《If you believe (Complete)》16
Advertisement
Unicode
Zawgyi
~~~~~~
ည၈နာရီရှိသွားချေသည်။ ၃နာရီတွင်စသည့်တိုက်ပွဲသည်
၆နာရီမှအကုန်ငြိမ်သက်သွားသည်။ စိုက်ခင်းကိုမီးရှို့တာ
သေဆုံးသူတွေကိုသဂြိုလ်တာတွေပါလုပ်ပြီးသည့်အခါ
အချိန်က အမှောင်ဖုံးသွားသည်။
လင်းဆယူသည် သေဆုံးသွားပြီဖြစ်သည့်ဥက္ကာ၏
အလောင်းကို သူ့တပ်ရင်းသို့ပြန်သယ်ဆောင်လာသည်။
လင်းဆယူသည် သူ့ချစ်သူအားကောင်းစွာသဂြိုလ်နိုင်ဖို့ကြိုးစားနေသည်။ သို့သော် သူ့တစ်ကိုယ်လုံးဟာ အား
မရွိ။ မျက်ရည်တွေကယခုချိန်တိုင်စီးနေသေးတာကြောင့်
လင်းဆယူသည် ချစ်သူအလောင်းအားကားပေါ်ကချပြီးသည်နှင့် ချစ်သူအလောင်းနံဘေးသာထိုင်နေသည်။
"တာပေါ''
"ရှိ ဗိုလ်လင်း''
တစ်ချိန်လုံးငိုနေတဲ့ဗိုလ်လင်းကအသံပေးလာသည်မို့
တာပေါ တက်တက်ကြွကြွနဲ့ထဖြေနေ၏။ ဗိုလ်လင်းကတော့ သူ့ကိုလှည့်ကြည့်မလာ။ ဥက္ကာမျက်နှာထက်ကသွေးတွေကိုသာ ဖွဖွသုတ်နေသည်။
"ငါ့ချစ်သူအတွက်အခေါင်းလှလှလေးပြင်ပေး
အဝတ်အစားအသစ်နဲ့သနပ်ခါးတွေပါစီစဉ်ထားပေး
ငါ့ချစ်သူကို ငါကိုယ်တိုင်ရေချိုးပေးမယ်''
လင်းဆယူသည် အသက်မဲ့သွားပြီဖြစ်သောချစ်သူကို
အသက်ရှိစဉ်ကအတိုင်းမြတ်မြတ်နိုးနိုးဆက်ဆံသည်။
တာပေါတို့သယ်လာပေးသောရေများဖြင့် ချစ်သူ့
တစ်ကိုယ်လုံးကိုသန့်စင်ပေးနေသည်။ ရေကသွေးများကြောင့်နီသွားသည့်အခါ တာပေါတို့ကိုရေအသစ်လဲစေသည်။
မိုင်းကြောင့် ဥက္ကာအသားတော်တော်များများဟာပွန်းပဲ့နေကုန်သည်။အရေခွံတွေဆိုတာကတော့ ရေစိုသည့်တစ်ရှူးတွေအလား။ လင်းဆယူသည် သူချစ်သူ့ကိုယ်ကိုသန့်စင်ပေးနေချိန် တာပေါတို့ကိုအဝေးမှာသာနေခိုင်းလေသည်။
လင်းဆယူ၏ဝင်သက်ထွက်သက်တိုင်းတွင်မျက်ရည်တို့နဲ့အတူ ရှိုက်သံတွေပါရောပြွမ်းနေသည်။အသက်တစ်ချက်ရှူလိုက်တိုင်း'ဥက္ကာသူ့ကိုကိုထားသွားပြီ'ဆိုတဲ့အသိက
သူ့ကိုနှိပ်စက်နေသည်။ ထို့ကြောင့် မျက်ရည်တွေဆိုတာ
လွယ်လွယ်နဲ့မရပ်တန့်နိုင်ပါ။ ချစ်သူကိုယ်အားသန့်စင်နေသည့် ရေတွေဟာလည်း သူ့မျက်ရည်တွေထက်တောင်
နည်းနေလောက်သည်။
"အမွှေးရည်ပေး''
ရေအသစ်တစ်ခေါက်ထပ်လဲပေးလာသောတာပေါသည်
လင်းဆယူတောင်းသည်နှင့် အသင့်ယူထားသောအမွှေးရည်ကို ထုတ်ပေးသည်။
လင်းဆယူသည်ထိုအမွှေးရည်ကိုရေထဲအကုန်သွန်ချပြီး
သမသွားအောင်မွှေနေသည်။ထိုအမွှေးရည်တို့ဖြင့်
လင်းဆယူသည် သူ့ချစ်သူကိုယ်အားနောက်ဆုံးသန့်စင်ပေးနေသည်။
ဥက္ကာသည် အသက်မရှိတော့တဲ့လူသားဟုမထင်ရအောင်
ရှင်းသန့်မွှေးကြိုင်နေသည်။ လင်းဆယူက ဥက္ကာခေါင်းကိုပါလျှော်ထားပေးပြီး ဥက္ကာအသက်ရှိစဉ်ကအတိုင်း
လှလှပပဖြီးသင်ထားပေးသည်။ လင်းဆယူသည် ဥက္ကာပေါ် သူ့အင်္ကျီအသစ်ချွတ်ချွတ်တွေဆင်ပေးထားသည်။
စတစ်ကော်လံပါ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နဲ့
အနက်ရောင်ဘောင်းဘီရှည်ကိုဝတ်ထားပေးသည်။
လင်းဆယူသည် ဥက္ကာတစ်ကိုယ်လုံးအား သေချာပြင်ဆင်ပေးပြီးသည့်နောက်တွင် ဥက္ကာကို အခေါင်းထဲသွင်းဖို့
တာပေါတို့အားပြောလေသည်။တာပေါတို့ကလည်းချက်ချင်းလုပ်ဆောင်သည်။
ဥက္ကာအတွက်အခေါင်းသည် ယခုမှထုတ်လိုက်သည့်သစ်သားအသစ်တွေချည်းဖြစ်သည်။ ရွှေရောင်သုတ်ထားသဖြင့် ဥက္ကာသည် ရွှေပလ္လင်ထက်အိပ်စက်နေသော
မင်းသားတစ်ပါးနှင့်တူနေသည်။ အခေါင်းပတ်ပတ်လည်တို့တွင် ဖြူ နီ ဝါပန်းတို့ရှိနေသည်။ အခေါင်းအားဖွင့်ဟထားတာကြောင့် လင်းဆယူသည် ကျောက်ရုပ်အလားရပ်ပြီး ဥက္ကာကို ငူငူကြီးကြည့်နေသည်။
သူ့ချစ်သူမှာသေနေတယ်လို့တာမထင်ရ။ အိပ်နေတဲ့လူ
အတိုင်းပင်။ ဥက္ကာကိုရပ်ကြည့်နေရင်း လင်းဆယူ၏
မျက်ရည်စက်တွေက ဥက္ကာအခေါင်းထဲခုန်ဆင်းနေပြန်သည်။ လင်းဆယူသည်မျက်ရည်တွေကိုခပ်မြန်မြန်သုတ်ပြီး တာပေါထံမှ ဖယောင်းတိုင်တောင်းနေသည်။
တာပေါကလည်း ဖယောင်းတိုင် ၄ ချောင်းကိုချက်ချင်းပေးလာသည်။
လင်းဆယူသည် ထိုဖယောင်းတိုင် ၄ ချောင်းလုံးကိုမီးညှိပြီး ဥက္ကာအခေါင်း၏ခေါင်းရင်းတွင်တစ်ချောင်း
ညာဘက်နှင့်ဘယ်ဘက်တွင်တစ်ချောင်းစီ ခြေရင်းကိုလည်း တစ်ချောင်းဖြင့် ဖယောင်းတိုင်တွေစီချနေသည်။
မကြာလိုက်ပါ။ ခြေရင်းကဖယောင်းတိုင်သည်လေမတိုက်ပါဘဲ သူ့အလိုလိုမီးမှိတ်သွားသည်။ထို့ကြောင့်လင်းဆယူ
လက်မခံချင်လည်းလက်ခံလိုက်ရသည်။
ဥက္ကာသည် ပြန်ချိန်တန်၍ပြန်သွားခြင်းဖြစ်သည်။
သူနဲ့ဥက္ကာသည် ဤမျှနဲ့ကံကုန်သွားလေပြီ။ လင်းဆယူသည် ကိုယ်ကိုအနည်းငယ်ကိုင်းပြီး ဥက္ကာနဖူးအားအနမ်းခြွေချသည်။ မျက်ရည်တွေကတော့သူဘာလုပ်လုပ်
စီးကျနေသည်။ ဥက္ကာနဖူးသည် လင်းဆယူအနမ်းအပြင်
မျက်ရည်စက်တွေပါ စိုသွားနေသည်။
အမှောင်တွေကြီးစိုးနေသော်ငြား ဘတ်ထရီအားနှင့်
မီးအလင်းရသည်မို့ လင်းဆယူသည် အခေါင်းထဲကသူ့ချစ်သူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရပါသည်။
ဥက္ကာအခေါင်းရှိနေသည့်နေရာသည် လင်းဆယူ၏
ကိုယ်ပိုင်အိပ်ဆောင်ဖြစ်သည်။
"ထွက်သွားပေး''
လင်းဆယူတောင်းဆိုမှုကြောင့် အမြဲတရိပ်တကြည့်ကြည့်နဲ့တာပေါမှာထွက်သွားပေးလိုက်ရပြီး လင်းဆယူ
သဘောအတိုင်းတံခါးပါပိတ်သွားပေးလိုက်သည်။
တစ်ယောက်တည်းကျန်နေခဲ့ရချိန်လင်းဆယူသည်
နံရံကိုမှီကာထိုင်နေပြီး အခေါင်းကိုသာငူငူကြီးကြည့်နေသည်။ ညအမှောင်ကြီးစိုးလာလေ လွမ်းစိတ်တွေပြင်းထန်လာလေ အသံတွေတိတ်လာလေ ဒဏ်ရာတွေပိုနာလာလေဖြစ်သည်။
လင်းဆယူသည် ဒူးခေါင်းနှစ်ဖက်ကိုပိုက်ရင်း ခေါင်းငုံ့ကာ
ငိုကြွေးနေသည်။ ဥက္ကာ၏လုံးလုံးတိတ်ဆိတ်နေမှုသည်
လင်းဆယူအတွက်သေလောက်အောင်နာကျင်ရသည်။
လင်းဆယူသည် တစ်ညလုံးမအိပ်စက်ချေ။ ဘာမှလည်းသူမစား။ ကောင်းကောင်းမွန်မွန်နေခဲ့ပါ့မယ် လို့ ဥက္ကာကို
သူကတိပေးခဲ့ပေမယ့် ယခုမှာတော့ သူ ရေတောင်ဝင်အောင်မသောက်နိုင်။ ဥက္ကာအခေါင်းကိုထိုင်ကြည့်နေရ
သည့် ဒီညဟာ လင်းဆယူအတွက် နှစ်တစ်ရာလိုကြာရှည်ပြီး နွေတစ်ရာလိုပူပြင်းသည်။
မနက် ၆နာရီ အလင်းရောင်ဖျော့ဖျော့ထိုးဖောက်လာသည်။ဥက္ကာအား သဂြိုလ်မည့်နေ့မို့ အားလုံးအလုပ်ရှုပ်နေကြသည်။ လင်းဆယူသည် ရေမိုးချိုးပြီးအပြင်ဝတ်စုံနဲ့
သပ်သပ်ရပ်ရပ်ရှိနေသည်။ ဥက္ကာကို ပေးထားသော
ကတိကိုသူတည်အောင် ကြိုးစားနေခြင်းဖြစ်သည်။
"ထမင်းလာပို့တာပါ ဗိုလ်လင်း ''
မနက်စာပို့ပေးလာသော တာပေါကို လင်းဆယူက ခေါင်းသာညိတ်ပြသည်။ လင်းဆယူသည် တစ်ကိုယ်လုံးကိုပြင်ဆင်ပြီးသည့်အခါ အခေါင်းထဲရှိနေသည့်ဥက္ကာကို
ငုံ့ကြည့်ပြီးနဖူးကိုတစ်ချက်နမ်းရှိုက်သည်။
"ငါ့ကိုထမကြည့်တော့ဘူးပေါ့''
လင်းဆယူက တစ်ယောက်တည်းပြောရင်းခပ်ဖွဖွပြုံးသည်။ပြီးပြန်တော့ မျက်လွှာချပြီးငိုချသည်။ ဥက္ကာသာ အသက်ရှိနေရင်သူ့မျက်ရည်တွေကိုထသုတ်ပေးမှာဟု တွေးမိတော့ လင်းဆယူသည် မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ပြီး ရှ်ိုက်ကြီးတငင်ငိုချနေသည်။
"ဒီနေ့လည်းငါစားမဝင်သေးဘူး ဥက္ကာ''
လင်းဆယူသည် တာပေါလာပေးသွားသည်မနက်စာကို
ကြည့်ရင်း ဥက္ကာကို ခပ်တိုးတိုးပြောသည်။ အလိုက်ကန်းဆိုးမသိတဲ့မျက်ရည်တွေကလည်း ပါးထက်လှိမ့်ခနဲ
လှိမ့်ခနဲနဲ့မို့ လင်းဆယူမှာသုတ်ပါများသဖြင့် ပါးတောင်ပွန်းတော့သည်။
"ဗိုလ်လင်းမာမီတို့ရောက်လာပြီ''
အပြင်ကလှမ်းပြောတဲ့တာပေါစကားနောက် လင်းဆယူသည် မျက်ရည်တွေကိုမြန်မြန်သုတ်နေသည်။ မာမီက
ဥက္ကာအလောင်းကိုပို့ပေးဖို့ပြောခဲ့ပေမယ့် သူကတော့
ဒီမှာပဲ သဂြိုလ်ချင်သည်။ သတင်းပါးတော့ ဥက္ကာအပေါ် မေတ္တာရှိနေသည့် မာမီတို့က လိုက်လာသည်။
ဥက္ကာအားသဂြိုလ်မည့်နေ့မှာ တကူးတကလာပေးသူတွေဟာ လင်းဆယူမိသားစုဝင်တွေမှမဟုတ် ဥက္ကာကိုမြင်ဖူးတွေ့ဖူးဆေးကုဖူး ထမ်းဖူးသည့် လင်းဆယူရွာကလူတွေလည်းပါသည်။လင်းဆယူမိသားစုဝင်တွေကလည်း အကုန်ပါလာသည်။
တိုက်ပွဲထဲကျသွားတဲ့သူ့လူတွေနဲ့ယှဥ်ရင်တောင် ဥက္ကာသည် အဆများစွာပိုကံကောင်းပါသည်။
ဥက္ကာအခေါင်းနံဘေးတွင် ဥက္ကာအား ကရုဏာသက်သူတို့ုနေကြသည့်အခါ နံဘေးကနားထောင်နေသည့်
လင်းဆယူသည် တစ်ဖန်ပြိုဆင်းလာသောမျက်ရည်တို့ကို
အိမ်ကလူတွေမမြင်အောင် သုတ်ရင်း ခေါင်းရှောင်ထားရသည်။
"ကလေးကတစ်ကိုယ်လုံးမှာဒဏ်ရာတွေနဲ့ဆိုတော့
တောထဲမှာမေ့နေတဲ့ပုံလေးကိုတောင်ပြန်အမှတ်ရစေတယ်
ဆူးငြောင့်ခလုတ်တွေကြားရှင်သန်ရတာအရမ်းခက်ခဲမှာပဲ
ယခုလိုလွတ်မြောက်သွားတာကောင်းပါတယ် ဒါပေမဲ့
နှမြောတယ် ကလေးကသိပ်ငယ်သေးတယ်''
ဗိုလ်လင်းအမေက ပန်းစောင်ကြီးခြုံထားသလို ရင်ဘတ်အထိ ဖြူနီဝါပန်းတို့ဖုံးနေသော ဥက္ကာကို ကြောက်လန့်မှုတစ်စက်မှမရှိတဲ့အပြင် မျက်နှာကိုတစိမ့်စိမ့်ကြည့်ပြီး
သူမဆီမှာ ဥက္ကာ နှစ်ပတ်ကျော်ရှိနေခဲ့တဲ့အချိန်တွေကို
ပြန်လည်ကာပြောနေသည်။
လင်းဆယူသည်အမေဖြစ်သူ၏စကားတွေကိုနားထောင်ရင်း စတွေ့ခဲ့တုန်းက ဥက္ကာအပေါ်သူရက်စက်ခဲ့တာတွေကို
ပြန်တွေးနေသည်။ အချိန်လွန်မှနောင်တရသလို ရင်ဘတ်က အောင့် အောင့်တက်လာသဖြင့် လင်းဆယူသည်
အံကြိတ်ကာ အသံတိတ်နေသည်။ မျက်ရည်တွေကိုဘယ်လိုမှမထိန်းနိုင်တော့တာသေချာသည့်အခါ
လင်းဆယူသည် သူ့အိပ်ဆောင်၏အပြင်ကိုအလျင်အမြန်ပြေးထွက်သွားသည်။
အပြင်အရောက်တွင်တပ်သားတို့ထံမှကြားလိုက်ရသော
စကားတစ်ချို့ကြောင့် လင်းဆယူသည် အော်ငိုချင်စိတ်ကို ခဏ ထိန်းထားနိုင်လိုက်သည်။
Advertisement
"ဘာဖြစ်တာလဲ ''
"ကျွန်တော်ညကလူတစ်ယောက်ကိုတွေ့လိုက်လို့ပါ
ဗိုလ်လင်း လမ်းလျှောက်ပုံကထော့နဲ့ နဲ့ဒဏ်ရာရထားပုံပဲ
ဗိုလ်လင်း အိပ်ဆောင်ရှေ့မှာပဲတွေ့တာ ကျွန်တော့်ကိုတွေ့တော့ထွက်ပြေးသွားတယ် ကျွန်တော်လိုက်ခဲ့ပေမယ့်
သူ့ကိုမမှီလိုက်ဘူး''
တပ်သားတစ်ယောက်ကပြောတော့ လင်းဆယူသည်
သူ့တဲရှေ့ပြန်သွားနေသည်။ တဲရှေ့တစ်လျှောက် သွေးစက်တွေရှိနေသည်။ နံရံကိုကိုင်ထားသလို နံရံမှာလည်း
သွေးလက်ရာတွေရှိနေသည်။
လင်းဆယူတစ်ခုခုကိုသဘောပေါက်သွားလေသည်။
မနေ့ကတိုက်ပွဲတွင် ဥက္ကာလူထဲကတစ်ယောက်ဒဏ်ရာနဲ့လွတ်မြောက်သွားခြင်းဖြစ်ရမည်။
"ကျွန်တော်တို့လူဖြန့်ပြီးရှာလိုက်ရမလား ဗိုလ်လင်း''
မေးလာသောတာပေါကို လင်းဆယူချက်ချင်းခေါင်းယမ်းပြသည်။
"ဥက္ကာကိုနောက်ဆုံးအနေနဲ့လာကြည့်တာဖြစ်မယ်
ထားလိုက်''
လင်းဆယူကပေါ့ပေါ့ပါးပါးသာပြောပြီး ချောင်းစပ်တွင်
တစ်ယောက်တည်းသွားထိုင်နေလေသည်။ တာပေါသည်
လင်းဆယူကိုကြည့်ရင်း သက်ပြင်းချသည်။ လင်းဆယူ
ဘာကြောင့်ယခုလိုဖြစ်နေရသလဲဆိုတာကိုတာပေါကလွဲ
ကျန်တပ်သားတွေမသိ။ တာပေါကတခြားကိစ္စတစ်ခုနှင့်
လိမ်ညာပြောထားတာကြောင့်လည်းပါမည်။
၉နာရီထိုးသည့်အခါ ဥက္ကာအခေါင်းကို လင်းဆယူတဲပေါ်ကချပြီး ယာယီဆောက်ထားတဲ့ဝါးကုတင်ကြီးပေါ်ခေတ္တချထားနေသည်။ အခေါင်းကိုအဖုံးအုပ်တော့မှာမို့
လင်းဆယူသည်အခေါင်းမအုပ်ခင်ချစ်သူ့မျက်နှာကို
မျက်တောင်တစ်ချက်မှမခတ်ဘဲ ရပ်ကြည့်သည်။
"ကြာကြာထားရင်အဆင်မပြေတာမို့မြန်မြန်သဂြိုလ်တာပဲကောင်းပါတယ် အမျှဝေတာကတော့ နောက်တစ်ရက်နှစ်ရက်နေမှလုပ်ပေးလိုက်မယ်''
အမေဖြစ်သူစကားကို လင်းဆယူမငြင်း။ အားလုံးကသဘောတူနေသလို သူလည်းသဘောတူပါသည်။သို့သော်
သူ့ရင်ဘတ်ကနာသည်။
ဥက္ကာကို သဂြိုလ်မည့်နေရာမှာ သူ့တပ်ရင်းရှိချောင်း၏
တစ်ဖက်က တောစပ်လေးဖြစ်သည်။ တာပေါနဲ့တပ်သားတွေက သဂြိုလ်ဖို့သစ်ကိုင်းခြောက်တွေစုနေသည်။
လင်းဆယူသည် သဂြိုလ်ဖို့အသင့်ဖြစ်နေပြီဖြစ်တဲ့ပြင်ဆင်မှုတွေကိုကြည့်ပြီးမျက်တောင်တစ်ချက်ခတ်သည်။ မျက်တောင်ခတ်လိုက်ချိန် ပန်းကြွေသလို
သူ့အသည်းဟာ မြေပေါ်ကြွေကျသွားသည့်အတိုင်း။
ဝမ်းနည်းစိတ်တို့ကချက်ချင်းတက်လာသည်။
၁၀နာရီတွင် ဥက္ကာအခေါင်းနှင့်အတူ အခေါင်းချထားသော ဝါးကုတင်ကိုပါ ယောက်ျားမှန်သမျှတွေက
ဝိုင်းပြီးမကြသည်။ လင်းဆယူသည် ချစ်သူ့မျက်နှာရှိရာခေါင်းရင်းဘက်ကို မရင်း စိတ်ကိုတင်းထားသည်။
လင်းဆယူညီ၃ယောက်နဲ့လင်းဆယူ ပါးသည်လည်း
လင်းဆယူနံဘေးကနေ ဥက္ကာအခေါင်းကိုဝိုင်းမနေသည်။
ဥက္ကာအခေါင်းနဲ့အတူ ဝါးကုတင်ကိုချလိုက်သည့်အခါ
အားလုံးက ထင်းတွေကို ကုတင်အောက် ကုတင်နံဘေး
ကုတင်ပတ်ပတ်လည် စီချနေသည်။ အခေါင်းပေါ်ကိုတော့ လင်းဆယူကလက်မခံတာကြောင့် ဘာထင်းမှရှိ
မနေ။
လင်းဆယူသည် သူ့ချစ်သူ၏မျက်နှာကို ယခုထိကြည့်မဝနိုင်သေးတာကြောင့်ဖြစ်သည်။ ထိုစဥ် တာပေါက မီးရှို့ထားတဲ့မီးတုတ်ကိုကိုင်ပြီး လင်းဆယူအနားရောက်လာသည်။
"ဗိုလ်လင်းရှို့မှာလား ကျွန်တော်ရှ်ို့ရမှာလား''
လင်းဆယူသည် တာပေါအမေးကိုမဖြေ။သက်ပြင်းကိုလေးလေးလံလံရှိုက်ပြီး တာပေါလက်ထဲကမီးတုတ်ကို
အသာလေးဆွဲယူသည်။
"မင်းရှင်သန်နေရတဲ့ဘဝကဒီမီးထက်တောင်ပူလောင်ရတာလား''
လင်းဆယူသည် မီးတုတ်ကိုကြည့်ရင်း တစ်ယောက်တည်း တိုးတိုးပြောသည်။လင်းဆယူသည်
နာကျင်စွာပြုံးပြီး ပါးပေါ်လှိမ့်ဆင်းလာတဲ့သူ့မျက်ရည်စက်ကို လက်ညှိုးနဲ့အသာသုတ်ပြီး ဥက္ကာ
အနားသွားလေသည်။
လင်းဆယူသည် နောက်ဆုံးအနေဖြင့် ချစ်သူ့မျက်နှာကို
ခဏစိုက်ကြည့်သွားသည်။ အခေါင်းကိုအဖုံးအုပ်ထားပေမယ့် မျက်နှာပိုင်းက မှန်အကြည်နဲ့ဖြစ်တာကြောင့်
ချစ်သူ့မျက်နှာကိုလင်းဆယူရှင်းရှင်းလင်းလင်းမြင်ရသည်။
"နောက်ဘဝဆက်တိုင်းမှာ အေးချမ်းသာယာတဲ့ဘဝကိုပိုင်ဆိုင်ရပါစေ ဥက္ကာ ''
လင်းဆယူသည် ဥက္ကာအတွက်တောင်းဆုပြုပြီးနောက်တွင် လက်ထဲကမီးတုတ်ကို ဥက္ကာအခေါင်းအောက်က ထင်းတွေကြားထည့်လိုက်သည်။ ထင်းတွေကအခြောက်တွေချည်းဖြစ်သည့်အခါ မီးထိသည်နှင့်
ဆက်တိုက်လောင်ကျွမ်းတော့သည်။
လင်းဆယူသည် မျက်တောင်တစ်ချက်မျှမခတ်ဘဲ
မီးလောင်ကျွမ်းနေသော ဥက္ကာအခေါင်းကိုစိုက်ကြည့်နေသည်။ဦးနှောက်က အသိတချို့ကသူ့ကို နှိပ်စက်လာသလို နှလုံးသားက ကွဲကြွေရမတတ်။
သူ့ကိုတွေ့ရင်ကလေးဆိုးလေးလိုရစ်တတ်ပြောတတ်သည့်
သူ့ချစ်သူသည် သူ့ကိုတစ်သက်လုံးထားသွားလေပြီ။
ဘဝရဲ့ဖိအားတွေကြောင့်သူ့ကိုထားခဲ့ဖို့ရွေးချယ်ခဲ့သည့်
သူ့ချစ်သူဟာ ယခုမီးအလယ်မှာ စိတ်အေးလက်အေး
အိပ်စက်နေသည်။
ဥက္ကာရဲ့ဝိညာဥ်သာ ဒီအချိန်သူ့အနားရှိနေခဲ့မယ်ဆိုရင်
'ဒီမီးကကျွန်တော်ရှင်သန်နေရတဲ့ဘဝလောက်တောင်မပူပါဘူး' ဆိုပြီး ပြောမှာသေချာသည်။ လင်းဆယူသည် တွေးရင်းမျက်လွှာချလေသည်။ မျက်ရည်စီးကြောင်းနှစ်ခုသည်လည်း မြေပေါ်ခကြွေနေ၏။
မီးကပိုပြင်းလာသဖြင့်အားလုံးကဆုတ်သွားသော်ငြား
လင်းဆယူသည် နေရာကတစ်စက်မှမခွာပင်။ တာပေါအပါအဝင်အားလုံးက ချောင်း၏တစ်ဖက် စခန်းကို
ပြန်ရောက်လာနေပြီးအခြေနေကိုလှမ်းပြီးသာကြည့်နေသည်။
"ကလေးပြန်ဖွေးမွားလာရင်သိရအောင်အမှတ်အသားလုပ်ပေးမလို့ကို သားကြီးကတားတာနဲ့မလုပ်လိုက်ရဘူး''
လင်းဆယူအမေက မီးလောင်ကျွမ်းနေတုန်းဖြစ်တဲ့
ဥက္ကာအားသဂြိုလ်သည့်နေရာကိုငေးကြည့်ရင်း စိတ်
မသက်မသာနဲ့ပြောနေသည်။ တာပေါသည်ကား သေနတ်ကိုပခုံးပေါ်ချိတ်ပြီး ချောင်းစပ်ကိုသွားကာ လင်းဆယူကိုစောင့်နေသည်။
မချစ်ဖူးလို့မခံစားတတ်ပေမယ့် ဗိုလ်လင်းကိုကြည့်ရုံနဲ့
ဒါဟာကြားဖူးတဲ့ နှလုံးကတစ်စစီကြေမွသွားတယ် ဆိုတာများလားဟု တာပေါ တွေးမိသွားသည်။ အချစ်ကဘဝကိုပြောင်းလဲသွားစေတယ်ဆိုတာကိုတော့ တာပေါ
ယုံကြည်သည်။
အချစ်ကိုပြတ်ပြတ်သားသားရွေးချယ်သွားတဲ့ နောင်
ကသာ ဥပမာပေမို့။
၁၀နာရီ ကစတင်သဂြိုလ်ခဲ့သောမီးသည် ညနေ၄နာရီခွဲလောက်မှအကုန်ငြိမ်းသွားသည်။မနက်ကတောင်အိပ်စက်သလိုရှိနေသေးသည့်ဥက္ကာ၏ရုပ်အလောင်းသည် ယခုပြာတွေချည်းဖြစ်သွားကုန်သည်။
မနက်ကနေယခုထိနေရာမရွေ့သည့်လင်းဆယူသည်
မနက်ကဥက္ကာအလောင်းရှိနေသေးသည့်နေရာကိုမှန်းဆရင်း ပြာတွေကိုလက်နဲ့ပွတ်နေသည်။သူ့ချစ်သူသည် နောက်ဆုံးတော့ငြိမ်းချမ်းသွားသည်။ ထွက်သွားသူထက်
ကျန်ရစ်ခဲ့သူမှာ အရူးနဲ့မခြားအောင်နာကျင်ရသည်။
လင်းဆယူသည် ပြာတစ်ဆုပ်ကိုလက်ထဲဆုပ်လိုက်ပြီး
မျက်ရည်များနှင့် ငေးမှိုင်ကာကြည့်နေသည်။
သူ့ချစ်သူသည် ဖမ်းဆုပ်၍မရတော့အောင်သူ့ကိုအမှန်တကယ်ထားသွားခဲ့ချေပြီ။ သူဒါကိုသိနေပေမယ့် လက်
မခံချင်သေး။ လွမ်းဆွတ်မှုကြီးသည် သူ့ကိုတဖြည်းဖြည်း
ညှဥ်းသတ်လာနေသည်။ အရာအားလုံးပြောင်းလဲသွားပြီဟု သူလက်ခံလိုက်သည့်အခါ ရင်ဝကစို့တက်လာသဖြင့်
သူငိုချမိပြန်သည်။
"ဗိုလ်လင်းထမင်းမစားတာ၅ရက်ရှိတော့မယ် အခု
နည်းနည်းစားလိုက်မလား''
လင်းဆယူအမေ၏တောင်းဆိုမှုနှင့်ဥက္ကာပြာအနည်းငယ်ကိုအိုးထဲထည့်နေသည့်တာပေါသည် ငိုနေသောလင်းဆယူကိုဖျောင်းဖျသည်။လင်းဆယူကထုံးစံအတိုင်းမစားချင်ကြောင်းငြင်းပြန်သဖြင့် တာပေါသည် သက်ပြင်းကိုခပ်လေးလေးချလိုက်ရသည်။
"ဗိုလ်လင်းသေချာစဥ်းစားပါ သူကဗိုလ်လင်းအတွက်သူ့အသက်ကိုရင်းထားရတာ ဗိုလ်လင်းယခုလိုမစား
မသောက်ဘဲနေ နေတာက သူရင်းထားရတဲ့သူ့အသက်ကိုတန်ဖိုးမထားတာနဲ့အတူတူပါပဲ သူသာယခုနေအနားရှိနေရင် ကျွန်တော်ပြောသလို သူပြောမှာပဲ ''
တာပေါဆီကစကားတွေအဆုံး လင်းဆယူသည် မျက်ရည်တွေကိုသုတ်ပြီး တာပေါကိုလှည့်ကြည့်သည်။
"ပြာတွေကဘာလို့ဖို့လဲ''
"ဗိုလ်လင်းမာမီထည့်ခိုင်းတာ သူ့အတွက်အမျှဝေပေးဖို့လေ''
လင်းဆယူခေါင်းညိတ်သည်။ ထို့နောက် ကောင်းကင်ကိုမော့ကြည့်သည်။
"မင်းအပြန်လမ်းဖြောင့်မှာပါ မာမီတို့ကအမျှဝေပေးလိမ့်မယ် မင်းဦးလေးကိုလည်းအကြောင်းကြားပြီးပြီ ''
လင်းဆယူသည် လွမ်းဆွတ်တမ်းတရင်းပြောနေသည်။
တာပေါကား ချောင်းတစ်ဖက်ကိုပြန်ရောက်သွားပြီး
အိမ်ပြန်တော့မည့် လင်းဆယူရွာသားတွေကိုဝတ်ကျေတန်းကျေ ဂိတ်ဝအထိလိုက်ပို့သည်။
လင်းဆယူအိမ်သားများသည် မပြန်ခင် လင်းဆယူကို
တစ်ချက်လှည့်ကြည့်သွားသည်။ တာပေါကပြောပြသဖြင့်
သူတို့လည်းအကျိုးအကြောင်းသိချေသည်။ သူတို့သားချစ်တဲ့သူသည် သေဆုံးသွားတဲ့ဥက္ကာကိုမှဖြစ်သည်။
"သားဆယူကိုဂရုစိုက်ပေးပါဦး ''
လင်းဆယူ အပါးကပြောလာတော့ တာပေါခေါင်းညိတ်သည်။
"ဟုတ်ကဲ့ အချိန်တန်ရင်သူမေ့နိုင်သွားမှာပါ''
လင်းဆယူအိမ်သားတွေကားနဲ့ထွက်ခွာသွားသည့်အခါ
တာပေါသည် စခန်းထဲပြန်ဝင်လာပြီး လင်းဆယူအတွက်
ချက်ပြုတ်ဖို့တပ်သားတွေကိုညွှန်ကြားနေသည်။
တစ်ဖက်ချောင်းစပ်က လင်းဆယူကတော့ မျက်ရည်တွေကိုတစ်စက်မှမကျန်လေအောင်သုတ်ရင်းစိတ်တင်းကာ
ပင့်သက်ရှိုက်နေသည်။ထိုစဥ် နံဘေးရှိချုံပုတ်ကတစ်ခုခုရှိ
နေသလိုလှုပ်လာသဖြင့် လင်းဆယူချုံပုတ်အနားကိုတဖြည်းဖြည်းချဥ်းကပ်လိုက်သည်။
လင်းဆယူသည် ချုံပုတ်ကိုလက်နဲ့လှုပ်ကြည့်သည်။
ထိုအခါ လင်းဆယူသည် သားရဲအုပ်သလိုအုပ်ခံရပြီး
မြေပေါ်ပြိုကျသွားသည်။
"အာ့!''
လင်းဆယူနှလုံးတည့်တည့်တွင် ဓားမြှောင်တစ်ချောင်းစိုက်နေသည်။ လင်းဆယူပြန်မတွန်းလှန်နိုင်ခင် သူ့နှလုံးကနောက်ထပ်တစ်ချက်အထိုးခံလိုက်ရသည်။
"မင်းကြောင့်ကိုဥက္ကာသေရတာ ငါမင်းကိုဘဝဆက်တိုင်း
သတ်ပြမယ် လင်းဆယူ!''
လင်းဆယူကိုခုန်အုပ်သူသည်တိုက်ပွဲမှဒဏ်ရာနှင့်ထွက်ပြေးလွတ်မြောက်လာသည့် Kသာဖြစ်သည်။
Kသည် လင်းဆယူနှလုံးအိမ်ကိုဓားနဲ့အချက်ပေါင်းများစွာထိုးကြေနေသည်။ လင်းဆယူသည် အသက်တစ်ချက်မော့ရှူရင်း သူ့နံဘေးကဥက္ကာပြာတွေကိုလှည့်ကြည့်သည်။
"ဟေ့ကောင်!''
ဒိုင်း!
ချောင်းတစ်ဖက်ကတာပေါတို့ပြေးရောက်လာသဖြင့်
Kသည် သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခံရတာ
နေရာနဲ့တင်ပွဲပြီးသွားသည်။
"ဗိုလ်လင်း! ဟေ့ကောင်တွေဗိုလ်လင်းကိုအမြန်မ''
တာပေါနှင့်တပ်သားတို့သည် အုတ်အော်သောင်းနင်းဖြစ်သွားကုန်သည်။သူတို့သည် လင်းဆယူကိုအမြန် မ ပြီး
ဆေးကုသဆောင်တွင်အမြန်ချလေသည်။ တပ်ထဲရှိကြက်ခြေနီတွေကလည်းအမြန်လှုပ်ရှားနေသည်။
သူတို့က လင်းဆယူသွေးယိုထွက်နေတဲ့နှလုံးနှင့်ပတ်ပတ်လည်ကိုသွေးတိတ်အောင်ကြိုးစားလုပ်ရင်း
ဆေးပုလင်းကြီးတွေတန်းချိန်နေသည်။ သွေးထွက်များလွန်းနေသည်။ လင်းဆယူကလည်းအသက်ပင်မရှူတော့သဖြင့် သူတို့အတွက်မျှော်လင့်ချက်သည် ၅%တောင်မရှိနိုင်လောက်။
"ကွာ!တောက်!!''
တာပေါသည် မြေပေါ်ကကျောက်ခဲတွေကိုကန်ရင်း
သူ့ကိုယ်သူဒေါသထွက်ကာအပြစ်ပေးသည့်နှယ် သစ်ပင်ကိုထိုးကြိတ်နေသည်။
ဗိုလ်လင်းကိုသူတို့နောက်ကျပြီးမှကယ်တင်ခဲ့တာ
ချောင်းခြားနေသည့်တောစပ်မို့ ရန်သူရောက်လာတာကို
သူတို့မသိ။ရေစီးသံတွေကြောင့် ဗိုလ်လင်းအော်သံကို
သူတို့မကြားလိုက်ရ။
ဗိုလ်လင်းကသူတို့မျက်စိရှေ့မှာတင်တိုက်ခိုက်ခံရတာနဲ့
မခြားသဖြင့် တာပေါက ခံပြင်းရင်းသူ့ကိုယ်သူအပြစ်တင်နေခြင်း။ ဒါ့ကြောင့် ယခုနေသူတို့လုပ်နိုင်သည့်အရာဟာ ကိုယ်ယုံကြည်ရာဘာသာနှင့် ဗိုလ်လင်းအတွက်ဆုတောင်းခြင်းသာဖြစ်သည်။
.
Greenleaf 🌿
လင်းဆယူအသက်ရှင်နိုင်ဦးမယ်ထင်ပါသလား!!!
_________________________________
Unicode
Zawgyi
~~~~~~
"တာပေါ''
"ရှိ ဗိုလ်လင်း''
နည်းနေလောက်သည်။
"အမွှေးရည်ပေး''