《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-143
Advertisement
အပိုင်း-143
နောက်ကျ နေပြီဖြစ်လို့ လူတိုင်း ကောင်းကောင်းအနားယူကျသည်။ တန်ယု ပွဲကြည့်စင်ထဲ စောင့်ဆိုင်းနေသည့်အစေခံနှစ်ယောက် ရှိပြီး ဆောင်းယုနဲ့ ကုန်းကုန်းကောင်းဖု အပါအဝင်လေးယောက်စောင့်ဆိုင်းနေကာ လင်းဖေးလုကို စောင့်ရှောက်ဖို့လုံလောက်တာထက်ပိုနေပြီဖြစ်သည်။
လူတိုင်း မင်းသမီး ၅ ဧကရာဇ် ရထားလုံးနဲ့ ခရီးသွားတာ သိထားကြသည်။ မင်းသမီး ၅ နေသည့် တန်ယု ပွဲကြည့်စင်နား အစောင့်များစွာ ရှိတာကြောင့် လူတိုင်း မင်းသမီး ၅ ဆိုးတဲ့ကံကလွတ်မြောက်ပြီး အခုဧကရာဇ် ချစ်မြတ်နိုးတာခံရပြီလို့ တိတ်တဆိတ် ဆွေးနွေးကြတယ်။
ညစာစားပြီးနောက် လင်းဖေးလု အရမ်း ငြိမ်းချမ်းတာ ခံစားမိပြီး အစောင့်များကိုမြင်လိုက်တယ်။
အခု လုပ်ကြံသူ အခွင့်အရေးလွတ်သွားပြီဖြစ်ပြီး ဧကရာဇ် ကလည်း ဒီကိစ္စကိုစုံစမ်းနေဆဲဖြစ်သည်။ အစောင့်များလည်းရှိနေပြီး ဘယ်သူမှနောက်ကွယ်က တိုက်ခိုက်ဖို့အလျင်စလိုပြုမူရဲမည်မဟုတ်။ သူမ မစိုးရိမ်ပေမဲ့ ဆောင်းယု အရမ်းစိုးရိမ်နေကာ တီးတိုး "မင်းသမီး ။ ဒီအစေခံ ဒီည မင်းသမီးနဲ့အတူအိပ်မယ်"
လင်းဖေးလု ပြုံးပြီး "သူတို့မအဘူး။ တကယ်လာရင် သေချာပေါက် အရူးလုပ်ခံမှာမဟုတ်ဘူး။ မစိုးရိမ်နဲ့ အစောင့်အများကြီးရှိနေတာ မလာရဲဘူး"
ဆောင်းယု စိုးရိမ်နေတာဖိနှိပ်ပြီး "ဒီအစေခံ စိုးရိမ်နေသေးတယ်။ ကျက်သရေရှိ အမျိုးသမီးလန်က ဒီကိုမလာခင် ဒီအစေခံကို မင်းသမီးကိုစောင့်ရှောက်ပေးဖို့အမိန့်ပေးထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်မယ်လို့ ဘယ်သူသိမှာလဲ"
ဆောင်းယု မျက်ရည်များကျဆင်းလာ၏။
လင်းဖေးလု သူ့လက်လေးကိုင်ကာ " မင်းက လုလေးအပေါ် အရမ်းကောင်းတယ်။မင်းသာမရှိရင် လုလေး မနေ့ညတည်းက သေနေပြီ"
ဆောင်းယု ငိုယိုတယ်. "မင်းသမီး အဲလို ကံမကောင်းတဲ့စကားမပြောသင့်ဘူး.!! မင်းသမီးချမ်းသာပြီး ငြိမ်းငြိမ်းချမ်းချမ်းကြီးပြင်းလာမှာ!"
သူတို့ စကားတပြောပြောနဲ့လမ်းလျှောက်လာပြီးခြံဝန်းထဲဝင်လာတော့ အပြင်ဘက် က ခပ်တင်းတင်းအသံကြားရတယ်။
"ဘယ်သူ နံရံပေါ်တက်ရဲတာလဲ!! သူ့ကိုခေါ် ခဲ့!!"
ဆောင်းယု တစ်ယောက်တည်းမဟုတ် လင်းဖေးလု လည်း ပြန်လှည့်ကြည့် တယ်။
ဒီည သူတို့ သူမ ဘဝကို လာယူဉီးမလို့လား?
မမျှော်လင့်စွာ အချိန်တိုတိုအတွင်း ထိတ်လန့်သွားပြီး သူတို့ ရှီရှင်းဂျန်ရဲ့ ကိုးရိုးကားယားအသံ ကြားရတယ်။
"ငါ ပါဟ!! အာ... မင်းတို့ ဓားကိုချစမ်း !! ငါ့ ကိုတစ်ချက်ကြည့်ဉီး!!"
အပြင်ဘက်က အလျင်စလိုခြေသံများကြားရပြီး "မြို့စားငယ်ကို နှုတ်ဆက်ပါတယ်..ဒါက.. "
လင်းဖေးလု သိချင်စိတ်နဲ့ ထွက်လာတယ်။
ရှီရှင်းဂျန် အိပ်ရာလိပ်ကိုင်ထားပြီး ကိုးရိုးကားယား နှာခေါင်းကုတ်နေ၏။
သူမ ရင်ခုန်သွားပေမဲ့ တချိန်ထဲ ရီချင်လာတယ်။ အသံခပ်ဆိုးဆိုးနဲ့ ခေါ် လိုက်တယ်။
"ရှီရှင်းဂျန်!! ဘာလာလုပ်တာလဲ?"
နားလည်မှုလွဲတာမြင်တော့ တားမြစ်စစ်သည်များလည်း သူတို့အရင်နေရာသို့ ပြန်ထွက်သွားသည်။ ရှီရှင်းဂျန် မေးမော့ထားပြီး လျှောက်လာကာ ရှက်ကိုးရှက်ကန်းဖြစ်နေတာ ဖုံးကွယ်ထားသည်။
"ငါ..ငါ မနေ့ညက လုပ်ကြံသူထပ်ရောက်လာမှာစိုးရိမ်လို့ ဒါကြောင့် ကင်းလှည့်ဖို့ ဆုံးဖြတ်လိုက်တာ!!"
"ကင်းလှည့်ဖို့ဆို ဘာကြောင့် အိပ်ရာလိပ်ပါယူလာတာလဲ? တကယ်လို့လုပ်ကြံသူနဲ့တွေ့ရင် စောင်နဲ့သတ်မလို့လား? "
"..."
လက်မြှောက်ကာ သူ့ ခေါင်းကိုပွတ်သပ်ပြီး "ငါ ဘာအကြောင့် စိုးရိမ်တယ်လို့ မင်းထင်သလဲ? မင်း ငါ့ ကိုအခု ထိ စနောက်နိုင်သေးတယ်။!! ဖယ် အထဲဝင်မလို့ !!"
ဝန်းတံခါးနားသို့ ဝင်ဖို့ လက်မြှောက်လိုက်သည်။ နန်းတွင်းအစေခံများ နှုတ်ဆက်ပြီးအရိုအသေပေးကြသည်။ ရှီရှင်းဂျန် လက်ခါယမ်းကာ လင်းဖေလု ရဲ့အခန်းထဲ ဝင်သွား၏။ အိပ်ရာခင်းကို လင်းဖေးလုရဲ့အိပ်ရာနံဘေး ၌ ပစ်ထုတ်လိုက်သည်။
"?"
ဆောင်းယုအလျင်စလို အိပ်ရာပေါ် လှဲလျောင်းနေသည့် ရှီရှင်းဂျန်ကို မေးလိုက်တယ်။ "မြို့စားငယ် ဘာလုပ်ဖို့ပါလဲ?"
ရှီရှင်းဂျန် ခေါင်းမော့ မကြည့်ပဲ "မမြင်ဘူးလား? ဒီမှာ အိပ်မလို့လေ"
ဆောင်းယု ထိတ်လန့်သွားပြီး "မြို့စားငယ်ဒီမှာအိပ်ဖို့လုပ်နေတာ ဒီအစေခံသိတယ် ဒါပေမဲ့ ဘာလို့လဲ? မြို့စားငယ်က ဒီညဒီမှာ ကုန်ဆုံးမလို့လား?"
"ဟုတ်တယ်"
Advertisement
- In Serial33 Chapters
The Strange Life of an Elf From Sydney
A fanfiction of Wutosama's Metaworld Chronicles following a (mostly) original cast of characters. Set at the end of 2002, The Strange Life of an Elf From Sydney follows the story of Luna and co. as they navigate their way through their teenage years and find their place in the world. But in this world, death isn't uncommon and it takes tenacity to thrive. Will the girl's survive into their adulthood or die trying to get there?
8 110 - In Serial25 Chapters
The Golden Monarch
The Golden Monarch: For countless ages gods and powerful beings have protected the universe. At the fringe of known space a darkness encroaches that threatens to consume all. Which heroes will rise to combat the darkness and stand in the light? Book 1, Rebels Rising: Artien is born into a village on the border of the beastial Wildlands. Warned by his parents never to enter, he lived within the village and it's rules. When a demon hunting party arrives, he is pushed into the Wildlands to escape. Why was he targeted? Will he be able to go back home?
8 189 - In Serial29 Chapters
For Queen and Country [An Interactive Novel]
Purpose: I'm posting on Royal Road to keep me consistently writing and to collect beta testers/readers for my interactive novel app. Elaine It’s been five hundred years since the unified nations denounced superstition. In this age of reason, Elaine, the recent Queen of Vallis, has become the most celebrated ruler. So beloved by her people to be dubbed the ‘Millenium Queen’, the ‘Sun Queen’. Diane It is this love that makes it all the more unfortunate that she has met an untimely demise. To her only daughter, Crown Princess Diane, she leaves behind a kingdom in mourning. And though the rising sun dries her subjects’ tears, a growing shadow still lurks behind them. You It is up to Diane to protect her people from this looming threat. It is up to you to decide how she does so. Disclaimer: This story was built for an interactive novel app. There were no changes made to make the story more accomadating for this platform. The most notable lack of accomodation is that chapters will be much shorter than the site's average. Help?: If you would be interested in beta testing/reading the interactive novel, please join the story's discord server. The link is posted from time to time in the author's notes. Updates: Mondays and Thursdays* Pacific Time *: Sometimes there will be bonus votes throughout the week. Make sure to look at the chapter updates on the scheduled days if you don’t want to miss out.
8 228 - In Serial21 Chapters
Killers remorse (male purple guy reader x Rwby)
A mysterious young man named y/n has arrived at beacon academy as a transfer. No one knows where he came from or why he's here, but something seems out of place. Like he's hiding a darker side of himself. Will a group of four beautiful girls be able to save him...or will he fall to his own insanity? (Disclaimer, I don't own RWBY or any art/songs used in this story)
8 244 - In Serial24 Chapters
Soulmates/ Jolby
Colby Brock has known he's a werewolf since he was eighteen, and ever since his father told him the news he has been anxious to meet his mate. A mate, the reason for every werewolf to live. What happens when Colby discovers that his mate has always been around? How will Colby's mate react?
8 139 - In Serial68 Chapters
Long Story Short, The Condom Broke ✔️
There's a story behind every person. There's a reason why they're the way they are. They aren't just like that because they want to. Something in the past created them, and sometimes it's impossible to fix them.Everly Adams has a different story than most teenagers would like to admit. She's stepping into a new phase of her life with just her older sister to care for her. Life can get a little bit tricky if you just got kicked out of the house. Why? Just keep on reading my dear reader. Liam Wells has a cliché story. He's rich, school's bad boy, leader of the D&D's ( Devils Deciple ) and he's got the looks of course. But no cliché boy has a story like his.It all starts with a chicken nugget. It's amazing what a chicken nugget can do. Follow the rollercoaster that's waiting for the both of them. Drama, loss and humor all combined in one adventure.This is : Long Story Short, The Condom BrokeBy: prinses1010Word count (108,000 words) Currently being edited!!! (✔️=edited) Rankings :~#1 Teen fiction 10/19/2019~#1 Teenagepregnancy 09/8/2019~#1 Teendaddy 09/8/2019~#1 Heartbreak 10/27/2019~#1 Teenromance 10/29/2019~#1 Teen love 05/01/2020~#1 Highschool 03/01/2021~#3 Humor 13/01/2021~#2 Mystery 18/04/2021
8 233

