《Sour Candy》part 30💔
Advertisement
*Unicode*
လည်တိုင်တွေပြင်းပြင်းထန်ထန်စုပ်ယူခံရခြင်းတွေ...သည်အမျိုးသားကို အားသုံးတွန်းဖယ်လျှင်နာသွားမည်စိုးသည့် မသိစိတ်တွေနှင့် Jeykay ဟာရုန်းကန်ခြင်းအဆင့်ထိသာပြုခဲ့သည်။ ခါးထက်မှနယ်ကျွံ့လာသောလက်တွေ ဘယ်ကိုသွားလို့ဘယ်စီဦးတည်နေမှန်း Jeykay လိုအပေအတေတစ်ယောက်က အတပ်သိတာပေါ့။
မနှစ်မြို့ဘူးဆိုသည်ထက် မလိုလားဘူး...ဒီအနမ်းကြမ်းတွေ အထိအတွေကြမ်းကြမ်းတွေ အတိတ်စီကနာကျင်မှုတွေ ကပ်ကပ်လာသည့် ဂဟေစပ်ခြင်းအမှု မလိုလားပေဘူး။ အဆက်ဟောင်းနဲ့ရုပ်ဆင်သည်တစ်ခုတည်းနဲ့ ကုတင်ပေါ်တင်အစားထိုးခံရအောင် ဂျေကပေါပေါပဲပဲဟုတ်မနေဘူး...သို့ပေမဲ့ သို့ပေမဲ့ သူ့အပေါ်ယစ်မူးနေတဲ့အမျိုးသားကိုလည်း နာကျင်သွားအောင်မလုပ်ရက်တဲ့အထိ ဘယ်အရာတွေကတွေဝေစေနေတာလဲ။
တွန်းဖယ် ဆွဲထိုးပစ်ရမဲ့ အချိန်မှာသန်ပါသည်ဆိုတဲ့အားတွေဟာ ချိနဲ့ကုန်သည်။ တော်ရုံမဟုတ်ခဲ့တဲ့အချစ်တွေ အတိတ်မေ့နေခြင်းမှာတောင် ထိုအမျိုးသားငြိုငြင်သွားမှာမလိုလားတဲ့အထိ ချစ်ခြင်း အရှိန်အဟုန်ဟာသိပ်ကောင်း၏။
အကာကွယ်ကင်းမဲ့သွားတဲ့ခန္ဓာနှစ်ခုဟာ အညိုရောင်ကုတင်ထက်...နှုတ်ခမ်းသို့အနမ်းတွေဟာ ကြမ်းသွားလိုက် နူးညံ့လာလိုက် ပုံမှန်အချိန်တွေ၌ ရေလှိုင်းတွေလို ရင်ခုန်စရာကောင်းနေမှာမှန်သော်ငြား ယခု၌ရာဂစိတ်အစား စို့နင့်စွာကြေကွဲခြင်းတွေသာရှိနေသည့် နှစ်ဦးသားမျက်ဝန်းတွေ ငွေ့ရည်ဖွဲ့နေလျက်။
ကိုယ့်အပြစ်တွေနည်းခဲ့တာမှမဟုတ်တာ မင်းကိုမထိသင့်သေးတာမှန်ပေမဲ့ တောင်းပန်ပါတယ် တကယ်ကိုယ်တောင်းပန်ပါတယ်...အတိတ်ကိုနည်းနည်းလောက်မှတ်မိပေးလို့ မရဘူးလား။ အတ္တကြီးစွာနဲ့ ကိုယ့်ကိုချစ်ပေးခဲ့တဲ့အချစ်ကိုပဲ သတိရပေးလို့မဖြစ်ဘူးလား...မင်းသူစိမ်းလိုဆက်ဆံတိုင်း အရေးမပါသလိုဆက်ဆံလာတိုင်း သေမတက်ပဲကူးရာ! ဒီကောင်သေမတက်ပဲ။
မျက်ရည်စတချို့နှင့် ခေါင်းခါကာငြင်းနေတဲ့မျက်နှာလေးအား လက်ဝါးတို့ဖြင့်အုပ်မိုးကိုင်ရင်း ကိုယ်တိုင်လည်းမျက်ရည်စတွေနဲ့...။
"တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်ကူးရယ်...မင်းကို မင်းကိုကိုယ့်အပိုင်အဖြစ် တံဆိပ်ပြန်ခတ်ထားမှဖြစ်မှာမို့ တောင်းပန်ပါတယ်ကွာ."
နဖူးပေါ်ကျဆင်းနေသည့် ဆံနွယ်စချို့အားသပ်တင်ပေးရင်း ချော့မြူသည့်အခါအဆိုးလေးက ခေါင်းတွေရမ်းကာပိုတိုးလို့ငြင်းဆန်လာသည်။
ဆက်နွယ်သွားသည့်ရပ်ဝန်းတွေ ကျောပြင်ထက်ရောက်လာသည့် လက်သီးဆုတ်တွေ အောက်နှုတ်ခမ်းကိုက်ကာ နာကျင်မှုတင်းခံနေသည့် တွန့်ချိုးထားသည့်မျက်နှာလေး...ဒီလိုအခြေအနေတွေကြုံတွေ့ခဲ့သည့်အခေါက်တိုင်း ထိုကျောပြင်ကျယ်ကိုကုတ်ရာအသေးလေးတောင် မဖြစ်စေတဲ့အထိ ကူးမေတ္တာတွေလျှံပယ်ခဲ့တာ အခုထိတိုင်။ ဒီကောင် ဒီကောင်ကသာနာကျင်အောင်အမျိုးမျိုးဝေသနာတွေပေးနေမိတာ မတန်မှန်းသိပေမဲ့ ကူးဆိုတဲ့ပန်းကိုကိုယ်ပဲချိုးယူပါစေ...ကိုယ်ပဲအပိုင်စားရချင်တာ။ အစမှာမင်းရွေးချယ်ထားတာကင်မ်ထယ်ယောင်း ဆိုကတည်းက အဆုံးမှာလည်းကင်မ်ထယ်ယောင်းကိုရွေးရမယ် ကူးရယ်။
ချွေးမျက်ရည်ရောယှက်နေရင်း ညင်ညင်သာသာဖလှယ်သည့် အနမ်းတွေကအနည်းငယ်တော့ နှစ်သိမ့်ဖွယ်ကောင်းသား။ အသက်ရှူသံပြင်းပြင်းတွေ နားရှက်ဖွယ်ရိုက်ခတ်သံတချို့ရယ် တရိပ်ရိပ်ရွေ့လျားနေတဲ့နာရီလက်တံတွေ မညင်သာမကြမ်းတမ်း အနမ်းတွေချော့မြူတဲ့ ပင့်ချက်တွေသည် အလိုရမ္မက်မီးထက် ချစ်ခြင်းတရားဆိုတဲ့ကြိုးလှလှလေး တစ်ကြောင်းကိုဖော်ကျူးပြသနေသည်မှာ ကာယံကံရှင်တွေကိုယ်တိုင်အသိ။
မလှပခဲ့တဲ့ သွေးစက်လက်နှင့်အတိတ်တွေအား လှပအောင်ပြုပြင်သည့် အခြင်းအရာ၌ ချိုမြိန်မနေပေမဲ့ ခပ်စူးစူးချဥ်ချဥ်နှင့်ပြင်းပြင်းလေး...တစ်မျိုးတော့ယစ်မူးစရာကောင်းတာပေါ့။
ပင်လယ်ပြာမျက်ဝန်းတွေအား ငေးကြည့်ရင်း စီးချက်ညီညီလှုပ်ရှားခြင်းတွေအဆုံး အိမ်မက်ကမ္ဘာစီရောက်သွားသည့် အဆိုးလေးအား ရင်ခွင်ထဲသွင်းကာ အိပ်စက်ရတော့မဲ့ညဟာ အိမ်မက်တွေလှတော့မည်ထင်...။
"ကိုယ့်ရဲ့ကူး ပင်ပန်းသွားပြီ...ကိုယ့်စီလိမ်လိမ်မာမာပြန်လာပါကွာ"
ဟောက်သံသေးသေးလေးဖြင့် ရင်အုံအားမျက်နှာလာအပ်ကာ တင်းတင်းကြပ်ကြပ်ဖက်လာသည့် လက်တွေသည် ထိလွယ်ရှလွယ်ဖွေးဥဥအသားရေဖြစ်သည့်အလျောက် ထယ်ယောင်းလက်ချက်ဖြင့် နီရဲနေလျက်။
တက်တူးတွေအပြည့်နဲ့လက်က မပြောင်းလဲစွာအရင်အတိုင်း နူးနူးအိအိလေး။ အဆိုးလေးက အားကစားလိုက်စားထားတာ ကစ်ကစ်လေးဖြစ်နေ၍ ဖက်ထားရတာတပွေ့တပိုက်ကြီးပင်။ တော်ရုံအလွမ်းတွေမဟုတ်သည့်အတွက် ပိတ်ကျထားသည့်မျက်ခွံတွေသို့ ဖိကပ်နမ်းရှိုက်၍ ရဲနေသည့်နှာတံလုံးလုံးလေးသို့ အသဲယားစွာထိတွေ့မိပြန်သည်။ မပြောင်းလဲခြင်းတွေမှာ အိပ်နေချိန်စူထားတတ်တဲ့ နှုတ်ခမ်းပါးပါးအပါအဝင်ပေါ့...။တမြေ့မြေ့ကြည့်ရင်း တစိမ့်စိမ့်သိမ့်ဝင်နေတဲ့အချစ်တွေ။
ကိုယ်မင်းကိုချစ်လိုက်တာ ကူးရာ...။
ကြားခံနယ်ရှိမနေသည့် ခန္ဓာနှစ်ခု..လေတိုးမပေါက်အောင်ဖက်ထားမှုအား စောင်းပါးတစ်ထည်ဖြင့် ဖုံးထားလျက်။ ဒီရင်ခွင်ကမင်းအငွေ့အသက်ကိုသေအောင်တောင်းတခဲ့တာ..ဒီညတော့ဆုတစ်ခုပြည့်ပြီ။ Darling ဆိုတဲ့ ကိုယ့်ကိုခေါ်မဲ့အသံလေးရယ် မင်းရဲ့အချစ်ရယ် မင်းရယ်...အဲ့တာတွေရရင်ဒီကောင်သေပျော်ပြီ။
အတွေးတွေနယ်ချဲ့ နှလုံးသားငယ်အားတမြေ့မြေ့ကြည့်ရင်း ညဥ့်နက်မှအိပ်ပျော်သွားခဲ့သည်။
////////
နေရောင်ဖျဖျမျက်နှာထက်ထိုးကျလာသည့်အခါ လှုပ်လှုပ်ရွရွဖြစ်လာသည့် ထယ်ယောင်း..ပထမဆုံးခံစားမိသည်က ရင်ခွင်ထဲကပျောက်နေသည့်အနွေးလုံးလေး။ ဘေးမှာရှိမည်အထင်ဖြင့် စမ်းလိုက်သော်အေးစက်စက်လေဟာပြင်သာ ရှိနေသည့်အခါ မျက်ဝန်းတို့ပွင့်လာပြီးထထိုင်မိသည်။
"ကူး..."
အတူတူမနက်ခင်းအစပျိုးနိုးထပြီး morning date အနေနဲ့ မနက်စာထွက်စားကြမယ်ဆိုတဲ့ စိတ်ကူးကို လှလှတွေးထားခဲ့တာ။ ထပြန်သွားတာတော့ မဟုတ်ဘူးမလား.....ကိုယ်တိုင်ချိုးဖူးခဲ့တဲ့အချိုးတွေမို့ ကူးလုပ်သွားမှာသေအောင်ကြောက်နေတဲ့ ထယ်ယောင်းဟာသွေးပျက်နေလေပြီ။ ဘာမဟုတ်တဲ့ကိစ္စလေးပေမဲ့ ချစ်မိသူအဖို့ အရာရာဟာသိပ်တန်ဖိုးကြီးမားသည်။ သူနဲ့ သူနဲ့ဟူသော အတူတူလုပ်မည်ကိစ္စအရပ်ရပ်တွေအား အစီအစဉ်ချထားမိရင် ပျက်စီးသွားမှာသေအောင်သွေးပျက်မိတာ ခံစားဖူးသူမှသိလိမ့်မည်။
"အော်...ခင်ဗျားနိုးပြီပဲ "
တော်သေးတာပေါ့ တကယ့်ကိုတော်သေးတာပေါ့။ ချစ်စရာကောင်းစွာ သည်လူသားကသူ့စီမှာရှိနေသေးသည်။ ရေချိုးခန်းထဲမှရေစက်လက်နှင့် တပတ်တစ်ထည်ပတ်ကာထွက်လာသူသည် ခေါင်းမှရေတို့သုတ်ရင်း မှန်တင်ခုံရှေ့သို့သွားရပ်သည်။ တောင့်တင်းတင်းခန္ဓာထက်မှာ နီညိုရောင်အကွက်တွေဟာ သိပ်လှစွာတည်ရှိနေတာမြင်ရတော့ ကုတင်ထက်ငေးပြီးရင်းငေးနေရသည့် ဘဝပါလေ။
အရင်ကကူးက နူးညံ့လွန်းစွာထိလွယ်ရှလွယ်လေး စာအုပ်ဆိုင်သွားရတာသိပ်ကြိုက်တဲ့အကျင့်လေးကရှိသေး...လက်ရှိကူးဟာသိပ်ကိုမိမိုက်သည် စာအုပ်တွေထက် ကလပ် လောင်းကစား အရက်တွေနဲ့ပျော်မွေ့နေတဲ့သူ။ အဆိုးလေးကိုလိမ္မာစေချင်သည်အမှန်။
"အရာတွေထင်နေတာပဲ...ကျစ်...ခင်ဗျားနောက်တစ်ခါအရာထင်အောင်မလုပ်စမ်းနဲ့။ Darling မြင်ရင်မကောင်းဘူး"
မှန်တွင်ပေါ်နေသော အမှတ်တို့အပေါ်အားစိတ်ပျက်စွာကြည့်ရင်း ညီးညူလာသည့်မျက်နှာဟာ အနည်းငယ်ရှုံ့ထားလျက်။
ဆစ်ခနဲဆိုမှ ဆစ်ခနဲပါပဲ။ ပြုံးလတ်စအပြုံးတွေတောင့်တင်းအေးခဲသွားစေတဲ့အထိ စကားတွေဟာရင်ဝကိုထိထိမိမိဆောင့်ကန်လိုက်တာမှ အားပြင်းစွာ။
တစ်ချိန်ကကိုယ်ပေးတဲ့အမှတ်အသားတွေကို ပျောက်သွားမှာစိုးသည့်အောင် အတိ သဘောကျတက်တဲ့ကူးက အခုတော့ တစ်ခြားသူမြင်မှာစိုးတယ်တဲ့လား။ အဟား နာလိုက်တာကူးရယ်...ဒီကောင်မျက်ရည်ကျမတက်ပဲ။
ဝဲလာတဲ့မျက်ရည်တွေဟာ အထိန်းအကွပ်မဲ့ပါပဲ။
ကိုက်ရာအကွင်းလိုက်တွေ နီညိုညိုပုတ်ပုတ်စုပ်ချက်တွေဟာလည်း လည်တိုင်ရင်ညွန့်တစ်လျှောက် နေရာလျစ်လပ်မရှိစွာနေရာယူထားနေတာ ကျိန်းသေပေါက် Grayson သာမြင်ရင် နေ့ခြင်းညခြင်းဂျေကို အိမ်ထောင်သည်ဘဝကိုဆွဲခေါ်သွားမှာ...ဂျေလွတ်လပ်မှုတွေအကျဥ်းမချခံနိုင်လို့ ဆိုလိုက်တဲ့စကား တစ်ဘက်သားအပေါ်ဘယ်လိုဘယ်ပုံထိရောက်သွားသလဲ တွေးခြင်းဟာဂျေ့စတိုင်မဟုတ်။ ပြောစရာရှိတာကွေ့ဝိုက်နည်းတွေသွယ်ဝိုက်နည်းတွေ သုံးမနေချင် စောက်ရစ်ရှည်တယ်...ပြောချင်တာကိုဒဲ့ပဲ ပွင့်ပွင့်လင်းလင်းပေါ့
"ပြီးတော့ ကင်မ်ထယ်ယောင်း ခင်ဗျားကျုပ်စီအားတိုင်းဖုန်းမဆက်စမ်းနဲ့...ကျုပ်တို့ရဲ့ဘာမဟုတ်တဲ့ဆက်ဆံရေးက အဲ့လောက်ထိဆက်သွယ်နေဖို့မလိုသလို။ တရားဝင်မဟုတ်တဲ့ပတ်သက်မှု ဆိုတာခင်ဗျားမေ့မထားနဲ့"
တရားမဝင်ဘူး အင်း ဟုတ်တာပေါ့ ကူးရဲ့အပျော်စာရင်းထဲမှာလေ လက်ခံပါတယ်...ကိုယ်နဲ့ပတ်သက်မှုကဘာမဟုတ်တဲ့အရာသွင်း လိုက်တာတော့ ဒီကောင်ဘယ်လိုတုံ့ပြန်တော့ရမလဲ။ ဒီကောင်တန်ဖိုးထားတာလေ..မင်းစီကပေစောင်းစောင်းအကြည့်အစ အနမ်းတွေအဆုံး ဖန်တီးမိသမျှ အရာအားလုံးကို ဖြစ်နိုင်ရင်ပွေ့ဖက်သိမ်းထားချင်တဲ့အထိ မြတ်နိုးမိနေတာ အချစ်ရယ်မင်းပြောထွက်လိုက်တာ ပြောရက်လိုက်တာ။ပြောစကားတွေမရှာနိုင်တော့လောက်အောင်ထိ ခပ်ပါးပါးရိုက်ရိုက်ချက်တွေက စပ်ပြင်းပြင်း။
Advertisement
အိပ်ရာထက် ငေးငေးငိုင်ငိုင်သာထိုင်နေမိတဲ့ ထယ်ယောင်း...ထဖို့လည်းမစဥ်းစားမိသလို တစ်တောက်တောက်ကျနေတဲ့ မျက်ရည်စက်တွေလည်းသုတ်ဖို့ရာ သတိမရ။
"အလုပ်ခံရတာကျုပ်လေ...ခင်ဗျားကဘာလို့ငိုနေရတာလဲ။ မသိရင်ကျုပ်ကပဲ တက်လုပ်ပြီးတာဝန်မယူထွက်ပြေးဖို့လုပ်နေတဲ့ကောင်လိုလို"
ကုတင်ထက်မျက်ရည်အရွဲသားနဲ့ ထိုလူရယ် အဝတ်စားကောက်ဝတ်နေတဲ့ ကျုပ်ရယ်...လူယုတ်မာနေရာအရောက်သွင်းခံလိုက်ရတာ ဂါးးးစိတ်တိုလိုက်တာ
"ဟဟ...ကူးကတော့လေ။ မနက်စာအတူသွားစားကြမလားကူး ကိုယ်မင်းကိုပြန်လိုက်ပို့ပါ့မယ်...မင်းစိတ်ပါမှပါ"
အင်္ကျီကြယ်သီးတပ်နေသည့်နှလုံးသားလှလှထံ တပတ်တစ်ထည်ကောက်ပတ်ကာ ကျန်ကြယ်သီးတွေတပ်ပေးရင်းမေးသည့်အခါ မေးလေးမော့လျက်တွေးဆဆလေးလုပ်နေသော သူလေးကအဆိပ်သိပ်ပြင်းတာ။ မြင်နေရတဲ့လည်ပင်းသားအား တစ်ချက်ပင့်ရှိုက်လိုက်သည်။ ဆပ်ပြာနံ့သင်းသင်းလေးကနှာတံဝဝေ့ခနဲ။
"အာ ခင်ဗျားနော် မျက်နှာမသစ်ရသေးပဲ...ညစ်ပတ်လိုက်တာ"
စူအောင့်အောင့်လေးမှ တကယ့်ကိုစူအောင့်အောင့်လေး။ အသဲယားရပြန်ကာ ရယ်မိပြန်သည်။ ခဏကဝမ်းနည်းတယ် အခုရယ်မောမိတယ်...ဒီလူသားဟာအဆိပ်ဆို ဒီလူသားငယ်ကပဲဖြေဆေးလေး။
"ကိုယ်တောင်းဆိုတာလက်ခံလေကွာ..မဟုတ်ရင် မနက်ပိုင်းတစ်ချီပြန်စပြစ်မှာ"
"ခင်ဗျား!..ကျစ် ပြီးရောဗျာ"
"Yes! ဒါမှကိုယ့်ကူးကွ...5မိနစ်ပဲစောင့်ကိုယ်ရေအမြန်ချိုးခဲ့မယ်"
"အင်း အင်း ဟုတ်ပြီ မြန်မြန်လုပ်နော်"
လက်သီးလက်မောင်းတန်းကာ ပျော်သွားသူကြောင့် ဂျေပဲလိုက်ပြုံးမိသေး။ သူငိုနေတာထက် ပြုံးရယ်နေတာမျိုးကိုပဲ လက်ခံနိုင်တဲ့စိတ်က ထူးဆန်းတယ်မဟုတ်လား...ဟဟ
"အမိန့်တော်တိုင်းပါဗျာ ပြန်တော့မသွားနော်"
"မပြန်ပါဘူး ဆို"
မနက်ပိုင်းအေးစိမ့်စိမ့်လေတို့ကြား လည်ပိတ်ဆွယ်တာအစိမ်းရောင်ဖြင့် ဂျေဟာ မိမိုက်လွန်းတဲ့ပုံပျောက်ကာ စူပုတ်ကာအစိမ်းလုံးလေးဖြစ်လို့နေသည်။ အမှတ်အသားတွေတစ်ခြားသူမမြင်စေချင်ဘူး ပြောတဲ့စကားအကျကောက်ကာ မရမကဝတ်ခိုင်းလာသည့် အင်္ကျီဟာ...ကင်မ်ထယ်ယောင်းဆိုတဲ့လူကလေ အမိန့်တွေသိပ်ပေးတာ။ လက်တစ်ဖက်ကနှစ်ကားမောင်းနေတဲ့ အမျိုးသားဟာသောက်ရမ်းအထာကျသည်။ ဂျေလက်တစ်ဖက်ကို အပိုင်သိမ်းကာတဖွဖွနမ်းရင်း ခြွေပြန်သည်။
Grayson နဲ့တောင်မဖြတ်သန်းဖူးတဲ့ ဆက်နွယ်မှုတွေ ထိုလူ့အတင်းအကြပ်လုပ်ရက်တွေကို စိတ်မဆိုးနိုင်ရလည်း ကိုယ်တိုင်လည်းနားမလည်။ အဖြေထုတ်ရအောင်လည်း စဥ်းစားခြင်းတွေက ဂျေအမုန်းဆုံးအရာတွေ။ စိတ်ထဲရှိတဲ့အတိုင်း နေတက်တဲ့အကျင့်တွေကပြောလာတယ်...Grayson ထက် Kim Taehyung ကိုပိုလိုအပ်ပါတယ်တဲ့....။
"ကူး..."
"ဟင်"
"ချစ်တယ်...မင်းကိုယ့်အပေါ်ထားခဲ့တဲ့အချစ်တွေထက် မပိုနိုင်ခဲ့ရင်တောင် မလျော့သောအချစ်တွေနဲ့ချစ်တယ်."
ပြူးပြူးကြောင်ကြောင်လေးလုပ်နေတဲ့ ပုံကအမှန်တကယ်ပင် အရင်ကကူးလေးအတိုင်းပါပဲ...။
"ပြန်ချစ်ပေးပါလို့မတောင်းဆိုရက်ပေမဲ့ ကိုယ့်အချစ်ကိုလက်ခံပေးပါ...မင်းအပေါ်ကိုယ်ချစ်ခြင်းတရားတွေလွမ်းခြုံခွင့်ပြုပါလား"
ဂျေလက်ဝါးပြင်အား ထိုလူကသူ့ပါးသို့အပ်ကာ အက်ရှရှအသံကနူးညံ့ညံ့ဆိုလာသည်။ မျက်ဝန်းတွေလေးနက်နေ၍ တည်ငြိမ်နေသည်။ သူဘာပြန်ပြောရမည်လဲ အစရှာမရ..။
အင်း ဆိုပြီး စိတ်အလိုကိုခွင့်ပြုဖို့ရာလည်း မြောင်တို့ရိုက်သွင်းထားတဲ့အတွေးတွေဟာ ငြင်းဖို့ရာပဲတိုက်တွန်းနေသည်။
*အချစ်ဆိုတဲ့မီးကို တစ်ဇွတ်ထိုးတိုးဝင်လို့လောင်ကျွမ်းပြာကျပြီးပြီ
အချစ်ကို မထိတွေ့နဲ့ ဂျေ
မင်းခံစားရတာလုံလောက်တာထက်ပိုနေပါပြီ*တဲ့
အတိတ်မေ့သွားရလောက်တဲ့အထိ ပြင်းထန်တဲ့ car accident ကဂျေရူးမိတဲ့အချစ်ကြောင့်လို့ ဒေါက်တာအီဆောင်းနဲ့အစ်ကိုမင် ပြောတာတစ်စိုးတစ်စခိုးနားထောင်လို့ သိရဖူးသည်။ ကြောက်လို့မဟုတ်ပေမဲ့ ဂျေဟာမျက်မမြင်ဘဝအားထပ်မရောက်ချင်....။ အချစ်ဘာသာမှာကလေးတစ်ယောက်ဖြစ်သွားတဲ့ ကူးတစ်ယောက်လက်ရှိအခြေအနေတွင် အချစ်အကြောင်းတစ်လုံးတစ်လေမျှမသိလေတော့ ချစ်မိရင် မတော်တဆမှုဖြစ်လိမ့်မယ်ဆိုတဲ့အစွဲဟာ နည်းနည်းတော့ရယ်ရတာပေါ့။ Love, romantic, Drama စတဲ့အချစ်နဲ့သက်ဆိုင်တဲ့ ရုပ်ရှင်,သီချင်း တွေနဲ့အထိအတွေ့မရှိအောင်ထားနိုင်တဲ့ မင်ညီအစ်ကိုကသိပ်တော်သည်။
"အချစ်...အဲ့ဘာသာရပ်ကို ကျုပ်မကျွမ်းဘူး"
ဝိုင်းစက်နေသော ပင်လယ်ပြာမျက်ဝန်းတွေမုသားမပါကြောင့်သက်သေတည်သော အလှပဆုံးဖြစ်တည်မှုပေါ့။ ဆံနွယ်အိအိတို့အား ထိုးဖွပေးရင်း ထယ်ယောင်းနှုတ်ခမ်းတွန့်ရုံပြုံးသည်။
"ကိုယ်သင်ပေးမှာပေါ့...အချစ်ဆိုတာမြတ်နိုးဖွယ်ကောင်းကြောင်းကိုယ်သင်ပေးမှာပေါ့"
အချစ်ဆိုတာသိအောင် ကိုယ့်ကိုကူးသင်ပေးပြခဲ့ပြီးပြီပဲ အခုကိုယ့်အလှည့်ပေါ့။ မင်းစိတ်မပျက်စေရပါဘူးကိုယ့်အချစ်...အများကြီးချစ်ပြပါ့မယ်။ ဒီလူကိုနာအောင်တော့ စကားတွေနဲ့မရက်စက်ပါတော့နဲ့နော်.....
ဟူး...ဇာတ်သိမ်းပေးချင်လှပြီ
ခိုက်သတိပေးချင်တာကလေ အရင်ကပြောထားသလိုရက်တွေအလိုက် မအပ်ပေးဖြစ်နိုင်လောက်ဘူး သင်တန်းစာတွေနဲ့လုံးနေတော့လေ။ ဒါမဲ့ပုံမှန်အပ်တဲ့အချိန်ရောက်လို့မှ မအပ်ရင်လေ လာသတိပေးကြပါနော် အဲ့လိုဆိုမိုတီအနေနဲ့အားယူပြီးရေးနိုင်တာမို့
Thanks for your support
Love you all❤
************
*Zawgyi*
Advertisement
////////
"ကူး..."
"မပြန်ပါဘူး ဆို"
Advertisement
- In Serial107 Chapters
When Immortality Meets Masochism
Name: Katie Lockwood. Gender: Female. Profession: Immortal. Hobby: Stick my pen into my palm and twist it three turns. Follow the masochist Katie as she slashes and dashes across the Supernatural world and discover her true identity. In case the title, the descriptions, and the warning tags didn't make it clear, there is a ton of gore and violence in this novel, so if you're uncomfortable with that... Cover image is custom-made on Webnovel.
8 161 - In Serial44 Chapters
Queen Of Alcaria
Talia life was finally going up, for once in her life she had taken a risk and it had paid off, or so she thought, ending up ultimately dying as she was about to enjoy the fruits of her labour, she had found herself awakening within the body of a Princess within a world of magic and cultivators. Sounds like a dream come true for any fantasy fan right? Wrong, the body she had transmigrated into, was currently in the midst of a coupe, which the predecessor, of course, remained oblivious to. With the death of her parents, she had lost her greatest protectors, and the greedy Governor who remained was eyeing the throne her parents left behind. Luckily, she had a powerful bodyguard loyal to her Father who since then has protected her from harm, which has kept her safe for the time being. However, how long can this protection last? As the schemes to finally completely take over the Kingdom is growing nearer her enemies grew bolder, luckily she had seemed to bring one thing over from her World which would serve to allow her to gain the strength needed to take back what is rightfully supposed to be hers. Watch Talia grow stronger, as she works to rebuild and expand her Kingdom, finally she would learn the truth behind her arrival in the World, and that the danger surrounding both the World she was brought in and her Kingdom is a lot more fearsome than she had ever imagined.
8 225 - In Serial7 Chapters
Spectre
Spectre follows a dark tale of lust, hatred, love, anger, bloodshed and much more. The story takes place in a fantasy world of Iries on the continent of Astariel. A series of events start to occur surrounding a teenage boy who struggles to keep his true self alive while searching for something precious. Spoiler: Spoiler There is more to the story then the synopsis. The story will consist of bloodshed, goriness, and psychological trauma. If you have some sort of soft spot regarding religion, then proceed with caution.
8 130 - In Serial15 Chapters
(Suspended) The Helix; The Arc,
The Helix. Also known as the Spiral or the Vortex. A Phenomenon that is common in the universe in all sorts of locations and terminology, such as DNA.Just what secrets does the game that bears such a name hold? And just what it will mean for the rest of the world?
8 83 - In Serial13 Chapters
Lore Unleashed
The modern world has had magic and creatures from lore unleashed throughout the world. Gwen finds herself bound to a coven as she tries to escape the families' ancient manipulator. Can she escape the fate awaiting her?
8 112 - In Serial8 Chapters
Riser Phenex
When you open your eyes you realise that you are in the body of a douche bag.... How will you change your destiny as a stepping stone of the Protagonist?
8 116