《Rain On Me (KookV/Completed)》IX. Mending Your Heart
Advertisement
Unicode-
ေဆာင်းဦးမနက်ခင်း မှန်ပြတင်းဆီက တိုးဝင်လာတဲ့ နေရောင်ခြည်ဟာ လိုက်ကာတွေကနေတစ်ဆင့် အခန်းထဲအထိ တစ်စွန်းတစဖြာကျနေတယ်။ နှုိးစက်မလိုဘဲ အချိန်မှန်နိုးလေ့ရှိတဲ့ ကျွန်တော်က နေရောင်ခြည်ရဲ့ အငွေ့အသက်ရတာနဲ့ ချက်ချင်း အိပ်ရာကနိုးလာတတ်တာ။
ဒီတစ်ကြိမ် နိုးထလာခြင်းမှာ အရင်နေ့တွေနဲ့မတူဘဲ ထွေးထွေးမှုတစ်ခုကို ခံစားမိနေတယ်။ ကျွန်တော်ဟာ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခံထားရပြီး နွေးထွေးတဲ့ခံစားချက်ဟာ သူ့ရင်ခွင်ဆီကမြစ်ဖျားခံတယ်။
သူဘယ်သူဆိုတာ ကျွန်တော့်နှလုံးသားရော အသိစိတ်ကရော သိနေပြီးသားမို့ ဘယ်သူလဲလို့ နှုတ်ကဖွင့်မေးစရာ မလိုတော့ပါဘူး။ ကျွန်တော် သိပ်ချစ်နေရတဲ့ မျက်လုံးဝိုင်းဝိုင်းပိုင်ရှင်လေး ဂျွန်ဂျောင်ဂုက ကျွန်တော့်ကို ပွေ့ဖက်ပေးထားတာ။
နွေးထွေးတဲ့ သူ့ရင်ခွင်ဟာ ချစ်ခြင်းတရားရဲ့ အငွေ့အသက်တွေပါ လွှမ်းခြုံနေခဲ့တာမို့ ကျွန်တော့်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေပါ ယှက်သန်းလာခဲ့တယ်။ သိပ်မကြာခင်မှာ ကျွန်တော့်အတွက် ပိုပျော်ရွှင်စရာတွေ ရောက်လာတော့မယ်။
" အစ်ကိုထယ် နိုးလာပြီလား "
ကျွန်တော့်ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်မိတာနဲ့ နိုးနှင့်နေပုံရတဲ့ ဂျောင်ဂုဟာ အိပ်ရာထခါစ ခပ်လေးလေးလေသံနဲ့ အမေးစကားဆိုလာတယ်။ ကျွန်တော်လည်း သူ့မေးခွန်းကိုပြန်ဖြေဖို့ သူနဲ့မျက်နှာချင်းဆိုင်အောင် ခန္ဓာကိုယ်ကိုလှည့်ရင်း သူ့ကိုအရင်ပြုံးပြမိတယ်။
" အင်း အစ်ကိုနိုးလာပြီ။ အစ်ကို အအေးမိပြီး မဖျားသွားအောင် တစ်ညလုံး နွေးနွေးထွေးထွေး ဖက်ပေးထားလို့ ကျေးဇူးပဲနော် "
ဂျောင်ဂုက ကျွန်တော့်ကို ရွှန်းရွှန်းစားစားမျက်ဝန်းတွေနဲ့ ပြန်ကြည့်ရင်း အတောက်ပဆုံး ပြန်ပြုံးပြလာတယ်။ သူ့လက်ချောင်းလေးတွေဟာလည်း အိပ်ရာနိုးခါစ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ကျွန်တော့်ဆံနွယ်တွေကြား ယုယုယယပွတ်သပ်လို့။
" ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး အစ်ကိုရယ်။ ကျွန်တော် သိပ်မြတ်နိုးရတဲ့အရာကို အထိအခိုက်မရှိအောင် စောင့်ရှောက်ပေးခဲ့ရုံပါ "
ဂျောင်ဂုက အိပ်နေရင်းစကားပြောရတာကို မကျေနပ်တော့ဘဲ ကျွန်တော့်ခါးအောက် လက်လျှိုဝင်ပြီး ထိုင်လျှက်အနေထားထိ ဆွဲထူပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ကျွန်တော်နဲ့မျက်နှာချင်းဆိုင်မှာ တင်ပလ္လင်ခွေထိုင်ရင်း ကျွန်တော့်မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံလျှက်သား။
" အစ်ကိုက မင်း မြတ်နိုးရတဲ့အရာလို့ ပြောလိုက်တာလား ဂျောင်ဂု "
မယုံကြည်ရဲသေးတဲ့ ကျွန်တော်ဟာ ဒီမေးခွန်းရဲ့အဖြေအတွက် မျှော်လင့်ချက်သိပ်မထားတဲ့ မျက်ဝန်းရွဲရွဲတွေနဲ့ သူ့ကိုငေးကြည့်နေတယ်။ ကျေးဇူးပြုပြီး ကျွန်တော်လိုချင်တဲ့အဖြေမျိုး သူ့ပြန်ပေးပါစေ။
" ဟုတ်တယ် ကျွန်တော့်မိဘတွေပြီးရင် အစ်ကိုက ကျွန်တော် အမြတ်နိုးရဆုံးသူပဲ "
ကျွန်တော် ငိုချလိုက်သင့်လား။ ကျွန်တော် သိပ်ချစ်နေရတဲ့သူဆီက မြတ်နိုးခြင်းခံရတာ ဝမ်းသာလုံးဆို့တော့မယ်။ ဒါ..ဒါက သူကျွန်တော့်ကို ချစ်နေတယ်လို့ သွယ်ဝိုက်ပြောနေတာလည်း ဖြစ်နိုင်သေးတယ်။ အား..ကျွန်တော် ပျော်လွန်းလို့ ရူးတော့မယ် ထင်တယ်။
" တစ်ခုတော့ရှိတယ် အစ်ကို။ ဖြစ်လာမယ့် ပြဿနာတွေကို ကြိုရှင်းတဲ့အနေနဲ့ ကျွန်တော် အစ်ကို့ကို ဖွင့်ပြောစရာရှိတယ်။ ကျွန်တော့်ကို ဘာအကြောင်းနဲ့မှ အထင်မလွဲဖို့ တောင်းဆိုပါရစေ "
အသနားခံနေတဲ့ ရီဝေဝေသူ့မျက်ဝန်းတွေက အပျော်နဲ့ပြည့်နေတဲ့ ကျွန်တော့်နှလုံးသားကို တစ်ဒင်္ဂ တုန်လှုပ်သွားစေတယ်။ သူပြောပြမယ့် အကြောင်းအရာဟာ သူနဲ့ကျွန်တော့်ကြား စည်းခြားထားစေတဲ့ အကြောင်းအရင်းများလား။
" မင်းပြောမှာက ဘာအကြောင်းမို့လို့လဲ ဂျောင်ဂု။ ဘာပဲဖြစ်ဖြစ် မင်းကို မနေ့က ကတိပေးထားသလို မင်းဘက်က အမှန်အတိုင်းပြောလာတာကို ငါထွက်မပြေးဘဲ နားထောင်ပေးမယ် "
ကျွန်တော့်စကားကြားတော့ ဂျောင်ဂု စိတ်မသက်သာစွာ ခပ်ယဲ့ယဲ့ကလေး ပြုံးလို့။ သက်ပြင်းရှည်ကြီးကိုလည်း လေးလေးပင်ပင်ချရင်း ခံစားချက်တွေကို ရှင်းထုတ်နေသေးတယ်။ သူ့စိတ်အခြေအနေ အဆင်သင့်ဖြစ်တော့ ဂျောဂုက ကျွန်တော့်မျက်ဝန်းတွေဆီ အလေးအနက်ထား ငေးစိုက်ကြည့်လျှက်သား။
" တကယ်တမ်းတော့ ကျွန်တော် ဆိုးလ်ကိုပြန်ရောက်လာတာ သာမန်တိုက်ဆိုင်မှုမဟုတ်ဘူး အစ်ကို။ အစ်ကို့အဖေက ကျွန်တော့်ဆီလိုက်လာခဲ့ပြီး အကျိုးအကြောင်းပြောပြီး အကူအညီတောင်းခဲ့လို့ ကျွန်တော့်အဖေ သဘောမတူတဲ့ကြားက ကျွန်တော် ကူညီဖြစ်ခဲ့တာ "
" ဒါဆို မင်းအဖေကို ဆိုးလ်ကရဲဌာနမှာ အလုပ်ပြန်ခန့်တယ်ဆိုပြီး TVသတင်းမှာ ပါလာတာကရော "
ကျွန်တော် သူ့စကားကို ဖြတ်မေးရင်းနဲ့ပဲ အဖြေကိုနားလည်သွားတယ်။ သတင်းလာတုန်းက အဲ့ဒီရဲအရာရှိက ဂျောင်ဂုအဖေဆိုတာ ကျွန်တော့်အဖေပြောမှ သိခဲ့ရတာဆိုတော့...အင်း အကွက်ကျတဲ့ လှည့်စားမှုပါပဲ။
" ဒါက အစ်ကို့အဖေရဲ့ ဇာတ်ညွှန်းထဲကလေ။ တကယ်တော့ ကျွန်တော့်အဖေက ကုန်အရောင်းအဝယ်လုပ်တဲ့ ကုန်သည်ပါ။ ဂယောင်းဂီဒေသက အတန်အသင့်လည်း စည်ကားတော့ အပြိုင်အဆိုင်များတဲ့ ဆိုးလ်ကိုရှောင်ပြီး အဲ့ဒီဘက် ပြောင်းခဲ့တာ။ ကျွန်တော် ဆိုးလ်ပြန်လာပြီး ကျောင်းတက်နိုင်ဖို့ ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်အတွက် အစ်ကို့အဖေဆီက ပိုက်ဆံလက်ခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် အစ်ကို့ကိုချစ်တာက အဲ့ဒါတွေနဲ့ မဆိုင်ဘူး။ ကျွန်တော့်နှလုံးသားက အစ်ကို့ကို တကယ်ချစ်သွားခဲ့တာပါ။ အခုလောက်လောဆယ် ယုံကြည်ဖို့ခက်တာ သိပေမယ့် ကျွန်တော့််အချစ်ကို ယုံကြည်ပေးဖို့ တောင်းဆိုပါတယ် "
ကျွန်တော် သူ့စကားကို ပြန်မဖြေနိုင်သေးဘဲ အံ့သြခြင်းများစွာနဲ့ ငြိမ်သက်နေခဲ့တယ်။ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး အဖေတို့ ကျွန်တော့်ကို လိမ်ညာထားခဲ့ကြတာ ကျွန်တော် ဘာလို့မရိပ်မိခဲ့ရတာလဲ။ တကယ်လို့ ဂျောင်ဂုကသာ ကျွန်တော့်ကို ပြန်မချစ်ခဲ့ဘူးဆိုရင် အဖေတို့်အလိမ်ဇာတ်က ရေစုန်မျောသွားရမှာ။
တစ်ဖက်က ပြန်ဖြည့်တွေးပြန်တော့ အဖေသာ ဂျောင်ဂုဆီ လိုက်မသွားဖြစ်ခဲ့ရင် ကျွန်တော်လည်း သူ့ကို ပြန်တွေ့ရမှာမဟုတ်သလို ဂျောင်ဂုကလည်း ကျွန်တော့်ကို ချစ်မိသွားမှာမဟုတ်ဘူး။ ဒီလိုဆို အဖေ ဇာတ်လမ်းရိုက်ခဲ့တာကို ကျေးဇူးတင်ရတော့မှာလား။
Advertisement
" နေဦး မင်းခုနက ငါ့ကိုချစ်တယ်လို့ ပြောလိုက်မိသေးလား "
ကျွန်တော် ဖြတ်ခနဲပေါ်လာတဲ့ မေးခွန်းကို ရုတ်တရက်ထမေးမိတော့ ဂျောင်ဂုက မျက်လုံးအဝိုင်းသားနဲ့ကြည့်ရင်း ခေါင်းညိမ့်ပြလာတယ်။ ကျွန်တော် ေခါင်းတွေထူပူနေခဲ့လို့ သူ့ဘက်က ချစ်တယ်ပြောခဲ့တာတွေကို အာရုံမရလိုက်မိတာ။ အခု ကျွန်တော် ပျော်သင့်ပြီလား။
" ကျွန်တော် အစ်ကို့ကို တကယ်ချစ်တာပါ အစ်ကိုရယ်။ အစ်ကို့အဖေဆီက ပိုက်ဆံရလို့ဆိုပြီး အစ်ကို့ကို ချစ်ဟန်ဆောင်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော့်မျက်ဝန်းတွေကသာ စကားပြောတတ်မယ်ဆို ကျွန်တော်နဲ့ အကြည့်ချင်းဆုံတိုင်း ကျွန်တော့်အချစ်တွေကို အစ်ကိုမြင်နိုင်မှာပါ "
သူခေါင်းညိမ့်ပြတာကို ကျွန်တော် ပြန်မတုန့်ပြန်တော့ ဂျောင်ဂုက ငိုမလိုမျက်ဝန်းတွေနဲ့ စကားတွေတဖွဖွထပ်ပြောလာတယ်။ ကျွန်တော်တို့ဆုံတွေ့မှုက လုပ်ကြံဖန်တီးထားတယ်ဆိုရင်တောင် ဂျောင်ဂုမျက်ဝန်းတွေက အလိမ်အညာမပါခဲ့တာ ကျွန်တော်လည်း ခံစားမိနေခဲ့တယ်။
ကျွန်တော် သူ့ကို အထင်လွဲပြီးမုန်းသွားမှာ သိပ်ကြောက်နေပုံရတဲ့ သူ့မျက်ဝန်းတွေက ဘယ်လိုမှ လုပ်ကြံဖန်တီးလို့မရတဲ့ သက်သေအစစ်အမှန်တွေပဲ။ ဒါဆို သူကျွန်တော့်ကို တကယ်ချစ်နေခဲ့တာပေါ့။
" ကျွန်တော်ပြောတာကို ယုံကြည်ပေးပါ အစ်ကိုရယ်။ အစ်ကိုပြန်မချစ်ရင် ကျွန်တော် ရူးရလိမ့်မယ် "
ကျွန်တော့်တွေဝေမှုက ဂျောင်ဂုမျက်ဝန်းတွေကို မျက်ရည်ကျစေမိတော့ ကျွန်တော့်နှလုံးသားက တဆတ်ဆတ်တုန်လာမိတဲ့အထိ။ ဒီလောက်ဆို သေချာနေပါပြီ...ဂျောင်ဂုက ကျွန်တော့်ကို တကယ်ချစ်ခဲ့တယ်ဆိုတာ။
" မင်းက ငါ့ထက် စိတ်မာမယ်ထင်ထားတာ ဘာလို့ငိုနေတာလဲ အရူးလေးရဲ့။ အစ်ကို့ကြောင့်နဲ့တော့ မရူးလိုက်ပါနဲ့ကွာ။ အစ်ကိုက မင်းထက်အရင် မင်းကိုချစ်ခဲ့ရတာ မင်းမေ့နေတာလား။ အရင်ကရော အခုထိရော အစ်ကို့နှလုံးသားက မင်းအတွက်ပဲ။ ဘာအကြောင်းပြချက်တွေပဲရှိရှိ အစ်ကိုမင်းကို ဆက်ချစ်သွားမှာ "
ကျွန်တော့်စကားဆုံးတော့ ခြေသွက်လက်သွက်ရှိလွန်းတဲ့ ဂျောင်ဂုဟာ ဝမ်းသာသွားဟန်နဲ့ ကျွန်တော့်ကို သူနဲ့အနီးကပ်ဆုံးအထိ ဆွဲယူရင်း နဖူးလေးကိုငုံ့နမ်းလာတယ်။ လူကသာ ငိုနေတာ ဒါမျိုးကျတော့ သိပ်သွက်လွန်းတဲ့ လူလည်လေး။
" ကျွန်တော့်ကို မထင်မလွဲလို့ ကျေးဇူးပါပဲ အစ်ကို။ စိတ်ချပါ ကျွန်တော်နဲ့တွဲလို့ အစ်ကို နောင်တမရစေရပါဘူး။ အစ်ကို ကျွန်တော့်ကိုချစ်တဲ့ အတိုင်းအတာထက်မလျော့အောင် ကျွန်တော် အစ်ကို့ကိုချစ်တယ်။ လက်ထပ်ပြီးရင်လည်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ အစ်ကို့ကို တစ်သက်လုံးစောင့်ရှောက်ပေးသွားမယ်။ အစ်ကိုက လူ့အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ပြန်လုပ်ခဲ့တာ သိပ်မကြာသေးတော့ လူ့လောကအကြောင်းပိုသိတဲ့ ကျွန်တော်က အစ်ကို့ကို ဦးဆောင်မှဖြစ်မှာ "
အဆုံးထိတွေးပြီး ကတိတွေပေးလာတဲ့ ဒီကောင်လေးကြောင့် ကျွန်တော်ကြည်နူးရလွန်းလို့ ငိုမိတော့မယ် ထင်တယ်။ သူကျွန်တော့်ကို ချစ်တယ်လို့ဖွင့်ပြောဖို့် သူက အစစအရာရာ ကြိုစဥ်းစားထားခဲ့တာပဲ။ ငါ့ကောင်လေးက သိပ်တော်တာပဲလို့ တစ်လောကလုံးကို အော်ပြောလိုက်ချင်လိုက်တာ။
" မင်းက အစ်ကို့ကို ဦးဆောင်မယ်ဆိုတော့ အစ်ကို မင်းကို အခေါ်အဝေါ်ပြောင်းခေါ်ရမှာလား။ အစ်ကိုက မင်းထပ်တစ်နှစ်တောင်ကြီးတော့ ပြောင်းခေါ်ရမှာ နှုတ်မရဲဘူး "
ပူပူနွေးနွေးချစ်သူချင်းမို့ ကျွန်တော်ဆိုလိုတဲ့ အဓိပ္ပါယ်ကို သူသိပါတယ်။ ချက်ချင်းကို မျက်နှာကြီးက ပီတိတွေဖြာပြီး ပြုံးလာလိုက်တာ ပါးစပ်က နားရွက်တက်ချိတ်တော့လေမလား။ ပြောပြီးမှ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ရှက်လာမိပြီ။
" အစ်ကို့အတွက် ခက်ခဲမယ်ဆိုရင် အခေါ်အဝေါ်မပြောင်းလည်း ရပါတယ်။ အချစ်မှာ ဒီလောက်ကိစ္စလေးက အရေးမကြီးဘူး။ ကျွန်တော်ပဲ အစ်ကို့ကို အခေါ်အဝေါ်ပြောင်းခေါ်မယ် "
တကယ့်ကို မချိုမချဥ်ရုပ်ပေါက်လာတဲ့ ဂျောင်ဂုဟာ ခုနက ကျွန်တော်သူ့ကို မုန်းသွားမှာကြောက်ပြီး ငိုပြောနေတာ သူမဟုတ်တော့သလိုပဲ။ အခုလည်း ကျွန်တော့်ကို နှစ်ကိုယ်ကြား တစ်ခုခုပြောဖို့ ကျွန်တော့်နားရွက်နား ကပ်လာပြန်ပြီ။
" ကိုယ်မင်းကို အခေါ်အဝေါ်အသစ်ပြောင်းခေါ်ရင် အခေါ်ခံပေးရမယ်နော် ကိုကို့ကလေးလေး "
သူ့အခေါ်အဝေါ်ကြောင့် ကျွန်တော့်သွေးတွေ ပြောင်းပြန်ပြန်စီးသွားပြီလား ထင်မှတ်ရတဲ့အထိ တစ်ကိုယ်လုံး ပူရှိန်းတက်လာတယ်။ ရှက်သွေးဖြာတယ်ဆိုတာ ဒါမျိုးလားလို့ ပြန်မေးရတော့မလိုပဲ။ အမြတ်တနိုးနဲ့ ရွှန်းရွှန်းစားစားကြည့်နေတဲ့ သူ့မျက်ဝန်းတွေကိုတောင် ကျွန်တော် အကြည့်ချင်းမဆုံရဲတော့ဘူး။
ကိုယ်...ကိုကို့ကလေးလေး... ။ ဒီအသံတွေက နှလုံးသားတစ်ခုလုံးကို ပဲ့တင်ရိုက်ခတ်နေပြီး ကျွန်တော့်ကို ေကျာက်ရုပ်ပမာ ငြိမ်သက်သွားစေတယ်။ ကျွန်တော် တကယ်ပဲ သူ့ကလေးလေးဖြစ်ဖို့ စိတ်အဆင်သင့်ဖြစ်နိုင်ပါ့မလား။
မဖြစ်လည်း ဖြစ်အောင်ပြင်ဆင်ရတော့မှာပဲ။ သူပြောခဲ့သလို အခေါ်အဝေါ်တွေက သိပ်တော့အရေးမပါပါဘူး။ တဖြည်းဖြည်း အသားကျသွားတဲ့အခါ အဆင်ပြေသွားမှာ။ အဓိက အရေးအပါဆုံးက တစ်ယောက်ကိုတစ်ယောက် ချစ်နေဖို့ပဲလေ။
" အင်း အစ်ကိုလက်ခံတယ် ဂျောင်ဂု။ ငါ.. မင်းရဲ့ကလေးလေး ဖြစ်ပေးပါ့မယ်။ မင်းငါ့ကို ဘယ်လိုပဲခေါ်ခေါ် ငါတို့နှစ်ယောက် အတူတူရှိနေနိုင်ဖို့က အဓိကပဲလေ "
ကျွန်တော့်စကားဆုံးတော့ ဂျောင်ဂုက ဝမ်းသာလုံးဆို့ပြီး ကျွန်တော့်ကို သူ့ရင်ခွင်ဆွဲထည့်ပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာတယ်။ သူ့လက်တစ်ဖက်ကလည်း ကျွန်တော့်ဆံနွယ်တွေကို ခပ်ဖွဖွပွတ်သပ်ပေးနေပြီး သူ့နှုတ်ဖျားက စကားတွေတတွတ်တွတ်ပြောလို့ပေါ့။
" ကိုကို့ကလေးလေးက အရမ်းလိမ္မာတာပဲ။ အဲဒါကြောင့်လည်း ဒီကကိုကိုက သိပ်ချစ်နေရတာ "
သူစိတ်ချမ်းသာသလိုသာ ခေါ်ပါစေတော့။ ကျွန်တော့်အတွက်တော့ သူ့နှလုံးသားကို ပိုင်ဆိုင်ခွင့်ရတာနဲ့တင် ကျေနပ်နေပြီ။ ကိုကို သိပ်ဖြစ်ချင်နေတဲ့သူ စိတ်ချမ်းသာနေရင် ကျွန်တော်လည်း ထပ်တူကြည်နူးရတာမို့ သူ့ဆန္ဒကသာ အရေးအကြီးဆုံးပါ။
~~~~~xxxxx~~~~~
တစ်ပတ်ခန့်ကြာပြီးနောက်...။
" သားတို့ စက်ဘီးကို ဂရုစိုက်ပြီးနင်းကြနော်။ ကားတွေဘာတွေ သေချာသတိထား "
Advertisement
ထုံးစံအတိုင်းပဲ အမေက စိုးရိမ်တကြီးမှာပြန်ပါပြီ။ အရင်လို ချုပ်ခြယ်တာမျိုး မရှိတော့ပေမယ့် မိခင်တစ်ယောက်ရဲ့ စိုးရိမ်စိတ်ကတော့ အမေ့မှာရှိနေတုန်းပဲ။ ဒါပေမယ့် အမေ့ကို ကျွန်တော် ဒီလောက်လေးတော့ နားလည်ပေးနိုင်ရမယ်။
" ဟုတ်ကဲ့ပါ အမေ။ ကျွန်တော် အမေ့သားကို သေချာလေး ဂရုစိုက်လိုက်ပါ့မယ်။ ကျွန်တော်ရှိနေသရွေ့ အစ်ကိုထယ် ဘာမှမဖြစ်စေရဘူး "
ကျွန်တော် မဖြေခင်မှာပဲ ဂျောင်ဂုကို အရင်ဦးအောင်ဖြေသွားပြီး အမေ့ကို မျက်နှာပူစရာတွေဖြစ်အောင် လုပ်ကြံလိုက်ပါတယ်။ တွဲတာတောင် တစ်ပတ်ပဲရှိသေးပြီး ယောက်ခမလောင်းကို အမေလို့ခေါ်ရဲတာ တော်ရုံသတ္တိမျိုးနဲ့ မရလောက်ဘူး။
" အေးအေး မင်းအာမခံနိုင်ရင်လည်း ပြီးတာပါပဲကွယ် "
ေဂျာင်ဂုကြောင့် ရှက်သွားပုံရတဲ့ အမေက စကားကိုခပ်တိုတိုပြောပြီး အိမ်ထဲပြန်ပြေးသွားပါတယ်။ ကျွန်တော်ကတော့ သူ့ကို မကျေနပ်ဖြစ်ပြီး မျက်စောင်းတထိုးထိုးနဲ့ပေါ့။ သူ့ကြောင့်ပဲ ကျွန်တော် တစ်ခါမှမလုပ်ဖူးတဲ့ နှုတ်ခမ်းစူစိတ်ကောက်တာတွေတောင် လုပ်တတ်လာခဲ့ပြီ။
" အမယ် ကိုယ့်ကလေးလေးက စိတ်ကောက်သွားတယ်ပေါ့။ ကိုယ့်ယောက်ခမကိုယ် မိဘလိုသဘောထားပြီးခေါ်တာ ဘာကြောင့်များ စိတ်ကောက်တော်မူရပါလိမ့် "
ကျွန်တော် သူမေးတာမဖြေဘဲ စက်ဘီးကိုအရင်နင်းထွက်လာခဲ့တယ်။ တစ်ယောက်တစ်စီးဆိုတော့ သူက ကျွန်တော့်နောက်က အမှီလိုက်လာပြီး ဘေးနားကကပ်နင်းရင်း အမျိုးမျိုးကို ချော့နေတော့တာပဲ။
" အမယ် ငါမင်းကို စိတ်ကောက်မိလို့လား။ မင်းဘာသာမင်း လိုက်ချော့နေပြီးတော့ "
ကျွန်တော်တို့လမ်းက ကုန်းအဆင်းမို့ စက်ဘီးအရှိန်ကို ဂရုစိုက်ထိန်းရင်း စကားကို မရရအောင် ပြောမိကြသေးတယ်။ ဂျောင်ဂုက ကျွန်တော့်ကိုသိပ်ချစ်ရှာတော့ စိတ်ကောက်ရတာ ပျော်စရာကောင်းသလိုပဲ။
" စိတ်မကောက်ဘူးဆို နှုတ်ခမ်းမစူနေနဲ့လေ ဘေဘီရဲ့။ အဲ့လိုစူနေရင် ကိုယ်အသည်းတွေယားပြီး Public Kissတွေ ပေးပစ်မှာနော် "
ကြည့်ပါဦး ကျွန်တော့်ကို အကြီးကြီးချိန်းခြောက်လိုက်တာ။ ကျွန်တော်လည်း လူမြင်ကွင်းမှာ အနမ်းခံဖို့ ရှက်တော့ စူနေတဲ့နှုတ်ခမ်းကို ပြန်သိမ်းလိုက်ရပါတယ်။ တစ်ပတ်အတွင်း ေဘဘီဆိုတဲ့ အခေါ်အဝေါ်အသစ်လေးတောင် ထပ်ရလိုက်သေး။
" အစ်ကို နှုတ်ခမ်းမစူတော့ဘူးနော်။ မင်းလည်း မနမ်းနဲ့တော့။ လောလောဆယ် ကျောင်းချိန်မှီဖို့ စက်ဘီးကိုပဲ အာရုံစိုက်နင်းကြရအောင် "
ဂျောင်ဂုက ကျွန်တော့်စကားဆို သိပ်နားထောင်တာ။ အခုလည်း ပြုံးဖြီးဖြီးမျက်နှာကြီးနဲ့ ခေါင်းညိမ့်ပြပြီး ကျွန်တော့်ဘေးကနေ စက်ဘီးနင်းလျှက်သား ပါလာခဲ့တယ်။ ဘာလိုလိုနဲ့ ကျွန်တော်တို့နှစ်ယောက် စက်ဘီးကိုယ်စီစီးရင်း ကျောင်းအတူသွားဖြစ်ကြတာ ငါးရက်မြောက်ခဲ့ပြီ။
အရင်လို ကားနဲ့သွားတာထက် ကိုယ့်ရည်းစားနဲ့ကိုယ် စက်ဘီးအတူစီးရင်း ကျောင်းကိုသွားရတဲ့ ခံစားချက်က အစစအရာရာ ကွာခြားသွားခဲ့တယ်။ စက်ဘီးစီးရင်း ရှူရှိုက်ရတဲ့ လတ်လတ်ဆတ်ဆတ်လေထုရယ်၊ လမ်းတစ်လျှောက်မြင်ရတဲ့ ဆောင်းဦးရာသီအလှတွေရယ်က တန်ဖိုးဖြတ်မရတဲ့ အရာတွေပဲပေါ့။
ရွက်ဝါလေးတွေကြွေကျနေတဲ့ လမ်းလေးပေါ်မှာ စက်ဘီးနင်းနေရင်း ချစ်သူ့မျက်နှာကို ရသလိုခိုးကြည့်ပြီး ရင်ခုန်ရတဲ့အခိုက်အတန့်လေးကလည်း နောင်တစ်ချိန်မှာ အမှတ်တရအဖြစ် ကျန်ရစ်ခဲ့မှာ အသေအချာပါပဲ။
နောက်ဆုံးအဆုံးသတ်မှာတော့ ဆောင်းဦးမှာရွာတတ်တဲ့ မိုးတွေနဲ့အတူ သူ့အချစ်တွေကို ကျွန်တော့်နှလုံးသားဆီ သွန်းလောင်းပေးခဲ့တဲ့ ဂျောင်ဂုကြောင့် ကျွန်တော့်နှလုံးသားလေးလည်း အကောင်းပကတိပြန်ဖြစ်သွားခဲ့ပါပြီ။
To be continued...
A.N - နောက်တစ်ပိုင်းဆိုရင် ဂျောင်ဂုဘက်ခြမ်းကို 100% သိရပါပြီ။ အခုသိထားသလောက်ကလည်း အဆင်ပြေပေမယ့် နောက်ထပ်သိလိုက်ရရင် surpriseဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ ေနာက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီနော်။
Zawgyi -
ေဆာင္းဦးမနက္ခင္း မွန္ျပတင္းဆီက တိုးဝင္လာတဲ့ ေနေရာင္ျခည္ဟာ လိုက္ကာေတြကေနတစ္ဆင့္ အခန္းထဲအထိ တစ္စြန္းတစျဖာက်ေနတယ္။ ႏႈိးစက္မလိုဘဲ အခ်ိန္မွန္ႏိုးေလ့႐ွိတဲ့ ကြၽန္ေတာ္က ေနေရာင္ျခည္ရဲ႕ အေငြ႕အသက္ရတာနဲ႔ ခ်က္ခ်င္း အိပ္ရာကႏိုးလာတတ္တာ။
ဒီတစ္ႀကိမ္ ႏိုးထလာျခင္းမွာ အရင္ေန႔ေတြနဲ႔မတူဘဲ ေထြးေထြးမႈတစ္ခုကို ခံစားမိေနတယ္။ ကြၽန္ေတာ္ဟာ တစ္စုံတစ္ေယာက္ရဲ႕ ရင္ခြင္ထဲမွာ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ခံထားရၿပီး ေႏြးေထြးတဲ့ခံစားခ်က္ဟာ သူ႕ရင္ခြင္ဆီကျမစ္ဖ်ားခံတယ္။
သူဘယ္သူဆိုတာ ကြၽန္ေတာ္႕ႏွလုံးသားေရာ အသိစိတ္ကေရာ သိေနၿပီးသားမို႔ ဘယ္သူလဲလို႔ ႏႈတ္ကဖြင့္ေမးစရာ မလိုေတာ့ပါဘူး။ ကြၽန္ေတာ္ သိပ္ခ်စ္ေနရတဲ့ မ်က္လုံးဝိုင္းဝိုင္းပိုင္႐ွင္ေလး ဂြၽန္ေဂ်ာင္ဂုက ကြၽန္ေတာ္႕ကို ေပြ႕ဖက္ေပးထားတာ။
ေႏြးေထြးတဲ့ သူ႕ရင္ခြင္ဟာ ခ်စ္ျခင္းတရားရဲ႕ အေငြ႕အသက္ေတြပါ လႊမ္းျခဳံေနခဲ့တာမို႔ ကြၽန္ေတာ္႕အတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြပါ ယွက္သန္းလာခဲ့တယ္။ သိပ္မၾကာခင္မွာ ကြၽန္ေတာ္႕အတြက္ ပိုေပ်ာ္႐ႊင္စရာေတြ ေရာက္လာေတာ့မယ္။
" အစ္ကိုထယ္ ႏိုးလာၿပီလား "
ကြၽန္ေတာ္႕ခႏၶာကိုယ္ကို အနည္းငယ္လႈပ္မိတာနဲ႔ ႏိုးႏွင့္ေနပုံရတဲ့ ေဂ်ာင္ဂုဟာ အိပ္ရာထခါစ ခပ္ေလးေလးေလသံနဲ႔ အေမးစကားဆိုလာတယ္။ ကြၽန္ေတာ္လည္း သူ႕ေမးခြန္းကိုျပန္ေျဖဖို႔ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ေအာင္ ခႏၶာကိုယ္ကိုလွည့္ရင္း သူ႕ကိုအရင္ျပဳံးျပမိတယ္။
" အင္း အစ္ကိုႏိုးလာၿပီ။ အစ္ကို အေအးမိၿပီး မဖ်ားသြားေအာင္ တစ္ညလုံး ေႏြးေႏြးေထြးေထြး ဖက္ေပးထားလို႔ ေက်းဇူးပဲေနာ္ "
ေဂ်ာင္ဂုက ကြၽန္ေတာ္႕ကို ႐ႊန္း႐ႊန္းစားစားမ်က္ဝန္းေတြနဲ႔ ျပန္ၾကည့္ရင္း အေတာက္ပဆုံး ျပန္ျပဳံးျပလာတယ္။ သူ႕လက္ေခ်ာင္းေလးေတြဟာလည္း အိပ္ရာႏိုးခါစ ထိုးထိုးေထာင္ေထာင္ျဖစ္ေနတဲ့ ကြၽန္ေတာ္႕ဆံႏြယ္ေတြၾကား ယုယုယယပြတ္သပ္လို႔။
" ေက်းဇူးတင္ဖို႔ မလိုအပ္ပါဘူး အစ္ကိုရယ္။ ကြၽန္ေတာ္ သိပ္ျမတ္ႏိုးရတဲ့အရာကို အထိအခိုက္မ႐ွိေအာင္ ေစာင့္ေ႐ွာက္ေပးခဲ့႐ုံပါ "
ေဂ်ာင္ဂုက အိပ္ေနရင္းစကားေျပာရတာကို မေက်နပ္ေတာ့ဘဲ ကြၽန္ေတာ္႕ခါးေအာက္ လက္လွ်ိဳဝင္ၿပီး ထိုင္လွ်က္အေနထားထိ ဆြဲထူေပးလိုက္တယ္။ သူကိုယ္တိုင္လည္း ကြၽန္ေတာ္နဲ႔မ်က္ႏွာခ်င္းဆိုင္မွာ တင္ပလႅင္ေခြထိုင္ရင္း ကြၽန္ေတာ္႕မ်က္ဝန္းေတြနဲ႔ အၾကည့္ခ်င္းဆုံလွ်က္သား။
" အစ္ကိုက မင္း ျမတ္ႏိုးရတဲ့အရာလို႔ ေျပာလိုက္တာလား ေဂ်ာင္ဂု "
မယုံၾကည္ရဲေသးတဲ့ ကြၽန္ေတာ္ဟာ ဒီေမးခြန္းရဲ႕အေျဖအတြက္ ေမွ်ာ္လင့္ခ်က္သိပ္မထားတဲ့ မ်က္ဝန္း႐ြဲ႐ြဲေတြနဲ႔ သူ႕ကိုေငးၾကည့္ေနတယ္။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္လိုခ်င္တဲ့အေျဖမ်ိဳး သူ႕ျပန္ေပးပါေစ။
" ဟုတ္တယ္ ကြၽန္ေတာ္႕မိဘေတြၿပီးရင္ အစ္ကိုက ကြၽန္ေတာ္ အျမတ္ႏိုးရဆုံးသူပဲ "
ကြၽန္ေတာ္ ငိုခ်လိုက္သင့္လား။ ကြၽန္ေတာ္ သိပ္ခ်စ္ေနရတဲ့သူဆီက ျမတ္ႏိုးျခင္းခံရတာ ဝမ္းသာလုံးဆို႔ေတာ့မယ္။ ဒါ..ဒါက သူကြၽန္ေတာ္႕ကို ခ်စ္ေနတယ္လို႔ သြယ္ဝိုက္ေျပာေနတာလည္း ျဖစ္ႏိုင္ေသးတယ္။ အား..ကြၽန္ေတာ္ ေပ်ာ္လြန္းလို႔ ႐ူးေတာ့မယ္ ထင္တယ္။
" တစ္ခုေတာ့႐ွိတယ္ အစ္ကို။ ျဖစ္လာမယ့္ ျပႆနာေတြကို ႀကိဳ႐ွင္းတဲ့အေနနဲ႔ ကြၽန္ေတာ္ အစ္ကို႔ကို ဖြင့္ေျပာစရာ႐ွိတယ္။ ကြၽန္ေတာ္႕ကို ဘာအေၾကာင္းနဲ႔မွ အထင္မလြဲဖို႔ ေတာင္းဆိုပါရေစ "
အသနားခံေနတဲ့ ရီေဝေဝသူ႕မ်က္ဝန္းေတြက အေပ်ာ္နဲ႔ျပည့္ေနတဲ့ ကြၽန္ေတာ္႕ႏွလုံးသားကို တစ္ဒဂၤ တုန္လႈပ္သြားေစတယ္။ သူေျပာျပမယ့္ အေၾကာင္းအရာဟာ သူနဲ႔ကြၽန္ေတာ္႕ၾကား စည္းျခားထားေစတဲ့ အေၾကာင္းအရင္းမ်ားလား။
" မင္းေျပာမွာက ဘာအေၾကာင္းမို႔လို႔လဲ ေဂ်ာင္ဂု။ ဘာပဲျဖစ္ျဖစ္ မင္းကို မေန႔က ကတိေပးထားသလို မင္းဘက္က အမွန္အတိုင္းေျပာလာတာကို ငါထြက္မေျပးဘဲ နားေထာင္ေပးမယ္ "
ကြၽန္ေတာ္႕စကားၾကားေတာ့ ေဂ်ာင္ဂု စိတ္မသက္သာစြာ ခပ္ယဲ့ယဲ့ကေလး ျပဳံးလို႔။ သက္ျပင္း႐ွည္ႀကီးကိုလည္း ေလးေလးပင္ပင္ခ်ရင္း ခံစားခ်က္ေတြကို ႐ွင္းထုတ္ေနေသးတယ္။ သူ႕စိတ္အေျခအေန အဆင္သင့္ျဖစ္ေတာ့ ေဂ်ာဂုက ကြၽန္ေတာ္႕မ်က္ဝန္းေတြဆီ အေလးအနက္ထား ေငးစိုက္ၾကည့္လွ်က္သား။
" တကယ္တမ္းေတာ့ ကြၽန္ေတာ္ ဆိုးလ္ကိုျပန္ေရာက္လာတာ သာမန္တိုက္ဆိုင္မႈမဟုတ္ဘူး အစ္ကို။ အစ္ကို႔အေဖက ကြၽန္ေတာ္႕ဆီလိုက္လာခဲ့ၿပီး အက်ိဳးအေၾကာင္းေျပာၿပီး အကူအညီေတာင္းခဲ့လို႔ ကြၽန္ေတာ္႕အေဖ သေဘာမတူတဲ့ၾကားက ကြၽန္ေတာ္ ကူညီျဖစ္ခဲ့တာ "
" ဒါဆို မင္းအေဖကို ဆိုးလ္ကရဲဌာနမွာ အလုပ္ျပန္ခန္႔တယ္ဆိုၿပီး TVသတင္းမွာ ပါလာတာကေရာ "
ကြၽန္ေတာ္ သူ႕စကားကို ျဖတ္ေမးရင္းနဲ႔ပဲ အေျဖကိုနားလည္သြားတယ္။ သတင္းလာတုန္းက အဲ့ဒီရဲအရာ႐ွိက ေဂ်ာင္ဂုအေဖဆိုတာ ကြၽန္ေတာ္႕အေဖေျပာမွ သိခဲ့ရတာဆိုေတာ့...အင္း အကြက္က်တဲ့ လွည့္စားမႈပါပဲ။
" ဒါက အစ္ကို႔အေဖရဲ႕ ဇာတ္ၫႊန္းထဲကေလ။ တကယ္ေတာ့ ကြၽန္ေတာ္႕အေဖက ကုန္အေရာင္းအဝယ္လုပ္တဲ့ ကုန္သည္ပါ။ ဂေယာင္းဂီေဒသက အတန္အသင့္လည္း စည္ကားေတာ့ အၿပိဳင္အဆိုင္မ်ားတဲ့ ဆိုးလ္ကိုေ႐ွာင္ၿပီး အဲ့ဒီဘက္ ေျပာင္းခဲ့တာ။ ကြၽန္ေတာ္ ဆိုးလ္ျပန္လာၿပီး ေက်ာင္းတက္ႏိုင္ဖို႔ ေက်ာင္းစရိတ္နဲ႔ ေနထိုင္စရိတ္အတြက္ အစ္ကို႔အေဖဆီက ပိုက္ဆံလက္ခံခဲ့ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အစ္ကို႔ကိုခ်စ္တာက အဲ့ဒါေတြနဲ႔ မဆိုင္ဘူး။ ကြၽန္ေတာ္႕ႏွလုံးသားက အစ္ကို႔ကို တကယ္ခ်စ္သြားခဲ့တာပါ။ အခုေလာက္ေလာဆယ္ ယုံၾကည္ဖို႔ခက္တာ သိေပမယ့္ ကြၽန္ေတာ္္႕အခ်စ္ကို ယုံၾကည္ေပးဖို႔ ေတာင္းဆိုပါတယ္ "
ကြၽန္ေတာ္ သူ႕စကားကို ျပန္မေျဖႏိုင္ေသးဘဲ အံ့ၾသျခင္းမ်ားစြာနဲ႔ ၿငိမ္သက္ေနခဲ့တယ္။ ဘာမွမျဖစ္သလို ဟန္ေဆာင္ၿပီး အေဖတို႔ ကြၽန္ေတာ္႕ကို လိမ္ညာထားခဲ့ၾကတာ ကြၽန္ေတာ္ ဘာလို႔မရိပ္မိခဲ့ရတာလဲ။ တကယ္လို႔ ေဂ်ာင္ဂုကသာ ကြၽန္ေတာ္႕ကို ျပန္မခ်စ္ခဲ့ဘူးဆိုရင္ အေဖတို္႕အလိမ္ဇာတ္က ေရစုန္ေမ်ာသြားရမွာ။
တစ္ဖက္က ျပန္ျဖည့္ေတြးျပန္ေတာ့ အေဖသာ ေဂ်ာင္ဂုဆီ လိုက္မသြားျဖစ္ခဲ့ရင္ ကြၽန္ေတာ္လည္း သူ႕ကို ျပန္ေတြ႕ရမွာမဟုတ္သလို ေဂ်ာင္ဂုကလည္း ကြၽန္ေတာ္႕ကို ခ်စ္မိသြားမွာမဟုတ္ဘူး။ ဒီလိုဆို အေဖ ဇာတ္လမ္း႐ိုက္ခဲ့တာကို ေက်းဇူးတင္ရေတာ့မွာလား။
" ေနဦး မင္းခုနက ငါ့ကိုခ်စ္တယ္လို႔ ေျပာလိုက္မိေသးလား "
ကြၽန္ေတာ္ ျဖတ္ခနဲေပၚလာတဲ့ ေမးခြန္းကို ႐ုတ္တရက္ထေမးမိေတာ့ ေဂ်ာင္ဂုက မ်က္လုံးအဝိုင္းသားနဲ႔ၾကည့္ရင္း ေခါင္းညိမ့္ျပလာတယ္။ ကြၽန္ေတာ္ ေခါင္းေတြထူပူေနခဲ့လို႔ သူ႕ဘက္က ခ်စ္တယ္ေျပာခဲ့တာေတြကို အာ႐ုံမရလိုက္မိတာ။ အခု ကြၽန္ေတာ္ ေပ်ာ္သင့္ၿပီလား။
" ကြၽန္ေတာ္ အစ္ကို႔ကို တကယ္ခ်စ္တာပါ အစ္ကိုရယ္။ အစ္ကို႔အေဖဆီက ပိုက္ဆံရလို႔ဆိုၿပီး အစ္ကို႔ကို ခ်စ္ဟန္ေဆာင္ခဲ့တာ မဟုတ္ဘူး။ ကြၽန္ေတာ္႕မ်က္ဝန္းေတြကသာ စကားေျပာတတ္မယ္ဆို ကြၽန္ေတာ္နဲ႔ အၾကည့္ခ်င္းဆုံတိုင္း ကြၽန္ေတာ္႕အခ်စ္ေတြကို အစ္ကိုျမင္ႏိုင္မွာပါ "
သူေခါင္းညိမ့္ျပတာကို ကြၽန္ေတာ္ ျပန္မတုန္႔ျပန္ေတာ့ ေဂ်ာင္ဂုက ငိုမလိုမ်က္ဝန္းေတြနဲ႔ စကားေတြတဖြဖြထပ္ေျပာလာတယ္။ ကြၽန္ေတာ္တို႔ဆုံေတြ႕မႈက လုပ္ၾကံဖန္တီးထားတယ္ဆိုရင္ေတာင္ ေဂ်ာင္ဂုမ်က္ဝန္းေတြက အလိမ္အညာမပါခဲ့တာ ကြၽန္ေတာ္လည္း ခံစားမိေနခဲ့တယ္။
ကြၽန္ေတာ္ သူ႕ကို အထင္လြဲၿပီးမုန္းသြားမွာ သိပ္ေၾကာက္ေနပုံရတဲ့ သူ႕မ်က္ဝန္းေတြက ဘယ္လိုမွ လုပ္ၾကံဖန္တီးလို႔မရတဲ့ သက္ေသအစစ္အမွန္ေတြပဲ။ ဒါဆို သူကြၽန္ေတာ္႕ကို တကယ္ခ်စ္ေနခဲ့တာေပါ့။
" ကြၽန္ေတာ္ေျပာတာကို ယုံၾကည္ေပးပါ အစ္ကိုရယ္။ အစ္ကိုျပန္မခ်စ္ရင္ ကြၽန္ေတာ္ ႐ူးရလိမ့္မယ္ "
ကြၽန္ေတာ္႕ေတြေဝမႈက ေဂ်ာင္ဂုမ်က္ဝန္းေတြကို မ်က္ရည္က်ေစမိေတာ့ ကြၽန္ေတာ္႕ႏွလုံးသားက တဆတ္ဆတ္တုန္လာမိတဲ့အထိ။ ဒီေလာက္ဆို ေသခ်ာေနပါၿပီ...ေဂ်ာင္ဂုက ကြၽန္ေတာ္႕ကို တကယ္ခ်စ္ခဲ့တယ္ဆိုတာ။
" မင္းက ငါ့ထက္ စိတ္မာမယ္ထင္ထားတာ ဘာလို႔ငိုေနတာလဲ အ႐ူးေလးရဲ႕။ အစ္ကို႔ေၾကာင့္နဲ႔ေတာ့ မ႐ူးလိုက္ပါနဲ႔ကြာ။ အစ္ကိုက မင္းထက္အရင္ မင္းကိုခ်စ္ခဲ့ရတာ မင္းေမ့ေနတာလား။ အရင္ကေရာ အခုထိေရာ အစ္ကို႔ႏွလုံးသားက မင္းအတြက္ပဲ။ ဘာအေၾကာင္းျပခ်က္ေတြပဲ႐ွိ႐ွိ အစ္ကိုမင္းကို ဆက္ခ်စ္သြားမွာ "
ကြၽန္ေတာ္႕စကားဆုံးေတာ့ ေျခသြက္လက္သြက္႐ွိလြန္းတဲ့ ေဂ်ာင္ဂုဟာ ဝမ္းသာသြားဟန္နဲ႔ ကြၽန္ေတာ္႕ကို သူနဲ႔အနီးကပ္ဆုံးအထိ ဆြဲယူရင္း နဖူးေလးကိုငုံ႔နမ္းလာတယ္။ လူကသာ ငိုေနတာ ဒါမ်ိဳးက်ေတာ့ သိပ္သြက္လြန္းတဲ့ လူလည္ေလး။
" ကြၽန္ေတာ္႕ကို မထင္မလြဲလို႔ ေက်းဇူးပါပဲ အစ္ကို။ စိတ္ခ်ပါ ကြၽန္ေတာ္နဲ႔တြဲလို႔ အစ္ကို ေနာင္တမရေစရပါဘူး။ အစ္ကို ကြၽန္ေတာ္႕ကိုခ်စ္တဲ့ အတိုင္းအတာထက္မေလ်ာ့ေအာင္ ကြၽန္ေတာ္ အစ္ကို႔ကိုခ်စ္တယ္။ လက္ထပ္ၿပီးရင္လည္း ကြၽန္ေတာ္႕ရဲ႕ ကိုယ္ပိုင္အစြမ္းအစနဲ႔ အစ္ကို႔ကို တစ္သက္လုံးေစာင့္ေ႐ွာက္ေပးသြားမယ္။ အစ္ကိုက လူ႕အသိုင္းအဝိုင္းနဲ႔ အဆက္အသြယ္ျပန္လုပ္ခဲ့တာ သိပ္မၾကာေသးေတာ့ လူ႕ေလာကအေၾကာင္းပိုသိတဲ့ ကြၽန္ေတာ္က အစ္ကို႔ကို ဦးေဆာင္မွျဖစ္မွာ "
အဆုံးထိေတြးၿပီး ကတိေတြေပးလာတဲ့ ဒီေကာင္ေလးေၾကာင့္ ကြၽန္ေတာ္ၾကည္ႏူးရလြန္းလို႔ ငိုမိေတာ့မယ္ ထင္တယ္။ သူကြၽန္ေတာ္႕ကို ခ်စ္တယ္လို႔ဖြင့္ေျပာဖို္႕ သူက အစစအရာရာ ႀကိဳစဥ္းစားထားခဲ့တာပဲ။ ငါ့ေကာင္ေလးက သိပ္ေတာ္တာပဲလို႔ တစ္ေလာကလုံးကို ေအာ္ေျပာလိုက္ခ်င္လိုက္တာ။
" မင္းက အစ္ကို႔ကို ဦးေဆာင္မယ္ဆိုေတာ့ အစ္ကို မင္းကို အေခၚအေဝၚေျပာင္းေခၚရမွာလား။ အစ္ကိုက မင္းထပ္တစ္ႏွစ္ေတာင္ႀကီးေတာ့ ေျပာင္းေခၚရမွာ ႏႈတ္မရဲဘူး "
Advertisement
- In Serial110 Chapters
I Will Be Recognized
~~~~~~~~~~ On present day Earth, a university student was run over by a truck.When he awoke, he had discovered himself to be in a completely different world filled with magic. Not just that, he was also synchronized with a system.Daniel: a normal person; friend of the hero, possessor of the system. He was an anomaly.Watch how the protagonist interacts with the new world and how his existence starts to change the world. In this world, he will forge a new path unbeknownst to the gods.~~~~~~~~~~By: SilentPain Webnovel, RoyalRoad Every other day or so, 4-8 pm est
8 126 - In Serial10 Chapters
A Collision of Two Worlds : Prologue
Please be advised...This story isn’t intended for young or sensitive readers. Readers who are on the lookout for trigger warnings are advised to give this novel a pass. DISCLAIMER: This is a work of fiction. Any similarity to actual persons, living or dead, or actual events, is purely coincidental. A collision cntypEinor of two worlds is a portrayal of normal day to day society, itiaIendt outlining the mundane atmosphere of what we qcenSeeu consider everyday life. However, what-if tSe everything we were lead to believe was a lie? The rtmePeara countless wars, disputes and power struggles between countries and governments are part of something much bigger... Something more sinister.... COTW (acronym) explores the possibility of an underground organization tasked with what they regard as morally cleansing and correcting the world from countless vices and forces of evil.
8 153 - In Serial7 Chapters
Reincarnated Surgeon in a World of Magic
After working over 40 hours without any sleep, Dr. Lucas Kerrald, a world renowned surgeon, dies right in the middle of a surgery.Offered another chance, Lucas, now Laudat, will make his name in this unknown world of swords and magic. However, his unorthodox methods of promoting healing will stir up a lot of confusion, and his achievements will net him way more than he could have ever imagined.
8 55 - In Serial22 Chapters
The Incomparable
You know, looking back into my life, it was horrible.No one had thought to tend to me. No one gave a second glance once they walked past me.Father’s dead...Mother’s dead...Same as everyone around me, but all that changed when I was chosen. Chosen by who? “HIM” of course.
8 218 - In Serial24 Chapters
How To Kill A God: A Fantasy Gamelit Thriller
Griffin, an exceptionally normal nerd, is summoned to a new world by forces that he can't yet understand. Tossed into the midst of a terrible plot by a serial killer, Griffin has to quickly figure what this strange new land is, how his new abilities work, and unravel the mystery that shrouds this dangerous killer. But he quickly finds that this plot extends far deeper than it seems, so deep that it embroils the gods and they themselves are worried about making it out alive. Can Griffin become strong enough to kill the monster that even the gods fear? Starting on June 3rd, this story will be released at a rate of two chapters per day for two weeks and then the rate will slow to a daily release for the rest of the month. The final posting rate will be five days a week, Monday through Friday. Note: This story takes a lot of inspiration from Naoki Urasawa's Monster, Masashi Kishimoto's Naruto, and Steven Erikson's Malazan Book of the Fallen. If you happen to have enjoyed any of these, you might also enjoy this story.
8 148 - In Serial22 Chapters
Toshiro Hitsugaya x reader
(Y/n) Kuchiki. The Daughter of Byakuya Kuchiki, and Hisana.She is a special child, she was born weak, and frail.The doctors all said she would die before she turned 7. When she turned 7, something out of the ordinary happened....
8 147

