《If you believe (Complete)》8
Advertisement
Unicode
Zawgyi
~~~~~
ဥက္ကာ အာလူးလေးကိုချီရင်းဖြင့်သူယခုနေရာချနေတဲ့စိုက်ခင်းအသစ်ကိုပြန်ရောက်လာသည်။Kအပါအဝင်အားလုံးသည် ဒရုန်းများရန်ကပုန်းနေရင်းဥက္ကာကို
စောင့်ကြိုနေသည်။ ဒရုန်းကပြန်ထွက်ခွာသွားတာသေချာပြီဖြစ်သော်ငြား သူတို့အခုထိ ပုန်းနေရာကမထွက်ရသေးချေ။
အရေးကြုံချိန် ခေါင်းဆောင်ကအနားမရှိတာကြောင့် သူတို့ ကြံရာမရဖြစ်နေခြင်းဖြစ်သည်။
"K!''
ဥက္ကာ အသံပေးလိုက်မှ ပုန်းနေသည့် သူ့
လူတွေဟာတစ်ယောက်များတစ်ယောက်
ထွက် ထွက်လာသည်။
"ဘာဖြစ်သွားသေးလဲ K''
"ဘာမှတော့မဖြစ်သေးဘူး ကိုဥက္ကာ ဒါပေမဲ့ ကျွန်တော်တို့သတိကြီးကြီးနဲ့နေမှရတော့မယ်ထင်တယ် အဲ့ဒီဒရုန်းတွေကျွန်တော်တို့ပုံတွေရသွားရင်တော့ဒုက္ခပဲ''
"ပစ်လိုက်သေးလား''
"မပစ်ပါဘူး ကိုဥက္ကာ ပစ်လိုက်ရင်ကျွန်တော်တို့လက်ထဲမှာသေနတ်ရှိနေတာသူတို့သိကုန်လိမ့်မယ်''
ဥက္ကာ Kပြောသမျှကိုသေချာနားထောင်ရင်းစိုက်ခင်းပတ်ပတ်လည်ကိုသေချာ
ကြည့်ရှူနေသည်။ဒီလောက်တောနက်တာကို ဟိုကောင်တွေကဘယ်လိုသိရတာလဲ
Cctv တွေထပ်ထားပြီးသားဖြစ်ပေမယ့်
ယခုနေစစ်လိုက်ရင်ဒရုန်းတွေပဲမြင်ရမှာ
နောက်ကွယ်ကလူတွေကိုမြင်ရမှာမဟုတ်။
"ဟိုတစ်ယောက် လာခဲ့''
သူ့ထံမနေ့တစ်နေ့ကမှဝင်လာတဲ့ဒီကနယ်ခံ
လူယုံကိုဥက္ကာဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။ ထိုတစ်ယောက်ကလည်းလက်တစ်ဖက်က ရိုင်ဖယ်သေနတ်ကိုကိုင်ရင်း
ဥက္ကာရှေ့ထွက်လာသည်။
"ပြောပါ ကိုဥက္ကာ''
"မင်းအထင်အဲ့ဒရုန်းတွေကို ဗိုလ်လင်းဆိုတဲ့တစ်ယောက်ကလွှတ်လိုက်တာလို့
ထင်လား''
"သူအဖွဲ့မဟုတ်ရင်တော့ သူနဲ့အဖွဲ့ချင်းတူတဲ့ကောင်တွေကလုပ်တယ်ဖြစ်မယ်
ဘာဖြစ်ဖြစ်သူတို့ကောင်တွေကအတူတူပါပဲ''
ဥက္ကာကသူသိချင်တာသိရသည့်နောက်တွင် မေးစေ့ပွတ်လျက်ခေါင်းညိတ်သည်။ သူလည်းဒီလိုပဲခန့်မှန်းခဲ့ပါသည်။မသေချာလို့သာသူမထုတ်ပြောတာ။
"ကောင်းပြီ မင်းငါ့ကိုအဲ့ဗိုလ်လင်းဆိုတဲ့ကောင်ရော သူ့အပေါင်းအပါတွေရော
ရရသမျှ သူတို့အကြောင်းတွေအကုန်စုံစမ်းလာခဲ့ပါ သူတို့ပုံပါ ပါရင်ပိုကောင်းမယ်''
"ဟုတ်ကဲ့ ကိုဥက္ကာ ကျွန်တော့်ကိုအချိန်
ငါးရက်ပေးပါ ဒါဆိုအကုန်ရစေရမယ်''
"ဟုတ်ပြီ တိကျသေချာပါစေနော် မြန်မြန်လည်းလုပ်ဦး အခြေနေတွေကသိတဲ့အတိုင်းပဲ''
"ဟုတ်ကဲ့ ကိုဥက္ကာ ကျွန်တော်အမြန်ဆုံးကြိုးစားပါ့မယ်''
လူယုံကခေါင်းညွှတ်လျက်အရိုအသေပေးပြီးထွက်ခွာသွားသည်။ သူလျှိုရှိတယ်ဆိုပြီးတော့ ဥက္ကာသူ့လူတွေကိုလုံးဝသံသယမဝင်။သူဒီကိုရောက်လာကတည်းက ဒီတောဟာအမဲလိုက်ရတာသဘောကျတဲ့လူတစ်ချို့အကြိုက်တွေ့သွားလိမ့်မယ်မှန်း သူသဘောပေါက်ခဲ့ပြီးသား။ဒီတော့ မုဆိုးတစ်ယောက်ယောက်ကသွားတိုင်လိုက်လို့နေမှာ။
စောက်ကျိုးနည်းလိုက်သောပါပဲ!
"ကိုဥက္ကာခင်ဗျာ ''
Kအသံကြောင့်ဥက္ကာ လုံခြုံရေးအတွက်
နေရာတွေကိုအသေးစိတ်ကြည့်ရှူတာကိုရပ်ပြီး အသံလာရာကိုသူလှမ်းကြည့်လိုက်သည်။ သူတွေ့လိုက်ရသည်မှာ သူ့အား
ခပ်ပြုံးပြုံးကြည့်နေသောKနှင့် လက်ပိုက်ပြီးနှုတ်ခမ်းစူလျက်သူ့အား စိတ်ဆိုးဆိုးနဲ့ကြည့်နေသော အာလူးလေး။
ဘာကြောင့်စိတ်ဆိုးသွားသလဲ ဥက္ကာသိပါသည်။အာလူးလေးကသူ့ကိုပြစ်ထားပြီး
အလုပ်ကိုမဲနေရင်အသေစိတ်ဆိုးတာ။
ဥက္ကာ ခါးထောက်လျက်ခပ်ဟဟရယ်ရင်း
အာလူးလေးဆီသွားလိုက်၏။
"Daddyကိုစိတ်ကောက်ပြန်ပြီလား
အာလူးလေး''
"Daddyကရော ဘာလို့အာလူးလေးကိုပြစ်ထားပြန်တာလဲမကြိုက်ဘူးဆို''
ပြောရင်းခြေဆောင့်နေသောအာလူးလေးကိုဥက္ကာပွေ့ချီလိုက်ပြီးပါးမို့မို့လေးတစ်ဖက်ကိုနမ်းရှုပ်ပစ်နေသည်။
"Daddyအလုပ်ရှုပ်နေလို့ပါကွာ ကဲပြော
စိတ်ဆိုးပြေအောင် Daddy ဘာလုပ်ပေးရမလဲ''
"တကယ်နော်''
ဟောကြည့် ဒီလိုဆိုရင်သိပ်တက်ကြွတာ။
အလိုလိုက်ပေးတော့လက်ခုပ်ပါထတီးပြီး
သွားသေးသေးလေးတွေပေါ်အောင်ရယ်ပြသေးတာ။ ဥက္ကာ အာလူးလေးရဲ့ပါးတစ်ဖက်ကိုအသည်းတယားယားနဲ့ထပ်မံနမ်းလိုက်၏။
"တကယ် အာလူးလေးဘာလုပ်ချင်လဲ
Daddyကိုပြော''
"ဦးဦးဆီသွားရအောင်''
"အာ အဲ့ဒါတော့မရဘူးအာလူးလေးရဲ့''
"ဟင့်အင်းမသိဘူး ဦးဦးဆီပဲသွားမယ်'
အာလူးလေးဂျီကျရင် ဥက္ကာတကယ်လက်မြောက်သည်။ဒါမှမရရင် မအိပ်မစားနဲ့စိတ်ကောက်နေဦးမည်။သို့သော်
အာလူးလေး၏ဆန္ဒကိုယခုဖြည့်ဆည့်ပေးဖို့ကခက်သည်။ယူဘယ်မှာရှိနေမလဲ ဥက္ကာအတိအကျသိတာမဟုတ်။ နှစ်ပတ်နီးပါးနေခဲ့ထူးတဲ့ယူရဲ့အိမ်ကိုတောင်ဘယ်လိုသွားရမယ်မှန်း ဥက္ကာမသိ။
"နော်Daddy နော်လို့ နော် နော်''
အာလူးလေးကသူခေါင်းမညိတ်မချင်း
ဂျီကျနေသဖြင့် ဥက္ကာခေါင်းညိတ်ပေးလိုက်ပါသည်။ထိုအခါ 'ယေးး'ဟူကာ
လက်ခုပ်တီးရင်းထအော်ပြီး ဥက္ကာပါးတစ်ဖက်ကို နှုတ်ခမ်းလေးထော်လျက်နမ်းလာသည်။
"ဒါပေမဲ့ Daddyဖုန်းအရင်ဆက်ကြည့်မယ်
မရရင်တော့ပြီးရောနော် ထပ်မဆိုးရဘူး
အာလူးလေးဦးဦးကမလိမ္မာတဲ့ကလေးတွေကိုမချစ်ဘူးတဲ့''
"ဟုတ်''
ခေါင်းညိတ်ပေမယ့်မျက်နှာကတော့သိပ်သဘောတူချင်ပုံမပေါ်။ ဥက္ကာ တဲထဲဝင်ကာ အာလူးလေးကို ပြင်ဆင်ထားတဲ့မွေ့ရာထူထူလေးပါအသာချပြီး
လင်းဆယူဆီဖုန်းခေါ်လိုက်သည်။သို့သော်မရ။ ဘယ်လိုခေါ်ခေါ်မရတာကို
အာလူးလေးပါသိအောင် ဥက္ကာ စပီကာဖွင့်ထားနေသည်။
"တွေ့လား အာလူးလေး ဦးဦးအလုပ်ရှုပ်နေလို့ဖြစ်မှာ''
"ဒါဆိုဦးဦးနဲ့မတွေ့ရဘူးပေါ့နော်''
"ဒါဖြင့်လည်းမုန့်စားကြမယ်လေ Daddyဗိုက်ဆာနေတာအာလူးလေးရဲ့''
ကလေးကငိုတော့မယောင်ဖြစ်နေတာကြောင့် ဥက္ကာစကားလွှဲလိုက်ရ၏။ထိုအခါ
အာလူးလေးက သူ့အတွက်ထား ထားပေးတဲ့မုန့်တွေကိုတစ်ပွေ့တစ်ပိုက်ကြီးသွားယူလာပြီး ဥက္ကာရှေ့ချပေးလာသည်။ ဥက္ကာ ခပ်ရေးရေးပြုံးရင်းအာလူးလေးခေါင်းလုံးလုံးကိုဆွဲဖွာနေသည်။
ဘုရင်လေးက အထူးဂရုစိုက်ပေးခံရတာ။
မြို့ကခရီးစထွက်ကတည်းက
အာလူးလေးအတွက်မုန့်ကိုသီးသန့်ကားတစ်စီးနဲ့ယူလာပေးခဲ့ရတာ။မုန့်အားလုံးက
အာလူးလေးလက်ညှိုးထိုးသမျှရွေးထားတာတွေချည်း။
~~~~
ဒရုန်းမှရရှိလာတဲ့ပုံတွေကိုလင်းဆယူက
သစ်သားစားပွဲပေါ်တစ်ပုံပြီးတစ်ပုံအသေအချာစီနေသည်။ရလာတဲ့ပုံတွေ
အားလုံးဟာစိုက်ခင်း၏အကျယ်အဝန်းကို
သိနိုင်သည်။စိုက်သီးဟာအသီးစသီးလာနေပြီးမကြာမီ သူ့အစေးတွေကိုထုတ်နိုင်တော့မည်ဖြစ်သည်။ အစေးတွေထုတ်ယူနိုင်တဲ့အချိန်မရောက်သေးခင် စိုက်ခင်းကို
ဖျက်နိုင်မှဖြစ်မည်မို့ လင်းဆယူက ဂရုတစိုက်လုပ်နေသည်။
"ကဲ အားလုံးလာခဲ့''
လင်းဆယူခေါ်သည့်အခါ သူ့တပ်သားအားလုံးကသူ့အနားရောက်လာကုန်ပြီး
စားပွဲပေါ်ကသူ့အလုပ်ကိုစိတ်ဝင်တစား
ကြည့်နေသည်။
လင်းဆယူသည်ပုံထဲစိုက်ခင်း၏
ပတ်ပတ်လည်ကို အသေအချာအနုစိတ်ကြည့်ပြီးနောက် သူ့အိတ်ကပ်ထဲက ဖောင်တိန်အားထုတ်ယူနေသည်။
"စိုက်ခင်းရဲ့ပုံစံကဒီလိုရှိလိမ့်မယ်''
လင်းဆယူသည် သူ့တပ်သားတွေသဘောပေါက်လွယ်ရအောင်အသေးစိတ်ကျကျပြောရင်း စားပွဲပေါ် အဖြူရောင်စာရွက်ကြီးတစ်ရွက်ဖြန့်ပြီး စိုက်ခင်းအနေအထားကိုဆွဲပြနေသည်။
"စိုက်ခင်းကCctvတွေရှိနေတာပဲ ဒါဆိုချီတက်တဲ့အခါ သတိထားရလိမ့်မည် စောင့်ကြည့်ရေးတာဝါတွေကိုလည်းအထူးဂရုစိုက်ရမယ်''
လင်းဆယူသည် သူဆွဲထားသည့်စိုက်ခင်းမှဘယ်နေရာCctv ဘယ်နေရာစောင့်ကြည့်ရေးတာဝါရှိနေသည်ကို ကြက်ခြေခတ်အနီဖြင့်မှတ်ထားနေသည်။
"စိုက်ခင်းကငါတို့နှိမ်နင်းလာခဲ့သမျှတွေ
ထဲအကြီးဆုံးပဲ ဧကကျယ်တယ် အပင်တွေများတယ် ဟိုကောင်တွေလည်းအင်အားများလောက်တယ်''
ဒီလောကမှာကျင်လည်လာတာကြာပြီဖြစ်တဲ့အခါ ပုံတွေကိုကြည့်ရုံနဲ့စိုက်ခင်းရဲ့
အကျယ်အဝန်းကိုလင်းဆယူ ရေးချနိုင်သည်။ တာပေါကား လင်းဆယူနံဘေးရပ်ရင်းမေးစေ့ပွတ်လျက် လင်းဆယူချထားတဲ့အစီစဥ်ကိုကြည့်ပြီးအကဲခတ်နေသည်။
"ဒါနဲ့ဗိုလ်လင်း စိုက်ခင်းကသတ်မှတ်ထားတဲ့စံနှုန်းထက်ကျယ်ဝန်းနေရင်ကျွန်တော်တို့အထက်ကိုအရင်တင်ပြပြီး စစ်ကူတောင်းရဦးမှာမဟုတ်လား''
"ငါကမလုပ်ရင်ရော''
"ဒါဆိုတစ်ယောက်ယောက်ကျဆုံးသွားရင်
ကျွန်တော့်တို့အဆဲခံရမှာပေါ့''
အနားရပ်ရင်းတတွတ်တွတ်ပြောနေတဲ့
တာပေါကိုလင်းဆယူ မျက်စောင်းပိတ်ထိုးကာလက်သီးဆုပ်ပြလိုက်၏။ထိုအခါ
တာပေါက မျောက်လိုပြောင်ချော်ချော်နှင့်လင်းဆယူကိုသွားဖြဲပြနေသည်။ တာပေါဆိုတာအမြဲအဲ့လိုပါပဲ လူကိုတစ်နည်းမဟုတ် တစ်နည်းနဲ့အမြဲစနေတာ။
"ဒီညထပ်လွှတ်လိုက်ဦး သူတို့ရဲ့တည်နေရာတွေကိုပါရအောင်ရိုက်ထားပေး ပြီးမှအထက်ကိုတင်ပြမယ်''
"ဟုတ် ဗိုလ်လင်းရဲ့အမိန့်အတိုင်းပါ''
တာပေါက ဒရုန်းလွှတ်ရမယ်ဆိုအရမ်းပျော်နေတာ။ ဒါတာဝန်သက်သက်ဆိုပေ
မယ့် တာပေါကတော့စိတ်ရင်းနဲ့နှစ်ခြိုက်နေ၏။ လင်းဆယူကား တစ်ဆင့်ကြီး
သဖြင့် တပ်သားတွေကိုညွှန်ကြားရုံဖြစ်ပြီး
ရလာသမျှတွေကိုလည်းသေချာစိစစ်နိုင်ရသည်။လွဲမှားချော်မှားရှိခဲ့လို့တပ်ထဲက
တစ်ယောက်ယောက်ဒဏ်ရာကြီးကြီးမားမား သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်လာရင်
အားလုံးကိုလင်းဆယူကပဲတာဝန်ယူရလိမ့်မည်။
လင်းဆယူစံပြအဖြစ်ထားပြီးလေးစားခဲ့ရတဲ့ခေါင်းဆောင်ကောင်းကတော့
နှစ်ယောက်မရှိတဲ့သူ့အစ်ကိုဝမ်းကွဲနောင်ပါပဲ။ နောင်က ဘယ်missionကိုမဆို ဗျူဟာကောင်းကောင်းနဲ့ပိုင်ပိုင်နိုင်နိုင်ကိုင်နိုင်သည်။ သေမတတ်ဖြစ်ခဲ့သည့်အချိန်ကတော့ တစ်ဖက်လူတွေမှာအသက်
မပြည့်တဲ့ကလေးများ များစွာပါနေတာကြောင့် နောင်ဘက်ကနောက်ဆုတ်ဖို့ရွေးချယ်ခဲ့သည်။ သနားစိတ်ကြောင့် နောင် သေလုမျောပါးဖြစ်ခဲ့ရတာကို
လင်းဆယူအမှတ်ရနေတုန်း။
ဒါ့ကြောင့် သနားစိတ်ဟာမလိုအပ်တဲ့အရာလို့ဘဲ လင်းဆယူအမြဲခံယူထားသည်။
"လူသော!''
"ရှိပါတယ် ဗိုလ်လင်း''
"ငါတို့ကိုစိုက်ခင်းအကြောင်းလာတိုင်တဲ့တစ်ယောက်ဆီသွားမယ် ''
"ဟုတ်''
သူအမိန့်ချတော့ လူသောကလူရှေ့အရင်သွားပြီးကားသွားထုတ်နေသည်။လာတိုင်တဲ့တစ်ယောက်ကအနီးအနားကရွာသားတစ်ယောက်ပါ။ တောထဲအမဲလိုက်ရင်းတွေ့ခဲ့တာဖြစ်ကြောင်းသာပြောခဲ့သဖြင့်
လင်းဆယူတို့စကားထပ်ပြောရဖို့ရှိလာသည်။ရထားတဲ့မြေပုံလောက်နဲ့မတင်းတိမ်နိုင်။ ရောက်ဖူးသူဆီကစိုက်ခင်းနေရာအကြောင်းသေချာကြားရမှဖြစ်လိမ့်မည်။
"ကျွန်တော်တို့သူ့ရွာကိုရောက်ပါပြီ
ဗိုလ်လင်း''
လမ်းမတွေကမိုးရာသီမဟုတ်လျှင်သွားရလာရတာခဏလေးနှင့်ပြီးမြောက်သည်။
"သူကြီးအိမ်သွားမယ်''
သွားဖူးတဲ့ရွာတွေကများသလိုအိမ်ခြေတွေကလည်းမနည်းတော့ ဘယ်သူ့အိမ်ကဘယ်မှာဆိုပြီးသူတို့မမှတ်နိုင်။အရေးကြုံလျှင်ရွာသူကြီးဆီသာသူတို့သွားသည်။
ထိုမှတဆင့် သူကြီးက မောင်းခတ်ပြီး
Advertisement
အလှည့်ကျ ကင်းစောင့်သူတွေကို
လင်းဆယူတို့အလိုရှိသူကိုသွားခေါ်ဖို့
ထပ်ဆင့်ညွှန်ကြားရသည်။
ဒီနေ့မှာတော့ သူကြီးကမရှိ။သူ့ကလေးတွေသာရှိနေသဖြင့် လင်းဆယူကိုယ်တိုင်
တုံးမောင်းကိုခေါက်ပြီး ရောက်လာတဲ့ကင်းစောင့်သူတွေအား ထိုတစ်ယောက်အိမ်လိုက်ပို့ခိုင်းလိုက်ရသည်။
"ဒီမှာပါ ဗိုလ်ကြီး''
ကင်းစောင့်သူကသူ့တာဝန်ပြီးသည့်အခါ
ပြန်သွားသည်။ ထိုတစ်ယောက်ကတော့ ဝက်စာကျွေးနေပြီးလင်းဆယူကိုတွေ့တော့မြန်မြန်နဲ့လက်ဆေးပြီးအနားပြေးလာသည်။
"အိမ်ပေါ်တက်ပါ ဗိုလ်လင်း ''
"အင်း မင်းတွေ့ခဲ့တဲ့စိုက်ခင်းအကြောင်းနောက်တစ်ခါပြောပြပေးနိုင်မလား''
"ဟုတ်ကဲ့ ဗိုလ်လင်း''
ဓလေ့အတိုင်း ချပေးထားသော ကွမ်းနဲ့ရေနွေးကြမ်းမှ ရေနွေးကြမ်းတစ်ခွက်ကို လင်းဆယူက စကားပြောရင်းမော့သောက်သည်။
"စိုက်ခင်းကိုဗိုလ်လင်းသွားကြည့်ချင်တယ်ဆိုကျွန်တော်လိုက်ပို့မယ်လေ မတော်တဆတွေ့ခဲ့တာဆိုပေမယ့်လမ်းကိုကျွန်တော်မှတ်မိတယ် ''
ထိုစိုက်ခင်းအကြောင်းစကားစပ်ဖြစ်တော့အချိန်ကတစ်နာရီနီးပါးကြာသွားသည်။
ထိုသူက စိုက်ခင်းမှာသူရှိမရှိသူမသိပေ
မယ့် ထိုနေ့တွင်မြို့မှကားများစွာစိုက်ခင်းရှိရာဘက်တက်လာတာသူတွေ့ခဲ့ကြောင်းပြောခဲ့သဖြင့် လင်းဆယူစဥ်းစားရတာတွေများလာသည်။ သူဖျက်ဆီးခဲ့တဲ့စိုက်ခင်းတော်တော်များများကိုပိုင်ရှင်သူတွေမှာ
အနီးနားမြို့ကတွေချည်း။ ယခုသိရ
သလောက်ဆိုရင် ထိုစိုက်ခင်းကိုပိုင်ရှင်သူဟာမြို့ကြီးထဲကဖြစ်ကိုဖြစ်လိမ့်မည်။
တကယ်ပဲ ဘယ်သူများပါလဲ!''
အပြန်လမ်းတွင်လင်းဆယူကကားပြတင်းပေါ်တံတောင်တင်ရင်း မျက်ခုံးကိုလက်ညှိုးနှင့်ပွတ်လျက် အတွေးနယ်ချဲ့နေသည်။
Ti~Ti
ရုတ်တရက်ထွက်ပေါ်လာတဲ့ဖုန်းမြည်သံကြောင့် လင်းဆယူသည်သူ့နံဘေးကားမောင်းနေသည့်လူသောကိုကြည့်နေသည်။
လူသောကလည်းလင်းဆယူကိုအူကြောင်ကြောင်နဲ့ပြန်ကြည့်သည်။
"ဗိုလ်လင်းဖုန်းမြည်တာဖြစ်မယ်
ကျွန်တော့်ဖုန်းကအဲ့လိုအသံမဟုတ်ဘူး''
"ဟုတ်လား ဒီမှာဖုန်းလိုင်းမိတယ်လား''
"ကျွန်တော်တို့စခန်းရဲ့အပေါ်ကျွန်းမှာလည်းလိုင်းမိတယ်လေ ဗိုလ်လင်းမသိဘူးလား''
"မသိဘူးကော''
ထိုမှလင်းဆယူဟာ သူ့ခါးကြားကဖုန်းကိုပျာပျာသလဲထုတ်ကြည့်သည်။လူသောပြောသလိုသူ့ဖုန်းမြည်နေခြင်း။သူ မကိုင်ခဲ့တဲ့တန်းစီနေသောခေါ်ဆိုမှုအနီတွေ ဒါတွေကိုကြည့်ရင်း လင်းဆယူကမျက်ခုံးပင့်သည်။ နံပါတ်ကိုသူအမည်မတပ်ထားပေ
မယ့် ဘယ်သူ့ဆီကလဲဆိုတာကိုတော့သူသိသည်။
ဥက္ကာစံ! နေရင်းထိုင်ရင်းရူးသွားတာများလား ။ ဖုန်းကို အခေါက်တစ်ရာမကတောင်ခေါ်ထားတာ။ လင်းဆယူဘဝမှာ
နံပါတ်တစ်ခုတည်းကအများဆုံးလက်ခံရရှိတဲ့ဖုန်းခေါ်ဆိုမှုပဲ။
Ti~Ti
ကြည့်နေစဥ်ဖုန်းကထမြည်လာပြန်သဖြင့်
လင်းဆယူ သက်ပြင်းရှိုက်ရင်းကိုင်လိုက်ပါသည်။ မရပ်မနားနဲ့ခေါ်နိုင်တာကိုအံ့သြလွန်းလို့။
"ဘာကိစ္စ..''
"ဦးဦးလား အာလူးလေးပါ
အာလူးလေးဦးဦးကိုလွမ်းလို့
ဦးဦးအာလူးလေးဆီလာခဲ့ပါလား
အာလူးလေးကလာခဲ့ရမလားဟင်ဦးဦ''
ဥက္ကာအထင်နဲ့ပိတ်အော်တော့မည့်
လင်းဆယူမှာ အာလူးလေးအသံကြောင့်
အကြောပိတ်ခံလိုက်ရသလိုနှုတ်ပိတ်သွားရ၏။အာလူးလေးကတရစပ်ပြောနေပြန်တာကြောင့်လည်း လင်းဆယူယခုထိ
ပါးစပ်မဟနိုင်ဖြစ်နေရသည်။
"ဦးဦးကြားလားဟင် ဟယ်လို ဦးဦး''
"ကြားပါ့ခင်ဗျာ ''
"ယေးး ဒါမှပေါ့ ဦးဦးအာလူးလေးဆီလာခဲ့ပါလားဟင်''
"အာ ဦးဦးမအားဘူးအာလူးလေးရဲ့ ''
"ဟင် ဒါဆိုနောက်နေ့ဆိုရင်ရော''
"နောက်နေ့လား အဲ့ဒါလည်းမသေချာဘူး''
"ဟာ ဦးဦးကလည်း''
အာလူးလေးအသံကငိုတော့မယောင်ဖြစ်နေသဖြင့် လင်းဆယူ အံကြိတ်ရင်းကိုယ့်နဖူးကိုယ်သူပြန်ရိုက်ပစ်လိုက်၏။ သတိ
မရှိလိုက်တာလင်းဆယူရေလို့သူ့ကိုယ်သူအော်ပစ်လိုက်ချင်သည်။ ကလေးနဲ့စကားပြောရမှာအလိုက်သိလေးဖြစ်နေရမှာကိုသူကသာမန်လိုပြောနေတာ။ ကလေးစိတ်ဆိုးလည်းစိတ်ဆိုးစရာပါလေ။
"မနက်ဖြန်! ဦးဦးမနက်ဖြန်အာလူးလေးကိုလာတွေ့လိုက်မယ်ဟုတ်ပြီလား''
"တကယ်လား ယေးး Daddyကိုပြောလိုက်ဦးမယ် Daddyရေ Daddy''
တစ်ဖက်ကအာလူးလေး၏အော်သံ ပြဲလန်နေသဖြင့် လင်းဆယူဖုန်းကိုနားနှင့်ခွာလိုက်ရသည်။ကတိပေးလိုက်တယ်ဆိုတာ
ကလေးမငိုအောင်လို့။ ဘယ်တတ်နိုင်မလဲ
အချိန်ငါးမိနစ်သာရရင်လည်းငါးမိနစ်နဲ့
မျက်နှာသွားပြရမှာပဲ။ ဒါတွေရဲ့အဓိကတရားခံကတော့ဟိုကောင်ပဲ ဘာကိစ္စသူများပုံကိုကလေးမြင်အောင်ထားနေရတာ။
"Daddy ဦးဦးကမနက်ဖြန်အာလူးလေးကိုလာတွေ့မယ်တဲ့ ပျော်စရာမကောင်းဘူးလား''
"ဒါပေါ့ Daddyကိုဖုန်းပေးပါဦး''
ကလေးကနေ ဥက္ကာနှင့်စကားပြောရဖို့ဖြစ်လာသဖြင့် လင်းဆယူ ဖုန်းကို
စိုက်ကြည့်ရင်းသက်ပြင်းရှိုက်၏။ သူနဲ့ကင်းကင်းရှင်းရှင်းနေမယ်ဆုံးဖြတ်ထားသော်ငြား ဘာကြောင့်အရာအားလုံးဟာ
ဆန့်ကျင်ဘက်ဖြစ်နေရသနည်း။
"ဟယ်လို ယူ''
"ကြားတယ်''
"မနက်ဖြန်မျက်နှာလာပြမယ်ပေါ့
ကျွန်တော့်ကိုအဲ့လောက်တောင်လွမ်းနေတာလား''
"ဘဝင်ရူး! ငါလာတွေ့မှာအာလူးလေးကိုပဲ
မင်းကိုမဟုတ်ဘူး''
"အဟက် ကျွန်တော်တော့ပျော်တယ်
ယူကိုထပ်မြင်ရမှာမလို့ ပြောထားတဲ့နေရာမှာပဲမဟုတ်လား ''
"အင်း''
"ချစ်တယ်နော် ယူ''
ထိုစကားကြောင့် လင်းဆယူ နံဘေးက
လူသောကိုခိုးကြည့်မိသွားသည်။
တော်သေးလို့လူသောကသူ့ဆီအာရုံမလာတာ။ တာပေါသာဆိုရင်တော့ တကယ်မလွယ်။
"စောက်ရူး! "
တူ~တူ
လင်းဆယူဖုန်းကိုအရင်ချလိုက်သည်။
ကျက်သရေမရှိတဲ့အကောင်!
Ti~Ti
ဖုန်းကထပ်မြည်လာပြန်ခြင်း။လင်းဆယူခေါင်းကိုဆွဲဆုပ်ရင်း လက်ထဲမှောက်လျက်ကိုင်ထားသောဖုန်းကိုဆတ်ခနဲကြည့်လိုက်သည်။ဥက္ကာသာဆို အော်ဆဲဖို့သူစိတ်ကူးထားတာ။ နောင်ဖြစ်နေသဖြင့်
ရှစ်ခေါက်ချိုးကိုးခေါက်ချိုးဖြစ်နေသည့်မျက်နှာကိုပြင်ရင်း အသံကိုလည်းသေချာပြင်လိုက်၏။
"ဟယ်လို နောင်''
"အင်း ဗိုလ်လင်း မင်းဟိုတစ်ခေါက်ငါ့ကိုပြောတဲ့ဥက္ကာဆိုတဲ့တစ်ယောက်လေ မင်းအိမ်မှာရှိသေးလား''
"မရှိတော့ဘူး သူ့ကိုပြန်ပို့လိုက်တာကြာပြီလေ ဇွဲသက်တန့်ကိုတောင်ငါပြောလိုက်သေးတယ် သူမင်းကိုပြန်မပြောဘူးလား''
"အင်း သူမေ့နေလို့ဖြစ်မယ် သူမင်းအိမ်မှာမရှိတော့တာကောင်းတယ် သူ့အကြောင်းကိုသေချာအတွင်းကျကျစုံစမ်းကြည့်တော့ သူလုပ်နေတဲ့ကားတင်သွင်းရောင်းချမှုက ဟန်ပြပဲ တကယ့်သူ့လုပ်ငန်းမဟုတ်ဘူး သူတကယ်လုပ်နေတာက..''
တူ! တူ!
"ဟ ဘာလား''
နောင်ပြောသမျှကိုနားစွင့်နေတုန်းက
နောင့်အသံရုတ်တရက်တိတ်သွားသဖြင့်
လင်းဆယူ သူ့လက်ထဲကဖုန်းကိုနှိပ်လိုက်
ဖွင့်လိုက်လုပ်နေသည်။
"ကောင်းရော အားကုန်သွားပြီ''
သူဆိုတာဖုန်းသာကိုင်ပေမယ့်ဘယ်တုန်းကမှအားသွင်းတတ်တာမဟုတ်။စခန်းမှာဆို တာပေါမဟုတ်ရင်
တပ်သားတစ်ယောက်ယောက်ကအမြဲသတိနဲ့သွင်းပေးတတ်ပြီးအိမ်ပြန်ရောက်ရင်လည်းအငယ်တွေကသွင်းပေးရသည်။
အခုတလောအလုပ်ရှုပ်နေတော့ တပ်သားတွေက သူ့ဖုန်းကိုသွင်းပေးဖို့မေ့နေတာဖြစ်မည်။
"အားသွင်းကြိုးပါလား လူသော''
"မပါဘူး ဗိုလ်လင်း''
"ဒါဆိုလည်းမင်းဖုန်းခဏပေး''
ဖုန်းအားသွင်း၍လည်းမရသဖြင့် လူသောဖုန်းကိုပဲသူတောင်းလိုက်ပါသည်။လူသော
ကလည်းချက်ချင်းထုတ်ဖို့ပါ၏။ လက်ထဲဖုန်းရောက်လာသည့်နောက် ခက်ရပြန်တာ
သူဖြစ်နေပြန်၏။
"သေရော ဖုန်းနံပါတ်လည်းမမှတ်မိဘူး
နောင်တော့ငါ့ကိုဆဲတော့မှာပဲ''
ဖုန်းကိုလူသောလက်ထဲ ပြန်ထည့်ရင်း
ခေါင်းကိုသူဖွနေမိသည်။ ခပ်ပေါ့ပေါ့
နေတတ်တာ လင်းဆယူအကျင့်မဟုတ်
ပေမယ့် လင်းဆယူရဲ့အကျင့်ဆိုးတစ်ခုမှာ
တာဝန်ကလွဲရင်ကျန်တာဘာကိုမှစျာန်
မလာခြင်းဖြစ်သည်။
.
.
Greenleaf 🌿🍀🌿
လင်းဆယူနဲ့အကျင့်တူတာ အိမ်က
အစ်မတော်ပဲ ဖုန်းသာကိုင်တာ ဘယ်တော့မှအားမသွင်းဘူး အိမ်ကလူတွေကပဲ
နေ့တိုင်းသတိထားကြည့်ပြီးသွင်းပေးရတာ ဇာတ်လမ်းတွဲတွေထည့်ပေးရင်ကြည့်တယ် ပြန်ဖျက်တာတွေဘာတွေလည်း
မလုပ်တတ်ဘူး ဖုန်းmomeryပြည့်ရင်တော့ အော်ပြီပဲ ထူးဆန်းတယ် တကယ်
______________________________________
Unicode
Zawgyi
~~~~~
ဥကၠာ အာလူးေလးကိုခ်ီရင္းျဖင့္သူယခုေနရာခ်ေနတဲ့စိုက္ခင္းအသစ္ကိုျပန္ေရာက္လာသည္။Kအပါအဝင္အားလုံးသည္ ဒ႐ုန္းမ်ားရန္ကပုန္းေနရင္းဥကၠာကို
ေစာင့္ႀကိဳေနသည္။ ဒ႐ုန္းကျပန္ထြက္ခြာသြားတာေသခ်ာၿပီျဖစ္ေသာ္ျငား သူတို႔အခုထိ ပုန္းေနရာကမထြက္ရေသးေခ်။
အေရးႀကဳံခ်ိန္ ေခါင္းေဆာင္ကအနားမရွိတာေၾကာင့္ သူတို႔ ႀကံရာမရျဖစ္ေနျခင္းျဖစ္သည္။
"K!''
ဥကၠာ အသံေပးလိုက္မွ ပုန္းေနသည့္ သူ႕
လူေတြဟာတစ္ေယာက္မ်ားတစ္ေယာက္
ထြက္ ထြက္လာသည္။
"ဘာျဖစ္သြားေသးလဲ K''
"ဘာမွေတာ့မျဖစ္ေသးဘူး ကိုဥကၠာ ဒါေပမဲ့ ကြၽန္ေတာ္တို႔သတိႀကီးႀကီးနဲ႕ေနမွရေတာ့မယ္ထင္တယ္ အဲ့ဒီဒ႐ုန္းေတြကြၽန္ေတာ္တို႔ပုံေတြရသြားရင္ေတာ့ဒုကၡပဲ''
"ပစ္လိုက္ေသးလား''
"မပစ္ပါဘူး ကိုဥကၠာ ပစ္လိုက္ရင္ကြၽန္ေတာ္တို႔လက္ထဲမွာေသနတ္ရွိေနတာသူတို႔သိကုန္လိမ့္မယ္''
ဥကၠာ Kေျပာသမွ်ကိုေသခ်ာနားေထာင္ရင္းစိုက္ခင္းပတ္ပတ္လည္ကိုေသခ်ာ
ၾကည့္ရႉေနသည္။ဒီေလာက္ေတာနက္တာကို ဟိုေကာင္ေတြကဘယ္လိုသိရတာလဲ
Cctv ေတြထပ္ထားၿပီးသားျဖစ္ေပမယ့္
ယခုေနစစ္လိုက္ရင္ဒ႐ုန္းေတြပဲျမင္ရမွာ
ေနာက္ကြယ္ကလူေတြကိုျမင္ရမွာမဟုတ္။
"ဟိုတစ္ေယာက္ လာခဲ့''
သူ႕ထံမေန႕တစ္ေန႕ကမွဝင္လာတဲ့ဒီကနယ္ခံ
လူယုံကိုဥကၠာဆင့္ေခၚလိုက္ျခင္းျဖစ္သည္။ ထိုတစ္ေယာက္ကလည္းလက္တစ္ဖက္က ရိုင္ဖယ္ေသနတ္ကိုကိုင္ရင္း
ဥကၠာေရွ႕ထြက္လာသည္။
"ေျပာပါ ကိုဥကၠာ''
"မင္းအထင္အဲ့ဒ႐ုန္းေတြကို ဗိုလ္လင္းဆိုတဲ့တစ္ေယာက္ကလႊတ္လိုက္တာလို႔
ထင္လား''
"သူအဖြဲ႕မဟုတ္ရင္ေတာ့ သူနဲ႕အဖြဲ႕ခ်င္းတူတဲ့ေကာင္ေတြကလုပ္တယ္ျဖစ္မယ္
ဘာျဖစ္ျဖစ္သူတို႔ေကာင္ေတြကအတူတူပါပဲ''
ဥကၠာကသူသိခ်င္တာသိရသည့္ေနာက္တြင္ ေမးေစ့ပြတ္လ်က္ေခါင္းညိတ္သည္။ သူလည္းဒီလိုပဲခန့္မွန္းခဲ့ပါသည္။မေသခ်ာလို႔သာသူမထုတ္ေျပာတာ။
"ေကာင္းၿပီ မင္းငါ့ကိုအဲ့ဗိုလ္လင္းဆိုတဲ့ေကာင္ေရာ သူ႕အေပါင္းအပါေတြေရာ
ရရသမွ် သူတို႔အေၾကာင္းေတြအကုန္စုံစမ္းလာခဲ့ပါ သူတို႔ပုံပါ ပါရင္ပိုေကာင္းမယ္''
"ဟုတ္ကဲ့ ကိုဥကၠာ ကြၽန္ေတာ့္ကိုအခ်ိန္
ငါးရက္ေပးပါ ဒါဆိုအကုန္ရေစရမယ္''
"ဟုတ္ၿပီ တိက်ေသခ်ာပါေစေနာ္ ျမန္ျမန္လည္းလုပ္ဦး အေျခေနေတြကသိတဲ့အတိုင္းပဲ''
"ဟုတ္ကဲ့ ကိုဥကၠာ ကြၽန္ေတာ္အျမန္ဆုံးႀကိဳးစားပါ့မယ္''
လူယုံကေခါင္းၫႊတ္လ်က္အရိုအေသေပးၿပီးထြက္ခြာသြားသည္။ သူလွ်ိုရွိတယ္ဆိုၿပီးေတာ့ ဥကၠာသူ႕လူေတြကိုလုံးဝသံသယမဝင္။သူဒီကိုေရာက္လာကတည္းက ဒီေတာဟာအမဲလိုက္ရတာသေဘာက်တဲ့လူတစ္ခ်ိဳ႕အႀကိဳက္ေတြ႕သြားလိမ့္မယ္မွန္း သူသေဘာေပါက္ခဲ့ၿပီးသား။ဒီေတာ့ မုဆိုးတစ္ေယာက္ေယာက္ကသြားတိုင္လိုက္လို႔ေနမွာ။
ေစာက္က်ိဳးနည္းလိုက္ေသာပါပဲ!
"ကိုဥကၠာခင္ဗ်ာ ''
Kအသံေၾကာင့္ဥကၠာ လုံၿခဳံေရးအတြက္
ေနရာေတြကိုအေသးစိတ္ၾကည့္ရႉတာကိုရပ္ၿပီး အသံလာရာကိုသူလွမ္းၾကည့္လိုက္သည္။ သူေတြ႕လိုက္ရသည္မွာ သူ႕အား
ခပ္ၿပဳံးၿပဳံးၾကည့္ေနေသာKႏွင့္ လက္ပိုက္ၿပီးႏႈတ္ခမ္းစူလ်က္သူ႕အား စိတ္ဆိုးဆိုးနဲ႕ၾကည့္ေနေသာ အာလူးေလး။
ဘာေၾကာင့္စိတ္ဆိုးသြားသလဲ ဥကၠာသိပါသည္။အာလူးေလးကသူ႕ကိုျပစ္ထားၿပီး
အလုပ္ကိုမဲေနရင္အေသစိတ္ဆိုးတာ။
ဥကၠာ ခါးေထာက္လ်က္ခပ္ဟဟရယ္ရင္း
အာလူးေလးဆီသြားလိုက္၏။
"Daddyကိုစိတ္ေကာက္ျပန္ၿပီလား
အာလူးေလး''
"Daddyကေရာ ဘာလို႔အာလူးေလးကိုျပစ္ထားျပန္တာလဲမႀကိဳက္ဘူးဆို''
ေျပာရင္းေျခေဆာင့္ေနေသာအာလူးေလးကိုဥကၠာေပြ႕ခ်ီလိုက္ၿပီးပါးမို႔မို႔ေလးတစ္ဖက္ကိုနမ္းရႈပ္ပစ္ေနသည္။
"Daddyအလုပ္ရႈပ္ေနလို႔ပါကြာ ကဲေျပာ
စိတ္ဆိုးေျပေအာင္ Daddy ဘာလုပ္ေပးရမလဲ''
"တကယ္ေနာ္''
ေဟာၾကည့္ ဒီလိုဆိုရင္သိပ္တက္ႂကြတာ။
အလိုလိုက္ေပးေတာ့လက္ခုပ္ပါထတီးၿပီး
သြားေသးေသးေလးေတြေပၚေအာင္ရယ္ျပေသးတာ။ ဥကၠာ အာလူးေလးရဲ႕ပါးတစ္ဖက္ကိုအသည္းတယားယားနဲ႕ထပ္မံနမ္းလိုက္၏။
"တကယ္ အာလူးေလးဘာလုပ္ခ်င္လဲ
Daddyကိုေျပာ''
"ဦးဦးဆီသြားရေအာင္''
"အာ အဲ့ဒါေတာ့မရဘူးအာလူးေလးရဲ႕''
"ဟင့္အင္းမသိဘူး ဦးဦးဆီပဲသြားမယ္'
အာလူးေလးဂ်ီက်ရင္ ဥကၠာတကယ္လက္ေျမာက္သည္။ဒါမွမရရင္ မအိပ္မစားနဲ႕စိတ္ေကာက္ေနဦးမည္။သို႔ေသာ္
အာလူးေလး၏ဆႏၵကိုယခုျဖည့္ဆည့္ေပးဖို႔ကခက္သည္။ယူဘယ္မွာရွိေနမလဲ ဥကၠာအတိအက်သိတာမဟုတ္။ ႏွစ္ပတ္နီးပါးေနခဲ့ထူးတဲ့ယူရဲ႕အိမ္ကိုေတာင္ဘယ္လိုသြားရမယ္မွန္း ဥကၠာမသိ။
"ေနာ္Daddy ေနာ္လို႔ ေနာ္ ေနာ္''
အာလူးေလးကသူေခါင္းမညိတ္မခ်င္း
ဂ်ီက်ေနသျဖင့္ ဥကၠာေခါင္းညိတ္ေပးလိုက္ပါသည္။ထိုအခါ 'ေယးး'ဟူကာ
လက္ခုပ္တီးရင္းထေအာ္ၿပီး ဥကၠာပါးတစ္ဖက္ကို ႏႈတ္ခမ္းေလးေထာ္လ်က္နမ္းလာသည္။
"ဒါေပမဲ့ Daddyဖုန္းအရင္ဆက္ၾကည့္မယ္
မရရင္ေတာ့ၿပီးေရာေနာ္ ထပ္မဆိုးရဘူး
အာလူးေလးဦးဦးကမလိမၼာတဲ့ကေလးေတြကိုမခ်စ္ဘူးတဲ့''
"ဟုတ္''
ေခါင္းညိတ္ေပမယ့္မ်က္ႏွာကေတာ့သိပ္သေဘာတူခ်င္ပုံမေပၚ။ ဥကၠာ တဲထဲဝင္ကာ အာလူးေလးကို ျပင္ဆင္ထားတဲ့ေမြ႕ရာထူထူေလးပါအသာခ်ၿပီး
လင္းဆယူဆီဖုန္းေခၚလိုက္သည္။သို႔ေသာ္မရ။ ဘယ္လိုေခၚေခၚမရတာကို
အာလူးေလးပါသိေအာင္ ဥကၠာ စပီကာဖြင့္ထားေနသည္။
"ေတြ႕လား အာလူးေလး ဦးဦးအလုပ္ရႈပ္ေနလို႔ျဖစ္မွာ''
"ဒါဆိုဦးဦးနဲ႕မေတြ႕ရဘူးေပါ့ေနာ္''
"ဒါျဖင့္လည္းမုန့္စားၾကမယ္ေလ Daddyဗိုက္ဆာေနတာအာလူးေလးရဲ႕''
ကေလးကငိုေတာ့မေယာင္ျဖစ္ေနတာေၾကာင့္ ဥကၠာစကားလႊဲလိုက္ရ၏။ထိုအခါ
အာလူးေလးက သူ႕အတြက္ထား ထားေပးတဲ့မုန့္ေတြကိုတစ္ေပြ႕တစ္ပိုက္ႀကီးသြားယူလာၿပီး ဥကၠာေရွ႕ခ်ေပးလာသည္။ ဥကၠာ ခပ္ေရးေရးၿပဳံးရင္းအာလူးေလးေခါင္းလုံးလုံးကိုဆြဲဖြာေနသည္။
ဘုရင္ေလးက အထူးဂ႐ုစိုက္ေပးခံရတာ။
ၿမိဳ႕ကခရီးစထြက္ကတည္းက
အာလူးေလးအတြက္မုန့္ကိုသီးသန့္ကားတစ္စီးနဲ႕ယူလာေပးခဲ့ရတာ။မုန့္အားလုံးက
အာလူးေလးလက္ညွိုးထိုးသမွ်ေ႐ြးထားတာေတြခ်ည္း။
~~~~
ဒ႐ုန္းမွရရွိလာတဲ့ပုံေတြကိုလင္းဆယူက
သစ္သားစားပြဲေပၚတစ္ပုံၿပီးတစ္ပုံအေသအခ်ာစီေနသည္။ရလာတဲ့ပုံေတြ
အားလုံးဟာစိုက္ခင္း၏အက်ယ္အဝန္းကို
သိနိုင္သည္။စိုက္သီးဟာအသီးစသီးလာေနၿပီးမၾကာမီ သူ႕အေစးေတြကိုထုတ္နိုင္ေတာ့မည္ျဖစ္သည္။ အေစးေတြထုတ္ယူနိုင္တဲ့အခ်ိန္မေရာက္ေသးခင္ စိုက္ခင္းကို
ဖ်က္နိုင္မွျဖစ္မည္မို႔ လင္းဆယူက ဂ႐ုတစိုက္လုပ္ေနသည္။
"ကဲ အားလုံးလာခဲ့''
လင္းဆယူေခၚသည့္အခါ သူ႕တပ္သားအားလုံးကသူ႕အနားေရာက္လာကုန္ၿပီး
စားပြဲေပၚကသူ႕အလုပ္ကိုစိတ္ဝင္တစား
ၾကည့္ေနသည္။
လင္းဆယူသည္ပုံထဲစိုက္ခင္း၏
ပတ္ပတ္လည္ကို အေသအခ်ာအႏုစိတ္ၾကည့္ၿပီးေနာက္ သူ႕အိတ္ကပ္ထဲက ေဖာင္တိန္အားထုတ္ယူေနသည္။
"စိုက္ခင္းရဲ႕ပုံစံကဒီလိုရွိလိမ့္မယ္''
Advertisement
- In Serial9 Chapters
That Time I Fell From The Sky
Roz gets off work exhausted and goes straight home to bed but next thing he knows is that he is falling from the sky in another world and he is a girl. What could go wrong? And what awaits him in this new world? And more importantly... why was he summoned?
8 186 - In Serial12 Chapters
Life or Freedom
Three years after his mothers death the world goes to shit and Mordred finds himself working for the SDU (Social Defense Unit) to fight against the Vizican's but not everything is as it seems and Mordred is just about to find out what is really going on... !TW: THERE ARE LOTS OF SENSITIVE SUBJECTS DISCUSSED IN THIS BOOK SUCH AS ABUSE AND DEATH ETC PLEASE BE CAREFUL!
8 260 - In Serial41 Chapters
His little secret
Izuku has been acting weird lately, he has stopped hanging out with his friends, he is on his phone almost all the time, and he is even coming back to the dorms late. Read to find out what the class does about it and more!
8 164 - In Serial50 Chapters
broken walls // taeny
My walls have been building up for years. Now my heart is now protected from anyone who dares to claim it. Many tried, but eventually gave up in the end. Obviously by this mystery on why I am like this I have gained popularity. I only keep a few friends, I hate history repeating so I do not do anything out of the ordinary. But once, I see you smile and hear you laugh while clapping, my walls have collapsed. Why?(NOT edited or revised)WARNING: There is a use of profanity in this story. If you do not like swearing or profanity, please find a more innocent story where you are more satisfied. (No dirty thoughts intended, for this story will have no smut)
8 133 - In Serial22 Chapters
H1ghr High School
this is a rewrite of my most successful book on wattpad, AOMG high school.this book will be less of a mess and focus primarily on H1ghr Music artist and will (hopefully) be less overly dramatic aaaaaand make way more sense.
8 209 - In Serial4 Chapters
Stuck in the PizzaPlex /Disconnected/
Y/n was a 20 year old male who wasn't so good with the idea of a job. He would try and figure out some ways to get interviewed but they will decline him. His friends seen how frustrated he was so the decided to take him some where to get his mind of of Job Hunting, and what other place to go to then The PizzaPlex. But little did they know the good old Y/n was forgotten after hours when the place was closing.You are probably wondering how and when did they forget him? What was Y/n doing to be forgotten? Welp you will have to read and fined out.(Requested)
8 79

