《If you believe (Complete)》12
Advertisement
Unicode
Zawgyi
~~~~~~
ဥက္ကာ အိပ်မက်ကလန့်ဖျပ်ကာနိုးလာသည်။ တုန်လှုပ်ခြင်းကြောင့်သူ့မှာချွေးတွေပြန်နေ၏။ စိတ်ကိုငြိမ်အောင်ထိန်းဖို့ သူမျက်လုံးကိုအကြာကြီးမှိတ်ထားပြီးအသက်ကို
ပြင်းပြင်းရှူနေသည်။ထို့နောက် အိပ်မက်ဟုတ်မဟုတ်မျက်လုံးကိုအသာဖွင့်ကြည့်သည်။ အိပ်မက်ဖြစ်နေမှန်းသိမှ ဥက္ကာစိတ်ချလက်ချနဲ့သက်ပြင်းချနိုင်တော့၏။
နာရီကြည့်ဖို့ဘေးကဖုန်းကကောက်ယူတော့ မက်ဆေ့
တစ်စောင်ဝင်ထားတာသူတွေ့လိုက်သည်။
📩 တွေ့နေကျဆိုင်ကိုနာရီဝက်အတွင်းလာခဲ့
ဒီနေ့အာလူးလေးကို ငါ့ညီလာခေါ်လိမ့်မယ်📩
စာကအိပ်မက်ထဲကအတိုင်းထပ်တူကျနေသဖြင့် ဥက္ကာ
လန့်သွားသည်။ဒီနေ့ကလည်း အာလူးလေးနဲ့ခွဲအိပ်ရတာသုံးရက်မြှောက်ရှိသွားသည့်နေ့။ ဘာလို့အိပ်မက်နဲ့တိုက်ဆိုင်နေရတာလဲ။ သို့သော် အာလူးလေးနဲ့နောက်ဆုံးတွေ့ချင်သေးတာကြောင့် ဥက္ကာအမြန်ရေမိုးချိုးဖို့လုပ်လိုက်သည်။
ရေမိုးချိုးပြီးလို့အဝတ်အစားပါအကုန်ဝတ်ပြီးအပြင်သွားဖို့ပါအဆင်သင့်ဖြစ်နေသည့်နောက်တွင် ဥက္ကာတုတ်တုတ်မျှမလှုပ်ဘဲဖြစ်သွားသည်။ သူ့ကိုယ်သူပြန်ငုံ့ကြည့်သည့်အခါ သူပြင်ဆင်ထားပုံအားလုံးက အိပ်မက်ထဲကအတိုင်းဖြစ်နေ၏။ မသိစိတ်ကဘယ်လိုပြင်ဆင်ခဲ့သလဲတောင်သူမမှတ်မိနိုင်တော့။
စိတ်ကိုတင်းရင်းသူကားပေါ်ရောက်သွားခဲ့သည်။သို့သော်ဖုန်းကကျန်ခဲ့သည်။ အိပ်မက်အတိုင်းသူပြေးယူနေရရုံမက ဒူးခေါင်းဒဏ်ရာရသွားတာကပါ ထပ်တူဖြစ်နေသည်။ ကြာတော့ဥက္ကာစိုးထိတ်လာသည်။ ဘာကြောင့်ဒီလောက်တိုက်ဆိုင်နေရသနည်း။
သို့သော် အာလူးလေးကိုတွေ့ချင်စိတ်၊ ယူကိုယုံကြည်စိတ်တို့ကြောင့် ဥက္ကာထပ်သွားလိုက်သည်။ နောက်ထပ်အဖြစ်တစ်ခုက အိပ်မက်အတိုင်းဖြစ်နေပြန်သည်။ ချိန်းထား
သည့်ဆိုင်တွင်ယူကိုသူမတွေ့ရ။ဖုန်းဆက်မယ်အပြု
မက်ဆေ့ဝင်လာသည်။ ယူက သူ့ကိုအနီးနားမှာမရှိသည့်လေယာဥ်ကွင်းကိုလာဖို့ပြောနေခြင်း။
အရာအားလုံးဟာအိပ်မက်အတိုင်းဖြစ်နေသည့်နောက်မှာတော့ ဥက္ကာ ထပ်ပြီးရှေ့ဆက်မတိုးရဲတော့။သူရဲဘောကြောင်တယ်ပြောပြော ယူနဲ့ စစ်ဖြစ်ဖို့ သူ့ပါးစပ်ကပြောမယ့်အစား သူရဲဘောကြောင်နဲ့ကောင်အဖြစ်နဲ့ပဲသူနေလိုက်မည်။ ဥက္ကာ လက်ကနာရီကိုမြောက်ကြည့်သည်။အိပ်မက်ထဲကအချိန်နဲ့ကွက်တိဖြစ်နေသည်။
ဥက္ကာဟက်ခနဲတစ်ချက်မော့ရယ်သည်။ထို့နောက်ပြန်တည်သွားသည်။မကြာလိုက် အကျယ်ကြီးထအော်ပြီး
ကားကိုပိတ်ထိုးနေ၏။
ရွေးချယ်လို့ရလျှင် ထိုအိပ်မက်ကိုမမက်ဖို့ဘဲသူရွေးချယ်မည်။ ဒါမှ ယူကိုရောအာလူးလေးကိုပါသူတွေ့နိုင်မှာ။
ယခုမှာတော့ အိပ်မက်ကသတိပေးနေသဖြင့် ဥက္ကာ
ဒီလောက်နဲ့ရပ်တန့်လိုက်ပါသည်။ ရှေ့ဆက်ဖို့ရာအားမရှိတော့သလို သူ့အသည်းကလည်းတစ်စစီကြေမွနေပြီ။
~~~~
လင်းဆယူ အာလူးလေးနဲ့အတူ လေယာဥ်ကွင်းအနီးကိုရောက်နေသည်။ အစတုန်းက ဥက္ကာရောက်လာမှအတူထွက်လာဖို့ဆုံးဖြတ်ခဲ့တာ။ လင်းကစ်တို့ရောက်နေပြီဆိုသောကြောင့် သူအရင်လာလိုက်ရခြင်း။ လင်းကစ်က
လေယာဥ်ကွင်းနံဘေးက အဆင်မြင့်ကဖေးဆိုင်မှာသူ့ကိုစောင့်နေတာ။ လိပ်စာအတိအကျရထားတာကြောင့်
လင်းဆယူ ကားကိုပါကင်ထိုးပြီးသည့်အခါ ကားပေါ်ကဆင်းပြီးအာလူးလေးကိုပွေ့ချီလိုက်သည်။
"ဖိုးလင်း''
လူကြားထဲဗိုလ်လင်းဟုမခေါ်ဖို့သူပြောထားတော့
လင်းကစ်က ပါးဒို့(နောင့်အဖေ ညွှန်ချုပ်ကြီး)ခေါ်သည့်အတိုင်းခေါ်နေသည်။ သူ့ကိုလက်ပြလာတော့ သူခေါင်းညိတ်ပြလိုက်သည်။
"Hi''
"Hi''
လင်းကစ်နံဘေးက Challyက သူ့ကိုနှုတ်ဆက်တော့သူလည်းပြန်နှုတ်ဆက်သည်။ လင်းကစ် ငယ်ငယ်လေးနဲ့အချစ်ကိုရှာတွေ့တာသူမယုံနိုင်သေး။ အာလူးလေးကမူ
Challyရဲ့ဆံပင်ရှည်တွေကိုငေးနေ၏။
"ဝိုးး ဆံပင်ကအရှည်ကြီးပဲ''
ကလေးက မျက်လုံးလေးပြူးလျက်တအံ့တသြပြောသည့်အခါ သုံးယောက်သားပြုံးမိသွားသည်။
"Do you like that Baby? "
Challyက ခါးကိုင်းလျက်အာလူးလေးကိုမေးနေသည်။
ကလေးကနားမလည်ပေမယ့် ယောင်ကန်းကန်းနဲ့ခေါင်းညိတ်၏။ Challyကချီဖို့လုပ်တော့ Challyဆီ အသာတကြည်ကူးပြောင်းသွားသည်။
"ခဏတော့စကားတွေအပေါက်အလမ်းတည့်ဦးမှာမဟုတ်ဘူး''
လင်းကစ်က Challyနဲ့ကလေးကိုကြည့်ရင်းပြောနေသည်။မှာထားတဲ့မုန့်တွေများသော်ငြား ကလေးကအာရုံမရ။ Challyဆံပင်ရှည်ကိုသာ စိတ်ဝင်တစားဖြစ်နေ၏။
"ဒါနဲ့ ကလေးအဖေကရော''
လင်းကစ်ကမေးလာတော့ လင်းဆယူ နာရီကိုငုံ့ကြည့်မိသွားသည်။ ခန့်မှန်းချိန်ကတော့ဥက္ကာရောက်ခါနီးချိန်ပင်။
"ခဏနေ ရောက်မယ်ထင်တယ်''
လင်းကစ်ကခေါင်းညိတ်သည်။ ဥက္ကာနဲ့ပတ်သက်လို့
လင်းကစ်တို့ကို လင်းဆယူဘာမှထွေထွေထူးထူးမပြော။
ကိစ္စအရပ်ရပ်ကြောင်းကလေးကိုအနားခေါ်ထားဖို့မဖြစ်နိုင်ကြောင်းဘဲသူပြောခဲ့သည်။ ဒါသူ့ဘဝမှာ လူရင်းတွေကိုပထမဆုံးလိမ်ဖူးတာပါပဲ။
နောင်နဲ့ဇွဲသက်တန့်ကိုလည်းသူချိန်းဆိုထားသည်။
ရောက်ပြီလားသိချင်သဖြင့် ဆိုင်ပြင်ကိုကြည့်လိုက်စဥ်
နှစ်ယောက်သားအတူဝင်လာတာတွေ့လိုက်ရ၏။အားလုံးက private jet နဲ့ဖြစ်သည့်အခါ သွားလိုရာကို
မြန်မြန်ဆန်ဆန်ရောက်သည်။
"ဟိုင်း ဖိုးလင်း၊လင်းကစ်၊Chally''
နောင်ကအားလုံးကိုတစ်ပြိုင်တည်းခေါင်းဆတ်ရင်းနှုတ်ဆက်သည်။ ဇွဲသက်တန့်ကမူ Challyလက်ပေါ်က
လိမ္မော်ရောင်ကာတွန်းဝတ်စုံလေးနဲ့ အာလူးလေးထံပဲ
အကြည့်ရောက်နေသည်။
"ဟယ်လို မုန်လာဥနီလေး ''
"ဟွန့် မုန်လာဥနီမဟုတ်ပါဘူး သားကအာလူးလေးပါနော်''
ကလေးက နှာရှုံ့ရင်းရန်တွေ့တော့ အားလုံးကဇွဲသက်တန့်ကိုရယ်ကုန်သည်။ ဇွဲသက်တန့်ဆိုတာ ဒီလိုအနိုင်မခံအရှုံးမပေးနဲ့ ပိုတွေ့သေးတာ။
"ပြောထားတဲ့တစ်ယောက်ရော''
နောင်က လင်းဆယူအနားတိုးကပ်ပြီးမေးသည်။
လင်းဆယူကားဆိတ်နေ၏။ နာရီကဆို ဥက္ကာရောက်သင့်တာကြာပြီလို့တောင်သူ့ကိုပြောနေပြီ။သို့သော် ဥက္ကာနဲ့တူနဲ့အရိပ်သူအခုထိမတွေ့ရသေး။ လင်းဆယူသက်ပြင်းချရင်း ခပ်ဖွဖွထလိုက်၏။
"ငါဖုန်းသွားပြောလိုက်ဦးမယ်''
ထွက်သွားသောလင်းဆယူကိုနောင်ကမျက်စိတဆုံးကြည့်နေသည်။ လင်းဆယူမျက်နှာမကောင်းတာကိုသူခံစားမိနေတာကြောင့်။ ဇွဲသက်တန့်ကတော့ ကိုလာမော့သောက်နေသည့် လင်းကစ်ကိုစဖို့စတင်ပြုံးဖြီးလာ၏။
"ဘယ်လိုလဲ Lordလေး မင်းDaddyက ဂရုတစိုက်ရှိရဲ့လား''
ဇွဲသက်တန့်ကစသည့်အခါ နောင်ကပါလိုက်ရီသည်။
Challyသည်ကား မြန်မာစကားနားမလည်သော်ငြား
ဇွဲသက်တန့်ဘာပြောနေသလဲသိနေဟန်လင်းကစ်ကို
ခပ်ဖွဖွပြုံးရင်းကြည့်သည်။ လင်းကစ်ကမူ Challyကိုတစ်ချက်လှည့်ကြည့်ပြီး သူ့ကိုပြောနေတာမဟုတ်သည့်အတိုင်း ဆိုဒါပဲဆက်သောက်နေ၏။
လင်းကစ်က သူ့အတွက်Challyလုပ်ပေးတဲ့အသက်၂၀ပြည့်မွေးနေ့မှာ Challyကို သူ့အဖေဆိုပြီး
အားလုံးရှေ့ကြေညာခဲ့တာ။ အမေကနောက်လင်ယူသွားတယ်တဲ့လေ။ အဲ့နေ့က လင်းကစ် Challyကိုစိတ်ဆိုးနေတာကြောင့် လျှာခလုတ်တိုက်ရာကို ခပ်တည်တည်နဲ့ပြောလိုက်ခြင်း။ဒါ့ကြောင့် အကြောင်းမသိသေးသူအများစုက သူတို့နှစ်ယောက်ကသားအဖဆိုတာကိုယုံကြည်ကြသည်။
ထိုနေ့က မွေးနေ့ပွဲကိုတက်ရောက်ခဲ့တဲ့နောင်နဲ့ဇွဲသက်တန့်အတွက် လင်းကစ်ကိုဘယ်အချိန်တွေ့တွေ့ ထိုနေ့က
လင်းကစ်ရဲ့ခပ်ဆတ်ဆတ်ပုံစံကိုအမြဲမြင်ယောင်နေရပါသည်။ချစ်နေရသူChallyအတွက်ကတော့ ထိုနေ့ကို
အမှတ်တရထဲကအကောင်းဆုံးအမှတ်တရအဖြစ်ခံစားနေသည်။ လင်းကစ်ကပုံမှန်အမြဲအေးတိအေးစက်နဲ့ဖြစ်ပြီး ထူးဆန်းတဲ့အပြုအမူတွေလုပ်ခဲသည်။ ကလေးဆိုပြီးတော့လည်းChallyကိုချွဲမယ်မရှိ။
"ဒါနဲ့ Chally. Lordမင်းကိုချွဲဖူးလား''
ဇွဲသက်တန့်အမေးကိုChallyကပြုံးရင်းခေါင်းယမ်းသည်။
"ကားပြိုင်ပွဲဝင်ဖို့လုပ်တာကိုငါကပေးမဝင်တော့ပေးဝင်ချင်အောင်ချွဲမယ့်အပြင် စိတ်ဆိုးသွားသေးတာ''
"ဒါဆို စိတ်ဆိုးတာကတော့ရှိတယ်ပေါ့''
"နှစ်ခါပါပဲ မွေးနေ့တုန်းကတစ်ခါနဲ့ငါပြိုင်ပွဲပေးမဝင်တုန်းကတစ်ခါ''
"Lord ပီသပါပေတယ်''
ဇွဲသက်တန့်က ရွှတ်နောက်နောက်နဲ့ လင်းကစ်ကိုလက်မထောင်ပြရင်းစသည်။လင်းကစ်ကတော့ ပုံမှန်
လင်းကစ်အတိုင်း ပင်လယ်ရေမျက်နှာပြင်လိုငြိမ်သက်နေ၏။ Challyပေါင်ပေါ်က အာလူးလေးကိုဂရုတစိုက်နဲ့မုန့်ခွံ့ရင်း လင်းကစ်ကနှစ်လိုဖွယ်ပြုံးသည်။
ထိုအပြုံးကြောင့်နောင်တို့အားလုံးသဘောပေါက်သွားသည်က လင်းကစ်ဟာ ကလေးချစ်တတ်သည်။
ထိုစဥ် ဆိုင်အပြင်မှ လင်းဆယူက အနုတ်ပြနေသည့်လက္ခဏာနှင့်အထဲကိုပြန်ဝင်လာည်။သူကမျက်နှာ
မကောင်းစွာနဲ့ဖုန်းကိုသိမ်းရင်း သက်ပြင်းချသည်။
"အခြေနေ?''
နောင်ကမေးတော့ လင်းဆယူက ခေါင်းယမ်းသည်။
ဒါဆို သူတို့စီစဥ်ထားတဲ့ပွဲပျက်သွားတာကို အားလုံးကသဘောပေါက်ကုန်သည်။
"ဘယ်လိုလုပ်မလဲ ငါတို့မှာအချိန်တွေမရှိဘူးလေ
Daddyတို့ကခရီးထွက်နေတာ ငါတို့မှာအချိန်တွေကို
မရရအောင်ဖဲ့ပြီးလာရတာ ဒီလိုပဲပြန်သွားရတော့မလား''
ဇွဲသက်တန့်က အားနည်းချက်ကိုညည်းပြသည်။ နောင်ကလည်းသက်ပြင်းချသည်။ နှစ်ဖက်လုံးကိုအရင်တောင်းဆိုခဲ့သည့် လင်းဆယူသည်ကား မျက်လွှာချကာနေလေသည်။
"ငါ့ဘက်ကယုံကြည်မှုမပေးနိုင်လို့ဖြစ်မယ်''
လင်းဆယူက သူ့ဟာသူတောင်ပြန်မကြားနိုင်တဲ့အသံနှင့်
စိတ်မကောင်းစွာပြောနေသည်။ Challyနဲ့နောင်တို့ကို
သူတွေ့လိုသည်မှာ ဥက္ကာအတွက်လမ်းသစ်ရှာပေးဖို့။
ဥက္ကာရဲ့ငွေမည်းတွေကိုငွေဖြူဖြစ်သွားအောင်သူ လမ်းစရှာနေတာ ယခုလိုစိတ်ကူးထားသမျှသဲထဲရေသွန်ဖြစ်သွားသည့်အခါ ဝမ်းနည်းစိတ်နဲ့အတူ သူ့ကိုယ်သူအပြစ်တင်နေမိသည်။ သူ့ရဲ့အေးတိအေးစက်ပုံစံက ဥက္ကာကိုယုံကြည်မှုတွေမပေးနိုင်ဘူးထင်ပါရဲ့။
"ဘာဖြစ်ဖြစ် ပြန်ဆွေးနွေးကြည့်လေ သေချာသွားရင်ရက်ချိန်းလိုက် ငါတို့ထပ်ပြီးရအောင်လာခဲ့ပေးမယ်''
ဇွဲသက်တန့်က ထပ်ပြောသည်။နောင်ကလည်း လင်းဆယူ
ပခုံးကိုခပ်ဖွဖွပုတ်ရင်းအားပေးသည်။ တကယ်ဆို
တစ်ဖက်လူကို သူတို့မရှိ။ လင်းဆယူကညီအစ်ကိုလိုချစ်ခင်ရတဲ့သူငယ်ချင်းဟုသာပြောထားတာ။ လင်းဆယူလည်းလိမ်ဖို့မရည်ရွယ်။ဥက္ကာသာရောက်လာခဲ့ရင် အမှန်တရားကိုထုတ်ပြောဖို့သူစိတ်ရှိပြီးသား။
Advertisement
"ဒါဆို အခုဘာဆက်လုပ်ကြမလဲ''
လင်းကစ်က ဝင်မေးလာသည်။ တွေ့ဆုံပွဲကပျက်တော့
လှည့်ပြီးပြန်ရမလိုအခြေနေတွေကရုတ်ခြည်းပြောင်းသွားကုန်သည်။
"ငါတာဝန်ရှိသေးလို့အရင်ပြန်နှင့်မယ် ''
လင်းဆယူကငေါ့ခနဲထရပ်သည်။ အားလုံးထက်
အာလူးလေး က ထူးထူးဆန်းဆန်းနဲ့ Chally ပေါင်ပေါ်ကဆင်းလာပြီး လင်းဆယူအနားသွားနေသည်။
အာလူးလေးသည် လင်းဆယူလက်ဖဝါးတစ်ဖက်ကိုဆွဲကိုင်ရင်း လင်းဆယူကိုမျက်နှာငယ်လေးနဲ့မော့ကြည့်နေသည်။
"Daddyရောဟင် ဦးဦး၊ Daddyအာလူးလေးကိုလာတွေ့မယ်ဆို''
ကလေးကသူနိုင်ငံခြားထွက်ခွာရမှာကိုသိနေသည်။
ဒါ့ကြောင့် သူ့Daddyရောက်မလာတာကိုဝမ်းနည်းပက်လက်ဖြစ်နေသည်။ လင်းဆယူကိုမော့ကြည့်ရင်း နှုတ်ခမ်းလေးတုန်ယင်လာပြီး မျက်ရည်ဘူးသီးတွေကျနေသည်။လင်းဆယူဒူးတစ်ဖက်ထောက်ချပြီး
အာလူးလေးကိုရင်ခွင်ထဲထွေးပွေ့လိုက်သည်။
"အာလူးလေးDaddyကအလုပ်ရှူပ်နေလို့ပါ
အာလူးလေးပဲပြောတယ်လေ Daddyကတစ်ခါတလေအိမ်ပြန်နောက်ကျတယ်ဆို အဲ့ဒါအလုပ်ရှူပ်နေလို့ပေါ့
မငိုရဘူးနော် အာလူးလေးDaddyအလုပ်ရှင်းသွားရင်အာလူးလေးဆီလာမှာပါ''
လင်းဆယူက ကလေးကျောကိုပွတ်သပ်ကာ ခေါင်းကိုနမ်းရှိုက်ရင်းချော့ကာပြောနေသည်။ ကလေးကိုချော့ရင်း
သူပါမျက်ရည်ဝိုင်းလာသည်။ ထို့ကြောင့်လင်းဆယူသည်
မျက်လုံးကိုခပ်တင်းတင်းမှိတ်လိုက်ပြီး အာလူးလေးကိုပိုတိုးဖက်နေသည်။
"ဦးဦးပြောတယ်မှန်တယ်အာလူးလေး သားDaddyအလုပ်ရှင်းရင်သားဆီရောက်လာလိမ့်မယ်''
လင်းကစ်ကပါကလေးကိုဝင်ချော့သည်။ကလေးကအငိုရပ်သွားသော်ငြား နှာတရှုံ့ရှုံ့နဲ့ရှိုက်နေသေးသည်။
"ဦးဦးပြန်သွားရင်Daddyကိုပြောပေးပါနော်
အာလူးလေးစောင့်နေပါတယ်လို့''
"ဒါပေါ့ ဦးဦးပြောပေးမှာပေါ့''
လင်းဆယူက ကလေးပါးပြင်ကမျက်ရည်တွေကိုခပ်ဖွဖွသုတ်ပေးရင်း ပြုံးပြသည်။
"ကဲ သားသားလေးကိုဦးဦးကမုန့်ဖိုးပေးမယ်နော် ''
နောင်ဝင်ပြောလိုက်ခြင်း။ ကလေးကမုန့်ဖိုးပေးမယ်ပြောတော့သိသိသာသာပျော်သွားသဖြင့် နောင်ပြုံးပြီးပိုက်ဆံတန်းထုတ်လိုက်၏။ ကလေးအခုရလိုက်တဲ့မွေးစားအဖေ
Challyဆိုတာ နောင်တို့ထက်ပိုချမ်းသာတာ။ သို့သော်
ကလေးပျော်ဖို့နောင် တစ်သောင်းတန်တစ်အုပ်ကိုကလေးလက်ထဲထည့်ပေးလိုက်သည်။
"ဦးဦးရောပဲပေးမယ်''
ဇွဲသက်တန့်ကလည်းကလေးကို မုန့်ဖိုးပေးသည်။ ကလေးက သူ့လက်ထဲရောက်လာသောပိုက်ဆံတွေကိုကျစ်ကျစ်ဆုပ်ကိုင်ရင်းပြုံးသည်။
"ဦးဦးလည်းပေးစရာရှိတယ်''
လင်းဆယူကပြောရင်း သူ့အိတ်ထဲတစ်ခုခုထုတ်နေသည်။
အနီရောင်ပြိုင်ကားတစ်စီးရဲ့ပုံ။ ထို့ကြောင့် အာလူးလေးခမျာ နှာရှုံ့သွားတော့၏။
"ဟင် ဦးဦးကလည်းဓာတ်ပုံကြီးကို ဟွန့်''
ကလေးကစိတ်ကောက်သွားတော့ လင်းဆယူခပ်ဟဟရယ်သည်။
"ဦးဦးဝယ်ထားပြီးသားပါ အာလူးလေးအသက်ပြည့်ရင်
စီးရမယ်''
"တကယ်ကြီးလား''
"တကယ်''
အာလူးလေးအသက်၁၈ပြည့်ပါက ပုံပါတံဆိပ်နဲ့ပြိုင်ကားကိုအနီဝယ်ပေးဖို့ လင်းကစ်ကို သူပိုက်ဆံအပ်ထားပြီးသား။ အာလူးလေးသူ့ဆီအိပ်ခဲ့တဲ့ညက ပြိုင်ကားနီလေးလိုချင်ကြောင်းပြောဖူးသည်။ အဲ့တုန်းက လင်းဆယူပြုံးရုံသာပြုံးခဲ့သည်။ယခုမှာမူ ထပ်တွေ့ခဲသည့်အခြေနေတို့ကြောင့် သူဝယ်ပေးလိုက်ခြင်း။
"ဦးဦးသွားတော့မယ်နော်အာလူးလေး ထပ်မငိုရဘူးနော်''
"ဟုတ် ဦးဦး''
ကလေးကတက်တက်ကြွကြွခေါင်းညိတ်တော့ လင်းဆယူပြုံးရပါသည်။ နောင်တို့ကိုကြည့်တော့ နောင်တို့သွားနိုင်ကြောင်းအပြုံးလေးနဲ့ခေါင်းညိတ်ပြ၏။ နောင်တို့်ဘယ်လိုနေခဲ့မယ်တော့ လင်းဆယူမသိ။ လင်းဆယူလုပ်မိသည်မှာ ကားပေါ်ရောက်တာနဲ့ ဥက္ကာဆီဖုန်းတန်းခေါ်တာကိုပဲ။
၁၀ကြိမ်တိတိခေါ်လည်းမကိုင်သဖြင့် လင်းဆယူမက်ဆေ့သာထပ်ပို့လိုက်ရ၏။
📩လယ်ကွင်းကိုအခုလာပါ မလာမချင်းငါစောင့်မှာ📩
ထိုမက်ဆေ့ကိုပို့ပြီးနောက်တွင် လင်းဆယူ လယ်ကွင်းဆီကိုတန်းမောင်းလိုက်သည်။လာမလာသူမသေချာပေမယ့်
မလာမချင်းသူစောင့်နေမိမှာတော့သေချာသည်။ဒါက
လင်းဆယူ ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့ရူးသွပ်မှုတစ်ခုဖြစ်လိမ့်မည်။
~~~~
၄၅မိနစ်မျှစောင့်အပြီးတွင် ကားသံကြားရသဖြင့်
လင်းဆယူ ကားပေါ်ကဆင်းတော့သည်။ ကိုယ်တိုင်ကစိတ်သက်သာမနေတော့ဥက္ကာရောက်မလာခင်ကားထဲ၌သာဆိတ်နေသည်။ အတွေးတွေနဲ့အတူ အသက်ရှူဖို့ရာမွန်းကြပ်နေခဲ့ရသည်။ ထို့ကြောင့် လင်းဆယူ သည်
ဥက္ကာရောက်လာသည်နှင့်ချက်ချင်းဥက္ကာအနားသွားလိုက်သည်။
"ချိန်းထားတာကိုဘာကြောင့်ရောက်မလာလဲ ဥက္ကာ''
ကားပေါ်ကဆင်းဆင်းချင်းအဝတ်မှဆောင့်ဆွဲခံရသဖြင့်
နှစ်ဦးသားနီးကပ်သွား၏။ဥက္ကာ၏အကြည့်တို့သည်
လင်းဆယူ၏နီရဲနေသောမျက်ဝန်းစုံကိုစူးစမ်းနေသည်။
"ယူ ငိုထားတာလား''
"မင်းရောက်မလာလို့အာလူးလေးဘယ်လောက်တောင်ငိုနေခဲ့လဲ မင်းသိလား''
လင်းဆယူက ဥက္ကာအမေးကိုအဖြေမပေး။ စိတ်ဆောင်နေသဖြင့် သူ့စိတ်ကြိုက်ချည်းပြောနေ၏။ထိုအခါ ဥက္ကာ
က သူ့အင်္ကျီကိုကျစ်နေအောင်ဆုပ်ကိုင်ထားသည့်
လင်းဆယူလက်နှစ်ဖက်ကို ခပ်ဖွဖွအုပ်ကိုင်ရင်း မျက်လွှာချသည်။
"ကျွန်တော်အိပ်မက်မက်တယ် ယူ''
ညကမက်ခဲ့သည့် ချောက်ချားဖွယ်အိပ်မက်အကြောင်း
ဥက္ကာ မတွန့်ဆုတ်ဘဲ လုံးစေ့ပတ်စေ့ပြောပြလိုက်သည်။
ထို့နောက်တွင် လင်းဆယူဘက်ကခံပြင်းသွားသည့်အငွေ့အသက်တွေကို မြင်လိုက်ရတော့ ဥက္ကာ အပြစ်နာခံဖို့ရာ ခေါင်းအသင့်ငုံ့တော့သည်။
"မင်းငါ့ကိုလုံးဝအယုံအကြည်မရှိဘူးဘဲ ဥက္ကာ''
"ကျွန်တော်လာခဲ့ပါတယ် ယူ
ဆက်မသွားဖြစ်တာက ယူ့ကိုမယုံကြည်ရဲလို့ဆိုတာကျွန်တော်ဝန်ခံပါတယ် ဒါပေမဲ့ ၁နာရီပါပဲ အဲ့နောက်ပိုင်း
ကျွန်တော်ဆက်သွားဖို့ လုပ်ပါတယ် ဆက်မသွားချင်လောက်အောင် စိတ်ပျက်ဖို့ကောင်းတဲ့ကိစ္စပေါ်လာလို့သာဆက်မသွားတော့တာပါ''
ဥက္ကာ ကပြောရင်းအကြည့်တွေရုတ်ခြည်းအသက်မဲ့သွားသည်။ နာကျင်မှုတွေပြည့်နှက်နေတဲ့အကြောင်း သူ့
အကြည့်တွေကသက်သေပြနေသည်။လင်းဆယူသည်
ဥက္ကာအင်္ကျီကော်လံကို ကျစ်ကျစ်ဆုပ်ကိုင်ထားရာကနေ
ဖြေလျော့ပေးပြီး ဥက္ကာကိုငေးကာကြည့်နေသည်။ သူက
ဥက္ကာ ပြောလာမည့်စကားကိုမျှော်လင့်စောင့်စားနေခြင်း။
"ယူသိလား ကျွန်တော့်ကိုရက်ရက်စက်စက်စွန့်ပစ်ခဲ့တဲ့သူတွေလေ ဒုက္ခရောက်တော့ ကျွန်တော့်ဆီလက်ဖြန့်ပြီးငွေတောင်းလာတယ် ကျွန်တော်တွေးမိတယ် သူတို့မှာအရှက်တရားနည်းနည်းမှမရှိတာလား ကျွန်တော်ကပဲပျော့ညံ့နေတဲ့ပုံပေါ်နေလို့လား သွေးရင်းသားရင်းစကားတွေပါထည့်ပြောလာတာကိုကျွန်တော်မယုံနိုင်ဘူး တစ်ချိန်ကသူတို့
စွန့်ပစ်ခဲ့တုန်းကရော ဘာလို့အဲ့လိုမတွေးကြတာလဲ ကျွန်တော်သိချင်တယ်''
အတိတ်ကိုပြန်တွေးရင်း ဥက္ကာနာနာကျင်ကျင်ပြုံးလိုက်သည်။ သူတို့ဆိုတာ ဥက္ကာကိုငယ်ငယ်တုန်းကစိတ်ဒဏ်ရာပေးခဲ့တာ ကြီးလာတာတောင်အလွှတ်မပေး။ ဥက္ကာသူတို့ကိုထပ်မတွေ့ချင်။ သူတို့ကိုယ်သူတို့ မိဘဟုသုံးနှုန်းရဲတာကို ဥက္ကာအံ့သြသည်။မျက်နှာပြောင်တိုက်တာကတော်ရုံတောင်မဟုတ်။
"သူတို့ကမင်းရဲ့အတိတ်ဆိုးတွေဆိုရင်သူတို့ကိုအတိတ်မှာပဲထားခဲ့လိုက် မတော်လို့ပြန်တွေ့ရင် မင်းသူစိမ်းလိုနေလည်းဖြစ်တယ် ဒီကိစ္စမင်းမမှားဘူး''
လင်းဆယူဟာ သူ့တာဝန်ကလွှဲသူတစ်ပါးကိစ္စဝင်မပါတတ်။ ဒါပထမဆုံးအကြိမ်ဆိုပေမယ့် သူ့ကိုယ်သူအံ့သြ
မနေ။ ဥက္ကာဟာသူ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတာကြောင့်မလို့။ ချစ်တတ်လာသည့်နောက် နှလုံးသားရဲ့စကားကိုသူစတင်နာခံလာသည်။ဦးနှောက်ဆီက သတိပေးမှုတွေကိုလည်း သူနာခံရင်းနဲ့ပေါ့။
ဥက္ကာမူကား လင်းဆယူစကားကိုခေါင်းဖွဖွညိတ်လျက်နားထောင်ပြီးပင့်သက်ရှိုက်သည်။
"အာလူးလေးကိုကျွန်တော်ဒီတစ်သက်ထပ်တွေ့နိုင်မယ်
မထင်ဘူး ယူ''
လင်းဆယူမျက်လုံးသိသိသာသာကျဥ်းမြောင်းသွားသည်။
သူကယခုလိုနမိတ်မရှိတဲ့စကားတွေပြောတာကိုကြိုက်သူမဟုတ်။လွယ်လွယ်နဲ့အရှုံးပေးတတ်တာကိုလည်းသူ
မကြိုက်ချေ။
"ဘာလို့အဲ့လိုပြောရတာလဲဥက္ကာ ကြိုးစားမယ့်အစားလွယ်လွယ်နဲ့လက်လျှော့မလို့လား''
"မဟုတ်ပါဘူး ဒီတလောအိပ်မက်ဆိုးတွေခဏခဏမက်နေလို့ပါ ''
"အိပ်မက်ကအိပ်မက်ပဲဥက္ကာ လျှောက်တွေးပြီးပျော့ညံ့
မနေနဲ့''
လင်းဆယူက သားကိုဆုံးမတဲ့ဖခင်လိုပြောနေသည်မို့
ဥက္ကာ ပြုံးမိသွား၏။ ဒီလိုကျတော့ ယူ့အချစ်ကပေါ်လွင်လာသား။ လင်းဆယူကိုမယုံကြည်ရဲခဲ့တဲ့သူ့ကိုယ်သူတောင်ပြန်ပိတ်ရိုက်ချင်လာသည်။
"ကျွန်တော့်ကိုဖက်ထားပေးလို့မလား ယူ ရင်ထဲမွန်းကြပ်နေလို့ ယူဖက်ထားပေးရင်အဆင်ပြေသွားမှာ''
ဥက္ကာက ကလေးလိုပူဆာပြတော့ လင်းဆယူ မသိမသာပြုံးသွားသည်။ ရင်ထဲမွန်းကြပ်နေတာကတော့ ဥက္ကာမှမဟုတ် လင်းဆယူလည်း ထပ်တူမွန်းကြပ်နေခဲ့တာ။
လင်းဆယူ ဥက္ကာကိုဖက်ထားပေးဖို့ဥက္ကာအနားနီးနီး
ကပ်ကပ်ကိုတိုးလိုက်၏။
"ဗိုလ်လင်း ကျွန်တော်တို့လာပြီ''
ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့်လင်းဆယူ
လန့်လန့်ဖျပ်ဖျပ်နဲ့လှည့်ကြည့်လိုက်သည်။
ဒိုင်း!
"အာ့!''
သေနတ်သံတစ်ချက်နဲ့အတူ ဥက္ကာဆီမှအသံထွက်လာခြင်း။ ဥက္ကာ၏ညာဘက်လက်မောင်းကိုသေနတ်မှန်ခြင်းဖြစ်သည်။
"ဥက္ကာ!''
လင်းဆယူက ဥက္ကာ၏သွေးထွက်နေသောလက်မောင်းကို
စိုးရိမ်တကြီးကြည့်နေသည်။ လက်မောင်းကရှပ်ထိသွားတာဆိုပေမယ့် သွေးကြောပေါက်သွားတာကြောင့်သွေးလျှံနေ၏။ ဥက္ကာသည် သွေးထွက်နေသော သူ့လက်ကိုဖိရင်း လင်းဆယူကိုထိတ်ထိတ်လန့်လန့်ကြည့်သည်။
"ယူ မဟုတ်မှ ကျွန်တော့်ကို..''
"ငါမလုပ်ဘူး ဥက္ကာ''
ဥက္ကာပြောမည့်စကားကိုသိနေသည့်လင်းဆယူကအလျင်အမြန်ဖြတ်ပြော၏။
"ဟေ့ကောင်မပြေးနဲ့!''
သူတို့အနီးကို လင်းဆယူတပ်ဖွဲ့ဝင်တွေရောက်နေပြီဖြစ်
သဖြင့် ဥက္ကာသည် သူ့ကားပေါ်အလျင်အမြန်ပြေးတက်ပြီး ကားကိုအရှိန်နဲ့မောင်းထွက်သွားနေသည်။တာပေါသည် သေနတ်ကိုမောင်းဆွဲပြီးထွက်သွားသည့်ဥက္ကာကားအားပစ်ဖို့လုပ်နေသည်။
"တာပေါ ရပ်လိုက်!''
လင်းဆယူကပြောလည်းပြော တာပေါလက်ထဲကသေနတ်ကိုလည်းအပေါ်ဆွဲမြှောက်လိုက်သည်။ထို့ကြောင့်
ကျည်ဟာ လေဟာနယ်ထဲ၌သာ ပေါက်ထွက်သွားတော့၏။
~~~~~
ဥက္ကာကဒဏ်ရာနဲ့ပြန်ရောက်လာသည့်အခါ သူ့လူတွေ
စိုးရိမ်တကြီးနဲ့သူ့အနားဝိုင်းလာလေ၏။ ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်သည့်Kကမူ ဥက္ကာလက်တစ်ဖက်ကို
အမြန်တွဲပေးနေသည်။
"မလိုဘူး ငါအဆင်ပြေတယ်''
ဥက္ကာက Kလက်ကိုဖြုတ်ချပြီး သူ့တဲထဲအမြန်ဝင်နေသည်။Kကလည်းအလျော့မပေး ဥက္ကာနောက်ဆက်လိုက်နေ၏။ တဲထဲရောက်သည်နှင့် ဥက္ကာဟာ သူ့အင်္ကျီကိုချွတ်ပြီးသေနတ်ရာကိုသေချာကြည့်နေသည်။ ကျည်က အရေပြားက အသားအပေါ်လွှာကိုဖြတ်သွားတာ။ မတော်တဆမဟုတ်ဘဲ တမင်ချိန်ပစ်တာမျိုး။
"ကိုဥက္ကာကိုဘယ်သူပစ်တာလဲဗျ မဟုတ်မှဗိုလ်လင်းလား''
"ယူမဟုတ်ဘူး ယူကငါနဲ့အနီးကပ်ဆုံးရှိနေတာ
ယူ့လူတွေက အရှေ့ဘက်ကလာပြီး ငါ့ကိုမှန်တဲ့ကျည်က
အနောက်ဘက်ကလာတာ''
"ဘယ်အရပ်ကပဲလာလာ လင်းဆယူလူတွေဆိုတာမမှားပါဘူး ကိုဥက္ကာ ''
"မင်းကဘာလို့အဲ့လောက်သေချာနေရတာလဲK''
ဥက္ကာကလင်းဆယူနဲ့ပတ်သက်ရင်ဆတ်ဆတ်ထိမခံတော့
Kကို မျက်မှောင်ချိုးထားရင်းနှင့်မေးနေသည်။Kကမူ
ဥက္ကာကိုတစ်ချက်မျှရှိပြီး သူ့ကုတ်အင်္ကျီအောက်လက်လျှိုကာတစ်စုံတစ်ခုကိုထုတ်နေသည်။
"ကိုဥက္ကာသွားသွားနေတဲ့လယ်ကွင်းက လင်းဆယူတပ်ဖွဲ့ပိုင်ဆိုင်တာပါ အရင်ပိုင်ရှင်ကငွေကြေးပြဿနာရှိနေလို့
လင်းဆယူတို့ဆီကို မြန်မာငွေ ၃၅၀နဲ့ပြန်ရောင်းထားတာပါ ဒါကြောင့်သေချာပါတယ် ကိုဥက္ကာကိုပစ်တဲ့လူက
လင်းဆယူရဲ့လူပါ ဒီနေရာမှာကိုဥက္ကာရန်သူက သူတို့ပဲရှိတာလေ''
"ဒါဆို ယူကငါ့ကိုအကွက်ချထားတာလို့မင်းကပြောချင်တာလား''
"အဲ့တာတော့မသိပါဘူး ကျွန်တော်သေချာသိတဲ့လောကနိယာမတစ်ခုကတော့ တာဝန်မှာရွေးချယ်မှုမရှိပါဘူး
ကျေဖို့ပဲရှိတာပါ လင်းဆယူကတာဝန်နဲ့လူဆိုတာကိုဥက္ကာသိပါတယ်''
"ဘာဖြစ်ဖြစ် ယူအမိန့်ပေးတာမဟုတ်လောက်ဘူး''
"သူကခေါင်းဆောင်လေကိုဥက္ကာ သူအမိန့်မပေးရင်
ဘယ်သူကလုပ်မှာလဲ''
လင်းဆယူကိုသာတရားခံအဖြစ်အပြီးတိုင်သတ်မှတ်နေသော Kကိုကြည့်ရင်း ကိုဥက္ကာသက်ပြင်းချသည်။
"မင်းမသိပါဘူးK နေရာတိုင်းမှာပုန်ကန်မှုတွေရှိတယ်
ယူကိုမစွပ်စွဲနဲ့ ငါမကြိုက်ဘူး မင်းချစ်တတ်လာတဲ့နေ့မှမင်းသိလိမ့်မယ် မင်းချစ်တဲ့သူကိုသူများကဝေဖန်ရင်
မင်းကြိုက်မကြိုက်ဆိုတာ သွားတော့''
ဥက္ကာကမောင်းထုတ်တော့ Kကမျက်နှာပျက်လျက်ထွက်သွားသည်။ဥက္ကာကမူ Kထွက်သွားသည်နှင့်ကြမ်းပေါ်
စိတ်ပျက်လက်ပျက်ထ်ိုင်ချသည်။ အတွေးတွေကတသီတတန်းကြီးနှင့်ဖြစ်နေသည့်အခါ လူက ကယောင်ချောက်ချားဖြစ်နေသည်။
ယူကို ယုံကြည်လျှင်တောင် ယူ့လူတွေကိုသူယုံကြည်လို့
မရ။ Kပြောသလို ယူ တာဝန်အရလုပ်မှာကိုလည်းသူ
ရင်နေသည်။ ယူဖိအားပေးခံရမှာကိုလည်း သူတွေးပူသည်။ ယူက စိတ်ပါလို့လုပ်တာဆိုရင် သေရလည်း
သူမမှု။ ဖိအားတွေကြောင့်သာဆိုရင်တော့ ယူ့ကိုသူသနားသည်။
လောကတွင် လူကပေးတဲ့ဖိအားမှာ ကျောက်တုံးကြီးနဲ့အဖိခံထားတာထက် ပိုခံရခက်ပါသည်။
.
.
Greenleaf 🌿
ဥက္ကာကိုဘယ်သူကပစ်တယ်ထင်ပါသလဲ???
---------------------------------
Unicode
Zawgyi
~~~~~~
ကားကိုပိတ်ထိုးနေ၏။
Advertisement
- In Serial30 Chapters
Skybound
The adventures of Morgan Mackenzie and her sidekick Lulu the Loofah continue! The [Skyclad Sorceress] has made new friends, discovered she has some enemies, and now along with the Worldwalker Dana and the survivors of the Expedition she is working to get out of the Wildlands. Meanwhile, the Deskren have beseiged Fort Expedition, and The General rides with his troops to their relief. He is followed by The Hammer, leading the Children of the First Beast. Certainly an impressive and dangerous force, but will they get to Expedition in time to save the city? If they arrive in time, can they hold the walls until the Tribes arrive? As the northern continent slips deeper into autumn and winter, the Empire in the south prepares for spring and the planting of crops. Their raiding campaign into the north has not gone well, and tensions are rising as food shortages loom, and all is not as it seems in Nouveau Deskra.
8 211 - In Serial19 Chapters
Monochrome Bleed
There’s a world surrounded by a black and white cage. A reality with cracks in it. A world that’s always on the brink of ending yet keeps on spinning. This is the Earth of the Monochrome Bleed. And this is the tale of a certain man and a certain woman, who both might or might not be entirely human. Who lead their live's making end’s meet, by venturing into places that most don’t dare go, looking for treasure, and other rare goodies. Occassionally saving a few lives along the way.
8 119 - In Serial13 Chapters
The Final Incantation
Members of the Red Legs gang, founded by disgraced Queensguard Sheridan and Abel, struggle to survive in a world after the fall of the Queendom, and revival of the Church. Stealing and thieving to survive on the frontier, they begin to stumble onto a vast, ancient conspiracy that will change the world forever.
8 77 - In Serial12 Chapters
The Living Nightmare
A boy labelled CR-155 or Criss as he refers to himself, is a boy who has lived a very sheltered life spending all of his time a school with the only thing he would learn was the almighty power of lord and that "Hard work is the skeleton key to all locked doors towards the path to happiness." So he continues to work hard so that he may be granted the right to serve the lord in the real world. Until he makes a fatal mistake causing The Living Nightmare to be awakened and ruins any possibility of that becoming a reality. Wanting to fix his mistake for its awakening he takes it upon himself to hunt the creature down which allows him to learn more about outside world, the beings that haunt it and to realize that hard work might not be a true skeleton key. Cover art done by Duder
8 121 - In Serial6 Chapters
Lesser Evil
In a perfect world, an alcoholic, hedonistic, mentally abusive individual like Audry Forge would never coincide with his attempts to stop the extinction of life. But there is no perfect world. There is no other person. Only the lesser of evils. Participant of the Royal Road Writathon challenge - 55k words Author's Note: This is story has been the easiest to write in my time of writing. I thoroughly enjoy it! You may not understand the premise in the first few chapters but need not worry buddy, I've been working ahead. Things will start rolling! I hope you enjoy it. Give me feedback and make sure to share it around! Other Info: Normally I wouldn't put any warnings but this story will be going down a pretty dark path (based on irl experiences) fairly early on. There will not be any overtly sexual content this early but some themes are suggestive. There is profanity. There are references to drugs and alcohol. There are dramatic relationships that I'm trying to base off of real life. There is more of a focus on characters. There will be unpleasant scenes in regards to death, while others will be brushed over. There will also be a fair amount of pop culture references too! Give it a try. You might like my form of storytelling!
8 116 - In Serial10 Chapters
Chase the Nightmares Away
Though his heart was consumed by dark power, he still had great kindness in him. To him, they aren't just his minions, they are his family.(Super Paper Mario) -drabble-fic-[Cover by thelastadventurer]
8 182