《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၅၈] နှလုံးသားထဲမှမှင်ရည်|ႏွလုံးသားထဲမွမွင္ရည္
Advertisement
!unicode!
ရှုလင်ကျားဟိုဟိုဒီဒီလိုက်ကြည့်ပေမဲ့ ကျင်းဖေးထုန်ကိုမမြင်ရသေးပေ၊ သူနှစ်ကြိမ်အော်ခေါ်လိုက်ပေမဲ့ ပြန်ထူးသံမကြားရ။
ကျင်းဖေးထုန်၏အရည်အချင်းနှင့် ဤနေရာနှင့်ရင်းနှီးကျွမ်းဝင်မှုတို့ဖြင့် ပြဿနာလုံးဝမရှိသင့်သော်လည်း ရှုလင်ကျားအရမ်းစိတ်ပူမနေသည်မို့ အရင်လမ်းကြောင်းတစ်လျှောက်ပြန်လျှောက်သွားကာ သူ့ကိုရှာနိုင်မလားကြိုးစားကြည့်ချင်နေမိသည်။
ကျန်းရွေ့၏ပုတီးစေ့လက်ကောက်မှာမတိုင်ခင်ကပျက်စီးသွားပြီး ရှုလင်ကျား၏လက်ထဲရောက်လာရာ တုံ့ပြန်မှုလုံးမရှိခဲ့ပေ။ ဤအချိန်တွင် အမျိုးသမီးတစ္ဆေကြောင့်နိုးထလာပုံရကာ ရှုလင်ကျား၏လက်ထဲတွင်အဆက်မပြတ်တဖိတ်ဖိတ်တောက်လျက်ရှိသည်။
ရှုလင်ကျားပုတီးစေ့လက်ကောက်ကိုယူ၍ သူ့ရှေ့တွင်ယူကြည့်လိုက်သည်။ ရုတ်ခြည်းပင်၊ သူအထဲဝင်လာတုန်းက သူ့ကိုလိုက်ဖမ်းသည့်အဖြူရောင်အရိုးစုများကိုတွေးမိသွားသည်။
ဓားနှင့်ပုတီးစေ့လက်ကောက်မှတစ်ပါး၊ သူ့ကိုယ်ပေါ်တွင်ဘာမှမရှိ၊ မှော်လက်နက်ပင်မယူလာခဲ့ပေ။ ထူးခြားတာတစ်ခုခုဆိုရင် ဤပစ္စည်းသာရှိသည်။
အိပ်မက်ထဲမှာပင်ဖြစ်စေ၊ လက်တွေ့အစစ်အမှန်မှာပင်ဖြစ်စေ၊ ၎င်းကတစ္ဆေအမျိုးသမီး၏လူသတ်လိိုစိတ်ကိုနှိုးဆွနိုင်သဖြင့် သဘာဝကျကျပင် အခြားမိစ္ဆာများကိုပါဆွဲဆောင်နိုင်သည်။
အရင်တစ်ခေါက်လျို့ဝှက်ဂူထဲဝင်လာတုန်းက အတိုက်ခိုက်မခံခဲ့ရဟုကျင်းဖေးထုန်ကပြောခဲ့သည်မို့ ဒီတစ်ခေါက်သူတို့ကိုလာတိုက်ခိုက်သည့်အရိုးစုများဟာ ဒီပုတီးစေ့လက်ကောက်ကြောင့်များဖြစ်နေမလား။
ဒီအကြောင်းတွေးမိရင်း ရှုလင်ကျားပတ်ပတ်လည်လိုက်ကြည့်မိရာ လှိုဏ်ခေါင်း၏ထောင့်တစ်နေရာတွင်အရိုးစုအပုံအနည်းငယ်ကိုမြင်လိုက်ရသည်။
သူသည်ပုတီးစေ့လက်ကောက်ကိုကိုင်လျက်သားဖြင့် အရိုးစုအများအပြား၏ဦးခေါင်းခွံတို့ကိုတစ်လှည့်စီတို့ထိကာပြောလိုက်၏။
"ဝေ့? ဝေ့? ညီအစ်ကိုတို့?"
ဤအရိုးစုများမှာနာကျည်းမှုနည်းပါးသည်မို့ဖြစ်လောက်မည်၊ တစ်အောင့်ကြာအောင် လှုပ်ရှားမှုစိုးစဥ်းမျှမရှိပေ။ ရှုလင်ကျားအနည်းငယ်စိတ်ပျက်သွားရကာ လှည့်ထွက်ဖို့ပြင်လိုက်ချိန်တွင် သူ့နောက်မှတဂျွတ်ဂျွတ်မြည်သံအနည်းငယ်ကိုကြားလိုက်ရသည်။
သူနောက်လှည့်ကြည့်လိုက်ရာ မီးတောက်နေသည့်မျက်ဝန်းတို့နှင့်အရိုးစုအနည်းငယ်ကမြေပြင်ပေါ်မှထလာသည်ကိုမြင်လိုက်ရပြီး ၎င်းတို့ကသူ့ကိုလိုက်ဖမ်းတော့သည်။
လှိုဏ်ခေါင်းကတိုက်ခိုက်ရအဆင်မပြေသဖြင့် ပြင်းထန်သောတိုက်ခိုက်မှုများဟာလှိုဏ်ခေါင်းအားလွယ်လင့်တကူပြိုကျသွားစေနိုင်သည်။ ရှုလင်ကျားတွေးမိပြီးနောက် သူဟာကိစ္စများကိုဖြေရှင်းရာတွင်သိပ်မတော်မှန်းရုတ်ခြည်းသဘောပေါက်သွားသည်မို့ လှည့်ကာပြေးမိသည်။
ဒီတစ်ခေါက်တွင် အရိုးစုအနည်းငယ်မှာအရှုံးမပေးချင်ဘဲ သူ့ကိုလိုက်ဖမ်းပြန်သည်။
နှစ်ဖက်စလုံး၏အရှိန်မှာအင်မတန်လျင်မြန်လှပြီး တစ်ခဏအတွင်းတွင် မျက်ဝန်းများတောက်သွားကာ ရှုလင်ကျားသည်လှိုဏ်ခေါင်း၏အခြားတစ်ဖက်သို့ပြန်ပြေးထွက်လာလိုက်ပြီး သူနှင့်ကျင်းဖေးထုန်တို့ဝင်လာကာ အရိုးစုများကိုတိုက်ခိုက်ခဲ့သည့်နေရာကိုရောက်လာခဲ့သည်။
မတိုင်ခင်ကကျင်းဖေးထုန်၏မန္တာန်နှင့်ချိပ်ပိတ်ခံခဲ့ရသည့်အရိုးစုများမှာထိုနောတွင်ရှိနေဆဲဖြစ်သည်။ သို့သော် ရှုလင်ကျားလက်ထဲရှိပုတီးစေ့လက်ကောက်ပေါ်ကအလင်းရောင်တောက်ပသွားချိန်တွင် မန္တာန်စာရွက်များမှာအလိုအလျောက်မီးတောက်သွားကာ မျက်စိတစ်မှိတ်အတွင်း၌ ပြာမှုန့်အဖြစ်ပြောင်းသွားသည်။
အရိုးစုများမှာတဂျွတ်ဂျွတ်မြည်လာပြီး တစ်ဖန်တဖြည်းဖြည်းချင်းလှုပ်ရှားစပြုလာသည်။
ယင်းကားပျားအုံကိုတုတ်နှင့်ထိုးသည်ဟုသတ်မှတ်၍ရသည်။
လှိုဏ်ခေါင်းထဲမှထွက်ကာသူ့ကိုလိုက်ဖမ်းနေသည့်အရိုးစုများကိုမဖယ်ရှားရသေးသည့်တိုင် မတိုင်ခင်ကအရိုးစုများမှာသူ့ထံပြေးဝင်လာပြီဖြစ်သည်။ ရှုလင်ကျားခြေဖျားထောက်ကာ သူ့ခန္ဓာကိုယ်မှာတိမ်တိုက်ပမာ သူတို့နှစ်ဖက်နီးကပ်လာသည့်နေရာအဟကြားမှရုတ်ခြည်းဖြတ်သွားလိုက်သည်။
သူတစ်အောင့်ကြာပြန်မတိုက်ခိုက်ဘဲ ဘာဖြစ်နေလဲဆိုတာကိုဖော်ထုတ်ရန်ကြိုးစားနေမိသည်။ သူတစ်ခဏမျှဓားဆွဲထုတ်ခြင်းမရှိဘဲ ရှောင်လွှဲရင်းကြည့်နေမိသည်။
ရှုလင်ကျားရင်ထဲတွင်တိတ်တခိုးပြောမိသည်။
"ငါလှိုဏ်ခေါင်းထဲမှာရှိနေတုန်းက ငါသူတို့ရဲ့ဦးခေါင်းခွံကိုခေါက်လိုက်တော့ သူတို့ထခုန်ပြီးတော့ငါ့ကိုလှမ်းဆွဲလာတယ်။ ဒီအပြင်ကအရိုးစုတွေကပိုတက်ကြွပြီးခက်ထန်နေတာက ဘာကြောင့်များလဲ။"
"သူတို့ရဲ့အခြေအနေကြားကကွာခြားချက်က အလင်းရောင်ရှိတာနဲ့မရှိတာလား။ ကြည့်ရတာတော့....ကြည့်ရတာမလုံလောက်သေးတဲ့ပုံပဲ။"
အရိုးစုနှစ်ကောင်ကသူ့ထံပြေးဝင်လာရာ ရှုလင်ကျားသာမန်ကာလျှံကာဖြင့် ၎င်းတို့၏ဦးခေါင်းကိုအချင်းချင်းတိုက်ပေးလိုက်ပြီး လေထဲခုန်တက်ကာတစ်ပတ်လှည့်လိုက်ပြီး သူ့အနောက်ကတိုက်ခိုက်မှုကိုရှောင်လိုက်ပြီးနောက် မြေပြင်ပေါ်ခြေပြန်ချလိုက်သည်။
သူ့ရင်ထဲတွင်ဆက်စဥ်းစားနေမိသည်။
"ပုတီးစေ့ကသူတို့ကိုရူးသွားစေမှတော့ သူတို့ရဲ့အပြုအမူကလည်းပုတီးစေ့နဲ့တစ်ခုခုဆိုင်နေမှာမလား။ ဒီပုတီးစေ့...ခုနကတစ္ဆေအမျိုးသမီး..."
အဖြေထွက်လာခါနီးပေမဲ့ ပျောက်ဆုံးနေသောပြတင်းစက္ကူတစ်လွှာရှိစမြဲပင်။
ထိုစဥ်၊ ရှုလင်ကျားမျက်တောင်ခတ်လိုက်ရာ သူ့ဘေးရှိကျောက်စိမ်းဟာမှန်ပမာချောမွေ့နေကာ သူ့အရိပ်နှင့် သွားနှင့်လက်သည်းတို့ဖြင့်အရိုးစုများမှာ၎င်းအပေါ်တွင်ထင်ဟပ်နေသည်ကိုမြင်လိုက်ရသည်။
သူ့စိတ်ထဲတွင်အတွေးတစ်ခုဖျတ်ခနဲပေါ်လာကာ ရှုလင်ကျားရုတ်ခြည်းသဘောပေါက်သွားသည်။
--အလင်းရောင်မဟုတ်ဘူး၊ မှန်တွေပဲ!
ခုနကအိပ်မက်ထဲတွင်သူ့ကိုတိုက်ခိုက်ခဲ့သည့်အမျိုးသမီးဟာမှန်ထဲမှပေါ်ထွက်လာခြင်းပင်။
သူမကပုတီးစေ့ကိုအာရုံခံမိသောကြောင့်ပေါ်ထွက်လာသည်လား(သို့) သူမကအရင်ပေါ်လာပြီးတော့ ပုတီးစေ့ကြောင့်လှုံ့ဆော်ခံလိုက်ရသည်လား ရှုလင်ကျားသေချာမသိပေ။ မည်သို့ပင်ဖြစ်စေ တစ္ဆေအမျိုးသမီးနှင့်ပုတီးစေ့လက်ကောက်ကြားတွင်ဆက်နွယ်မှုတစ်ခုရှိကိုရှိရမည်။
သူကြားဖူးသောပုံပြင်တစ်ခုကိုရှုလင်ကျားသတိရသွားသည်။
လူသတ်သမားကလူသတ်မှုကျုးလွန်ရာတွင် သူ့ဘေးတွင်မှန်ထားခြင်းကိုအတားမြစ်ထားဆုံးဟု ဒဏ္ဍာရီကဆိုသည်။ အတွေ့အကြုံရှိသည့်လူသတ်သမားဟာလူသတ်မှုမကျူးလွန်ခင် မှန်ကိုရိုက်ခွဲခြင်း(သို့)မှန်ကိုဇောက်ထိုးထားရမည်ပင်။
အဘယ်ကြောင့်ဆိုသော် မှန်ကားယင်ဓာတ်စုဆောင်းသည့်အရာတစ်ခုဖြစ်ပြီး လူတစ်ယောက်သေဆုံးသွားချိန်တွင် နာကျည်းမှုအငြှိုးအတေးနှင့်ဝိညာဥ်အစိတ်အပိုင်းပင်၎င်းထဲချက်ချင်းစုပ်ယူခံလိုက်ရပြီး မှန်မျက်နှာပြင်နှင့်အတူယှဥ်တွဲနေထိုင်ရလိမ့်မည်ဖြစ်သည်။
အကယ်၍ အငြှိုးအတေးမှာနည်းပါးလို့ရှိရင် လူတို့မှန်ထဲကိုကြည့်လိုက်သောအခါ တချို့သောဝိုးတိုးဝါးတားအရာများကိုမြင်ရနိုင်သည်၊ ထိုတစ္ဆေများမှာကြောက်စရာကောင်းပေမဲ့ တကယ်ထိခိုက်အောင်လုပ်ခြင်းမရှိ။
သို့သော် အငြှိုးအတေးအလွန်များပြားလို့ရှိရင် သွေးပင်မှန်ပေါ်စင်သွားကာ အလွန်ခက်ထန်သောမှန်တစ္ဆေဖြစ်လာလိမ့်မည်ပင်။ ထိုအခါ မှန်ကိုသယ်ဆောင်ထားခြင်းပင် လူသတ်သမားအတွက်သေစေနိုင်သောလက်နက်တစ်ခုဖြစ်လာသည်။
မတိုင်ခင်ကရှုလင်ကျားကိုင်ခဲ့သည့်ကြေးမုံမှန်ဟာအနောက်ကတစ်ခုဖြစ်လိမ့်မည်။
ထို့အပြင် ဒီအရိုးစုများဟာလည်းအတူတူပင်ဖြစ်သည်။
လျို့ဝှက်ဂူတစ်ခုလုံးတွင် တောင်ထွတ်နံရံများအားလုံးဟာချောမွေ့သောအဖြူရောင်ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည်။ ၎င်းမှာမှန်ကဲ့သို့မကြည်လင်သော်လည်း ၎င်းဟာလည်းတချို့သောသက်ရောက်မှုရှိသည်။
ဤအရိုးစုများအားလုံးဟာဒီနေရာတွင်သေဆုံးသွားသည်မို့ ၎င်းတို့၏နာကျည်းချက်အငြှိုးအတေးများမှာကျောက်စိမ်းနံရံ၏စုပ်ယူခြင်းခံလိုက်ရပြီး ၎င်းတို့၏မူရင်းကိုယ်ထည်ဟာလည်းဒီမှာရှိနေသဖြင့် တိုက်ခိုက်ချက်မှာသဘာဝအလျောက်ပိုမိုခက်ထန်ပေသည်။
အလင်းမှိန်သောလှိုဏ်ခေါင်းထဲတွင် ပုံရိပ်များမှာကြည်လင်စွာမလင်းပေရာ ထိုအရိုးစုများကဖြည်းညှင်းစွာသာတုံ့ပြန်ခဲ့သည်။
တောက်ပကာလုံးဝန်းသောစင်မြင့်ထက်တွင်မူ ပိုမိုရှင်းလင်းကြည်လင်စွာလင်းထိန်လေလေ အရိုးစုများကပိုမိုခက်ထန်လေလေပင်။
ယင်းကားအလွန်အရေးကြီးသောသဲလွန်စဖြစ်ကာ ကျန်းရွေ့၏ပုတီးစေ့လက်ကောက်ကမှန်တစ္ဆေတို့နှင့်တစ်ခုခုဆက်နွယ်နေပေရာ တူညီသောတစ္ဆေအမျိုးအစားတို့၏နာကျည်းမှုကိုနိုးထစေကြောင်း ညွှန်ပြလျက်ရှိသည်။
သို့မဟုတ် အထဲရှိစိတ်ဝိညာဥ်ကိုယ်ထည်ဟာမှန်တစ္ဆေဖြစ်ပြီး ကျန်းရွေ့ကိုခေါ်သွားဖို့ကြိုးစားနေခြင်း(သို့) ပုတီးစေ့လက်ကောက်၏ယခင်ဝတ်ဆင်သူဟာ မှန်ရှေ့တွင်သေဆုံးသွားခဲ့သဖြင့် ပုတီးစေ့လက်ကောက်ကိုကျန်းရွေ့ကကောက်ယူသွားခြင်း။ အကြောင်းရင်းတစ်ခုရှိကိုရှိရမည်။
ရှုလင်ကျားနားလည်သွားပြီးနောက် ရှောင်မနေတော့ဘဲ ရုတ်တရက်မြဲမြံစွာရပ်ကာ ဓားရိုးကိုကိုင်းထားရင်းပြောလိုက်သည်။
"အားလုံးပဲ၊ ကျွန်တော်မျက်နှာသာပေးပြီးသွားပြီဆိုတော့ ခင်ဗျားတို့တစ်ကိုယ်လုံးထိန်းသိမ်းချင်ရင်လုံလောက်ပြီ။"
သဘာဝကျကျပင်၊ အရိုးစုများကနားမလည်ကြပေ။ ထိုသို့ပြောကာ ရှုလင်ကျားကရပ်မြဲရပ်နေသည်ကိုမြင်လိုက်ရရင်း သူနှင့်အနီးဆုံးအရိုးစုနှစ်ကောင်ဟာသူ့ကိုချက်ချင်းခုန်အုပ်ကာတိုက်ခိုက်လာသည်။
ရှုလင်ကျားခပ်မြန်မြန်အနောက်လှည့်လိုက်ပြီး တစ်ချိန်တည်း၌ဓားရှည်မှာ"ဝှစ်"ခနဲဓားအိမ်ထဲမှထွက်လာကာ ဓားဖျားမှာပြောင်းပြန်လန်သွားပြီး ရှေ့တည့်တည့်ကိုလွှဲခုတ်လိုက်သည်!
အရိုးစုနှစ်ကောင်မှာဇက်ကျိုးလျက်သားဖြင့်မြေပြင်ပေါ်ချက်ချင်းလဲကျသွားကာ ဦးခေါင်းခွံများမှာလိမ့်ကျသွားသည်။
သို့သော် ရှုလင်ကျားကရပ်တန့်မသွားဘဲ ဓားကိုလက်နောက်ပြန်ကိုင်ကာ ဓားချီစွမ်းအားများမှာမိုးပမာပျံ့ကြဲသွားပြီး သူ၏အနောက်ပိုင်းတစ်ခုလုံးကိုဖုံးအုပ်သွားကာ ရုတ်တရက်ပင်အလင်းပိုက်ကွန်တစ်ခုဖြစ်လာသည်။
ရှုလင်ကျားခေါင်းပင်မလှည့်ပေ။ ထိုတိုက်ကွက်နှစ်ခုပြီးသွားသော် သူကဓားကိုချက်ချင်းပြန်ရုတ်ကာ ဓားအိမ်ထဲထည့်လိုက်ပြီး သူ့အနောက်ရှိအရိုးစုများကိုမလှုပ်ရှားနိုင်တော့အောင်လုပ်ခဲ့သည်။
သူဓားထုတ်လိုက်တုန်းက ကူကယ်ရာမဲ့စွာဖြင့်အနည်းငယ်ထိတ်လန့်အံ့အားသင့်မိသည်။
ရှုလင်ကျား၏ဓားရေးမှာ အမြဲတစေ အလွန်ခက်ထန်ကာခွန်အားကြီးသော်လည်း ရိုးရိုးသားသားပြောရရင် သူဟာအဆုံးတွင်ငယ်ရွယ်နေသေးသည်။ သူ၏ပါရမီစွမ်းရည်ကထူးချွန်ပြောင်မြောက်ရင်တောင်မှ သူ၏လေ့ကျင့်ရေးဆင်းမှုမှာအကန့်အသတ်ရှိသည်။ သူဒဏ်ရာမရခင်တုန်းကပင် လှုပ်ရှားမှုတိုက်ကွက်များကိုထိုမျှသေသပ်စွာလုပ်ဖို့ရာအလွန်ခဲယဥ်းခဲ့သည်။
ဒီတစ်ခေါက်အမွေဆက်ခံတာက...ဟင့်အင်း၊ သူအမွေဆက်ခံခဲ့သည်ဟုပြောလို့ပင်မရသေးပေ။ သူ့မှတ်ဉာဏ်ထဲတွင်လုံးဝမရှိခဲ့သည့်အိပ်မက်တစ်ခုမက်ခဲ့ပုံမှာ နှစ်ရာချီကျင့်ကြံရေးကိုဘာမှမလုပ်ဘဲကောက်ရလာသည့်အလား။
သူအလွန်ကျွမ်းကျင်နေပုံမှာ ၎င်းမှာနဂိုကတည်းကသူ၏ကိုယ်ပိုင်အရာဖြစ်သည့်နှယ်။
ရှုလင်ကျားသံသယဝင်နေမိပြီး အနောက်လှည့်လိုက်ရာ ကျောက်စိမ်းတုံးထက်ရှိသူ၏ဝေဝါးသောမျက်နှာကိုမြင်လိုက်ရသည်။
သူဟာအိပ်မက်ထဲတွင်သေတဲ့အထိအကြွေးတင်နေပြီး ထိုမှန်ရှေ့တွင်မျက်နှာမဲ့ပြလိုက်တုန်းက သူဘာပြောနေခဲ့တာလဲ။
သူပြောခဲ့သည်...."အစ်ကိုဘာဖြစ်နေတာလဲ၊ မှန်ကိုဇောက်ထိုးသိမ်းထားဖို့လိုလို့လား။ တစ္ဆေကြီးထွက်လာပြီးတော့ အစ်ကို့ကိုစားသွားမှာကို ကျွန်တော်ကြောက်မိတယ်နော်?"
မှန်....တစ္ဆေ....ကျင်းဖေးထုန်...
ပြီးတော့ အိပ်မက်ထဲရှိသူနှင့်ဆက်ဆံရေးကောင်းသည့်ရှစ်ရှုန်း။
ရှုလင်ကျား၏နှလုံးသားမှာဇဝေဇဝါဖြစ်နေပြီး မြေပြင်ပေါ်ကအရိုးများကိုရှောင်ကာ အပြင်ကိုဆက်လျှောက်လာခဲ့သည်။
သူသည်ထွက်ပေါက်နားရောက်ခါနီးနေပေမဲ့ ကျင်းဖေးထုန်၏အရိပ်အယောင်ကိုလုံးဝရှာမတွေ့ပေ။ သို့သော် ဒီစက်ဝန်းကိုတစ်ပတ်ပတ်ပြီးနောက်တွင် သူ့ခြေဖဝါးအောက်ရှိမြေပြင်ဟာပျော့ပြောင်းကာစိုစွတ်လာသည်ကို ရှုလင်ကျားသတိထားမိလိုက်ပြီး ၎င်းမှာအနီးအနားတွင်ရေရှိသည်ဟုဆိုလိုခြင်းပင်။
သူထိုလားရာဘက်လျှောက်သွားရာ ဤနေရာထဲတွင်ဂူတစ်ခုရှိနေသည်ကိုနောက်ဆုံးတွင်ရှာတွေ့သွားပြီး နေရာလွတ်မှာတကယ့်ကိုအင်မတန်ကျယ်ပြောကာ ဤအချိန်တွင် သူ့ရှေ့ရှိမြက်ခင်းပြင်နှင့်မြစ်တို့၏မြင်ကွင်းရှိနေသည်။
မြစ်နံဘေးတွင်သစ်ပင်ကြီးတစ်ပင်ရှိပြီး မြေပြင်ပေါ်ရှိမြက်ခင်းပြင်ပေါ်ကအဖြူရောင်ပုံရိပ်ကိုရှုလင်ကျားချက်ချင်းမြငမလိုက်ရသည်၊ ၎င်းမှာသူလိုက်ရှာနေတာကြာပြီဖြစ်သည့်ကျင်းဖေးထုန်ပင်။
ရှုလင်ကျားအစကအော်ခေါ်ချင်ပေမဲ့ တစ်ဖက်လူကအိပ်ပျော်နေသည့်အလားမလှုပ်မယှက်ဖြစ်နေသည်ကိုမြင်လိုက်ရပေရာ သူတစ်အောင့်မျှတန့်သွားပြီးနောက် ခပ်ဖွဖွလျှောက်သွားလိုက်သည်။
သူနီးကပ်သွားချိန်တွင် ကျင်းဖေးထုန်ကသစ်ပင်ပင်စည်ကိုကျောမှီလျက်သားဖြင့် လက်နှစ်ဖက်ကိုသူ၏ကွေးထားသည့်ဒူးနှစ်ဖက်ပေါ်တင်ထားပြီး တကယ်အိပ်မောကျနေသည့်အလား သူအနားတိုးသွားတာတောင်နိုးလာခြင်းမရှိပေ။
သူသည်တစ်ဝက်ဆောင့်ကြောင့်ထိုင်လိုက်ရာ သူ့မျက်လုံးများမှာကျင်းဖေးထုန်နှင့်တစ်တန်းတည်းဖြစ်သွားပြီး တစ်ဖက်လူ၏မျက်နှာကိုကြည့်မိ၏။
နေရောင်ခြည်ကားသစ်ပင်တို့၏ထူထဲသောအရိပ်ကိုထိုးဖောက်ကာ သူ့မျက်နှာပေါ်ဖြာကျနေပြီး အလင်းပြောက်နှင့်အရိပ်တို့ကိုချန်ရစ်ခဲ့ပေမဲ့ အေးချမ်းမှုစိုးစဥ်းမျှမရှိပေ။
ကျင်းဖေးထုန်၏ရုပ်ရည်သွင်ပြင်မှာပင်ကိုယ်ချောမောခန့်ညားကာ ကျော့ရှင်းတင့်တယ်ပြီး သိမ်မွေ့ညင်သာသောစရိုက်ရှိပေရာ ဒီတစ်ခေါက်သူ့ကိုထိုမျှအနီးကပ်ကြည့်နေခြင်းဟာ သူ့အားပို၍ပင်နွေးထွေးကာတိတ်ဆိတ်သွားစေသည်။
လေပြည်ကားတောင်အုပ်၏ထိပ်ကိုဖြတ်၍တိုက်ခတ်သွားကာ သစ်ရွက်များမှာလှုပ်ခါလျက်ရှိပြီး အလင်းပြောက်များဟာလည်းကျင်းဖေးထုန်၏မျက်တောင်ပေါ်ခုန်ဆင်းသွားသည်။
ရှုလင်ကျားသည်အလင်းပြောက်ကိုစိုက်ကြည့်လိုက်ရာ ကျင်းဖေးထုန်၏မျက်တောင်များမှာ အိပ်မက်မှနိုးလာတော့မည့်အလား အကြိမ်အနည်းငယ်တုန်ယင်သွားသည်ကိုမြင်လိုက်ရပေမဲ့ အဆုံးတွင်သူဟာနိုးမလာဘဲ သူ့မျက်ခုံးနှစ်ဖက်မှာအသာတွန့်ခေါက်သွား၏။
သူမနေနိုင်ဘဲစိတ်ထဲတွင်တိတ်တခိုးခန့်မှန်းမိသည်၊ ကျင်းဖေးထုန်ဘာအကြောင်းအိပ်မက်မက်နေတာလဲ။
သူ့ကိုအချိန်အကြာကြီးနှောင့်ယှက်နေခဲ့သည့်မိစ္ဆာအတွင်းစိတ်လား၊ သူမိစ္ဆာအတွင်းစိတ်ထဲကလူကိုထပ်မြင်နေတာများလား။
ရှုလင်ကျားသည်ကျင်းဖေးထုန်ကိုစိုက်ကြည့်ကာ သူ့အိပ်မက်ထဲကရှစ်ရှုန်း၏ပုံစံကိုပြန်တွေးကြည့်မိပေမဲ့ လုံးဝမမှတ်မိနိုင်ပေ။
ထိုစဥ်၊ ကျင်းဖေးထုန်၏လက်ကရုတ်တရက်မြှောက်ကာ သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လာသည်။
ရှုလင်ကျား၏နှလုံးသားမှာလည်းတုန်ရီသွားသည်။
ထိုအချိန်တုန်းက အဘိုးအိုရုတ်တရက်ပေါ်လာပြီး သူနှင့်ကျင်းဖေးထုန်အားသတိချပ်သွားစေခဲ့သည်။ ရှုလင်ကျားရှေ့တိုးကာ တစ်ဖက်လူနှင့်စတင်တိုက်ခိုက်လိုက်သည်။ ကျင်းဖေးထုန်ကခြေတစ်လှမ်းနှေးသွားပြီးနောက် သူ့ဓားကိုဆွဲထုတ်လိုက်သည်။
သို့သော် သူဓားကိုလွှဲခုတ်လိုက်သည်နှင့် သူ့ရှေ့ရှိမြင်ကွင်းမှာရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။
အရင်တစ်ခေါက်တုန်းကမြင်ခဲ့ရသည့်ရင်းနှီးသောမြူခိုးထူဟာသူ့မျက်စိရှေ့တွင်တစ်ဖန်ပေါ်လာပြန်သည်။
အဖြူရောင်မြူခိုးကိုမြင်လိုက်ရရင်း ခုနကရှုလင်ကျားနှင့်တိုက်ခိုက်နေသည့်အဘိုးအိုဟာ လျို့ဝှက်ဂူထဲရှိအကြီးအကဲချန်ရစ်ခဲ့သည့်အသိစိတ်ဖြစ်မည်မှန်း သူချက်ချင်းသဘောပေါက်သွားခဲ့သည်။ ကြည့်ရသည်မှာ ရှုလင်ကျားကဓားရေး၏ဉာဏ်အလင်းပွင့်မှုကိုလက်ခံနိုင်သည့်ပုံပင်။
ဤနားလည်သဘောပေါက်မှုဟာ သူ့အားသူ၏စိတ်ပူမှုတို့ကိုလွှတ်ချသွားစေပြီး တစ်ချိန်တည်း၌သူ၏နှလုံးသားမှာအရိုင်းဆန်စွာခုန်ပေါက်လျက်ရှိသည်။
ဒီတစ်ခေါက်မြူခိုးထူအနောက်မှာ သူမြင်ချင်တဲ့လူထပ်ပေါ်လာအုံးမှာလား။
ကျင်းဖေးထုန်အဖြူရောင်မြူခိုးထူထဲတွင်အရှေ့ကိုတိုးကာ အကြာကြီးလျှောက်သွားမိပေမဲ့ အရင်တစ်ခေါက်ကရင်းနှီးကျွမ်းဝင်သောပုံရိပ်ကိုမတွေ့ရဘဲ ရေစီးဆင်းသံကိုသာကြားလိုက်ရသည်။
မြူခိုးထူ၏အဆုံးတွင်မြစ်ငယ်လေးတစ်စင်းရှိနေခြင်းဖြစ်ကာ သူ့မျက်နှာကရေထဲတွင်ရောင်ပြန်ဟပ်သွားသည်။
အဖြေမှာလက်တစ်ကမ်းသာလိုတော့ပြီး သူသိရတော့မည်ဖြစ်သော်လည်း အချိန်တိုင်းမှာသူ့အားလွင့်ပျံသွားစေသည်။
လေပြည်မှာမြစ်ရေအားလှိုင်းဂယက်ငယ်လေးများဖြစ်ပေါ်သွားစေလေရာ အထဲရှိပုံရိပ်မှာအဆက်မပြတ်ပျက်ယွင်းကာပြန်လည်ဖြစ်တည်လာပြီး ပို၍ပင်ရယ်စရာကောင်းစေကာ ၎င်းကိုတစ်ခဏကြာစိုက်ကြည့်ရုံသာစိုက်ကြည့်နေမိသည်မှာ အရိပ်ကားသူမဟုတ်တော့သည့်နှယ်။
ကျင်းဖေးထုန်သည်မျက်နှာရှည်လာကာ ယိမ်းထိုးသွားသည်ကိုကြည့်နေမိပြီး တဖြည်းဖြည်းချင်းနှင့်လူ့မျက်နှာပေါ်ရှိပါးစပ်ဟာပွင့်လိုက်၊ပိတ်လိုက်ဖြင့် သူ့အားမေးနေပေသည်။
"မင်းဘဝမှာနောင်တရမိတာရှိလား။"
"အရာအားလုံးကိုကယ်တင်ပြီး အချိန်ကိုနောက်ပြန်ဆုတ်ချင်တဲ့တစ်ယောက်ယောက်ရှိလား။"
"မင်းရင်ထဲကအကြီးမားဆုံးအကြောက်တရားကဘာလဲ။ မင်းရဲ့အကြီးမားဆုံးလိုအင်ဆန္ဒကဘာလဲ။"
ထိုအသံထဲတွင် မရေတွက်နိုင်သောရှုပ်ထွေးနေသည့်ပုံရိပ်များကသူ့ရှေ့တွင်ထပ်သွားကာ လှည့်ထွက်သွားသည့်နောက်ကျောပုံရိပ်များအဖြစ်ပြောင်းသွားပြီး ကျောပြင်ပုံရိပ်တစ်ခုချင်းစီ၏အနောက်တွင် သူ၏မဝံ့တရဲဆန့်ထုတ်ထားသောလက်တစ်ဖက်ရှိသော်လည်း အရာရာတိုင်းမှာအချည်းနှီးပင်။
သူ၏အိပ်မက်အားလုံးထဲတွင် ထိုသူ့ကိုလှမ်းဆွဲကာ"ကိုယ့်ကိုထားမသွားပါနဲ့"ဟုပြောရာတွင် ဘယ်တုန်းကမျှအောင်မြင်ခဲ့ခြင်းမရှိပေ။
အရာအားလုံးကိုတကယ်ဘဲဆုပ်ကိုင်ထားလို့ရရင်...
ကျင်းဖေးထုန်ထိုသို့တွေးမိကာ မသိလိုက်မသိဘာသာဖြင့်လက်မြှောက်လိုက်မိသည်။
သူ့လက်မှာပုံရိပ်ယောင်နှင့်တစ်ထပ်တည်းကျသွားပြီး ချက်ချင်းပင် သူဟာအေးစက်ကာနူးညံ့သောဝတ်ရုံလက်ကိုတကယ်ထိမိသွားသည်။
တစ်ဖက်လူကတန့်သွားကာလှည့်ကြည့်လာသည်။
သူသည်ဝတ်ရုံလက်အောက်ရှိလက်ကောက်ဝတ်ကိုတင်းကြပ်စွာဆုပ်ကိုင်လျက် အသက်ရှုအောင့်လိုက်မိသည်။
---ယင်းကားသူအလွန်ရင်းနှီးနေသည့်မျက်နှာတစ်ခုပင်။
ကျင်းဖေးထုန်ရုတ်ခြည်းမျက်စိဖွင့်လိုက်ရာ ရှုလင်ကျားကိုအနီးကပ်မြင်လိုက်ရသည်။
အစစ်အမှန်နှင့်ပုံရိပ်ယောင်မှာတစ်ထပ်တည်းကျသွားကာ ၎င်းတို့မှာလုံးဝကိုကိုက်ညီလျက်ရှိပြီး သူဘယ်မှာလဲဆိုတာပြောပင်မပြောနိုင်တော့ပေ။
ထိုအခိုက်အတန့်၌ သူ့ကိုနှစ်ပေါင်းများစွာနှောင့်ယှက်နေခဲ့သည့်မိစ္ဆာအတွင်းစိတ်မှာသူ့နှလုံးသားမှဆွဲနှုတ်ခံလိုက်ရပြီးနောက် သူ့ရင်ဘတ်ကိုထိုးဖောက်သွားသည်ကို ကျင်းဖေးထုန်ခံစားလိုက်ရပြီး နောက်ဆုံးတွင်ထိုသူ၏မျက်နှာကိုမှုန်ဝါးစွာဖော်ပြလာကာ သူ့ရှေ့ရှိလူသား၏ရုပ်ရည်သွင်ပြင်အဖြစ်ပြောင်းသွားပေသည်။
သူ့နှလုံးသားထဲတွင်ရုတ်ခြည်းလှိုင်းထန်သွားသည်။
ရှုလင်ကျားသူ့လက်ကောက်ဝတ်ကိုငုံ့ကြည့်လိုက်ရာ သူနိုးနေကြောင်းမြင်လိုက်ရပေမဲ့ သူဘာမှမမေးနိုင်ခင် ကျင်းဖေးထုန်ကသူ့ကိုလက်မောင်းကြားထဲဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ဖက်လာသည်။
ကျင်းဖေးထုန်ကတင်းကြပ်စွာဖက်ထားပြီး ဝတ်ရုံလက်ကျယ်နှစ်ဖက်ကရှုလင်ကျား၏တစ်ကိုယ်လုံးကိုထုပ်ပိုးထားပုံမှာသူသာနည်းနည်းလေးဖြေလျော့လိုက်လို့ရှိရင် ရှုလင်ကျားကသူ့မျက်စိရှေ့တွင်ပျောက်ကွယ်သွားတော့မည့်နှယ်။
နှစ်ဦးသား၏ရင်ဘတ်မှာထိကပ်လျက်ရှိပြီး အသွေးနှင့်အသားကိုပင်ဖြတ်၍ တစ်ဖက်လူ၏မြန်ဆန်သောနှလုံးခုန်သံကိုရှုလင်ကျားရှင်းလင်းစွာခံစားလို့ရသည်။
ဤပွေ့ဖက်မှုကားအလွန်ပြင်းထန်ကာပူလောင်လှသည်။
ရှုလင်ကျားမသိလိုက်မသိဘာသာဖြင့်လွှတ်ခနဲခေါ်လိုက်မိသည်။
"ရှစ်ရှုန်း။"
သူဘယ်သူ့ကိုခေါ်နေတာလဲ(သို့) သူဘယ်သူလဲဆိုတာအနည်းငယ်မရှင်းမလင်းဖြစ်နေမိသည်။
အချိန်အတော်ကြာပြီးနောက်၌ ကျင်းဖေးထုန်ကရှုလင်ကျားကိုဖြည်းဖြည်းချင်းလွှတ်ပေးကာ သူ့ကိုတစ်အောင့်ကြာသေချာဂရုတစိုက်ကြည့်ပုံမှာ ကြည့်မဝသည့်အလား သူကနားထင်ပေါ်ရှိရှုပ်ပွနေသည့်ဆံနွယ်အချို့ကိုကူသပ်ပေးကာတီးတိုးပြောလာသည်။
"ကိုယ်ခုနကအိပ်မက်ဆိုးမက်ခဲ့တယ်။ မင်းကိုခဏလေးမတွေ့ရတာ အချိန်တော်တော်လေးကြာသွားသလိုခံစားလိုက်ရတယ်။"
ရှုလင်ကျားကသူ့ကိုမျက်ဝန်းထဲတွင်နက်နဲသောအတွေးဖြင့်စိုက်ကြည့်မိသည်။
ကျင်းဖေးထုန်ကသူ့ကိုကြည့်ကာ သူ့နှလုံးသားနူးညံ့သွားရပေမဲ့ သူ့ကိုယ်သူချုပ်တည်းမိသည်။
သူပင့်သက်ရှိုက်ကာ အရိုင်းမဆန်မိအောင်ကြိုးစားပြီးမေးလိုက်သည်။
"ခုနကမင်းနဲ့ဆွေးနွေးနေတဲ့တစ်ယောက်က အဘိုးကြီးခန်းမင်ရဲ့အသိစိတ်မလား။ မင်းဘယ်လိုခံစားရလဲ။"
သူမသိပေ၊ တကယ်တော့ ရှုလင်ကျားဟာလည်းအမွေမဆက်ခံရသေးပေ။
ရှုလင်ကျားမှာအိပ်မက်ထဲကထွက်လာပြီးနောက်ပိုင်း သံသယဝင်နေမိသည်။ ဒီတစ်ခေါက်ကျင်းဖေးထုန်၏တုံ့ပြန်မှုကိုမြင်လိုက်ရရာ သူပို၍ပင်ပဟေဠိဖြစ်သွားသည်။
သူသည်သူ့ရင်ထဲရှိအရာများကိုသိုဝှက်ထားနိုင်သည့်လူတစ်ယောက်မဟုတ်။ သူသာလူတစ်ယောက်ကိုမိတ်ဆွေသူငယ်ချင်းအဖြစ်တကယ်သတ်မှတ်ထားလိုက်သည်နှင့် သူ့ဦးနှောက်နှင့်ခန့်မှန်းနေတာထက်စာရင် လူကိုယ်တိုင်ကိုယ်ကျမေးလိုက်တာကပိုကောင်းသည်။
ရှုလင်ကျားကကျင်းဖေးထုန်၏စကားတို့ကိုမဖြေဘဲပြောလိုက်သည်။
"ရှစ်ရှုန်း၊ ကျွန်တော်ခင်ဗျားကိုမေးခွန်းအချို့မေးချင်တယ်။"
သူ၏လေးနက်သောမျက်နှာထားကိုမြင်လိုက်ရရင်း ကျင်းဖေးထုန်ခေါင်းငြိမ့်ကာပြောမိသည်။
"မေးလေ။"
ရှုလင်ကျားပြောလိုက်သည်။
"ပထမဆုံးအနေနဲ့ ခင်ဗျားဒီလျို့ဝှက်ဂူထဲကိုလာဖို့အကောင်းဆုံးကြိုးစားခဲ့တာက တကယ်ဘဲမိစ္ဆာအတွင်းစိတ်ကိုဖယ်ရှားချင်ရုံသက်သက်ပဲလား။"
ကျင်းဖေးထုန်ကမတုံ့မဆိုင်းဘဲဖြေသည်။
"ဟုတ်တယ်။"
ရှုလင်ကျားခေါင်းငြိမ့်ကာပြောလိုက်သည်။
"ဟုတ်ပြီ၊ ဒုတိယမေးခွန်း။ ခင်ဗျားကျွန်တော်နဲ့တွေ့ပြီးနောက်ပိုင်းမှာ ခင်ဗျားကျွန်တော့်ကိုအရမ်းကောင်းပေးပြီး အကြိမ်ပေါင်းများစွာကူညီပေးခဲ့တယ်။ အဲ့ဒါက ရည်ရွယ်ချက်ရှိရှိလား၊ တိုက်ဆိုင်မှုသက်သက်လား။"
ကျင်းဖေးထုန်ကဆိုသည်။
"ကိုယ်တို့နှစ်ယောက်မြို့ထဲမှာတွေ့တာကတကယ့်ကိုတိုက်ဆိုင်မှုသပ်သပ်ပါပဲ။ ဒါပေမဲ့နောက်ပိုင်းမင်းနဲ့သိကျွမ်းလာပြီးတော့ မင်းနဲ့ရင်းနှီးသလိုခံစားရလို့ မင်းနဲ့မသိစိတ်ကနီးစပ်ချင်နေမိတာ၊ အဲ့ဒါပဲ။"
ရှုလင်ကျားပြောလိုက်သည်။
"အရင်ကခင်ဗျားပြောခဲ့တာကိုကျွန်တော်မှတ်မိပါသေးတယ်၊ ခင်ဗျားရဲ့ မိစ္ဆာအတွင်းစိတ်ထဲမှာအမြဲပေါ်လာတတ်တဲ့လူကဘယ်လိုပုံစံရှိလဲဆိုတာကျွန်တော်မသိဘူး။"
ဒီတစ်ခေါက်ကျင်းဖေးထုန်မပြောခင်တန့်သွားသည်။
"ကိုယ်အရင်ကတကယ်မသိခဲ့ဘူး။"
သူ့အသက်ရှုနှုန်းတစ်အောင့်ကြာတန့်သွားသည်ကိုရှုလင်ကျားလည်းခံစားလိုက်ရပြီး ကူကယ်ရာမဲ့စွာဖြင့်ကျင်းဖေးထုန်၏လက်ကိုဆုပ်ကိုင်ကာ သူ့မျက်ဝန်းထဲစိုက်ကြည့်၍ဖြည်းဖြည်းချင်းပြောမိသည်။
"ဒီတော့ ခင်ဗျားအခုသိသွားပြီပေါ့?"
ကျင်းဖေးထုန်ကဘာမှမပြောပေ၊ ရှုလင်ကျားထပ်ပေါင်းပြောလိုက်သည်။
"သူကကျွန်တော်နဲ့တူလား။ ခင်ဗျားကျွန်တော့်အပေါ်အရမ်းကောင်းပေးတာကအကြောင်းပြချက်မရှိဘူးလို့ ခင်ဗျားပြောရဲသေးတယ်နော်?"
သူထိုကဲ့သို့တည့်တိုးမေးခွန်းကိုမေးလိမ့်မည်ဟုကျင်းဖေးထုန်မထင်ထားမိပေ၊ ရှုလင်ကျားကဒီမေးခွန်းကိုဘယ်လိုသိလာလဲသူမသိပေရာ အကာအကွယ်မဲ့သွားသည်။
သို့သော် ဒီကိစ္စထဲတွင်သူဘယ်ကစပြောရမှန်းမသိသည့်အရာများစွာရှိနေပေရာ သူ့အားတစ်ခဏမျှဆွံ့အသွားစေသည်။
ရှုလင်ကျားကကျင်းဖေးထုန်၏အဖြေကိုစောင့်နေပေမဲ့ ကျင်းဖေးထုန်ကတိတ်ဆိတ်နေသည်။
နှစ်ဦးသားမှာအပြန်အလှန်ကြည့်နေပြီး တစ်အောင့်ကြာသော် ရှုလင်ကျားသူ့လက်ကိုလွှတ်ချကာ ရုတ်ခြည်းမတ်တပ်ရပ်၍ လှည့်ထွက်သွားလိုက်သည်။
ကျင်းဖေးထုန်တောင့်ခဲသွားကာ ခပ်မြန်မြန်နောက်ကလိုက်၍ သူ့ကိုလှမ်းဆွဲကာပြောမိသည်။
"ရှောင်ကျား!"
ရှုလင်ကျားသူ့လက်ကိုခါချကာပြောလိုက်သည်။
"ကျင်းဖေးထုန်၊ ကျွန်တော်ရဲ့မူရင်းအသွင်ကမြေခွေးမှန်းခင်ဗျားသိနေပြီးသားဆိုတာကျွန်တော်သိသွားတုန်းက ခင်ဗျားကျွန်တော့်ကိုအနာဂတ်မှာလိမ်မပြောတော့ဘူးလို့ကတိပေးခဲ့တာကို ကျွန်တော်မှတ်မိပါသေးတယ်၊ ကျွန်တော်ခင်ဗျားကိုမိတ်ဆွေအရင်းအဖြစ်သတ်မှတ်ထားခဲ့တာမို့ ကျွန်တော်ယုံကြည်ပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားအခုဘာကိုဆိုလိုတာလဲ၊ ကိစ္စတွေဘယ်လောက်များများဖုံးကွယ်ထားခဲ့တာလဲ။ ခင်ဗျားလာနောက်နေတာလား။"
"ဒါကအသေးအမွှားကိစ္စဆိုပေမဲ့ ကတိတစ်ခုကိုဟာသလုပ်နေတာကိုကျွန်တော်သည်းညည်းမခံနိုင်ဘူး။"
ကျင်းဖေးထုန်ကရှင်းပြသည်။
"ကိုယ်မနောက်ပါဘူး၊ ကိုယ်က..."
ရှုလင်ကျားဖြတ်ပြောလိုက်သည်။
"ခင်ဗျားမှာမှန်းဆလို့မရတဲ့ဇစ်မြစ်ရှိပြီးတော့ ထူးထူးဆန်းဆန်းပြုမူနေခဲ့တာ။ ကျွန်တော်လေးစားသမှုနဲ့ ဘယ်တုန်းကမှထုတ်မမေးခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့အရာအားလုံးကကျွန်တော်နဲ့ဆက်နွယ်နေပါရက်နဲ့ ခင်ဗျားကျွန်တော့်ကိုဘယ်လောက်ကြာကြာအရူးလုပ်နေအုံးမှာလဲ။ ကျွန်တော်ခင်ဗျားနဲ့နေ့နေ့ညညအတူရှိဖို့စိတ်မရှည်ဘူး၊ ကျွန်တော်တို့ကမိတ်ဆွေတွေလို့ထင်နေခဲ့ပေမဲ့ ကျွန်တော်ကခန့်မှန်းပြီးရင်းခန့်မှန်းနေရတုန်းပဲ! ခင်ဗျားကိုကျွန်တော်ယုံကြည်လာအောင် ခင်ဗျားဘယ်လိုလုပ်နိုင်မှာလဲ။"
သူအချိန်အတော်ကြာအောင့်အီးထားခဲ့ရပြီး သူပြောသင့်တာကိုတစ်ခါတည်းရိုးစင်းစွာပြောပစ်လိုက်သည်မို့ ယဥ်ကျေးမနေတော့ပေ။
မတိုင်ခင်ကရှုလင်ကျားသည်ဟယ်ဇီကျိုးအားအကြိမ်ပေါင်းများစွာမေးခဲ့ဖူး၏၊ ကျန်းရွေ့ကိုဘာကြောင့်တောင်ပေါ်ခေါ်လာတာလဲ၊ ဂိုဏ်း၏စည်းမျဥ်းနှင့်သူနှင့်သူကိုယ်တိုင်ကြားရှိဆက်ဆံရေးကိုပင်မလေးမထားဘဲ ဘာကြောင့်များသူ့ကိုကြိမ်ဖန်များစွာကာကွယ်ပေးပြီး အလိုလိုက်ခဲ့ရတာလဲဟုပင်။
Advertisement
- In Serial65 Chapters
Kobold Whisperer
Kobolds are looked down on even by the lowest of society. Laws don't forbid their capture and enslavement, few groups believe them to be worth freeing. One knight doesn't believe in slavery of any sort and when his mission leads him to some kobold slavers he knows exactly how to deal with them. In the process, he gets an unexpected friend and it only snowballs from there. Before long, other adventurers of the land begin to call him by a new name, the kobold whisperer. Tales spread quite far about the man that knows more kobolds than humans, and eventually, he begins questioning the nation at large. His fateful encounters with the kobolds leads him to a bold stance. Merdon, seasoned adventurer, will do anything to free the oppressed lizard race. Even overthrow the king.
8 280 - In Serial20 Chapters
Highborn (The Stormforth Chronicles)
Highborn, the Guardians of Alluvion, have vanished from Alluvion. Destin, though physically weak possesses that very power of the Highborns, yet this forgotten knowledge was kept secret until a vision of another Highborn lead him into a journey to restore that lost magic in world, reawakening this lost power. Guided by the help of his dwarven friend Goddar and Highborn Master Gideon, they will oppose the High King of Arthemis to empower the rebellion and again bring order to the land. An inheritor of the lost power, Destin has hidden his secret his entire life in his bid to remain alive. While his secret may be safe inside the prison camp of Vertrock, there’s no guarantee he’ll keep his life much longer. Physically weak but determined to survive, he quietly plots his escape. The High King of Arthemis will do everything in his power to bury the knowledge of the Highborn once and for all. With a rebellion on the rise, Destin and his friends will have to rise above the obstacles in their path to bring balance once more to a war torn land. However, his potential unlocks with the key of his belief.
8 108 - In Serial7 Chapters
Silver Imperium
The boundaries of one man's mind are tested when he finds himself falling through the immaterium. Join Silver on his crusade across Warhammer 40,000. See him fight a variety of Xeno foes while shoulder to shoulder with the forces of the Imperium.
8 185 - In Serial7 Chapters
The Rise of Rose
Those who have power guard it jealously. Those who desire power must pry it from their hands, by any means necessary. And Rose wants Power. *Cover art isn't mine. If it's yours please tell me if you want it taken down, and I will do so posthaste.*
8 185 - In Serial67 Chapters
I Win to be Heard (litRPG)
Born mute, Saya is sheltered and trained to become a [mage], but she doesn't want to follow that path and chooses to forge her own, certain she will achieve what she wants. "No matter what blocks my path, I will win." In her ambitions, she is caught in matters far beyond the scope of her life, slowly learning more about the grim imbalance that threatens the world's order, and the government of gods' true motives. Is Saya really trailblazing, or is she being manipulated by the shackles of fate?
8 191 - In Serial42 Chapters
Whatever
Jesse Falls Anderson is the daughter of Daniel Anderson and Riley Falls. She has half alpha and half warrior blood in her but the problem is her warrior blood is more then her alpha blood. Which means Jesse will have no choice but to find her mate for her pack! But there's a slight problem. Ever since she was small, she never hopes for her prince charming, as known as her mate, to be there for her. It's a good thing she never DID hope for her mate. Why? Well lets just say that there's gonna be a BIG surprise for Jesse.
8 59

