《Rain On Me (KookV/Completed)》X. Identically Loving You
Advertisement
Unicode -
ချူးဆော့ပွဲတော်ကာလရဲ့ ပိတ်ရက်တစ်ရက်မှာ ဂျောင်ဂုက ကျွန်တော့်ကို သူ့အိမ်ရှိတဲ့ ဂယောင်းဂီစီရင်စု၊ ဆူဝမ်မြို့ဆီ အလည်ခေါ်လာခဲ့တယ်။ ဒါက အလည်အပတ်ခရီးဆိုတာထက် သူ့မိဘတွေကို ဂါရဝပြုဖို့ဆို ပိုမှန်ပါလိမ့်မယ်။
ရိုးရာဝတ်စုံကိုယ်စီဝတ်ထားတဲ့ ကျွန်တော်တို့နှစ်ယောက်ဟာ လက်ထပ်ခါနီး မင်္ဂလာသတို့သားလေးတွေလို့ စိတ်ကူးယဥ်ပြီး အပြုံးတွေကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် ဒီအပြုံးတွေဟာ ဂျောင်ဂုအတွက်တော့ ကြာရှည်မခံခဲ့ပါဘူး။
သူ့အိမ်ရှေ့အရောက်မှာ သူ့မျက်နှာက ချက်ချင်းတည်သွားခဲ့ပြီး မျက်ဝန်းတွေကလည်း စိုးရိမ်မှုတွေလွှမ်းမိုးလာတယ်။ ဒါပေမယ့် ကျွန်တော့်မျက်နှာကို တစ်ချက်စောင်းငဲ့ကြည့်အပြီးမှာ သူ့မျက်နှာက ခပ်ယဲ့ယဲ့ကလေး ပြန်ပြုံးလာခဲ့တယ်။
" အိမ်ထဲရောက်လို့ ဘာတွေပဲဖြစ်လာပါစေ ကိုယ့်လက်ကိုတွဲပြီး အရာရာကိုရင်ဆိုင်ပေးနော်။ ဘေဘီ ကိုယ့်အနားမှာရှိမှ ကိုယ် သတ္တိတွေရှိနေမှာ "
ခြံတံခါးဘဲလ်ကို မနှိပ်ခင်မှာ ဂျောင်ဂုက ကျွန်တော့်ကို အလေးအနက် စကားဆိုရင်း ကျွန်တော့်လက်ကိုလည်း ခပ်တင်းတင်းဆုပ်ကိုင်လာတယ်။ စိတ်ပိုင်းဖြတ်လိုက်ဟန်နဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့ ဂျောင်ဂုက ခြံတံခါးဘဲလ်ကို နှိပ်လိုက်တယ်။
" အဖေနဲ့အမေ သား အဖေနဲ့အမေ့ကို ကန်တော့ချင်လို့ အိမ်ပြန်လာတာပါ။ သားတို့ကို အိမ်ထဲဝင်ခွင့်ပြုပါနော် "
smart bell ကနေတစ်ဆင့် ကျွန်တော်တို့ကို လှမ်းမြင်နေရမယ့် သူ့မိဘတွေကို ဂျောင်ဂုက တောင်းပန်တိုးလျှိုးသလို လေသံနဲ့ စကားဆိုလိုက်ပေမယ့် တစ်စုံတရာ တုန့်ပြန်လာတာမျိုးမရှိခဲ့ပါ။ ခြံတံခါးကလည်း ပွင့်မလာခဲ့တာမို့ ဂျောင်ဂုလည်း ဝမ်းနည်းသွားပုံရတယ်။
" အဖေက အခုထိ စိတ်ဆိုးမပြေသေးဘူး ထင်တယ်။ အမေကလည်း အဖေ့ကို မလွန်ဆန်ရဲဘူးဆိုတော့ "
ဂျောင်ဂုလည်း စိတ်အားငယ်သွားပုံရပြီး လေသံတိုးတိုးနဲ့ ညည်းညူသံပါပါ စကားဆိုလာတယ်။ ကျွန်တော့်မှာတော့ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပေးရင်း သူ့အတွက်အားအင်တစ်ခုဖြစ်ပေးရုံပဲ တတ်နိုင်တော့တယ်။
" အားမလျှော့ပါနဲ့ဦး ဂျောင်ဂုရယ်။ မင်းဘေးမှာ ငါတစ်ယောက်လုံးရှိနေတာပဲ "
ကျွန်တော် သူ့မျက်နှာကို ယုံကြည်ခြင်းအပြည့်နဲ့ ငေးစိုက်ကြည့်ရင်း အားပေးစကားဆိုတော့ ဂျောင်ဂုက နှုတ်ခမ်းလှုပ်ရုံပြုံးပြရင်း ခေါင်းညိမ့်ပြတယ်။ သူ့လက်ကလည်း လူခေါ်ဘဲလ်ကို ဒုတိယအကြိမ် ထပ်နှိပ်ရင်းပေါ့။
ဒီတစ်ကြိမ်လည်း သူ့မိဘတွေဘက်က သဘောထားပြောင်းသွားပုံမရပါဘူး။ အထဲမှာ လူရှိနေတာ သိသာနေပေမယ့် ခြံတံခါးကို လုံးဝဖွင့်မပေးလာတာပါ။ စိတ်ထင်တာလား မပြောတတ်ပေမယ့် အိမ်ထဲကနေ ငြင်းခုန်သံတွေကြားရသလိုပဲ။
ဒါပေမယ့် ကျွန်တော့်အထင် မှားသွားပုံရတယ်။ ကျွန်တော် ကြားနေရသလိုလိုရှိတဲ့ ငြင်းခုန်သံအချို့က ပြန်တိတ်ဆိတ်သွားခဲ့ပြီ။ ခြံတံခါးကလည်း အခုထိ ပွင့်မလာသေးတာမို့ ဂျောင်ဂုလည်း အတော်လေး စိတ်အားငယ်လာပုံရတယ်။
" ကိုယ်တို့ ခြံအပြင်ကနေပဲ မိဘတွေကို ကန်တော့သွားကြမလား။ ဘယ်နေရာပဲ ကန်တော့ကန်တော့ မိဘတွေကို ဂါရဝပြုဖို့က အဓိကပဲလေ "
နောက်ဆုံးတော့ ဂျောင်ဂု စိတ်လျှော့လိုက်ပုံပါပဲ။ ဘယ်လိုပဲ ကန်တော့ကန်တော့ အတူတူပဲဆိုတော့လည်း ကျွန်တော်လည်း သူ့အစီအစဥ်အတိုင်း လိုက်လုပ်ရုံပေါ့။ ဒါဟာ လူကြီးမိဘတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ဂါရဝတရားကို ပြသဖို့ပဲလေ။
အထက်တန်းပြီးလို့ တက္ကသိုလ်တက်ပြီးတဲ့အချိန်ထိ နှစ်အကြာကြီးတွဲပြီးမှ လက်ထပ်ကြမှာဆိုပေမယ့် အခုချိန်တည်းက သူ့မိဘကို ကိုယ့်မိဘလို သဘောထားနိုင်ဖို့ ကျွန်တော်တို့တိုင်ပင်ထားကြပြီးပါပြီ။
" အဖေတို့အမေတို့ ခြံတံခါးမဖွင့်ပေးရင် သားတို့ ဒီကနေပဲ ကန်တော့လိုက်မယ်နော်။ အပြစ်တွေရှိရင် နားလည်ခွင့်လွှတ်ပေးကြဖို့ ဝန်ချတောင်းပန်ပါရစေ "
ဂျောင်ဂုလေသံက အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းထားပေမယ့် သူ့ရင်ထဲ ဘယ်လောက်ထိဝမ်းနည်းနေတယ်ဆိုတာ သူ့မျက်ဝန်းတွေကိုကြည့်ရင် သိနိုင်တယ်။ ကျွန်တော်လည်း သူနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရတာမို့ သူ့ကိုဝမ်းမနည်းအောင် ဘယ်လိုနှစ်သိမ့်ပေးရမလဲ မစဥ်းစားနိုင်တော့ဘူး။
" ဘေဘီ ကိုယ်တို့ ဂါရဝပြုကြရအောင် "
ဂျောင်ဂုက မျက်လုံးအဝိုင်းသားနဲ့ ကျွန်တော့်ကိုကြည့်ရင်း အရိုအသေပေးဖို့ အချက်ပြလာတယ်။ ကျွန်တော်လည်း သူ့ကိုခေါင်းညိမ့်ပြရင်း ခြံရှေ့က ကွန်ကရစ်လမ်းပေါ် နှစ်ယောက်သားအတူ ဒူးထောက်ထိုင်ချလိုက်တယ်။
လက်နှစ်ဖက်ကိုယှက်ကာ နဖူးနေရာအထိပင့်ယူရင်း ခန္ဓာကိုယ်ကို ကိုင်းညွတ်အရိုအသေပေးတော့ မျက်လုံးစုံမှိတ်ပြီး ရင်ထဲမှာမေတ္တာဓာတ်ကို သူ့မိဘတွေဆီရောက်အောင် ဆုတောင်းနေမိတယ်။ ယှက်ထားတဲ့ လက်နှစ်ဖက် လမ်းသားနဲ့ထိကပ်သည်အထိ စိတ်နှစ်ပြီး ဂါရဝပြုပေးခဲ့တာ။
သုံးကြိမ်တိုင်တိုင် ဂါရဝပြုပြီး မျက်လုံးပြန်ဖွင့်လိုက်တော့ ပွင့်နေတဲ့ခြံတံခါးရယ် ငိုနေတဲ့ကြားက ပြုံးပြနေရှာတဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ ပုံရိပ်ရယ်က ကျွန်တော်တို်မြင်ကွင်းထဲ ဝင်ရောက်လာခဲ့တယ်။
" အမေ..."
ဂျောင်ဂုနှုတ်ဖျားက လွှတ်ခနဲထွက်လာတဲ့ အာမေဍိတ်သံနဲ့အတူ သားအမိနှစ်ယောက် မျက်နှာချင်းဆိုင်သွားကြတယ်။ သူ့အမေမျက်ရည်တွေမြင်တော့ ဂျောင်ဂုလည်း မျက်ရည်မထိန်းရှာတော့ဘူး။
" လာပါဦး အမေ့သားလေး။ ခဏလေးတွေ့ရတုန်း နွေးနွေးထွေးထွေး ဖက်ထားချင်လို့ "
သားတွေကို နားအလည်ပေးနိုင်ဆုံးက မိခင်တွေပဲဆိုတဲ့ စကားဟာ ကိုယ်တွေ့မြင်မှ ပိုယုံကြည်လာမိတယ်။ စိတ်မပြေသေးတဲ့ သူ့အဖေက ထွက်မတွေ့ခဲ့တာတောင် မနေနိုင်တဲ့ အမေဖြစ်သူကတော့ ထွက်တွေ့ရှာပါတယ်။ အခုလည်း သားအမိနှစ်ယောက် ဖက်ပြီးငိုနေကြတာ ကျွန်တော်ပါ မျက်ရည်ကျမိတဲ့အထိပါပဲ။
" သူလေးက ဘယ်သူလေးလဲ သား။ တော်တော်လေး ချစ်ဖို့ကောင်းတယ် "
ဖက်ငိုကြပြီးတဲ့နောက်မှာ ဂျောင်ဂုအမေက ကျွန်တော့်ကိုကြည့်ပြီး မေးခွန်းထုတ်လာခဲ့တယ်။ ချစ်ဖို့ကောင်းတယ်လို့ပါ တွဲပြောလာတော့ ကျွန်တော်လည်း မျက်နှာဘယ်လိုထားရမလဲ မတွေးတတ်တော့ဘူး။
" အဲ့ဒါ သားကောင်လေးပါ အမေ "
ဂျောင်ဂုလေသံက အားအင်မရှိသလို တိုးညင်းလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကိုနားလည်နိုင်တယ်။ တကယ်လို့ သူ့အမေကပါ ဒါမျိုးကို လက်မခံနိုင်ရင် သူ့အတွက် ပိုပြီးနာကျင်စရာကောင်းနေမှာ။
Advertisement
" အင်း သားစိတ်ချမ်းသာရင် ပြီးတာပါပဲ။ သားဘယ်သူ့ကိုပဲ ကြိုက်ကြိုက် အမေ့သားဆိုတဲ့ အမှန်တရားက ပြောင်းလဲပစ်လို့မှ မရတာပဲ။ မင်းအဖေကိုတော့ စဥ်းစားဖို့ အချိန်လုံလောက်အောင် ပေးလိုက်ပါဦးကွယ်။ သူလည်း တစ်နေ့နေ့ကျရင် သားကို နားလည်ပေးနိုင်လာမှာပါ။ ငါ့သားချစ်တာ မဆန်းပါဘူး သူလေးက တကယ်လှလွန်းတာကို "
ဂျောင်ဂုအမေဆီက မမျှော်လင့်ဘဲ အသိအမှတ်ပြုခံရတာမို့ ကျွန်တော်တို့နှစ်ယောက်လုံး ရင်ထဲသိမ့်ခနဲတုန်အောင် ဝမ်းသာသွားခဲ့တယ်။ ဂျောင်ဂုဆို သူ့အမေကိုထပ်ဖက်ပြီး ကျေးဇူးတင်စကားတွေ တဖွဖွပြောနေခဲ့တာ။
ွ" ကျေးဇူး...ကျေးဇူးပါ အမေရယ်။ သားကိုနားလည်ပေးနိုင်တဲ့ အမေတစ်ယောက်ရှိနေသေးလို့ သားသိပ်ဝမ်းသာတာပဲ။ သား အမေ့ကို ကတိပေးတယ်။ အမေတို့ဖြစ်စေချင်သလို ထူးချွန်တဲ့ သားတစ်ယောက်ဖြစ်အောင် သားကြိုးစားပေးမယ်။ သားအနားမှာ သူသာရှိနေမယ်ဆို သူပေးတဲ့အားအင်တွေနဲ့ သား အရာရာကို အောင်မြင်အောင်လုပ်နိုင်တယ် အမေ။ အခု အမေပေးတဲ့ စိတ်ခွန်အားပါထပ်ရပြီဆိုတော့ သားအတွက် အစစအရာရာ အဆင်ပြေသွားတော့မှာ "
သားအမိနှစ်ယောက် ဒုတိယအကြိမ်ပွေ့ဖက်ကြပြီးနောက်မှာ ေဂျာင်ဂုအမေ ကျွန်တော့်ယောက်ခမလောင်းက ကျွန်တော့်ဘက်ကို လှည့်လာခဲ့တယ်။ အအေးချမ်းဆုံးသော အပြုံးနဲ့ ကျွန်တော့်ကိုငေးကြည့်ရင်း ကျွန်တော် ့လက်ဖဝါးတွေကို ဆုပ်ကိုင်လာတဲ့ အခိုက်အတန့်က ရင်ဘတ်တစ်ခုလုံးကို နွေးထွေးသွားစေတယ်။
" အမေ့သားကို ရှေ့ဆက်လည်း အများကြီးချစ်သွားပေးနော်။ အမေတို့မရှိတော့ရင် ငါ့သားတို့နှစ်ယောက်ပဲ ဘဝကိုရှေ့ဆက်ရမှာမို့ အပြန်အလှန် နားလည်မှုတွေနဲ့ အကောင်းဆုံးလက်တွဲသွားကြပါ။ အမေ့သားဘက်က ဆိုးတာရှိရင်လည်း သားဘက်က သည်းခံပေးပါဦး။ ကြည့်ပါဦး အခုလို ရိုးရာဝတ်စုံဆင်တူဝတ်ထားတော့ ငါ့သားလေးတွေက တကယ်လိုက်ဖက်ပြီး ကြည့်ကောင်းကြတာ။ သားနေရာမှာ အခြားမိန်းကလေးတစ်ယောက်ဆို အမေ့သားနဲ့ အခုလို လိုက်ဖက်ချင်မှ လိုက်ဖက်မှာ "
ရင်ထဲကလှိုက်တက်လာတဲ့ ကြည်နူးဝမ်းသာခြင်းတွေကြောင့် ကျွန်တော်လည်း မျက်ရည်တွေဝဲနေခဲ့ပြီ။ ဝမ်းသာလို့ကျတဲ့ မျက်ရည်တွေမို့ ဘယ်လောက်ပဲကြာကြာ ဝအောင်ငိုပစ်ချင်မိတာ။
" ကျွန်တော့်ကို အခုလို အသိအမှတ်ပြုပေးတာ ကျေးဇူးပါ အမေရယ်။ ယောက်ခမဆိုပေမယ့် ဒီနေ့ကစပြီး အမေ့ကို ကိုယ့်အမေအရင်းလို့ သတ်မှတ်ထားလိုက်ပြီ။ အမေဖြစ်စေချင်တဲ့အတိုင်းလည်း သားတို့နှစ်ယောက် နားလည်မှုအပြည့်နဲ့ ဘဝကို ရှေ့ဆက်သွားပါ့မယ် "
ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ ချူးဆော့ခရီးစဥ်လေးက ကြည်နူးစရာတွေပြည့်နေခဲ့ပါတယ်။ သဘောထားတင်းမာတဲ့ ဂျောင်ဂုအဖေကြောင့် ခြံထဲဝင်ခွင့်မရခဲ့ပေမယ့် စိတ်ထဲကနေပဲ အကြိမ်ကြိမ် ဝန်ချတောင်းပန်ရင်း ခြံဝကလှည့်ပြန်ခဲ့ကြပါတယ်။
" ခဏနေဦး...အမေ သားတို့အတွက် ချူးဆော့မုန့်ဖိုး ပေးလိုက်ချင်လို့။ မငြင်းရဘူးနော် "
ကျွန်တော်တို့လည်း မငြင်းခဲ့ကြပါဘူး။ လူကြီးက စေတနာနဲ့ပေးတာကို မငြင်းကောင်းဘူးလေ။ ဒီလိုနဲ့ပဲ ငါးသောင်းတန်ဆယ်ရွက်လောက်က ကျွန်တော်တို့နဲ့အတူ အဖော်လိုက်လာခဲ့ပြီး ကျွန်တော်တို့ဒိတ်လုပ်တာကို အကူအညီဖြစ်စေခဲ့ပါတယ်။
ဆူဝမ်မြို့က အထင်ကရ Hwaseong ခံတပ်ကြီးကို ဝင်လည်ဖြစ်တော့ ကျွန်တော်တို့နှစ်ယောက် ဓာတ်ပုံတွေအများကြီး ရိုက်ဖြစ်ခဲ့ကြတယ်။ ပိတ်ရက်မို့ လူများနေပေမယ့်လည်း နှစ်ယောက်သား ရှက်ကြောက်မနေဘဲ လက်တွဲသွားခဲ့ကြတယ်။
ကမ္ဘာမှာ ကိုရီးယား၊ ကိုရီးယားမှာမှ ဆူဝမ်မှာပဲရှိတဲ့ Toilet culture parkကိုရောက်တော့ ထူးထူးဆန်းဆန်းလုပ်တတ်တဲ့ ကိုယ့်လူမျိုးအကြောင်း ပြန်တွေးမိပြီး ပြုံးမိပါသေးတယ်။ ဘိုထိုင်အိမ်သာပေါ်ထိုင်နေတဲ့ လူပုံစံအရုပ်ကြီးနဲ့လည်း နှစ်ယောက်အတူ ဓာတ်ပုံတွဲရိုက်ဖြစ်ခဲ့သေးတယ်။
တစ်နေကုန်နီးပါး လျှောက်လည်ကြပြီး ညနေသုံးနာရီလောက်မှာတော့ အေးအေးချမ်းချမ်းရှိတဲ့ ပန်းခြံလေးတစ်ခုမှာ ကျွန်တော်တို့ နားဖြစ်ကြတယ်။ ရွက်ဝါတွေဖြာနေတဲ့ ဆောင်းဦးသစ်ပင်ကြီးအောက်က ခုံတန်းဖြူဖြူလေးပေါ်မှာ ကျွန်တော်က သူ့ပခုံးပေါ် ခေါင်းလေးမှီရင်းပေါ့။
" ကိုယ့်ကလေးကို တစ်ခုလောက် မေးကြည့်ချင်တယ်။ ကိုယ် ဘေဘီ့ကို ကြိုက်မိသွားခဲ့တာ အရမ်းမြန်လွန်းနေတယ်လို့ တွေးမိတာမျိုးရှိဖူးလား "
သူ့စကားကြောင့် ကျွန်တော်လည်း နည်းနည်း ပဟေဠိဖြစ်ရပါတယ်။ စိတ်ထဲမှာ အဲ့လိုတွေးမိတာမျိုးလည်း ရှိခဲ့ဖူးတော့ မလိမ်မညာတမ်း ခေါင်းလေးညိမ့်ပြလိုက်တယ်။
" အင်း..တစ်ခါတလေတော့လည်း အဲ့လိုတွေးမိတယ်။ ဒါပေမယ့် မင်းငါ့ကို ချစ်နေရင်ရပြီပဲလေ။ မြန်မြန်ပဲချစ်ချစ် နှေးနှေးပဲချစ်ချစ် သိပ်မကွာခြားပါဘူး "
ကျွန်တော့်စကားကြောင့် ဂျောင်ဂုက ခပ်ယဲ့ယဲ့ကလေးပြုံးရင်း သူ့အင်္ကျီအတွင်းထဲက ေလလုံရေလုံ ပလတ်စတစ်အိတ်နဲ့ထုပ်ထားတဲ့ စာအုပ်လေးတစ်အုပ်ကို ထုတ်ယူလိုက်တယ်။ ပလတ်စတစ်အိတ်ထဲက ထုတ်ကြည့်လိုက်တော့ ဒါက ဒိုင်ယာရီစာအုပ်လေးဆိုတာ သိလိုက်ရတယ်။
ဂျောင်ဂုက စာအုပ်လေးရဲ့ စာမျက်နှာအချို့ကိုကျော်ပစ်ပြီး တိတ်နဲ့ပြန်ဆက်ထားပုံရတဲ့ စာမျက်နှာတွေဆီအရောက်မှာ ရပ်တန့်လိုက်တယ်။ ပြီးမှ ကျွန်တော့်လက်ထဲ ထည့်ပေးလာပြီး ကျွန်တော့်ကို ဖတ်စေခဲ့တယ်။ ဒီစာမျက်နှာတွေမှာ ရေးထားသမျှက ကျွန်တော်မသိတဲ့ ဂျောင်ဂုရဲ့ အဖြစ်အပျက်တွေပါပဲ။
~~~~~Rain On Me~~~~~
Jungkook's Diary
September - 7
ကျွန်တော်ဒီနေ့ ကားစောင့်နေတုန်းက ရောက်တတ်ရာရာ လျှောက်ကြည့်ရင်း ကားမှတ်တိုင်ဘေးက သစ်ပင်အောက်မှာ ထီးလေးဆောင်းပြီး မိုးရွာတာကိုငေးကြည့်နေတဲ့ ထူးထူးဆန်းဆန်း ကောင်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်။
သူက အခြားနေရာကိုလည်း ဆက်မသွား၊ ကားမှတ်တိုင်အမိုးအောက်လည်းမလာဘဲ မိုးရွာထဲကိုပဲ တစိမ့်စိမ့်ငေးကြည့်နေခဲ့တာ။ နောက်မှ သူ့ကြည့်နေတဲ့နေရာကို ကျွန်တော် သတိထားလိုက်မိတယ်။ သူက ကားလမ်းတစ်ဖက်ခြမ်းက ပန်းခြံလေးဆီ ငေးကြည့်နေခဲ့တာ။
လမ်းမကူးတတ်လို့များ ဟိုဘက်ကိုမသွားတာလားလို့ ကျွန်တော် တွေးမိပြန်တော့လည်း မဟုတ်ပြန်ဘူး။ လူကူးမီးပွိုင့် မီးစိမ်းသွားတာတောင် သူက မိုးရွာထဲ ရပ်နေတုန်းပဲ။ နောက်တော့ မိုးက တဖြည်းဖြည်းသည်းလာခဲ့ပြီး သူလည်း ကျွန်တော့်ဘေးရောက်လာခဲ့တယ်။
Advertisement
သူက ကျွန်တော့်ကို မသိမသာခိုးခိုးကြည့်နေတာကိုလည်း ကျွန်တော် သတိထားမိခဲ့တယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ပြန်ခိုးကြည့်နေခဲ့တာ သူမသိခဲ့ဘူးလေ။ သူ့ကိုခိုးကြည့်မိခဲ့ခြင်းကပဲ ကျွန်တော့်နှလုံးသားတွေ ကပြောင်းကပြန်ဖြစ်စေခဲ့တာ။
မျက်တောင်စင်းစင်းလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ မျက်ဝန်းလှလှတွေရယ် ညာမျက်ခုံးအောက်က မှဲ့နက်လေးရယ်၊ နှာတံဖြောင့်စင်းစင်းလေးနဲ့ သိပ်လှတဲ့ နှုတ်ခမ်းဖူးဖူးလေးရယ်...ကြည့်လိုက်ရုံနဲ့တင် အသေးစိတ်မှတ်မိသွားတဲ့အထိ လှရက်နိုင်လွန်းလို့ သူ့ကို ယောက်ျားလေးတစ်ယောက်လို့တောင် မထင်ရက်စရာပဲ။
အလှနတ်ဘုရားက သူ့အလှအပတွေကို ဖန်တီးခဲ့တာမဟုတ်ဘဲ သူကိုယ်တိုင်ကပဲ အလှနတ်ဘုရား စံနမူထားရတဲ့ ကိုယ်ပိုင်အလှပိုင်ရှင် ဖြစ်နေခဲ့လေသလား။ ကျွန်တော် ယောက်ျားတွေကို မကြိုက်တတ်ပေမယ့် သူ့ကိုတော့ မြင်မြင်ချင်း ရင်ခုန်မိလာခဲ့တာ။
မနက်ဖြန်လည်း ဆိုးလ်ကိုသွားရဦးမှာဆိုတော့ သူလေးနဲ့ထပ်တွေ့ရဖို့ ဆုတောင်းရမယ်။
September 8,
ဒီနေ့လည်း သူလေးနဲ့ ထပ်တွေ့ခဲ့တယ်။ ဒီတစ်ကြိမ်တော့ လူချင်းတိုက်မိတာတောင် သူ့ကို သေချာမတောင်းပန်နိုင်ခဲ့ဘူး။ ဆိုးလ်ကိုသွားရဖို့လည်း အကြောင်းမရှိတော့ဘူးဆိုတော့ ထပ်တွေ့ဖို့က ဝေးသွားပြီထင်တယ်။ ကံမကုန်ရင်တော့ ပြန်ဆုံကြဦးမှာပါ။
September 9,
မတွေ့ရတော့ လွမ်းနေမိသလိုပဲ။ ခဏလေးပဲတွေ့ဖူးတဲ့ လူတစ်ယောက်ကို စွဲစွဲလမ်းလမ်းဖြစ်ပြီး လွမ်းနေမိတာ ကျွန်တော် ရူးနေပြီထင်တယ်။ ဒီလိုမှန်းသာသိရင် ဘတ်စ်ကားအလွတ်ခံပြီး သူ့ဆီက Line IDဖြစ်ဖြစ် တောင်းခဲ့ပါတယ်။
September 16,
သူနဲ့ဆုံခဲ့တာ တစ်ပတ်တောင်ကြာခဲ့ပြီ။ အခုထိလည်း သူ့ကို မေ့မရနိုင်သေးဘူး။ ဒီကိ္စ္စကို သူများသွားပြောပြဖို့လည်း မဖြစ်နိုင်တော့ ကျွန်တော် ဘာလုပ်သင့်လဲ။ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ကို ဒီလိုခံစားနေရတယ်ဆိုတာ သူတို့သိရင် ကျွန်တော့်ကို ဝိုင်းလှောင်ကြလေမလား။
October 7,
သူနဲ့ဆုံခဲ့တာ တစ်လပြည့်တဲ့အထိ သူ့ကိုမေ့မရနိုင်သေးဘူး။ ကျွန်တော် သူ့ကို တကယ်ပဲ စွဲလမ်းသွားခဲ့ပြီလား။ ကျွန်တော့်ကို သူက ဒီလောက်ထိတောင် စိုးမိုးနိုင်တာ တကယ်ထူးဆန်းလွန်းတယ်။ ဘာအစွမ်းနဲ့များ ကျွန်တော့်ကို ညှို့ယူလိုက်လဲ မသိဘူး။
December 19,
ဘာလိုလိုနဲ့ ဆောင်းရာသီထဲ ရောက်လာခဲ့ပြီ။ အခုထိလည်း သူ့ကို မေ့မရနိုင်သေးဘူး။ မိုးရေထဲ ထီးဆောင်းပြီးလျှောက်သွားနေသလို နှင်းတဖွဲဖွဲကျနေတဲ့ကြား သိုးမွှေးဦးထုပ်ဆောင်း မာဖလာလေးပတ်ရင်း အပြင်တွေ လျှောက်သွားနေလေမလား။ တကယ်ပါပဲ သူ့ကိုလွမ်းရတာ အရူးဖြစ်တော့မယ်။
~~~~~Rain On Me~~~~~
တိတ်နဲ့ပြန်ကပ်ထားတဲ့ စာမျက်နှာအပြဲတွေ များလွန်းတာမို့ ကျွန်တော် အဆုံးထိ ဆက်မဖတ်နိုင်ခဲ့ဘူး။ ဂျောင်ဂုက ကျွန်တော်နဲ့တစ်ချိန်တည်းမှာ ကျွန်တော့်ကို စွဲလမ်းနေခဲ့တာ သိလိုက်ရလို့ ရင်ထဲအပျော်လုံးဆို့ပြီး ငိုချချင်နေတာပဲ သိတော့တယ်။
" ငါ..ငါသိပ်ပျော်တာပဲ ဂျောင်ဂုရယ်။ ငါမင်းကို စွဲလမ်းနေမိတဲ့ အချိန်မှာ မင်းလည်းငါ့လိုပဲ ဖြစ်ခဲ့တာ။ ဒါကြောင့်ပဲ ငါ့အဖေကမ်းလှမ်းတဲ့အချိန် မင်းက အလွယ်တကူ ကူညီဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒါနဲ့ ဒီစာရွက်တွေက ဆွဲဖြဲခံထားရတာလား "
ကျွန်တော့်မေးခွန်းကို ဂျောင်ဂုက ခပ်ယဲ့ယဲ့အပြုံးနဲ့တုန့်ပြန်ရင်း ခေါင်းညိမ့်ပြလာတယ်။ ဒီနောက်ကွယ်က အကြောင်းအရင်းက သူ့အတွက် နာကျင်စရာတွေများလား။
" ဟုတ်တယ်...တစ်နေ့တော့ ကိုယ်အပြင်သွားတုန်း အဖေက အခန်းထဲလာရင်း ကိုယ်ကျန်ခဲ့တဲ့ Diaryစာအုပ်ကို မထင်မှတ်ဘဲ ဖတ်မိသွားခဲ့တယ်။ ရှေ့ကဟာတွေပါ တစ်ရွက်ချင်းပြန်ဖတ်မိပြီး ကိုယ့်ကို အတော်လေး စိတ်ဆိုးသွားခဲ့တာ။ ကိုယ်ပြန်ရောက်လာတော့ ယောက်ျားလေးက ဒီလိုဖြစ်စရာလားဆိုပြီး အမျိုးမျိုးဆူပူကြိမ်းမောင်းရင်း တစ်ချက်အထိုးခံရသေးတယ်။ ကလေးအကြောင်းပါတဲ့ စာမျက်နှာတိုင်းကို ဆွဲဖြဲပြီး လုံးခြေပစ်တာ။ အဲ့ဒါ သူ့အလစ်မှာ စက္ကူလုံးတွေပြန်ကောက် ပြန်ဖြန့်ပြီး တိတ်နဲ့ပြန်ကပ်ထားခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး အဖေက ကိုယ့်ကို အမြင်မကြည်တော့တာ အခုထိပဲ "
သူ့ဘက်က အခြေအနေတွေကို သိလိုက်ရအပြီ်းမှာတော့ ကျွန်တော် သူ့အပေါ် ပိုမြတ်နိုးတွယ်တာသွားခဲ့ပါပြီ။ ကျွန်တော့်အတွက် အများကြီးရင်ဆိုင်ပေးခဲ့တဲ့သူ့ကို နှုတ်ခမ်းလေးဆီ မွဲခနဲနမ်းရင်း ဆုအဖြစ်ပေးလိုက်တော့ သူက ကျေကျေနပ်နပ်ကြီး ပြန်ပြုံးပြလို့။
" ဟော မိုးက ရွာလာပြန်ပြီ "
ကျွန်တော်တို့ဇာတ်လမ်းလေးမှာ အဓိကဇာတ်ပို့ဖြစ်တဲ့ ကိုယ်ရွှေမိုးလေးက ဇာတ်ပေါင်းခန်းမှာလည်း တာဝန်ကျေနေဆဲပါပဲ။ မိုးစရွာလာတော့ ဂျောင်ဂုက သူ့စာအုပ်လေးကို ရေလုံအိတ်ထဲပြန်ထည့်သိမ်းရင်း အင်္ကျီအတွင်းအိတ်ထဲ ပြန်ထည့်လိုက်ပြီး ကျွန်တော့်ကို လက်ကဆွဲထူလာတယ်။
" မိုးရေထဲမှာ စခဲ့တဲ့ ကိုယ်တို့ဇာတ်လမ်းကို မိုးရေထဲမှာ အတူတူဆော့ရင်း ရှေ့ဆက်သွားကြရအောင်။ တပေါက်ပေါက်ကျလာမယ့် မိုးရေစက်တွေနဲ့အတူ ကိုယ်တို့အချစ်တွေကို တစ်ယောက်ပေါ်တစ်ယောက် အပြန်အလှန် ရွာသွန်းချရင်း ငြိမ်းချမ်းအေးဆေးတဲ့ အချစ်ကမ္ဘာကြီးမှာ ရှင်သန်သွားကြမယ် "
စာဖွဲ့ဆိုလာတဲ့ သူ့စကားတွေကြောင့် ကျွန်တော်လည်း သူ့လက်ကိုဆွဲရင်း မိုးရေထဲပြေးထွက်လာခဲ့တယ်။ ကလေးတွေမိုးရေချိုးကြသလို မိုးရေထဲ ခုန်ပေါက်ဆော့ကစားရင်း ကြည်နူးစရာ အမှတ်တရတွေကိုလည်း ဖန်တီးဖြစ်ခဲ့ကြတယ်။
ရွာချင်သလောက်သာ ရွာပါစေတော့ မိုးမင်းကြီး...။ ခင်ဗျားရွာချတဲ့ မိုးရေစက်တွေက ကျွန်တော့်ကို ချမ်းတုန်စေပေမယ့် ဂျောင်ဂု ရွာသွန်းပေးခဲ့တဲ့ မေတ္တာမိုးစက်တွေက ကျွန်တော့်နှလုံးသားကို ပြန်နွေးထွေးစေတယ်။
မိုးရွာတဲ့ရက်တွေတင် မဟုတ်ပါဘူး... သူ့အချစ်တွေနဲ့သာဆို ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ် ကျွန်တော့်ဘဝက အရာရာအဆင်ပြေချောမွေ့နေမှာ အသေအချာပါပဲ။
THE END
A.N- နောက်ထပ်ဆက်ရေးတဲ့ ငါးပိုင်းကလည်း ပြီးသွားခဲ့ပါပြီ။ Voteပေးဖို့ကျန်တဲ့ ကလေးတွေလည်း Voteအကြွေးဆပ်သွားကြပါဦးနော်။ လိုအပ်ချက်တွေရှိရင်လည်း အကြံပေးသွားကြပါဦး
Zawgyi -
ခ်ဴးေဆာ့ပြဲေတာ္ကာလရဲ႕ ပိတ္ရက္တစ္ရက္မွာ ေဂ်ာင္ဂုက ကြၽန္ေတာ္႕ကို သူ႕အိမ္႐ွိတဲ့ ဂေယာင္းဂီစီရင္စု၊ ဆူဝမ္ၿမိဳ႕ဆီ အလည္ေခၚလာခဲ့တယ္။ ဒါက အလည္အပတ္ခရီးဆိုတာထက္ သူ႕မိဘေတြကို ဂါရဝျပဳဖို႔ဆို ပိုမွန္ပါလိမ့္မယ္။
႐ိုးရာဝတ္စုံကိုယ္စီဝတ္ထားတဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟာ လက္ထပ္ခါနီး မဂၤလာသတို႔သားေလးေတြလို႔ စိတ္ကူးယဥ္ၿပီး အျပဳံးေတြကိုယ္စီနဲ႔ေပါ့။ ဒါေပမယ့္ ဒီအျပဳံးေတြဟာ ေဂ်ာင္ဂုအတြက္ေတာ့ ၾကာ႐ွည္မခံခဲ့ပါဘူး။
သူ႕အိမ္ေ႐ွ႕အေရာက္မွာ သူ႕မ်က္ႏွာက ခ်က္ခ်င္းတည္သြားခဲ့ၿပီး မ်က္ဝန္းေတြကလည္း စိုးရိမ္မႈေတြလႊမ္းမိုးလာတယ္။ ဒါေပမယ့္ ကြၽန္ေတာ္႕မ်က္ႏွာကို တစ္ခ်က္ေစာင္းငဲ့ၾကည့္အၿပီးမွာ သူ႕မ်က္ႏွာက ခပ္ယဲ့ယဲ့ကေလး ျပန္ျပဳံးလာခဲ့တယ္။
" အိမ္ထဲေရာက္လို႔ ဘာေတြပဲျဖစ္လာပါေစ ကိုယ့္လက္ကိုတြဲၿပီး အရာရာကိုရင္ဆိုင္ေပးေနာ္။ ေဘဘီ ကိုယ့္အနားမွာ႐ွိမွ ကိုယ္ သတၱိေတြ႐ွိေနမွာ "
ျခံတံခါးဘဲလ္ကို မႏွိပ္ခင္မွာ ေဂ်ာင္ဂုက ကြၽန္ေတာ္႕ကို အေလးအနက္ စကားဆိုရင္း ကြၽန္ေတာ္႕လက္ကိုလည္း ခပ္တင္းတင္းဆုပ္ကိုင္လာတယ္။ စိတ္ပိုင္းျဖတ္လိုက္ဟန္နဲ႔ သက္ျပင္းတစ္ခ်က္ ခ်လိုက္ၿပီးတဲ့ေနာက္မွာေတာ့ ေဂ်ာင္ဂုက ျခံတံခါးဘဲလ္ကို ႏွိပ္လိုက္တယ္။
" အေဖနဲ႔အေမ သား အေဖနဲ႔အေမ့ကို ကန္ေတာ့ခ်င္လို႔ အိမ္ျပန္လာတာပါ။ သားတို႔ကို အိမ္ထဲဝင္ခြင့္ျပဳပါေနာ္ "
smart bell ကေနတစ္ဆင့္ ကြၽန္ေတာ္တို႔ကို လွမ္းျမင္ေနရမယ့္ သူ႕မိဘေတြကို ေဂ်ာင္ဂုက ေတာင္းပန္တိုးလွ်ိဳးသလို ေလသံနဲ႔ စကားဆိုလိုက္ေပမယ့္ တစ္စုံတရာ တုန္႔ျပန္လာတာမ်ိဳးမ႐ွိခဲ့ပါ။ ျခံတံခါးကလည္း ပြင့္မလာခဲ့တာမို႔ ေဂ်ာင္ဂုလည္း ဝမ္းနည္းသြားပုံရတယ္။
" အေဖက အခုထိ စိတ္ဆိုးမေျပေသးဘူး ထင္တယ္။ အေမကလည္း အေဖ့ကို မလြန္ဆန္ရဲဘူးဆိုေတာ့ "
ေဂ်ာင္ဂုလည္း စိတ္အားငယ္သြားပုံရၿပီး ေလသံတိုးတိုးနဲ႔ ညည္းညဴသံပါပါ စကားဆိုလာတယ္။ ကြၽန္ေတာ္႕မွာေတာ့ သူ႕လက္ကို တင္းတင္းဆုပ္ကိုင္ထားေပးရင္း သူ႕အတြက္အားအင္တစ္ခုျဖစ္ေပး႐ုံပဲ တတ္ႏိုင္ေတာ့တယ္။
" အားမေလွ်ာ့ပါနဲ႔ဦး ေဂ်ာင္ဂုရယ္။ မင္းေဘးမွာ ငါတစ္ေယာက္လုံး႐ွိေနတာပဲ "
ကြၽန္ေတာ္ သူ႕မ်က္ႏွာကို ယုံၾကည္ျခင္းအျပည့္နဲ႔ ေငးစိုက္ၾကည့္ရင္း အားေပးစကားဆိုေတာ့ ေဂ်ာင္ဂုက ႏႈတ္ခမ္းလႈပ္႐ုံျပဳံးျပရင္း ေခါင္းညိမ့္ျပတယ္။ သူ႕လက္ကလည္း လူေခၚဘဲလ္ကို ဒုတိယအႀကိမ္ ထပ္ႏွိပ္ရင္းေပါ့။
ဒီတစ္ႀကိမ္လည္း သူ႕မိဘေတြဘက္က သေဘာထားေျပာင္းသြားပုံမရပါဘူး။ အထဲမွာ လူ႐ွိေနတာ သိသာေနေပမယ့္ ျခံတံခါးကို လုံးဝဖြင့္မေပးလာတာပါ။ စိတ္ထင္တာလား မေျပာတတ္ေပမယ့္ အိမ္ထဲကေန ျငင္းခုန္သံေတြၾကားရသလိုပဲ။
ဒါေပမယ့္ ကြၽန္ေတာ္႕အထင္ မွားသြားပုံရတယ္။ ကြၽန္ေတာ္ ၾကားေနရသလိုလို႐ွိတဲ့ ျငင္းခုန္သံအခ်ိဳ႕က ျပန္တိတ္ဆိတ္သြားခဲ့ၿပီ။ ျခံတံခါးကလည္း အခုထိ ပြင့္မလာေသးတာမို႔ ေဂ်ာင္ဂုလည္း အေတာ္ေလး စိတ္အားငယ္လာပုံရတယ္။
" ကိုယ္တို႔ ျခံအျပင္ကေနပဲ မိဘေတြကို ကန္ေတာ့သြားၾကမလား။ ဘယ္ေနရာပဲ ကန္ေတာ့ကန္ေတာ့ မိဘေတြကို ဂါရဝျပဳဖို႔က အဓိကပဲေလ "
ေနာက္ဆုံးေတာ့ ေဂ်ာင္ဂု စိတ္ေလွ်ာ့လိုက္ပုံပါပဲ။ ဘယ္လိုပဲ ကန္ေတာ့ကန္ေတာ့ အတူတူပဲဆိုေတာ့လည္း ကြၽန္ေတာ္လည္း သူ႕အစီအစဥ္အတိုင္း လိုက္လုပ္႐ုံေပါ့။ ဒါဟာ လူႀကီးမိဘေတြအေပၚထားတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ဂါရဝတရားကို ျပသဖို႔ပဲေလ။
အထက္တန္းၿပီးလို႔ တကၠသိုလ္တက္ၿပီးတဲ့အခ်ိန္ထိ ႏွစ္အၾကာႀကီးတြဲၿပီးမွ လက္ထပ္ၾကမွာဆိုေပမယ့္ အခုခ်ိန္တည္းက သူ႕မိဘကို ကိုယ့္မိဘလို သေဘာထားႏိုင္ဖို႔ ကြၽန္ေတာ္တို႔တိုင္ပင္ထားၾကၿပီးပါၿပီ။
" အေဖတို႔အေမတို႔ ျခံတံခါးမဖြင့္ေပးရင္ သားတို႔ ဒီကေနပဲ ကန္ေတာ့လိုက္မယ္ေနာ္။ အျပစ္ေတြ႐ွိရင္ နားလည္ခြင့္လႊတ္ေပးၾကဖို႔ ဝန္ခ်ေတာင္းပန္ပါရေစ "
ေဂ်ာင္ဂုေလသံက အတတ္ႏိုင္ဆုံး တည္ၿငိမ္ေအာင္ထိန္းထားေပမယ့္ သူ႕ရင္ထဲ ဘယ္ေလာက္ထိဝမ္းနည္းေနတယ္ဆိုတာ သူ႕မ်က္ဝန္းေတြကိုၾကည့္ရင္ သိႏိုင္တယ္။ ကြၽန္ေတာ္လည္း သူနဲ႔ထပ္တူ စိတ္မေကာင္းျဖစ္ရတာမို႔ သူ႕ကိုဝမ္းမနည္းေအာင္ ဘယ္လိုႏွစ္သိမ့္ေပးရမလဲ မစဥ္းစားႏိုင္ေတာ့ဘူး။
" ေဘဘီ ကိုယ္တို႔ ဂါရဝျပဳၾကရေအာင္ "
ေဂ်ာင္ဂုက မ်က္လုံးအဝိုင္းသားနဲ႔ ကြၽန္ေတာ္႕ကိုၾကည့္ရင္း အ႐ိုအေသေပးဖို႔ အခ်က္ျပလာတယ္။ ကြၽန္ေတာ္လည္း သူ႕ကိုေခါင္းညိမ့္ျပရင္း ျခံေ႐ွ႕က ကြန္ကရစ္လမ္းေပၚ ႏွစ္ေယာက္သားအတူ ဒူးေထာက္ထိုင္ခ်လိုက္တယ္။
လက္ႏွစ္ဖက္ကိုယွက္ကာ နဖူးေနရာအထိပင့္ယူရင္း ခႏၶာကိုယ္ကို ကိုင္းၫြတ္အ႐ိုအေသေပးေတာ့ မ်က္လုံးစုံမွိတ္ၿပီး ရင္ထဲမွာေမတၱာဓာတ္ကို သူ႕မိဘေတြဆီေရာက္ေအာင္ ဆုေတာင္းေနမိတယ္။ ယွက္ထားတဲ့ လက္ႏွစ္ဖက္ လမ္းသားနဲ႔ထိကပ္သည္အထိ စိတ္ႏွစ္ၿပီး ဂါရဝျပဳေပးခဲ့တာ။
သုံးႀကိမ္တိုင္တိုင္ ဂါရဝျပဳၿပီး မ်က္လုံးျပန္ဖြင့္လိုက္ေတာ့ ပြင့္ေနတဲ့ျခံတံခါးရယ္ ငိုေနတဲ့ၾကားက ျပဳံးျပေန႐ွာတဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္ရဲ႕ ပုံရိပ္ရယ္က ကြၽန္ေတာ္တို္ျမင္ကြင္းထဲ ဝင္ေရာက္လာခဲ့တယ္။
" အေမ..."
ေဂ်ာင္ဂုႏႈတ္ဖ်ားက လႊတ္ခနဲထြက္လာတဲ့ အာေမဍိတ္သံနဲ႔အတူ သားအမိႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္သြားၾကတယ္။ သူ႕အေမမ်က္ရည္ေတြျမင္ေတာ့ ေဂ်ာင္ဂုလည္း မ်က္ရည္မထိန္း႐ွာေတာ့ဘူး။
" လာပါဦး အေမ့သားေလး။ ခဏေလးေတြ႕ရတုန္း ေႏြးေႏြးေထြးေထြး ဖက္ထားခ်င္လို႔ "
သားေတြကို နားအလည္ေပးႏိုင္ဆုံးက မိခင္ေတြပဲဆိုတဲ့ စကားဟာ ကိုယ္ေတြ႕ျမင္မွ ပိုယုံၾကည္လာမိတယ္။ စိတ္မေျပေသးတဲ့ သူ႕အေဖက ထြက္မေတြ႕ခဲ့တာေတာင္ မေနႏိုင္တဲ့ အေမျဖစ္သူကေတာ့ ထြက္ေတြ႕႐ွာပါတယ္။ အခုလည္း သားအမိႏွစ္ေယာက္ ဖက္ၿပီးငိုေနၾကတာ ကြၽန္ေတာ္ပါ မ်က္ရည္က်မိတဲ့အထိပါပဲ။
" သူေလးက ဘယ္သူေလးလဲ သား။ ေတာ္ေတာ္ေလး ခ်စ္ဖို႔ေကာင္းတယ္ "
ဖက္ငိုၾကၿပီးတဲ့ေနာက္မွာ ေဂ်ာင္ဂုအေမက ကြၽန္ေတာ္႕ကိုၾကည့္ၿပီး ေမးခြန္းထုတ္လာခဲ့တယ္။ ခ်စ္ဖို႔ေကာင္းတယ္လို႔ပါ တြဲေျပာလာေတာ့ ကြၽန္ေတာ္လည္း မ်က္ႏွာဘယ္လိုထားရမလဲ မေတြးတတ္ေတာ့ဘူး။
" အဲ့ဒါ သားေကာင္ေလးပါ အေမ "
ေဂ်ာင္ဂုေလသံက အားအင္မ႐ွိသလို တိုးညင္းလြန္းပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ သူ႕ကိုနားလည္ႏိုင္တယ္။ တကယ္လို႔ သူ႕အေမကပါ ဒါမ်ိဳးကို လက္မခံႏိုင္ရင္ သူ႕အတြက္ ပိုၿပီးနာက်င္စရာေကာင္းေနမွာ။
" အင္း သားစိတ္ခ်မ္းသာရင္ ၿပီးတာပါပဲ။ သားဘယ္သူ႕ကိုပဲ ႀကိဳက္ႀကိဳက္ အေမ့သားဆိုတဲ့ အမွန္တရားက ေျပာင္းလဲပစ္လို႔မွ မရတာပဲ။ မင္းအေဖကိုေတာ့ စဥ္းစားဖို႔ အခ်ိန္လုံေလာက္ေအာင္ ေပးလိုက္ပါဦးကြယ္။ သူလည္း တစ္ေန႔ေန႔က်ရင္ သားကို နားလည္ေပးႏိုင္လာမွာပါ။ ငါ့သားခ်စ္တာ မဆန္းပါဘူး သူေလးက တကယ္လွလြန္းတာကို "
ေဂ်ာင္ဂုအေမဆီက မေမွ်ာ္လင့္ဘဲ အသိအမွတ္ျပဳခံရတာမို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး ရင္ထဲသိမ့္ခနဲတုန္ေအာင္ ဝမ္းသာသြားခဲ့တယ္။ ေဂ်ာင္ဂုဆို သူ႕အေမကိုထပ္ဖက္ၿပီး ေက်းဇူးတင္စကားေတြ တဖြဖြေျပာေနခဲ့တာ။
Advertisement
- In Serial77 Chapters
BlIghted: A Plague Rat's Tale
Waking up as a reviled vector of plague, a nihilistic, power-hungry sociopath attempts to free themselves from the shackles of mortality and time. In a world racked with war, crime, and unfocused violence partially fueled by a system that encourages random acts of senseless violence, one little rat seeks to murder his way to the top of the food chain. Betrayal, mass murder, war, a curse from the dead gods, unfettered magical experimentation, slavery, rampaging monsters, and a raging holy war are a few of the things that have rendered this world a violent hell hole: perfect for a violent opportunist to thrive in.
8 175 - In Serial8 Chapters
The Crest of the Emperor
This is my first time writing a story.I was inspired by other fictions in royal road and some chinese xianxia novels.So please point out the mistakes, so I can edit in the future.Happy reading........ :) A man who rebelled against the heaven to protect his loved ones and lost everything.An ancient beast who reins over absolute strength and wisdom, curious to explore the unknown.When their fates intervene, an overlord descent to the world.NOTE:-The characters still in development stage, although I have a rough sketch of plot, I shall change it as the story progresses making it more interesting.-This story has MATURE content, intense killing , sex and usage of foul language.NOTE:-Being my first story, please excuse my grammer and spelling mistakes.
8 166 - In Serial9 Chapters
Bringing Earthling to Conquer Another World
The universe consists of many worlds. A genius programmer died from exhaustion and reborn as a demon that survived a deadly event that killed his entire family. But he realized that without resources, getting revenge would be a pipe dream. He knows where to get cheap soldiers with endless potential, earth! As long as he disguised this world as a game, millions of players would do his bidding, or as the players said a quest! Follow Joe's journey conquering multiple worlds while he racked his brain daily to keep players on track and keep loyal to him. ====================================== I upload Sunday - Wednesday two chapter per day
8 215 - In Serial62 Chapters
Wolf King: Love That Transcends Worlds
(Cover Art is not my own, If the creator contacts me I will take it down immediately.)December 25th 2019, among a cheerful time of the year, family and loved ones gather to celebrate the holidays.Squad leader Sin of the Blood Dragon Mercenary Team, receives a call from his brother in arms Zen. The love of Sin's life had been struck by a car in a hit and run. She was rushed to the hospital and died during operation.Stricken by grief, rage, helplessness and sorrow. Sin gets drunk the night of his lovers death. Upon scrolling through investigation reports on the internet, a pop-up appears on Sin's screen asking."Would you traverse the path of kings, bloodshed and war to save your loved one's life?"Clicking on the "Yes" button another display appears in front of Sin's eyes "You will now be transported to the Desolate Kingdom. Good luck, don't die before you saved your loved one's soul."Thus begins the journey of Sin, a Mercenary Team Leader travels through time and space. Entering into a land influenced by cultivation, and rpg-elements. Where "Might makes right, and the weak shall kneel" To save his lovers life, how many corpses will be left behind?Also retrying my hand at writing stories to finish a previous one left untouched, please bear with me along this road.
8 92 - In Serial23 Chapters
Pint-Sized Prompt-Fills: December 2017
An anthology of super short scenes involving magical aliens and suspicious dragonflies.
8 146 - In Serial40 Chapters
The Reaver (hiatus)
Watch as a half-giant named Bellator survive in a harsh world where one wrong step can mean death for you or your enemy.Mature Rape Murder and TortureFirst time writing a story enjoy
8 402

