《If you believe (Complete)》11
Advertisement
Unicode
Zawgyi
~~~~~~~
ဥက္ကာအတွက် ယူနဲ့တွေ့ရမယ်ဆိုလျှင်အမြဲတက်ကြွနေခဲ့သော်ငြား ယခုတစ်ခေါက်မှာတော့ လေးတိလေးကန်ဖြစ်နေခဲ့သည်။ ရင်ဝ၌အမည်မသိတဲ့အစိုင်အခဲကြီးတစ်ခုရှိနေသလို ကိုယ်သွားတိုင်းစိတ်ကမပါ။ ဝမ်းနည်းပြီးငိုချင်လာသော်ငြား နာကျင်မှုကိုဖုံးကွယ်ရင်း ဥက္ကာ ခပ်မဲ့မဲ့ပြုံး၏။
ယူက အထူးတလည်ပြင်ဆင်ထားတာကိုသဘောတွေ့ပုံ
မပေါ်တော့ ဥက္ကာ ဒီတစ်ခေါက်မပြင်ဆင်တော့ပင်။စိတ်ကမပါတော့တာဆိုပိုမှန်သည်။အပြာရင့်ရောင်ရှပ်လက်ရှည်နှင့် အနက်ရောင်ဘောင်းဘီရှည်က ယခုဖြစ်နေတဲ့ သူ့စိတ်ရဲ့အခြေနေအတိုင်း။ လေးလံထိုင်းမှိုင်းပြီး
ရှင်းလင်းထင်ရှားမှုမရှိ။
ဥက္ကာ ကားသော့ကိုဆွဲယူပြီးတဲအပြင်ကိုထွက်လိုက်သည့်အခါ Kနှင့်ကျန်ကိုယ်ရံတော်တချို့က သူ့ကားရှေ့ပိတ်ရပ်ထားနေသည်။ ဥက္ကာချက်ချင်းမျက်မှောင်ကြုတ်သွားသည်။
"မင်းအခုငါ့ကိုပုန်ကန်ဖို့ကြိုးစားနေတာလား K!''
"ကိုဥက္ကာ ဘယ်သွားမလို့ပါလဲ''
"ဘယ်သွားသွားငါ့ကိစ္စ အခုချက်ချင်းအကုန်ဖယ်''
ဥက္ကာကအမိန့်ဆန်ဆန်နဲ့ပြောနေပေမယ့် Kက ဖယ်မပေးသည့်အပြင် ဥက္ကာရှေ့ပါတိုးရပ်လာသည်။
"ကိုဥက္ကာချစ်သူနဲ့သွားတွေ့ဖို့မှတ်လား သတိထားပါ
ကိုဥက္ကာ သူကကိုဥက္ကာကိုနင်းချေမယ့်အကြီးမားဆုံးရန်သူပါ ရန်သူ့ဆီကကြင်နာမှုကိုမျှော်လင့်လို့မရတာ
ကိုဥက္ကာသိပါတယ် ဘယ်ပြောတတ်မလဲ ကိုဥက္ကာကိုဖမ်းဖို့တမင်ချဥ်းကပ်လာတာလည်းဖြစ်နိုင်တာပဲ''
"K!''
ဥက္ကာက Kရဲ့အင်္ကျီကော်လံနှစ်ဖက်ကိုလက်နှစ်ဖက်နှင့်ဒေါသတကြီးဆောင့်ဆွဲသည်။
"ငါ့ချစ်တဲ့သူကသိက္ခာရှိတဲ့သူ ဘယ်သောအခါမှသူများကိုချဥ်းကပ်မှာမဟုတ်ဘူး ငါ့ချစ်တဲ့သူကိုမဆင်မခြင်ပြောတာဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ ''
ဥက္ကာပြောပြီးKကိုဆောင့်တွန်းသည်။Kစောဒကမတက်ရဲတော့သလိုကျန်ကိုယ်ရံတော်တွေကလည်း ငြိမ်လျက်သားဖြစ်သွားသည်။ ဥက္ကာသည် ကားပေါ်ချက်ချင်းတက်ရင်း
ကားကိုအရှိန်နှင့်မောင်းထွက်သွားသည်။ သို့သော် စိုက်ခင်းတန်းထဲအရောက်တွင်ကားကို ဘရိတ်အုပ်ပစ်နေသည်။
ဥက္ကာသည် မျက်လုံးမှိတ်ရင်းသက်ပြင်းရှိုက်နေသည်။
ထို့နောက်မျက်လုံးကိုအသာမှိတ်ပြီး ချထားသောကားမှန်မှလက်ထုတ်ပြီး ဘိန်းပန်းတစ်ပွင့်ကိုချိုးယူနေသည်။
ပန်းလေးကပန်းနုရောင်ဖြစ်ပြီး လှတယ်ပြော၍ရသည်။
သို့ပေမယ့် ယူ မကြိုက်သည့်ပန်းဖို့ နံဘေးခုံပေါ်သာ
သူ စိတ်ပျက်လက်ပျက်နဲ့ပစ်ချလိုက်သည်။
လင်းဆယူ သူ့ကိုချိန်းသည့်နေရာက မနေ့က သူတို့ချစ်သူဖြစ်သွားသည့်နေရာလို့ယူဆ၍ရသည့်နေရာ။ လယ်ကွင်းစိမ်းနဲ့ ကုက္ကိုပင်ကြီးဟာ ဥက္ကာအတွက်ဒီတစ်သက်မေ့နိုင်မှာမဟုတ်တဲ့အမှတ်တရ။ ယူကချစ်တယ်မပြောရုံတမယ်
သူ့အချစ်ကိုလိုလားမှုရှိကြောင်းပြသခဲ့သဖြင့် သူနဲ့ယူဟာ
ချစ်သူဖြစ်ပြီလို့ပဲသူယူဆ၏။
သို့သော် ဒီနေ့မှာတော့ မနေ့ကနဲ့လားလားမျှမဆိုင်အောင်
အခြေနေကမိုးနဲ့မြေလိုကွာခြားသွားသည်။ မနေ့က ချစ်သူစဖြစ်ခဲ့ချိန်ကား မနက်၁၀၊ ယခုကား မနက်၇။
တစ်ရက်တောင်မပြည့်သေးတဲ့ချစ်သူသက်တမ်းမှာ
ဗြောင်းဆန်ကုန်သွားတဲ့ဘဝပေးကို စိတ်နာရမလိုလို။
ယူကသူရောက်နေတာသိသော်ငြား လှည့်မကြည့်။
ကုက္ကိုပင်အောက်ခါးထောက်ကာရပ်ရင်း လယ်ကွင်းကိုမျက်နှာမူထားသည်။ သူ့ကိုတော့တမင်ကျောခိုင်းထားသည်။ ယူက အပြင်သွားတိုင်းအရပ်ဝတ်လိုဝတ်တတ်တာအကျင့်ထင်ပါရဲ့။ ယခုလည်းအရပ်ဝတ်စုံနဲ့။
ဒါ့ကြောင့်မို့ သူမသိခဲ့တာလား။
"ရောက်တာကြာပြီလား ယူ''
အနားကိုသွားပြီးမေးလိုက်သည့်အခါမဖြေပေမယ့်ခေါင်းညိတ်သည်။ ခါတိုင်း လင်းဆယူမျက်နှာကိုသာ
ကြည့်နေတတ်တဲ့ဥက္ကာကလည်း ယခု ရောက်တတ်ရာရာကိုသာကြည့်နေသည်။ ပြောစရာစကားတွေများနေပေ
မယ့် နှစ်ဦးကြားမှာမျဥ်းနီခြားနေသလို ပြောမထွက်ခဲ့။
"ကျွန်တော် ယူ့ကိုပေးစရာရှိတယ် ယူ့ကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲအမြဲစဥ်းစားနေခဲ့တာ နောက်ဆုံးမှာကိုယ်တိုင်စိုက်တဲ့ပန်းကိုပဲပေးဖို့တွေးမိတော့တာ''
ဥက္ကာပြောရင်း သူ့ကျောနောက်မှဖွက်ထားသည့်အရာကို
ထုတ်လိုက်သည်။လင်းဆယူကလည်း ဖြည်းဖြည်းသာသာလှည့်ကြည့်လာသည်။ ဥက္ကာလက်ထဲကအရာမှာ သူအလာတုန်းကချိုးယူလိုက်တဲ့ဘိန်းပန်း။
လင်းဆယူကပန်းကိုတစ်ချက်သာကြည့်ပြီးမျက်နှာလွှဲသွားသည်။
"ငါအဲ့ဒီပန်းကိုရော အဲ့ဒီပန်းနဲ့သက်ဆိုင်သမျှအားလုံးကိုပါမုန်းတယ်''
လင်းဆယူဆီကဒီလိုကြားရတော့ ဥက္ကာက မသိမသာပြုံးပြီး ပန်းကိုမြေပေါ်ပစ်ချနေသည်။ထို့နောက်ပန်းကိုဖိနပ်ထိပ်နဲ့နင်းချေပစ်နေသည်။ လင်းဆယူကမူ ဥက္ကာဖိနပ်အောက်ကဘိန်းပန်းကိုတစ်ချက်ကြည့်ပြီး ဥက္ကာမျက်နှာကိုစိုက်ကြည့်လာသည်။
"ကမ္ဘာမှာပန်းတွေအများကို ဘာလို့ဒီပန်းမှလဲ?
နေရာအများကြီးမှာမှ ဘာလို့ငါတို့အုပ်ချုပ်ထဲပိုင်နက်ကိုလဲ?''
ဥက္ကာက လင်းဆယူမျက်နှာကိုမကြည့်ဘဲ ခေါင်းယမ်းပြီး
လယ်ကွင်းကိုတွေတွေလေးငေးနေသည်။
"ကျွန်တော်မသိဘူးယူ ကျွန်တော်ကဒီတိုင်းပေါ်လာသမျှလမ်းထဲလျှောက်လိုက်တာပါပဲ မိဘတွေဆီကစွန့်ပစ်ခံရတော့ ဂေဟာမှာမနေချင်တာနဲ့ ဦးလေးနောက်လိုက်လာလိုက်တာ ဦးလေးကိုဘာမလုပ်ဖို့ညာမလုပ်ဖို့လည်းပြောဖို့အခွင့်အရေးရှိတယ်မထင်လို့မပြောခဲ့ဘူး အရွယ်ရောက်တော့ ကျေးဇူးဆပ်မယ်ဆိုပြီးဆက်ခံလိုက်တာ ဒီနယ်မြေကိုရောက်လာတာ ငွေနောက်လိုက်လာတယ်ပြောရမှာပဲ
ပြန်စဥ်းစားကြည့်တော့ ကျွန်တော်ကအလွယ်လမ်းတွေကိုတမင်ရွေးလျှောက်ထားတာ ဒါကြောင့် ခလုတ်အကြီးကြီးနဲ့တွေ့တာထင်ပါရဲ့''
လင်းဆယူ သက်ပြင်းချပြီး ဥက္ကာဆီက မျက်နှာလွှဲပစ်ပြန်သည်။
"ဒါဆို မင်းဦးလေးကလည်းမင်းလိုပဲပေါ့ ''
"အင်း''
"ဦးနှောက်တွေကောင်းလိုက်ကြတာ"
လင်းဆယူက အားမလိုအားမရသလိုခံရခက်နေသလိုနှင့်
ခပ်မဲ့မဲ့ပြုံးပြီးပြောနေသည်။ ဥက္ကာဘာမှမချေပနိုင်။ သူ့မှာ ယူ ရှေ့ကအပြစ်သားတစ်ယောက်နဲ့မခြား။တကယ်လည်း သူကအပြစ်သားတစ်ယောက်ပဲ။
"ကောင်းပြီလေ အာလူးလေးကိုငါ့ဆီခေါ်လာလိုက်
ငါမွေးစားလိုက်မယ်''
"ယူ! ယူဘယ်လိုလုပ်စကားကိုလွယ်လွယ်နဲ့ပြောနိုင်ရတာလဲ အာလူးလေးကိုကျွန်တော်ကသားအရင်းလိုချစ်တာ
သံယောဇဥ်တစ်ခုကိုဒီလိုလွယ်လွယ်နဲ့ပြတ်တောက်နိုင်ပါ့
မလား ''
ဥက္ကာပထမဆုံးအကြိမ် ယူကိုစောဒကတက်မိသွားသည်။
လင်းဆယူကမူ အကြည့်တွေအသက်မဲ့နေရာကနေ ဥက္ကာကိုခပ်စူးစူးစိုက်ကြည့်လာသည်။
"မင်းတို့လောကထဲ အပြစ်ကင်းတဲ့ကလေးတစ်ယောက်ကိုရှိနေစေချင်တာလား ဦးနှောက်ရှိမယ်ထင်ခဲ့တာ
တကယ်တော့မဟုတ်ဘူးဘဲ ''
လင်းဆယူပြောသမျှကိုခေါင်းငုံ့ကာနာခံရင်း ဥက္ကာ
မျက်လွှာချထားသည်။ သူ့အဖြစ်ကိုယ်သူလည်းစိတ်ကုန်တော့ မျက်ရည်တစ်စက်ကသူ့ပါးပေါ်လှိမ့်ခနဲဆင်းကျလား၏။ ဥက္ကာက ကျလာသောမျက်ရည်ကို
ခပ်ဖြည်းဖြည်းသုတ်ရင်း သက်ပြင်းရှိုက်သည်။
"ဒါဆို ၁၀မိနစ်စောင့်ပေးပါ ယူ ကျွန်တော် အာလူးလေးကိုသွားပြန်ခေါ်လိုက်ဦးမယ်''
ဥက္ကာကအပြောနဲ့အညီကားပေါ်တက်ပြီး သူ့နေရာကိုချက်ချင်းပြန်သွားသည်။ ကြားအကွာအဝေးက မိနစ်၂၀မျှမောင်းရသော်ငြား သူကတော့ ၅မိနစ်နဲ့အမြန်မောင်းနေ၏။ သူပြန်ရောက်သည့်အချိန် အာလူးလေးကနိုးနေပြီး Kတို့နှင့်ကစားနေသည်။သူကားပေါ်ကဆင်းလာတာတွေ့တော့ သူ့အနားကိုလုံးလုံးနဲ့ပြေးလာနေ၏။
"Daddy ပြန်လာပြီ အာလူးလေးကိုချီ''
နှုတ်ခမ်းစူလျှက်လက်ဆန့်လာသောကလေးကိုသူပွေ့ချီလိုက်ပြီး ပါးနှစ်ဖက်ကိုနှာဖျားနစ်သည်အထိသူနမ်းလိုက်၏။ ကလေးကမူ သဘောကျ၍ တခ်ခ်ရယ်နေသည်။
"ဦးဦးဆီသွားချင်လား အာလူးလေး''
"ဟုတ် သွားချင်တယ်''
"ဒါဖြင့် သွားကြတာပေါ့''
အာလူးလေးကိုကားပေါ်တင်လိုက်သည့်အခါ နောက်နောင်ထပ်တွေ့ရဖို့နည်းတယ်ဆိုတဲ့အသိနဲ့ နောက်ထပ်မျက်ရည်တစ်စက်ကပါးပေါ်လှိမ့်ဆင်းလာပြန်သည်။ကလေးမြင်မှာစိုးသဖြင့်ဥက္ကာအမြန်သုတ်ပြီး ကားပေါ်တက်လိုက်သည်။
"ပြိုင်ကားစီကြမလား အာလူးလေး''
"စီးမယ် စီးမယ် ''
ကလေးကသဘောကျပြီးလက်ခုပ်တီးနေသည်။ ဥက္ကာစိတ်မပါပေမယ့် ဟန်ဆောင်ပြုံးပြီး ကားကိုအမြန်မောင်းလိုက်သည်။ လင်းဆယူကိုကတိပေးထားသည့်အတိုင်း
၁၀မိနစ်နဲ့ လင်းဆယူဆီကိုသူပြန်ရောက်သည်။ ကလေးပါ ပါလာတော့ ယူက ဒီတစ်ခေါက်ကျောပေးမနေ။
ရောက်လာသောသူ့ကားကိုအသေချာကြည့်နေသည်။
"အိုး ဦးဦး! Daddyတံခါးဖွင့်ပေး''
အာလူးလေးက ယူကိုမြင်သည်နှင့်ကားပေါ်ကဆင်းချင်နေသည်။ ဥက္ကာ အာလူးလေးကိုခပ်ငေးငေးလေးကြည့်မိသွားသည်။ သံယောဇဥ်တွေဘာတွေမသိသေးတဲ့ကလေးမို့ သူ့ကိုမေ့သွားမှာသူစိုးရိမ်သည်။သူတံခါးဖွင့်ပေးတော့
အာလူးလေးကချက်ချင်း ယူဆီပြေးသွားနေသည်။
"ဦးဦး''
လင်းဆယူသည် သူ့ဆီပြေးလာသောကလေးကိုတန်းပြီးပွေ့ချီသည်။ ကလေးကသူ့ကိုသဘောကျသည်မို့ သူ့လည်တိုင်မက သူ့ကိုယ်ကိုပါခြေထောက်သေးသေးနဲ့တွယ်ထားသည်။ လင်းဆယူသည် သူ့အားပြုံးပြနေသောကလေးကို ခပ်ဖွဖွပြန်ပြုံးပြရင်း ခေါင်းလုံးလုံးလေးကိုတစ်ချက်နမ်းရှိုက်သည်။
"ဦးဦးနဲ့လိုက်နေမလား အာလူးလေး''
"ဟင် ဒါဆို Daddyကရော''
"နောက်တွေ့လို့ရတယ်လေ ဦးဦးဆီမှာလိုက်နေရင်
လေယာဥ်ပျံတွေစီးရမယ် သင်္ဘောကြီးတွေလည်းစီးရမယ် ''
"ဟုတ်လား ဒါဆိုသွားမယ်လေ ဒါပေမဲ့ Daddyကိုရောခေါ်သွားလို့မရဘူးလားဟင်''
အာလူးလေးကပြောရင်း ဥက္ကာကိုငေးနေသည်။ဥက္ကာက
အဝေးတစ်နေရာမှာသူတို့ကိုကျောခိုင်းလျက်ရပ်နေတာ။
"အရင်ဆုံးကားပေါ်တက်ရအောင် အာလူးလေး
အာလူးလေးDaddyကိုတော့ ဦးဦးချော့ပြောလိုက်မယ်လေ''
Advertisement
"ဟုတ် ရအောင်ပြောပေးရမယ်နော် ဦးဦး''
မျက်နှာလေးလန်းဆန်းလာတဲ့ကလေးကို လင်းဆယူ ပြုံးပြပြီး ကားထဲအရင်ဝင်စေလိုက်သည်။ကလေးအတွက်ကားတံခါးကိုပိတ်လိုက်ပြီးသည့်အခါ လင်းဆယူက ခေါင်းငုံ့ပြီး သက်ပြင်းချသည်။ ထို့နောက် တမင်အဝေးတွင်ရပ်နေသောဥက္ကာဆီ သူလျှောက်သွားလိုက်သည်။
"ကလေးအတွက်စိတ်မပူနဲ့ မင်းရောငါရောမနေဖူးတဲ့
အခွင့်ထူးခံကလေးတစ်ယောက်အနေနဲ့နေရလိမ့်မယ် ''
"အင်း ကြားထဲကျွန်တော်အဆက်အသွယ်လုပ်လို့ရလား''
"မရဘူး မင်းအရှုပ်တွေရှင်းတဲ့နေ့ကျမှဆက်သွယ်
တကယ်လို့မင်းမလုပ်နိုင်ရင်အာလူးလေးကိုတစ်သက်လုံးရှုံးဆုံးရမယ်ဆိုတာသိထားပါ''
ဥက္ကာပြန်မဖြေ။ ကျောခိုင်းလျက်သားဖြင့်ခေါင်းညိတ်သည်။
"ဒီကြားထဲဆက်သွယ်ဖြစ်မယ် ဖုန်းကိုအနားမှာအမြဲထား''
ဥက္ကာက ထပ်ပြီးခေါင်းညိတ်သည်။ သူ့နားကခြေသံတွေအဝေးကိုပြန်ရောက်မှ သူက မျက်ရည်ကိုသုတ်ပြီးစိတ်ကိုတင်းထားနေသည်။ ဒီနေ့ကျမှ မျက်ရည်တွေလွယ်လိုက်တာ။
ကားစက်နှိုးသံကြားသဖြင့် ဥက္ကာလှည့်ကြည့်လိုက်၏။
ကားမှန်ချထားတာကြောင့်အာလူးလေးကိုသူမြင်ရသည်။
အာလူးလေးကခေါင်းပြူးထွက်ပြီးသူ့ကိုလက်ယမ်းပြနေသည်။
"တာ့တာ Daddy လိုက်လာရမယ်နော်
အာလူးလေးစောင့်နေမှာ''
မျှော်လင့်နေသည့်အကြည့်အသံနှင့်ပြောနေသောကလေးစိတ်အားမငယ်ရအောင် ဥက္ကာ အတတ်နိုင်ဆုံးပြုံးပြလိုက်ပါသည်။ ယူကတော့ သူ့ကိုတစ်စက်မှကြည့်မသွား။
ထွက်သွားသော ကားကိုငေးရင်း ရင်ထဲဟာတာတာဖြစ်နေရသည်။
ဒီအခြေနေကိုသူဘယ်လိုခေါင်းစဥ်တပ်သင့်သလဲ?
ယူ့ကိုသွေးအေးရက်စက်တဲ့လူသားဆိုပြီးမှတ်ချက်ပေးရ
မလား။ ဥက္ကာကပဲ ဦးနှောက်မရှိတဲ့ငတုံးငအ အဖြစ်
ခံယူလိုက်ရမလား။ နောက်ဆုံးမှာ အဖြေတစ်ခုထွက်လာပါသည်။ ယူ့ကိုဆိုမိုးမမြင်လေမမြင်ဖြစ်နေတဲ့ ဥက္ကာအတွက် ယူအခုလိုလုပ်တာဟာ သူ့ကိုချစ်လို့ဟုပဲမှတ်ယူလိုက်ပါသည်။
~~~~~
ဥက္ကာ ပြန်ရောက်သည့်အခါ ကိုယ်ရံတော်တွေကသူ့ကိုပြူးပြဲကာကြည့်နေသည်။သူသိသည်။ဘာကြောင့်ကြည့်ကြသလဲဆိုတာ ။ အာလူးလေးပြန်ပါမလာတာက
တစ်ကြောင်း ငိုထားတဲ့မျက်နှာနဲ့ကတစ်ကြောင်းမို့။
"အာလူးလေးကိုဘယ်မှာထားခဲ့တာပါလဲ ကိုဥက္ကာ''
ဥက္ကာကအနားကပ်ကာမေးလာသောKကိုလှည့်မကြည့်။
သူ့တဲထဲကိုသာဦးတည်နေသည်။ Kကလည်းအလျှော့
မပေး။ ဥက္ကာနောက်လိုက်ပါနေ၏။
"ကိုဥက္ကာ အာလူးလေးကိုဘယ်မှာထားခဲ့တာလဲဗျ''
ဥက္ကာက မဖြေပြန်။ သူက အဝတ်တန်းတွင်နေရာအပြည့်ယူထားသော အာလူးလေးရဲ့ဝတ်စုံတွေကိုလွမ်းဆွေးကာကြည့်နေသည်။ အမြဲလိုအနားကပ်ပြီးတီတီတာတာပြောနေတတ်တဲ့ကလေးမို့ သူ့မှာသံယောဇဥ်တွေတစ်ရက်ထက်တစ်ရက်ပို ပိုလာခဲ့သည်။ ယူအခုလိုလုပ်တာဟာ
အာလူးလေးရဲ့ရှေ့ရေးအတွက်ဆိုပေမယ့် ဝမ်းနည်းတာကိုတော့ ဥက္ကာမငြင်းဆန်နိုင်။ အရင်ကများ အားငယ်စိတ်ဝင်လာတိုင်း အာလူးလေးကိုထွေးဖက်ရင်းဖြင့်သူစိတ်သက်သာရာရခဲ့တာ။ အပြင်ကပြန်လာချိန်ပြေးကြိုနေတဲ့ကလေးကြောင့် အမောတွေအမြဲပြေခဲ့ရတာ။
"K''
"ဟုတ်ကဲ့ ကိုဥက္ကာ ''
"မိုင်းတွေကိုအကုန်ပြန်ထုတ်လိုက်ပါ တစ်လုံးမှမကျန်စေနဲ့''
"ဗျာ ဘာလို့လဲကိုဥက္ကာ''
"ယူတက်နင်းမိလို့ခြေထောက်ပြတ်သွားရင်ဘယ်လိုလုပ်
မလဲ ထုတ်ဆိုထုတ်လိုက် ငါနားချင်ပြီ ထွက်သွားပေး''
ဥက္ကာက စကားကို စိတ်မနှံ့တဲ့အရူးတစ်ယောက်လိုပြောနေသည်။ နားချင်တယ်သာပြောတာ လှန်းထားတဲ့
အာလူးလေးရဲ့အဝတ်တွေကိုတယုတယသိမ်းနေသည်။
အနံ့ကိုပါရှူနေသေးသည့်အပြင် အာလူးလေးရဲ့အဝတ်တွေကို အရုပ်ပိုက်သလို ရင်ခွင်ထဲယုယုယယထွေးဖက်ထားသည်။
Kသည် ခေါင်းဆောင်ဖြစ်သူရဲ့ပုံစံကိုကြည့်ပြီးနောက်တွင်
တဲအပြင်ကိုအလျင်အမြန်ပြန်ထွက်ခွာသည်။ကိုယ်ရံတော်ခေါင်းဆောင်လည်းဖြစ်တော့ ကိုယ်ရံတော်တွေကသူ့နားဝိုင်းလာကုန်၏။
"ဘာဖြစ်တာလဲ K''
"ကိုဥက္ကာကမိုင်းတွေအကုန်ပြန်ထုတ်လိုက်တဲ့''
"ဟင်!''
အားလုံးဆီက အာမေဍိတ်သံပြိုင်ထွက်လာသည်။
ထိုမိုင်းတွေကြောင့် သူတို့စိတ်သက်သာရာရခဲ့တာ။
မိုင်းတွေကသူတို့ရဲ့စစ်ကူဆိုမမှား။ ယခုလိုပြန်ထုတ်ဖို့
အမိန့်ကျလာတော့ အယောက်တိုင်းလိုလို စိတ်ပျက်ကုန်ကြ၏။
"ကိုဥက္ကာကအချစ်ကြောင့်ဘာမှမမြင်တော့တာ ဟင်းး
မိန်းမတွေဒီလောက်ပေါတာကိုဘာလို့ယောက်ျားလေးကိုမှလဲ အဲ့ဒီယောက်ျားလေးကလည်းသွေးအေးတဲ့နေရာမှာ
နှစ်ယောက်မရှိတဲ့လူ ကိုဥက္ကာဗိုလ်လင်းဆီမှာလက်မြောက်အရှုံးမပေးခင်ကျွန်တော်တို့တစ်ခုခုလုပ်သင့်ပြီ ကိုK''
ဒီကနယ်ခံကိုယ်ရံတော်ရဲ့စကားကို Kက ခေါင်းညိတ်ပြီးထောက်ခံသည်။
"အင်း ကိုဥက္ကာအမြင်မှန်ရလာအောင်ငါတို့လုပ်ရမယ်
ကိုဥက္ကာကိုဘာအကြောင်းကြောင့်နဲ့မှအရှုံးဆုံးမခံနိုင်ဘူး
အသက်ပဲစတေးရစတေးရငါအကုန်လုပ်မယ်''
ဥက္ကာက သူတို့ယခုဖြစ်နေတာတွေကို ဦးဉာဏ်ဆီလုံးဝတင်မပြဖို့အတိအလင်းရာဇသံပေးထားတာကြောင့် သူတို့အခုထိမြို့ကိုသတင်းမပေးရသေး။ ငြိမ်ခံနေလို့ပဲ
အာလူးလေးကိုသူတို့ဆုံးရှုံးသွားရတာ။ K ဒီတစ်ခေါက်
ကိုယ်တိုင်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်တော့သည်။
လူနှစ်ဦးကြား သူ မဝင်ကောင်းမှန်းသူသိသည်။သို့သော်
သူလုပ်မှရမည်။နှလုံးသားအတွက်ရော ဥက္ကာရဲ့ရှေ့ရေးအတွက်ပါ!
"မင်းငါ့ကိုကူညီရမှာရှိတယ်''
Kက နယ်ခံကိုယ်ရံတော်အနားကပ်ရင်း စကားကိုတီးတိုးပြောနေသည်။နယ်ခံကိုယ်ရံတော်ကလည်းခေါင်း
တညိတ်ညိတ်နဲ့အမိန့်နာခံနေသည်။
ဥက္ကာသည်ကား အာလူးလေးအဝတ်တွေကို အမွှေးရည်ဖြန်းပြီးကိုယ်တိုင်မီးပူတိုက်နေသည်။ ယူက အရှုပ်တွေကိုမရှင်းနိုင်လျှင်အာလူးလေးရှေ့တစ်သက်ပေါ်မလာဖို့ပြောထားတော့ ယခုနေ ဥက္ကာအာရုံထဲအာလူးလေးသာရှိနေ၏။ နေ့စဥ် ကိုယ်တိုင်ဝတ်ပေးနေကျအဝတ်နူးနူးညံ့ညံ့ကလေးတွေကို ယုယုယယသိမ်းခေါက်ရင်း ဥက္ကာမျက်ရည်ကြားမှပြုံးနေသည်။
သိစိတ်က အောင်မြင် အောင်လုပ်မယ်စိတ်ကူးပေမယ့်
မသိစိတ်ကတော့ ကျဆုံးမှာကြောက်နေသည်။
ယခုနေ သူဟာ သူရဲဘောင်ကြောင်နေတဲ့ကောင်သာသာပါပဲ။
~~~~~
📩 တွေ့နေကျဆိုင်ကိုနာရီဝက်အတွင်းလာခဲ့
ဒီနေ့အာလူးလေးကို ငါ့ညီလာခေါ်လိမ့်မယ်📩
ဥက္ကာ နိုးနိုးချင်းလင်းဆယူဆီကရလိုက်သည့်စာဖြစ်သည်။ အာလူးလေးကိုခေါ်သွားတဲ့ရက်မှာတင် ယူက
သြဇီကသူ့ညီဆီ အာလူးလေးကိုပို့မည့်အကြောင်းစာပို့လာသည်။ ဒီနေ့က ယူ အာလူးလေးကိုခေါ်သွားတာ၃ရက်မြှောက်နေ့။ ကလေးက ဒီနေ့မှာပဲ နိုင်ငံခြားထွက်ခွာမှာမို့တွေ့နိုင်ရအောင်ဥက္ကာအမြန်ထပြီး ရေမိုးချိုးလိုက်သည်။
ပြီးနောက် အာလူးလေးသဘောကျသည့် ကြက်သွေးရင့်ရောင်ဝတ်စုံကို နက်တိုင်မပါဘဲ သူတမင်ရွေးဝတ်သည်။
နာရီကား အာလူးလေးကြိုက်သည့်ရွှေဖြူ brandedနာရီ။ ရေမွှေးကအစ အာလူးလေးနှစ်သက်
သည့် ရနံ့ကိုပဲသူရွေးချယ်၏။
သူမြန်နိုင်သမျှမြန်နေသော်လည်း ကားပေါ်ရောက်မှဖုန်းကျန်ခဲ့တာသိရသဖြင့် သူပြေးယူရသည်။ ပြန်အလှည့်မှာပြေးလွှားနေတော့ ညာဘက်ဒူးခေါင်းက လမ်းဘေးကသစ်ငုတ်နဲ့တိုက်မိသွားသဖြင့် ဥက္ကာ ဒူးခေါင်းကိုပွတ်ရင်း မျက်နှာမဲ့သွား၏။ နာတာထက်အောင့်နေတာမှအသည်းခိုက်အောင်။
ထို့နောက် ယူချိန်းထားသည့်နေရာကိုသူအမြန်ဆုံးသွားလိုက်သည်။သို့သော် ဆိုင်ကလွဲဘာဆိုဘာမှမတွေ့။
ဖုန်းဆက်မေးဖို့အပြုမှာပင် မက်ဆေ့ဝင်လာသဖြင့် သူဝင်ဖတ်လိုက်၏။ ယူက သူ့ကိုနောက်ထပ်တစ်နေရာချိန်းဆိုနေခြင်း။နေရာက လေယာဥ်ကွင်းဖြစ်တာကြောင့် ဥက္ကာ
နောက်ထပ်ကြာကြာထပ်သွားလိုက်ရသည်။
ရောက်သည့်အချိန် ကားအဝင်မှာတင် ယူ့ကိုတွေ့ရသဖြင့်
ဥက္ကာ ကားကိုရပ်ပြီးအမြန်ဆင်းချနေသည်။ ယူ့က ခါးထောက်ရင်း သူ့ကို ခပ်မဲ့မဲ့ပြုံးကာကြည့်နေသည်။
"အာလူးလေးရော ယူ''
စိုးရိမ်တကြီးမေးနေတဲ့ဥက္ကာနဲ့လားလားမျှမတူသည့် ယူသည်ကား ကောင်းကင်ကိုခပ်ပေါ့ပေါ့လေးသာ လက်ညှိုး
ထောင်၍ထိုးပြသည်။ ဥက္ကာမော့ကြည့်တော့ ထွက်သွားတာမိနစ်ပိုင်းလောက်ပဲရှိသေးတဲ့ လေယာဥ်တစ်စင်းကိုတွေ့ရသည်။
"ဒါ ဒါကဘယ်လိုဖြစ်လို့ ယူပြောတော့ကျွန်တော်လာတဲ့အထိစောင့်မယ်ဆို''
"မပြောမိပါဘူး ''
လင်းဆယူ က ပြတ်ပြတ်သားသားချေပတာကြောင့်
ဥက္ကာလေပြင်းတစ်ချက်ရှူထုတ်ရင်းခါးထောက်မိသွားသည်။
"ကျွန်တော်လာတဲ့အထိစောင့်သင့်တယ်မဟုတ်လား ယူ''
"ကျစ်! အဲ့ဒါထား ငါပြောမှာအရင်နားထောင်
အခုအာလူးလေးမရှိတော့ဘူးဆိုတော့ငါတို့လည်းထပ်ပြီးဆက်သွယ်စရာမလိုတော့ဘူး ''
"ယူ အဲဲ့ဒါဘာသဘောလဲ''
"ငါတို့နှစ်ယောက်ကရန်သူတွေဆိုတာသိထား ဥက္ကာ
မင်းတခြားကိစ္စကြောင့်ပေါက်ကွဲမနေဘဲလာမယ့်မင်းအနာဂတ်ကိုသာစိတ်ပူလိုက် သိခဲ့ဖူးတာကိုထောက်ပြီးမင်းကိုအကြံပေးလိုက်မယ် အထိမနာချင်ရင်မင်းရောမင်းလူတွေရောအကုန်လက်နက်ချဖို့ပြင်ပါ မဟုတ်ရင်တော့
ငါ့အဆိုးမဟုတ်ဘူးနော်''
ချစ်ခဲ့ဖူးတာကိုမှမထောက် အေးအေးလူလူပြောနေနိုင်သောလင်းဆယူကို ဥက္ကာအသက်မဲ့စွာကြောင်တောင်တောင်နဲ့ကြည့်နေသည်။ ကိုယ့်အချစ်ကိုတမင်များကစားခဲ့လေသလား။ အသည်းနှလုံးမရှိလိုက်တာဟုတောင် သူမပြောနိုင်တော့။
"လက်နက်မချရင်ယူကျွန်တော့်ကိုတကယ်သတ်မယ်ပေါ့ ဟုတ်လား ယူ''
ဥက္ကာကတုန်ယင်နေတဲ့အသံနဲ့မေးသည်။ လင်းဆယူရဲ့အေးစက်စက်အမူအရာတွေကသူ့အသည်းကိုဆွဲနုတ်သွားတာကြောင့် ခံပြင်းရင်းမျက်ရည်ကျလာသည်။
လင်းဆယူသည်ကား မျက်လွှာချပြီး ဥက္ကာအနားထပ်တိုးလာသည်။
"တာဝန်ကရွေးချယ်လို့မရဘူးဥက္ကာ ငါ့ကိုမင်းသိတဲ့
လင်းဆယူမဟုတ်ဘဲ မင်းစုံစမ်းနေတဲ့ဗိုလ်လင်းဆိုတာသိထားပါ ငါ့အကြောင်းတွေစုံစမ်းနေခဲ့တာမှတ်လား ဒရုန်းကမှတ်တမ်းမှာ တစ်ယောက်ယောက်ရဲ့စားပွဲပေါ်ငါ့ပုံတွေငါ့အကြောင်းတွေတွေ့ခဲ့ရပါတယ် မင်းသိထားတဲ့အတိုင်း
ငါက အခုဗိုလ်လင်းပဲ စစ်မြေပြင်မှာတွေ့ကြတာပေါ့''
လင်းဆယူကပြောပြီး ဥက္ကာကိုခပ်ပြတ်ပြတ်ကျောခိုင်းသွားသည်။ဥက္ကာသည်ကား လက်သီးခပ်ကျစ်ကျစ်ဆုပ်မိသွားသည်။ သူ့မှာ လင်းဆယူ မိုင်းနင်းမိမှာစိုးသဖြင့်
မိုင်းတွေအကုန်ရှင်းလင်းခဲ့ရတဲ့အထိ။ အာလူးလေးကိုလည်း အသာတကြည်ထည့်ပေးခဲ့သေးတာ။ ဒီလောက်ထိအလျှော့ပေးထားတာကို အနိုင်ယူသေးသဖြင့် ဥက္ကာခံပြင်းသွားသည်။ ချစ်ခဲ့မိတဲ့သူ့နှလုံးသားကိုဓားနဲ့ခွဲထုတ်ချင်တဲ့အထိ။
"ခင်ဗျားဘာလို့အသည်းနှလုံးမရှိရတာလဲ လင်းဆယူ!''
ဥက္ကာသည် ထွက်သွားသောလင်းဆယူကိုဆောင့်ဆွဲပြီး
ကားတွင်ဖိကပ်ထားသည်။ သူက လင်းဆယူမျက်ဝန်းတွေကိုခပ်စူးစူးကြည့်နေသလို လင်းဆယူလက်မောင်း
နှစ်ဖက်ကိုလည်း ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။
လင်းဆယူကတော့ တုန်လှုပ်မှုမရှိ။သူက မျက်ခုံး
တစ်ချက်ပင့်ရင်း သူ့မှာပါလာသည့်သေနတ်ကိုထုတ်ပြီး
ဥက္ကာ ဝမ်းဗိုက်ကိုထောက်လိုက်သည်။
"မင်းအခုနေအူမထွက်ချင်ရင်ငါ့ကိုလွှတ်!''
လင်းဆယူက အံကြိတ်သံနဲ့ပြောသည်။ ဥက္ကာ
လက်နှစ်ဖက်ကိုအလိုလိုမြောက်လျက်သားဖြစ်သွားသည်။ ဥက္ကာသည် လင်းဆယူကိုမျက်ရည်များကြားမှ
အေးစက်စက်ကြည့်ပြီး မဲ့ပြုံးသွားသည်။
"သတင်းတွေအတိုင်းအသည်းနှလုံးမရှိဘူးဘဲ ခင်ဗျားကိုချစ်ခဲ့တာသမျှပြန်ရုတ်သိမ်းတယ် စစ်မြေပြင်မှာတွေ့ကြတာပေါ့ ကျွန်တော်လုံးဝလက်နက်မချပါဘူး ခင်ဗျားတောင်လုပ်နိုင်သေးရင် ကျွန်တော်ကဘာကြောင့်မလုပ်နိုင်ရမှာလဲ''
.
Greenleaf 🌿
ကဲ ခန့်မှန်းကြမယ် ယခုယူနဲ့ဥက္ကာ စစ်မြေပြင်မှာတွေ့ဖို့ဆုံးဖြတ်တာဟာ တစ်စုံတစ်ယောက်ရဲ့အိပ်မက်ထဲက
အိပ်မက်လေးပဲဖြစ်နေမလား
အပြင်မှာတကယ်ဖြစ်နေသလား
လင်းဆယူက ဂုဏ်တွေရာထူးတွေသိက္ခာတွေကိုပိုမက်မောလို့ ဥက္ကာကိုစွန့်လွှတ်ဖို့ကြိုးစားနေသလား
တာဝန်အရလား မဟုတ်လည်းတမင်အကြောင်းရှိလို့ဥက္ကာမုန်းသွားအောင်လုပ်နေတာလား ခန့်မှန်းကြည့်ကြပေါ့နော်
အပျော်သဘောပေါ့
များသွားရင် ကန်တော့မာမား🙏😹
_______________________________
Unicode
Zawgyi
~~~~~~~
"K!''
"ရောက်တာကြာပြီလား ယူ''
Advertisement
- In Serial8 Chapters
Building the Star Forge Empire
The universe is at war. Terrans (human invaders) have ravaged most of the universe in their continuous pursuit of growth and dominance. the other races have united, however the Orilion Union has suffered defeat after defeat. A small band of desperate people discover a useless hunk of metal. What is this Star Forge? Is it their last hope?
8 128 - In Serial13 Chapters
Quantum Thief
Jason Viler had never been much of a busy body. He has never been blessed with an awakening or even had much of a drive, really. After finally having enough of his antics his family kicked the NEET out at 22. Fueled by the indignity of having to restart life without all of his favorite possessions he awakens his long dormant super power and seizes his treasures to start his new life, along with a few things for the road, naturally. I will try to keep a consistent schedule, but may lose internet connection unpredictably.
8 279 - In Serial6 Chapters
Unfinished Works
A list of my unfinished stories and stuff. I might work on them in the future, but atm I have no intention to.
8 223 - In Serial33 Chapters
One piece My story
Dexter, a guy with no family decided to set sail to find the one piece. follow him through events you know, or my creations.+15 for minor gore(You can help me do this story by writing your ideas in the comments, don't hesitate JUST DO IT AND MAKE YOUR DREAMS COME TRUE ! )
8 110 - In Serial111 Chapters
Queen of the Night (Witchfire 1)
Chance Nightshade, daughter of the Melbourne City Alpha, will avenge her brother's murder at any cost. Even if it means working with a charming vampire prince. *****Cursed with yellow eyes and the ability to tell truth from lies, Chance Nightshade is used to confronting the uncomfortable reality of things. But when a death in the family snowballs into a shadow war between werewolves and vampires, Chance finds herself torn between protecting her pack and working with a charming vampire prince to solve her brother's murder. Can she prevent the destruction of everything she holds dear by putting her faith in her enemy? Or will she be forced to save herself and her people by taking up her father's mantle as Alpha...whether he's willing to step down or not?[[word count: 90,000-100,000 words]][If you enjoy this story, please consider supporting my work by leaving a review on Goodreads!][Queen of the Night is Book 1 in the Witchfire Series, followed by King of the Mountain and Legion of the Lost]Cover designed by Stefanie Saw
8 197 - In Serial72 Chapters
Vikings, Mini Drabbles
Bite size little Vikings fics, modern Au, Athor fics.
8 301