရသည်။
မှားခဲ့သူအားလုံးအပြစ်ဒဏ်ပေးခံရတယ်ဆိုပေမယ့် လင်းဆယူ ခံယူခဲ့ရတဲ့အပြစ်ကတော့ အပြင်းထန်ဆုံးဖြစ်သည်။
ဒါ့ကြောင့် ထိုအဖြစ်ပျက်ကို သူတစ်သက်မမေ့ပါ။
သူ ယခုရွာသူကြီးကိုလက်မှတ်အပြင်အာမခံချက်ပါရေးခိုင်းတယ်ဆိုတာက
နောင် အမြဲသုံးလေ့ရှိတဲ့နည်းလမ်းပဲ။
နောင်ကအရမ်းပြတ်သတ်တာ ဒါ့ကြောင့်
တစ်ခါမှအပြစ်ပေးမခံရဖူးခြင်း။
"ထိုးလေ လက်မှတ် မြန်မြန်လုပ်
သွားစရာရှိသေးတယ်''
တွန့်ဆုတ်နေသဖြင့် လင်းဆယူ ဖိအားပေးလိုက်ခြင်း။ ထိုအခါ ရွာသူကြီးက
မျက်နှာငယ်နဲ့ လင်းဆယူ လက်မောင်းကို
အားကိုးတကြီးကိုင်လာသည်။
"အဲ့လိုတော့မလုပ်ပါနဲ့ဗိုလ်လင်း ဒီလိုလုပ်
ကျွန်တော့်ကိုအချိန်တစ်ပတ်ပေး တစ်ပတ်အတွင်း စာရင်းနဲ့တကွလာတင်ပြမယ်''
"မရဘူး ၃ရက်ပဲ ၅ရက်နေရင် ဖိုင်ကအထက်ကိုတင်ရတော့မှာ ၃ရက်ပဲအချိန်ရမယ် ''
"၃ရက်လည်း၃ရက်ပေါ့ကွာ ပြီးရင် ကျွန်တော်ကိုယ်တိုင်လာပို့မယ်''
ဒါပဲ လူအကျင့်က။ သူခံရမယ့်အချိန်ရောက်ရင်တော့ ချော့နေလိုက်တာ
အရင်ကမျှခံပေးတာနဲ့တင် ကျေးဇူးတင်သင့်နေပြီကို အလကား ရွာနာမည်ကောင်းရဖို့အတွက် ဘူးခံငြင်းနေသေးတာ ။
တကယ်လည်း သူ့ရွာသားတွေပြသနာဖြစ်ရင်တော့ ဖြေရှင်းနိုင်တာမဟုတ်။ ဒီကတာဝန်နဲ့လူတွေကပဲ အိပ်ချိန်လည်းမရ
ချက်ချင်းတန်းသွားရတာ။
တော်ပြီ ရှေ့လျှောက် သူလည်း နောင်
သုံးခဲ့တဲ့နည်းလမ်းတွေကိုသာမြဲနေအောင်ကျင့်သုံးတော့မည်။
ကနဦး ရွာကရလာတဲ့ဒေါသက
အရှိန်မသတ်သေးတာကြောင့် လင်းဆယူ
မျက်နှာကအေးစက်ခက်ထန်နေသည်။
ဒါ့ကြောင့်တပ်သားတွေက သူ့အနား
တစ်ယောက်မှမကပ်ဘဲ တာပေါကိုသာအသည်းအသန်ကပ်နေသည်။လင်းဆယူအဲ့တာကိုစျာန်မဝင်ပါ။ ဒေါသကြောင့်ဆောက်တည်ရာမရဖြစ်နေသောအတွေးတွေကို သူ့မှာမနည်းထိန်းနေရတာ။
"ဒါနဲ့ လကုန်တော့မယ်နော်ဗိုလ်လင်း''
တစ်ယောက်တည်းဖြစ်နေသောလင်းဆယူကို တာပေါစကားစလိုက်ခြင်။
"လကုန်ရင်ဘာဖြစ်လို့''
လင်းဆယူက တာပေါပြောလိုတာကိုမသိသလို မေးခွန်းထုတ်နေသည်။ တာပေါကလည်း မတုံ့ဆိုင်းဘဲချက်ချင်းပြန်ပြောလာသည်။
"လကုန်ရင်ပင်မရုံးကိုအစည်းအဝေးသွားဖို့ဗိုလ်လင်းမြို့ကိုဆင်းရမယ်လေ''
"ငါမသွားဘူး မိုးကြိုးနဲ့ညှိပြီးပြီ''
တာပေါ ခေါင်းပဲညိတ်တော့၏။သူပြောတာနောက်တောင်နောက်ကျနေပြီပဲ။
ဗိုလ်လင်းက အစည်းအဝေးအတွက်ညှိနှိုင်းထားတာလည်း ကောင်းပါတယ်
သူတို့လည်းအနားမှာခေါင်းဆောင်မရှိရင်နေရတာ မလုံခြုံသလို။
တစ်အောင့်အကြာမှာတော့ သူတို့၏စခန်းကိုပြန်ရောက်လာသည်။ စခန်းကအရင်
နောင်နဲ့နေခဲ့တဲ့စခန်းမဟုတ်။ အထက်က
စီစဥ်ပေးတဲ့စခန်းတွင် သူတို့ပြောင်းနေရခြင်းဖြစ်သည်။
"မိုးကြိုး ပြောနေပါတယ် မြွေဟောက်
ရှိလား
မိုးကြိုး ပြောနေပါတယ် မြွေဟောက်
ရှိလား''
လှေကားပေါ်ထိုင်လျက်ဖိနပ်ကြိုးကိုဖြေနေစဥ် Uniform အင်္ကျီ၏ညာဘက်အိတ်ကပ်ထဲရှိ စက်ကမြည်လာသဖြင့်
လင်းဆယူ ထုတ်လိုက်ပြီး နှုတ်ခမ်းတွင်တေ့လိုက်သည်။
"ဒါကမြွေဟောက်ပါ ''
"အင်း မြွေဟောက် မင်းငါနဲ့ပြောထားတဲ့ကိစ္စကလေ ငါ့အရင်နေရာမှာပြသနာတချို့ရှိနေလို့မဖြစ်နိုင်တော့ဘူး ''
တစ်ဖက်ကသူ့ကိုအလောတကြီးရှာရခြင်းရဲ့အကြောင်းကိုသိရသည့်အခါ
လင်းဆယူ သက်ပြင်းသာရှိုက်ပြီး စက်ကိုအိတ်ကပ်ထဲပြန်ထည့်ထားလိုက်သည်။
"ဒါကြောင့်ပြောပါတယ် ဗိုလ်လင်းမိန်းမယူပါတော့လို့ ဒါမှ မိန်းမကိုအကြောင်းပြ
ကလေးကိုအကြောင်းပြပြီး ခွင့်များများရမှာ''
ထုံးစံအတိုင်း ပါးစပ်မြန်နေသော တာပေါကို လင်းဆယူတစ်ချက်သာကြည့်ပြီးယခုချွတ်ထားတဲ့ဖိနပ်ထဲက ခြေအိတ်အနက်ကို ထုတ်ယူရင်းဖုန်ခါနေလိုက်သည်။
အရင်နေရာ(အိမ်) ဆိုတာ အိမ်ထောင်ရှိတဲ့လူတွေအတွက် အသင့်လျော်ဆုံးအကြောင်းပြချက်ကောင်းတစ်ခုပဲ။ လူလွတ်ဖြစ်နေရင်တော့ ရှောင်ဖို့ကမလွယ်ပါ။
"မင်းလည်းမိန်းမယူသင့်ပြီမဟုတ်လား
တာပေါ မင်းအိမ်ပြန်မလည်ရတာဘယ်လောက်တောင်ကြာနေပြီလဲ''
"မဆိုင်ဘူးလေ ဒီကမပြန်ချင်လို့ကိုမပြန်တာ အိမ်ကဘွားတော်ကတစ်ချိန်လုံး
ပွစိပွစိနဲ့ စိတ်ညစ်စရာကြီး sniper ပစ်ရတာကမှပိုပြီးကောင်းသေးတယ်''
တာပေါကပြောရင်း သူ့ sniper ကိုအမြတ်တနိုးသုတ်နေသည်။ တခြားတပ်သားတွေကား ပုခက်ပေါ်လှဲနေတဲ့လူကလှဲဖြင့် တာဝန်ချိန်မဟုတ်တာကြောင့်
သူတို့လုပ်ချင်ရာလုပ်နေနိုင်သည်။
ဒီတစ်ရက်အတွက်တာဝန်ပြီးဆုံးခဲ့ပြီဖြစ်ပေမယ့် လင်းဆယူကတော့ စိတ်တိုင်းကျမနေပါ။ နောက်ရက်အနည်းငယ်နေရင်
ပင်မရုံးကိုသူအစည်းအဝေးသွားတက်ရမှာ။ အတွင်းထဲ သူစိမ်းတွေကြားဖြစ်နေ
သဖြင့် လုံခြုံမှုတယ်လို့ကိုမခံစားရ။
ဒါ့ကြောင့် သူ မသွားချင်။ ပြီးပြန်တော့ အစည်းဝေးက တစ်ပတ်တိတိတက်ရမည်။
တာပေါပြောသလို သူယခုချက်ချင်းမိန်းမကောက်ယူရတော့မလို အထက်ဆိုလည်း
သူပဲ အစည်းအဝေးတစ်ခုခုဆိုလည်းသူပဲ။
သူနဲ့အဖွဲ့အစည်းတူတဲ့ခေါင်းဆောင်ပိုင်းများတွင် လူလွတ်ဆိုလို့သူတစ်ယောက်ပဲကွက်ပြီးရှိနေတာ။ဒါ့ကြောင့်အထက်က
လူရှာပြီဆိုတာနဲ့ လင်းဆယူကနံပါတ်တစ်
တန်းဖြစ်သွားတာပဲ။
.
Greenleaf 🌿🍀🌿
အနက်ရောင် Uniform ဆိုကတည်းက
USA က ရဲတွေရဲ့ Uniform ကိုမြင်ယောင်ပေးပါ အဲ့အတ်ိုင်းပါပဲ သူတို့တွေ
ကိုယ်တို့အရပ်မှာရှိပါတယ်
__________________®__________________
Unicode
Zawgyi
~~~~~~
ဉာဏ္ အလုပ္ၿပီးသည္ႏွင့္ အရင္ရက္ေတြအတိုင္းအထူးကုသမႈခံယူေနေသာ
တူျဖစ္သူဆီ ခပ္သြက္သြက္သြားေနသည္။
ဉာဏ္အတြက္ ဥကၠာဟာ ဘာနဲ႕မွမလဲနိုင္တဲ့ အဖိုးတန္ေလးပါပဲ။ ကိုယ့္ေသြးသားအရင္းကို စြန့္ပစ္ခဲ့တဲ့အစ္ကိုျဖစ္သူကိုလည္း ဉာဏ္အခုထိတင္းေနတုန္း။
ဥကၠာကိုစြန့္ပစ္ခဲ့သည့္ရက္ကတည္းက ဉာဏ္ အစ္ကိုျဖစ္သူကိုအစ္ကိုအျဖစ္
မသတ္မွတ္ေတာ့ပါ။ကိုယ္တိုင္က တရား
မဝင္လုပ္ငန္းေတြလုပ္ကိုင္ေပမယ့္ ဝင္ေငြလိုခ်င္႐ုံကလြဲ တျခားဘာမွမလိုခ်င္ခဲ့။
မလိုအပ္ဘဲနဲ႕လည္းမရက္စက္တတ္။
ဉာဏ္ ဘဝမွာရက္စက္တတ္လာတာဟာ
ဥကၠာေၾကာင့္ပါပဲ။ဒါတူျဖစ္သူအေပၚထားတဲ့ေမတၱာေၾကာင့္ပဲလား ။အစ္ကိုျဖစ္သူအေပၚ ျပတ္သားနိုင္ခဲ့သလို ဥကၠာကိုထိဖို႔ႀကိဳးစားသူမွန္သမွ်အား အရွင္မထားဖို႔လည္း ဓားသြားလိုေအးစက္သည့္ေလသံနဲ႕
သူအမိန့္ေပးတတ္လာသည္။
"ကဲ ပုံဆြဲျပန္ၿပီလား ''
အခန္းရဲ႕မွန္ျပတင္းက်ယ္ေရွ႕
ပုံဆြဲကိရိယာအစုံနဲ႕ထိုင္ေနသည့္ ဥကၠာကို
ဉာဏ္ေျပာလိုက္ျခင္း။ ထိုအခါ ဥကၠာကသူ႕
ဦးျဖစ္သူ ဉာဏ္ကိုမသိမသာၿပဳံးျပသည္။
ပုံဆြဲတာကိုေတာ့ ဥကၠာငယ္ငယ္ကတည္းက တတ္ေျမာက္ခဲ့တာ။
"ၿပီးေတာ့မွာ''
ပုံကို ဥကၠာျပန္ေရာက္ၿပီး တစ္ပတ္အၾကာမွာစဆြဲခဲ့တာ။တစ္ရက္ကိုနည္းနည္းခ်င္းဆြဲခဲ့ရာ ၅ရက္အၾကာမွာေတာ့အကုန္နီးပါးၿပီးသြားခဲ့သည္။ ဉာဏ္က ဥကၠာဆြဲထားေသာပုံကို ခါးေထာက္လ်က္သားၾကည့္ရင္း သက္ျပင္းခ်သည္။ဥကၠာက ပုံထဲကလူကိုစြဲလမ္းေနတာ။ ဥကၠာအခုလို
တစ္စုံတစ္ေယာက္ကိုစြမ္းလမ္းတာ
ဉာဏ္ ပထမဆုံးျမင္ဖူးတာပဲ။
ၿပီးေတာ့ အဲ့လူက မိန္းမပ်ိဳေလးမဟုတ္ဘဲ
ေယာက်္ားျဖစ္ေနတာ။ ဉာဏ္မူးခ်င္သြားသည္။ဒါဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ။
"က်န္တာမမွတ္မိေပမယ့္ အဲဲ့ဒီမ်က္ႏွာကိုေတာ့ အလြတ္မွတ္မိေနတယ္ေပါ့''
ဉာဏ္က ပုံကိုေမးဆတ္ျပလ်က္အရယ္တစ္ဝက္ႏွင့္ေမာသည္။ဥကၠာကလည္းသူဆြဲထားတဲ့ပုံကိုၾကည့္ရင္း ဦးျဖစ္သူနဲ႕အတူ
ရယ္ခ်သည္။ပုံက ေမးဖ်ားမွနဖူးစပ္အထိသာပါတဲ့လူမ်က္ႏွာ။ ဆံပင္တို႔ပါသည္အထိ ဥကၠာသူ႕ကိုမမွတ္မိခဲ့ေသာ္ျငား သူ႕မ်က္ႏွာေလးကိုေတာ့အလိုလိုေနရင္းျမင္ေယာင္တာေၾကာင့္ ဥကၠာ ျပည့္ျပည့္စုံစုံဆြဲနိုင္ခဲ့သည္။
"မွန္း ဦးၾကည့္ၾကည့္ရေအာင္''
ဉာဏ္က ဥကၠာဆြဲထားတဲ့ပုံကိုခါးကိုင္းၿပီး
ေစ့ေစ့စပ္စပ္ၾကည့္ေနသည္။ ပုံက ပုံကို
ၾကည့္ေနရတာမ်ိဳးမဟုတ္ဘဲ လူတစ္ေယာက္နဲ႕မ်က္ႏွာခ်င္းဆိုင္သလိုခံစားရေစသည္အထိ အသက္ဝင္သည္။ ထူၿပီး
နက္အေမွာင္ေသာမ်က္ခုံး ေျဖာင့္စင္းၿပီး
ထိပ္ကအနည္းငယ္လုံးသည့္ႏွာတံ ပုံေဖာ္ထားသလို ပိရိေသသပ္ေသာႏႈတ္ခမ္း ။
ဒီေလာက္ထိဆြဲနိုင္ကနည္းက ဥကၠာ ပုံထဲကလူကိုဘယ္ေလာက္ထိစြဲလမ္းေနမွန္း
ဉာဏ္သိလိုက္ေခ်သည္။
ဥကၠာအတြက္ ပုံထဲကလူကိုရွာၿပီးဖမ္းလာေပးရမလိုလို ဉာဏ္မွာ ေနရင္း ကေလးကလားအေတြးေတြဝင္လာသည္။
တူအတြက္ဆို ဉာဏ္ အရာရာကိုလုပ္ရဲသည္။
"မ်က္လုံးကမ်က္ႏွာနဲ႕မလိုက္ေအာင္ စူးရွၿပီးရွိန္စရာပဲ ၿပီးေတာ့ အဆုံးမရွိတဲ့မာနေတြလည္းျမင္ေနရတယ္ ဥကၠာမွားဆြဲတာေတာ့မဟုတ္ပါဘူးေနာ္''
ပုံထဲကလူရဲ႕မ်က္လုံးေတြကိုေစ့ေစ့စပ္စပ္ၾကည့္သည့္အခါ ထိုလူ၏စိတ္ကို ဉာဏ္ေျပာနိုင္သြားသည္။ ဥကၠာကလည္း သူ႕ဦးေျပာသည့္အတိုင္းမွန္ကန္ေနခဲ့သျဖင့္ ဘာမွထပ္မေျပာနိုင္။ စြဲလမ္းခဲ့ရတဲ့မ်က္ႏွာေလးကိုသာ တစိမ့္စိမ့္ၾကည့္ေနခဲ့သည္။
ဒါေတာင္ သူလက္နဲဲ့ဆြဲထားတဲ့ပုံရိပ္သာသာ။ တကယ့္အျပင္မွာသာဆို သူဘယ္ေလာက္ေတာင္ ဣႏၵျေမဆည္နိုင္ေအာင္ေငးေနမိမလဲ။
"ကြၽန္ေတာ္သူနဲ႕ထပ္ဆုံခ်င္ေသးတယ္''
ဥကၠာတိုးလ်လ်ေရ႐ြတ္ေတာ့ ႏွစ္သိမ့္
သေယာင္ ဉာဏ္လက္တစ္ဖက္က ဥကၠာပခုံးေပၚခပ္ဖြဖြေရာက္လာသည္။
"ဦးေျပာတာမွတ္မိတယ္မဟုတ္လားဥကၠာ
ဦးတို႔ေလာက ကတစ္စုံတစ္ေယာက္ကိုခ်စ္ဖို႔မသင့္ေလွ်ာ္ဘူးဆိုတာ''
"မွတ္မိပါတယ္ သိလည္းသိတယ္
ဒါေပမဲ့...''
ဥကၠာက ဒါေပမဲ့ ကိုဆြဲကာေျပာၿပီး
သက္ျပင္းေမာရွည္ရွိုက္ေနသည္။ လူကေမ့ခ်င္ေပမယ့္စိတ္ကေတာင့္တေနတယ္ဆိုတဲ့သေဘာပဲ။ ဉာဏ္လည္း တူျဖစ္သူေၾကာင့္ စိတ္မခ်မ္းသာ။ ပစ္ပစ္ခါခါေျပာလိုက္လွ်င္လည္း သူကပဲမႀကဳံဖူးလို႔ ေျပာနိုင္တာျဖစ္ရဦးမည္။
"အခ်ိန္တန္ရင္ မင္းေမ့သြားမွာပါ''
ဉာဏ္ ဒီေလာက္ေလးပဲေျပာနိုင္ေတာ့၏။
ဥကၠာကမ်က္လႊာခ်ရင္းစိတ္မခ်မ္းသာစြာ
ေန ေနတာ။ သူ႕လက္ထဲေရာက္လာသည့္ေနာက္ပိုင္း ဥကၠာအခုလို မွိုင္ေနတာ ဒါပထမဆုံးအႀကိမ္ပဲ။ ဒါ့ေၾကာင့္ ဉာဏ္
မခ်စ္ဖူးေသာ္ျငား ဥကၠာကိုစာနာတတ္သလိုလိုရွိေခ်သည္။
"ဖူးစာပါရင္ေတာ့မင္းတို႔ထပ္ဆုံဦးမွာပါ''
ကနဦးက တစ္မ်ိဳး ယခုတစ္မ်ိဳးေျပာေနေသာ ဦးျဖစ္သူေၾကာင့္ ဥကၠာေခါင္းငုံ႕ရာမွ ေခါင္းျပန္ေထာင္ၿပီး ဦးျဖစ္သူကိုနား
မလည္ဟန္ၾကည့္ေနေလသည္။ အစကေတာ့ ဘယ္သူ႕ကိုမွမခ်စ္နဲ႕ေတာ့။အခုက်ေရာ ဖူးစာပါရင္ထပ္ဆုံမွာတဲ့ ဒါ
သူ႕စိတ္ေတာင့္တေနတာကိုသိလို႔အားေပးစကားေျပာတဲ့သေဘာလား။
"ဦးဉာဏ္ေျပာခ်င္တာက ''
"ေန စဥ္းစားစရာမလိုဘူး ဦးႏွောက္ေျခာက္မယ္ သူ႕ကိုထပ္ေတြ႕ရင္ဖမ္းသာဖမ္းလာခဲ့ ေနာက္ကိစၥကိုေနာက္မွရွင္းၾကတာေပါ့''
ဥကၠာ ရီခ်င္သြားသည္။ ဦးဉာဏ္ေျပာတဲ့ပုံစံက သူငိုမွာကိုစိုးသျဖင့္ ႀကိဳေခ်ာ့ေနတဲ့ဟန္။ဒါ့ေၾကာင့္ေျပာပါတယ္ ဦးဉာဏ္က
အေဖရင္းအေမရင္းထက္မ်ားစြာပိုေကာင္းတယ္ဆိုတာ။အေၾကာင္းအရင္းမရွိတဲ့စကားေတြမေျပာသလို ဆူစရာရွိရင္လည္းအက်ိဳးအေၾကာင္းအရင္သိေအာင္လုပ္ၿပီးမွဆူသည္။ ပစ္ခြာသြားတဲ့မိဘေတြနဲ႕ေတာ့
မိုးနဲ႕ေျမေပါ့။
"ဒါနဲ႕ ဦးဉာဏ္ ကြၽန္ေတာ့္ကိုေတြ႕တဲ့
အေၾကာင္းဦးဉာဏ္ကိုလွမ္းေျပာလာတဲ့ဖုန္းနံပါတ္ရွိေသးလား''
"ရွိတယ္ ဥကၠာလိုခ်င္လို႔လား ဒါေပမဲ့
ဆက္လို႔မရဘူးေနာ္''
"ႀကိဳးစားၾကည့္တာေပါ့''
"အင္း အင္း''
စိတ္အားထက္သန္လြန္းေနတဲ့တူျဖစ္သူကို
ဉာဏ္မတားေတာ့ဘဲ အိတ္ကပ္ထဲကဖုန္းကိုထုတ္ၿပီး ေပးလိုက္သည္။ထိုအခါ ဥကၠာက သူ႕ဦးေလးျပသည့္နံပါတ္ကိုတစ္ခါတည္းအလြတ္က်က္မွတ္ေနသည္။
"ဒီနံပါတ္ဆိုတာေသခ်ာလား ဦးဉာဏ္''
"ေသခ်ာတယ္ ငါ့ကိုပထမblockသြားတဲ့နံပါတ္မလို႔ အထူးတလည္သိမ္းထားတာ''
"သူစိမ္းေတြနဲ႕မပတ္သက္ခ်င္လို႔ျဖစ္မယ္''
"ဟုတ္မယ္ ေက်းဇူးဆပ္မယ္ေျပာတာေတာင္လက္မခံဘူးေလ ဦးတို႔ဘက္ကအႀကံအစည္ရွိေနမွာေၾကာက္လို႔ထင္တယ္''
ဥကၠာက သူ႕ဦးေလးဘာေျပာေျပာ ေခါင္းညိတ္လက္ခံသည္။တကယ္တမ္းသူ႕ရင္ကမသိမသာေလးနာက်င္လာၿပီး သူဝမ္းနည္းလာသည္။စြဲလမ္းရေသာမ်က္ဝန္းမွ သူနဲ႕မပတ္သက္ခ်င္တဲ့
အၾကည့္ေတြ သူ႕အားမႏွစ္သက္တဲ့
အရိပ္အေရာင္ေတြ အခ်ိန္ရတုန္း သူ
ဘာေၾကာင့္လိမ္ညာရသလဲဆိုတာဝန္ခံခဲ့သင့္တာ။ ေနာင္တကေနာင္မွရတယ္ဆိုတဲ့အတိုင္း ဥကၠာတကယ္ေနာင္တရပါသည္။
သူ႕ဆီက ဘာမွမရရင္ေတာင္ ကိုယ့္အား
လူလိမ္အျဖစ္မွတ္ခ်က္ျပဳတာမ်ိဳးမလိုခ်င္ပါ။
"ၿပီးရင္ ေလ့က်င့္ခန္းေတြလုပ္ဦးေနာ္ ဥကၠာ ဦး ႐ုံကိုခဏသြားဖို႔ရွိတယ္''
Advertisement
- In Serial462 Chapters
FFF-Class Trashero
It was a life without regret. My parents were in good health, and I wasn’t homey enough for me to combine my studies and part-time jobs. I like fantasy, martial arts, games, fiction movies, cartoons… I’m a normal high school student who likes these things.That was certainly true until ten years ago.This is not the earth. A fantasy world dominated by powerful people. Savage utopia. It is a world where you can take anything with you if you have physical strength.
8 417 - In Serial14 Chapters
Mu: The Legend
Driven by grief, an assassin casts away his identity as an elite of the foremost shadow organization. He finds himself.Driven by remorse, he drowns himself in alcohol. An old acquaintance visits. A hand is extended. A plan is formed. He finds purpose.Driven by a thirst for vengeance, the assassin executes his plan, his life the price.But he has not found peace. There is no release in death's embrace. There is only the hollow feeling of regret. In his last moments, under conditions born of deep regret, the assassin finds himself reborn into a new world with strange, exciting new powers. Embracing his new identity, he resolves to gain the power to protect those who are now dear to him. But the path to power has never been an easy one. Under the thin veil of peace, he sets upon the path, rewriting the rules and discovering new truths.***Author's note: One weekly release on weekends. Surprise chapters may pop up, especially at the end of sub-arcs.
8 188 - In Serial164 Chapters
Blue Star Cultivator
An orphan from a big clan was maligned to live destitute in the outskirts of a mountain, but discovered a miracle that would change his life forever more. This a xanxia story about the journey of our gravity controlling mc from a weak individual to a powerhouse in the Aldora continent
8 171 - In Serial58 Chapters
The Perfect Specimen
ON PAUSE: FURTHER INFORMATION BELOW In a world where zombies are common and everything is evolving to acclimate with radiation, our Main Character has a special trait about him that helps him acclimate and evolve with the harsh conditions as well. But where will that lead him, and will that be enough? Take a look into my mind for what I like to consider "The Perfect Specimen" Original posting can be found at https://www.webnovel.com/book/11219113306294805/The-Perfect-Specimen ------------------------------------------------ It's my first novel and I am writing here to just get some feedback. Please don't hold back and give me everything you got. I'll take mindless rants and very constructive good criticism. I just appreciate the fact that you took the time to read and review if you did! Further update. This novel is now on pause. I have been taking everything in from the experience of writing this novel, both positive and negative feedback. I will revisit this novel in the future after I get a more concise picture of what direction to take it in. In the meantime, I am going to be writing another novel on my own time and after I finish it, I will begin the daily upload process. After I finish, I will come back and revise this story on my own time and re-post it after fixing everything I want to fix. Thank you all so much for reading, I will be back with this and more stories in the future. Until then, be on the lookout for me! :)
8 331 - In Serial16 Chapters
Felicitas
I made a mistake. Luckily, cats have nine lives.
8 191 - In Serial20 Chapters
Once in a Lifetime
Louise Palrick, upset with how mundane everyday life is, constantly seeks out conspiracy and local legends to try to make life a bit more interesting. From cryptids sightings to rumors of haunted locations, her search ends up getting her targeted by a dangerous organization, hoping to keep it all under wraps. However, she was given a mysterious gift by an anonymous individual of unknown origins.Louise with the strange gift seeks out more supernatural events for her own kind of adventure.Chapters will be released on the first friday of every monthArtist: Komoumo (https://twitter.com/Komoumo)If you want to support the book, feel free to tip or donate to our patreon!Ko-Fi: https://ko-fi.com/benfishPatreon: https://www.patreon.com/fishstories
8 115

