《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-146
Advertisement
အပိုင်း-146
သူတို့ဝင်လာချိန် လင်းချင်းနဲ့လင်းဂျင်းယွမ်တို့ရောက်နှင့်နေပြီ။ ဒါပေမဲ့ ထူးဆန်းတာက တစ်ဖက်၌ လင်းချင်း ခုံပေါ် ထိုင်နေပြီး လင်းဂျင်းယွမ် ခေါင်းငိုက်စိုက်ကျကာ မြေပြင်ပေါ် ဒူးထောက်နေပြီး မျက်နှာညိုးနွမ်းနေ၏။
ဧကရာဇ် လင်း အိပ်ရာပေါ် ထိုင်နေပြီး စာအုပ်ကိုင်ထားသည်။ ကြင်ယာတော် မိန် တစ်ဖက်၌ တိတ်တဆိတ် အသီးလှီးနေ ပြီး မျက်လုံးများ ထိုအသီးပေါ် မှာသာရှိ၏။
ဧကရာဇ် လင်း ဖော် ပြလာသည်က "ကျန်း အခုပဲ လင်းချင်းကို စာမေးပွဲစစ်တာပြီးသွားပြီ။ အခု မင်းသား ၄ အလှည့် မနှစ်က အင်ပါယာကျောင်းမှာကောင်းကောင်းလုပ်ခဲ့တယ် ကြားတယ်။ အင်ပါယာဆရာ ပြောတာ မှန်သလား ကြည့်ရအောင် "
လင်းဂျင်းယွမ်ရဲ့ ခန္ဓာကိုယ် တုန်ယင်နေပြီးမသက်မသာဖြစ်စွာ အသံခပ်နိမ့်နိမ့်ရေရွတ်တယ်။ " ဒီသားတော် က အခု နှုတ်ဆက်ဖို့လာခဲ့တာပါ။ အခု ကွင်းဆင်းနေရတယ်။ ဒီသားအတွက် တကယ် တအား ခက်ခဲတယ်"
လင်းတန် လင်းဖေးလုနဲ့အတူ အချိန်ကိုက်ဝင်လာတာ မြင်တော့ ဧကရာဇ် မျက်နှာထား နူးညံ့သွား၏။
လင်းဖေးလု တိုးတိုးလေးနှုတ်ဆက်တယ်။ "မင်းသမီး ၅ လေး အဖေ့ ကိုနှုတ်ဆက်ပါတယ်"
ဧကရာဇ် လင်း ရီရင်း "မင်းအသံမနေ့က ထက်ပိုကောင်းလာတယ်"
လင်းတန်လည်း ကောင်းမွန်စွာ နှုတ်ဆက်တော့ ဧကရာဇ် ဆက်ပြောတယ်။ "တန်အာ လည်းလာခဲ့။ ကျန်း သားတော် ၄ ကို စစ်ပြီးရင် မင်းအလှည့်ပဲ"
လင်းတန် နာနာခံခံ တုန့်ပြန်ပြီး ခန်းမထဲဒူးထောက်လိုက်သည်။
မင်းသမီး ၅ အတွက် ထိုင်ခုံပြင်ဆင်ဖို့ ပြောလိုက်ပြီး ပေါက်စီလေး အကြီးဆုံး အစ်ကိုတော် နားရှိနေပြီး ၄ ယောက်မြောက် အစ်ကိုတော် ညာဘက်၌ ရှိနေ၏။ လက်နှစ်ချောင်း အတူထားပြီး သူ့အစ်ကိုတော် တွေကြားဒူးထောက်လိုက်သည်။
ဧကရာဇ် အသံထွက်ရီမောရင်း ထဖို့မတောင်းဆိုပေ။
လင်းဂျင်းယွမ် လင်းတန်ကိုတိတ်တဆိတ်ကြည့်ပြီး တီးတိုးအကူအညီတောင်းတယ်။ "အစ်ကိုတော် ကျွန်တော့် ကိုကူညီဉီး!!"
လင်းတန် နှုတ်ခမ်းဖိထားကာပြုံးနေပြီးမျက်လုံးနှိမ့်ချထားကာ မတုန့်ပြန်ချေ။
လင်းဂျင်းယွမ် နှစ်ကြိမ်ခန့် ပြောနေပြီး ဧကရာဇ် လင်း မေးခွန်းထုတ်သံ ကြားရတယ်။ "သားတော် ၄ ကျန်း မင်း ကို မေးမယ်။ တိုင်ကန် က သူ့အခြေအနေ ဆုံးရူံးသွားပြီ။ ခွန်ဒီရဲ့ ညီအစ်ကိုများက လူဟဲမှာနေတယ်။ ဒါဆို ဆောင်း ရဲ့ သား၅ ယောက်က ဒယုသင်ခန်းစာအတိုင်း အခြေခံတယ်။ ဒါဆို သီချင်းရဲ့ ငါးကြောင်းမြောက်ဆိုလိုရင်း က ဘာများလဲ?"
လင်းဂျင်းယွမ် အတွက် ဧကရာဇ် ရဲ့မေးခွန်းက ရိုးရှင်းတယ်။ အားလုံးခြုံပြောရရင် ဒီသားရဲ့ဉာဏ်ရည်ကိုသိထားပြီး ဧကရာဇ် လင်းရူပ်ထွေးတာမေးရင် ဒီသားက မေးခွန်းကိုနားလည်မှာမဟုတ်ဘူး။
လင်းဂျင်းယွမ် ထိုကဲ့သို့မေးခွန်းမျိုးကိုမမျှော်လင့်စွာ ခေါင်းကုပ်နေ၏။
ဧကရာဇ် လင်း ဘေးက မင်တုံးနဲ့ကောက်ပေါက်ရင် ပိုကောင်းလာနိုင်လား တွေးမိတယ်.
လင်းဂျင်းယွမ် ဒါကိုမှတ်သားထားတယ်။ ဒါ သမိုင်းစာအုပ်ထဲက ရှရူ အခန်းဆိုတာ သိသည်။ ဒါပေမဲ့ ပြောရရင် ပထမဆုံးခြေလှမ်းတိုင်းက အမြဲတမ်းခက်ခဲသည်။ ဒါ့ကြောင့် ပထမဆုံးစာကြောင်းကိုသိပ်မမှတ်မိတာ။
လင်းတန်ကို အထိတ်တလန့် အကူအညီတီးတိုးတောင်းတယ်။ "အစ်ကိုတော်!! အစ်ကိုကြီး!!အင်ပါယာအကြီးဆုံးအစ်ကိုတော် ပထမစာကြောင်းက ဘာလဲ?!"
လင်းတန် စည်းကမ်းလိုက်နာပြီး သူ့ဖခင်ရှေ့လှည့်စားဖို့ လုံးဝ ကူညီမည်မဟုတ်။ လင်းဂျင်းယွမ်ကို ကိုးရိုးကားယားကြည့်ပြိး ခေါင်းငုံ့သွား၏။
လင်းဂျင်းယွမ် ပိုပြီးကြောက်လန့်လာပြီးဘေးနားက အသံသေးသေးလေးကိုကြားရတယ်။ သူ့ကိုတိတ်တဆိတ် သတိပေးတယ်။ "အင်ပါယာဘိုးဘေးက တခါပြောဖူးတယ်။ လူတွေရဲ့ရင်းနှီးတာကောင်းမွန်ပြီး သူတို့ကိုဘယ်တော့မှမနှိမ့်ချစေ နဲ့ "
လင်းဂျင်းယွမ် ရုတ်တရက် အလင်းပေါက်သွားပြီး ဧကရာဇ် စကားမစခင် ကျယ်လောင်စွာ " "အင်ပါယာဘိုးဘေးက တခါပြောဖူးတယ်။ လူတွေရဲ့ရင်းနှီးတာကောင်းမွန်ပြီး သူတို့ကိုဘယ်တော့မှမနှိမ့်ချစေ နဲ့ ဘာကြောင့်လဲဆို တိုင်းပြည်ရဲ့အခြေခံအုတ်မြစ်က ပြည်သူများဖြစ်ကြတယ်။ အခြေခံအုတ်မြစ် ခိုင်ခံ့နေရင် တိုင်းပြည်ငြိမ်းချမ်းလိမ့်မယ်။ နှိမ့်ချနေရင် အရူံးတောင် မင်းကိုကျော်လွှားနိုင်လိမ့်မယ်။ လူတွေ က အမှားထပ်ခါထပ်ခါ လုပ်မိရင် ဆိုးဝါးသည့်အကျိုးဆက်များမဖြစ်ခင် ကိုယ့်အမှားကိုယ် ဆန်းစစ်သင့်တယ်။ လူတိုင်းကိုကြောက်ရွံ့ စေအောင် အုပ်စိုးခြင်းက သတ္တိနဲ့အကြောက်အလန့်ကင်းသည့် ခေါင်းဆောင် ဖြစ်လာမည်နည်း?"
Advertisement
- In Serial396 Chapters
The Great Demon System
In a world filled with abilities and superpowers, Moby Kane, a 16-year-old boy, is an orphan who is living his life with a little too much optimism, trying his best to get by.
8 1715 - In Serial7 Chapters
Et Non Lucem
A lonely fortress, a (slightly) deranged assassin, secrets, intrigue, magic and war. What could possible go wrong? If you've ever wondered what would happen if somebody attempted to blend a realistic medieval world with fantasy, then this is for you. If you've ever wondered what happens when you stick some (extremely) flawed humans into positions of power and try making them save the world, then this story is for you. Or if you're simply bored and can't seem to decide on a new story to read, then this story is for you!This is my first ever attempt at writing a story after years and years of reading, so any and all constrictive criticism is appreciated!
8 66 - In Serial31 Chapters
Danimal - Español
La vida de un niño (mitad humano, mitad ángel) que fue capturado y experimentado para crear un arma, viviendo en uno de los planetas más grandes del universo, luchando contra criaturas y razas, en donde tiene que crecer, luchar y vivir su vida, nuevos retos nuevas aventuras, todo es posible. No todo es perfecto en su vida, ya que tendrá que cortar algunas cabezas y aprender de un corazón roto.
8 127 - In Serial31 Chapters
The Blood Queen
Vampires 🧛♂️🩸
8 200 - In Serial33 Chapters
An Old Forgotten Friend (Httyd 1+2)
Iris used to be Hiccup Horrendous Haddock III's best friend. Helping him train Toothless and defending him from the others, but after he became popular she was totally forgotten by him. After being alone for awhile, she runs away. Only to meet someone everyone thought was dead.
8 179 - In Serial12 Chapters
Hocus Pocus
Male Winnie Sanderson x Female ReaderBased on the movie Hocus Pocus(Y/n) = Your Name(H/l) = Hair Length(H/c) = Hair Color(E/c) = Eye Color(S/c) = Skin ColorI OWN NOTHING!!! ALL RIGHTS GO TO DISNEY!!!
8 139

