《My souls》စနေသမီးတစ်ယောက်အကြောင်း
Advertisement
ဒေါသတွေနောက်မှာ မျက်ရည်တွေဖွက်ထားတတ်တဲ့ စနေသမီးလေးအကြောင်း ...
ညနက်နက်တွေမှာ တစ်ယောက်ငိုနေတတ်တဲ့ ကောင်မလေးကလေ သူများတွေအမြင်မှာ ဒေါသကြီးလိုက်တာ ပြီးတော့ တစ်ဖက်ကိုလဲ ထည့်မတွေးဘူးဆိုပြီး အမြဲတမ်း မကောင်းမြင်ခံနေတဲ့ ကောင်မလေးတစ်ယောက်ဆိုတာမှန်း ဘယ်သူက သိမှာလဲ အဲ့ကောင်မလေးကလေ ဒေါသတော့ သိပ်ကြီးမှန်တယ် ဒါပေမယ့် ၀မ်းနည်းလဲ ဒေါသတွေထွက်တတ်တာ ဘယ်သူမှ မသိဘူး ။ သိဖို့လဲ မကြိုးစားခဲ့ဖူးထင်ပါတယ် ။
အစွဲအလမ်းကြီးတတ်တဲ့ Type မျိုးဖြစ်ပြီး တစ်ယူသန်တယ် ။ ဒီတစ်ယောက်ဆို ဒီတစ်ယောက်ပဲ စိတ်နှစ်ကိုယ်နှစ်ထားတတ်တာမျိုးလေ ။ မျက်နှာမများဘူး မာယာမများဘူး ။ ချစ်ပါတယ်ဆိုတာကို ဖွင့်ဟ ၀န်ခံဖို့ ၀န်မလေးတတ်သလို မချစ်တော့တဲ့အခါလဲ ပြတ်သားဖို့ ၀န်မလေးဘူး ။ သူမကလေ ချစ်နေတုန်းသာ လူသိခံတာ အသည်းများကွဲရင် ကွဲလို့ကွဲမှန်း ကြည့်ရုံနဲ့ မသိသာဘူးရယ် ။ မျက်လုံးတွေ ဖောင်းအစ်နေတဲ့အထိ ငိုချင်ငိုမယ် ပြီးရင် လှလှလေးပြင်တယ် အရာရာမှာ အဆင်ပြေနေသလိုမျိုး ငါက ဘာဖြစ်ရမှာလဲဆိုတဲ့ ပုံစံမျိုးနဲ့ ချေတယ် ။ ရင်ထဲမှာတော့ အပူမီးတွေနဲ့ ။
တစ်ခုပဲဗျ ...သူကလေ တစ်ခါနာကျင်ရပြီးသွားရင် အရင်ကလို ပုံစံမျိုးမဟုတ်တော့ ပုံစံတစ်မျိုးပြောင်းသွားတတ်တာလေး တစ်ခုပဲ ။ ဒီလူတစ်ယောက်ကို မေ့ဖို့ ကြိုးစားတဲ့အခါ အဲ့ဒီလူနဲ့ ပတ်သက်သမျှ အရာရာကို ဖျက်ပစ်ရင်းက သူရဲ့ ရှိရင်းစွဲ အမူအကျင့်လေးတွေပါ ဘယ်တော့မှ ပြန်သတိမရတော့အောင် မေ့ပစ်လိုက်တာမျိုးပေါ့ ။ ဥပမာ ... စာတွေရေးလေ့ရှိတဲ့ ကောင်မလေးကလေ စာအုပ်တွေ ကပ်ကြေးနဲ့ ညှပ်ရင်းက သူရဲ့ အထုံ၀ါသနာလေးပါ တစ်ခါတည်း ပျက်သုန်းသွားရတာမျိုးပေါ့ ။ ချစ်မိရင် အဆုံးစွန်ထိ ချစ်မိတတ်ကြသလို မေ့လိုက်ပြီဆိုရင် နာမည်တွေကအစ ပြန်ပြောပြဖို့ ခက်သွားတာမျိုး
စာအုပ်ဖတ်ရတာကို နှစ်သက်ပြီး ... အ၀တ်အစားတွေထက် အစားအသောက်တွေကို နှစ်သက်တယ် ။ မချက်တတ်တဲ့ဟင်းမရှိသလောက်ပဲ ။ Youtube ခေါက်တယ် ပြီးရင် ချက်လိုက်တဲ့ ဟင်းက ပုံစံတစ်မျိုးထွက်တယ် ။ သူ့အရသာနဲ့သူတော့ စားကောင်းနေတာမျိုးပေါ့ ။ ဒါပေမယ့် စိတ်ကူးပေါက်တဲ့ ရက်တွေမှာမှ ... ထချက်တာမျိုးလေ အတင်းကြီး တောင်းဆိုနေလို့လဲ သူ့လက်ရာစားရဖို့ မမြင်ဘူး ။ သူ လုပ်စရာရှိတဲ့ အလုပ်တိုင်းကို ခေါင်းထဲမှာ သူ့အချိန်နဲ့သူ ရှိနေတတ်ပြီး မတော်လို့ တစ်စုံတစ်ယောက်များ ဆရာလာလုပ်ရင် ပေကပ်ပြီး ထိုင်ချင် ထိုင်နေတတ်တာ ။
တစ်ယောက်တည်းနေတတ်ကြတာများတယ် ။ မိသားစုတွေအပေါ် သည်းခံတတ်ပေမယ့် ထစ်ကနဲရှိ ဒေါသထွက်တော့ သိပ်ပြီးမှတော့ မတည့်လှဘူး ... အမတွေနဲ့လဲ သူပဲ ဒေါသထွက်ပြီး အော်ချင် အော်နေတတ်တာ ။ ပြီးမှ စိတ်မကောင်းတွေ ဖြစ်တာ သူပဲ ။ ပြန်တောင်းပန်ဖို့ ၀န်မလေးပေမယ့် တစ်ခါတစ်လေကျတော့ မာနလေးတော့ သူများတွေထက် နည်းနည်းလေး ပိုထားတတ်တယ် ။ မှန်တယ်ထင်ရင် ဇွတ်လုပ်တတ်သလို လုပ်ချင်တာ လုပ်ပြီးသွားရင် ကောင်းခြင်း ဆိုးခြင်း အားလုံးကို သူမက လက်သင့်ခံတတ်တာမျိုးပေါ့ ။ ကောင်းတာဖြစ်လာလို့လဲ ပတ်ကြွားမနေဘူး ...ဆိုးတာဖြစ်လာလို့လဲ ၀မ်းနည်းပြမနေဘူး ။ သူလုပ်ချင်တာသာ လုပ်လိုက်ရရင် သူနေတဲ့အရပ်က အေးချမ်းနေရောပဲလေ ။
ပြီးတော့ ... ဘယ်သူမှ သတိမထားမိတဲ့ အချက်ကလေ သူမက သိပ်ဂရုစိုက်ခံချင်တာ မိသားစုကြားမှာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ ကြားမှာပဲဖြစ်ဖြစ် သူမကို ဂရုစိုက်ရင် သိပ်ပျော်တတ်တာ ။ ပစ်များထားမိရင် သူ့အတွေးနဲ့သူ တစ်ယောက်တည်း ဒေါသတွေ ထွက်ချင်ထွက်နေတတ်တာလေ ။ ကိုယ့်အပေါ် ကောင်းတဲ့သူဆို ဆယ်ဆ ပြန်ကောင်းဖို့ ၀န်မလေးသလို အနစ်နာခံဖို့လဲ ၀န်မလေးဘူး ။ တစ်ခါပဲ ကောင်းပေးလိုက် သူက မင်းအပေါ် တစ်သက်လုံးကောင်းနေလိမ့်မယ် ။ သူ့ရဲ့ အားနည်းချက်တွေက စကားလုံးတွေပေါ့ ။ မြိုသိပ်မထားတတ်ဘူး ... စကားပြောရင် တုံးတိကြီး ပြီးတော့ ပြတ်ပြတ်ကြီး မကျေနပ်ဘူးဆိုတဲ့ အရာကို မြိုများသိပ်ထားရရင် အဲ့ဒီရက်က ထမင်းစားမ၀င်တတ်ဘူးလေ ။ ပြောလိုက်ရမှ နေသာထိုင်သာရှိတာဆိုတဲ့ လူမျိုး ။
ဒေါသတွေ ထွက်ပြီးသွားပြီမလား ... ပြောချင်တာ ပြောလိုက်ရပြီဆိုရင် အဲ့ကိစ္စအတွက် သူ့စိတ်ထဲမှာ ရှင်းသွားပြီ အငြိုးမထားတတ်ဘူး မကောက်ကျစ်ဘူးပေါ့ ။ ပြီးတော့ သိပ်ကို လျှို့၀ှက်တာ လွယ်လွယ်လေးနဲ့ သူ ဘာဖြစ်နေလဲ မသိရဘူး အနေတည်နေတတ်သလို သူငယ်ချင်းတွေကြားရောက်ရင်လဲ ပေါပေါနေတတ်တယ် ။
တကယ်လို့ပေါ့ ... စနေမလေးတစ်ယောက် အနားမှာရှိရင် အများကြီး ဂရုစိုက်ပေးပါ ... ခရီးတွေထွက်ရတာကို သူက နှစ်သက်တယ် ။ ကိုယ်နဲ့ စိမ်းတဲ့ ပတ်၀န်းကျင်တွေမှာ ရှင်သန်ရတာကို သဘောကျတတ်တယ် ။ စိန်ခေါ်မှုအသစ် စွန့်စားရတာမျိုးတွေမှာ ၀ါသနာထုံတတ်တယ် ။ ဒေါသတွေထွက်နေတာပဲဆိုပြီး အပြစ်တွေတော့ မတင်ပါနဲ့ ... သူ့ဒေါသတွေ အနောက်မှာလေ တစ်ခါတစ်လေ ကျနေတဲ့ မျက်ရည်တွေရှိတယ် ... တစ်ခါတစ်လေ ဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေရှိတယ် ... တစ်ခါတစ်လေ ၀မ်းနည်းနေရင်းလဲ ဒေါသတွေထွက်တတ်တာလေ ။ အများကြီး ချစ်ပေးတတ်ကြသလို အများကြီးလဲ အချစ်ခံချင်ကြတာမျိုးပေါ့ ။ အတင်းလုပ်ယူရတာကို သဘောမကျတာကလွဲရင် ဖွင့်ပြောပြီးရလာတာမျိုးကို မလိုချင်တာကလွဲရင် သူတို့က အချိန်ပြည့် ဂရုစိုက်ခံချင်တဲ့ မီးတောက်လေးတွေပါ ။ အကိုင်အတွယ်မတတ်ရင် အပြောအဆိုမတတ်ရင် ဝုန်းကနဲ ထတောက်ပြီး ... ပြီးရင် ပြေသွားတတ်တဲ့ ဒေါသအိုးလေးတွေပေါ့ ။
#ကျေးကို
(တခြားနေ့နာမ်တွေသိချင်ပြောပါ တင်ပေးပါ့မယ် di ကစနေဆိုတော့ စနေကိုအရင်တင်လိုက်တာပါ )
Advertisement
- In Serial66 Chapters
Law of Shadows
Mercs are causing trouble in my city. They are hunting someone, whatever the cost. It’s not like I care that some lowly humans died, but if I don’t act now it would set a bad example. So what would the hero do? Probably he would save the victims and protect them while the enemies keep coming…Yeah, as if I would ever do something so troublesome! They aren’t calling me the demon lord for no reason. I suppose I’ll just shoot the victim and be done with it.
8 430 - In Serial37 Chapters
An Unknown Swordcraft
A strange accident hurls a man thousands of years into the future to find that disasters have transformed the world into a fantastical setting of monsters and magical swordsmen. Our protagonist does not become a hero. Instead he is recruited into a heretical cult led by a foul necromancer. To survive this new world, he must adapt to life as one of the dark lord’s evil lieutenants, carrying out impossible orders, scheming against his rival cultists, avoiding the real heroes out to kill him, and developing his own personal brand of magical swordcraft. [participant in the Royal Road Writathon challenge] (Placeholder title until I come up with something better.) Features: – Minion to Dark Lord progression. – MC lurking undercover as an evil lieutenant. – First true spellcaster in a world of magic swordsmen. – Wuxia power levels. – Minor base building / project management. – A little bit of crafting. – Meandering progression/plot. – Dumb comedy.
8 88 - In Serial14 Chapters
The Adventures of a Dhampir
This story is undergoing a complete rewrite, all-new chapters will be eventually published on my webnovel account under the same name here: https://www.webnovel.com/book/the-adventures-of-a-dhampir_22103870805270105
8 77 - In Serial48 Chapters
Hatred: The Journey of the Madman [Old]
This story is cancelled and has been rewritten. The Rewrite is already online, follow this link: https://royalroadl.com/fiction/13819/journey-of-the-madman Sorry for the inconvenience.
8 165 - In Serial11 Chapters
The Sorcerer's Aria
Only ten years have passed since the last war. Now, war threatens to break again as both powers of Acolythis ready their forces. The stakes are higher than ever before because this time there will be no surrender. Sorcerers of this world use melodies and harmonies to create their powerful and deadly magic- Meaning the loudest score is often deemed the strongest. But when a child born of two nations finds that his score is too quite to master the harmonies and melodies that master sorcerers can, he must find a way to get creative or die trying. Especially when he is possibly the only one who knows the secret behind the entire war- and of those who will stop at nothing to keep the silence.
8 114 - In Serial17 Chapters
The Explorer's Guide
All seems lost to a lonely prisoner in supermax, everything seeming meaningless as he recovers from an internal injury caused by a rival gang. As he goes through life with low morale and a shattered liver, one day he is thrown into a conspiracy and dies at the hands of his own gang's ploy. But is death really the end for him? Will he ever find eternal peace and slumber or will he have to fight and struggle, just to be able to prevail? Under current heavy editing, as my writing has improved and I felt like the initial chapters just didn't make the cut. Additional tags: Psychological; Adventure; Drama. Author: Hello everyone, I don't expect a lot of people to read my story but if you do I sincerely thank you. English is not my first language, but do not take this as some kind of excuse as I will try to my very best to improve and make the story fluid in both grammar AND content. Disclaimer: This story is purely fictional any real events or people displayed are purely coincidental. I got the Image from google and I do not own it. IF the owner would like me to take it down please PM me, Thank you.
8 119

