《If you believe (Complete)》s2(2)
Advertisement
လူဆိုးလေးမောင်
~~~~~~~~~
ဆေးကုမယ်ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံရပ်ခြားကိုထွက်ခွာသွားတဲ့သူက ငါးနှစ်ကြာသည်အထိ စာမလာသတင်းမပါးသည့်အခါ ကျန်ခဲ့သူမှာ ဘယ်လိုမှဆောက်တည်ရာမရ။
ကုသမှုတွေကြောင့်ပဲ အတိတ်မေ့သွားသလား။
အသစ်တွေ့လို့ပဲအဟောင်းမေ့သွားသလား ။
အတွေးတွေနဲ့ လူက ကယောင်ချောက်ချားဖြစ်နေပြီ။
ချစ်ရင်လိမ်လိမ်မာမာလေးနေခဲ့ဆိုပြီးမှာခဲ့သူက ခြေရာဖျောက်နေတော့ ကျန်ခဲ့သူက လိုက်သွားရုံပဲပေါ့။
နှစ်ဘဝတိုင်တိုင် ရူးလောက်အောင်ချစ်နေရတဲ့သူမို့
တကယ်ဆို မျက်စိအောက်ကနေကိုသူအပျောက်မခံနိုင်။
ယူ က လူလိမ္မာလေးလုပ်ပေးဖို့တောင်းဆိုခဲ့လို့သာပေါ့။
လူလိမ္မာလေးကိုဂျင်းထည့်မှတော့ လူဆိုးလေးနဲ့တွေ့ကြရတာပေါ့။
"Daddy!!!''
ယူအပေါ် စိတ်ကောက်မိရာက မဆီမဆိုင် ထအော်နေတဲ့သူ့အဖြစ်။ အပေါ်ကပြေးဆင်းလာတဲ့သူ့ကို ဧည့်ခန်းတွင်
ခြေချိတ်ကာ ဂျာနယ်ဖတ်နေသည့် Daddyက ကြောင်တောင်တောင်နှင့်ကြည့်နေသည်။
"ဘာဖြစ်သလဲသားသား Daddyကိုပြောစမ်း မရတာ
မရှိစေရဘူး''
သူမျက်နှာလေးပုပ်နေတော့ Daddyက တန်းချော့သည်။ တစ်ဦးတည်းသောသားမို့ ၁၃နှစ်ကျော်ကျော်
လူပျိုပေါက်နေလည်း အားလုံးက ကလေးလိုဖူးဖူးမှုတ်တုန်းပင်။
"သား ယူ့ဆီလိုက်သွားချင်တယ် Daddyအခုစီစဥ်ပေး''
"ဗုဒ္ဓေါ! သားသားသွားရင်Daddyတို့လွမ်းနေရမှာပေါ့''
"Daddy ကလည်း မြန်မြန်လုပ်ပေးပါဆို''
"Ok! Ok''
သူရွှေစိတ်တော်ညိုးမှာစိုးသည့်အခါ Daddyက ချက်ချင်းဖုန်းကောက်ကိုင်သည်။ ရှင်ဘုရင်ဆိုတာသူမှအစစ်။ ရွှေပုံငွေပုံကမွေးလာသည့်အပြင် ပါးစပ်ကဟလိုက်ရုံနဲ့မဖြစ်နိုင်တာမရှိ။
"သားသားရေ စာရောက်နေပါတယ်''
အပြင်ကပြန်လာတဲ့မေမေ့အသံပင်။ ဥက္ကာချက်ချင်း
မေမေ့ဆီပြေးသွားသည်။ပြီးသည်နှင့်မေမေ့လက်ထဲကပန်းနုရောင်စာအိတ်ကို သူ လှမ်းလုသည်။ မေမေကတော့
'မေမေလုမတတ်ပါဘူး ဖြည်းဖြည်းပါ'ဆိုပြီး နှာရှုံ့နေရဲ့။
ပန်းနုရောင်စာအိတ်ထဲတွင်ပါသည့်အရာမှာ Daddy
ဖွင့်ထားတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းနာမည်နဲ့ ယူ့လက်ရေး။ ယူက စောင့်နေမယ်တဲ့။
ဥက္ကာ နှာရှုံ့သွားသည်။ ယူကအဲ့မှာရှိနေတာကို Daddyတို့ကဘာဆိုဘာမှမပြောကြပါလား။
"ကဲ မင်းသားလေး သွားမယ်ဆိုရပြီနော် လေယာဥ်စောင့်နေပြီ''
အထဲကထွက်လာပြီး သူ့ပခုံးအားတယုတယလာဖက်လာတဲ့ Daddyကို ဥက္ကာမျက်စောင်းထိုးနေသည်။
ဒါ့ကြောင့် ဖအေဖြစ်သူမှာအူကြောင်ကြောင်ဖြစ်ရပြန်။
"ဘာဖြစ်ပြန်သတုန်း နှလုံးသားလေး''
"ယူက Daddy ကျောင်းကိုရောက်နေတာ
Daddyဘာလို့မပြောလဲ''
"အိုး! Daddyမှမသိဘဲ ချစ်ရောသိလား''
ဦးစံထူး ဇနီးဖြစ်သူကို လှမ်းမေးတော့ ဇနီးကလည်း
ခေါင်းယမ်းသည်။
"တွေ့လား Daddyရော မာမီရောမသိကြဘူး''
ဖအေကမသိကြောင်းပြောပေမယ့် ဥက္ကာသည် နှာကိုရှုံ့လျက် ခေါင်းကိုဆတ်ခနဲလှည့်ပြီးအိမ်အပေါ်ထပ်ကိုပြေးတက်နေသည်။ ကျန်ခဲ့သူဖအေနဲ့မအေတို့မှာသားအကြောင်းနောကျေနေပြီမို့ အပြုံးနဲ့ အနောက်ကလိုက်သွားရုံမှတစ်ပါး ကျန်တာမရှိ။
သားကစိတ်ကောက်သွားတာ။
အပေါ်ထပ်ကသားရဲ့အိပ်ခန်းကိုရောက်သည့်အခါမှာတော့
သားက ရေချိုးခန်းထဲရောက်နေသည်။သေချာတယ်
သားကကျောင်းသွားဖို့လုပ်နေသည်။ အရင်က ကျောင်းဘယ်လိုသွားခိုင်းသွားခိုင်း ယူမပါရင်မသွားဘူးဆိုလို့
အိမ်မှာပဲ ဘာသာစုံ ဆရာ ဆရာမတွေကို ငှားပေးရသည်။
အထက်တန်းဆန်ဆန် အဆင့်မြင့်မြင့်တွေချည်း ငှားပေး
ခေါ်ပေးခဲ့သည်မို့ သားက ယခုနေ အင်္ဂလိပ်စကား
အိမ်နီးချင်းထိုင်းစကား တရုတ်စကားတို့ကို ကျွမ်းနေပြီ။
ဟောခန်းတစ်ခန်းစာလောက်ရှိတဲ့ ရွှေရောင်တဖိတ်ဖိတ်တောက်တဲ့သားအခန်းမှာ နေရာယူထားသမျှက
လင်းဆယူဆိုတဲ့ ကလေးရဲ့ရုပ်ပုံတွေချည်း။ မျက်နှာကျက်မှာဆို ပုံကအကြီးကြီးနဲ့။ သားကအိပ်ရာပေါ်လဲလျောင်းတိုင်း ပက်လက်ဆို အပေါ်မျက်နှာကျက်ကပုံ
ဘေးနှစ်ဖက်ကိုလှည့်ရင်လည်းကြည့်ရအောင် သူ့ချစ်သူပုံကြီးတွေကိုကပ်ထားသည်။
သားရဲ့ချစ်တတ်ပုံကို ကမ္ဘာဦးစက အာဒံနဲ့ဧဝ သာသိရင်
ထိုင်ငိုနေလောက်သည်။
ရေချိုးခန်းမှပြန်ထွက်လာသည့်သားက မွှေးကြိုင်လွန်းနေသဖြင့် လင်မယားနှစ်ယောက်မှအလိုလိုပြုံးနေမိရပြန်ခြင်း။
"လိုက်သွားတော့မယ်ပေါ့ သားသား''
"အခုတောင်ပြေးသွားချင်တာ''
"အမလေး မလုပ်ပါနဲ့ရှင် ဖင်တုံးလုံးနဲ့ သားယူလေးလန့်သွားဦးမယ်''
မအေကပြောလည်းပြော သားဖြစ်သူကိုလည်းအဝတ်တွေကူဝတ်နေသည်။ သူတို့ပိုင်တဲ့အထက်တန်းကျောင်းဆိုတာအများအားဖြင့်အင်္ဂလိပ်လိုသာစကားပြောရသည်။
ယူနီဖောင်းက စတစ်ကော်လံပါရှပ်အင်္ကျီလက်ရှည်အဖြူ
နက်တိုင်အနက်နဲ့ ဘောင်းဘီရှည်အနက်ဖြစ်သည်။
သေချာပြင်ဆင်ပေးသည့်အခါ သားကနတ်ဘုရားတစ်ပါးလိုချောလို့ခန့်လို့။ ဘယ်ဘက်လက်ကောက်ဝတ်ကရွှေဖြူ
နာရီကလည်း အရောင်တဖိတ်ဖိတ်။ လက်မမှာမျိုးရိုးတံဆိပ်လက်စွပ် ကျန်လက်ချောင်းတွေမှာသားကကြိုက်လို့ဝတ်ထားတဲ့ လက်စွပ်တွေရှိနေသေးသည်။
"မေမေမကြိုက်စာပြင်ထားပေးမယ် သားသား''
"မစားတော့ဘူး မမီဘဲနေမယ်''
သားအပြောတော့ ဒေါ်ချိုချို မျက်လုံးလှန်လိုက်ရသည်။
ကျောင်းက၉နာရီမှစမှာ။ ယခုက ၇နာရီတောင်မခွဲသေး။
သားက ယူလေးနိုင်ငံခြားထွက်သွားပြီးတဲ့နောက် မနက်
၄နာရီ၅နာရီတည်းက ထသည်။ ထတာနဲ့တစ်အိမ်လုံးကိုပတ်နိုးသည်။ စောသေးတယ်ပြောရင် 'နေမင်းထက်
အရင်ထရင် ငရဲကြီးမှာကြောက်လို့လား'တဲ့။
တကယ့်အတတ်လေး။
"ပိုက်ဆံပေးDaddy များများနော် ဒါမှ ယူ့အတွက်
Sugar daddy ဖြစ်နိုင်မှာ''
"အောင်မယ်''
လက်ဖြန့်ပြီးပိုက်ဆံတောင်းတာတောင် သူ့အတတ်သူ့နည်းလမ်းနဲ့။ ဦးစံထူး အောင်မယ်သာပြောနေသော်ငြား
ခပ်တပြုံးပြုံး။ သားမှသားဖြစ်နေသူမို့ black card
ကိုတန်းထုတ်ပေးသည်။
မိန်းမကလည်းနံဘေးကနေပြုံးလျက်ရှိနေသည်။ သားက
ကံကောင်းသည်။ ရှေးရိုးစွဲတဲ့ဘိုးဘွားတွေရဲ့တစ်ဦးတည်းသောမြေးလာဖြစ်နေရပေမယ့် ရှေးဘဝကြောင့်နဲ့
အဘိုးအဘွားတွေဆီက လွတ်လပ်စွာနေခွင့်ပေးမှုကို
ကံထူးစွာရရှိထားသည်။
"မနက်စာတကယ်မစားဘူးလား သားသား''
"စားဘူး သွားတော့မယ် Daddyလိုက်ပို့''
"Ok''
သားကအားကိုးရင်ပိုပျော်ရတာသူတို့တတွေမို့ ဦးစံထူး သည် ချက်ချင်းသားလွယ်အိတ်ကိုကောက်ဆွဲသည်။ သားက အိမ်အောက်မဆင်းခင် သူ့မာမီကိုအာဘွားပေးလိုက်သေးသည်။
အိမ်အောက်တွင်တော့ သားကိုကျောင်းပို့မည့် ပြိုင်ကား
အနက်ရောင်က ကြိုစောင့်နေသည်။ အိမ်ကကားဒရိုင်ဘာအားလုံးက ၈နှစ်အထက် ကားမောင်းကျွမ်းကျင်သူတွေချည်းခေါ်ထားတာ။
လူယုံနှစ်ယောက်က ကားတံခါးနှစ်ဖက်လုံးကိုပြိုင်တူဖွင့်ပေးတော့ သားအဖေနှစ်ယောက်လုံးပြိုင်တူဝင်ထိုင်သည်။
သားအတွက်လူယုံတွေကလည်း အနောက်ကနေကား
တစ်စီးနဲ့သီးသန့်လိုက်လာသည်။
အသွားလမ်းကမထင်မှတ်ဘဲလမ်းပိတ်မလိုဖြစ်နေတော့
ကိုယ်တော်လေး ပွားတာခံလိုက်ရသည်။
"ကားကလိပ်လိုပဲသွားနေတယ် စိတ်မရှည်ဘူးနော်''
သားကပြောတော့ ဒရိုင်ဘာကပြုံးသည်။
"မီးသတ်ကားတွေပြေးလွှားနေတယ် တစ်နေရာရာမှာမီးလောင်လို့ဖြစ်မယ် အဲ့ဒါကြောင့်လမ်းပိတ်တာပါ
သခင်လေး''
ဒရိုင်ဘာကပြောပြတော့ နှာကိုဟွန့်ခနဲမှုတ်ပြီး လက်ကိုခပ်မိုက်မိုက်ပိုက်ပစ်သည်။
"စိတ်မရှည်ဘူး နောက်ဆိုလေယာဥ်နဲ့ကျောင်းလာမယ်''
"အိုးဟို ကျောင်းမှာလေယာဥ်ကွင်းမရှိဘူးနော်
သားသား''
"ဒါကတော့Daddyမှားတာလေ ''
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကားလေးထွက်ပြီနော်''
တော်သေးလို့ ကားကဆက်သွားခွင့်ရလိုက်တာ။ မဟုတ်ရင် ကိုယ်တော်ပွားတာခံရဦးမည်။ အမှန်ဆို အိမ်နဲ့ကျောင်းက တစ်နာရီလောက်တောင်မရှိ။ သည်မနက်ကားအခြေနေကြောင့်သာ။
"Yes! ရောက်ပြီ ''
ကျောင်းရောက်တာနဲ့ထမကတရုံပျော်မြူးနေသည်။
"မွ Daddy တာ့တာ''
ပါးအားနမ်းလာပြီးနောက် ကျောင်းထဲကို တန်းနေအောင်ပြေးသွားတဲ့သား။ ဦးစံထူး ပြုံးရင်းခေါင်းတခါခါဖြစ်ရသည်။ ဘယ်လိုမှကိုချစ်မဝတာ ဘယ်လိုလုပ်ရမည်လဲ။
Advertisement
သားကတဖြည်းဖြည်းအရွယ်ရောက်လာပေမယ့် သူတို့အတွက်က ကလေးပိစိလေးဖြစ်နေတုန်းပဲ။
~~~~
နဝမတန်း(A)
ဒါက ယူပေးတဲ့လိပ်စာအတိအကျပေါ့။ ကျောင်းတစ်ပတ်နောက်ကျောပြီးရောက်လာတဲ့ဥက္ကာကိုဆရာမက အတန်းထဲထိလိုက်ပို့ပေးသည်။ ၉နာရီထိုးဖို့မိနစ်၂၀လိုသေးသော်လည်း အတန်းထဲလူတွေစုံနေပြီ။ ဒါ့ကြောင့် သူဝင်လာတဲ့အခါ အားလုံးကတိတ်ကုန်သည်။
"ကဲ ကလေးတို့ သူငယ်ချင်းအသစ်လေးကိုကြိုဆိုလိုက်ရအောင်''
ဆရာမက အတန်းဖော်တွေနဲ့ရင်းနှီးအောင်စကားစပေးပေမယ့် ဥက္ကာကတော့ အလယ်တန်း၏အရှေ့ဆုံးတန်းကိုသာစူးစိုက်ကြည့်နေသည်။
သူ့ယူလေးရှိနေပေမယ့် သူပျော်မနေ။ ယူ နံဘေးက
မျက်ခုံးထူထူ အသားဖြူဖြူနဲ့အကောင်ထွားထွားကောင်ကို ဘဝင်မကျခြင်းကြောင့်။ နီးနီးကပ်ကပ်နေခွင့်ပေးတဲ့
ယူကိုရော နေ နေတဲ့ကောင်ကိုရော ဥက္ကာစိတ်ဆိုးလာသည်။
"သားရေ သူငယ်ချင်းတွေကိုမိတ်ဆက်..''
ဆရာမပြောနေရင်းတန်းလန်းတွင် ဥက္ကာသည် အခန်းထဲက စူးစူးရှားရှားနဲ့ ဒုန်းကြဲကာထွက်သွားနေသည်။
"ဟယ် သားလေး..''
"ကျွန်တော်လိုက်သွားလိုက်မယ် ဆရာမ''
ဆရာမကဥက္ကာနောက်ပြေးလိုက်မယ်လုပ်စဥ် လင်းဆယူကပြောပြီးဆရာမကထက်အရင်ဦးဆောင်သွားနေသည်။
ဒါ့ကြောင့်ဆရာမသည်လည်းအခန်းထဲနေရစ်လိုက်ရသည်။
အပြင်တွင်တော့ လင်းဆယူသည် ဥက္ကာနောက်အမြန်ပြေးလိုက်နေသည်။ လင်းဆယူသည် ဥက္ကာရဲ့လက်တစ်ဖက်ကိုအမီဆွဲပြီး သူ့ဘက်မျက်နှာလှည့်စေသည်။
"ငါ့ကိုတွေ့တာတောင်ထွက်သွားသေးတယ်ပေါ့ ''
လင်းဆယူက ဥက္ကာ စိတ်ကောက်သွားတာသိသည်။
သိရက်နဲ့သူစကာပြောသည့်အခါ ဥက္ကာက သူ့ကို
မျက်စောင်းထိုးလာသည်။
"ယူကသာ၅နှစ်လုံးလုံးပေါ်မလာတာ ပြန်လာတော့လည်း
လင်နဲ့''
"မင်းနော်''
လင်းဆယူ အံကြိတ်ပြတော့ ဥက္ကာက ခေါင်းကိုချာခနဲ
လှည့်ပစ်သည်။
"အဲ့ဒါငါ့အစ်ကို နောင်ရဲ့သား ငါ့တူကိုငါကဘာလုပ်ရမှာလဲ ဒီရင်ဘတ်မှာဘယ်သူရှိနေတာလဲမသိဘူးလား''
ရင်ဘတ်ကိုပြုံးလျက်ဖိပြသော် ဥက္ကာက စိတ်ကောက်နေတုန်း။ ဒါ့ကြောင့် လင်းဆယူ ဥက္ကာရဲ့ပါးတစ်ဖက်ကိုနမ်းလိုက်ရသည်။ ချစ်တဲ့သူစိတ်ကောက်ပြေဖို့စစ်ကူဆိုပါတော့။
"တစ်ဖက်တည်းလား ''
တစ်ဖက်ပဲနမ်းတော့ ရန်တွေ့ပြန်သဖြင့် လင်းဆယူ
နှစ်ဖက်လုံးနမ်းပေးလိုက်ရသည်။
"နှုတ်ခမ်းရော''
နှုတ်ခမ်းစူပြလာသဖြင့် နမ်းပေးရပြန်သည်။
"နဖူး''
နဖူးထပ်ညွှန်ပြတော့ နဖူးကိုလည်းအနမ်းခြွေပေးလိုက်ရသည်။ လောလောဆယ် ချစ်သူလူဆိုးလေးစိတ်ကောက်ဖို့အရေး လင်းဆယူတို့အရေးပဲမို့ ကျောင်းလည်းမမှု လူမြင်ကွင်းလည်းမမှုနိူင်ပါချေ။
"ဒီလောက်ဆို ငါနဲ့အတန်းထဲပြန်လိုက်လို့ရပြီမှတ်လား
ဥက္ကာ''
"မောင်လို့ခေါ် မခေါ်ရင်ဒီမှာပဲအီးပါသေးပေါက်ပစ်မယ်''
ရှမ်းတရုတ်မျက်နှာပေါက်နဲ့ကလေးလေးလိုဂျီကျတဲ့
ချစ်သူကြောင့် လင်းဆယူ သွားဖွေးဖွေးတို့ပေါ်သည်အထိနှစ်လိုဖွယ်ပြုံးရပါသည်။
"မဆိုးလို့မရဘူးလား မောင်''
"ဟုတ် မဆိုးတော့ဘူး''
အားလား သူဖြစ်ချင်တာဖြစ်လိုက်ရတော့ တန်းလိမ္မာသွားတာ။ ပခုံးကိုဖက်လာပြီး 'အတန်းထဲဝင်ရအောင်'
ဖြစ်ရပြန်။
"ဒါနဲ့ ယူ့တူနာမည်က''
"စောဟန်စေးသက်နောင်''
"Awww''
နာမည်မေးတာအကောင်းမှတ်လို့။ တကယ်တမ်းရည်ရွယ်ချက်နဲ့။ အေးဆေးထိုင်နေတဲ့စောဟန်ရှေ့ဆရာကြီးလိုလိုမတ်တတ်ရပ်ပြီး မောင်ပြောလိုက်သည်မှာ
"ဟိုကရင် တခြားနေရာသွားထိုင်''
မောင့်အပြောကြောင့် စောဟန်က မျက်ခုံးတန်းထူထူတွေကို တွန့်ချိုးပစ်သည်။ နောင်နဲ့ချွတ်စွပ်တူတဲ့နောင့်သား။
တည်ငြိမ်ပြီးစကားနည်းတာတွေကအစ။ သူ့အဖေ
ဇွဲသက်တန့်နဲ့တူတာဆိုလို့စိတ်ဆတ်တာတစ်ခုတည်း။
"ပြောနေတာမကြားဘူးလား''
"ကဲ လာပါမောင်ရယ် ငါတို့နောက်တန်းမှာထိုင်ရအောင်''
စောဟန်အကြောင်းသိသူပီပီ လင်းဆယူမှာ ငဆိုးလေး
မောင့်လက်ကိုဆွဲပြီး စောဟန်နောက်တန်းမှာဝင်ထိုင်လိုက်ရသည်။ နေရာမှာရှိနေပြီးသားနှစ်ယောက်ကတော့ ဖယ်ပေးရတာပေါ့။ လင်းဆယူအတန်းခေါင်းဆောင်သာမက
ကျောင်းသားဥက္ကဋ္ဌမို့။ မောင်အကြောင်းတို့သူတို့မသိသေး။ ဒီကျောင်းက မောင့်ပိုင်ဆိုင်မှုထဲက တစ်ခုပင်။
"အိုး စိမ်ရှိသွားတာပဲ''
စာအုပ်ထုတ်မယ့်အစား လူကိုသိမ်းဖက်လာပြီး ပခုံးပေါ်
ခေါင်းမှီလာတဲ့လူဆိုးလေး။ အရှေ့ကစောဟန်က မျက်လုံးစွေက ကြည့်လာတော့ စောဟန်ကိုခေါင်းခေါက်ဖို့လုပ်နေသည်။
"ဘာကြည့်တာ ဒီကရင်''
"မောင်ရယ် ဘယ့်နှယ်ကလေးနဲ့ဖက်ပြီးရန်ဖြစ်ချင်နေတာ''
"ကလေးလား အသက်တူတူပဲဟာကို''
"အသက်တူတူပဲဆိုပေမယ့် ငါတို့က အဘိုးကြီးတွေလေ''
ပြောလိုက်တော့ ဟုတ်သားနော်တဲ့။ သေချာတာတော့
ဒီလူဆိုးစာလာသင်တာလုံးဝမဟုတ်။ လူကိုတစ်ချိန်လုံးထိုင်ကြည့်ပြီး ဖက်လိုက် တစ်ခါတလေ ပါးကိုမသိမသာလာနမ်းလိုက်နှင့် သူ့မှာရှုပ်နေတာ။
"စာလိုက်ရေးလေ စာသင်ဖို့ကျောင်းလာတာမဟုတ်ဘူးလား''
"ဟုတ်ဘူး ယူရှိနေလို့သာလာတာ''
ချက်ချင်းကိုပြန်ပက်လာတာ။ မျက်စောင်းလေးထိုးပစ်တော့ ပါးချိူင့်ပေါ်သည်အထိပြုံးပြလာသည်။
နှစ်ဦးလုံးက ရုပ်ရှည်အသားအရောင်လူမျိုးကအစ ပြောင်းလဲကုန်သော်ငြား နှလုံးသားကမျက်စိရှိနေတာမို့
ငယ်ကတည်းကပင် တစ်ယောက်ကိုတစ်ယောက် မှတ်မိနိုင်ခဲ့သည်။
မောင်က ကတိတည်တယ် ဘယ်ဘဝရောက်ရောက် ယူ့ကိုတွေ့အောင်ရှာမယ်ဆိုတဲ့သူ့ကတိအတိုင်း လင်းဆယူ မှာ ကိုယ့်ကိုယ်ကိုယ်လူရယ်ဆိုပြီးစသိလာကတည်းက
အနားမှာမောင်ရောက်နေခဲ့တာ မြင်ခဲ့ရတာ။
ဘယ်လိုရှာတွေ့သလဲဆိုတော့ နှလုံးသားမှာမျက်စိရှိလို့
ရှာနိုင်ခဲ့တာတဲ့။
စကားကြွယ်တာကတော့ တစ်စက်မှမပြောင်းလဲချေ။
.
Greenleaf 🌿
မြေးတစ်ယောက်ရလာတယ် စောဟန်စေးသက်နောင်တဲ့
ခိခိ
______________________________________
လူဆိုးေလးေမာင္
~~~~~~~~~
ေဆးကုမယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႕နိုင္ငံရပ္ျခားကိုထြက္ခြာသြားတဲ့သူက ငါးႏွစ္ၾကာသည္အထိ စာမလာသတင္းမပါးသည့္အခါ က်န္ခဲ့သူမွာ ဘယ္လိုမွေဆာက္တည္ရာမရ။
ကုသမႈေတြေၾကာင့္ပဲ အတိတ္ေမ့သြားသလား။
အသစ္ေတြ႕လို႔ပဲအေဟာင္းေမ့သြားသလား ။
အေတြးေတြနဲ႕ လူက ကေယာင္ေခ်ာက္ခ်ားျဖစ္ေနၿပီ။
ခ်စ္ရင္လိမ္လိမ္မာမာေလးေနခဲ့ဆိုၿပီးမွာခဲ့သူက ေျခရာေဖ်ာက္ေနေတာ့ က်န္ခဲ့သူက လိုက္သြား႐ုံပဲေပါ့။
ႏွစ္ဘဝတိုင္တိုင္ ႐ူးေလာက္ေအာင္ခ်စ္ေနရတဲ့သူမို႔
တကယ္ဆို မ်က္စိေအာက္ကေနကိုသူအေပ်ာက္မခံနိုင္။
ယူ က လူလိမၼာေလးလုပ္ေပးဖို႔ေတာင္းဆိုခဲ့လို႔သာေပါ့။
လူလိမၼာေလးကိုဂ်င္းထည့္မွေတာ့ လူဆိုးေလးနဲ႕ေတြ႕ၾကရတာေပါ့။
"Daddy!!!''
ယူအေပၚ စိတ္ေကာက္မိရာက မဆီမဆိုင္ ထေအာ္ေနတဲ့သူ႕အျဖစ္။ အေပၚကေျပးဆင္းလာတဲ့သူ႕ကို ဧည့္ခန္းတြင္
ေျခခ်ိတ္ကာ ဂ်ာနယ္ဖတ္ေနသည့္ Daddyက ေၾကာင္ေတာင္ေတာင္ႏွင့္ၾကည့္ေနသည္။
"ဘာျဖစ္သလဲသားသား Daddyကိုေျပာစမ္း မရတာ
မရွိေစရဘူး''
သူမ်က္ႏွာေလးပုပ္ေနေတာ့ Daddyက တန္းေခ်ာ့သည္။ တစ္ဦးတည္းေသာသားမို႔ ၁၃ႏွစ္ေက်ာ္ေက်ာ္
လူပ်ိဳေပါက္ေနလည္း အားလုံးက ကေလးလိုဖူးဖူးမႈတ္တုန္းပင္။
"သား ယူ႕ဆီလိုက္သြားခ်င္တယ္ Daddyအခုစီစဥ္ေပး''
"ဗုေဒၶါ! သားသားသြားရင္Daddyတို႔လြမ္းေနရမွာေပါ့''
"Daddy ကလည္း ျမန္ျမန္လုပ္ေပးပါဆို''
"Ok! Ok''
သူေ႐ႊစိတ္ေတာ္ညိုးမွာစိုးသည့္အခါ Daddyက ခ်က္ခ်င္းဖုန္းေကာက္ကိုင္သည္။ ရွင္ဘုရင္ဆိုတာသူမွအစစ္။ ေ႐ႊပုံေငြပုံကေမြးလာသည့္အျပင္ ပါးစပ္ကဟလိုက္႐ုံနဲ႕မျဖစ္နိုင္တာမရွိ။
"သားသားေရ စာေရာက္ေနပါတယ္''
အျပင္ကျပန္လာတဲ့ေမေမ့အသံပင္။ ဥကၠာခ်က္ခ်င္း
ေမေမ့ဆီေျပးသြားသည္။ၿပီးသည္ႏွင့္ေမေမ့လက္ထဲကပန္းႏုေရာင္စာအိတ္ကို သူ လွမ္းလုသည္။ ေမေမကေတာ့
'ေမေမလုမတတ္ပါဘူး ျဖည္းျဖည္းပါ'ဆိုၿပီး ႏွာရႈံ႕ေနရဲ႕။
ပန္းႏုေရာင္စာအိတ္ထဲတြင္ပါသည့္အရာမွာ Daddy
ဖြင့္ထားတဲ့ကိုယ္ပိုင္အထက္တန္းေက်ာင္းနာမည္နဲ႕ ယူ႕လက္ေရး။ ယူက ေစာင့္ေနမယ္တဲ့။
ဥကၠာ ႏွာရႈံ႕သြားသည္။ ယူကအဲ့မွာရွိေနတာကို Daddyတို႔ကဘာဆိုဘာမွမေျပာၾကပါလား။
"ကဲ မင္းသားေလး သြားမယ္ဆိုရၿပီေနာ္ ေလယာဥ္ေစာင့္ေနၿပီ''
အထဲကထြက္လာၿပီး သူ႕ပခုံးအားတယုတယလာဖက္လာတဲ့ Daddyကို ဥကၠာမ်က္ေစာင္းထိုးေနသည္။
ဒါ့ေၾကာင့္ ဖေအျဖစ္သူမွာအူေၾကာင္ေၾကာင္ျဖစ္ရျပန္။
"ဘာျဖစ္ျပန္သတုန္း ႏွလုံးသားေလး''
"ယူက Daddy ေက်ာင္းကိုေရာက္ေနတာ
Daddyဘာလို႔မေျပာလဲ''
"အိုး! Daddyမွမသိဘဲ ခ်စ္ေရာသိလား''
ဦးစံထူး ဇနီးျဖစ္သူကို လွမ္းေမးေတာ့ ဇနီးကလည္း
ေခါင္းယမ္းသည္။
"ေတြ႕လား Daddyေရာ မာမီေရာမသိၾကဘူး''
ဖေအကမသိေၾကာင္းေျပာေပမယ့္ ဥကၠာသည္ ႏွာကိုရႈံ႕လ်က္ ေခါင္းကိုဆတ္ခနဲလွည့္ၿပီးအိမ္အေပၚထပ္ကိုေျပးတက္ေနသည္။ က်န္ခဲ့သူဖေအနဲ႕မေအတို႔မွာသားအေၾကာင္းေနာေက်ေနၿပီမို႔ အၿပဳံးနဲ႕ အေနာက္ကလိုက္သြား႐ုံမွတစ္ပါး က်န္တာမရွိ။
သားကစိတ္ေကာက္သြားတာ။
အေပၚထပ္ကသားရဲ႕အိပ္ခန္းကိုေရာက္သည့္အခါမွာေတာ့
သားက ေရခ်ိဳးခန္းထဲေရာက္ေနသည္။ေသခ်ာတယ္
သားကေက်ာင္းသြားဖို႔လုပ္ေနသည္။ အရင္က ေက်ာင္းဘယ္လိုသြားခိုင္းသြားခိုင္း ယူမပါရင္မသြားဘူးဆိုလို႔
အိမ္မွာပဲ ဘာသာစုံ ဆရာ ဆရာမေတြကို ငွားေပးရသည္။
အထက္တန္းဆန္ဆန္ အဆင့္ျမင့္ျမင့္ေတြခ်ည္း ငွားေပး
ေခၚေပးခဲ့သည္မို႔ သားက ယခုေန အဂၤလိပ္စကား
အိမ္နီးခ်င္းထိုင္းစကား တ႐ုတ္စကားတို႔ကို ကြၽမ္းေနၿပီ။
ေဟာခန္းတစ္ခန္းစာေလာက္ရွိတဲ့ ေ႐ႊေရာင္တဖိတ္ဖိတ္ေတာက္တဲ့သားအခန္းမွာ ေနရာယူထားသမွ်က
လင္းဆယူဆိုတဲ့ ကေလးရဲ႕႐ုပ္ပုံေတြခ်ည္း။ မ်က္ႏွာက်က္မွာဆို ပုံကအႀကီးႀကီးနဲ႕။ သားကအိပ္ရာေပၚလဲေလ်ာင္းတိုင္း ပက္လက္ဆို အေပၚမ်က္ႏွာက်က္ကပုံ
ေဘးႏွစ္ဖက္ကိုလွည့္ရင္လည္းၾကည့္ရေအာင္ သူ႕ခ်စ္သူပုံႀကီးေတြကိုကပ္ထားသည္။
သားရဲ႕ခ်စ္တတ္ပုံကို ကမၻာဦးစက အာဒံနဲ႕ဧဝ သာသိရင္
ထိုင္ငိုေနေလာက္သည္။
ေရခ်ိဳးခန္းမွျပန္ထြက္လာသည့္သားက ေမႊးႀကိဳင္လြန္းေနသျဖင့္ လင္မယားႏွစ္ေယာက္မွအလိုလိုၿပဳံးေနမိရျပန္ျခင္း။
"လိုက္သြားေတာ့မယ္ေပါ့ သားသား''
"အခုေတာင္ေျပးသြားခ်င္တာ''
"အမေလး မလုပ္ပါနဲ႕ရွင္ ဖင္တုံးလုံးနဲ႕ သားယူေလးလန့္သြားဦးမယ္''
မေအကေျပာလည္းေျပာ သားျဖစ္သူကိုလည္းအဝတ္ေတြကူဝတ္ေနသည္။ သူတို႔ပိုင္တဲ့အထက္တန္းေက်ာင္းဆိုတာအမ်ားအားျဖင့္အဂၤလိပ္လိုသာစကားေျပာရသည္။
ယူနီေဖာင္းက စတစ္ေကာ္လံပါရွပ္အကၤ်ီလက္ရွည္အျဖဴ
နက္တိုင္အနက္နဲ႕ ေဘာင္းဘီရွည္အနက္ျဖစ္သည္။
ေသခ်ာျပင္ဆင္ေပးသည့္အခါ သားကနတ္ဘုရားတစ္ပါးလိုေခ်ာလို႔ခန့္လို႔။ ဘယ္ဘက္လက္ေကာက္ဝတ္ကေ႐ႊျဖဴ
နာရီကလည္း အေရာင္တဖိတ္ဖိတ္။ လက္မမွာမ်ိဳးရိုးတံဆိပ္လက္စြပ္ က်န္လက္ေခ်ာင္းေတြမွာသားကႀကိဳက္လို႔ဝတ္ထားတဲ့ လက္စြပ္ေတြရွိေနေသးသည္။
"ေမေမမႀကိဳက္စာျပင္ထားေပးမယ္ သားသား''
"မစားေတာ့ဘူး မမီဘဲေနမယ္''
သားအေျပာေတာ့ ေဒၚခ်ိဳခ်ိဳ မ်က္လုံးလွန္လိုက္ရသည္။
ေက်ာင္းက၉နာရီမွစမွာ။ ယခုက ၇နာရီေတာင္မခြဲေသး။
သားက ယူေလးနိုင္ငံျခားထြက္သြားၿပီးတဲ့ေနာက္ မနက္
၄နာရီ၅နာရီတည္းက ထသည္။ ထတာနဲ႕တစ္အိမ္လုံးကိုပတ္နိုးသည္။ ေစာေသးတယ္ေျပာရင္ 'ေနမင္းထက္
အရင္ထရင္ ငရဲႀကီးမွာေၾကာက္လို႔လား'တဲ့။
တကယ့္အတတ္ေလး။
"ပိုက္ဆံေပးDaddy မ်ားမ်ားေနာ္ ဒါမွ ယူ႕အတြက္
Sugar daddy ျဖစ္နိုင္မွာ''
"ေအာင္မယ္''
လက္ျဖန့္ၿပီးပိုက္ဆံေတာင္းတာေတာင္ သူ႕အတတ္သူ႕နည္းလမ္းနဲ႕။ ဦးစံထူး ေအာင္မယ္သာေျပာေနေသာ္ျငား
ခပ္တၿပဳံးၿပဳံး။ သားမွသားျဖစ္ေနသူမို႔ black card
ကိုတန္းထုတ္ေပးသည္။
မိန္းမကလည္းနံေဘးကေနၿပဳံးလ်က္ရွိေနသည္။ သားက
ကံေကာင္းသည္။ ေရွးရိုးစြဲတဲ့ဘိုးဘြားေတြရဲ႕တစ္ဦးတည္းေသာေျမးလာျဖစ္ေနရေပမယ့္ ေရွးဘဝေၾကာင့္နဲ႕
အဘိုးအဘြားေတြဆီက လြတ္လပ္စြာေနခြင့္ေပးမႈကို
ကံထူးစြာရရွိထားသည္။
"မနက္စာတကယ္မစားဘူးလား သားသား''
"စားဘူး သြားေတာ့မယ္ Daddyလိုက္ပို႔''
"Ok''
သားကအားကိုးရင္ပိုေပ်ာ္ရတာသူတို႔တေတြမို႔ ဦးစံထူး သည္ ခ်က္ခ်င္းသားလြယ္အိတ္ကိုေကာက္ဆြဲသည္။ သားက အိမ္ေအာက္မဆင္းခင္ သူ႕မာမီကိုအာဘြားေပးလိုက္ေသးသည္။
အိမ္ေအာက္တြင္ေတာ့ သားကိုေက်ာင္းပို႔မည့္ ၿပိဳင္ကား
အနက္ေရာင္က ႀကိဳေစာင့္ေနသည္။ အိမ္ကကားဒရိုင္ဘာအားလုံးက ၈ႏွစ္အထက္ ကားေမာင္းကြၽမ္းက်င္သူေတြခ်ည္းေခၚထားတာ။
လူယုံႏွစ္ေယာက္က ကားတံခါးႏွစ္ဖက္လုံးကိုၿပိဳင္တူဖြင့္ေပးေတာ့ သားအေဖႏွစ္ေယာက္လုံးၿပိဳင္တူဝင္ထိုင္သည္။
သားအတြက္လူယုံေတြကလည္း အေနာက္ကေနကား
တစ္စီးနဲ႕သီးသန့္လိုက္လာသည္။
အသြားလမ္းကမထင္မွတ္ဘဲလမ္းပိတ္မလိုျဖစ္ေနေတာ့
ကိုယ္ေတာ္ေလး ပြားတာခံလိုက္ရသည္။
"ကားကလိပ္လိုပဲသြားေနတယ္ စိတ္မရွည္ဘူးေနာ္''
သားကေျပာေတာ့ ဒရိုင္ဘာကၿပဳံးသည္။
"မီးသတ္ကားေတြေျပးလႊားေနတယ္ တစ္ေနရာရာမွာမီးေလာင္လို႔ျဖစ္မယ္ အဲ့ဒါေၾကာင့္လမ္းပိတ္တာပါ
သခင္ေလး''
ဒရိုင္ဘာကေျပာျပေတာ့ ႏွာကိုဟြန့္ခနဲမႈတ္ၿပီး လက္ကိုခပ္မိုက္မိုက္ပိုက္ပစ္သည္။
"စိတ္မရွည္ဘူး ေနာက္ဆိုေလယာဥ္နဲ႕ေက်ာင္းလာမယ္''
"အိုးဟို ေက်ာင္းမွာေလယာဥ္ကြင္းမရွိဘူးေနာ္
သားသား''
"ဒါကေတာ့Daddyမွားတာေလ ''
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ ကားေလးထြက္ၿပီေနာ္''
ေတာ္ေသးလို႔ ကားကဆက္သြားခြင့္ရလိုက္တာ။ မဟုတ္ရင္ ကိုယ္ေတာ္ပြားတာခံရဦးမည္။ အမွန္ဆို အိမ္နဲ႕ေက်ာင္းက တစ္နာရီေလာက္ေတာင္မရွိ။ သည္မနက္ကားအေျခေနေၾကာင့္သာ။
"Yes! ေရာက္ၿပီ ''
ေက်ာင္းေရာက္တာနဲ႕ထမကတ႐ုံေပ်ာ္ျမဴးေနသည္။
"မြ Daddy တာ့တာ''
ပါးအားနမ္းလာၿပီးေနာက္ ေက်ာင္းထဲကို တန္းေနေအာင္ေျပးသြားတဲ့သား။ ဦးစံထူး ၿပဳံးရင္းေခါင္းတခါခါျဖစ္ရသည္။ ဘယ္လိုမွကိုခ်စ္မဝတာ ဘယ္လိုလုပ္ရမည္လဲ။
သားကတျဖည္းျဖည္းအ႐ြယ္ေရာက္လာေပမယ့္ သူတို႔အတြက္က ကေလးပိစိေလးျဖစ္ေနတုန္းပဲ။
~~~~
နဝမတန္း(A)
ဒါက ယူေပးတဲ့လိပ္စာအတိအက်ေပါ့။ ေက်ာင္းတစ္ပတ္ေနာက္ေက်ာၿပီးေရာက္လာတဲ့ဥကၠာကိုဆရာမက အတန္းထဲထိလိုက္ပို႔ေပးသည္။ ၉နာရီထိုးဖို႔မိနစ္၂၀လိုေသးေသာ္လည္း အတန္းထဲလူေတြစုံေနၿပီ။ ဒါ့ေၾကာင့္ သူဝင္လာတဲ့အခါ အားလုံးကတိတ္ကုန္သည္။
"ကဲ ကေလးတို႔ သူငယ္ခ်င္းအသစ္ေလးကိုႀကိဳဆိုလိုက္ရေအာင္''
ဆရာမက အတန္းေဖာ္ေတြနဲ႕ရင္းႏွီးေအာင္စကားစေပးေပမယ့္ ဥကၠာကေတာ့ အလယ္တန္း၏အေရွ႕ဆုံးတန္းကိုသာစူးစိုက္ၾကည့္ေနသည္။
သူ႕ယူေလးရွိေနေပမယ့္ သူေပ်ာ္မေန။ ယူ နံေဘးက
မ်က္ခုံးထူထူ အသားျဖဴျဖဴနဲ႕အေကာင္ထြားထြားေကာင္ကို ဘဝင္မက်ျခင္းေၾကာင့္။ နီးနီးကပ္ကပ္ေနခြင့္ေပးတဲ့
ယူကိုေရာ ေန ေနတဲ့ေကာင္ကိုေရာ ဥကၠာစိတ္ဆိုးလာသည္။
"သားေရ သူငယ္ခ်င္းေတြကိုမိတ္ဆက္..''
ဆရာမေျပာေနရင္းတန္းလန္းတြင္ ဥကၠာသည္ အခန္းထဲက စူးစူးရွားရွားနဲ႕ ဒုန္းႀကဲကာထြက္သြားေနသည္။
"ဟယ္ သားေလး..''
"ကြၽန္ေတာ္လိုက္သြားလိုက္မယ္ ဆရာမ''
ဆရာမကဥကၠာေနာက္ေျပးလိုက္မယ္လုပ္စဥ္ လင္းဆယူကေျပာၿပီးဆရာမကထက္အရင္ဦးေဆာင္သြားေနသည္။
ဒါ့ေၾကာင့္ဆရာမသည္လည္းအခန္းထဲေနရစ္လိုက္ရသည္။
အျပင္တြင္ေတာ့ လင္းဆယူသည္ ဥကၠာေနာက္အျမန္ေျပးလိုက္ေနသည္။ လင္းဆယူသည္ ဥကၠာရဲ႕လက္တစ္ဖက္ကိုအမီဆြဲၿပီး သူ႕ဘက္မ်က္ႏွာလွည့္ေစသည္။
"ငါ့ကိုေတြ႕တာေတာင္ထြက္သြားေသးတယ္ေပါ့ ''
လင္းဆယူက ဥကၠာ စိတ္ေကာက္သြားတာသိသည္။
သိရက္နဲ႕သူစကာေျပာသည့္အခါ ဥကၠာက သူ႕ကို
မ်က္ေစာင္းထိုးလာသည္။
"ယူကသာ၅ႏွစ္လုံးလုံးေပၚမလာတာ ျပန္လာေတာ့လည္း
လင္နဲ႕''
"မင္းေနာ္''
လင္းဆယူ အံႀကိတ္ျပေတာ့ ဥကၠာက ေခါင္းကိုခ်ာခနဲ
လွည့္ပစ္သည္။
"အဲ့ဒါငါ့အစ္ကို ေနာင္ရဲ႕သား ငါ့တူကိုငါကဘာလုပ္ရမွာလဲ ဒီရင္ဘတ္မွာဘယ္သူရွိေနတာလဲမသိဘူးလား''
ရင္ဘတ္ကိုၿပဳံးလ်က္ဖိျပေသာ္ ဥကၠာက စိတ္ေကာက္ေနတုန္း။ ဒါ့ေၾကာင့္ လင္းဆယူ ဥကၠာရဲ႕ပါးတစ္ဖက္ကိုနမ္းလိုက္ရသည္။ ခ်စ္တဲ့သူစိတ္ေကာက္ေျပဖို႔စစ္ကူဆိုပါေတာ့။
"တစ္ဖက္တည္းလား ''
တစ္ဖက္ပဲနမ္းေတာ့ ရန္ေတြ႕ျပန္သျဖင့္ လင္းဆယူ
ႏွစ္ဖက္လုံးနမ္းေပးလိုက္ရသည္။
"ႏႈတ္ခမ္းေရာ''
ႏႈတ္ခမ္းစူျပလာသျဖင့္ နမ္းေပးရျပန္သည္။
"နဖူး''
နဖူးထပ္ၫႊန္ျပေတာ့ နဖူးကိုလည္းအနမ္းေႁခြေပးလိုက္ရသည္။ ေလာေလာဆယ္ ခ်စ္သူလူဆိုးေလးစိတ္ေကာက္ဖို႔အေရး လင္းဆယူတို႔အေရးပဲမို႔ ေက်ာင္းလည္းမမႈ လူျမင္ကြင္းလည္းမမႈနိူင္ပါေခ်။
"ဒီေလာက္ဆို ငါနဲ႕အတန္းထဲျပန္လိုက္လို႔ရၿပီမွတ္လား
ဥကၠာ''
"ေမာင္လို႔ေခၚ မေခၚရင္ဒီမွာပဲအီးပါေသးေပါက္ပစ္မယ္''
ရွမ္းတ႐ုတ္မ်က္ႏွာေပါက္နဲ႕ကေလးေလးလိုဂ်ီက်တဲ့
ခ်စ္သူေၾကာင့္ လင္းဆယူ သြားေဖြးေဖြးတို႔ေပၚသည္အထိႏွစ္လိုဖြယ္ၿပဳံးရပါသည္။
"မဆိုးလို႔မရဘူးလား ေမာင္''
"ဟုတ္ မဆိုးေတာ့ဘူး''
အားလား သူျဖစ္ခ်င္တာျဖစ္လိုက္ရေတာ့ တန္းလိမၼာသြားတာ။ ပခုံးကိုဖက္လာၿပီး 'အတန္းထဲဝင္ရေအာင္'
ျဖစ္ရျပန္။
"ဒါနဲ႕ ယူ႕တူနာမည္က''
"ေစာဟန္ေစးသကတကယ္တမ္းရည္႐ြယ္ခ်က္နဲ႕။ ေအးေဆးထိုင္ေနတဲ့ေစာဟန္ေရွ႕ဆရာႀကီးလိုလိုမတ္တတ္ရပ္ၿပီး ေမာင္ေျပာလိုက္သည္မွာ
"ဟိုကရင္ တျခားေနရာသြားထိုင္''
Advertisement
- In Serial8 Chapters
Gram Bloodfeast: Retired Warlock
Gram Bloodfeast was once one of the most powerful warlocks of his era. There was a time when he commanded armies of the undead, conquering anyone who he dared lay a path against. There was a time when whole rooms of people would go silent with insane, palpable fear at the mere mention of his name. There was a time when he was enemy number one, whole legions of skilled combatants storming his stronghold of ice and stone to take his head. There was a time when he decided, "I think I'm done." Gram Bloodfeast, is now retired, living in a cozy 2 bedroom suburban house. (Credit for the cover art goes to Phasmonyc) [Participant in the Royal Road Writathon challenge]
8 83 - In Serial7 Chapters
From Human to Lizard In Another World, What Worse than That.
A boy has been forced summon by three goddess, from another world to help them save the world, but actually the boy that being summon is just a testing subject before actually summon the true hero. Thus, the three goddess decide to abandon him and let him live in their world as something else. This story is about a single creature that is weak and struggle to survive in unknown world due to unfairness treatment from the goddess. Can he survive in the world that in chaos and find the way to return home or will he make the decision to change the world as the weakest creature.
8 244 - In Serial40 Chapters
lover • sapnap x oc
a wrong number situation mixed with a girl who believes in the smallest of cliches, with no exception to her own situation. sapnap! wrong number book! slow burn! what else could you want! ! any tw are formatted like this at the start of the correlating chapter (w the exclamation marks) !if sapnap says he is uncomfortable w this i will take it down !im gonna attempt to do regular updates once i pass my pre-written chapters but i am a student who works 5 days a week on top of school so bare w me LMAO
8 222 - In Serial19 Chapters
Souls of Red
As the sun begins to fade from existence, five protectors are chosen. Their unique blood type is thought to help the Earth regain its strength. Aryn, a prominent surgeon, is unaware of the fateful gift that flows in her. She carries the same blood type as the chosen ones. Hidden truths start appearing, when a letter is sent from her parents, who abandoned her at a young age. Aryn becomes imprisoned by the black words in the letter, and falls into the memories of the past. While Aryn tries to gather the missing clues, more mysteries emerge. After treating an eccentric patient, he presents Aryn with more questions than answers. Aware of the doctor's hidden identity, Louis sends her upon a journey toward her darkest days and deepest truths. Aryn's journey begins with the gift of a strange and life-altering book. Aptly titled 'Rules of Death', it doesn't stop with the exposure of her own identity. The book holds knowledge and power Aryn can only begin to understand. She then realizes the importance of her task: guarding all the manuscript dares to tell. Envious eyes and inquisitive minds threaten everything she's determined to defend. In order to preserve the power of the protectors, Aryn must carry the secrets of the book to the grave. Will she keep the book's mysteries to herself, or will Aryn's secret become a world undoing ?~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~•Highest Ranks•#6 In Mystery, on 13/10/2020•Awards•- 1st place winner in the discovery awards - 2nd place winner in the pantheon awards- Honorable Mention- The Shimmer Awards (2020)
8 98 - In Serial167 Chapters
Anime/Webtoon Oneshots
Basically the title. Requests will be explained in the story. Please, enjoy :)
8 190 - In Serial19 Chapters
Cigarette Duet (Jonah x Adam)
EDIT: I HAVE BEEN INFORMED THAT TY IS NO LONGER COMFORTABLE WITH SHIPPING ADAM AND JONAH AND I WILL RESPECT THAT. I AM KEEPING THIS FIC UP SOLEY FOR THOSE WHO WISH TO KEEP READING, HOWEVER PLEASE DO BE AWARE OF HIS FEELINGS ON THE MATTER AND BE RESPECTFUL. I WILL NOT MAKE ANY MORE CONTENT REGARDING JONADAM.THANK YOU FOR READING.
8 221

