《If you believe (Complete)》Final
Advertisement
Unicode
Zawgyi
~~~~~~
လင်းဆယူသည် မျက်နှာတည့်ရာကိုဆောက်တည်ရာမရပြေးနေသည်။ သူယခုရောက်နေသည့်ကမ္ဘာသည်သူ့အား ဝင်္ကပါ လိုကျီစားနေသည်။ ငိုသံတွေနဲ့အတူသူ့ကိုအော်ခေါ်သံတွေသူအဆက်မပြတ်ကြားနေခဲ့ပေမယ့်
ဘယ်သူ့ကိုမှသူရှာမတွေ့။ ဘယ်သွားသွားနေရာတစ်ခုတည်းကိုပဲသူပြန်ရောက်နေသည်။
သူ့အဖြစ်က အဖုံးပိတ်ထားတဲ့ဆန်အိုးထဲပြုတ်ကျနေတဲ့
ပိုးကောင်လေးလို ကယ်တင်မယ့်သူရှိမှသာ လွတ်မြောက်နိုင်မည့်ဘဝဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခွင်အားမြူခိုးတွေဖုံးနေသဖြင့် အဝေးတွေကို သူမမြင်ရ။ အနီးအနားလေးတွေကိုသာမြင်နေရသဖြင့် မျက်ကန်းတစ်ယောက်နဲ့မခြား သူချင့်ချိန်ကာ
သွားနေရသည်။ ရင်ဘတ်ကတဆစ်ဆစ်ကိုင်နေတာ
ကြောင့် သူ့မျက်နှာကရှုံ့မဲ့နေ၏။
"ဒါက ဘယ်လိုနေရာမျိုးလဲ''
အသံတစ်ခုကြားလိုက်ရသည်မို့ လင်းဆယူလမ်းလျှောက်ရာကရပ်ပြီးခေါင်းထောင်ကာ နားစွင့်နေသည်။ ထို့အပြင်
အသံက သူသိတဲ့သူအသံနဲ့ခပ်ဆင်ဆင်။
"ဒီနေရာက သေဆုံးခြင်းနယ်နိမိတ် ပြောရရင်သေသွားတဲ့သူတိုင်းမဖြစ်မနေဖြတ်ကျော်ရမယ့်နယ်နိမိတ်''
ပြန်ဖြေသံသည် အသက်၈၀ ကျော်အဘိုးအိုးလိုအသံမျိုးနဲ့တူနေသည်။ လင်းဆယူ သူ့ကိုယ်သူငုံ့ကြည့်လိုက်မိသည်။ သူသည် တစ်ကိုယ်လုံးအဖြူတွေချည်းဝတ်ထားသည်။ သီးခြားကွဲထွက်နေတာက သူ့ရင်ဘတ်ကစိမ့်ယိုနေတဲ့သွေးတွေသာ။
လင်းဆယူနှုတ်ခမ်းတုန်ယင်လာပြီး မျက်ရည်ဝိုင်းလာသည်။ သူကနဦးကကြားလိုက်သည့်အသံဟာ မဟုတ်မှ
ဥက္ကာရဲ့အသံ...။
အတွေးနဲ့တင် လင်းဆယူသွေးပူလာပြီး ခြေလှမ်းတွေကို
အသံလာရာတွေကိုပိုမြန်နေသည်။
"ဥက္ကာ!''
ရှာကြည့်ရုံနဲ့မရတော့ လင်းဆယူအသံပေးလိုက်သည်။
တစ်ချက်အော်ရင် ရင်ဘတ်ကအဆမတန်အောင့်လာ
သဖြင့် သူနားနားပြီးမှအော်ရသည်။
"ဥက္ကာ!''
ပထမတစ်ခေါ်ထူးသံမကြားသဖြင့် လင်းဆယူဒုတိယ
တစ်ခေါက်ထအော်နေသည်။ ဒါလည်းထူးသံမကြားရသေးတော့ လင်းဆယူအသက်ကိုမော့ရှူပြီး မျက်လုံးမှိတ်ကာ ထပ်ခေါ်ဖို့ကြိုးစားသည်။
"ဥက္ကာ!''
သုံးခေါက်တိတိအော်လိုက်သည့်နောက် လင်းဆယူထိုင်ချသွားသည်။သူအလွန်မောပန်းသွားနေသည်။ စိတ်ကထက်သန်နေပေမယ့် နှလုံးကအားနည်းနေသယောင်။
ဆက်သွားဖို့ရာခွန်အားလိုအပ်သည်မို့လင်းဆယူအသက်ကိုဝဝလင်လင်ရှူထားနေသည်။
ထိုချိန် လင်းဆယူအနားအဖြူရောင်အရိပ်တစ်ခုက
ဖျပ်ခနဲဖြင့်ရောက်ချလာသည်။
"ယူ! "
ခေါ်သံတော့ လင်းဆယူမှိတ်ထားသောမျက်လုံးကို
ခပ်မြန်မြန်ဖွင့်လိုက်သည်။
"ဥက္ကာ!''
ထိုလူဟာ နှစ်ယောက်မရှိတဲ့လင်းဆယူချစ်ရသူဥက္ကာပင်။
ဥက္ကာသည်လူ့လောကထဲရှိနေစဥ်တုန်းကထက်များစွာ
ပိုခန့်နေသည်။ မျက်နှာကကြည်လင်လို့။သို့သော်
လင်းဆယူကိုတော့ မျက်မှောင်ကြုတ်ပြီးနဲ့ကြည့်နေသည်။
"ယူ ဘာလို့ကျွန်တော့်နောက်လိုက်လာရတာလဲ!
ဘာလို့ကျွန်တော့်စကားနားမထောင်ရတာလဲ!''
ဥက္ကာ၏အသံသည်အတော်လေးပေါက်ကွဲနေမှန်းသိသာသည်။လင်းဆယူသည် ဥက္ကာမျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်း တသိမ့်သိမ့်တုန်အောင်ငိုကြွေးသည်။
ဥက္ကာက လင်းဆယူဆက်လက်ရှင်သန်ဖို့အရေး
သူ့အသက်ကိုတောင်စတေးပေးခဲ့သည်။ သို့သော်
လင်းဆယူကတော့ ဥက္ကာနောက်ကိုမရမကလိုက်လာသည်။ ဥက္ကာဒေါသထွက်တာကိုလင်းဆယူနားလည်ပေးနိုင်သည်။ထို့ကြောင့်လင်းဆယူငိုနေခြင်းဖြစ်သည်။
သူသည်ဥက္ကာကိုစတေးခံမှုကြီးကိုအလဟဿဖြစ်သွားစေသည်။
"တောင်း ပန် ပါ တယ်''
လင်းဆယူကငိုရင်းစကားကိုတစ်လုံးချင်းပြောကာတောင်းပန်နေသည်။ထိုအခါ ဥက္ကာပိုပြီးမျက်မှောင်ကြုတ်သွားသည်။ လင်းဆယူအသံသည်ပုံမှန်မဟုတ်ဘဲ နာကျင်မှုတစ်ခုခုကိုအောင့်အည်းရင်းပြောနေရသည့်အသံမျိုးဖြစ်သည်။
ဥက္ကာသည် လင်းဆယူကိုယ်ကိုစတင်စစ်ဆေးနေသည်။
လင်းဆယူက ရင်ဘတ်ကိုလက်နှစ်ဖက်နှင့်ဖိပြီးဒူးခေါင်းနှစ်ဖက်နဲ့ပါကွယ်ထားတာကြောင့် ဥက္ကာသည် လင်းဆယူ
ဒဏ်ရာကိုမမြင်ခဲ့ခြင်းဖြစ်သည်။ မြင်သွားသည့်အခါမှာတော့ ဥက္ကာသည် လင်းဆယူတစ်ကိုယ်လုံးကိုထွေးဖက်လိုက်လေသည်။
"ဘယ်သူ့လဲ ယူ့ကိုလုပ်တာဘယ်သူလဲ''
ဥက္ကာအော်ရင်းမျက်ရည်ဝိုင်းလာသည်။ ဥက္ကာအသား
တဆတ်ဆတ်တုန်သည်အထိအံကြိတ်နေသည့်အခါ
လင်းဆယူသည် ငိုချရင်း သူ့ကိုထွေးဖက်ထားတဲ့ဥက္ကာရင်ဘတ်တွင်မျက်နှာအပ်ထားနေသည်။
"ကျွန်တော့်ကိုပြောယူ ယူ့ကိုဘယ်သူလုပ်တာလဲ''
ဥက္ကာမသိရဘဲနဲ့တော့လုံးဝမကျေနပ်နိုင်။ သူကချစ်လွန်းလို့အထိခိုက်မခံတဲ့သူ့ချစ်သူကို ဘယ်သူကထိပါးရဲတာလဲ။
လင်းဆယူကား မျက်ရည်တွေကိုသုတ်ပြီး ဥက္ကာကို မော့ကြည့်သည်။
"K''
လင်းဆယူတိုးလျလျနှင့်ဖြေသည်။ ဥက္ကာမျက်နှာတင်းခနဲဖြစ်သွားသည်။
ယူ့ကို သတ်ခဲ့တာ သူ့ကိုယ်ရံတော်ခေါင်းဆောင်တဲ့လား!
ဥက္ကာအံကြိတ်ပြီးလက်သီးဆုပ်နေသည်။ဥက္ကာမျက်နှာသည် ယခုပင်လူထသတ်မည့်ပုံစံနှင့်ဖြစ်နေသော်လည်း
လင်းဆယူကိုတော့ ရင်ခွင်ထဲယုယုယယပွေ့ထားနေ၏။
"သူယူ့ကိုဘာပြောသွားသေးလဲ''
Kကသတ်ရုံလေးသတ်မှာမဟုတ်တာတော့ ဥက္ကာအတပ်ပြောနိုင်သည်။Kဆိုတာ ယူ့ကိုဘယ်တုန်းကမှမကြည်။
ကိုယ့်ကိုကာကွယ်ချင်စိတ်နဲ့ပါလား ဆိုပြီး ဥက္ကာအမြဲ
တွေးကာစိတ်လျှော့ခဲ့ပေမယ့် ယခုတွင် Kသည် ဥက္ကာအတွက် မဟာရန်သူကြီးဖြစ်သွားနေသည်။
"သူကငါ့ကိုဘဝဆက်တိုင်းသတ်မှာတဲ့''
"ရာရာစစ!''
ဥက္ကာ ခံပြင်းသွားသည်။ Kက သူယူ့ကိုအထိမခံမှန်းသိနေတာတောင် ယူ့ကိုဘဝဆက်တိုင်းလိုက်သတ်ဦးမယ်တဲ့လား။ သူကချစ်လွန်းလို့အပွန်းအပဲ့လေးတောင်မဖြစ်ရအောင်အသက်ကိုတောင်ပေးအပ်ပြီးချစ်ရတဲ့သူ့ချစ်သူကို Kက ရက်ရက်စက်စက်သတ်သွားသည်။ ဒါ့အပြင်
သူ့ချစ်သူကို ကျိန်ဆိုသွားသေးသည်။
K၏လုပ်ရပ်များသည် သူနှင့်စစ်ဖြစ်ချင်ပုံနှင့်မခြား။
ဥက္ကာလင်းဆယူနဖူးကိုတစ်ချက်နမ်းရှိုက်ပြီး လင်းဆယူ
ကျောပြင်ကိုပွတ်သပ်နေသည်။
"ဘယ်တော့မှအဲ့လိုမဖြစ်စေရဘူး ယူ့ကိုသတ်ခဲ့တဲ့အတွက်သူဘဝဆက်တိုင်းယူ့ကိုပြန်ပေးဆပ်စေရမယ်
ကျွန်တော်ကျိန်တယ် ''
လင်းဆယူသည် သူနဲ့ပတ်သက်လျှင်ဆတ်ဆတ်အထိမခံသော ဥက္ကာကိုပြုံးကာကြည့်ပြီး ဥက္ကာနှုတ်ခမ်းကို သူ့နှုတ်ခမ်းနှင့်ဖိကပ်ရင်းတစ်ချက်နမ်းလိုက်သည်။
"ယုံကြည်နေမယ်နော်''
လင်းဆယူက ကလေးလိုပြောသဖြင့်
ဥက္ကာတစ်ကိုယ်လုံးအရည်ပျော်သွားသလိုခံစားလိုက်ရသည်။ ယူသည် သူ့အားတကယ်ကိုပြုစားနိုင်လွန်းသည်။
"သေချာတယ်ယူ ကျွန်တော်Kကိုလုံးဝခွင့်မလွှတ်ဘူး
ဘဝဆက်တိုင်းသူကပဲယူကိုပေးဆပ်စေရမယ်
ယူယုံကြည်နိုင်တယ်''
သူ့အတွက်ဆိုဘယ်အရာမဆိုပေးနိုင်သည့်ချစ်သူ့ထံမှ
သူ မတောင်းပါဘဲ လှပသောကတိတွေရလိုက်သည့်အခါ
လင်းဆယူသည် သွားဖြူဖြူလေးတို့စီအောင်ပေါ်သည်အထိပြုံးလေသည်။ ဥက္ကာသည်လည်းပြုံးနိုင်သည့်ချစ်သူအား ပြုံးပြုံးလေးနှင့်ကြည့်ရင်း နှာဖျားချင်းတိုက်ကာကျီစယ်နေသည်။
ဥက္ကာနှင့်လင်းဆယူတို့ရှိရာမလှမ်းမကမ်းမှာရှိနေသည့်ကောင်လေးတစ်ယောက်ကတော့ ပြုံးနေသည့်ဥက္ကာတို့ချစ်သူနှစ်ဦးနဲ့လားလားမျှမဆိုင် နာကျင်စွာပြုံးရင်းငိုနေသည်။
အချစ်သည် ဖန်ဆင်းနိုင်စွမ်းအားကြီးလွန်းသည်။
ရန်သူမှချစ်သူဖြစ်စေနိုင်သလို မိတ်ဆွေမှမဟာရန်သူအဖြစ်လည်းဖြစ်စေနိုင်သည်။ ဥက္ကာကလင်းဆယူအား
သတ်ခဲ့သည့် သူ့ကို လုံးဝအခဲမကျေတာကိုသိလိုက်ချိန်
Kသည် နာကျင်စွာပြုံးပါသည်။
ကိုယ်ချစ်တဲ့သူအတွက် ကိုယ့်တုံ့ပြန်မှုက သူ့ချစ်သူကိုသတ်ခဲ့လေခြင်းဖြစ်သည့်အခါ ကိုယ်ဟာ သူ၏
အမုန်းခံလူသားဖြစ်သွားရသည်။
အရာတိုင်းကတရားတွေမျှကြပါတယ်
ကိုယ်ကလွဲရင်ပေါ့။
Kခပ်ဟက်ဟက်ရယ်လိုက်မိသွားသည်။
_____________________________
သက်ရှိလောကတွင် လင်းဆယူသေဆုံးသွားတာ သုံးရက်မြောက်သောနေ့ဖြစ်သည်။ လင်းဆယူသည် ဥက္ကာအား
သဂြိုလ်သည့်နေရာ၏နံဘေးမှာတင်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဓားမြှောင်ကသူ့နှလုံးကိုအစိတ်စိတ်အမြွှာမြွှာထိုးချေခဲ့တာကြောင့်လင်းဆယူသည် နောက်လိုက်တို့ကိုဘာအမှာစကားမှမပြောနိုင်ဘဲ နေရာ၌တင်အသက်ထွက်ခဲ့သည်။
ထို့ကြောင့် ဥက္ကာအားသဂြိုလ်ခဲ့သည့်နေ့သည် လင်းဆယူ
သေဆုံးသည့်နေ့ဖြစ်သွားပြီး ဥက္ကာအားအမျှဝေပေးမည့်နေ့သည် လင်းဆယူအား သဂြိုလ်ရသည့်နေ့ဖြစ်သွားချေ
သည်။
အလောင်းအားထိန်းသိမ်းထားမည့်ရေခဲတိုက်တို့မရှိသဖြင့်
လင်းဆယူမိသားစုဝင်တွေက လင်းဆယူသေဆုံးပြီးနောက်ရက်မှာပဲ လင်းဆယူကိုသဂြိုလ်ခဲ့သည်။
လင်းဆယူကိုသဂြိုလ်သည့်နေရာကလည်း ဥက္ကာကို
သဂြိုလ်ခဲ့သည့်နေရာပဲဖြစ်၏။
လင်းဆယူမိခင်မှသားဖြစ်သူအလောင်းကိုကြည့်ရင်းပြောလိုက်သည့်စကားမှာ.
"တစ်ချိန်ချိန်မှာဒီလိုဖြစ်လိမ့်မယ်မှန်းသိထားတယ် ဖြစ်လာခဲ့ရင်စိတ်ကိုဖြေသိမ့်လိုက်မယ်တွေးခဲ့ပေမယ့် တကယ်တမ်းအရမ်းနာကျင်ရတယ်''
အတပ်မှန်သောစကားဟုပြောရမည်လား တာပေါကအစ
တပ်သားအကုန်လုံးသည်လည်း သူတို့၏ဗိုလ်လင်း
သေဆုံးသွားခဲ့ခြင်းကြောင့် ဝမ်းနည်းပက်လက်ဖြင့်ငိုကြွေးခဲ့ကြသည်။ လက်နက်တွေကိုင်ထားတဲ့ယောက်ျားအရင့်အမာကြီးတွေဆိုပေမယ့်လည်းအသည်းကနုပါ၏။
တွယ်ငြိခဲ့သောသံယောဇဥ်တွေကပဲ ငိုကြွေးစေခြင်းဖြစ်သည်။
လင်းဆယူရဲ့အသုဘပွဲကတော့ ဥက္ကာတုန်းကထက်
လူအဆတစ်ရာမကပိုများခဲ့သည်။နာမည်ရခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သည့်အပြင် လူရိုသေလည်းများသည်မို့ လေ့ကျင့်ရေးကွင်းဟာ ပွဲသဘင်အလား
လူတွေပြည့်သိပ်ခဲ့သည်။
အထက်ကလူကြီးတွေလည်းတက်ရောက်လာပြီး အလောင်းချသည့်အချိန်တွင် သေနတ်များအားမိုးပေါ်ထောင်လျက် ပစ်ဖောက်ခြင်း စာလွှာများဖတ်ကြားခြင်း
ဖြင့် လင်းဆယူဝိညာဥ်ကို လေးလံသောတာဝန်တွေမှ
ထာဝရကင်းဝေးစေလေသည်။
အမျှဝေတာကိုတော့ ရပ်ဝေးကိုရောက်နေတဲ့လင်းဆယူ
ဆွေမျိုးမောင်နှမတွေကိုစောင့်နေရသဖြင့် လင်းဆယူမိခင်ကိုယ်တိုင်က လင်းဆယူသေဆုံးခြင်း လေးရက်မြောက်သောနေ့ကိုရွေးချယ်ထားသည်။
ယခုက ည၉နာရီ။ ဓလေ့အတိုင်း သေဆုံးသူ၏ကျန်ရစ်သောမိသားစုတွေကိုအဖော်ပြုရင်း ဖဲရိုက်ကစားကြသည်။ လင်းဆယူအလောင်းကိုသူ့တပ်ရင်းမှာပဲချလိုက်တာကြောင့် လင်းဆယူအတွက်လာရောက်ပေးကြတဲ့တော်တော်များများကလည်း ဒီအနီးနားမှာပဲတည်းနေလေသည်။
Advertisement
လင်းဆယူမိသားစုဝင်တွေကတော့ လင်းဆယူအိပ်ဆောင်တွင်ရှိနေ၏။ ဖဲဝိုင်းက ၁၀ဝိုင်းမျှရှိသည်။ ဓလေ့ကြောင့်လည်း အရက်သောက်ခွင့်ဖွင့်ပေးထားသည်။သို့သော်
တစ်ယောက်ကိုတစ်ခွက်နှစ်ခွက်လေးဖြင့် စည်းနဲ့ကမ်းနဲ့ဖြစ်သည်။
တာပေါသည်ချောင်းနံဘေးကဖဲဝိုင်းတွင်ထိုင်ရင်း
ဥက္ကာနှင့်လင်းဆယူအားသဂြိုလ်သည့်နေရာကို
တကြည့်ကြည့်လုပ်နေသည်။
"ငါသရဲကြောက်ပေမယ့် ဗိုလ်လင်းသာပေါ်လာရင်ငါပြေးဖက်ပစ်မှာ''
တာပေါက လွမ်းလွမ်းဆွေးဆွေးပြောရင်း ငိုတော့မည့်ဟန် ခေါင်းကိုငုံ့ပြီးပင့်သက်ရှိုက်သည်။ အဲလာလည်း
သက်ပြင်းချပြီး ဖဲတွေကိုပစ်ချသည်။
"ငါလည်းရူးချင်တယ် လင်းဆယူကဘယ်လိုလုပ်ပြီးသေ
သွားရတာလဲ အိပ်မက်လိုပဲ ငါအခုထိမယုံနိုင်သေးဘူး''
အဲလာသက်ပြင်းထရှိုက်ပြန်သည်။ဝမ်းနည်းမှုက ရင်ဝမှာအစိုင်အခဲကြီးလိုစို့နေလို့။ ကျန်တပ်သားတွေလည်းမျက်နှာမကောင်း။
"လူသော သွား အရက်တစ်ပုလင်းသွားယူလာပေး''
တာပေါကအရက်သောက်ပြီးစိတ်ဖြေလိုဟန် အဲလာနံဘေးရှိနေသောလူသောကိုအရက်ထယူစေသည်။ သို့သော် တာပေါထင်မထားသည်မှာ အဲလာသည်ထတော့မည့်လူသောကိုဆွဲချပြီးသူ့အနောက်ကိုပို့ထားနေသည်။
"ဒါငါ့ကလေးနော် လာမခိုင်းနဲ့မကြိုက်ဘူး''
အဲလာကရုပ်တည်နဲ့ပြောသဖြင့် တာပေါမျက်မှောင်ကြုတ်သွားသည်။
"ဘာဖြစ်တုန်း ခိုင်းတော့ လူသော သွား သွားယူ''
တာပေါကထပ်ပြီးပြောပြန်တော့ လူသောတစ်ဖန်ထဖို့လုပ်လိုက်သည်။သို့သော် အဲလာကမျက်မှောင်ကြုတ်ပြလာသဖြင့် လူသောခေါင်းငုံ့သွား၏။
"မင်းဘာတွေအဲ့လောက်ဖြစ်နေတာလဲအဲလာ လူသောကို
ဘာလို့အထိမခံတာတုန်း မင်းတိတ်တိတ်ပုန်းရထားတဲ့ကလေးမလို့လား''
"ဟ လင်းဆယူကဂရုစိုက်ပေးဖို့မှာသွားလို့ကွ လူသောကိုတစ်ခုခုလုပ်လိုက်လို့ လင်းဆယူပြန်လာသောင်းကျန်းရင်ဘယ်လိုလုပ်မလဲ''
"ပြန်လာသောင်းကျန်းမှာလား ကြိုက်တယ် ပြန်လာစေချင်တယ် ဟေ့ လာခဲ့ လူသော''
တာပေါကပြောပြောဆိုဆိုနှင့်လူသောကိုဆွဲနေသည်။
အဲလာကလည်း လူသောကိုတာပေါလက်ထဲကကာကွယ်သည်။တာပေါသည်အရက်တစ်ခွက်ဝင်သွား
သဖြင့်ရစ်နေသည်။ လင်းဆယူပြန်လာမယ်အမှတ်နှင့်
လူသောကိုအတင်းဆွဲနေတော့ ဖြူဖြူသေးသေးလူသောမှာ နီရဲတွတ်ကုန်၏။
အဲလာနှင့်တာပေါကြားအခြေနေက အရုပ်လုနေသည့်အလား။ တာပေါကအရလုချင်သဖြင့်အားတွေကြီးနေပေမယ့် အဲလာကမူ လူသောအသားမနာရအောင် နည်းလမ်းမျိုးစုံနဲ့ကာကွယ်နေသည်။
"သွားအိပ်တော့ အေးတယ် ငါ့အိတ်ထဲမှာစောင်ရှိတယ်
ထုတ်ခြုံလိုက်''
"ဟုတ်ကဲ့''
အဲလာသည် လူသောအားတာပေါလက်ကလွက်မြောက်စေပြီးသည်နှင့် နေရာကထွက်သွားစေသည်။ တာပေါက
မူးပြီးငိုနေသည်။ ပါးစပ်ကလည်း 'ဗိုလ်လင်းရေ'ဆိုပြီးအာပြဲနဲ့အော်နေသဖြင့် အဲလာမနည်းလိုက်ပိတ်နေရသည်။
လင်းဆယူသည်အကယ်၍သာသူမရှိတော့ပါက
သူ့တပ်သားတွေကို အဲလာလက်အောက်သွင်းပေးဖို့
သူ့ပါးဒို့ကိုတောင်းဆိုခဲ့သည်။သူ့ပါးဒို့ကလည်း သူ့ဆန္ဒအတိုင်းလုပ်ပေးခဲ့သည်။
ထို့ကြောင့် ယခုနေရာသည် အဲလာအပိုင်ဖြစ်သွားသည်။
အဲလာကအကြီးဆုံးအနေနဲ့ရှိနေပြီး တာပေါကဒုအနေနဲ့ရှိနေသည်။ အားလုံးကအဲလာကိုကြောက်ကြသော်ငြား
တာပေါကတော့ တစ်စက်မှမကြောက်ချေ။ ယခုပဲကြည့်
ဗိုလ်လင်းကိုအော်ခေါ်ရင်းအဲလာကိုဆဲလို့ဆဲနှင့်။သေချာသည်မှာ တာပေါကြောင့် တစ်ညလုံးဘယ်သူမှမအိပ်လိုက်ရ။စိတ်အေးချမ်းသာအိပ်ရအောင်လည်းပျော်ပွဲထွက်လာကြတာမှမဟုတ်ဘဲ။
အများစုကတော့ ဆိတ်ကာ လင်းဆယူကိုတမ်းတရင်းငိုနေတာပေါ့။ အထူးသဖြင့် လင်းဆယူအိမ်သားတွေ။
~~~~~~~
လင်းဆယူဝိညာဥ်အားအမျှဝေပေးမည့်နေ့ဖြစ်သည်။
လင်းဆယူမိခင်သည်သဘောထားပြည့်ဝသောအမျိုးသမီးဖြစ်သည်။ သူမက သားဖြစ်သူကိုပဲမဟုတ်
သားဖြစ်သူချစ်တဲ့လူအတွက်ပါ အမျှဝေပေးလေသည်။
ထို့ကြောင့် ဒီနေ့ဟာ လင်းဆယူနှင့်ဥက္ကာနှစ်ယောက်လုံးအတွက်အမျှဝေပေးသောနေ့ပင်။
နေရာကိုတော့ လင်းဆယူမိခင်သဘောအတိုင်း
လင်းဆယူမွေးရပ်ကိုပဲရွေးချယ်ထားသည်။လင်းဆယူနှင့်ဥက္ကာစတင်တွေ့ဆုံခဲ့ကြတဲ့နေရာဆိုလည်းမမှားတာမို့။
နောင်နဲ့ဇွဲသက်တန့်အပြင် သြဇီရောက်နေတဲ့လင်းကစ်တို့ပါရောက်လာသည်။ အနက်ရောင်အနောက်တိုင်းဝတ်စုံ
အပြည့်နဲ့အာလူးလေးကလည်း Chally လက်မောင်းပေါ် ဝင့်ဝင့်ကြွားကြွားရှိနေသည်။ အာလူးလေးသည်
မျက်တောင်တစ်ဖျပ်ဖျပ်ခတ်ရင်းတစ်နေရာတည်းကိုစူးစမ်းကြည့်နေသည်။ ထိုနေရာမှာ မှန်ဘောင်သွင်းထားသောလင်းဆယူဓာတ်ပုံနှင့် ဥက္ကာဓာတ်ပုံရှိသောနေရာ။
ဥက္ကာအတွက်ဓာတ်ပုံကိုတော့ ဒရုန်းမှရလာသည့်အထဲက
အကောင်းဆုံးပုံကိုရွေးချယ်ပြီး တာပေါကိုယ်တိုင်
မှန်ဘောင်ထဲသွင်းပေးခဲ့သည်။ဗိုလ်လင်းအတွက်သူလုပ်ပေးနိုင်တာဒါလေးပဲမို့။
"ဒါနဲ့နှစ်ယောက်ပုံကဘာလို့ကပ်နေတာလဲ ''
ဇွဲသက်တန့်သည်လင်းဆယူဓာတ်ပုံကိုငေးမှိုင်နေရာမှ
နံဘေးကဥက္ကာပုံကိုမြင်သည်နှင့်ချက်ချင်းထမေးသည်။
လင်းဆယူနှင့်ဥက္ကာကြားကပတ်သက်မှုကိုလင်းဆယူအစ်ကိုဖြစ်သည့် နောင်ကတောင်မသိ။ တာပေါကလုံးဝ
မပြောချေ။တာပေါကလင်းဆယူသိက္ခာတွေဂုဏ်သတင်းတွေမပျက်ရအောင်အဆုံးထိထိန်းသိမ်းထားနေသည်။
"သူကဗိုလ်လင်းကိုကာကွယ်လိုက်တာမလို့ ဗိုလ်လင်းကိုအသက်ပေးခဲ့တဲ့လူမလို့''
"အော် နေပါဦး သူကဘာလို့ဗိုလ်လင်းကိုအသက်ပေးရတာလဲ''
ဇွဲသက်တန့်ကကျေနပ်မလိုလိုနှင့်ပြီးမှ
ထပ်ပြီးမေးနေသဖြင့် တာပေါအံကြိတ်သွားသည်။
"စပ်စုတယ် ဗိုလ်လင်းအမေကသူ့ကိုကယ်ခဲ့လို့သူ
ဗိုလ်လင်းကိုပြန်ကယ်တာဖြစ်မှာပေါ့''
"အင်းပါ!''
တာပေါကစိတ်မရှည်သလိုဘုကလန့်နဲ့ပြောတော့
ဇွဲသက်တန့်ကလည်းစိတ်ပေါက်ပေါက်နဲ့ပြန်အော်၏။
သူကလည်း ပျော်လို့မေးနေတာမဟုတ်။ အသိမိတ်ဆွေတစ်ယောက်ကိုဆုံးရှုံးလိုက်ရတာက ဝမ်းနည်းရုံလောက်နဲ့မက။ သတင်းကြားကြားချင်း သူဝမ်းနည်းလို့ငိုခဲ့သေးသည်။
နောင်က လင်းဆယူအိမ်သားတွေနဲ့စကားပြောနေသည်။
ဇွဲသက်တန့်ကမတည့်တဲ့တာပေါအနားကပ်ကာနေရင်း
လူပုံအလယ်အကြည့်တွေကိုဖြန့်ကြက်နေသည်။
"ငါခုနကလင်းကစ်ကိုတွေ့လိုက်သလိုပါပဲ''
"ဟိုအရှေ့မှာလေ''
တာပေါကလက်ညှိုးထိုးပြမှ ဇွဲသက်တန့်သည်ရှာဖွေနေတာရပ်ပြီး လင်းကစ်တို့ဆီသွားနေသည်။ လင်းကစ်ကား
အာလူးလေးဆန္ဒကိုလိုက်လျောနေရခြင်း။ကလေးက
လင်းဆယူနှင့်ဥက္ကာပုံရှိရာကိုသွားချင်တယ်ဆို၍ သူတို့သွားလိုက်သည်။
အာလူးလေးသည် သူ့Daddyနဲ့ဦးဦးပုံကိုကြည့်ရင်းမျက်ရည်ဝိုင်းလာသည်။ ဦးဦးနဲ့Daddyဘယ်မှာလဲ
မေးသည့်အခါ Daddy2နဲ့ပါးပါးက ခရီးသွားနေတယ်ဆိုပြီးပြောသည်။ ကလေးဆိုပြီးအားလုံးကသူ့ကိုညာသည်။ ၅နှစ်ကျော်ကလေးက သိတတ်နေပြီလေ။ လွယ်လွယ်နဲ့အညာခံမယ်လား။
"ဟင့်''
"အိုး! Cyril(ဆိုင်ရယ်) နိုး!''
ကလေးကထငိုသဖြင့် လင်းကစ်သည် ကလေးပါးပြင်ကမျက်ရည်တွေကိုသုတ်ပေးလေသည်။Challyကား ကလေးရှေ့ဒူးတစ်ဖက်ထောက်ချသည်။
"ဘာလို့ငိုတာလဲ Cyril. တစ်ခုခုဖြစ်လို့လား''
ကလေးသည် သူ့အားမေးနေသောChallyကိုခေါင်းညိတ်ပြသည်။
"ဟိုဒေါ်ဒေါ်တွေပြောတာက ဦးဦးနဲ့Daddyကသေသွားတာဆို သားတို့ဆီပြန်မလာနိုင်တော့ဘူးဆို''
ကလေးကပြောရင်းရှိုက်ငိုသည်။လင်းကစ်နဲ့Challyမှာတစ်ယောက်ကိုတစ်ယောက်စိတ်မကောင်းစွာကြည့်ပြီး
Chally က အာလူးလေး(Cyril)လေးကိုပွေ့မချီလိုက်သည်။
"Sorry Cyril. Daddyတို့လိမ်ဖို့မရည်ရွယ်ပါဘူး
Cyril မကြိုက်ဘူးဆိုရင် Daddyတို့နောက်မလုပ်တော့ပါဘူး''
ကလေးက သူ့ဦးဦးနဲ့Daddyမရှိတော့တာကိုသိရလို့ဝမ်းနည်းနေသလို သူ့ရဲ့နောက်ထပ်Daddyတို့ကသူ့ကိုလိမ်ပြန်တာကြောင့်ဝမ်းနည်းနေသည်။ Chally က နောက်မလုပ်တော့ကြောင်းပြောမှ ကလေးက ခေါင်းညိတ်သည်။
"အိုးဟို အရှင်သခင်လေးကDaddyတို့ကိုစိတ်ကောက်နေတာပဲ''
လင်းကစ်က အပြုံးနုနုနဲ့ပြောရင်း ကလေးပါးပေါ်ကမျက်ရည်တွေကိုဖွဖွသုတ်ပေးနေသည်။ Chally ကား
ကလေးပါးကိုဖွဖွနမ်းပြီး နောက်မငိုတော့အောင် အာရုံလွှဲဲနေသည်။
ထိုစဥ် သူတို့အနားဇွဲသက်တန့်နဲ့နောင်ကရောက်လာပြီး
နောင်သည် Chally လက်ထဲက ကလေးရဲ့နှာဖျားသေးသေးကိုခပ်ဖွဖွညှစ်သည်။
"ငိုထားတာလားဒီကလေး နာမည်လေးက Cyril ဆိုရင်
အားလုံးရဲ့အရှင်သခင်ပေါ့ဟုတ်လား''
နောင်ကကျီစယ်တော့ ကလေးကနောင်ကိုစူးစူးစမ်းစမ်းကြည့်သည်။
"သားက အရှင်သခင် ပါးပါးက ဘုရင် Daddy2က
သားတို့ရဲ့သက်တောင်စောင့်''
ကလေးကအတတ်လေးမို့ သူတို့အကုန်ပြုံးနေရပါသည်။
ကလေးကသူ့Daddyဥက္ကာနေရာမှာ တစ်စုံတစ်ယောက်ကိုအစားထိုးချင်ပုံမပေါ်။Challyကိုတောင် Daddy2လို့သာခေါ်၏။ Challyအတွက်ကတော့
Lordနှင့်Cyril နှစ်ယောက်လုံးသည်သူ၏ကိုးကွယ်ရာ
ရှင်ဘုရင် အရှင်သခင်သာဖြစ်သည်။
"သားကိုဦးဦးနဲ့Daddyပုံယူပေးပါလား ပါးပါး''
ကလေးက ဥက္ကာနှင့်လင်းဆယူပုံကိုတောင်းနေခြင်း။
ကလေးရဲ့မျက်ဝန်းတွေကဝမ်းနည်းရိပ်တွေလွှမ်းနေသည်။
သို့သော် မငိုဘဲ စိတ်ကိုတင်းထားနေသည်။ ဒါ့ကြောင့်
ကလေးရဲ့သန်မာမှုကို အားလုံးကတွေ့မြင်သိသွားလေသည်။
နောင်က ပုံတွေကိုယူ၍ရမရ လင်းဆယူအမေကိုသွားမေးနေချိန် ကလေးဆီကမျှော်လင့်နေသည့်မျက်ဝန်းတွေကအရောင်တဖိတ်ဖိတ်နှင့်။
"Daddyတို့မရရအောင်တောင်းပေးမှာမို့
cyrilလေး စိတ်မပူနဲ့''
မျှော်လင့်နေသောကလေးကိုသနားသဖြင့်Challyပြောလိုက်ခြင်း။Challyအတွက်တော့သေချာသည်။Lordနဲ့
Cyril အတွက်လိုချင်တာတွေမရဘူးဆိုတာမရှိစေရပါ။
ထိုစဥ် နောင်ကမှန်ဘောင်သွင်းထားတဲ့ဓာတ်ပုံနှစ်ခုကိုသယ်ရင်းပြန်လာပြီး ကလေးလက်ထဲထည့်ပေးလေသည်။ ကလေးသည် ပုံတွေကိုသေချာစူးစိုက်ကြည့်ပြီး
အရွယ်နဲ့မလိုက်အောင်ပင့်သက်ရှိုက်နေသည်။ ကလေး
ဘယ်လောက်ဝမ်းနည်းနေမှန်းထပ်မေးဖို့မလိုအောင်
ထိုပင့်သက်ကသက်သေပြနေသည်။
"I'm hungry ''
ကလေးက Chally လည်တိုင်ကိုကြောင်ကလေးလိုခေါင်းပွတ်ရင်းပြောသဖြင့် Chally နှစ်နှစ်ခြိုက်ခြိုက်ပြုံးသွား၏။ ကလေးက အဖေရင်းလိုတွယ်ကပ်တဲ့အချိန်များဆို သူ့အတွက်ပျော်ရွှင်မှုကအတိုင်းမသိ။
"Lord ကိုယ်တို့ဒီနေ့ပဲပြန်မလား မဟုတ်ရင် တစ်ညလောက်အိပ်သွားချင်လား''
Chally အမေးကိုLordကချက်ချင်းခေါင်းယမ်းသည်။
နောင်နဲ့ဇွဲသက်တန့်ကတစ်ရက်နှစ်ရက်နေဦးမယ်ဆိုပေ
မယ့် Lordကတော့ ပြန်ဖို့သာရွေးချယ်သည်။ နေပူလွန်းရင် အသားကအနီကွက်ထလာတတ်တဲ့အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့လူကြီးကို သူစိတ်ပူရသောကြောင့်ဖြစ်၏။
"Cyril လေးရောနေခဲ့ချင်သေးလား''
ကလေးကလည်းLordနည်းတူ Chally အမေးကိုချက်ချင်းခေါင်းယမ်းသည်။ Chally ပြုံးမိသွားသည်။
Lordနဲ့ Cyril က သွေးသားမတော်စပ်ပေမယ့် စိတ်တူကိုယ်တူရှိကြသည်။
"ငါတို့ပြန်တော့မယ်''
လင်းကစ်စကားကို နောင်နဲ့ဇွဲသက်တန့်ကဘာမှထပ်
မပြောဘဲခေါင်းညိတ်လက်ခံသည်။ မရှိရှိတဲ့အချိန်တွေကိုဖဲ့ပြီး မရရအောင်လာပေးတာနဲ့တင် Challyတို့ကိုနောင်ကကျေးဇူးတင်နေပြီးသား။
လှည့်ထွက်သွားတဲ့Challyတို့မှအနောက်ကိုပြန်လှည့်ကြည့်နေသေးသော Cyril လေးကိုကြည့်ရင်းနောင်ကရုဏာသက်ရသည်။ ကလေးသည် မိဘအရင်းတွေကိုဆုံးရှုံးထားသည်။ ပထမမွေးစားခဲ့သူကလည်း ကလေးကိုအပြီးတိုင်ထားသွားပြန်သည်။
တာပေါကမပြောပေမယ့် အကြောင်းအရာတိုင်းကိုသုံးသပ်ကြည့်လေ နောင်တစ်ခုခုကိုသဘောပေါက်လာလေဖြစ်သည်။
လင်းဆယူက သူ့မိတ်ဆွေတစ်ဦးကိုသူတို့လုပ်ငန်းထဲလက်တွဲခေါ်ပေးဖို့နောင့်ကိုတောင်းဆိုခဲ့ဖူးသည်။ ထိုလူသည် သေချာပေါက် ဥက္ကာမှန်းနောင်ပြောနိုင်သည်။ဥက္ကာရဲ့ကလေးဆိုတာကလည်း လင်းဆယူကို ဦးဦးမှဦးဦးဆိုပြီးဖြစ်နေလို့။ အဲ့ဒါကြောင့်ပဲ လင်းဆယူနှင့်ဥက္ကာကြား
တစ်ခုခုရှိနေမှန်း ကြာလေနောင်သဘောပေါက်လာလေဖြစ်သည်။
မွန်းတည့်ရောက်သည့်အခါ အိမ်ထဲလူရှင်းလာသည်။
နောင်ကဧည့်ခန်းတွင်ရှိနေရင်း လင်းဆယူမိဘနှစ်ယောက်ကိုအရိပ်တကြည့်ကြည့်။ သားတစ်ယောက်လုံးကိုဆုံးရှုံးထားသဖြင့် နှစ်ယောက်လုံးကတရှိုက်ရှိုက်နှင့်။ လင်းဆယူ
ညီ၃ယောက်ကလည်း မျက်နှာမကောင်းကြရှာ။
နောင်ကအနားသွားပြီး အငယ်ဆုံးလေးကိုထွေးဖက်လိုက်တော့ အငယ်ဆုံးလေးက ကလေးလေးလို နောင့်ကိုပြန်ဖက်ရင်း 'အစ်ကိုကြီးကိုလွမ်းတယ်'ဆိုပြီး ငိုသံလေးနဲ့ပြော၏။ ဇွဲသက်တန့်ကလည်း ငိုနေသူတွေကို
စိတ်မကောင်းစွာကြည့်ပြီးသက်ပြင်းချသည်။
ရင်းနှီးသူသာဖြစ်ခဲ့ဖူးတဲ့သူတောင် ရင်နှင့်မဆန့်အောင်ခံစားနေရတာ လင်းဆယူအိမ်သားတွေဆိုရင် ရင်ကွဲမတတ်ဖြစ်နေလိမ့်မှာပဲ။
ထွက်သွားသူကတော့ပျော်နေသလား ဘာဖြစ်နေပြီလဲ
မသိရတော့ပေမယ့် ကျန်ရစ်သူတွေကတော့ လေးရက်တောင်ရှိနေပြီကို မျက်ရည်တစမ်းစမ်းနဲ့ဖြစ်နေတုန်း။
ထွက်သွားသူထက် ကျန်ခဲ့သူကနာကျင်ရတယ်ဆိုတဲ့စကားအတိုင်းပါလား..။
_________________
တစ်ဖက်တွင် တူအရင်းကိုဆုံးရှုံးလိုက်ရသည့်အတွက်
ဉာဏ်သည်လည်း ယခုချိန်ထိတိုင်တမြေ့မြေ့နဲ့ခံစားနေရဆဲဖြစ်သည်။ ဥက္ကာကိုသူလမ်းမှားပို့ခဲ့မိသည်။ဥက္ကာယခုလိုသေဆုံးသွားရခြင်းသည် သူ့ကြောင့်လို့ပဲသူအပြီးတိုင်
ခံယူထားသည်။
တကယ်ဆို ဥက္ကာဒုက္ခရောက်မှာမလိုလားသဖြင့်အရာအားလုံးကို ဉာဏ်ကိုယ်တိုင် သူ့နာမည်သူ့ပုံနဲ့သုံးထားတာ။
ဥက္ကာဘယ်အချိန်က ပြောင်းလိုက်တာလဲသူမသိ။
တွေ့ဆုံမှုတွေမှာလည်း ဉာဏ်သွားမယ်လုပ်ရင်ဥက္ကာက
အမြဲတားသည်။
သတင်းထွက်လာပြီးနောက်တွင် ဥက္ကာကသူ့ဆီဖုန်းဆက်ခဲ့သည်။
"ဦးဉာဏ်အမှားမဟုတ်ပါဘူး ကျွန်တော့်ကိုကဒီလိုအဆုံးသတ်ဖို့ကံပါလာတာပါ''
ဥက္ကာက အရာအားလုံးဟာ ကံစီမံတဲ့အတိုင်းပါပဲဆိုပြီး
လွယ်လွယ်နဲ့ပြောခဲ့ပေမယ့် ဉာဏ်ကတော့ အားလုံးဟာ
သူ့ကြောင့်ဟုပဲ မှတ်ယူပါသည်။
ဥက္ကာသည် ဘဝကိုစိတ်ကုန်နေခဲ့သည်။အမြဲအသက်မဲ့နေတဲ့အကြည့်တွေက သူချစ်တဲ့ယူနဲ့တွေ့မှ အသက်ဝင်သည်။ဒါလည်းကြာကြာမဟုတ်။ မုန်တိုင်းကတန်းဝင်လာသည်။သေချာသုံးသပ်ကြည့်ပါက အရာအားလုံးသည်အစချီကတည်းကမှားယွင်းနေခဲ့သည်။
ပြင်ဆင်လို့မရတော့တဲ့အဆုံးမှာတော့ ဉာဏ်တူဖြစ်သူအတွက်လုပ်ပေးနိုင်သမျှကိုလုပ်ပေးလိုက်ပါသည်။ပိုင်ဆိုင်သမျှထဲက ၉၀%ကို ဥက္ကာအတွက်အလှူအတန်းလုပ်ပေးဖြစ်သည်။နောင်ဘဝများတွင် တူဖြစ်သူ
လူကုံထံအသိုင်းအဝိုင်းကမွေးဖွားလာဖို့ သူဆုတောင်းပေးခဲ့ပါ၏။
ဥက္ကာသည်အပြင်ပိုင်းသန်မာပေမယ့်တကယ်တမ်း
ပျော့ညံ့သည်။ရက်စက်ခဲ့သောအမေမှ နောက်လင်ကိုဆုံးရှုံးလိုက်ရချိန် ကလေးပိစိတွေနဲ့ကူကယ်ရာမဲ့ဖြစ်နေသည်ကိုသိရတော့ ဥက္ကာက အထောက်အပံ့
စုံစုံလင်လင်ပေးခဲ့သည်။
ဖအေလုပ်ငန်းက ဒေဝါလီခံရတော့မယ်မှန်းသိပြန်တော့လည်း သူကပဲကယ်တင်ပေးခဲ့သည်။ ဒီလိုရက်စက်ခဲ့သောမိဘနှစ်ဦးကို ဥက္ကာကအတိတ်ကိုဗွေမယူဘဲကူညီခဲ့ပေမယ့် နှုတ်ဖျားကတော့ ဒီလိုပြောခဲ့၏။
"ဒီဘဝတော့ရှိပါစေ နောက်ဘဝဆိုတာရှိခဲ့ရင်တော့
သူတို့နှစ်ယောက်နဲ့လုံးဝ လုံးဝထပ်မဆုံချင်တော့တာသေချာတယ်''
ဉာဏ်ကလည်း ဥက္ကာဆန္ဒပြည့်စေဖို့ လုပ်ပေးနိုင်သလောက်ထပ်လုပ်ပေးခဲ့ပါသည်။
.
Greenleaf 🌿
ဇာတ်သိမ်းပါပြီနော်
ဇာတ်လမ်းခေါင်းစဥ်နဲ့ဇာတ်ကွက်တွေကလွဲသွားတယ်
တကယ်တမ်း ကိုယ်လွဲလိုက်တာပါ if you believe
ဆိုတာက တစ်ဦးကိုတစ်ဦးယုံကြည်တာ မယုံကြည်တာနဲ့ပိုလိုက်တယ် ဒါပေမဲ့ လင်းဆယူကဘယ်အရာကိုမဆို
လေးလေးနက်နက်ရှိတာကိုသိတဲ့ဥက္ကာအတွက်ကတော့
လင်းဆယူကိုထာဝရယုံကြည်နေမှာပဲ လင်းဆယူကလည်း ထိုနည်းတူပဲပေါ့ ဇာတ်ကောင်တွေရဲ့စရိုက်အပေါ်မူတည်ပြီးရေးလိုက်တော့ ခေါင်းစဥ်နဲ့မကိုက်ဘူးဖြစ်သွားတယ်
နာမည်ပေးတဲ့နေရာတွေမှာညံ့တဲ့မိမိကသာအပြစ်ပါ🤠
Advertisement
- In Serial202 Chapters
Vell Harlan and the Doomsday Dorms
At the world’s top college of magic and technology, every day brings a new discovery -and a new disaster. The advanced experiments of the college students tend to be both ambitious and apocalyptic, with the end of the world only prevented by a mysterious time loop, and a small handful of students who retain their memories. Freshman Vell Harlan, the newest student to get caught in the loop, now has to deal with stopping the apocalypse on a daily basis on top of having to study for exams- but he takes every doomsday in stride. While the dragons, gun-wielding octopi, and alien tourists are new, this isn’t Vell’s first brush with death and resurrection...Updates Tuesdays and Fridays
8 315 - In Serial39 Chapters
Tales of Demons and Gods: I can Augment my Statuses
Disclaimer : I don't own TDG or Cultivation ! I Augmented my statuses to unlimited duration . Lin Langtian was a common servant of the Sacred Family of Glory City . Due to his red soul realm he put up with the abuse and ridicule for 10 years . At the age of 13 , he had gathered enough money to buy himself out of servitude . Shen Ming , an elder of the sacred Family got offended that such a lowly servant dared to leave his magnificent family and crippled Lin's dantian . In his last moments of Death , the resentment and hatred he had for the sacred family caused his soul to form a Heart Demon and breath life into his body as a Soul From Earth possessed the body of Lin Lingtian . Now Lin Lingtian takes a meal and gains the status [ Satiety ] [ Satiety : Restores 1 Stamina per minute . Duration : Infinity ] He no longer has to eat . Taking pills , gaining soul force , refining the body , nurturing the soul and increasing life expectancy ... He only needs one pill for the status to take effect for the rest of his life . Those crippling secret techniques that boost power for three seconds but result in three year feebleness ? They are now the most powerful and most amazing Techniques !
8 678 - In Serial58 Chapters
Keeping The Balance
After being stabbed accidentally by a neighbor who thought he was their cheating boyfriend, Hol soul was taken by a system who told him that if he does enough tasks he could be reborn again. All he has to do is take care of people from different worlds who keep on messing with the balance of the world and destroying the said world. Doing the tasks are easy but there is always this one person who keeps showing up and making him fall in love. Hol: Why are you so in love with me?! ML: I just find your personality so endearing and I want to keep you to myself. Hol : (●///▽///●) Keep me. . . System: Host! You give in so easily!
8 472 - In Serial10 Chapters
Cynthia gets Flushed Away
During their annual trip to England to watch the World Cup finals, Kali, Cynthia, and the gang are unexpectedly turned into rats and windup in the sewers. Along the way they meet an upper-class pet rat named Roddy. But after getting involved with the street-smart scavenger Rita, Cynthia and the gang find themselves caught up in a constant chase from a rodent-hating toad who plans to exterminate them. Kali's gang now must team up with Roddy and Rita in order to find their way back home.NOTES: I OWN NOTHING BUT MY OC'S. Please NO Negative comments. Don't be shy, feel free to comment and review, I love hearing from my viewers.
8 105 - In Serial12 Chapters
Mayhem of Magic
The world revolves around magic. The kingdom of Raekoft lives because of it. Magic is everywhere and flows through everyone and everything, seemingly with a mind of its own. Ritz Dravus is a 17-year-old teen with a rare potential in battle magic. After years of working and saving up money, he can finally attend the best magical academy in Raekoft, Liken Academy. If only he could enjoy his time there. Liken Academy is a place taken over by the upper class. A place where power rules supreme. Ritz’s humble beginnings will struggle in a place where social standing and power defines a person. Rittz will have to go through the usual school drama of making friends, keeping up with classes, dealing with crushes, fighting against bullies, growing insanity, magic manipulation, power scaling and the ever-looming threat of a neighbouring kingdom hungry for war. If magic is the first rule in this world, then mayhem would be the second. Author Note: This is a rewrite of Magic and Mayhem. I've taken a good look at where I would like to take the series and came to the conclusion that I would like to rewrite the story with a more set structure in mind. This is a full rewrite with elements like the story, style and characters changing slightly or completely. Please do give me a chance to provide all of you with a better story for all of you to enjoy. Thank you :)
8 105 - In Serial15 Chapters
HIM ↬ timothée chalamet
in which an actress searching for a comeback finds love instead[SOCIAL MEDIA x REAL LIFE]#1 in beautiful boy :P
8 165

