《Me, Myself & Bad Romance •||• JINKOOK》【20】
Advertisement
⟨ Unicode Version ⟩
Me Myself & Bad Romance
အပိုင်း ၂၀
“ (ပြွတ်) "
နားရှက်စရာမကောင်းဘဲ ချစ်စရာကောင်းလွန်းတဲ့အသံအဆုံး မပွင့်လာသေးတဲ့မျက်လုံးကို လက်နှစ်ဖက်နဲ့ ပွတ်ရင်း အပျင်းကြောဆန့်မိသည်။ သူ့ပါးပြင်ထက်မှာတော့ ခပ်နွေးနွေးလက်ဖဝါးလေးရှိတာကို သူခံစားမိပြီး သူ့နဖူးပေါ်ကို နှုတ်ခမ်းထူထူလေးက လာရောက်ထိကပ်လာသည်။
" ( မွ ) "
ဒါကတော့ ဒုတိယအကြိမ်ပင်။
" ထတော့ သားသားရေ ~~ ကိုကို မနက်စာ ပြင်ပေးမယ် ..."
ခပ်တိုးတိုးအသံကိုကြားလိုက်ရတာမို့ မျက်ဝန်းတွေကို ဖွင့်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
" အင်း~~ အဲ ~~~ .. ပြင်ပြီးရင် လာခေါ်လိုက်လေ ကိုကို "
အိပ်ချင်မူးတူးအသံနဲ့ပြောမိတော့ ကိုကိုက သူ့နဖူးကို ခပ်ဆတ်ဆတ်တောက်သည်။
" အ့ "
" မထဘူးဆိုရင် မနက်စာ မကျွေးဘဲ ကိုကိုက စားပစ်လိုက်မှာနော် "
ပါးတစ်ဖက်ကို ဆွဲညစ်ပြီးပြောလာတော့ သူမျက်မှောင်ကြုတ်ကာ အိပ်ချင်မူးတူးနဲ့ ထထိုင်မိသည်။ ဒီရက်ပိုင်း ညတိုင်းလိုလို ကိုကိုနဲ့ အတူတူနေနေတာဆိုတော့ မနက်ခင်းပိုင်း ကိုကို့ကို အလိုလိုက်လို့ မဖြစ်။ ဟိုတစ်ခါ ရုံးခန်းထဲမှာ လတွေ၊ကြယ်တွေ အတူတူကြည့်ပြီးကတည်းက ကိုကိုက သူ့ကို တအားကပ်တွယ်သည်။
ပြောရရင် သူ့မှာ ကိုယ်ပိုင်ရှေ့နေရုံးသေးသေးဖွင့်ဖို့စီစဉ်တာတောင် ဖြောင့်အောင် စီစဉ်လို့မရ။ ကိုကိုက သူ့အနောက်ကို တပူးပူးတကပ်ကပ်နဲ့ အမြဲရှိနေတာ သံလိုက်လိုပင်။ အဲ့ဒါအပြင် မျက်စိအောက်ကပါ အပျောက်မခံဘဲ ကလေးလေးတစ်ယောက်လို စောင့်ရှောက်နေတော့ ကြာလာလေ သူ ယောင်္ကျားရတာနဲ့ မတူဘဲ အဖေတစ်ယောက်ရတာနဲ့ တူနေပြန်သည်။ ကြည့်ရတာ သူ ကိုကို့ကို 'ကိုကို' လို့မခေါ်ဘဲ 'ဒယ်ဒီ' လို့ပြောင်းခေါ်မှ တော်ကာကျတော့မည်နဲ့ တူသည်။
အခုတော့ ဒယ်ဒီကိုကိုက သူ အိပ်ယာထတာကို သိပြီမို့ ကုတင်ပေါ်က ထကာ အခန်းပြင်ထွက်တော့ သူလည်း ကိုကို့ခါးကို ဖက်ပြီးမှီကာ ကိုကို့ကျောပြင်ပေါ် ပါးလေးအပ်ရင်း မီးဖိုချောင်အထိ ရောက်လာမိသည်။ မျက်ဝန်းတွေကတော့ မပွင့်သေး။ ကိုကိုကတော့ ဘာမှ မပြောပေမယ့် မနက်စာပြင်ဆင်ဖို့ ကြိုးစားနေပုံပေါ်သည်။ သူသည်လည်း ကိုကို့ခါးကို ဖက်တွယ်ပြီး ကိုကို့ကို နှောင့်ယှက်မိသည်။
" ဂျောင်ဂုနော် ... စိတ်ပြောင်းသွားရင် ကိုကို့မနက်စာက မင်းဖြစ်သွားမှာနော် "
သတိပေးပေမယ့် သူမမှု၊ ကိုကို့ခါးကို ဖက်ကာ လက်တွေက ကိုကို့ရင်ဘတ်အနှံ့ ဟိုဟိုဒီဒီ လျှောက်ကိုင်နေဆဲပင်။ ရုတ်တရက် ကိုကိုက သူ့ဘက် ခပ်မြန်မြန်လှည့်လာတော့ ကိုကို့ကျောပြင်ကို အပ်ထားတဲ့ သူ့ပါးလေး ကိုကို့ရင်ဘတ်ကို ထိကပ်သွားရသည်။ ကိုကိုကတော့ ရင်ခွင်ထဲရောက်နေတဲ့သူ့ဆံနွယ်တွေကို ပွတ်သပ်ရင်း ခပ်ဖွဖွနမ်းကာ သူ့မျက်နှာကို ဆွဲယူမော့ပြီး နှုတ်ခမ်းတွေကို ခဏတာ ဖိကပ်သည်။
" ... (မွ) ... သွား .. ကိုကို့မနက်စာက မင်းမဖြစ်ချင်ရင် မျက်နှာလေးသစ်လိုက်ဦး ... ကိုကို မင်းအတွက် မနက်စာပြင်ထားပေးမယ် ..."
ကိုကို့စကားကိုတော့ လက်မခံချင်၊ ခံချင်နဲ့ လက်ခံပြီး ခေါင်းညိတ်လိုက်မိသည်။ ဒါတောင် သူ ကိုကို့နားက မခွာ၊ ဖက်တွယ်ထားဆဲပင်။ ခဏနေရင် ကိုကိုက အလုပ်သွားတော့မှာမို့ သူ ကိုကို့ကို တစ်နေကုန်မတွေ့ရတော့မှာလေ။ အဲ့ဒါကြောင့် အကြာကြီးဖက်ထားချင်မိတာဖြစ်သည်။
" ဂျောင်ဂု! ဒီနားမှာ ဒီလိုပုံစံနဲ့လာရပ်နေတာက ကိုကို့စိတ်ကို ထိန်းမနိုင်အောင် လာမြူဆွယ်နေတာပဲ ... အပြစ်ဖြစ်သွားမယ်နော် ... 'ကိုကိုရေ တော်ပါတော့' လို့ ပြောမနိုင်တဲ့အဆုံးဖြစ်သွားမယ်နော် "
ရစ်နေတဲ့သူ့နား နားကို ကိုကိုကပ်တိုးလေးပြောတော့ သူကြက်သီးထမိသွားသည်။ ကိုကို့ကိုဖက်ထားချင်ပေမယ့် ကိုကို့မနက်စာကတော့ သူ မဖြစ်ချင်သေး၊ အခုတလော တအားရက်ဆက်ေနတာမို့ ဗိုက်အောင့်တာက ပြန်ဖြစ်လာပြန်သည်လေ။ ထို့ကြောင့် ကိုကို့ကို ထပ်မချွဲတော့ဘဲ ကိုကို့ပါးပြင်ကို ဖျတ်ကနဲ့ နမ်းကာ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းဆီ ပြေးမိတော့သည်။ ရေချိုးခန်းက ထွက်လာတာနဲ့ ဘာမှ မဝတ်ထားတဲ့ သူ့ကိုယ်ပေါ်သဘက်အကြီးကြီးက လာရောက် လွှမ်းခြုံသည်။ တွေးကြည့်စရာမလိုတာမို့ သူပြုံးမိတော့ ကိုကိုက သဘက်အတိုင်း သူ့ကို ပွေ့ဖက်ကာ ရေချိုးပြီးခါစ သူ့ပါးပြင်ကို ရွှတ်ကနဲ့မြည်အောင် နမ်းသည်။
" ( ရွှတ် ) "
" ကိုကို ပြောထားတယ်လေ ~~ ရေချိုးခန်းကနေ ထွက်လာရင် တစ်ခုခုဝတ်လာပါလို့ ~~ ကလေးတုန်းကလို လုံးတုံးလေးထွက်လာတာက ကိုကို့အတွက်အဆင်မပြေဘူးလေ ~~ "
ပြောရင်းနဲ့ သူ့ခန္ဓာကိုယ်ကို ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေတော့ သူ ကိုကို့ကို သွားဖြဲပြလိုက်မိသည်။ အဲ့ဒီ့အကျိုးဆက်ကတော့ သူ့ပါးအိအိလေး ကိုကို့လက်မနဲ့လက်ညှိုးကြား နစ်ဝင်ကာ ကိုကို့ဆီကနေ အသည်းယားခံလိုက်ရပြန်သည်။
" အ့! နာတယ်နော် ကိုကို~~ "
အသည်းယားလို့ဆွဲတာ သိပေမယ့် ကိုကို့လက်တွေက တကယ်အားသန်တာမို့ ညည်းညူမိတော့ ကိုကို့နှုတ်ခမ်းတွေက သူ့ပါးပေါ် ဖျတ်ကနဲ့ လာထိပြန်သည်။
" ...နာပါစေပေါ့ .. ကဲ လက်မြှောက် ရေသုတ်ပေးမယ် .."
သူ့ကို သဲသဲကဲကဲဖြစ်နေတဲ့ကိုကို့ကို သူ မနိုင်စွာ အရှုံးပေးပြီး လက်မြောက်လိုက်တော့ သူ့ကိုယ်ပေါ်က ရေစက်တွေကို ကိုကိုက ခြောက်အောင်သုတ်ပေးလာသည်။
" ငယ်ငယ်တုန်းကလည်း ကိုကို ဒီလိုပဲ သားသားကို လုပ်ပေးတယ်နော် သားသားလည်း ကိုကို့ကို ဒီလိုပြန်လုပ်ပေးလို့မရဘူးလား "
သူ့လက်ပေါ်ကရေတွေ စင်အောင်သုတ်ပေးနေတဲ့ကိုကို့ကို မေးမိတော့ ကိုကိုကရယ်သည်။
" သုတ်ပေးချင်ရင် စောစောထလေ ~~ နေ့တိုင်းပျင်းနေပြီးတော့ ~~ "
Advertisement
ပြောနေရင်း ကိုကို့လက်တွေက သူ့ခန္ဓာကိုယ်အောက်ပိုင်းဆီ ရောက်လာတော့ သူအနောက်ကို ခုန်ပြီးဆုတ်လိုက်မိသည်။
" ဟဲ ဟဲ ... ဒီနေရာကျတော့ ကိုယ့်ဘာသာကိုယ်လုပ်မယ်လေ ~~ လူကြီးဖြစ်ပြီးကို~~ "
ပြောရင်း ကိုကို့လက်ထဲက သဘက်ကို ဆွဲယူကာ ကိုကို့ကို ရှောင်ထွက်ဖို့ အိပ်ရာဘေးနား ဦးတည်သွားမိသည်။
" အမ်! တစ်မနက်လုံး ကလေးလေး လုပ်နေပြီးတော့ အခုမှ ချက်ချင်းအရွယ်ရောက်လာလို့်မရဘူးလေ "
ကိုကိုကလည်း သူ့ကို အကျောမပေးဘဲ အနောက်ကနေ လိုက်လာကာ သူ့တင်ပါးကို ဆတ်ကနဲ့ ရိုက်ရင်း သဘက်ကို ဆွဲလုသည်။
" ကိုကိုနော်! "
" အေး ... ဘာဖြစ်လဲ ပြော"
သူ ပြန်အော််မိပေမယ့် သဘက်ကတော့ ကိုကို့လက်ထဲရောက်သွားပြီမို့ မျက်မှောင်ကြုတ်လိုက်မိသည်။
" သေချာကြည့်ဦး ဒီခန္ဓာကိုယ်က ကလေးလား ... "
" အေး ကလေးပဲ .. မင်းမွေးကတည်းက ငါ့မျက်စိရှေ့မှာပဲ ကြီးပြင်းလာတာ ... မင်းအီးအီးပါတာကစလို့ မင်း ပထမဆုံး သွားတက်လာတာ, မင်း စပြီးထမင်းစားတာ, မင်း လမ်း စလျှောက်တာ, မင်း ပထမဆုံး စကားပြောတာကအစ အကုန်ငါ့မျက်စိရှေ့မှာပဲ !! အဲ့ဒီ့ပိစိပေါက်တောက်အရွယ်ကတည်းက ရေချိုးလည်းတူတူ, ထမင်းစားလည်းအတူတူ, ကစားလည်းတူတူ, အိပ်လည်း တူတူပဲလေ ~~ တစ်ခါကလေးဖြစ်ရင် တစ်သက်လုံးကလေးပဲ ~~ "
" ဘာ ကစားလည်း အတူတူလဲ .. အစ်ကိုထယ်ဟျောင်းနဲ့အတူတူကစားတာပဲ များခဲ့တာနော် ကိုကိုကတော့ ငယ်ငယ်ကတည်းက အစ်ကိုထယ်ဟျောင်းနဲ့သားသားနဲ့ ကစားတာကို လိုက်ဖျက်ဆီးခဲ့တယ်မဟုတ်လား ... ပြီးတော့ သားသားသာ ကလေးဆိုရင် ကိုကိုကတော့ သက်ငယ်မုဒိန်းမှုနဲ့ နေ့တိုင်း ထောင်ထဲရောက်နေလောက်ပြီ "
လူကြီးပုံစံနဲ့ ပြောလာတဲ့ကိုကို့ကို သူမျက်စောင်းထိုးရင်း မကျေမနပ်ရေရွတ်မိတော့ ကိုကိုက မျက်မှောင်ကြုတ်ကာ သူ့ခန္ဓာကိုယ်ကို ဆွဲယူသည်။သူ့စကားကိုတော့ ပေါက်ကရတွေ ဆိုတဲ့သဘောနဲ့ ပြုံးရင်း ခေါင်းခါသည်။ ကိုကို့အပြုံးမြင်လိုက်ရတော့လည်း ပြေးထွက်တော့မယ့်ခြေထောက်တွေက မပြေးနဲ့ အမိန့်ရလိုက်သလိုမျိုး ငြိမ်သက်မိသွားပြန်သည်။ တကယ်တော့ ပါးစပ်ကသာ ငြင်းဆန်နေပေမယ့် သူ့ခန္ဓာကိုယ်က ကိုကို့လက်ထဲကျရောက်သွားပြီဖြစ်သည်။ ကိုကိုက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို သေချာရေသုတ်ပြီးတာနဲ့ အသင့်ပြင်ထားတဲ့ အတွင်းခံတွေကို ဆွဲယူတော့ သူ မျက်လုံးပြူးသွားသည်။
မဟုတ်မှ ကိုကို ဝတ်ပေးမှာတော့ မဟုတ်လောက် ~~
အတွေးမဆုံးသေး သူ့အရှေ့ထိုင်ချကာ သူငယ်ငယ်တုန်းကလို အစအဆုံးလုပ်ပေးဖို့ တွေးနေပုံရတဲ့ကိုကို့ကြောင့် ခြေထောက်တစ်ဖက်ကို ယောင်ပြီး မလိုက်မိသည်။
" အာ~~~ ကိုကို! မလုပ်နဲ့တော့ဆို "
" ဘာဖြစ်နေလဲ ငါနေ့တိုင်းလုပ်ပေးနိုင်တယ်ထင်နေလို့လား ~~ တစ်ခါလောက် ငြိမ်ငြိမ်နေရင် ဘာဖြစ်သွားမှာမို့လို့လဲ "
" ရှက်လို့ပေါ့! ကိုကိုကဘာလဲ ! ဆိုက်ကိုပက်လား! ရေသုတ်ပေးတာက ဟုတ်ပါပြီ အဝတ်အစားတွေအထိ ဝတ်ပေးမယ်ဆိုတော့ကာ ~~~ "
" ဘာကိုလာရှက်နေလဲ ! နေ့တိုင်းအတူတူနေလို့ မင်းရဲ့ babe dragonလေးတောင် ငါ့မျက်နှာမြင်ရင် 'အန်ညော' လို့နှုတ်ဆက်တတ်နေပြီ ~~ လာ! နောက်နေ့ဆိုအလုပ်ကြိုးစားရတော့မှာမို့လို့ မင်းကို ဒီလိုတွေ လုပ်ပေးဖို့ မမှီတော့ဘူး ~~"
ပြောပြောဆိုဆို သူ့ခြေထောက်ကိုဆွဲယူကာ အတွင်းခံကို စွပ်ပေးတော့ သူမျက်မှောင်ကြုတ်ရင်း ကိုကို့ကို မကျေမနပ်ကြည့်နေမိသည်။ သို့ပေမယ့် စိတ်ထဲမှာတော့ ဂွမ်း ဆီထိသလိုပင်။
ဟိ ~~ ဟိ နေ့တိုင်းလုပ်ပေးရင် ကောင်းမယ်
" ကဲ ဘောင်းဘီဝတ်မယ်! ဒီနေ့အိမ်မှာပဲ နေရမယ်နော် ဖျားချင်နေသလိုဖြစ်နေပြန်ပြီမလား ~~ ဒေါက်တာမင်ကို ခေါ်ပေးမယ် အေးအေးဆေးဆေးနားဦး ရှေ့နေရုံးက နောက်လမှ စပြီး စီစဉ်! အချိန်ရတုန်း ဝဝကစ်ကစ်လေးဖြစ်အောင် အစားတွေ အများကြီး စားပါဦး "
ဘောင်းဘီဝတ်ပေးရင်း ပြောလာတော့ သူခေါင်းညိတ်ရင်း ကိုကို့ဆံပင်တွေကို မထိတထိဆော့နေမိသည်။
" ကဲ အင်္ကျီဝတ်မယ် ကိုကို့ကလေးလေး လက်မြှောက် "
ပြောရင်းနဲ့ သူ့ကို ရှပ်ပါးပါးလေးစွပ်ပေးကာ body spray ဖြန်းပေးတော့ ခံစားချက်တွေ လန်းလာသလိုပင်။ နေမကောင်းဖြစ်ချင်နေသလို ဖြစ်နေပေမယ့် တကယ်က ဗိုက်အောင့်တဲ့ အရှိန်နဲ့ ဖျားတော့မလိုဖြစ်နေတာဖြစ်သည်။ ကိုကိုကတော့ သူ့အကြောင်းစုံစုံလင်လင် မသိသေးပါ။ ပြောပြဖို့အခွင့်အရေးရှာနေပေမယ့် ကိုကို အတိတ်အကြောင်းတွေ ပြောခွင့်မပေး။ လမ်းခွဲတဲ့နေ့ကစလို့ လက်မထပ်ခင်တစ်ရက်အလိုထိ ကြားကာလမှာဖြစ်ခဲ့တဲ့ ဘယ်လိုအတိတ်မဆို ကိုကို ကိုယ်တိုင်ကစကား မစသလို သူပြောဖို့ဦးတည်မိရင်လည်း ကိုကိုက စကားလမ်းလွှဲဖြစ်သည်။ ထို့ကြောင့် ခူရို့နဲ့ပတ်သက်တဲ့အတိတ်ကို မသိသလို ခူရို့သားကို သူ့သားလို့ အခုထိထင်နေသေးသည်။ အမှန်တရားတွေပြောဖို့ အခုထိ Timing က မကိုက်သေး။
" ကဲ အနွေးထည်ဝတ်မယ်! "
နောက်ဆုံးအဆင့်အနေနဲ့ သူ့ကို အနွေးထည်ဝတ်ပေးဖို့ပြင်တော့ သူခေါင်းခါမိသည်။
" ဟင်အင်း ဒါမဝတ်ချင်ဘူး ကိုကို မနေ့ညက ဝတ်တဲ့ဟာ ဝတ်ချင်တယ် "
သူ့စကားကြောင့် ကိုကိုက ခဏစဉ်းစားပြီး hookဆီ လှမ်းကြည့်သည်။ မနေ့ညက ကိုကိုဝတ်ထားတဲ့ RJ Jacket လေးကတော့ သူ့ကို ဆွဲဆောင်နေသည်။ အာဂျေဂျောင်း ကုမ္ပဏီက ထုတ်ထားတာဖြစ်ပြီး အခုတလော ကိုကို့ကို ကြေညာရိုက်ဖို့ ကမ်းလှမ်းထားတယ်လို့ သူ ကြားထားသည်။ ကိုကိုလက်ခံလိုက်လား၊ လက်မခံထားလား မသိပေမယ့် သူသိချင်တာတစ်ခုက ကိုကို ဘာဖြစ်လို့ သီချင်းဆက်မဆိုတော့လဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကိုပါပဲ။ သို့ပေမယ့် သူမမေးရဲသေး၊ သူစကားမှားတာနဲ့ ကိုကိုနဲ့ အခုလိုပျော်ရွှင်နေရတဲ့အခိုက်အတန့်လေး ပျောက်ကွယ်သွားမှာ စိုးသည်။ ကိုကို သူ့ကို လိုတာထက်ပိုချစ်ပေးပြီး လိုတာထက် ပိုပြီး သဝန်တိုနေတယ်ဆိုတာကိုလည်း သူသေချာသိတဲ့အတွက်ဖြစ်သည်။
Advertisement
" အာ ~~အဲ့အဖြူလေးလား ~~ မင်းအတွက်ပဲလေ ဂျောင်ဂု! မင်းဝတ်တဲ့အခါ သက်သောင့်သက်သာ ရှိလား၊ မရှိလား သိချင်လို့ ကိုကို စမ်းဝတ်ကြည့်ထားတာ ~~ အဆင်ပြေပါတယ် အတွင်းဘက်ကအသားက နူးညံ့တယ်ဆိုတော့ မင်းကို မထိခိုက်လောက်ဘူး "
ကိုကို့ပြန်ဖြေသံအဆုံး သူ jaw drop ဖြစ်သွားရသည်။ သူများအတွဲတွေသာ သူ့ရှေ့ ဒီလိုလာလုပ်ရင် အမြင်ကပ်မိမှာဆိုပေမယ့် အခု သဲသဲလှုပ်ခံရသူက သူကိုယ်တိုင်ဖြစ်နေသည်မို့ ပါးစပ်ကလေး ပြန်ပိတ်ကာ အင်တင်တင်ပြုံးမိသည်။
" လာ ~~ ဝတ်ကြည့်ရအောင် အဆင်မပြေရင် ပြန်ပြော! အဆင်ပြေရင် ကမ်းလှမ်းထားတဲ့ကြေညာလက်ခံပေးလိုက်မယ် "
သိုးမွေးအနွေးထည်ထူပွပွထဲ သူ့လက်တွေစွပ်ပေးရင်း ကိုကို့စကားကြောင့် အံ့ဩမိသွားသည်။
" ကြေညာ? ... အနုပညာအလုပ်တွေ ပြန်လုပ်တော့မလို့လား ~~ ကိုကိုသာ သီချင်းတစ်ပုဒ်လောက် ထပ်ထုတ်ပေးရင် သိပ်ကောင်းမယ် ~~ "
သူ့စကားကြောင့် ကိုကို့မျက်နှာက ပြေပြေလေးပြုံးသည်။ သို့ပေမယ့် ကိုကို့မျက်ဝန်းတွေကတော့ ခုနကလိုမျိုး မတောက်ပနေတော့။ ထို့ကြောင့် သူ့စိတ်ထဲ ထင့်သွားမိသည်။ သီချင်းဆိုတာနဲ့ ပတ်သက်ပြီး တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်။
" ... ကိုကို့သီချင်းတွေ နားထောင်ရတာ သဘောကျလား ... ဘာလို့လဲ ... Popularဖြစ်အောင် ပြန်လုပ်ခိုင်းပြီး ထွက်ပြေးဖို့တော့ မဟုတ်ဘူးမလား "
ခပ်တည်တည်ဖြစ်တဲ့မေးခွန်းအဆုံး သူ မသိမသာခြေဖျားထောက်ပြီး ကိုကို့ပါးလေးကို နမ်းလိုက်မိသည်။ သူ့အပြုအမူကြောင့် ခပ်တည်တည်ဖြစ်နေတဲ့ ကိုကို့မျက်နှာလေး ခပ်ရွှင်ရွှင်ဖြစ်လာတော့ သူ့လျှို့ဝှက်လက်နက်ဖြစ်တဲ့ ယုန်သွားလေးတွေ ပေါ်နေအောင် သူ ပြုံးလိုက်မိသည်။
" ... လွမ်းလို့လေ ~~ ကိုကိုနဲ့ နေ့တိုင်း အတူတူနေနေရပေမယ့် ~~ လက်ထပ်ပြီးပြီဆိုပေမယ့် ~~ ဘယ်နေရာရောက်ရောက် ကိုကိုနဲ့ အတူတူရှိချင်တယ် ~~ ကိုကိုနဲ့အဝေးမှာရှိနေတဲ့အချိန်ဆိုရင် သားသားက ကိုကို့သီချင်းတွေနားထောင်နေလိုက်ရင် ကိုကိုက သားသားကို ဖက်ထားပေးသလို ခံစားရလို့ ~~ အဲ့ဒါကြောင့်ပါ ..."
ပြောပြီးတာနဲ့ အနွေးထည်ထူပွပွထဲ မြုပ်နေတဲ့ဂျောင်ဂုဟာ ဆော့ဂျင်ကို ပွေ့ဖက်သည်။
" ... နေမကောင်းဖြစ်ချင်နေတာမို့လို့ ကိုကို့ကို ဒီလိုလေးပဲ တစ်နေ့လုံးဖက်ထားချင်တယ် ... အဲ့ဒါဆို ဆေးတောင် မလိုဘူးကိုကို ..."
ဆော့ဂျင် သူ့ရင်ခွင်ထဲက အဖြူလုံးလေးရဲ့နှားရွက်ဖျားလေးကို မသိမသာ နမ်းရင်း ပြန်ပွေ့ဖက်လိုက်သည်။
" ... အဲ့ဒီလိုမျိုးနေပေးလာတာ သုံးရက်ရှိသွားပြီလေ ... ထပ်ပြီးနေလိုက်ရင် ကိုကိုတို့ ထမင်းငတ်ကုန်မှာပေါ့ .. မင်းကို အစစအရာရာဖြည့်ဆည်းပေးဖို့ ဒီအမျိုးသားက ကုန်းရုန်းပြီးအလုပ်ကြိုးစားရမယ် မဟုတ်လား ..."
ကိုကို့စကားကြောင့် သူ့နှုတ်ခမ်းတွေ မဲ့မိပြီး ကိုကို့ပေါ်တွယ်ကုပ်မိသည်။ သူ့ခန္ဓာကိုယ်အလေးချိန်ကြောင့် ကိုကို တစ်ချက်လောက်တော့ ယိုင်နဲ့သွားပေမယ့် သူ့တင်ပါးကို လှမ်းထိန်းပေးသည်။
" .. ဒီလိုဆိုတော့လည်း သားသား လွမ်းနေရတော့မှာပဲ ... "
လေသံဖွဖွနဲ့ပြောတော့ ကိုကိုကရယ်ရင်း အခန်းထဲက ထွက်လာသည်။
" ... အဲ့ဒီလိုပြောနေရင် တကယ်ပဲ ထမင်းငတ်ကုန်မှာနော် .. တစ်ရက်မှ အလုပ်မသွားဘဲ အိမ်ထဲမှာပဲနေနေတော့မှာ ..."
မီးဖိုချောင်ရောက်တဲ့အထိ ချီပိုးလာရင်း ထမင်းစားပွဲမှာ နေရာချပေးကာ ပြောတော့ သူ နေရာအကျအနယူရင်း လက်တွေကို အင်္ကျီအိတ်ကပ်ထဲ ထိုးထည့်ထားလိုက်မိသည်။
" ... ဒါဆို 'မလွမ်းတော့ဘူး ~~ ပြန်လာချင်တဲ့အချိန်ပြန်လာ .. ကျွန်တော်ကတော့ အိမ်မှာပဲ ရှိမယ် အစ်ကို' ... အဲ့ဒီလို နှုတ်ဆက်ပေးရမလား ..."
" ~~ မင်းကတော့လေ ~~ ကဲ စကားမများနေတော့ဘဲ ပန်ကိတ်ကို ကုန်အောင်စား ... အားရှိဖို့လိုတယ် ... ဒီလိုပိန်နေလို့ ဘယ်ဖြစ်မလဲ "
ပြောပြီးတာနဲ့ မနက်စာ စားဖို့ ကြိုးစားတဲ့ ကိုကို့ကို သူ စိုက်ကြည့်လိုက်မိသည်။ အလုပ်သဠားရမှာမို့ အချိန်မဆွဲနေတဲ့ ကိုကိုကတော့ ဖြည်းဖြည်းပုံမှန်ပင်။ သူကတော့ ဘာကိုမှလက်နဲ့ မထိရသေး။
" ... ကျွန်တော်လည်း ကိုကို့အတွက် ချက်ပေးချင်တယ် ... ဒါပေမဲ့ ကျွန်တော် အခုထိ အရသာရှိအောင် မချက်တတ်သေးဘူး ... "
မနက်စာစားနေတဲ့ကိုကို့ကို ကြည့်ရင်း သူ နှုတ်ခမ်းလေးရွဲ့ကာ ပြောမိတော့ ကိုကို့လက်တွေက ကိုင်ထားတဲ့ဇွန်းကို ချကာ ခပ်ချွန်ချွန်လေးဖြစ်တဲ့ သူ့နှုတ်ခမ်းကို လာထိတွေ့သည်။
" ... မင်းကလား! ကိုယ့်ကိုယ်ကိုပဲ အားရှိအောင် ကိုကိုကျွေးတာပဲ စားစမ်းပါကွာ "
ကိုကို့အပြောကြောင့် သူမျက်နှာမဲ့မိရင်း နှာခေါင်းရှုံ့မိတော့ ကိုကိုက သူ့ကိုကြည့်လာပြန်သည်။
" ကဲ ~~~ အဲ့ဒါက ဘာဖြစ်ပြန်တာလဲ ... ဆိုးချင်တိုင်း ဆိုးရအောင် မင်းက ကလေးလား ~~ မျက်နှာက ကလေးဖြစ်တယ်ဆိုတိုင်းနဲ့ စိတ်ကပါ ကလေးလေးလို လာလုပ်လို့ရမလား ... ကြည့်ပါဦး ~~ ကိုကို့အနွေးထည်နဲ့ အနှီးထုပ်ထားတာကျလို့ ..."
သူဖြစ်သွားပုံကို သဘောတွေကျနေတဲ့ကိုကိုက ရယ်မောကာပြောတော့ သူ ကိုကို့အပြုံးတွေကို ငေးမိသွားသည်။
~~~ ကိုကိုက အရမ်းလှတာပဲ လောကကြီးရယ် ~~ ရုတ်တရက် အိတ်ကပ်လေးထဲ ထည့်သိမ်းထားလိုက်ချင်တော့တယ် ~~
" ဂျောင်ဂု ဘာဖြစ်သွားပြန်တာလဲ ... အဲ့ဒီ့မျက်နှာက ..."
အသံတိတ်ပြီး အငေးလွန်သွားတာမို့ ကိုကိုက မေးခွန်းထုတ်လာတော့ သူအသိပြန်ဝင်ရင်း ခေါင်းခါလိုက်မိသည်။
" ~~ ဟင်အင်း ~~ ဒီနေ့ကိုကို့သားသား အရမ်းပျင်းနေလို့ လက်တောင် မလှုပ်ချင်တော့ဘူး ..."
သူ ရေရွတ်မိတော့ ကိုကိုက သူ့သဘောကို နားလည်စွာနဲ့ အရှေ့က ပန်ကိတ်ကို လှမ်းယူသည်။ အဲ့ဒီ့နောက် စားလို့ရလောက်မယ့် အရွယ်လေးအထိ ဖြတ်တောက်ရင်း သူ့နှုတ်ခမ်းနားတေ့ပေးလာတော့ သူအလိုက်သင့်လေး ကိုကို ခွံ့ကျွေးတာ စားနေမိသည်။ ကိုကို့ပန်းကန်ထဲက ပန်ကိတ်ကတော့ တစ်ဝက်သာ ကျိုးနေသေးသည်။
" ... ကိုကို ... "
" ဟင် ... သားသား "
" ကိုကို "
" ဟင် .. သားသား .."
" ကိုကို! ကိုကို! ကိုကို! ကိုကို! "
အားမရလာတဲ့အဆုံး ကိုကို့ကို သူဆက်တိုက်ခေါ်တော့ ကိုကိုက သဘောကျစွာရယ်ရင်း သူ့ပါးစပ်ထဲ ပန်ကိတ်တစ်လုတ်ခွံ့ကျွေးပြန်သည်။
" ဘာဖြစ်နေတာလဲ မင်း ~~ ချစ်ဖို့ကောင်းအောင်လို့ လျှောက်ပြောနေတာလား ..."
" ဟင်အင်း ~~ ဒီတိုင်းလေး ကိုကို့ကိုကြည့်ရင်း ပို ပို ပိုပြီး ချစ်မိလာလို့ ... ကိုကို့်မှာ သားသားအတွက် အချစ်လည်းရှိသလို အမုန်းလည်း ရှိတယ် ဆိုပေမယ့် သားသားကတော့ ကိုကို့အတွက် အချစ်ရယ် အချစ်ရယ် အချစ်ရယ်ပဲ ရှိတယ် ... အဲ့ဒီ့တော့ အမုန်းတွေရှိသေးတယ်ဆိုရင် ချပြလိုက်ပါလား ... သားသားက အချစ်တွေနဲ့ ပြန်ဖာထေးပေးမယ် ... ကိုကို့ဆီက အမုန်းစကားတွေ ကြားရတာက ကိုကိုနဲ့ဝေးနေရတာထက် ပိုနာကျင်ရတာမို့လို့လေ ... အဲ့ဒါကြောင့်မို့ မုန်းတာတွေကို စုပုံပြီး တခါတည်းနဲ့ အပြီးသတ်ပေးလို့ရမလား .. ကိုကို့နားမှာ တစ်သက်လုံး အချစ်တွေပေးပြီးနေချင်လို့ပါ ..."
ကိုကို့မျက်နှာကို တစ်စက်လေးတောင် မကြည့်ဘဲ ပန်းကန်ကိုပဲ ကြည့်ပြီး ပြောတော့ ကိုကို့မျက်နှာ ဘယ်လိုရှိမယ် သူမသိ။ သူကတော့ ဒီစကားတွေပြောပြီး ရှက်နေပြီဖြစ်သည်။ ကိုကို့ဆီက တုံ့ပြန်မှုမရသေးခင်မှာပဲ ကိုကိုဟာ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်သည်။ ထို့ကြောင့် သူစိတ်ကသိကအောက်ဖြစ်သွားပေမယ့် ကိုကိုစားပွဲပေါ်မှာ လက်ထောက်လိုက်တဲ့အချိန်မှာတော့ သူလန့်ပြီး ကိုကို့ကို မောကြည့်မိတော့သည်။ အဲ့ဒီ့တော့မှ စားပွဲပေါ်လက်ထောက်ကာ သူ့ကို ငုံ့ကြည့်နေပါတဲ့ကိုကို။
" ... ဂျောင်ဂု! ကိုကို တစ်ခွန်းပဲ ပြောပြမယ် .. မင်းသာ အခြားတစ်ယောက်နဲ့ အတူတူမရှိဘူးဆိုရင် ကိုကို့အမုန်းတွေက ဘယ်တော့မှ နိုးထလာမှာ မဟုတ်ဘူး ... သိထားဖို့ကလေ ... ကိုကိုက မင်းကို အရမ်းသဝန်တိုလွန်းတာမို့လို့ အိမ်ထဲမှာပဲ ပိတ်ထားလိုက်ရတဲ့အထိ ချစ်တယ် "
ကိုကို့စကားအဆုံးသတ်မှာတော့ သူ ကျောနည်းနည်းဆန့်ထုတ်ကာ ကိုကို့နှုတ်ခမ်းတွေကို ထိကပ်လိုက်သည်။
" ... တောင်းပန်ပါတယ် ... တောင်းပန်ပါတယ်ကိုကို ... နာကျင်အောင်လုပ်ခဲ့မိတာတွေအတွက် ... ပြီးတော့ ကျွန်တော့်အမှားတွေအတွက် တောင်းပန်ပါတယ် ကိုကို ..."
ကြည်လဲ့လာတဲ့မျက်ဝန်းထက်က မျက်ရည်တွေနဲ့အတူ တောင်းပန်စကားဆိုမိတော့ ကိုကိုက သူ့မျက်ခွံပေါ်ကို ခပ်ဖွဖွလေးနမ်းသည်။
" အမှားသိရင် ဒုတိယအကြိမ်ထပ်မလုပ်နဲ့တော့ ကလေးလေး ~~ ဒီတစ်ခါ နာကျင်အောင်ထပ်လုပ်ရင် ခွင့်မလွှတ်ဘဲ ဖမ်းချုပ်ထားလိုက်မှာ ...."
သူ ငိုချတော့မယ်ဆိုတာကို သိနေတဲ့ ကိုကိုကတော့ သူ မငိုအောင်နှစ်သိမ့်ပေးရင်း မနက်စာစားခြင်းကိုပါပြီးဆုံးစေလိုက်သည်။ စိတ်ထဲမှာရှိတာတွေကို နည်းနည်းစီပြောလိုက်ရတဲ့ စိတ်ပေါ့သွားပေမယ့် အဖြစ်မှန်တွေအကုန်လုံးကို ပြောပြဖို့အထိ ဘယ်လိုစကားစရမယ်မသိ။ တစ်ခုစတာနဲ့ မိဘတွေရဲ့အတိတ်အကြောင်းပါ ပါလာတာမို့ ဘယ်တစ်ခုအရင်ပြောရမယ်ဆိုတာ သူမသိ။ သို့ပေမယ့် တစ်သက်လုံးဖုံးကွယ်လို့ မရတဲ့အရာတွေမို့လို့ သူ့အပေါ်ထားတဲ့ကိုကို့အမုန်းတွေအကုန် ချေဖျက်နိုင်အောင် သူ အကုန်ပြောပြမှ ဖြစ်တော့မယ်ဆိုတာတော့ သူနားလည်လိုက်သည်။
အခုတော့ သူဟာ အိပ်ယာထက်မှာ လဲလျောင်းရင်း အလုပ်သွားဖို့ ပြင်ဆင်နေတဲ့ ကိုကို့ကို မျက်တောင် မခတ်တမ်းစိုက်ကြည့်နေမိသည်။ ကိုကိုကတော့ နည်းနည်းလောနေတဲ့ပုံပင်။
အေးလေ .... တစ်မနက်လုံး သူရစ်နေသည်ကိုး ....
ပြင်ပြီးဆင်ပြီးတာနဲ့ ကိုကိုက သူ့ဆီ လှမ်းလာကာ ခေါင်းလုံးလုံးလေးသာ ထွက်ပြူနေတဲ့ သူ့ပါးကို ခပ်ဖွဖွပွတ်သည်။ အဲ့ဒီ့နောက် သူ့တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ကာ မျက်နှာနှံ့ တမွမွ နမ်းရှုံ့ရင်း နှုတ်ခမ်းလုံလုံးလေးက ခပ်ပါးပါးသူ့နှုတ်ခမ်းကို အပိုင်သိမ်းသည်။
" ... အိမ်ပြင်မထွက်ဘဲ လိမ်လိမ်မာမာနဲ့ နားနော် ... ဒေါက်တာမင်ကို လွှတ်ခဲ့ပေးမယ် ... ပြီးတော့ တစ်ခုခုလိုတာရှိရင် ချက်ချင်းပြော ... ကိုကို တစ်နေ့လုံးစာပို့နေမှာမို့လို့ ... စာမရိုက်နိုင်ရင်တောင် အီမိုဂျီဖြစ်ဖြစ် စတစ်ကာဖြစ်ဖြစ် အကြောင်းပြန် ... Seenပြပြီး စာမပြန်ရင် ချက်ချင်း အိမ်ပြန်လာမှာနော် ... "
နေမကောင်းဖြစ်နေတဲ့လူလိုမျိုး တဖွဖွမှာလေတော့ သူခေါင်းသာ ညိတ်လိုက်မိတော့သည်။ ကိုကို ထွက်သွားပြီး သိပ်မကြာမီမှာတော့ ဆရာဝန် ရောက်လာသည်မို့ သူငြိမ်ငြိမ်လေး အစမ်းသပ်ခံလိုက်မိသည်။
" ... ဂျောင်ဂုရှီ ! ဒီအတောအတွင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တာမျိုးတွေ နားထားပေးပါ ... မင်းက သာမန်ယောင်္ကျားဘေးမဟုတ်တော့ လုပ်ချင်တိုင်း လုပ်လို့မရဘူးလေ ... ပြီးတော့ ကလေးယူဖို့စီစဉ်ရှိတယ်ဆိုရင် အခုချိန်က အကောင်းဆုံးဖြစ်တဲ့အတွက် တိုင်ပင်ဖို့လိုပါမယ် ... အတူတူနေတိုင်းလည်း ကလေးမရနိုင်တာ သိတယ်ဟုတ် ... ကလေးယူဖို့အစီအစဉ်မရှိဘူးဆိုရင် ခွဲစိတ်လိုက်ပါ ... ရေရှည် မင်းအတွက် အန္တရာယ်ရှိတယ် "
ဒေါက်တာမင်မှာတာတွေကို သူခေါင်းညိတ်ရင်း သက်ပြင်းချလိုက်မိသည်။
" ... စီအီးအိုကင်နဲ့ တိုင်ပင်ပြီးပြီလား ... "
" ဟင်အင်း မတိုင်ပင်ရသေးဘူး "
" မဟုတ်မှ အခုထိ အသိမပေးရသေးတာလား "
" အင်း အလုပ်တွေကများနေတဲ့အတွက် သေချာ မပြောပြဖြစ်သေးတာပါ ဒါပေမဲ့ စိတ်မပူပါနဲ့ ... ကျွန်တော် ကိုကို့ကို ပြောပြမှာပါ ... ပြီးရင် ကိုကို့ ဆုံးဖြတ်ချက်အတိုင်း ကလေးယူရမလား .. ဒါမှမဟုတ် ခွဲစိတ်ရမလား ... သေချာတိုင်ပင်ကြည့်ပါဦးမယ် ..."
သူ့စကားကိုတော့ ဒေါက်တာမင်က လက်ခံကာ အဖျားကိုကာကွယ်တဲ့အနေနဲ့ ဆေးထိုးပေးသည်။
" ... ဂျောင်ဂုရှီကရော ... ကလေးလိုချင်လား ... ဘာဖြစ်လို့ စီအီးအိုကင်ဆန္ဒအတိုင်းပဲ လုပ်မယ်လို့ပြောနေရတာလဲ ... ဂျောင်ဂုရှီက လိုချင်ရင် သေချာ ဆွေးနွေးတိုင်ပင်သင့်ပါတယ် ... ကိုယ့်သဘောထားကိုလည်း ဖော်ပြမှ အိမ်ထောင်ရေးက balance ညီပြီး တစ်ဖက်လူ နားလည်နိုင်မှာလေ ... "
" ကျွန်တော်ကတော့ လိုချင်တယ်ဆိုတာထက် ကိုကိုနဲ့တူတဲ့ ကလေးလေးတစ်ယောက်လောက်တော့ရှိစေချင်တယ် ... ဒါမှ အသက်ကြီးလာလို့ ကျွန်တော် ကိုကို့ကို နှုတ်ဆက်ရတဲ့အခါ ကိုကိုအထီးမကျန်ရအောင်လေ "
သူ့စကားကို ဒေါက်တာမင်က သဘောကျစွာ ပြုံးရင်း ခေါင်းညိတ်သည်။
" အရင်သွားရမယ့်ပုံစံမျိုးမပြောနေပါနဲ့ ... ကျွန်တော်တို့ စီအီးအိုကင်နဲ့ဂျောင်ဂုရှီက အချိန်တွေ အကြာကြီး အတူတူရှိနေဦးမှာပါ ... ပြီးတော့... ပြနေကျ ဒေါက်တာရှိတယ်မလား ... သေချာပြန်စစ်ဆေးကြည့်ပြီး သေချာပြန်တိုင်ပင်ပါ ကျွန်တော်တို့နယ်ပယ်မဟုတ်တဲ့အတွက် ကျွန့်တော့်အကြံပြုချက်က မပြည့်စုံပါဘူး ဖြစ်နိုင်ရင် ဒီနေ့ပဲ စစ်ဆေးစေချင်ပါတယ် "
" သိပါပြီ ကိုကိုနဲ့တူတူသွားလိုက်ပါ့မယ် "
အဲ့ဒီ့နောက် ဒေါက်တာမင်က သူ့ကိုအနားယူဖို့မှာကာ အိမ်တော်ထဲကနေ ထွက်သွားတော့သည်။ တကယ်တော့ သူမသေချာပါ၊ သိပ်မကြာတဲ့အချိန်မှာ တစ်ခုခုကို ဆုံးရှုံးရတော့မယ့် ခံစားချက်တွေကို ခံစားနေရသည်။ သူဟာ သားအိမ်လိုမျိုးအရာတစ်ခုနဲ့ မွေးဖွားလာတယ်ဆိုတာ ကိုကို နားလည်ပေးနိုင်ပါ့မလား၊ ယုံကြည်ပေးနိုင်ပါ့မလား၊ လက်ခံပေးနိုင်ပါ့မလား။
အခုအချိန်ထိ အောင်အောင်မြင်မြင်ကလေးမွေးနိုင်ခဲ့တဲ့သူကို မမြင်ဖူးသေးပေမယ့် အောင်အောင်မြင်မြင် ခွဲစိတ်နိုင်တဲ့သူတွေတော့ ရှိသည်။ တောင်ကိုးရီးယားမှာဆိုရင် ပထမဆုံးအနေနဲ့ ကလေးမွေးလာတဲ့အထိ အောင်မြင်တဲ့ပထမဦးဆုံးသူက သူ့အဖေဖြစ်ခဲ့ပေမယ့် မွေးလာတဲ့ကလေးက အသက်မရှင်ခဲ့ဘူး။ ပြောရရင် သူ့အစ်ကိုပေါ့။ တီတီတို့ကလည်း အဲ့ဒါနဲ့ပတ်သက်တဲ့ သုတေသနတွေအများကြီးလုပ်နေခဲ့ပေမယ့် အကြောင်းထူးတာမျိုးတော့မကြား။ ပြောရင် သူငယ်ငယ်လေးကတည်းက တီတီက စောင့်ကြည့်နေခဲ့တာပင်။ တရားဝင်တော့ မဟုတ်ပေမယ့် သူက တီတီ့စောင့်ကြည့်မှုအောက်တွင်ရှိသည်။သူ့ကို တီတီ တရားဝင် စာရင်းမသွင်းခဲ့တာက အန္တရာယ်များတဲ့အတွက်ပင်။ သုတေသနစမ်းသပ်ချက်မှာ တရားဝင်စာရင်းသွင်းလိုက်ရင် ဓာတ်ခွဲခန်းက ကြွက်တွေနဲ့ မခြားနား။
Advertisement
- In Serial49 Chapters
Sorcery in Boston
The timid daughter of some of the greatest spellcasters ever to have lived has found herself in another world, courtesy of magic gone awry. In Boston, Massachusetts, in the year 1935, she finds some kind souls in a hard era. In the heart of the Great Depression, as war looms around the corner, she seeks to find her place, and must come to terms with both who she is and what she truly desires. Author's Notes: Release Note: I recently realized what the hold up is. My current mental state is not compatible with the planned ending. If I wrote the ending according to what currently feels right, it will be a wretched, cruel ending that feels monstrously unfair and invalidates the work of the various characters... because that's how my life feels at the moment. The planned ending is coming out hollow and awkward, no matter how I write it, and so I've been bashing my head. I will finish it, once I manage to either brute force something decent out, or once my head gets screwed on straight. Audience: This story is not for young children - it contains some profanity, sexual content, violence, gore, and significant adult themes. Most of these are handled delicately enough not to upset teens or adults (hopefully), hence the lack of relevant tags, but it is nonetheless unsuitable for youth. It's fairly slow paced, and focused on the development of very human, very flawed individuals. Length / Completion Estimates: The outline currently involves two books. Book 1 is expected to be done with Chapter 43. It'll probably be completely finished by sometime in March of this year. I expect to move on to the far-more-lighthearted Of Gods and Dungeons (currently in progress / on hiatus). Afterwards, I may decide to redo Book 1, or write Book 2, or actually start sharing the story most dear to me, that I've been working on for several years now. Draft 1: Please be aware that this is first draft material. I do intend to come back to do a second draft after the story is complete. If anyone notices any issues whatsoever with the story, please let me know (pm, etc) so that I can improve the second draft. Writer's Pledge: I've taken the Writer's Pledge, meaning I'm commiting to completing this story. I'm a proud member of WriTE, a group dedicated to finishing stories. It will be done! Behind the Scenes notes: This picture was commissioned from an inked artist by the name of DanP. Up until the time of the protagonist's arrival, history has proceeded as before. Some places and characters have been borrowed from wikipedia entries of interesting figures from the time. I will make note in the chapter comments when such things come up. Naturally, I've taken a great deal of liberty with them. In interest of respecting individuals, I've either attempted to portray them as accurately as possible, or modified them sufficiently enough that they're simply an inspiration, instead of a real portrayal. I've attempted to be as accurate to the era as possible, but I'm not a historian. If you're aware of inaccuracies, please, bring them to my attention so that I can correct them.
8 115 - In Serial10 Chapters
A Nerd's Wuxia Tales
Scheduled Chapters on Tuesdays and Saturdays, 5 AMIf we have more than 3 chapters done, we will post them on the site. These won't replace the scheduled chapters.American professional gamer, number 1 on multiple leaderboards of the most played Japanese MMORPGs, Mark stands at the peak of the gaming world when it comes to MMORPGs.One night, Mark's body is removed from the world, leaving only his soul. When Mark finds out that he has been reborn in a fantasy world. Exhilarated, he wonders about all the things he can do which other people in this world won't be able to, thanks to his knowledge and experience.Little does he know that this world is nothing like that of an MMORPG, but rather a wuxia world.Prodigy Note: 'If I remember correctly, this reminds me of those annoying Chinese novels, the genre is what, wuxia? F*CK!! Just when I thought I would become the overlord of this world!! So annoying! Why couldn't this just be a damn Japanese MMORPG?!'Will chaos descend when Mark transitions into another world? Or will he become the righteous prodigy of yet another genre!Written by DaedraKyne and Matt/Xazin
8 236 - In Serial9 Chapters
Reborn into Naruto with full Hollowfication!
Join our main character as he travels across the Narutoverse as a junior member of the Akatsuki! there will be laughs[no my comedy sucks] there will be action[i suck at writing action scenes too] but most important of all there will be an overpowered character messing with the scenes you love the most, plus im not afraid to skip the fillers and jump right into the good bits. im writing this story for fun but hopefully the maincharacter might see other animeverses in the future! cover arts not mine[i suck at drawing] chapters release every Tuesday
8 152 - In Serial87 Chapters
Her Heart Keeper ✔
《An Indian Romantic Love Story》《Under Editing 》She is not ready for this marriage but then she doesn't have a choice like always.He fell in love with her the moment he saw her and wants her as his. She is broken.He wants to heal her. She has shut everyone away from her life. He wants to break all those walls that she has built all these years.Will he be able to heal her and bring back the girl he fell in love with? Will he get successful in getting back his little bunny? Join the journey of Maya and Avinav who are bounded together by a beautiful bond of marriage.
8 121 - In Serial335 Chapters
Truthful Transmigration
Schedule: 1 Chapter each of Tuesday/Friday John Miller was a fairly normal young man, working hard to support a family that had run into many financial difficulties. Unfortunately, his unexpected death ends his difficult but mundane life. He is quite surprised to find himself waking up alive… but not himself. Fortkran Tenebach is… or was… the young master of a cultivation clan in another world. John barely even knows anything about cultivation- even in the theory of something vaguely like it- but he has to make his way with the memories of his new body. His new family isn’t as close as his old one was… but he can’t help but want to be honest with them. He is quite certain that they notice his sudden change in personality among other things, and confesses what happened in a move that ultimately he expects to be fatal. Quite surprisingly, his family instead breathes a collective sigh of relief that the old Fortkran is dead. This leaves John to take over his duties… including cultivation, though he has to start from the beginning and isn’t sure he won’t make some massive mistake.
8 244 - In Serial7 Chapters
Tails X Reader
you're a new recruit to the Sonic Group. you meet Tails and get a crush on him.
8 66

