《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၅၆] နေရောင်ဆံထိုးအလင်းတန်း|ေနေရာင္ဆံထိုးအလင္းတန္း
Advertisement
!unicode!
ကျန်းရွေ့မှာမိုးကြိုးပစ်ခံလိုက်ရသည့်နှယ် ရှုလင်ကျားကိုရူးသွပ်နေသောမျက်ဝန်းတို့ဖြင့်ကြည့်ကာခပ်ကျယ်ကျယ်ပြောလာသည်။
"မင်းဘယ်လိုသိတာလဲ။ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး! ရှုလင်ကျား၊ မင်းငါ့ကိုလာနောက်နေတာလား?!"
ရှုလင်ကျားလှောင်ပြုံးပြုံးလိုက်သည်။
"မင်းယုံလား၊ မယုံဘူးလား။"
ထိုစကားများကိုပြောပြီးသော် သူပိုစဥ်းစားလေလေ ကျန်းရွေ့ပိုနားလည်သွားလေလေပင်။
သူကသူ့ကံကြမ္မာကိုခိုးယူခဲ့မှန်း ရှုလင်ကျားထိုမျှအစောကြီးသိနေသည်မှာမဆန်း၊ သူကံကောင်းနေရင်တောင် ရှုံးနိမ့်သွားတာအံ့သြစရာမရှိပေ၊ ရှုလင်ကျားဟာလည်းသူ့ကဲ့သို့ပင် သူတို့ရှင်သန်နေထိုင်နေသည့်စာအုပ်ထဲရှိဇာတ်ကြောင်းကိုသိနေသည်။
ဒီကမ္ဘာကြီးထဲမှာအရာရာတိုင်းကိုသိနေတာမင်းတစ်ယောက်တည်းဟုတ်မနေ!
ကျန်းရွေ့အလွန်အမင်းလက်မခံနိုင်ဖြစ်မိကာ ရှုလင်ကျား၏လက်မောင်းကိုလှမ်းဆွဲရန်ရုန်းကန်လိုက်ပေမဲ့ သူထိုကဲ့သို့လှုပ်ရှားလိုက်သော် သူ့ကိုယ်ပေါ်ရှိသံကြိုးများမှာပို၍ပင်တင်းကြပ်လာသည်မှာ အရိုးထဲထိတိုင်နစ်ဝင်လုမတတ်ပင်။
လူ့တစ်ကိုယ်လုံး၏အဆီအနှစ်၊ ချီနှင့်အသွေးအသားတို့မှာမီးအိမ်ထဲသို့ခပ်မြန်မြန်စီးဆင်းသွားပြီး တမဟုတ်ချင်းပင်၊ ကျန်းရွေ့၏ဆံပင်မှာဖြူစွတ်သွားကာ သူ့ပါးပြင်နှစ်ဖက်မှာချိုင့်ဝင်သွားလေရာ သူ့အားအလန့်တကြားအော်ဟစ်သွားစေသည်။
ရှုလင်ကျားမျက်မှောင်ကြုတ်မိသည်။ သူသည်ကျန်းရွေ့ကိုနက်နက်ရှိုင်းရှိုင်းမုန်းတီးသော်လည်း ထိုကဲ့သို့မြင်ကွင်းကိုမြင်လိုက်ရချိန်တွင် သူစိတ်မပျော်မိပေ။ သူအော့အန်ချင်စိတ်အနည်းငယ်ကိုသာခံစားရသည်မို့ ရွံရှာစွာဖြင့်မတ်တပ်ထရပ်မိသည်။
သူ၏လက်ရှိအခြေအနေကိုကြည့်ရင်း ရှုလင်ကျားပြောပြသည့်ဘဝမျိုးကိုတွေးမိကာ ကျန်းရွေ့နောင်တကြီးစွာရမိသည်။
သူစိတ်ရှည်ရှည်ထားသရွေ့ သူဟာဒီမျိုးဆက်တွင်အေးချမ်းကာချောမွေ့သောဘဝတွင်နေထိုင်ရမည်ဖြစ်ပြီး တိုက်ခိုက်စရာ၊ သတ်ဖြတ်စရာမလိုတော့သကဲ့သို့ စိတ်ပူနေစရာလည်းမလိုတော့ပေ။
ကျန်းရွေ့တစ်ကိုယ်လုံးတုန်ရီနေပြီး ၎င်းမှာအမုန်းတရားလား၊ စိတ်ပျက်မှုလားမပြောနိုင်ပေ။ ရှုလင်ကျားကအနောက်လှည့်သွားရာ သူ့ဝတ်ရုံကသူ့အမြင်ထဲတွင်ဖျတ်ခနဲပေါ်လာပြီး သူကထွက်သွားဖို့ပြင်နေလေသည်။
ကျန်းရွေ့မနေနိုင်ဘဲရိုင်းစိုင်းစွာအော်ပြောမိသည်။
"ရှုလင်ကျား၊ မသွားနဲ့! ငါ့ဆီပြန်လာပြီးတော့ ရှင်းအောင်ပြောစမ်းပါ! မင်းငါ့ဘဝကိုယူသွားခဲ့တာလား။ ငါ့ဘဝကိုငါလိုချင်တယ်! ငါ့ဘဝကိုပြန်လိုချင်တယ်၊ မင်းငါ့ကိုပြန်ပေးရမယ်!"
ထိုစကားနှစ်ခွန်းကိုပြောပြီးသော် သူကူကယ်ရာမဲ့စွာတောင်းဆိုခယမိသည်။
"ငါမင်းနဲ့တိုက်ခိုက်ဖို့မထိုက်တန်မှန်းငါသိပါတယ်၊ ငါလည်းအမှားမလုပ်မိနိုင်ဘူးလား။ ရှစ်ရှုန်း၊ ငါမင်းကိုတောင်းဆိုပါတယ်၊ မင်းအတွက်မဟုတ်တဲ့ငါ့ဘဝကိုငါလိုချင်ရုံပါပဲ။ ပြီးရင် ငါမင်းရဲ့လမ်းမှာထပ်မပိတ်ဖို့ကတိပေးပါတယ်။ ရှစ်ရှုန်း၊ ငါမင်းကိုကန်တော့မယ်လေ၊ မင်းငါ့ကိုပြန်ပေးလို့ရမလားဟင်။ မင်းကမိတ်ဆွေဆက်ဆံရေးကိုအလေးအနက်မထားဘူးပဲ? မင်းကစိတ်နှလုံးသားမနွေးထွေးဘူးလား?!"
ကျန်းရွေ့ကနောင်တရနေပြီဟုပြောလာကာ သူ့အသံမှာငိုယိုနေပြီးဖြစ်ပေမဲ့ ရှုလင်ကျားသူ့ကိုလျစ်လျူရှုကာ အခန်းထဲမှမထူးခြားမခြားနားစွာဖြင့်လျှောက်ထွက်လာခဲ့သည်။
တံခါးပွင့်လာသည်နှင့် တောက်ပသောရွှေနေရောင်ကခေါင်းပေါ်ကျလာကာ သူ၏မျက်နှာပေါ်လင်းလက်စေပြီး ၎င်းမှာအနည်းငယ်မျက်စိကျိန်းလောက်စရာပင်။
ရှုလင်ကျားဝတ်ရုံလက်ဖြင့်ကာလိုက်ပြီး ကျန်းရွေ့ကိုစောင့်ကြပ်ရန်တာဝန်ကျသည့်တပည့်ဂိုဏ်းသားမှာချက်ချင်းပြေးလာကာ သူ့ကိုအပြုံးတစ်ပွင့်ဖြင့်အရိုအသေပေးလာသည်။
"ရှစ်ရှုန်း၊ ဖြည်းဖြည်းသွားပါဗျ။"
ရှုလင်ကျားခေါင်းငြိမ့်ပြလိုက်သည်။
ထိုဂိုဏ်းသားကသူသွားတာကိုကြည့်နေပြီး ကျန်းရွေ့အော်နေသေးသည်ကိုကြားလိုက်ရသော် သူအနောက်လှည့်ကာသူ့ကိုပြင်းထန်စွာကန်၍ ဆူပူလိုက်သည်။
"သူခိုးမှာအော်ဟစ်ဖို့မျက်နှာရှိနေသေးတာပဲ၊ ငါသာမင်းနေရာမှာဆိုရင်ခေါင်းတောင်မော့နိုင်မှာမဟုတ်ဘူး! မင်းမှာအသက်ရှင်ဖို့ရက်သိပ်မကျန်တော့ဘူး၊ ဒီတော့ မင်းရဲ့ခွန်အားကိုထိန်းသိမ်းပြီး ပါးစပ်ပိတ်ထားလိုက်စမ်းပါ! မဟုတ်ရင် ငါမင်းရဲ့လျှာကိုဖြတ်ပစ်မယ်!"
ရှုလင်ကျားခြံဝန်းထဲကထွက်လာပြီး သူ့ဝတ်ရုံလက်ထဲလက်ဆန့်ကာ ကျင်းဖေးထုန်ပေးခဲ့သည့်ပုတီးစေ့လက်ကောက်ကိုထိလိုက်သည်။
ဒီတစ်ခေါက်ကျန်းရွေ့ကိုသွားတွေ့ခြင်းဟာ အကျိုးသိပ်မရှိသော်လည်း အနည်းဆုံးတော့ သူတို့၏ခန့်မှန်းချက်မှန်ကန်ကြောင်းအတည်ပြုလိုက်နိုင်သည်။ ပုတီးစေ့လက်ကောက်ထဲကစ်တ်ဝိညာဥ်ကိုယ်ထည်ဘယ်ရောက်သွားတာလဲ၊ ပြီးတော့ ဒီပစ္စည်းရဲ့ဇစ်မြစ်ကဘာများလဲ။
တကယ်တော့ ကျန်းရွေ့သူ့ကိုအဖြေပေးလာရင်တောင်မှ ရှုလင်ကျားထိုလူ့ကိုအပြည့်အဝယုံကြည်လိမ့်မည်မဟုတ်။ တစ်ဖက်လူပြောသွားတာကသိပ်မတိကျသော်လည်း သူ့အပြည့်အဝမယုံကြည်နိုင်၊ သို့သော် ဒီလူဟာသူ့ဘဝ၏အတိတ်ထဲတွင်ထာဝရနစ်မွန်းနေလိမ့်မည်။
ရှုလင်ကျားပုတီးစေ့လက်ကောက်ကိုလွှတ်ပြီးလက်ပြန်ရုတ်လိုက်ရာ သူ့ခါးတွင်ချိတ်ဆွဲထားသည့်ဝေမုန့်ဓားကိုမတော်တဆထိမိသွားပြီး သူ့လက်ချောင်းထိပ်မှာပူလောင်သွားပေသည်။
ထိုအခါမှသာလျှင် ဝေမုန့်ဓား၏ဓားရိုးနှင့်ဆက်နေသည့်ဓားအိမ်တစ်ခုလုံးပူလောင်နေသည်ကို ရှုလင်ကျားသိလိုက်သည်။
သူအနည်းငယ်အံ့အားသင့်သွားကာ ဓားဆွဲထုတ်၍မေးမိသည်။
"ဝေမုန့်၊ မင်းဘာဖြစ်တာလဲ။"
ဓားကားမတုံ့ပြန်၊ အတွင်းရှိဓားဝိညာဥ်မှာလည်းထွက်မလာပေ။ ရှုလင်ကျားစိတ်ဝိညာဥ်စွမ်းအားအချို့စီးဝင်စေလိုက်ပေမဲ့ မူမမှန်တာဘာမှမတွေ့ရဘဲ ပူလောင်နေသည့်အရှိန်မှာဖြည်းဖြည်းချင်းပျောက်ကွယ်သွားကာ အရာအားလုံးဟာပုံမှန်ပြန်ဖြစ်သွားသည်။
သူသိချင်စိတ်ဖြစ်နေမိပြီး ထပ်မေးရန်ပြင်လိုက်ချိန်တွင် တစ်စုံတစ်ယောက်ကလျှောက်လာကာသူ့ကိုနှုတ်ဆက်သည်။
"ရှုသခင်လေး။"
ရှုလင်ကျားလှည့်ကြည့်လိုက်ရာ မတွေ့ရတာရက်အနည်းငယ်ကြာပြီဖြစ်သည့် မင်ရှောင်းဖြစ်နေကြောင်းမြင်လိုက်ရသည်။
သူတို့ချင်းချိုးတွင်နှုတ်ဆက်စကားဆိုပြီးနောက် မင်ရှောင်းဟာရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတို့ကြောင့် မုန့်ရှန်နှင့်အတူရှင်းဇုန်ကိုလိုက်သွားခဲ့သည့်အရင်တစ်ကြိမ်ကတည်းက သူတို့အချင်းချင်းထပ်မတွေ့ဖြစ်ကြတော့ပေ။
ဤတစ်ကြိမ်တွင် မင်ရှောင်းဟာလည်းနန်ဇီတောင်ထွတ်ကိုရောက်လာပေမဲ့ ဓားရေးအရာတွင်စိတ်ဝင်စားခြင်းမရှိကြောင်းရှုလင်ကျားသိထားသည်။ သူဟာပြိုင်ပွဲတွင်ဝင်မပြိုင်သကဲ့သို့ အခြားတို့၏ပြိုင်ပွဲကိုလည်းလာကြည့်ခဲသည်။ ထို့ကြောင့် ဤတောင်ထွတ်ပေါ်တွင်ရှုလင်ကျားသူ့ကိုမတွေ့မိပေ။
သူသည်ဓားကိုယာယီသိမ်းကာ မင်ရှောင်းကိုခေါင်းငြိမ့်ပြ၍ပြောလိုက်၏။
"မင်းချီဇုန်မှာတစ်ယောက်ယောက်ကိုလာရှာတာလား။"
မင်ရှောင်းကပြုံးကာဆိုသည်။
"မဟုတ်ပါဘူး၊ ကျွန်တော်ချီဇုန်ကဘယ်သူ့ကိုမှမသိဘူးလေ။ ရှင်းဇုန်ကလူတွေကမနက်ဖြန်ဆိုဒီကထွက်သွားကြတော့မှာ။ ဒီနေရာကမြင်ကွင်းကအရမ်းလှတယ်ဆိုလို့ ကျန်းကွမ်နောက်လိုက်ပြီးလာကြည့်တာ၊ အဲ့ဒါနဲ့ဟိုဟိုဒီဒီလျှောက်ပတ်ကြည့်နေတာပဲ။ မဟုတ်ရင် မနက်ဖြန်ပြန်သွားလို့ရှိရင် ကျွန်တော့်မှာအခွင့်အရေးမရှိတော့ဘူးလေ။"
ရှုလင်ကျား"အို"ဟုဆိုမိကာ မင်ရှောင်းကပြောလာပြန်သည်။
"ခင်ဗျားဒီတစ်ခေါက်အနိုင်ရသွားတဲ့အတွက်ကိုကျွန်တော်ဂုဏ်မပြုရသေးဘူး၊ တကယ်အံ့သြစရာကောင်းတာပဲဗျာ။ ခင်ဗျားဒဏ်ရာရထားပေမဲ့ပြိုင်ပွဲဝင်ပြိုင်မယ်လို့ကြားလိုက်ရတော့ ကျွန်တော်စိတ်ပူသွားရသေးတယ်၊ ဒါပေမဲ့ အခုကြည့်ရတာတော့....အဆင်ပြေသွားပြီလား။"
ရှုလင်ကျားပြောလိုက်သည်။
"ကံကောင်းချင်တော့ ဒဏ်ရာကအပြည့်အဝပြန်မကောင်းသေးပေမဲ့ သက်ရောက်မှုတော့သိပ်မရှိတော့ဘူး။"
မင်ရှောင်းကပြုံးကာပြောလာသည်။
"သိပ်ကောင်းတယ်။ ကျန်းရွေ့ကခင်ဗျားကိုထိခိုက်အောင်လုပ်ဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့ သူပဲပြန်ခံလိုက်ရတယ်။ နောက်ဆက်တွဲအကျိုးဆက်တွေဆိုးဝါးလို့ရှိရင် မြင်မကောင်းတဲ့လက်စားချေမှုအဖြစ်သတ်မှတ်လိုက်လို့ရတယ်လေ။"
ရှုလင်ကျားသိချင်စိတ်ဖြင့်မေးမိသည်။
"ရှင်းဇုန်တောင်ဒီအကြောင်းသိတယ်လား။"
ထိုအချိန်တုန်းကကျန်းရွေ့ဟာချီဇုန်ဂိုဏ်းသားများရှေ့တွင်သူ၏ဆိုးဝါးသောလုပ်ရပ်များကိုဝန်ခံခဲ့လျှင်ပင် ယင်းကားချီဇုန်နှင့်သက်ဆိုင်သည့်ကိစ္စဖြစ်နေသေးပေရာ ဒီအကြောင်းကိုဘယ်သူမှထုတ်မပြောရဲသင့်ဘူးမလား။
မင်ရှောင်းပင်ထိုအကြောင်းကြားသွားခဲ့သည်။ ယင်းကားကိစ္စကြီးမဟုတ်၊ ဂုဏ်ကျက်သရေရှိသောအရာမဟုတ်။ ရှုလင်ကျားအပြင်လူတွေကိုထိုအကြောင်းတကယ်မသိစေချင်ပေ။
သူ့အပြောကိုမင်ရှောင်းကြားလိုက်ရသော် သူလည်းပဲကြောင်အမ်းသွားကာ ထူးဆန်းစွာပြောလာသည်။
"ကျန်းရွေ့ကလင်းတောက်ကျန်းနဲ့ ကျန်းအကြီးအကဲကိုသတ်ပြီးတော့ ခင်ဗျားကိုအပြစ်ပုံချချင်တာကို လူအများကြီးမြင်ခဲ့ကြတယ်မဟုတ်ဘူးလား။ ကျွန်တော်အပြင်ကိုလမ်းလျှောက်ထွက်လာတော့ တစ်ယောက်ယောက်ပြောတာကြားလိုက်ရတာပဲ။"
---ယင်းကားသူပြောသည့်အရာပင်။
ရှုလင်ကျား"အို"ခနဲအသံပြုကာပြောလိုက်သည်။
"ဟုတ်တယ်၊ သိပ်မကြာသေးခင်ကကိစ္စတွေအများကြီးဖြစ်သွားတယ်။ ငါမင်းဆီကကြားလိုက်ရတော့ နည်းနည်းဇဝေဇဝါဖြစ်သွားတာ။ သူအခုအပြစ်ပေးခံနေရပြီ၊ ကောင်းတာက အနာဂတ်မှာသူများတွေကိုထိခိုက်အောင်လုပ်ဖို့ထွက်လာနိုင်မှာမဟုတ်ဘူး။"
မင်ရှောင်းကလည်းပြုံးကာ သဘောတူသည့်အနေဖြင့်ပြောလာသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့ဒါပဲ။ သူအနာဂတ်မှာမကောင်းတဲ့လုပ်ရပ်တွေလုပ်ဖို့အပြင်ထွက်လာမှာမဟုတ်ဘူးဆိုတော့ကျွန်တော်စိတ်ချလို့ရပြီ။"
နေရောင်ကားအလွန်စူးရှတောက်ပနေသောကြောင့်ဖြစ်လောက်မည်၊ သူ့မျက်နှာထက်ရှိအပြုံးကိုရှုလင်ကျားမြင်လိုက်ရသည့်အခိုက်အတန့်တွင် အနည်းငယ်ထူးဆန်းသည်ဟုခံစားလိုက်ရသည်။
ထိုအပြုံးဟာရုပ်တုပေါ်တွင်ဆေးခြယ်ထားသည့်အလား အသက်မဲ့ကာဖြူဖျော့နေသည်ဟုခံစားမိလိုက်သည်။
ရှုလင်ကျားမျက်တောင်ခတ်ကာ အနီးကပ်ကြည့်ဖို့ပြင်လိုက်ချိန်တွင် မင်ရှောင်း၏အပြုံးကရပ်တန့်သွားပြီဖြစ်သည်။ ထိုကဲ့သို့ကြည့်နေရင်း သူကားတော်တော်လေးပုံမှန်ဖြစ်ပုံပေါ်လေရာ ထူးဆန်းသောခံစားချက်မှာချက်ချင်းဆိုသလိုပျောက်ပြယ်သွားသည်။
မင်ရှောင်းကဆိုသည်။
"ရှုသခင်လေး၊ အဆင်ပြေရဲ့လား။ ခင်ဗျားဇဝေဇဝါဖြစ်နေသေးတယ်လို့ကျွန်တော်ခံစားမိနေတယ်။"
သူကရှုလင်ကျားကိုစိုးရိမ်တကြီးကြည့်ကာပြောလာသည်။
"ခင်ဗျားဒီတစ်ခေါက်အရမ်းပင်ပန်းသွားတာလား။ ခင်ဗျားမြန်မြန်ပြန်သွားနားလိုက်ပါလား။"
ရှုလင်ကျား"ဟုတ်ပြီ"ဟုပြောကာသူ့ကိုခေါင်းငြိမ့်ပြလိုက်ပြီး နှစ်ဦးသားဟာသူတို့ကိုယ်သူတို့ဂရုစိုက်ရန်ယဥ်ကျေးသောစကားအနည်းငယ်ပြောပြီးနောက် ဆန့်ကျင်ဘက်လားရာထံလှည့်ထွက်သွားကြသည်။
ရှုလင်ကျားကမင်ရှောင်းလာသည့်နေရာကိုသွားနေခြင်းပင်။ သူကအရှေ့ကိုခြေလှမ်းအနည်းငယ်လျှောက်သွားကာ ခြုံပုတ်အနီးကသွားလိုက်ပြီးနောက် ထောင့်ချိုးရန်ပြင်လိုက်ချိန်တွင် တစ်ခုခုမှားနေသည်ဟုရုတ်ခြည်းခံစားမိကာ ရပ်လိုက်မိသည်။
ရှုလင်ကျားသည်သူ၏ညာဘက်လားရာကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းအနောက်လှည့်ကာ မင်ရှောင်းထွက်သွားသည့်လားရာကိုကြည့်လိုက်မိသည်။
ထိုနေရာတွင်မည်သူမျှရှိမနေပေမဲ့ ရှုလင်ကျား၏မျက်ဝန်းတစ်စုံမှာအတွေးတစ်ခုဖျတ်ခနဲလက်သွားသည်။
သူထိုနေရာမှထွက်လာပြီး သူလက်ရှိနေနေသည့်နေရာထံလျှောက်သွားကာ ပုံမှန်အပူချိန်ပြန်ရောက်သွားပြီဖြစ်သည့်ဝေမုန့်၏ဓားအိမ်ကိုခေါက်ကာမေးလိုက်သည်။
"ဝေ့၊ မင်းဘယ်လိုနေလဲ။"
ဒီတစ်ခေါက်တွင်သူတုံ့ပြန်သံရလာပြီး တစ်အောင့်ကြာသော် သွမ့်စဲ့ကအနည်းငယ်မှောင်မိုက်နေသောမျက်နှာထားဖြင့်ဓားထဲမှထွက်ကာပြောလာသည်။
"အဆင်ပြေတယ်၊ အဆင်ပြေပါတယ်။"
ရှုလင်ကျားပြောလိုက်သည်။
"ငါ့ကိုဒီလိုပျင်းစရာစကားလုံးတွေနဲ့မလှိမ့်တပတ်လုပ်မနေနဲ့၊ မင်းခုနကဘာလို့ပူနေတာလဲ။"
သွမ့်စဲ့ကသူ့ကိုမဖြေဘဲ စိတ်ဗလာနတ္ထိဖြင့်ပြောလာသည်။
"ကျန်းရွေ့ရဲ့နဂိုကံကြမ္မာအကြောင်း မင်းပြောတာကိုငါကြားလိုက်တယ်၊ သူ့လိုမျိုးလူဆိုးတစ်ယောက်ကအဲ့လိုကောင်းမွန်တဲ့ကံကြမ္မာမျိုးနဲ့ထိုက်တန်တယ်လို့မင်းဘယ်လိုလုပ်ပြီးပြောနိုင်တာလဲ။ သူသာသူ့ကိုယ်သူမသတ်ခဲ့လို့ရှိရင် သူ့မှာကောင်းမွန်တဲ့ဘဝရှိနေလောက်ပြီ။"
ရှုလင်ကျားပြောလိုက်သည်။
"မင်းပြောတဲ့ဥပမာနဲ့အခြေအနေကမရှိဘူး။"
သွမ့်စဲ့မျက်စိအသာမှိတ်ကာခေါင်းမော့လိုက်သည်။ သူ့မျက်နှာကခေါင်းထက်ရှိနေရောင်ခြည်ကိုခံစားလျက်ရှိပြီး ဖြည်းညှင်းစွာဆိုလာသည်။
"ငါခုနကကျန်းရွေ့ရဲ့ရူးသွပ်တဲ့အကြည့်ကိုမြင်လိုက်ရတယ်။ ရုတ်တရက်...အင်း၊ ရုတ်တရက်ကြီး ငါသွမ့်ဟောင်ရန်ကိုတွေးမိသွားတယ်။"
သူပြောလို့ပြီးသွားသော် တစ်အောင့်ကြာနှုတ်ဆက်နေမိသည်။ သူကဆက်ပြောသည်။
"သူတို့ဘာလို့ဒီလောက်လောဘကြီးနေကြတာလဲ။ သူတို့ရဲ့လောဘကသူတို့ရဲ့ဘဝကိုမပျက်စီးစေခဲ့ပေမဲ့ သူများတွေရဲ့ဘဝကိုပျက်စီးစေခဲ့တယ်လေ။ ရှုလင်ကျား၊ မင်းဒီအဖြစ်မှန်တွေကိုသိလိုက်ရတုန်းက မင်းမမုန်းမိဘူးလား။"
ကျန်းရွေ့ကသူ့ကိုထိခိုက်စေခြင်းနှင့် သွမ့်ဟောင်ရန်ကသွမ့်စဲ့ကိုထိခိုက်အောင်လုပ်ခဲ့ခြင်းဟာ လုံးဝမတူညီသောကိစ္စနှစ်ခုဟုရှုလင်ကျားခံစားရသည်။ ကျန်းရွေ့ကားလုံးဝကိုတစ်ကိုယ်ကောင်းဆန်ကာလောဘကြီးပေမဲ့ သွမ့်ဟောင်ရန်ကတော့ဖြင့် သူ့နှလုံးသားတဖြည်းဖြည်းချင်းတွန့်ရှုံ့သွားပြီးနောက်တွင် ရူးသွပ်သောအမူအကျင့်များပြုလုပ်လာကာ နောက်ဆုံးတွင်အဖေနှင့်သားအားအပြန်အလှန်ပျက်စီးစေခဲ့သည်။
သူအတိတ်ကရုန်းထွက်နိုင်ပါစေဟုမျှော်လင့်မိသည်၊ သူ့မှာဟယ်ဇီကျိုးနှင့်ထိုကဲ့သို့သောနေ့ရက်ရှိလာမည်မဟုတ်။
ရှုလင်ကျားကသွမ့်စဲ့ကိုအမှန်မပြင်ပေးဘဲ အချိန်အတော်ကြာမှပြောမိသည်။
"ဒီကမ္ဘာပေါ်ကကိစ္စအများကြီးဟာအမှားနဲ့အမှန်မျှမျှတတရှိသင့်တယ်လို့ ငါအစကတွေးခဲ့မိတာ၊ ဒါပေမဲ့နောက်ပိုင်းကျတော့ တကယ်တမ်းကိစ္စတွေအများကြီးကမျှတမှုမရှိဘဲ လုံးဝကျိုးကြောင်းမဆီလျော်တာမဟုတ်မှန်းငါသိလိုက်ရတယ်လေ။ အဆုံးမှာတော့ နောင်တတစ်ခုဘဲရှိနိုင်တယ်။"
သူသက်ပြင်းချမိသည်။
"ဒီအရာတွေထဲမှာနစ်မွန်းမခံနဲ့၊ အပေးအယူလုပ်ပြီးမေ့ပစ်ဖို့သင်ယူကြတာပေါ့။"
သွမ့်စဲ့ကရှုလင်ကျားကိုနက်နဲသောအကြည့်တစ်ချက်ပေးကာဘာမှမဆိုဘဲ ဓားအိမ်ထဲပြန်ဝင်သွားသည်။
ညလယ်ခေါင်၌ နန်ဇီတောင်ထွတ်ပေါ်တွင် နံရံကားမိုင်ထောင်ပေါင်းများစွာကြီးမားထောင်မတ်ကာ တောက်ပသောလမင်းကခပ်မြင့်မြင့်တွင်ထိန်ထိန်သာလျက်ရှိသည်။
ရှုလင်ကျားသည်ယခင်အစီအစဥ်အရ အမွေဆက်ဆံရန်ပြင်ဆင်ထားခဲ့ပြီး အခုမှသာလျှင် ဤတောင်ထွတ်လျို့ဝှက်ဂူကိုပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
လေပြင်းတစ်ချက်ဝှေ့တိုက်သွားပြီး နှင်းပွင့်ချပ်များကလွင့်မျောလျက်ရှိသည်။ တောင်တန်းများကြားတွင် ဤတောင်ထွတ်တစ်ခုတည်းဟာဂုဏ်ယူဝံ့ကြွားစွာနှင့်အမှီအခိုကင်းမဲ့စွာဖြင့် ကောင်းကင်ပေါ်ထိလုမတတ် မားမားမတ်မတ်ထောင်မတ်လျက်ရှိပြီး လရောင်ကဖြာကျနေပေမဲ့ တောင်ထွတ်ထိပ်ကိုသာအလင်းပေးနိုင်ပြီး ဘေးဘက်ပေါင်းစုံမှာချောက်နက်ပမာမှောင်မိုက်ကာနက်ရှိုင်းနေပေသည်။
ထို့အပြင် ဤလျို့ဝှက်ဂူ၏ဝင်ပေါက်မှာမြူခိုးဖြူတို့ကြောင့်လေပွေငယ်တစ်ခုဖြစ်တည်လျက်ရှိသည်။ လေပြင်းတိုက်ခတ်မှုများကြားတွင် လေအေးကအရိုးထဲထိကျူးကျော်လာပြီး ၎င်းထဲမှပတ်ဝန်းကျင်ထံဖြည်းဖြည်းချင်းစီးဆင်းသွားသည်။
"ရှုသခင်လေး၊ ဒီနေရာပါ။ ဒီလေပွေငယ်နောက်လိုက်သွားပြီးတော့ လျို့ဝှက်ဂူထဲမှာဆန္ဒရှိသလိုရှာဖွေလို့ရပါတယ်။ ဘိုးဘေးတွေရဲ့အသိစိတ်ကိုအာရုံခံမိဖို့နဲ့ ရတနာရှာတွေ့ဖို့က ကံတရားအပေါ်မူတည်နေတာမို့ ကျေးဇူးပြုပြီးဂရုစိုက်ပါဗျ။"
နန်ဇီတောင်ထွတ်၏တပည့်ဂိုဏ်းသားကရှုလင်ကျားကိုတောင်ထွတ်ထိပ်ထံခေါ်လာကာ သူ့ကိုအရိုအသေပေး၍ဆိုသည်။
"ကျွန်တော်ကျန်တဲ့လမ်းကိုလိုက်ပို့ပေးဖို့အဆင်မပြေဘူး။ အစ်ကို့ဘာသာအစ်ကိုဝင်ရလိမ့်မယ်။"
ရှုလင်ကျားသူ့ကိုကျေးဇူးတင်ကာ လက်ဆောင်ပြန်ပေးလိုက်ပြီး လေပွေငယ်ကိုဖြတ်ကျော်ကာလျို့ဝှက်ဂူထဲဝင်သွားလိုက်သည်။
နန်ဇီတောင်ထွတ်ကားနွေရာသီတွင်အမြဲတစေနှင်းကျလေ့ရှိသည်မို့ အပြင်မှာလေပြင်းနှင့်နှင်းတို့ခက်ထန်စွာတိုက်ခတ်ကျဆင်းနေသော်လည်း အပူအနည်းငယ်တော့ရှိစမြဲပင်။
လရောင်သည်လည်းပျောက်ကွယ်သွား၏။ အစကတော့ ရှုလင်ကျားသူ့ရှေ့ရှိကျောက်ဖြူခြေနင်းတုံးအတန်းလိုက်ကိုမြင်နိုင်သေးသည်။ ၎င်းပေါ်နင်းချလိုက်ပြီးနောက် ၎င်းတို့ဟာတစ်ခုနှင့်တစ်ခုထပ်လျက်ဖြစ်နေပုံမှာ အဆုံးမရှိသည့်အလားခံစားလိုက်ရသည်။
သို့သော် ဤကဲ့သို့အလွန်အမင်းတိတ်ဆိတ်ကာမှောင်မိုက်သောအခြေအနေအောက်တွင်ပင် ဓားတို့၏ခပ်ဖျော့ဖျော့အသံဟာနေရာလွတ်ကိုဖြတ်၍အဆက်မပြတ်ပဲ့တင်သံထပ်နေသည်ကိုသူကြားနိုင်သည်။
ရှုလင်ကျားခြေလှမ်းအနည်းငယ်ထက်ပို၍ရှေ့တိုးလိုက်ပြီး ခြေနင်းတုံးများမှာပျောက်သွားပုံပေါ်ကာ သူဟာစင်မြင့်ပေါ်တွင်မတ်တပ်ရပ်နေပုံပေါက်သည်ဟုခံစားလိုက်ရသည်။
လားရာကိုခွဲခြားဖို့ရာခဲယဥ်းသောကြောင့် ရှုလင်ကျားရပ်ကာ ဟိုဘက်ဒီဘက်ဝေ့ဝဲကြည့်မိသည်။
ထိုစဥ်၊ အခြားနေရာမှထွက်လာသည့်အသံတစ်သံကိုသူကြားလိုက်ရသည်။
"ရှောင်ကျား?"
တောင်ထွတ်နံရံ၏လေးလံသောဆင်ခြေလျှောကြောင့် အသံကားတစ်မျိုးတစ်ဖုံဝေဝါးကာပျက်ယွင်းနေသယောင်။ ၎င်းမှာနီးသလိုလိုဝေးသလိုလိုဖြင့် ၎င်းမှာညလယ်ခေါင်ရှိအိပ်မက်ထဲကဗလုံးဗထွေးသံပမာ၊ အတိတ်နှင့်ပစ္စုပ္ပန်၏တီးတိုးဆိုသံများပမာ။
သို့သော်ထိုသို့ပင်လျှင် ၎င်းမှာကျင်းဖေးထုန်ဖြစ်ကြောင်း ရှုလင်ကျားချက်ချင်းသိသွားသည်။
သူ့နှလုံးသားမသိမသာလှုပ်ခတ်သွားသည်။
ဤလောကကြီးထဲတွင် သူ၏တပည့်နှင့်ညီအစ်ကိုတို့နှင့်အချိုးညီသောမိတ်ဆွေများရှိသည်။ သူနှင့်သိပ်မရင်းနှီးသောအခြားမိတ်ဆွေများမှာသူ့ကို"ရှုသခင်လေး"နှင့်"ရှုတောက်ယို"ဟုခေါ်ကြပြီး ရင်းနှီးသောသူများကတော့ဖြင့်"လင်ကျား"ဟုခေါ်ကြပေမဲ့ ကျင်းဖေးထုန်တစ်ယောက်သာလျှင်"ရှောင်ကျား"ဟုခေါ်ပုံရသည်။
သူသည်စင်မြင့်ပေါ်တွင်ကျန်းရွေ့ကြောင့်ဒဏ်ရာရသွားတုန်းက လူအုပ်ထဲရှိကျင်းဖေးထုန်၏အသံဟာသူ့ကိုထိုသို့ခေါ်လိုက်ပုံပေါ်သည်ကိုသူဝိုးတိုးဝါးဝါးကြားခဲ့ရပေမဲ့ ထိုအချိန်တုန်းကမြင်ကွင်းမှာဖရိုဖရဲဖြစ်နေပေရာ သူရှင်းလင်းပီသစွာမကြားနိုင်ခဲ့ပေ။ အဆုံးတွင် ရှုလင်ကျား၎င်းကိုမေ့သွားခဲ့သည်။
ဤအချိန်တွင် ပတ်ဝန်းကျင်တစ်ခွင်လုံးတိတ်ဆိတ်နေသည့်တိုင် ထိုကဲ့သို့ခေါ်သံကိုကြားလိုက်ရသော် ၎င်းမှာရှင်းလင်းကာအဆုံးမဲ့သောနူးညံ့ညင်သာမှုပမာ လူကိုနွေးထွေးသွားစေပြီး နီးကပ်မှုနှင့်လွမ်းဆွတ်သောခံစားချက်တစ်မျိုးကအလိုအလျောက်ထွက်ပေါ်လာသည်။
ရှုလင်ကျားတန့်သွားကာ တမင်ပြန်မဖြေမိပေ။
တစ်အောင့်ကြာသော် သူ့ပတ်လည်ရှိလေထုတင်းကြပ်သွားသည်ကိုခံစားလိုက်ရကာ တစ်စုံတစ်ယောက်ကတိတ်တိတ်လေးဝင်လာသယောင် ၊ ဒီတစ်ခေါက်တွင်ကျင်းဖေးထုန်၏အသံကပိုမိုနီးကပ်လာသည်။
ဒီတစ်ကြိမ်တွင် သူကရှင်းလင်းပီသစွာပြောလာသည်။
"ရှုရှစ်တိ၊ မင်းလား။"
ထိုအခေါ်ကိုကြားလိုက်ရပြီးနောက် ရှုလင်ကျားအနည်းငယ်စိတ်ပျက်သွားသယောင်ခံစားလိုက်ရကာ ဟမ့်ခနဲပြုမိသည်။
ချက်ချင်းပင်၊ ရတနာအလင်းရောင်ဖျတ်ခနဲပေါ်လာကာ မျက်လုံးမှာရုတ်ခြည်းလင်းထိန်သွားသည်။
ကျင်းဖေးထုန်ကဝတ်ရုံဖြူဝတ်ထားကာ လက်ထဲတွင်ညပုလဲတစ်လုံးကိုင်ထားပြီး မကြာမီတွင်ရှုလင်ကျားထံလျှောက်လာကာသူ့ကိုပြုံးပြလာသည်။
သူ့လက်ထဲရှိအလင်းရောင်ကြောင့် ရှုလင်ကျားရှင်းလင်းစွာမြင်နိုင်သည်။ သူတို့ဟာကျောက်စိမ်းဖြင့်ထွင်းထုထားသည့်ကြီးမားသောအတင်းအဖျင်းနတ်ဘုရားရုပ်ပုံပေါ်တွင်မတ်တပ်ရပ်နေခြင်းဖြစ်ကာ ၎င်းမှာတောက်ပသောဟင်းလင်းပြင်ပမာ။
ရှုလင်ကျားသည်ကျင်းဖေးထုန်၏နက်နဲသောသွင်ပြင်ကိုနေသားကျနေပြီပင်။ တစ်ဖက်လူတွင်ထူးခြားသောကွန်ဖူးသိုင်းပညာရှိပုံရသည်။ သူသည်အချိန်မရွေးနေရာမရွေး ပုန်းကွယ်ကာနေရာကူးပြောင်းနိုင်သည်။ သူဆန္ဒမရှိသရွေ့ မည်သူကမျှရှာဖွေနိုင်စွမ်းရှိမည်မဟုတ်။
သူသာလုပ်ကြံသတ်ဖြတ်ချင်လို့ရှိရင် ကောင်းမွန်သောကိစ္စတစ်ခုဖြစ်လိမ့်မည်။
ရှုလင်ကျားကသူ့ကိုတွေ့သွားချိန်တွင်စကားသိပ်မပြောသည်ကိုကျင်းဖေးထုန်မြင်လိုက်ရသော် သူ့ရင်ထဲတွင်အနည်းငယ်အဆင်မပြေဖြစ်သွားခဲ့သည်။ သူသည်တစ်ဖက်လူ၏စိတ်ခံစားချက်များကိုအာရုံခံရာတွင်အလွန်တိကျသေချာပေရာ ရှုလင်ကျားပျော်နေပုံမပေါ်သည်ကိုသဘာဝအလျောက်ခံစားမိလိုက်ပေမဲ့ ထိုအကြောင်းတွေးပြီးနောက်မှာ သူ့ကိုလည်းရန်စမိပုံမပေါ်ပါပေ။
မြေခွေးလေးကခံစားချက်ကိုထုတ်ပြသင့်တယ်မလား။
ကျင်းဖေးထုန်တစ်ခုခုရှာပြောလိုက်သည်။
"အရင်တစ်ခေါက်ဒီလျို့ဝှက်ဂူပွင့်လာတုန်းက ဝင်ပေါက်ကအနောက်တောင်အရပ်မှာလေ၊ ကိုယ်ဝင်သွားတော့ရေတွေကြီးပဲ။ ဒီတစ်ခေါက်တော့အရှေ့အရပ်ကိုပြောင်းသွားတာပဲ၊ ကိုယ်အရင်တစ်ခေါက်ကဒီကိုဝင်လာတုန်းကသွားခဲ့တဲ့နေရာပေါ့။ ကိုယ်အရင်ကမမြင်ဖူးပေမဲ့တကယ်အံ့သြစရာကောင်းတယ်။"
ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော်ကြားဖူးတယ်။ လူအိုကြီးခန်းမင်ကဒီလျို့ဝှက်ဂူထဲမှာတက်လှမ်းသွားတာမို့ ဒီလျို့ဝှက်ဂူထဲမှာနက်နဲသိမ်မွေ့တဲ့ကောင်းကင်ဘုံကိုးလွှာကိုရောက်ရှိနိုင်တယ်ဆိုတဲ့ကောလဟာလတွေရှိတယ်။ အဲ့ဒီ့မှာရတနာမျိုးစုံလည်းရှိနေတာမို့ လူတွေကိုတပ်မက်သွားစေတယ်။"
ရှုလင်ကျားထိုသို့ပြောရင်းဖြင့် ကျင်းဖေးထုန်ကိုတစ်ချက်စိုက်ကြည့်ကာထပ်ပေါင်းပြောလိုက်သည်။
"အကျင့်မကောင်းတဲ့သူခိုးတွေခိုးဝင်လာတာကနေကာကွယ်ဖို့ လျို့ဝှက်ဂူရဲ့တည်နေရာနဲ့ ဘယ်မှာပွင့်လဲဆိုတာကအချိန်တိုင်းပြောင်းလဲနေလိမ့်မယ်။"
သူ့ကိုစောင်းပြောနေမှန်း ကျင်းဖေးထုန်သိသည်မို့ သူမနေနိုင်ဘဲရယ်မောကာပြောမိသည်။
"အဲ့လိုလား။"
ရှုလင်ကျားပြောလိုက်သည်။
"အဲ့တော့ ခင်ဗျားအထဲကိုထပ်ဝင်နိုင်မဝင်နိုင်က လူတိုင်းရဲ့အရည်အချင်းပေါ်မူတည်နေတယ်လေ။"
ကျင်းဖေးထုန်ကဆိုသည်။
"အခြားဘယ်နေရာမှာမှလမ်းမရှိဘူး။ ထူးခြားဆန်းကြယ်မှုကအတင်းအဖျင်းနတ်ဘုရားရုပ်ပုံထိပ်မှာလို့ထင်တယ်။ ဂရုစိုက်။"
ရှုလင်ကျားခေါင်းငြိမ့်ပြလိုက်ပြီး ကျင်းဖေးထုန်ကအသက်ရှုနှုန်းကိုအာရုံစိုက်ကာ လက်ဝါးဖြင့်မြေပြင်ပေါ်ရိုက်ချလိုက်သည်။
သူ့လက်ဝါး၏လေပြင်းကြောင့် အတင်းအဖျင်းနတ်ဘုရားရုပ်ပုံတစ်ခုလုံးမှာသူတို့နှစ်ဦးနှင့်အတူ တစ်ပတ်လည်စပြုလာသည်။
ချန်၊ ခန်၊ ကန့်၊ ကျန့်၊ ရွှင်း၊ လီ၊ ခွင်းနှင့်သွေ့ပါ့ဖန်ဆဌဂံစသည့် မတူညီသောဆဌဂံများမှာအလှည့်ကျမြင့်တက်သွားသည်။ ထို့နောက် ဦးခေါင်းထိပ်မှတောက်ပသောအလင်းရောင်စောင်းကျလာကာ မှောင်မိုက်သောဟင်းလင်းပြင်တစ်ခုလုံးမှာနေ့အချိန်ပမာလင်းထိန်သွားသည်။
အလင်းနှင့်အမှောင်ရောယှက်သွားသည့်အခိုက်အတန့်တွင် လူတို့၏တုံ့ပြန်မှုမှာရုပ်အပျက်ဆုံးဖြစ်ကာ ငွေရောင်အလင်းတန်းကမိုးပမာရုတ်ခြည်းရွာသွန်းလာသည်။
ဤတိုက်ခိုက်မှုကားရုတ်တရက်ဆန်သော်လည်း ကျင်းဖေးထုန်နှင့်ရှုလင်ကျားဟာရင်ထဲတွင်သတိချပ်နေပြီးသားဖြစ်သည်။ ယင်းကိုမြင်လိုက်ရရာ သူတို့တစ်ပြိုင်နက်တည်းပျံလွှားကာ ဘယ်ဘက်မှညာဘက်သို့ခုန်ထွက်လိုက်သည်။
ရှုလင်ကျား၏လက်မှာဓားရိုးပေါ်တွင်ရှိနေပေမဲ့ သူ၏မျက်လုံးထောင့်မှတစ်ဆင့် ကျင်းဖေးထုန်ကဝတ်ရုံလက်ကိုတင့်တယ်၊ ခက်ထန်စွာဖြင့်ဝှေ့ရမ်းလိုက်သည်ကိုသူမြင်လိုက်ရပြီး လေပြင်းတစ်ချက်ဝေ့တိုက်လာကာ သူ့ဘက်ရောက်နေသည့်ငွေရောင်အလင်းတန်းတို့ကိုဖယ်ရှားပစ်လိုက်ပြီး ချက်ချင်းပင်အနိုင်ယူလိုစိတ်ထွက်ပေါ်လာသည်။
ခင်ဗျားကလက်နက်မလိုမှတော့ ကျွန်တော်လည်းမလိုဘူးဟု ရှုလင်ကျားရင်ထဲတွင်ပြောမိသည်။ သူကထိုနေရာကိုညာဘက်လက်ဖြင့်ညွှန်လိုက်ရာ ဓားအလင်းတန်းထွက်ကျလာသည်။ သူ့ပတ်လည်ရှိငွေရောင်အလင်းမှာအမှုန့်ဖြစ်သွားပြီး လေထဲတွင်ဝေ့ဝဲကျလာပုံမှာလှပလျက်ရှိသည်။
သူတို့သည်တိုက်ခိုက်ချက်ကိုပြန်လည်ချေမှုန်းနေစဥ်တွင် သူတို့၏ခန္ဓာကိုယ်မှာမကျသွားဘဲ သူတို့ကအလင်းရောင်ရှိရာဘက်တွင်ခုန်ကာ မျက်စိတစ်မှိတ်အတွင်း၌ နေရာလွတ်၏နောက်တစ်လွှာထဲခုန်ဆင်းလိုက်သည်။
သို့သော် သက်မချလို့ရပြီဟုမဆိုလိုပေ။
ရှုလင်ကျားမြေပြင်ပေါ်ခြေမချရသေးခင် တစ်ခုခုမှားနေမှန်းအာရုံခံမိသွားသည်။
ပတ်ပတ်လည်တွင်တိတ်ဆိတ်ကာလူမရှိသော်လည်း လေဝှေ့ယမ်းနေသည့်ပုံစံဟာသူတို့အတွက်အန္တရာယ်ရှိသည့်လက္ခဏာဖြစ်သည်။
နောက်တစ်ခဏတွင် ဓားဖျားတစ်လက်ထွက်လာသည်။
ရှုလင်ကျားဘေးကိုဖျတ်ခနဲရှောင်လိုက်ရပြီး ဓားရှည်မှာသူ့နှာခေါင်းထိပ်ကိုပွတိဆွဲသွားလုနီးပါးပင်။ တိုက်ခိုက်လာသည့်တစ်ဖက်လူကိုမမြင်ရသေးမီ ဓားနှစ်လက်ဟာသူ့နောက်မှပြိုင်တူလွှဲခုတ်လာသည်။
သူချက်ချင်းအနောက်လှန်ကာ ခါးကွေး၍ ဘေးကိုခုန်ထွက်လိုက်သည်။ ဓားနှစ်လက်အနက်တစ်လက်မှာသူ့ခါးဘေးမှဖြတ်သွားပြီး အခြားတစ်လက်မှာသူ့ရင်ဘတ်ပေါ်ရှိလေထဲကိုထိုးစိုက်သွားသည်။ ပြင်းအားမှာအလွန်အမင်းလျင်မြန်လှသည်။ သိသိသာသာကိုပင်၊ ရှုလင်ကျားသာပုန်းတာနည်းနည်းနှေးသွားလို့ရှိရင် တိုက်ခိုက်ခံရလိမ့်မည်ပင်။
အခြားဓားများကလေထဲတွင်ရှိနေစဥ် ၎င်းတို့မှာခပ်မြန်မြန်လှုပ်ခါကာ သူ့ကိုတိုက်ခိုက်ခဲ့သည့်ဓားသုံးလက်မှာအချင်းချင်းရိုက်ခတ်သွားသည်။ ကျယ်လောင်သောဆူညံသံနှင့်အတူ ရှုလင်ကျားထိုအခြေအနေကိုအခွင့်ကောင်းယူကာရုန်းထွက်လိုက်သည်။
တစ်ချိန်တည်း၌ ကျင်းဖေးထုန်ဟာလည်းတိုက်ခိုက်ချက်ကိုချေမှုန်းကာ သူ့ဘေးကိုခုန်ဆင်းလာပြီးဆိုသည်။
"အရင်တုန်းကလျို့ဝှက်ဂူထဲခိုးဝင်ပြီးနောက်မှာ ဒီနေရာမှာသေဆုံးသွားခဲ့တဲ့တစ်ယောက်ပဲ။"
ထိုကွန်ဖူးကိုအခွင့်ကောင်းယူ၍ ရှုလင်ကျားခပ်မြန်မြန်ဝှေ့ရမ်းလိုက်ရာ
ခုနကသူတို့ကိုတိုက်ခိုက်သည့်တစ်ယေက်ဟာ ထက်ရှသောဓားများကိုင်ထားသည့်အရိုးစုများဖြစ်ပြီး ၎င်းတို့၏ဟောင်းလောင်းပေါက်မျက်ဝန်းများမှအစိမ်းရောင်အလင်းတောက်ပလျက်ရှိသည်ကို သူမြင်လိုက်ရသည်။
Advertisement
- In Serial9 Chapters
Hidden World
Fantasy x RealityThey're polar opposites. And over the years , everyone prefers Fantasy. We all know why, so no need to explain. But what if, what if? Fantasy was part of Reality? Mindblowing right? I think not. We all know our earth can never have that. It's impossible, or do we really know our planet as much as we think we do?Enter the MC, your other victim of sweet old Reality. He has heavily lost to the world, but tries to live it off like any other person. Suddenly on a normal day of one his random jobs, beings that supposedly are Legends, comes to him for help, to prevent dark unknown history. Will he take it to help them out? Or will he take it to have his second round?English is not my first language, but I'll try my best. If possible, help me out with tags and notify my mistakes. I hope you like it.
8 144 - In Serial337 Chapters
PokéSync
Note: I combine the core games, side games, manga, anime, TCG, and every other media to make the most realistic and complete image of the Pokemon world I can, which is my main goal, and might be overwhelming to some people. Learn about Rhea and her journey through the Pokemon World. You will meet many people and see how a realistic Pokemon experience might be. Rhea may be the main protagonist of our story, but to fully understand this world, we will be diving into various other PoV along the way, but never straying too far from our main three girls! Cover Commissioned by Robbuz
8 170 - In Serial7 Chapters
Journey of Fate
When Alda is first presented with her wyvern companion, she has no idea what she's supposed to do with it. However, Alda soon discovers that the wyvern is not just any being; it is a player of great importance, and her journey will be fraught with danger. Along the way, she will form a close bond with her wyvern companion, and together they will face challenges that neither of them could have anticipated. Ultimately, Alda will discover that she is capable of far more than she ever thought possible, and that the bond between her and her wyvern is stronger than she could have ever imagined.
8 172 - In Serial27 Chapters
hot stuff ☕︎ | richie tozier
'shut it, tozier. i'm just trying to enjoy my summer without you flirting with me''i'm not flirting with you, i'm just being extra friendly to someone who is extra attractive'
8 97 - In Serial47 Chapters
Full Moon {A Sesshomaru x Reader} ^w^
You are a full blooded dog demon. A female one at that. You have two swords. Shi is the blade of Death, while your other sword, Ha is the blade of darkness. They can be combined to make a naginata and can be used as one. The Naginata is called Shinha also known as Death blade. You are powerful and you travel alone. That is until little Rin finds herself in trouble and begs someone to let you come along. Who is this someone? Find out in this wonderful Book.(Description of you)Hair: Long and silverDress Attire: Blue short Kimono with a tanish brown obi and ankle length boots (like sesshomaru) Swords: Shi and HaLikes: Children, Traveling, ignoring Jaken, protecting Rin, hitting Jaken, Sesshomaru, and annoying Inuyasha.Dislikes: When Jaken calls her names, Kagura with Sesshomaru, other demons, humans, emotions.Alwight let's get this party started! Start readin now!
8 126 - In Serial30 Chapters
How To Train Your Giant (DNF)
This is my final GT DNFHumans and giants used to live in harmony, and a small argument separated them allPhil, the last descendant of the peaceful times, begged for another one to appear as humans used giants for training and they either survive, or dieOne war answered his begs, as he notices a special human who bonds with the rarest of giants and hopes he brings back the peace they once hadBut how will the prophesied human bring back peace? Simple, train his giant to be loyal and hopefully, protectiveWARNINGS- Violence- Mild or Strong Gore- LanguageI PROMISE YOU NO SMUT :)
8 253

